၁၈။ ဘုရားသခင်၏
အမျက်တော် စပျစ်ရည်
(Thန တငညန သ် Gသ္လျိ တမအေ့)
ဆုတောင်းခြင်းဖြင့်
အစပြုရန်
ဤတရားဟောချက်သည်
သတိပေးစကား ဖြစ်ပါသည်။ နဂါးသည် မည်သူကို ပုံဆောင်သနည်း။ သားရဲသည် မည်သူကို
ပုံဆောင်သနည်း။ ပြည့်တန်ဆာသည် မည်သည့် အဖွဲ့အစည်းကို ပုံဆောင်သနည်း။ ဆင်းတုတော်သည်
အဘယ်အရာနည်း။ နံပါတ်တံဆိပ်သည် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ သားရဲ၊ သားရဲ၏
ဆင်းတုတော်၊ သားရဲ၏ နံပါတ် အရေအတွက်ကို မသိနားမလည်လျှင် မည်သို့ ကာကွယ်မည်နည်း။
သေရေး ရှင်ရေး အရေကြီးကိစ္စ ဖြစ်သောကြောင့် သေသေချာချာ နားလည်သင့်ပါသည်။
ဗျာဒိတ်ကျမ်း
၁၄း၉-၁၁ “ထိုမှတစ်ပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ ရုပ်တုကို
ကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည်
ဘုရားသခင်၏ ဒေါသဖလား၌ လောင်သော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။
သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသော မီးထဲမှာ
ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည်
ကမ္ဘာအဆက်ဆက် တက်လျက် ရှိ၏။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍၊ သူ၏
နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့် မပြတ်သက်သာမရကြဟု လိုက်၍
ကြီးသောအသံနှင့် ပြောဆို၏။”
နောက်လာမည့်
တရားဟောချက်မှာ ညှဉ်းဆဲခြင်း၏ မီးခိုးဖြစ်ပါသည်။ ဘုရားသခင် သွန်းလောင်းသော
အမျက်တော် စပျစ်ရည်ကို သောက်ရသော အမှုမှ ကင်းဝေးစေရန် နဂါး၊ သားရဲ၊ ပြည့်တန်ဆာ
မိန်းမ၊ ချိုငယ်၊ သားရဲ၏ ရုပ်တု၊ သားရဲ၏ တံဆိပ်လက်မှတ် စသည့် အကြောင်းအရာများကို
သေသေချာချာ နားလည်သင့်ပါသည်။
ကရုဏာတံခါး ပိတ်သော
အချိန်မှ စပြီး လူနှစ်စုကို ခွဲခြားခြင်းဖြင့် အမှုတော်ပြီးဆုံး သွားပါသည်။
ကရုဏာတံခါး ပိတ်သော အချိန်တွင် ခွဲခြားထားသည့် လူနှစ်စုသည် နှစ်ပေါင်းတစ်ထောင်
ကုန်ဆုံးချိန်တွင် မြို့အတွင်း တပ်ဖွဲ့နှင့် မြို့အပြင်တွင် တစ်ဖွဲ့နေရာ
ယူစုဝေးကြမည်။ သခင်ခရစ်တော်သည် အပြစ်သား ကိုယ်စား အသက်စတေးခံပေးခြင်း အမှုကို
လက်ခံသူများသည် မြို့အတွင် စုစည်းကြပြီး လက်မခံသော သူများမှာ မြို့အပြင်ဘက်တွင်
စုရုံးကြပါသည်။
မေးခွန်းတစ်ခုမေးပါရစေ။ မြို့အတွင် လူစုသည် အပြစ်သား မဟုတ်ဘူးလား။
မှန်ပါသည်။ မြို့အပြင်က လူအစုအဝေးသည်
အပြစ်သားမှန်ပါသလား။ မှန်ပါသည်။ ထပ်ပြီး တစ်ခုမေးပါရစေ။ အတွင်းမှ အပြစ်သားနှင့်
အပြင်မှ အပြစ်သားများတွင် မည်သည့် အရာ ကွာခြားသနည်း။ ဘုရားသခင် မျက်နှာလိုက်သလား။
