Thursday, May 7, 2026

 

 

(၁၃) သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြော်သုတ်သင်

ကြလိမ့်မည်။ အပိုင်း - (၂)

ဆုတောင်းခြင်းဖြင့် အစပြုရန်။

ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး (၈) ကို ပြန်စစ်ဆေးခြင်း

၁။     သိုး။

၂။     ချိုနှစ်ချောင်း (အရှည်ဆုံးချိုသည် ပထမဆုံးထွက်လာသည်။)

၃။     ပျံသန်းသောဆိတ်။

၄။     ချိုလေးချောင်း

၅။     ချိုငယ် (အဆင့် ၁ - နိုင်ငံရေး)။

၆။     ချိုငယ် (အဆင့် ၂ - ဘာသာရေး)။

၇။     ကောင်းကင်ဗိုလ်ခြေကို တိုက်ခိုက်သည် (သူတော်ကောင်းသန့်ရှင်းသူများ)။

၈။     ကောင်းကင်ဗိုလ်ခြေမင်းကို တိုက်ခိုက်သည်။

၉။     ဗီဒီယို အရုပ်တွင် ဗလာဖြစ်ပြီး ကောင်းကင်ဘုံရှိသတ္တဝါ နှစ်ပါးစပ်ကြား ပြောဆိုသံကို ဒံယေလကြားရသည်။

၁၀။  တစ်ပါးသော သူမေးမြန်းရာတွင် “ဗျာဒိတ်ရူပါရုံသည် မည်သည့်အချိန်တွင် ဆုံးခန်းရောက်မည်နည်း။အခြားတစ်ပါးသော သူကလည်း “ရက်ပေါင်း ၂၃၀၀ နောက်ပိုင်းသို့ရောက်မှ ဆုံးခန်းတိုင်ရောက်မည်ဟု ပြန်ပြောသည်။

၁၁။   ဂါဗြေလသည် ဒံယေလ၏ (MAREH စကားအဓိပ္ပါယ်ကို ရှင်းပြနိုင်ရန် တင်ပြသည်။

၁၂။  (MAREH စကားလုံး၏ အဓိပ္ပါယ်ကို ရှင်းပြနိုင်ရန် ဂေါဗြေလအတွက် (MAREH စကားလုံး၏ အဆက်အစပ်ကို ပေးနိုင်ရန်(CHAZOWN စကားလုံး၏ အဓိပ္ပါယ်မှနေ၍ စတင်ရမည်ဖြစ်သည်။

၁၃။   ဂါဗြေလသည် (MAREH စကားလုံးအပိုင်းတွင်မှလွဲ၍ (စစ်ဆေးခြင်း) ကျန် (CHAZOWN စကားလုံးအလုံးစုံတို့ကို ရှင်းပြသွားပါမည်။

၁၄။   ဒံယေလသည် နာလျက်ရှိသောကြောင့် (MAREH စကားလုံး၏ အဓိပ္ပါယ်ကို မရှင်းဘဲချန်လှပ်ခဲ့သည်။

၁၅။   ဒံယေလအနာဂတ္တိကျမ်း ၈း၂၇ တွင် (MAREH - ရက်ပေါင်း ၂၃၀၀ နှင့် ပတ်သက်သောအပိုင်း) ကို နားမလည်ကြောင်း ထင်ရှားစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ “ထိုအခါ ငါဒံယေလသည် မော၍နာလျက်နေ၏။ တစ်ဖန် အနာမှထမြောက်၍ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း ထိုအမှုကို အဘယ်သူမျှမရိတ်မိကြ။

နေ့စွဲအစပြုခြင်းမရှိ

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈ တွင် ဘုရားသခင်က ၅၅၀ ဘီစီခုနှစ်တွင် ရက်ပေါင်း ၂၃၀၀ ပြီးဆုံးသောအခါ သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ဖော်ပြထားပါသည်။ သို့သော် ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈ တွင် ဤဗျာဒိတ်တော်အနာဂတ္တိစကား စတင်သည့် နေ့စွဲသက္ကရာဇ်ကို မပေးထားပါ။ ရက်ပေါင်း ၂၃၀၀ သည် မည်သည့် အချိန်တွင် အစပြုခဲ့ပါသနည်း။

ရာဇဝင်သမိုင်း၏ အဆက်အစပ်

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉ တွင် ခုနှစ်သည် ၅၃၈ ဘီစီဖြစ်ပြီး ဗာဗုလုန်နိုင်ငံသည် ကျဆုံးခါစအချိန်ဖြစ်သည်။ ပုရောဖက်ယေရမိ၏ ဗျာဒိတ်တော်ဟော ထားရာ၌ ဖမ်းဆီးခံရခြင်းသည် နှစ်ပေါင်း ၇၀ ကြာညောင်းမည်ကို ဒံယေလသိသည်။

         ရာဇဝင်ချုပ်ဒုတိယစောင်အခန်းကြီး ၃၆း၁၅-၂၁ “ဘိုးဘေးတို့၏ ဘုရားသခင်ထာ၀ရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့် စောစောထ၍ အထပ်ထပ်စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ဘုရားသခင်၏တမန်တို့ကို ပြယ်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင်၊ ပုရောဖက်တို့ကို ညှဉ်းဆဲသောကြောင့် ထာ၀ရဘုရား၏ အမျက်တော်မငြိမ်းနိုင်အောင် မိမိလူမျိုးကိုတွက်သဖြင့် ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာနအိမ်တော်၌ လူပျိုတို့ကိုဓားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျော်ကုန်းသော သူတို့ပင်မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့ အပ်တော်မူ၏။ ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကိုလည်းကောင်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မÈ;မတ်ဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။ ဗိမာန်တော်ကိုလည်း မီးရှို၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။ ဓားဘေးနှင့် လွတ်သောသူတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၍ သူတို့သည် ပေရသိ နိုင်ငံမတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။ ထိုသို ဣသရေလမြေသည် ဥပုသ်နေ့ကို မွေ့လျော်စေခြင်းငှာ ယေရမိဆင့်ဆိုသော ထာ၀ရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ်ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။

