Thursday, May 7, 2026

 () သန့်ရှင်းသော တဲတော်၏ ကောင်းကင်တမန်များ

သန့်ရှင်းသော တဲတော်အတွင်း ကောင်းကင်တမန်များ

         ထွက်မြောက်ရာကျမ်း ၃၆း၈ တဲတော်၏ ကန့်လန့်ကာများအပေါ်တွင် ကောင်းကင်တမန်များ ယှက်နွယ်ထားပါသည်။ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ခြယ်လှယ်သော ကန့်လန့်ကာ တစ်ထည်ကိုလည်းကောင်း၊

         ထွက်မြောက်ရာကျမ်း ၂၅း၂၀-၂၂ ပဋိညာဉ်သေတ္တာတစ်ဘက်တစ်ချက်တွင်လည်း ခေရုဗိမ်တစ်ပါးစီရှိပါသည်။ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။ သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။ ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ် နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလ အမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။

         ဆာလံကျမ်း ၈ဝး၁ ခေရုဗိမ်စပ်ကြားတွင် ဘုရားသခင်ကိန်းဝပ်တော်မူသည်။ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကိန်းဝပ်တော်မူသောဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။

         တရားဟောရာကျမ်း ၁ဝး၁- ထာ၀ရဘုရား၏ ပညတ်တော်သည် ပဋိညာဉ်သေတ္တာတော်အထဲတွင်ရှိသည်။ ထိုအခါ ထာ၀ရဘုရားက၊ အရင် ကျောက်ပြားနှစ်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့တက်လာလော့။ သေတ္တာကိုလည်းလုပ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။ ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍၊ အရင် ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့တက်လေ၏။ သင်တို့ စည်းဝေးသော နေ့၌ ထာ၀ရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြက်တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာ၀ရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာ၀ရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

         ရာဇဝင်ချုပ်ဒုတိယစောင် ၃း၇ ရှောလမုန်၏ ဗိမာန်တော်၌ ခေရုဗိမ်အရုပ်များကို နံရံများပေါ်တွင် ထုလုပ်ထားပါသည်။ အိမ်တော်၏ထုပ်၊ လျောက်၊ တိုင်၊ ထရံ၊ တံခါးရွက်တို့ကို ရွှေနှင့် မွမ်းခံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ်များကို ထုလေ၏။

         ရာဇဝင်ချုပ်ဒုတိယစောင် ၃း၁၄ သန့်ရှင်းရာဌာနနှင့် အလွန်သန့်ရှင်းသောဌာနစပ်ကြားတွင် ခေရုဗိမ်အရုပ်များကို ကန့်လန့်ကာပေါ်တွင် ခြယ်လှယ်ထားပါသည်။ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ခြယ်လှယ်သော ကန့်လန့်ကာကိုလည်း လုပ်လေ၏။

         ရာဇချုပ်ဒုတိယစောင် ၅း၇၊၈ အထူးသော ခေရုဗိမ်နှစ်ပါးသည် ပဋိညာဉ်တော်ပေါ်တွင် အရိပ်အာဝါသလွှမ်းမိုးထားပါသည်။ ယဇ်ပုရောဟိတ်တို့သည်လည်း ထာ၀ရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်း သို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ထားကြ၏။ ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။

         ဟေရှာယအနာဂတ္တိကျမ်း ၆း၁၊ ဘုရားသခင်၏ ပလ္လင်တော်အခန်းတွင် ကောင်းကင်တမန်သရပ်တို့သည် ရပ်နေကြ၏။ ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာ၀ရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော် တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဘက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတက်ကြ၏။

