(၁) ကိုယ်တော်၏ လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏
ဆုတောင်းခြင်းဖြင့် အစပြုပါ။
ကျမ်းစာတော်မြတ်၏ ဗိမာန်တော်များ။
ထွက်မြောက်ရာကျမ်း ၂၅း၈၊ ၄၀ (တဲတော်) “ငါသည် သင်တို့တွင် ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။”
ရာဇဝင်ချုပ်ဒုတိယစောင် ၇း၁၊ ၂ (ရှောလမုန်၏) “ထိုသို့ ရှောလမုန်သည် ပတ္ထနာပြု၍ ပြီးသောအခါ ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာ၀ရဘုရား၏ ဘုန်းတော်နှင့် ပြည့်၏။ ထာ၀ရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့် ယဇ်ပုရောဟိတ်တို့သည် ထာ၀ရဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။”
ဟဂ္ဂဲအနာဂတ္တိကျမ်း ၂း၆- ၉ (တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရပြီးနောက်) “ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူသည်ကား ၊ ကာလ မကြာမမြင့်မီ ကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊
ကုန်းတို့ကို တစ်ဖန် ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည် ၊ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သော အရာသည် ရောက်၍ ၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ ရွှေနှင့် ငွေကို ငါပိုင်သည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၂း၂၀ (ဟေရုဒ်၏ ဗိမာန်တော်) “ယုဒလူတို့က ၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။”
ရှင်ယောဟန်ခရစ်ဝင် ၂း၁၉-၂၂ (ခရစ်တော်၏ ခန္ဓာကိုယ်) “ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ ထိုသို့ မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။
ဧဖက်ဩဝါဒစာ ၂း၁၉-၂၂ (အသင်းတော်) “ ထိုကြောင့်၊ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်းဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ တမန်တော်မှစ၍ ပုရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်တောင့် အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်ကိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့် သခင်ဘုရား အဖို့အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့် အတူတည်ဆောက်လျက် ရှိကြ၏။”
ကောရိန်သုဩဝါဒစာ ပထမစောင် ၆း၁၉၊ ၂၀ (ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများ) “အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။ သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။”
ဟေဗြဲဩဝါဒစာ ၈း၁-၅ (ကောင်းကင်ဘုံမှဖြစ်သော) “ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာ၀ရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို ပြုသောသူဖြစ်တော်မူ၏။ ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှာ ခန့်ထားလျက် ရှိသည်ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ် မင်းသည်လည်း ပူဇော်ရာယဇ် တစ်စုံတစ်ခုရှိရ၏ ပညတ်တရားအတိုင်း ပူဇော်သကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။”
ဟေဗြဲဩဝါဒစာ ၉း၁၁-၁၂ (ကောင်းကင်ဘုံမှဖြစ်သော) “ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်သော တဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သောခရစ်တော်သည်၊ ငါတို့အဖို့ ထာ၀ရရွေးနုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။”
ဗိမာန်တော်ပထဝီနှင့်ပရိဘောဂများ။
၁။
တပ်စခန်း။ အပြစ်ရှိသော ဣသရေလ လူမျိုးများနေထိုင်သည့် နေရာ။
၂။
တံတိုင်းတော်။ ပူဇော်သကာ ယဇ်ပလ္လင်၊ အင်တုံ။
၃။
သန့်ရှင်းရာဌာန။ တောင်ဘက်-ဖယောင်းတိုင်ပန်းဆိုင်ခုနစ်ခက်။ မြောက်ဘက်- စားပွဲပေါ်ရှေ့တော်မုန့် (၁၂) ချပ်။ အနောက်ဘက် - နံ့သာပေါင်းသော ရွှေယဇ်ပလ္လင်။
၄။
ဟာဂျာဟဂျုံအရပ်ဌာန။ ပဋိညာဉ် သေတ္တာတော်၊ သေတ္တာတော်အထဲပညတ်။ သေတ္တာတော်အထဲ မန္နအိုး။ အတက်ထွက်လာသော အာရုံ၏လှံတံ။
ကောင်းကင်ဘုံမှ ဖြစ်သော၊ မူရင်းနှင့်ခမ်းနားကြီးကျယ်သော
ဓမ္မရာဇဝင် တတိယစောင် ၈း၂၇-၃၀ “သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်သို ဖွယ်ရာရှိပါသနည်း။ သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင်ထာ၀ရဘုရား၊ ကိုယ်တော် ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။ ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည် အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့် မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာပြုကြသောအခါ၊ ကိန်းဝပ်တော်မူရာကောင်းကင် ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။”
ဟေရှာယအနာဂတ္တိကျမ်း ၅၇း ၁၅ “အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွက်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသော သူနှင့်၊ နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသော သူတို့လည်း ငါနေ၏။
ထွက်မြောက်ရာကျမ်း ၂၅း၄၀ “တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာလုပ်ခြင်းငှာ သတိပြုရမည်။”
ထွက်မြောက်ရာကျမ်း ၂၆း၃၀ “တောင်ပေါ်မှာ သင့်အားပြသော ပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။”
၁။
အတိုင်းအတာပုံစံ
၂။
ဓာတ်ပုံ
၃။
မြေပုံ
၄။
အရိပ် (အရိပ်ကိုအမှန်တကယ် စီမံခြင်း)