         မိမိ၏ ကိုယ်တိုင်အတွေ့အကြုံမှ ဒံယေလသည် နှစ်ပေါင်း ၇၀ ဖမ်းဆီးခြင်း၌ အစပြုခြင်းကို သေချာစွာသိရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ၆၀၅ ဘီစီတွင် ဖမ်းဆီးခံထားရခြင်းကြောင့် ဖြစ်သည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၁း၁-၂ နှစ်ပေါင်း ၇၀ အနာဂတ္တိစကားသည် ပြီးဆုံးလုနီးပါးရောက်၍ မိမိတို့၏ ပြည်သို့ပြန်သွားမည့် အနာဂတ္တိစကားပြည့်စုံခြင်းကို မူမတွေ့ရပါ။ ထိုကြောင့် ဒံယေလသည် နှစ်ပေါင်း ၇၀ ဖမ်းသွားခြင်းနှင့် ဆိုင်သောအနာဂတ္တိစကားကို နောက်ထပ်တစ်ကြိမ်ကြည့်ရှု ပြန်ပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၁-၃ “ယေရုရှလင်မြို့ပျက်စီး၍၊ အနှစ်ခုနစ်ဆယ်လွန်စေမည်ဟု၊ ထာ၀ရဘုရား၏ ဗျာဒိတ်တော်ကို ပုရောဖက်ယေရမိခံဖူးသည်ဖြစ်၍၊ ခါလဒဲနိုင်ငံကို အစိုးရေသာ မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပထမနှစ်တွင် ငါဒံယေလသည် ထိုနှစ်ပေါင်း အရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့် အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာပြု၏။

         ဒံယေလ၏ ဖျားနာမှုတွင် ယေရမိပုရောက်ဖက်၏ နှစ်ပေါင်းခုနစ်ဆယ် အနာဂတ္တိစကားနှင့် ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင် အနာဂတ္တိစကားကို အဓိပ္ပါယ်ပြန်၍ ညီညွတ်စေရန် မစွမ်းဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။ အဆုံးတွင် အကယ်၍ သူတို့၏ မြို့နှင့် ဗိမာန်တော်သည် ချိုငယ်အားဖြင့် နှစ်ပေါင်းနှစ်ထောင့် သုံးရာတိုင်တိုင် နင်းခြေခံခဲ့ရသော်၊ ဘုရားသခင်၏ လူတို့သည် နှစ်ပေါင်းခုနစ်ဆယ်နောက်ပိုင်းတွင် မိမိတို့၏ ပြည်ကို မည်ကဲ့သို့ပြန်လည်ပေးနိုင်မည်နည်း။

ဒံယေလ၏ စိတ်ကူးအတွေး

         ဒံယေလ၏ စိတ်ထဲတွင် ရုတ်တရက်တွေးတောမှုပေါ်လာသည်။ သစ္စာမရှိသော ဣသရေလ လူမျိုးတို့၏ ပုန်ကန်မှုကြောင့် ဘုရားသခင်သည် နှစ်ခုနစ်ဆယ်မှ နှစ်ပေါင်းနှစ်ထောင့်သုံးရာသို့ တိုးချဲ့ကောင်းတိုးချဲ့မည်။ ဘုရားသခင်၏ လူတို့သည် ဗာဗုလုန်နိုင်ငံအားဖြင့် ခြေဖြင့် နင်းခြေခြင်းခံရ၍ ဗိမာန်တော်သည်လည်း ပျက်စီးကျန်ခဲ့ပြီး၊ မြို့သည်လည်း သူတို့ထင်မြင်သည်ထက် ကြာမြင့်စွာ ပျက်စီးကောင်းပျက်စီးမည်ဟု ထင်မြင်ယူဆသည်။