ကောင်းကင်တမန်များတို့သည်မည်သူနည်း

         ယနေ့တွင် ရိုးရိုးယူဆချက်အားဖြင့်ပြောရလျှင်၊ သူတို့သည် ခွဲခွာလာသော ဝိညာဉ်များဖြစ်ပြီး၊ မြေကြီးပေါ်သို့ ဆင်းသက်လာလျက် အသက်ရှင်နေသော လူသားတို့ကို ကူညီရန် ဖြစ်ပါသည်။ ဝေးလံသောကောင်းကင် ခရီးသို့ မိမိတို့အနေဖြင့် သွားလာမှုတွင် ထင်ရှားလှပါသည်။ သို့သော် ဤသို့အားဖြင့် သမ္မာကျမ်းစာတွင် သွန်သင်ပါသလား။

         ယောဘဝတ္ထု ၃၈း၄-   ကောင်းကင်တမန်များသည် ဤကမ္ဘာမြေကြီးကို ဘုရားသခင်ဖန်ဆင်းစဉ်ကပင် တည်ရှိပြီးဖြစ်သည်။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။ မြေကြီး အတိုင်းအရှည်ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။ နံနက်ကြက်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်တောင့်အထွက် ကျောက်ကို အဘယ်သူတင်ထားသနည်း။

ကောင်းကင်တမန်တို့၏ အရေအတွက်နှင့် အဖွဲ့အစည်းအုပ်စု။

         ယောရှုမှတ်စာ ၅း၁၃-၁၅ ကောင်းကင်တမန်တို့၏ ဗိုလ်ခြေတို့သည် မိမိတို့ကို အမိန့်ပေးကွပ်ကဲသော ခေါင်းဆောင်ဗိုလ်ချုပ်ရှိသည်။ ခရစ်တော်သခင်ကိုယ်တိုင် ထိုခေါင်းဆောင်ဗိုလ်ချုပ်ဖြစ်ပါသည်။ ယောရှုသည် ယေရိခေါမြို့ အနားမှာ ရှိနေစေမြော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကို ဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌ နေသော သူလော၊ ငါတို့ ရန်သူဘက်၌ နေသောသူလောဟု မေးသော်၊ ထိုသူက ထိုသို့မဟုတ်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မÈဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပျပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန်အား အဘယ်သို့ မိန့်တော်မည်နည်းဟု မေးလျှောက်သော်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မÈက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား မြေမြတ်ဖြစ်သည်ဟုဆိုသည်အတိုင်း ယောရှုပြုလေ၏။

         ရှင်မဿဲခရစ်ဝင် ၂၆း၅၃ ကောင်းကင်တမန်တို့သည် တပ်ဖွဲ့များအားဖြင့် ဖွဲ့စည်းထားသော တိကျသည့် စစ်တပ်ဖြစ်သည်။ ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည် မထင်သလော။ ယေဇကျေလအနားတ္တိကျမ်းအခန်းကြီး တွင် ဖော်ပြထားသော အိမ်မက်ရူပါရုံ၌ ကောင်းကင်ဗိုလ်ခြေ၏ ထူးဆန်းသော အဖွဲ့အစည်းလက္ခဏာ သင်္ကေတ အားဖြင့် ဖော်ပြလျက် တင်ပြထားပါသည်။

         ဆာလံကျမ်း ၆၈း၁၇ ကောင်းကင်တမန်များ၏ အရေအတွက်သည် အထောင်အသောင်းမကများပြား၏။ ဘုရားသခင်၏ ရထားတော်တို့သည် အထောင်အသောင်းမကများကြ၏။ ဘုရားရှင် ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။

         ဗျာဒိတ်ကျမ်း ၅း၁၁ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန် အရေအတွက်ဖြစ်သည်။ ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါနှင့် အသက်ကြီး သူတို့၏ ပတ်ဝန်းကျင်၌ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏ အသံကို ငါကြား၏။

         ဟေဗြဲဩဝါဒစာ ၁၂း၂၂ ကောင်းကင်ဘုံ၌ အတိုင်းမသိများစွာသော ကောင်းကင်တမန်များ။ သင်တို့သည် ဇိအုပ်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင် ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊

         ရှင်မဿဲခရစ်ဝင် ၄း၁၁ ကောင်းကင်တမန်များသည် ခရစ်တော်ကို ကူညီပြီး လုပ်ကျွေးကြရန် စေလွှတ်ထားသည်။ ထိုအခါ မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။