မည်သည့် အခြေခံစည်းမျဉ်းဖြင့် ခွဲခြားထားသနည်း။
ဗျာဒိတ်ကျမ်း ၂၂း၁၄
“အသက်ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို
ကျင့်သော သူတို့သည် မင်္ဂလာ ရှိကြ၏။”
ပညတ်တော်ကို
ကျင့်သောသူ ဆိုပြီး အတွင်းမှ အဖွဲ့ကို ရည်ညွှန်းထားပါသည်။ နောက်တစ်ဖွဲ့မှာ။
ဗျာဒိတ်ကျမ်း ၂၂း၁၅
“ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊
လူအသက်ကို သတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ ဥစ္စာပျက်ခြင်းကို နှစ်သက်၍
ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။”
အဖွဲ့နှစ်ဖွဲ့တွင် ခြားနားသော စာရိတ္တကို
တွေ့ရပါသည်။
ပညတ်တော်ကို
ကျင့်သောသူသည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံသော ခရစ်တော်၌ တည်နေသူ ဖြစ်ပြီး သစ္စာပျက်ခြင်းကို နှစ်သက်သူများမှာ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင့်ပုန်ကန်သော စာတန်၏
စနစ်ကို နာခံကျင့်သုံးသော သူဖြစ်သည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ နာခံသော ခရစ်တော်စနစ်၌
အသက်တာကို အပ်နှံသော ရွေးချယ်မှု၏ ရလဒ်ကြောင့် ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၅း၁ “တစ်ဖန်တုံ၊
ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနပါးရှိသော၊
ကောင်းကင်တမန် ခုနစ်ပါးတည်းဟူသော ကောင်းကင်၌ အံ့ဖွယ်သော နိမိတ်ကြီး အခြားတစ်ပါးကို
ငါမြင်ရ၏။”
နောက်ဆုံးဘေးဒဏ်ခုနပါးသည်
ဘုရားသခင်၏ အမျက်တော်အထွတ်အထိပ် ဖြစ်ပါသည်။ ကမ္ဘာ့သမိုင်းကို
အပြီးသတ်ဆုံးဖြတ်ချက်ဖြင့် ဘုရားသခင် အမိန့်ဒဏ်ချမျက်ခြင်း ဖြစ်သည်။
သခင်ခရစ်တော်သည် အစပြုသူ၊ အဆုံးသတ်ပိုင်သော သူဖြစ်သည်။ ကောင်းကင်တမန် ခုနစ်ပါးသည်
ကရုဏာ ကင်းမဲ့ပြီး အမျက်တော်ထွက် နေပါသည်။
ဗျာဒိတ်ကျမ်း ၁၆း၁ “ဗိမာန်တော်ထဲက
ကြီးသော အသံကား၊ သွားကြလော့။ ဘုရားသခင် ၏ အမျက်တော် ဖလားခုနစ်လုံးကို
မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ပြောဆိုသည်ကို
ငါကြား၏။”
အမျက်တော်တွင် “ဖလား” ပါဝင်သည်။ “ဖလား”သည် မည်သည့်
အနက်အဓိပ္ပါယ် ရှိသနည်း။ “ဖလာ” အကြောင်းနှင့် ပတ်သက်၍ တတိယ ကောင်းကင်တမန်သတင်းစကားကို
ပြန်ကြည့်ကြစို့။
ဗျာဒိတ်ကျမ်း
၁၄း၉-၁၀ “ထိုမှတစ်ပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ ရုပ်တုကို
ကိုးကွယ် ၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည်
ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။
သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ
ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။”
နှစ်ပေါင်းတစ်ထောင်
ကုန်ဆုံးချိန်တွင် သွန်းလောင်းမည့် “ဖလား” ဖြစ်ပါသည်။ သိုးသငယ်ရှေ့ ကန့်နှင့် ရောသော
မီးထဲတွင် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ဤ”ဖလား” သည် အပြစ်ကို
အဆုံးသတ်ရန် ဘုရားသခင် သွန်းလောင်းသော “ဖလား” ဖြစ်ပါသည်။
ဆာလံကျမ်း ၁၁း၆ “မတရားသော
သူတို့ အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့် ရောသော မီးလျှံ၊ ပူလောင်သော
မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့ သောက်စရာဖို့ စီရင်တော်မူမည်။”
“ဖလား” အထဲတွင် ကန့်နှင့်
ရောသော မီးလျှံပါဝင်သည်မှာ သေချာသလား။ ကျမ်းစာထဲတွင် ဘုရားသခင်၏ အမျက်တော်သည်
မီးဖြင့် ရောနှောပါဝင်သည်။ စိတ်နှလုံးအတွင်း ခရစ်တော်ကို ငြင်းပယ်ပြီး “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင့်ပုန်ကန်သော စာတန်၏
စနစ်ကို နာခံကျင့်သုံးသော ကြောင့် ဘုရားသခင် အတူတူ မတည်မနေနိုင်ခြင်း ဖြစ်ပါသည်။
တရားဟောရာကျမ်း
၃၂း၂၂ “ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံးသော မရဏာနိုင်ငံသို့
လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင်
လောင်လိမ့်မည်။”
ဘုရားသခင် ၏
အမျက်တော်သည် မီးဖြင့် ဆက်နွှယ်နေပါသည်။ ကျမ်းစာတွင် ဘုရားသခင်၏ အမျက်တော်ကို
ဒုတိယသေခြင်းဟု ခေါ်ဆိုပါသည်။
ဗျာဒိတ်ကျမ်း
၂ဝး၁၄၊ ၁၅ နှစ်ပေါင်း ၁၀၀၀- ကုန်ဆုံးချိန်သည် အပြစ်၏ နိဂုံးအချိန်ဖြစ်သည်။
ဘုရားသခင်သည် အစပြုသူနှင့် အဆုံးသတ်ပိုင်သူလည်း ဖြစ်သည်။ “ထိုအခါ မရဏာနှင့်
မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။
အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။”
သခင်ခရစ်တော်ကို
မယုံကြည်သော သူများခံရသော အမျက်တော်သည် အဘယ်ကြောင့် ကြီးမားပြီး ပြင်းထန်ရသနည်း။
ယေရှုခရစ်တော်သည် လူဘယ်နှစ်ဦးအတွက် အသက်စတေးခံပေးခဲ့သနည်း။ အားလုံးအတွက် မဟုတ်လား။
မြို့ထဲ့လူများအတွက်သာ အသေခံပေးသလား။ အပြင်ကလူများ အတွက် မပါဘူးလား။
ရှင်ယောဟန် ခရစ်ဝင်
ကျမ်း ၃း၁၆ တွင် တစ်ကမ္ဘာလုံးမှ လူအားလုံးအတွက် ပါဝင်သည်။ သို့သော် မြို့အပြင်မှ
လူများသည် အဘယ်ကြောင့် အကျုံးမဝင်သနည်း။ လူသားအားလုံးအတွက် သခင်ခရစ်တော်
ညှဉ်းဆဲခံရပါသည်။ အသက်စတေးခံရသည်။
ကိုယ်ခန္ဓာ၏
နာကျင်မှု ဝေဒနာသည် သခင်ခရစ်တော် အတွက် အရေးမပါသလို ဖြစ်သည်။ စိတ်နှလုံး
ကြေကွဲခြင်းသည် ကိုယ်တော် အဖို့ အခံရအခက်ဆုံး ဝေဒနာ ဖြစ်သည်။ စိတ်ဝိညာဉ်ကြေကွဲ