ဒံယေလ၏ သူတစ်ပါးအတွက်ဆုတောင်းခြင်း

ကျမ်းစာထဲတွင် အလွန်နှစ်သက်ဖွယ်ရာ နောင်တတရားနှင့် ဆိုင်သော ဆုတောင်းချက်တစ်ခုခုကို သူ၏ စိတ်နှလုံးထဲမှာ ဤသို့ဖြင့် ယခုတွင် အဆက်မပြတ်စီးဆင်းလာပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၄-၁၁  ပထမဦးစွာတွင် သူ၏အပြစ်နှင့် ထို့နောက်သူ၏ လူမျိုးတို့၏ အပြစ်တို့ကို ဝန်ချတောင်းပန်ပါသည်။ “ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာ၀ရဘုရားထံ ငါပြုသော ပတ္ထနာဟူမူကား၊ ကိုယ်တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်သောသူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါသည်၊ ဒုစရိုက်ကိုပြုမိပါပြီ၊ မတရားတဖြင့် ကျင့်မိပါပြီ၊ ပုန်ကန်မိပါပြီ၊ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွဲမိပါပြိ။ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသားအသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့်နှင့် ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပုရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။ အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်အရပ်ရပ်တို့၌ နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ရှိသည်အတိုင်း မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသောကြောင့် အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသားအသက်ကြီးသူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကိုဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာ၀ရဘုရားသည် ကျွန်တော်ရင်း၊ ပုရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရားတော်လမ်းသို့လိုက်ခြင်းငှာ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။ အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၁၁-၁၄ “သို့ဖြစ်၍ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ကျိန်ဆိုတော်မူခြင်းတည်းဟူသောဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့အပေါ်သို့ သွန်းလောင်းတော်မူ၏။ အကျွန်ုပ်တို့တစ်ဘက်၊ အကျွန်ုပ်တို့ကို အုပ်သောတရားသူကြီးတစ်ဘက်၌ မိန့်တော်မူသော စကားတော်ကိုတည်စေ၍၊ အကျွန်ုပ်အပေါ်မှာ ကြီးစွာသော ဘေးဥပဒ်ကို ရောက်စေတော်မူပြီ၊ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှမရောက်စဖူးပါ။ မောရှေ၏ပညတ္တိကျမ်းစာ၌ (တရားဟောရာကျမ်းအခန်းကြီး ၂၈) မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှာ အကျွန်ုပ်တို့ဘုရားသခင် ထာ၀ရဘုရားအထံတော်၌ မတောင်းပန်ဘဲနေကြပြီတကား။ ထို့ကြောင်း ထာ၀ရဘုရားသည် ဘေးဥပဒ်ကို စောင့်၍၊ အကျွန်ုပ်တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင် ထာ၀ရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ဗျာဒိတ်တော်အသံကို နာမထောင်ဘဲနေကြပါပြီတကား။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၁၅-၁၉ အဆုံးတွင်၊ ဘုရားသခင့်ရှေ့တော်၌ ဝင်ရောက်ဖျန်ဖြေပြီး ပုရောဖက်ယေရမိ ဗျာဒိတ်တော်တွင် ဣသရေလလူမျိုးတို့ကို အပြစ်မှလွှတ်၍ သူတို့၏နေထိုင်ရာပြည်ကို ကတိတော်အတိုင်း ပြန်လည်ပေးအပ်ရန်ဖြစ်သည်။ “တန်းခိုးကြီးသော လက်တော်ဖြင့် ကိုယ်တော်လူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍၊ ယနေ့၌ ရှိသည်အတိုင်း အသရေတော်ကို ထင်းရှာစေတော်မူသော အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။ အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့အပြစ်မှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့် ယေရုရှလင်မြို့နှင့် ကိုယ်တော်၏ လူစုသည် ပတ်ဝန်းကျင်၌ ရှိသော လူတို့တွင်ကဲ့ရဲ့စရာအကြောင်းဖြစ်ပါ၏။ ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်ပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့် မျက်နှာတော်ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ဖွင့်၍ အကျွန်ုပ်တို့ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သော မြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုအမှီပြု၍ ပတ္ထနာစကားတော်ကို ရှေ့တော်၌ ဆက်ကပ်ပါ၏။ အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရားရှင်၊ အပြစ်ကို လွှတ်တော်မူပါ။ အိုဘုရားရှင်၊ နားထောင်၍ပြုတော်မူပါ။ အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြုမူ၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၁၉ သူ၏ ဆုတောင်းခြင်း အရေးကြီးဆုံးချိန်ရောက်သောအခါ၊ ဒံယေလသည် ဘုရားသခင်အား မကြန့်ကြာမဖင်နွှဲရန် တောင်းပန်ပါသည်။ ဣသရေလ၏ နိုင်ငံကို ပြန်လည်ပေးရန် ဘုရားသခင်၏ အကြံအစည်တွင် ကြန့်ကြာကောင်း ကြန့်ကြာမည်ဟု ဒံယေလထင်မြင်ပါသည်။ “အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရားရှင်၊ အပြစ်ကို လွှတ်တော်မူပါ။ အိုဘုရားရှင်၊ နားထောင်၍ပြုတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ နားထောင်၍ပြုတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ မြို့၊ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြု၏။”ဓမ္မဟောင်းစကားလုံးတွင် “ခေတ္တဆိုင်းငံ့ရန်” “အချိန်ဆွဲရန်” “ဖင့်နွှဲရန်ဟု ဘာသာပြန်ဆိုထားပါသည်။ နှစ်ပေါင်းခုနစ်ဆယ်အနာဂတ္တိစကား၏ ပြည့်စုံခြင်းတွင် ဘုရားသခင်သည် ဖင့်နွှဲစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ဒံယေလ၏ စိတ်ထဲတွင် ရှိကောင်းရှိမည်ဖြစ်သည်။

ဒံယေလ၏ ဆုတောင်းသံကိုနားညောင်းခြင်း၊ ဂါဗြေလပြန်လာခြင်း

         ကြီးမားသောမေးခွန်း။ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၁- ၁၉ တွင် အသစ်သော ဗျာဒိတ်ရူပါရုံရှိသလား၊ (သို့မဟုတ်) ပေါ်ပေါက်သလား။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၀-၂၃ အစကနဦးကပေးခဲ့သော ဗျာဒိတ်ရူပါရုံကို ဂါဗြေလ ပြန်လာ၍အဖြေပေးသည်။ “ထိုသို့ဆုတောင်းပတ္ထနာပြု၍၊ ကိုယ်အပြစ်ကိုလည်းကောင်း၊ အမျိုးသားခြင်ဣသရေလ လူတို့၏ အပြစ်ကိုလည်းကောင်း၊ ဖော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဖို့ (ဗိမာန်တော်ရှိရာအရပ်) ငါပြုသော ပတ္ထနာစကားကို ငါ၏ဘုရားသခင် ထာ၀ရဘုရားရှေ့တော်၌ ဆက်ကပ်လျက်နေ၏။ ဆုတောင်းသော အမှုမပြီးမီ မြွက်ဆိုစဉ်တွင်၊ ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗြေလသည် (အလားတူကောင်းကင်တမန်) လျင်မြန်စွာပျံ၍လာသဖြင့်၊ ညဦးယံပူဇော်ချိန်၌ ငါရှိရာသို့ရောက်၍၊ နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင်၌ ဉာဏ်ပညာတိုးပွားစေမည် အကြောင်းထွက်လာပြီ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၅-၁၇ တွင် ဂါဗြေလသည် ဒံယေလအား ဗျာဒိတ်ရူပါရုံ၏ အနက်ကို နားလည်ရန် အမိန့်တော်ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော်(MAREH စကားအဓိပ္ပါယ်ကို မရှင်းပြနိုင်ဘဲ (ဃံဗဇဥျွှN) စကားအဓိပ္ပါယ်ကိုသာ ရှင်းပြနိုင်သည်။ ၂၃၊ သင်သည် ဆုတောင်းစပြုသောအခါ အမိန့်တော်ရှိသည်ဖြစ်၍ (ဗျာဒိတ်ရူပါရုံကို ရှင်းပြရန်) သင့်အားကြားပြောခြင်းငှာ ရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသော အခွင့်ရှိ၏။” (MAREH စကားလုံးတွင် ဒံယေလအခန်းကြီး ၉ ၌ အသစ်သော ဗျာဒိတ်ရူပါရုံမရှိဘဲ ဆုတောင်းခြင်းသာရှိပြီး ဗျာဒိတ်ရူပါရုံတစ်ခုလုံးမပါဘဲ ကျန်ခဲ့သည့် မရှင်းပြနိုင်သော အစိတ်အပိုင်းကိုသာ ဖြစ်သည်။