         ဟေဗြဲဩဝါဒစာ ၁း၁၄ ကောင်းကင်တမန်များသည် လူသားများကို အစေခံသော နံဝိညာဉ်များဖြစ်သည်။ ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သော သူတို့ကို ပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်ဖြစ်ကြသည် မဟုတ်လော။

         ရှင်ယောဟန်ခရစ်ဝင် ၁း၅၁ ကောင်းကင်တမန်များသည် ခရစ်တော်ကို ကမ်းလှမ်းကြသည်။ သူတို့သည် ကျွန်ုပ်တို့၏ ဆုတောင်းချက်ကို ခရစ်တော်ထံသို့ ယူဆောင်သွားပြီး သူ၏အဖြေကိုလည်း ကျွန်ုပ်တို့ထံသို့ ပြန်လည်ယူဆောင်လာသည် သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏ အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။

         ကောရိန် သုဩဝါဒစာပထမစောင် ၄း၉ ကောင်းကင်တမန်များသည် ကြီးစွာသော ငြင်းခုံမှုကြီးတွင် ဘေးမှနေ၍ ငြိမ်နေသော ဗိုလ်ခြေများမဟုတ်ပါ။ သူတို့သည် လှုပ်ရှားလျက်ပါဝင်ကြသည်။ သူတို့သည် အလွန်နက်နဲသော ရွေးနုတ်ခြင်းတွင် လေ့လာကြပြီး လူသားတို့လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်ရန် ပါဝင်လုပ်ဆောင်ကြပါသည်။ (သန့်ရှင်းသောတဲတော်တွင် သူတို့သည် ပြည့်၀လျက်စောင့်ကြည့်ကြပါသည်။) သူတို့သည် ဘုရားသခင်၏ သတင်းစကားကို ပုရောဖက်များထံသို့လည်းကောင်း၊ အပြစ်သားများ နောင်တ တရားရရန် သွေးဆောင်မှုတို့ကို ရှာကြံခြင်း၌လည်းကောင်း၊ မကောင်းဆိုးဝါးတို့၏ တန်ခိုးမှ ကာကွယ်ပေးရန်၌လည်းကောင်း၊ လိုအပ်သောအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်နှလုံးထဲသို့ရောက်ရှိရန် ဩတ္တပ္ပစိတ် အသံဖြင့်လည်းကောင်း အစရှိသည်တို့ဖြင့် ပြောဆိုသည်။ သတ်ဖို့ရာထားသော သူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သော သူဖြစ်ကြ၏။

         ရှင်လုကာခရစ်ဝင် ၁၅း၁၀ အပြစ်သားများ နောင်တရသောအခါ ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်။ ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။

         ရှင်လုကာခရစ်ဝင် ၁၂း၈၊ ခရစ်တော်သည် ကောင်းကင်တမန်များရှေ့တွင် ငါတို့အတွက်ဝန်ခံမည်။ ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကို ဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ငြင်းပယ်အံ့၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ ထိုသူကို ငါငြင်းပယ်သည်။

သစ္စာရှိသောတမန်နှင့် သစ္စာမရှိသောကောင်းကင်တမန်များ

         သန့်ရှင်းရာတဲတော်တွင် တစ်ခုလုံးပြီးစီးနိုင်ရန်အတွက် သန့်ရှင်းရာဌာနတွင် စတင်ခဲ့ပါသည်။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၃၊ ၁၅ သူ၏မူရင်းဇာစ်မြစ်၊ သူ၏တည်ရှိမှု၊ သူသည် အစဦးတည်ရှိခဲပါသည်နည်တူ အဆုံးတွင်ရှိရမည်။ ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့်လုပ်သောပတ်သာ၊ ပုလွေတို့သည်လည်း သင်ဖွားသောနေ့၌ပင် သင့်အဖို့ပြင်ဆင်လျက်ရှိကြ၏။ သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သောကျောက်တို့တွင် သွားလာရ၏။ ဖွားသောနေ့မှ စ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင် ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။” 

        ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၂၊ ၁၅ သူ၏သဘာ၀နှင့် အသွင်အပြင်လက္ခဏာ၊ သူသည် အပြစ်မဲ့ပြီး လှပတင်တယ်သည်။ အချင်းလူသား၊ တုရုရှင်ဘုရင်အတွက် မြည်တမ်းသော စကားကိုမြွက်၍၊ အရှင်ထာ၀ရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည်စုံ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ၏။ ဖွားသောနေ့မှစ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင်၊ ပြုလေရာရာ၌စုံလင်လျက်ရှိ၏။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၃ (နောက်ဆုံးပိုင်း) သူ၏ အလုပ်အကိုင်၊ အတီးအမှုတ်တို့သည်လည်း သူ့အတွက်ပြင်ဆင်ထားတော်မူသည်။ သွေးဆောင်နိုင်ရန်အတွက် အတီးအမှုတ်တို့ကို မည်ကဲ့သို့အသုံးပြုရန် နားလည်သဘောပေါက်ပါသလား။ ရွှေဖြင့်လုပ်သောပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ပြင်ဆင်လျက်ရှိကြ၏။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၄ သူ၏ရာထူးအနေအထား။ သူသည် ကောင်းကင်နိုင်ငံဇိအုန်တောင်ပေါ်ရှိ ဗိမာန်တွင် ဘုရားသခင်၏ရှေ့တော်မှောက်၌ မတ်တတ်ရပ်သော ဖြန့်၍လွှမ်းမိုးသောခေရုဗိမ်ဖြစ်သည်။ ဖန်ဆင်းခံရမှုတွင် သူသည် ဘုရားသခင်နှင့် အနီးကပ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဖြန့်၍ လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။

         ထွက်မြောက်ရာကျမ်း ၂၅း၂၀ ဖြန့်၍လွှမ်းမိုးသော ခေရုဗိမ်သည် ပဋိညာဉ်သေတ္တာတစ်ဖက်တစ်ချက်တွင်ရှိသည်။ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။

         ဗျာဒိတ်ကျမ်း ၁၁း၁၉ ကောင်းကင်တွင် ဗိမာန်တော်နှင့် ပဋိညာဉ်သေတ္တာရှိပြီး ဖြန့်လွမ်းမိုးသော ခေရုဗိမ်နှစ်ပါးရှိသည်။ လူစီဖာသည် အစကနဦးကပင်ရှိထားသည်။ တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်းဖြစ်၏။

         ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၃ သူ၏အပြစ်။ သူသည် ဘုရားသခင်၏ အစိုးရကို ဖြုတ်ချလိုသည်။ ငါဆိုသော လေးနက်သည့်စကား အသုံးအနှုန်ကို သတိပြုပါ။ သူသည် မျက်စိအဝေးမှုန်ခြင်းဒဏ်ကို ခံစားခဲ့ရသည်။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။” အမြင့်ဆုံးသော ဘုရားကဲ့သို့ပင် လေးနက်စွာ ပြောဆိုရခြင်တွင် သူသည်ဧ၀အား ဤစကားမျိုးပြောဆိုမည်ဖြစ်သည်။

         ယေဇကျေအနာဂတ္တိကျမ်း ၂၈း၁၆ လူစီဖာသည် ဘုရားသခင်အားဆန့်ကျင်၍ ပြစ်မှားခဲ့သည်။ သို့ရာတွင်၊ ကုန်သွယ်ခြင်းများပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။

         ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃း၈ စာတန်မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်အပြစ်ပြုခဲ့သည်။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကို ပြုသောသူဖြစ်သောကြောင့် အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။

ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃း၄ အပြစ်ဆိုသည်မှာ မည်သည့်အရာနည်း။ အပြစ်ဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်ကို လွန်ကျူးသောအမှုဖြစ်သည်။ ဒုစရိုက်ကိုပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။” ဆိုးသွမ်းသော အပြစ်ဘက်သို့ တိမ်းယိုင်ခြင်းမရှိဘဲ ဖန်ဆင်းခံလျက်နှင့်ပင် အဘယ်ကြောင့် အပြစ်သဘောသည် စတင်ခဲ့ရသနည်း။

         ကျွန်ုပ်တို့ ပြောနိုင်သည်မှာ သူသည် လွတ်လပ်စွာရွေးချယ်နိုင်သည့် အခွင်အရေးကို အဆိုးဘက်သို့ ရွေးချယ်အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

ပုန်ကန်မှု ပျံ့နှံ့သွားခြင်း

         လူစီဖာသည် သူကိုယ်တိုင် ဘုရားသခင်၏ အုပ်စိုးမှုကိုဖြိုခွင်းဖြိုတ်ချရန် တတ်နိုင်မည်မဟုတ်ကြောင်းကို သိမြင်သောကြောင့် သူ့နောက်သို့လိုက်ပါရန် ကောင်းကင်တမန်တို့ကို လိုက်လံစုဆောင်းခဲ့ပါသည်။ ထိုသို့ စုဆောင်းနိုင်ရန် ဘုရားသခင်ကို ဆိုးသွမ်းသည့်အနေအထားဖြင့် တင်ပြရမည်။ လက်အောက်ခံ အရာများတွင် နာခံခြင်းလုံး၀မလိုလားသူများကို ဘုရားသခင်အား မင်းဆိုးမင်းညစ်ကဲ့သို့ တွေ့မြင်နိုင်ရန် ဝါဒဖြန့်ပါသည်။ သူ့ကိုယ်သူလည်း ကြီးမားသော ချုပ်ချယ်မှု ကင်းလွတ်သော သူကဲ့သို့ တွေ့မြင်နိုင်ရန် ပြုလုပ်ရမည်ဖြစ်ပါသည်။ သူ့ကိုယ်သူလည်း ကြီးမားသော ချုပ်ချယ်မှုမှ ကင်းလွတ်သူကဲ့သို့ တူအောင်ပြသရမည်ဖြစ်ပါသည်။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၆ (ပထမပိုင်း) လူစီဖာသည် သူ၏ မုသားစကားကို ရောင်းစားရန် ကြိုးစားခဲ့ပါသည်။ ကုန်ရောင်းကုန်ဝယ်” ဆိုသောစကားသည် ကမ္ဘာကုန်သွယ်မှုမှ ဆင်းသက်လာပါသည်။ အရောင်းအဝယ်လုပ်ငန်းနှင့် လည်းဆိုင်ပါသည်။ လူစီဖာသည် မည်သည့်အရာကို ရောင်းစားရန် ကြိုးစားအားထုတ်ခဲ့သနည်း။ လိမ်လည်မှု” ဖြစ်သည်။ ယနေ့ပင်လျှင် ကျွန်ုပ်တို့ ပြောဆိုသည်မှာ ကျွန်ုပ်တို့မဝယ်သေးပါ” ဟု တစ်ယောက်သော သူက တစ်စုံတစ်ခုကို ကျွန်ုပ်တို့အားပြောသောအခါ ယုံကြည်ရန်ခဲယဉ်းပေလိမ့်မည်။ သို့မဟုတ်လျှင် ထိုအချက်ကို ကျွန်ုပ်တို့အား မပြောနိုင်ပါ” “သို့ရာတွင်၊ ကုန်သွယ်ခြင်းများပြားသော အားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။

         ရှင်ယောဟန်ခရစ်ဝင် ၈း၄၄ စာတန်မာရ်နတ်သည် ရှေးဦးစွာကပင် မုသားစကားကို ပြောဆို၏။ သူသည် မုသားအဘ” ဖြစ်၏။ သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။