ဟေဗြဲဩဝါဒစာ ၈း၃-၅ “ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှာ ခန့်ထားလျက်ရှိသည်ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစ်စုံတစ်ခုရှိရ၏။ ပညတ်တရားအတိုင်း ပူဇော်သကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။ မောရှေသည် တဲတော်ကို ဆောက်လုပ်ခဲ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီသော ပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့် သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။”
ကောရိန်သုဩဝါဒစာပထမစောင် ၁၃း၁၂ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတစ်ပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။
မေရှိယ၏ ပြက္ခဒိန်
ဝတ်ပြုရာကျမ် ၂၃း၂ “သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာ၀ရဘုရား၌ ပွဲတော်များဟူမူကား၊”
၁။
ပသကာပွဲ (ခရစ်တော်အသေခံခြင်း)
၂။
အာဇုမပွဲ (ခရစ်တော်မြုပ်နှံခြင်း)
၃။
အဦးသီးသော အသီးအနှံ (ခရစ်တော်ထမြောက်ခြင်း)
၄။
ပင်တေကုတ္တေပွဲ (ခရစ်တော်၏ကြားဖျန် ဖြေခြင်းအမှုတော်)
၅။
တံပိုးမှုတ်ပွဲ (ကောင်းကင်နိုင်ငံတော်၌ တရားစီရင်ခြင်းအမှုကို ကြေညာခြင်း)
၆။
အပြစ်ဖြေရာနေ့ (ကောင်းကင်နိုင်ငံ၌ တရားစီရင်သော နေ့ကြီး)
၇။
တဲတော်နေ့ (ကောင်းကင်တွင် နှစ်ပေါင်းတစ်ထောင်)
ဗျာဒိတ်ကျမ်း ၅း၆ (သိုးသငယ်) “ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်နှစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချာင်းရှိ၏။”
ဗျာဒိတ်ကျမ်း ၁း၁၂၊ ၁၃ (မီးခွက်များ) “ထိုသို့ ငါနှင့် စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။”
ဗျာဒိတ်ကျမ်း ၈း၃-၅ (မီးရှို့ရာနံ့သာပေါင်းပလ္လင်) “ ကောင်းကင်တမန်တပါးသည် လာ၍ ရွှေလင်ပန်းကိုကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပတ္ထနာနှင့် အတူဆက်ကပ်ခြင်းငှာ၊ မီးရှို့သောနံ့သာပေါင်း အများကို ထိုသူ၌ပေး၏။ မီးရှို့သော နံ့သာ ပေါင်း၏ အခိုအငွေ့သည် သန့်ရှင်းသူတို့၏ ပတ္ထနာများနှင့်အတူ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့တက်လေ၏။ ကောင်းကင်တမန်သည် လက်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။
ဗျာဒိတ်ကျမ်း ၁၁း၁၉ (ပဋိညာဉ်သေတ္တာ) “တစ်ဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်းဖြစ်ကြ၏။”
ဗျာဒိတ်ကျမ်း ၂း၁၇ (ဝှက်ထားသောမန္န) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ဝှက်ထားသောမန္နကိုလည်းကောင်း၊ ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသော သူမှတစ်ပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။”
ဗျာဒိတ်ကျမ်း ၁၅း၅-၈ (တာဝန်ထမ်းဆောင်မှုပိတ်သွားသည်)”ထိုနောက်ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။ ဘေဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆံ အဝတ်ကိုဝတ်လျက်၊ ရင်၌ရွှေရင် စည်းကိုစည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။ သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့ အားပေး၏။ ဘုရားသခင်၏ ဘုန်းတန်းခိုးအားနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့် ပြည်စုံ၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှမဝင်နိုင်။”
ခရစ်တော်၏အမှုတော် ဆောင်ရွက်ခြင်းအဆင့်များ
ရှင်ယောဟန်ခရစ်ဝင် ၁း၁၄ (စခန်းတွင်) “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။”
ရှင်ပေတရုဩဝါဒစာပထမစောင် ၁း၁၈-၂၀ (တံတိုင်းတော်တွင်) “မိစဉ်အဆက်ကျင်လည်သော အချည်းနှီးကျင့် ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ထိုခရစ်တော်ကား ဤကမ္ဘာမနည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။”
ဟေဗြဲဩဝါဒစာ ၇း၂၅ (သန့်ရှင်းရာဌာနတွင်) “ထိုကြောင့် အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကပ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။”
“ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။” (၁ယော ၂း၁)။
ကောရိန်သုဩဝါဒစာဒုတိယစောင် ၅း၁၀ (ဟဂျာဟဂျုံအရပ်ဌာန) “အကြောင်းမူကား၊ ငါတို့ရှိမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ၊ ခရစ်တော်၏ တရာပလ္လင်ရှေ့၌ ပေါ်လာရကြမည်။”
ဗျာဒိတ်ကျမ်း ၁၉း၁၁၊ ၁၆ (ဘုရင်ကဲ့သို့ကြွလာမည်) “ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကိုငါမြင်လျှင်၊ မြင်းဖြူရှိ၏မြင်းစီးသောသူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တက်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နောမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။”
ဗျာဒိတ်ကျမ်း ၂ဝး၁၊ ၂ (လွတ်လပ်လဟာသို့ ဆိတ်ကို ပို့ဆောင်သည့်အခမ်းအနား) “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။”
တဲတော်တွင် အယူဝါဒသွန်သင်ချက်တို့ကို ဖော်ထုတ်ပြပါသည်
တဲတော်သည် ကျမ်းစာတော်မြတ်၏ သွန်သင်ချက် တစ်ခုစီတို့ကို ရှင်းပြချက်ပါဝင်သည် သာမက၊ သွန်သင်ချက်အလုံးစုံတို့ကို အတူတကွပေါင်းစည်းလျက် ပြည့်စုံစွာကိုက်ညီရန် ယူဆောင်လာခဲ့ပါသည်။ သွန်သင်ချက် တစ်ခုစီ၌လည်း အခြားသော သွန်သင်ချက်တို့နှင့် မည်ကဲ့သို တော်စပ်မှုရှိသည်ကို ဖော်ပြထားပါသည်။
No comments:
Post a Comment