အားလုံးတို့တွင် တစ်ခုတည်းထားရှိခြင်း

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၅ (CHAZOWNစကားလုံးကို နားလည်ရန် ဒံယေလကြိုးစားခြင်း။ “ငါဒံယေလသည်  ထိုရူပါရုံကို မြင်၍ (ဃံဗဇဥျွှN) အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့ရှေ့တွင်ရပ်နေ၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၆-၁၇ ဂါဗြေလသည် (MAREH စကားအဓိပ္ပါယ်ကို ရှင်းပြရန် အမိန့်တော်ကို ပြန်ခဲ့သည်။ “အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံ (MAREH ကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့ဟု ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင် ငါသည်ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန် ရသော ကာလနှင့် ဆိုင်သည်ဟု ငါ့အားပြောဆို၏။ဂါဗြေလသည်(CHAZOWN ကို သာလျှင် ရှင်းပြပြီး (MAREHကို မူ နားမလည်ပါ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၆-၂၇ ဒံယေလအခန်းကြီး ပြီးဆုံးသောအခါ (MAREH စာလုံး၏ အဓိပ္ပါယ်ကိုမူ ဒံယေဘနားလည် သဘောမပေါက်ပါ။ “ညဦးယံနှင့် နံနက်ကို ဖော်ပြသော ဗျာဒိတ်ရူပါရုံစကား (MAREHမှန်သည်ဖြစ်၍ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလတိုင်တိုင်တည်လိမ့်မည်ဟုဆို၏။ ထိုအခါ ငါဒံယေလသည် မော၍နာလျက်နေ၏။ တစ်ဖန် အနာမှထမြောက်၍ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို (MAREH ငါအံ့ဩသော်လည်း၊ ထိုအမှုကို အဘယ်သူမျှမရိပ်မိကြ။ (အကယ်၍ ဒံယေလသည် (MAREH အဓိပ္ပါယ်ကိုနားမလည်ပါက ဂါဗြေလသည် သူ၏ လုပ်ငန်းစဉ်ကို မပြီးမြောက်သေးပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်(MAREH အဓိပ္ပါယ်ကို ဒံယေလရှင်းပြနိုင်ပါသည်။ဂါဗြေလသည် ပြန်လာ၍ သူ၏ လုပ်ငန်းစဉ်ပြီးဆုံးအောင် ကျွန်ုပ်တို့စောင့်မျှော်ရပါမည်။)

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၀-၂၃ ဂါဗြေလသည် (MAREH အဓိပ္ပါယ်ကိုရှင်းပြရန်ပြန်လာသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၁ဝး၁ မဆိုင်းမတွဘဲ ဒံယေလအခန်းကြီး ၉ တွင် ယခု (MAREHအဓိပ္ပါယ်ကို ဒံယေလနားလည်သဘောပေါက်သည်။ “ပေရသိရှင်ဘုရင် ကုရုနန်းစံသုံးနှစ်တွင် (၅၃၆- ပတ်ဝန်းကျင်နှစ်တွင်) ဗေလတရှာဇာအမည်ဖြင့် သမုတ်သော ဒံယေလသည် ဗျာဒိတ်ကိုခံရ၏။ ထိုဗျာဒိတ်တော်စကားမှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘော (MAREH ကို လည်းရိပ်မိ၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၃-၂၄ “သင်သည် ဆုတောင်းစပြုသောအခါ အမိန့်တော်ရှိသည်ဖြစ်၍  သင့်အားကြားပြောခြင်းငှာ ငါရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်သော သူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။ (သူသည် တစ်ကြိမ်တစ်ခါကပေးခဲ့သော”သတင်းခုနစ်ဆယ်အနာဂတ္တိစကားကို ပေးခြင်းဖြင့်(MAREH ၏ ၂၃၀၀ အဓိပ္ပါယ်ကို ယခုရှင်းပြလိမ့်မည်။ ဤသို့ဖြင့်(MAREH အဓိပ္ပါယ်ကို သတင်းခုနစ်ဆယ်၏ အနာဂတ္တိစကားနှင့် တိုက်ရိုက်ဆက်စပ်သည်) သတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသော မြို့အဖို့ ဆုံးဖြတ်ခြင်းဖြစ်သည်။” (၁) လွန်ကျူးခြင်းအမှုကို ဆီးတားခြင်း (၂) ဒုစရိုက်အပြစ်များကို ဆုံးခန်းတိုင် ယူဆောင်ခြင်း (၃) ဒုစရိုက်အပြစ်ကို ဖြေရှင်းခြင်း (၄) ထာ၀ရကုသိုလ်ကို သွင်းစေခြင်း (၅) ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိတ်ခတ်ခြင်း (ဆုံးခန်းတိုင်ယူဆောင်ခြင်း) (၆) အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်း။

ဆုံးဖြတ်သည်ဝေါဟာရအဓိပ္ပါယ်

         ဂါဗြေလသည် ဒံယေလကို ပြောပြသည်မှာ “သတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသော မြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။” “ဆုံးဖြတ်သည်ဆိုသောစကားသည် ဟေဗြဲဘာသာအားဖြင့် (ဃံဗွှံဗု) ဖြစ်သည်။ အဓိပ္ပါယ်ဖော်ပြရာတွင် ဖြတ်တောက်ရန်၊ ဆုံးဖြတ်ရန်၊ အမိန့်ပေးရန်၊ စီမံရန်နှင့် ခန့်ထားရန်ဖြစ်သည်။