         ဗျာဒိတ်ကျမ်း ၁၂း၄ (ပထမပိုင်း) စာတန်မာရ်နတ်သည် သူ၏အမြီးဖြင့် ကောင်းကင်တမန်သုံးစုတစ်စုကို လှည့်စားသွေးဆောင်ခဲ့ပါသည်။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။

         ဟေရှာယအနာဂတ္တိကျမ်း ၉း၁၅ အမြီးသည် မုသားစကားကို ပုံဆောင်ပါသည်။ ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကို ဟောပြောသော ပုရောဖက်တည်း။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၂း၉ ကုန်ရောင်းကုန်ဝယ်” ဆိုသောစကားကို၊ ကုန်းတိုက်သောစကားဟု အဓိပ္ပါယ်ပြန်ဆိုထားပါသည်။ သင့်အလယ်၌ လူအသက်ကို သတ်လိုက်၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မအမှုကို ပြုသောသူရှိကြ၏။

         ဝတ်ပြုရာကျမ်း ၁၉း၁၆ ကုန်ရောင်းကုန်ဝယ်” ဆိုသောစကားကို၊ အသရေပျက်အောင်ပြောဆိုသူဟု အဓိပ္ပါယ်ပြန်ဆိုထားပါသည်။ သူ့အသရေပျက်သောသတင်းကို ကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သော သူကိုသေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာ၀ရဘုရားဖြစ်၏။

         “ကောင်းကင်တမန်များသည် ချုပ်ချယ်မှုမလိုကြောင်းနှင့် မိမိတို့၏ အလိုဆန္ဒအတိုင်း မှန်ကန်သည့်ဘက်တွင် အမြဲတမ်းပို့ဆောင်လမ်းပြခြင်း၌ ထာသင့်ကြောင်းကို ထပ်တလဲလဲပြောဆိုခဲ့ပါသည်။ ဘုရားသခင်ပြဌာန်းသော စည်းကမ်းများသည်လည်း သူတို့၏ လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်မှုသာလျှပ်ဖြစ်ကြောင်း၊ ထိုအရာကို သူသည် စွပ်စွဲရှုတ်ချကြောင်း၊ ထိုဥပုဒေစည်းမျဉ်းများကို ဖျက်သိမ်းရန် သူ၏ ရည်ရွယ်ချက်ဖြစ်ကြောင်းကို ကြေညာခြင်းဖြင့် ကျွန်ကဲ့သို့တာမြစ်ခြင်းမှ လွတ်မြောက်ရန် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့သည်လည်း မိမိတို့၏တည်ရှိမှုတွင် ပိုမို၍ ချီးကျူးဂုဏ်ပြုခြင်းနှင့် ခမ်းနားကြီးကျယ်စွာ တည်နေရန်ဖြစ်ပါသည်။

         ဗျာဒိတ်ကျမ်း ၁၂း၄ (ပထမပိုင်း) - ကောင်းကင်နိုင်ငံတွင် စစ်ဗိုလ်ချုပ်နှင့် မိမိတို့၏ စစ်သည်တော်များစပ်ကြားတွင် စစ်ဖြစ်ခြင်း။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစု တစ်စုကိုဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏ တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။

အဘယ်ကြောင့် ချက်ချင်းမဖျက်ဆီးသနည်း။

         အဘယ်ကြောင့်လူစီဖာနှင့် ကောင်းကင်တမန်များကို ချက်ချင်မဖျက်ဆီးသနည်း။ စာတန်သည် မိမိ၏အုပ်ချုပ်သည့်ပုံစံတွင် ဘုရားသခင်ပညတ်တော်၏ချုပ်ချယ်မှုမပါဘဲ လွတ်လပ်မှုပေးပြီး လူတိုင်းကို အားရဝမ်းမြောက်စေမည်။ ဤနေရာတွင် စာတန်၏ အုပ်ချုပ်မှုပုံစံ (စနစ်) မပေါ်ထွက်လာမီ ဘုရားသခင်သည် ချုပ်ငြိမ်းစေပါက ကောင်းကင်ဗိုလ်ခြေများတို့၏ စိတ်ထဲတွင် သံသယများပေါ်ပေါက်လာပြီး ဘုရားသခင်ကို ချစ်ခြင်းထက် ကြောက်လန့်ရွှံ့ခြင်းသဘောမျိုးဖြင့်သာ ဝတ်ပြုကိုးကွယ်ကြပါမည်။