ညှိုးငယ်ခြင်းကို ခံခဲ့ရပါသည်။
ရှင်မဿဲ ခရစ်ဝင်
၂၆း၃၈ “ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်း ရှိ၏။
ဤအရပ်၌ ငါနှင့်အတူ စောင့်၍ နေကြလော့ဟု တပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍၊” တပည့်တော်
အားလုံးအိပ်ပျော်ကြပါသည်။ အိပ်ပျော်ခြင်းမှ နောက်တစ်ဆင့် ခရစ်တော်ကို
ငြင်းပယ်ကြပြန်သည်။ အီးဂျီဝှိုက်၏ ကောက်နုတ်ချက်အရ။
လောကအသက်တာ
တစ်လျှောက်လုံးတွင် ကိုယ်တော်သည် ဘုရားသခင်၏ အလင်းတော်အတိုင်း
လျှောက်လှမ်းခဲ့သောကြောင့် စာတန်ဝိညာဉ်၏ နှိုးဆော်ပဲ့ပြင်ခြင်း ခံရသော
လူသားများနှင့် တိုက်လှန်ရသော အချိန်များတွင် “ငါ့ကို စေလွှတ်တော်မူသော သူသည်
ငါနှင့် အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည်
စွန့်ပစ်တော် မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသော အမှုကို အစဉ်မပြတ်ငါပြုသည်” ဟူ၍
မိန့်မြွက်နိုင်ခဲ့ပါသည်။ ယောဟန် ၈း၂၉။ သို့ရာတွင် ယခုတွင်မူ ကိုယ်တော်သည်
အပြစ်များသော အပြစ်သားများ စာရင်းတွင် ရေတွက်ခြင်း ခံနေရပါသည်။ အပြစ်တွင် ကျဆုံးလျက်
ရှိသော လူသားများ၏ ဒုစရိုက်အပြစ်များကို ကိုယ်တော်ရှင် ယူတင်ဝတ်ဆောင်ရတော့မည်။
ကျွန်ုပ်တို့ အားလုံး၏ အပြစ် ကျူးလွန်ခြင်းများကို အပြစ်ကင်းစင်သည့် ကိုယ်တော်သည်
ယူတင်ဝတ်ဆောင်ရတော့မည် ဖြစ်ပါသည်။ ယူတင်ဝတ်ဆောင်ရမည့် အပြစ်များသည် အလွန်ကြောက်စရာ
ကောင်းပြီး၊ အလွန်လေးလံသယောင်ဖြစ်နေသဖြင့် ဘုရားသခင်၏ မေတ္တာတော်မှ
ထာ၀ရဖြတ်တောက်ခြင်း ခံရမည်ကို ကိုယ်တော် စိုးရိမ်တော်မူခဲ့ပါသည်။ ပညတ်တော်
လွန်ကျူးခြင်း အပေါ်ထားရှိသည့် ဘုရားသခင်၏ အမျက်ဒေါသသည် အလွန်ကြောက်စရာ
ကောင်းကြောင်း သိရှိထားသဖြင့် ငါသည် သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးနွမ်းခြင်း
ရှိ၏ဟု ကိုယ်တော် ဖွင့်ဟတော်မူခဲ့ပါသည်။” (ထာ၀ရ ထိုအင်သက်တော်စဉ် ဒုတိယတွဲ၊ စာမျက်နှာ
၅၂၂-၅၂၃)
ရှင်မဿဲ ခရစ်ဝင်
၂၆း၃၉ “ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍ အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို
လွန်သွားနိုင်လျှင် လွန်သွားပါစေသော။
သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း
မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။”
ရှင်မဿဲခရစ်ဝင်
၂၆း၄၂ “တစ်ဖန်သွား ၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင်
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ ဟု ဆုတောင်းပြန်၏။”