         ဟေဗြဲသမ္မာကျမ်းတွင် ယခုအကြိမ်၌ သာပေါ်ပေါက်လာပါသည်။ သို့သော် (MISHဗြံ) စကားထဲ၌ တိုက်ရိုက်အဓိပ္ပါယ်မှာ ပူဇော်ခြင်းဝတ်ကို ပြုရာတွင် တိရစ္ဆာန်များ၏ အစိတ်အပိုင်းကိုလည်းကောင်း၊ အရေဖျားလှီးခြင်း၌ ခန္ဓာကိုယ်အပိုင်းကိုလည်းကောင်း၊ မီးအိမ်မှ မီးစာကိုလည်းကောင်း၊ တောင်ပေါ်မှသတ္တုရိုင်းကို သတ္တုတွင်းအလုပ်သမားသည်လည်းကောင်း၊ ဖြတ်တောက်လုပ်ငန်းကို ဖော်ပြခြင်းပင်ဖြစ်သည်။

         တင်စားသောအားဖြင့် စကားလုံးသည်လည်း သမ္မာကျမ်းစာကို လေ့လာရန်အတွက် အပိုင်းနှစ်ပိုင်းကို ပိုင်းခြား၍ ခွဲထားခြင်းတွင် ဖော်ပြခြင်းပါ အသုံးပြုပါသည်။ ဤစကားလုံးအရင်းအမြစ်၏ အဓိပ္ပါယ်တွင် ထို့နောက် အဆက်ပြတ်ခြင်းကဲ့သို့ ပေါ်လွင်သည်။

         ယခုတွင် အရာတစ်ခုခုသည် အဆက်ပြတ်ပါက အရာတစ်ခုခုအထဲမှ ပြတ်တောက်ခြင်းရှိရမည်။ ဥပမာ - သင်သည် သစ်ပင်၏အကိုင်းကို ဖြတ်တောက်သောအခါ အကိုင်းကို ဖြတ်တောက်နိုင်ရန် အပင်ရှိရမည်။

         ဤတွင် တည်ရှိမှုအခြေအနေအားဖြင့် မေးမြန်းရမည်မှာ ခုနစ်သတင်းတွင် မည်သည့်အပိုင်းကို ဖြတ်တောက်ရမည်နည်း။ အဓိပ္ပါယ်တွင် လွယ်ပါသည်။ ရက်ပေါင်း၊ နှစ်ပေါင်းနှစ်ထောင့်သုံးရာတွင် ကြီးသော အနာဂတ္တိအပိုင်းမှ ဖြတ်တောက်ရမည်ဖြစ်ပါသည်။

ဆုတောင်းခြင်းနှင့် ဆုတောင်းခြင်း၏အဖြေ

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂ တွင် ဖော်ပြသည်မှာ နေထိုင်ရန်မသင့်လျော်သော ယေရုရှလင်မြို့သည် ဒံယေလ၏ ဆုတောင်းခြင်းကိုလှုံ့ဆောင်ပြီး ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောင်နိုင်ရန် (ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၅ ) ကတိတော်တွင် သူ၏ ဆုတောင်းခြင်း အဖြေဖြစ်ပါသည်။

သင်္ကေတအဖြစ်အသုံးပြုသောနေ့များ

         အကယ်၍ သတင်းခုနစ်ဆယ်တွင် ပထမပိုင်း၏ (ရက်ပေါင်း) နှစ်ပေါင်းနှစ်ထောင့်သုံးရာနှင့် “ရက်များ” “သတင်းများတို့သည် သင်္ကေတကို အသုံးပြုသော နေ့များဖြစ်ပါက၊ ထိုနောက် ရက်ပေါင်းနှစ်ထောင့်သုံးရာ၏ အလားတူ အနာဂတ္တိစကား၏ အကြီးပိုင်းတွင် နှစ်များကိုလည်းပုံဆောင်ရမည်။

ဤတွင် စစ်မှန်သောအချက်ကြောင့် ကျမ်းစာတော်မြတ်ကို ရှင်းလင်းဖော်ပြသူများ အနေနှင့် အဘယ်ကြောင့် ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈ ကို အခန်းကြီး ၉ နှင့် မဆက်စပ်စေချင်သော အချက်ပင်ဖြစ်သည်။

         အကယ်၍ သူတို့သည် သတင်းခုနစ်ဆယ်အတွက် တစ်ရက်ကို တစ်နှစ် နှင့် ညီမျှသည့်အခြေခံတရားကို အသုံးပြုပါက သတင်းခုနစ်ဆယ်သည် ရက်ပေါင်း နှစ်ထောင့်သုံးရာ၏ အစဖြစ်ပြီး ၎င်းနောက် ရက်ပေါင်းနှစ်ထောင့် သုံးရာကိုလည်း တစ်ရက်သည်တစ်နှစ်ဖြစ်ကြောင်း အခြေခံသဘောတရားကို သူတို့သည်လည်း ကျင့်သုံးရပြီး ၎င်းနောက် သတ္တမနေ့အသင်းတော်သည် မိမိတို့ယုံကြည်သော အယူအဆသည်လည်း မှန်ကန်ကြောင်းကို သက်သေပြနိုင်သည်။

ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၄

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၉း၂၄ သတင်းခုနစ်ဆယ်သည် ဒံယေလ၏ လူနှင့် ဠ” မြို့တို့အတွက် သတ်မှတ်ပေးထားပါသည်။ သတင်းခုနစ်ဆယ် အတွင်း အထူးသဖြင့် အဆုံးပိုင်းတွင် အဖြစ်အပျက်ခြောက်ခုဖြစ်ပျက်မည်။ ဣသရေလလူတို့ကို သတင်းခုနစ်ဆယ် (သို့မဟုတ်) နှစ်ပေါင်းလေးရာကိုးဆယ် အချိန်တွင် နောက်ဆုံးအခွင့် အရေးပေးလိမ့်မည်။