လူစီဖာလမ်းဆုံး

         သန့်ရှင်းရာတဲတော်၏ လုပ်ငန်းရည်ရွယ်ချက်သည် ဤစကြ၀ဠာရှေ့မှောက်တွင် ဘုရားသခင်အား အပြစ်မှ ခွင့်လွှတ်ခြင်းဖြင့် အပြစ်၊ အပြစ်သာများနှင့် စာတန်တို့ကို ဖျက်ဆီးနိုင်ပြီး မိမိဖန်ဆင်းထားသော သတ္တဝါ အပေါင်းတို့၏ စိတ်ထဲတွင် သံသယများမချန်လှပ်ခဲ့ရန်ဖြစ်သည်။

         မာလခိအနာဂတ္တိကျမ်း ၄း၁ စပျစ်ပင်သည် ခရစ်တော်ဖြင့်ပြီး အခက်များသည် သူ၏နောက်လိုက်တပည့်များဖြစ်သကဲ့သို့ အမြစ်သည် စာတန်ဖြစ်ပြီး အကိုင်းအခက်များသည် စာတန်၏ နောက်လိုက်များဖြစ်ပါသည်။ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကိုပြုသော သူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၈၊ ၁၉ စာတန်ကို ပြာအဆင့်သို့လျှော့ချမည်ဖြစ်သည်။ သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်းအဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့် သင့်ကို မီးရှို့ဖို့ သင့်အလယ်၌ မီးကို ငါညှိမည်။ သင့်ကို မြင်သော သူအပေါင်းတို့ရှေ့မှာ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။ သင့်ကို သိသော လူအမျိုးမျိုးတို့သည် သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ နောက်တစ်ဖန်မပေါ်လာရဟု မိန့်တော်မူ၏။

အပြစ်မရှိတော့ပါ

         ဤစကြ၀ဠာမှ ဆိုးသွမ်းသော အပြစ်တို့ကို အမြစ်မှနေ၍ ဖျက်ဆီးပစ်သော အခါ မကောင်းဆိုးဝါးတို့သည် နောက်တဖန် မပေါ်ပေါက်လာတော့ပါဟု ကျွန်ုပ်တို့စိတ်ချရမည်လား။ စကြဠာတစ်ခုလုံးတွင် အပြစ်တည်းဟူသော ဗိုင်းရပ်ပိုးမှ လုံး၀ကာကွယ်သွားမည်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်နှင့် တရားမျှတမှုသည် အများသိရှိနားလည်ရန် ဖော်ထုတ်သွားမည်။ မှန်ကန်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်းပြသမည်။ ထို့အပြင် မှန်ကန်သောပျော်ရွှင်မှု၏ အနှစ်သာရကိုလည်း ဘုရားသခင်၏ ပညတ်တရားတော်ကို နာခံခြင်းဖြင့် သာလျှင် ဖြစ်ပေါ်လာမည်။

         

        နာဟုံအနာဂတ္တိကျမ်းအခန်းကြီး ၁း၉ တွင် “တစ်ဖန်နှိမ်နင်းစရာ အကြောင်းမရှိရ” ဟု အာမခံချက်ထားပါသည်။ အပြစ်ဒုစရိုက်နှင့် မကောင်းဆိုးဝါးတို့၏ အမြစ်နှင့် အကိုင်းအခက်တို့သည် တစ်ကြိမ်တည်းနှင့် တစ်ခါမျှနောက်ဆုံး အားလုံးမကျန် အမြစ်မှ ဖျက်ဆီးပစ်မည်။

No comments:

Post a Comment