ရှင်မဿခရစ်ဝင်
၂၆း၄၄ “သူတို့ကို ထားခဲ့၍ တစ်ဖန်သွားပြီး လျှင် ရှေးမြွက်ဆိုသည် နည်းတူ
သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။”
ထိုခွက် “ဖလား” သည်
သခင်ခရစ်တော်ကို မည်သူသောက်ခိုင်းသနည်း။ ဘုရားသခင်၏ အမျက်တော်ခွက် “ဖလား” သည် အဘယ်ကြောင့်
ခရစ်တော်အပေါ်သို့ သက်ရောက်ရသနည်း။
ရှင်ယောဟန် ခရစ်ဝင်
၁၈း၁၁ “ယေရှုကလည်း ဓားကိုအိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသော
ခွက်ကို ငါမသောက်ရာ သလောဟု ပေတရုအားမိန့်တော်မူ၏။”
ခမည်းတော်ပေးသောကြောင့်
ထိုခွက်ကို သောက်ရခြင်း ဖြစ်ကြောင်း သခင်ခရစ်တော fဝန်ခံပါသည်။ ဂေသရှေမန် ဥယျဉ်၌ နောက်ဆုံးညတွင်-
ရှင်လုကာ ခရစ်ဝင်
၂၂း၄၄ “ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား ၍ ဆုတောင်းတော်မူ၏။
ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲ ကဲ့သို့ဖြစ်သတည်း။”
ချွေးထွက်တော်မူသည်ကား၊
မြေပေါ်၌ ကျသော သွေးစက်ခဲ ကဲ့သို့ ဖြစ်သတည်း။ ထိုကဲ့သို့သော အဖြစ်မျိုးကို
သင်တွေ့ဖူးပါသလား။ သေလောက်အောင် စိတ်နှလုံး ညှိုးငယ်ခြင်းကို ခံစားဖူးသလား။
ခံစားရသော စိတ်နှလုံးညှိုးငယ်ခြင်း ဝေဒနာကြောင့် မည်သူမျှ မတို့မထိဘဲနှင့်
လဲကျချင်သလို အဖြစ်မျိုး ကြုံဖူးသလား။ စိတ်အတွင်း ခံစားရသော ဝေဒနာမျိုး ဖြစ်သည်။
အပြစ်၏ ကြောက်စရာ
ကောင်းသော ဒုက္ခဝေဒနာဖြင့် လူသားဇာတိ၌ အသေခံခဲ့ရပါသည်။ ထိုနာကျင်မှု ဝေဒနာကို
ခံနိုင်သော ခွန်အားကို ကောင်းကင်တမန်များလည်း အားပေးနိုင်စွမ်း မရှိပါ။
သခင်ခရစ်တော်၏
ဝေဒနာသည် အသားနာကျင်ခြင်းကြောင့် ခံရသော အနာ မဟုတ်ပါ။ ခမည်းတော် သွန်လောင်းသော
အမျက်တော်ကို စိတ်နှလုံးအတွင်း၌ ခံစားရသည့် ဘုရားနှင့် ခွဲခွာရသော ဝေဒနာခွက် “ဖလား” ဖြစ်သည်။ ဘုရားသခင်
စွန်လွှတ်လိုက်သော အဖြစ်မျိုးကို သခင်ခရစ်မှ လွဲ၍ ကြုံဖူးသော သူမရှိပါ။ နှစ်ပေါင်း
၁၀၀၀ ကုန်ဆုံးချိန်တွင် ဘုရားသခင် အပြီးတိုင် စွန့်လွှတ်လိုက်သော အဖြစ်မျိုး
ဖြစ်သည်။
ဆာလံကျမ်း ၂၂း၁၊ ၂ “အကျွန်ုပ်ဘုရား၊
အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန်ပစ်တော်မူသနည်း။
အကျွန်ုပ်မကယ်တင်ဘဲ။ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာ
နေတော်မူသနည်း။ အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော်သည်
နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်ခဲ့သော
လူသားအားလုံး၏ အပြစ်အတွက် ခမည်းတော် သွန်းလောင်းသော အမျက်တော်ကို သခင်ခရစ်တော်