၁။     အပြစ်လွန်ကျူးမှုပြီးဆုံးခြင်း။

၂။     အပြစ်များဆုံးခန်းတိုင် ပြုခြင်း။

 

၂၁၂

၃။     အပြစ်အတွက်ပြန်၍ သင့်မြတ်စေခြင်း။

၄။     ထာ၀ရတည်နေသောဖြောင့်မတ်ခြင်းသို့ ယူဆောင်လာခြင်း။

၅။     ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိစကားတို့ကို တံဆိပ်ခတ်ခြင်း။

၆။     သန့်ရှင်းဆုံးသော အရာကို ဘိသိက်ပေးခြင်း။

လွန်ကျူးခြင်းအမှုပြီးဆုံးသွားသည်

         ဤနေရာတွင် “လွန်ကျူးခြင်းဆိုသောစကားသည် ဓမ္မဟောင်းကျမ်းတွင် အပြစ်အတွက်အမောကျောဆုံးသောစကားဖြစ်သည်။ တိုက်ရိုက်အဓိပ္ပါယ်တွင် ပုန်ကန်ထကြွခြင်းပင်ဖြစ်သည်။ အထွေထွေသတ်မှတ်ချက်တွင် ပုန်ကန်ထကြွခြင်း မဟုတ်ပါ။ တိကျသောအရာတွင် အသုံးပြုရာ၌ တိကျသောပုန်ကန်မှုကို ရည်ညွှန်းပါသည်။ အခြားသောစကားများဖြင့် ပြောရလျှင် သတင်းခုနစ်ဆယ်သည် ယုဒလူတို့၏ ပုန်ကန်ထကြွမှုဆုံးခန်းတိုင် ရောက်သည်။

         လာမည့်ဟောပြောပို့ချချက်နှစ်ခုတွင် သတင်းခုနစ်ဆယ်၏ အသေးစိတ် သင်ကြားသောအခါတွင် တွေ့မြင်ရပြီး သူတို့၏ ပုန်ကန်ထကြွမှုဖြင့် လမ်းနှစ်လမ်းတွင် တစ်လမ်းကဲ့သို့ အဆုံးခန်းတိုင်ရောက်မည်။

၁။     မေရှိယကို လက်ခံခြင်းဖြင့် မိမိတို့၏ အဆက်မပြတ်ပုန်ကန်မှုကို ဆုံးခန်းတိုင်စေမည်။

၂။     မေရှိယကို ဆန့်ကျင်၍ ယတိပြတ်ပုန်ကန်မှုပြုပြီး ဟေဗြဲတို့၏ ဘာသာရေးအုပ်ချုပ်မှုစနစ်ကို ဆုံးခန်းတိုင်စေမည်။ ဤဗျာဒိတ်တော်သည် ဒုတိယရွေးချယ်မှုကိုပြုနိုင်ကြောင်း ရှင်းလင်းထင်ရှားစွာဖော်ပြထားပါသည်။

အပြစ်များကို ဆုံးခန်းတိုင်သို့ရောက်စေခြင်း

         သတင်းခုနစ်ဆယ်သည် အပြစ်လွန်ကျူးခြင်းတွင် ဆုံးခန်းတိုင်ရောက်ကြောင်းကို မဖော်ပြဘဲ အဆုံးတိုင်အောင် အပြစ်လွန်ကျူးခြင်းကိုသာ ဖော်ပြထားပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် ရိုက်ထားခံရခြင်းဖြင့်အပြစ်ဒုစရိုက်တို့ကို အဆုံးသတ်စေပါသည်။ ကျွန်ုပ်တို့လေ့လာသင်ကြားခဲ့သည် အတိုင်း လက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် လောကသားတို့၏ အပြစ်ကို တရားဝင်ယူဆောင်သွားခဲ့ပါသည်။ (ရှင်ယောဟန်ခရစ်ဝင် ၁း၂၉)။

         ဟေဗြဲဩဝါဒစာ ၁း၃ တွင် ခရစ်တော်သည် မိမိကိုယ်တိုင် “ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သော အရပ်မှာ တန်ခိုးအာနုဘော်တော်၏ (သူသည်) လက်ယာဘက်၌ ထိုင်တော်မူ၏။

         ဟေဗြဲဩဝါဒစာ ၉း၂၈ တွင် မိမိကိုယ်တိုင်ဆက်ကပ်ခဲ့ကြောင်း သိရပါသည်။ “ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကို ပူဇော်ပြီးမှ၊

         ဟေဗြဲဩဝါဒစာ ၉း၂၆ တွင် ခရစ်တော်ပေါ်လာမည်ကို ထင်ရှားစွာ ဖော်ပြသည်။ “ဤကပ်ကာလအဆုံး၌ တစ်ခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ ပေါ်ထွန်းတော်မူ၏။

         ဟေဗြဲဩဝါဒစာ ၁ဝး၁၂ တွင် ဤလူဇာတိကို ခံယူခဲ့သော လူသားသည် အပြစ်များကို ရာသက်ပန်ဆက်ကပ်ပူဇော်ပြီးသောအခါ ဘုရားသခင်၏ လက်ယာတော်ဘက်တွင် ထိုင်ကြောင်း အသိပေးခဲ့ပါသည်။ “ထိုသခင်မူကား၊ အပြစ်ကို ဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊

အပြစ်အတွက်ပြန်၍ မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ပြုရန်

         ခရစ်တော်သည် လူသားကို ဘုရားသခင်ထံတော်သို့ အပြစ်အတွက် သူ၏ဆက်ကပ်ခြင်းဖြင့် မိတ်သဟာယဖွဲ့စေခဲ့သည်။

 ဟေရှာယအနာဂတ္တိကျမ်းအခန်းကြီး ၅၃ မေရှိယအနာဂတ္တိတွင် မိမိ၏လုပ်ငန်းအားဖြင့် ငြိမ်သက်ခြင်းကို ယူဆောင်လာမည်ဖြစ်ကြောင်းကို သိမြင်ရပါသည်။ “ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးနက်ခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။” (ဟေရှာယအနာဂတ္တိကျမ်း ၅၃း၅)။

         ရောမဩဝါဒစာ ၅း၁၀ တွင် လူသည် အဘယ်ကြောင့်ငြိမ်သက်ခြင်း လိုလားကြောင်းကို သိရပါမည်။ “အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာရှိ၏။

         ကောရိန်သုဩဝါဒစာဒုတိယစောင် ၅း၁၈-၁၉ တွင် ခရစ်တော်အားဖြင့် မိတ်သဟာယဖွဲ့ခြင်း၏ အတွေးအခေါ်တို့ကို တမန်တော်ရှင် ပေါလုက ချဲ့ထွင်ခဲ့ပါသည်။ “ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင်ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသောအခွင့်ကို ငါတို့၌ အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ။ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။

ထာ၀ရတည်သောဖြောင့်မတ်ခြင်းကိုယူဆောင်ရန်

(မိတ်ဆက်ပေးရန်)

         ယေဇကျေလအနာဂတ္တိကျမ်း ၂၃း၆ တွင် ယေရှု၏ အမည်နာမတစ်ခုကား “ဖြောင့်မတ်ခြင်းအရှင်ကဲ့သို့ သိရပါသည်။

         ဟေရာယအနာဂတ္တိကျမ်း ၅၃း၁၁ ၏ မေရှိယအနာဂတ္တိစကားတွင် ကျွန်ုပ်တို့အား “ထို့ဖြောင့်မတ်သောငါ၏ ကျွန်ကို သိကျွမ်းခြင်းအားဖြင့် သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ဤအတွေးအခေါ်သည် အခါသမယတိုင်းတွင် ထပ်တလဲလဲဓမ္မသစ်ကျမ်း၌ ဖွံ့ဖြိုး တိုးတက်စေသည်။

         ဥပမာ၊ ရောမဩဝါဒစာအခန်းကြီး ၃ နှင့် ၄ တွင် တမန်တော် ရှင်ပေါလုက “ခရစ်တော်သည် ငါတို့၏ ဖြောင့်မတ်ခြင်းတရား”အယူအဆကို ပြည့်၀စွာကွင်းကွင်းကွက်ကွက်ဖော်ပြသည်။ အပြစ်မဲ့ဘ၀၌ နေထိုင်ခြင်းဖြင့် ခရစ်တော်သည် စုံလင်သော ဝတ်ရုံကို ခြုံခဲ့ပြီ။ နောက်တတရားဖြင့် သူ့ထံသို့ လာသောသူတို့ကို ထင်မှတ်ယူရန် ယခုတွင် သူသည် ကမ်းလှမ်းလျက်ရှိပါသည်။

         နောက်ဆုံး ကောရိန်သုဩဝါဒစာပထမစောင် ၁း၃၀ တွင် ခရစ်တော်သည် ငါတို့အတွက် ဖြောင့်မတ်ခြင်းကို ဆောင်ရွက်ပေးကြောင်း ဖော်ပြထားပါသည်။

ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိစကားတို့ကို တံဆိပ်ခတ်ရန်

(အဆုံးတိုင် ယူဆောင်ရန်)

         ဤအချက်အလက်တွင် “စကားစုတို့၏ အကြောင်းကိစ္စကို မြောက်မြား စွာ မပြောသေးပါ။ အကြောင်းမှာ “သတင်းခုနစ်ဆယ်အကြောင်းကို လာမည့် ဒုတိယဟောပြောပို့ချချက်တွင် ကျယ်ဝန်းစွာ ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

         ယခုလုံလောက်စွာပြောဆိုရသည်မှာ မေရှိယကို ငြင်းပယ်ခြင်းအားဖြင့် ယုဒလူမျိုးတို့သည် ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိစကားတော်ကို ဆုံးခန်းတိုင်သို့ ယူဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် ယုဒလူမျိုးတို့နှင့် ဗျာဒိတ်ရူပါရုံနှင့် ပုရောဖက်များအားဖြင့် ဘယ်အခါမျှ ဆက်သွယ်တော့မည်မဟုတ်ပါ။ သတေဖန်သည် ပုရောဖက်ကဏ္ဍတွင် ဆောင်ရွက်နေခြင်း၌လည်းကောင်း၊ ခရစ်တော်၏ အနာဂတ္တိဗျာဒိတ်ရူပါရုံများ၌ ပါဝင်လုပ်ကိုင်ခြင်းတွင် လည်းကောင်း၊ သူတို့သည် ကျောက်ခဲနှင့် ပေါက်သတ်သောအခါ အရှိအတိုင်း ဣသရေလလူတို့သည် ဘုရားသခင်နှင့် ဆက်သွယ်ရာ၌ ဆုံးခန်းတိုင် သို့ရောက်ရှိသွားပါသည်။ ထိုသို့ ပြောရလျှင် သတေဖန်သည် နောက်ဆုံးရူပါရုံကို ရပြီး နောက်ဆုံးသော ပုရောဖက်အနေဖြင့် ဘုရားသခင်သည် အရှိအတိုင်း ဣသရေလလူတို့ထံသို့ ပို့ဆောင်ခဲ့ပါသည်။

အသန့်ရှင်းဆုံးကို ဘိသိက်ပေးရန်

         စကားစုကို အရှိအတိုင်း ဖတ်ရှုရာတွင် သန့်ရှင်းရာဌာနကို ဘိသိက်ပေးရန် ဖြစ်သည်။ ဤစကားစုသည် နှစ်လမ်းတွင် တစ်လမ်းကဲ့သို့ နားလည်သဘော ပေါက်ရပါမည်။

(၁)   “အသန့်ရှင်းဆုံးစကားရပ်ကို ဖော်ပြခြင်းတွင် မေရှိယကို လူသားကဲ့သို့ရည်ညွှန်းထားပါသည်။ (ဟေဗြဲ ၉း၂၆ ကို ကြည့်ပါ) သို့မဟုတ်လျှင်

(၂)    ကောင်းကင်နိုင်ငံတော်သန့်ရှင်းရာဌာန၏ အသန့်ရှင်းဆုံးဌာနဟု အဓိပ္ပါယ်ပေါ်သည်။

အသန့်ရှင်းဆုံးနေရာကို ဤသို့ဘိသိက်ပေးရာတွင်

ကျှန်ုပ်တို့မည်မျှလောက် နားလည်ရမည်နည်း။

         ဓမ္မဟောင်းကျမ်း၏ တဲတော်လုပ်ငန်းကို အခမ်းအနားဖြင့် ဖွင့်လှစ်သော အခါ ယဇ်ပုရောဟိတ်မင်းနှင့် သန့်ရှင်းရာဌာနအားလုံးအပါအဝင် (အသန့်ရှင်းဆုံးအခန်းပါ) ဘိသိတ်ခံယူသည်။ အမျိုးအစားနှင့် တူညီရန် ခရစ်တော်သည်ကောင်းကင်သို့ တက်ကြွသွား၍ သူ၏ ကောင်းကင်နိုင်ငံတဲတော်လုပ်ငန်းကို အစပြုရာ၌ ကောင်းကင်နိုင်ငံတစ်ခုလုံးကိုပါ ဘိသိက်ပေးရမည်။ (အသန့်ရှင်းဆုံး ဌာနလည်းပါဝင်သည်။)

         သန့်ရှင်းရာဌာနကို ဘိသိက်ပေးရုံမျှမက ခရစ်တော်သည်လည်း သန့်ရှင်းရာဌာနတွင် ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ဘိသိတ်ခံရမည်။ ဤအချက်တွင် တမန်တော်ဝတ္ထု ၂း၂၃-၂၆ နှင့် ဝတ်ပြုရာကျမ်း ၈း၁-၁၂ အထိ ရှင်းလင်ပြတ်သားစွာ ဖော်ပြထားပါသည်။

         အယ်လင်ဂျီဝှိုင်သည်လည်း ဤထက်မြက်သော မှတ်ချက်ကို ထပ်ဆင့်ဖော်ပြရေးသားပါသည်။

         ပင်တေကုတ္တေနေ့၌ ဝိညာဉ်တော် သွန်းလောင်းခြင်းသည် ကောင်းကင်၏ ဆက်သွယ်မှုဖြစ်ပြီး ရွေးနုတ်ရှင်၏ အခမ်းအနားဖွင့် လှစ်ပြီးစီးကြောင်းကို ပြသခြင်းဖြစ်သည်။ မိမိ၏ ကတိတော်အတိုင်း သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ကောင်းကင်မှစေလွှတ်လျက် နောက်တော်သို့ လိုက်သော သူတို့သည်လည်း ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်ကဲ့သို့သော သင်္ကေတအမှတ်အသားအားဖြင့် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ ရှိသမျှသော တန်ခိုးတော်ကို ခံယူလျက်၊ သူ၏ လူတို့အပေါ်တွင် ဘိသိတ်ခံယူသူဖြစ်ပါသည်။” (The Acts of the Apostles, pp. 42-38,

         အသန့်ရှင်းဆုံးနေရာတွင် ဘိသိတ်ပေးခြင်းသည် ခရစ်တော်အား လူဇာတိကဲ့သို့လည်းကောင်း၊ ဗိမာန်တော်တွင် အသန့်ရှင်းဆုံးနေရာတွင်လည်းကောင်း ပါဝင်စေရမည်။ သတင်းခုနစ်ဆယ်အနာဂတ္တိစကားသည် ခရစ်တော်၏ သာသနာလုပ်ငန်းတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးနေရာများကို တွေ့မြင်ရမည်။ သူ၏ (၁) နှစ်ခြင်းခံယူခြင်း၊ (၂) အသေသတ်ခံခြင်း၊ (၃) ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ရှိ သန့်ရှင်းသော တဲတော်တွင် မိမိ၏ သာသနာလုပ်ငန်းကို စတင်ဆောင်ရွက်ရန်၊ (၄) ဘုရားသခင်၏ လက်ယာတော်ဘက်သို့တက်ကြွခဲ့ပါသည်။ ထို့အပြင် (၅) ခရစ်တော်ကို ငြင်းပယ်ခြင်းကြောင့် ဟေဗြဲတို့၏ ဘာသာရေးအုပ်ချုပ်မှုတွင် အဆုံးသတ်ခြင်းကိုလည်း ပါဝင်ပါသည်။

         သတင်းခုနစ်ဆယ်အနာဂတ္တိစကားကို ဂါဗြေလသည် ရှင်းပြပြီးသောအခါ ဒံယေလအနာဂတ္တိကျမ်း ၁ဝး၁ တွင် ဒံယေလသည်(MEREH အဓိပ္ပါယ်ကို နားလည်ခဲ့ပါသည်။ ဤသို့ဖြင့် သတင်းခုနစ်ဆယ်၏ အနာဂတ္တိစကားကို နားလည်ရန် အခြေခံအုတ်မြစ် ဖြစ်လာပါသည်။ “ပေရသိရှင်ဘုရင် ကုရမင်းနန်းစံသုံးနှစ်တွင် ဗေလတရှာဌာအမည်ဖြင့် သမုတ်သော ဒံယေလသည် ဗျာဒိတ်တော်ကို ခံရ၏။ ထိုဗျာဒိတ်တော်စကားသည် မှန်ပါ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံစကာကို လည်းရိပ်မိ၏။” (MEREH)

         နောင်ပိုင်းတွင် “ဆေးကြောခြင်းသည် ၁၈၄၄ ခုနှစ်တွင် ကောင်းကင်၌ တရားစီရင်ခြင်းအမှုကို အစပြုခြင်း၏ ရည်ညွှန်းခြင်းကို ကျွန်ုပ်တို့သည် သေချာစွာလေ့လာသွားမည်။

No comments:

Post a Comment