ခံယူခြင်းကြောင့် အမျက်တော်ခွက်ဖလားကို သောက်ရခြင်း ဖြစ်သည်။
“အပြစ်တရားကြောင့်
မိမိသည် အဘဘုရားနှင့် ကွဲကွာနေရသည်ဟု ကိုယ်တော်ခံစားခဲ့ရပါသည်။ ကိုယ်တော်၏
စိတ်ဝိညာဉ်သည် သိမ့်သိမ့်တုန်နေသည့် အခြေသို့ ရောက်အောင် ထိုချောက်ကမ်းပါးကြီးသည်
အလွန်ကျယ်ပြန့်၍ နက်ရှိုင်း မည်းမှောင်လှပါသည်။ ဤဒုက္ခဆင်းရဲခြင်းမှ လွန်ကင်းရန်
မိမိ၏ ဘုရားတန်ခိုးတော်ကို ကိုယ်တော် အသုံးမပြုခဲ့ပါချေ။ ခရစ်တော်သည်
လူသားတစ်ဦးကဲ့သို့ အပြစ်၏ အကျိုး အပြစ်ကို ခံစားရပါသည်။ ပညတ်တော် လွန်ကျူးခြင်း
အပေါ် ထားရှိသည့် ဘုရားသခင်၏ အမျက်တော်ကိုလည်း ခံယူရမည် ဖြစ်ပါသည်။” (ထာ၀ရလိုအင်သကတော်စဉ်-
ဒုတိယအတွဲ၊ စာမျက်နှာ ၅၂၅)
ခရစ်တော်သည်
ဘုရားသခင်၏ တရားစီရင်မှုအောက်တွင် အပြစ်ကျူးလွန်သော လူသားများအတွက် အာမခံတစ်ဦး
အနေဖြင့် လည်းကောင်း၊ ဓားစာခံတစ်ဦး အနေဖြင့် လည်းကောင်း၊ ဒုက္ခခံစားလျက် ရှိပါသည်။
တရားမျှတမှု ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို ကိုယ်တော်တွေ့မြင်ခဲ့ပါသည်။
ဤအချိန်တိုင်အောင် ကိုယ်တော်သည်
တခြားသူများအတွက် ကြားဖျန်ဖြေသူ တစ်ဦး ဖြစ်ခဲ့သော်လည်း
ယခုအချိန်တွင်မူ မိမိကိုယ်တိုင်အတွက်
ကြားဖျန်ဖြေပေးမည့် ပုဂ္ဂိုလ်တစ်ဦးကို တောင့်တတော်မူခဲ့ပါသည်။” (ထာ၀ရလိုအင်
သက်တော်စဉ်- ဒုတိယတွဲ၊ စာမျက်နှာ ၅၂၅)
“အလွန့်အလွန်
အရေးကြီးနေသော ဤ အချိန်အခါတွင် ခပ်သိမ်းသော အရာများသည် မည်သို့ ဖြစ်လိမ့်မည်ဟု
မသေချာမရေရာဘဲ ထိုခွက်သည် ကိုယ်တော်ရှင်၏ လက်တော်ဝယ် လှုပ်ရှား တိမ်းစောင်းနေသော
အခြေအနေမျိုးတွင် ကောင်းကင်တံခါး ပွင့်လာကာ ဘုရားသခင်၏ ရှေ့တော်တွင် ခစားရသော
စာတန်ကျဆုံးပြီးနောက် ၎င်း၏ နေရာကို ရရှိထားသည့် ခွန်အားကြီးသော ကောင်းကင်တမန်သည်
ခရစ်တော်နံဘေးသို့ ဆင်းသက်ရောက်ရှိလာခဲ့ပါသည်။ သူသည် ခရစ်တော်၏ လက်ထဲမှ
ခွက်ဖလားကို ယူပစ်ရန် လာခဲ့ခြင်းမဟုတ်ဘဲ အဖဘုရားသခင်က ချစ်တော်မူလျက် ရှိကြောင်း
အာမခံလျက် ထိုခွက်က်ို သောက်ဖို့ အားပေးရန် ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။” (ထာ၀ရလိုအင်သက်တော်စဉ်-
ဒုတိယတွဲ၊ စာမျက်နှာ ၅၃၇)
ဟေဗြဲဩဝါဒစာ ၅း၇ “ထိုခရစ်တော်သည်
လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင် တော်မူသော သူကို၊ ကြီးစွာသော
ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုဆောင်းပတ္ထနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌
ချမ်းသာရသည် ဖြစ်၍၊”
ရှင်ယောဟန် ခရစ်ဝင်
၈း၂၉ “ငါ့ကို စေလွှတ်တော်မူသော သူသည် ငါနှင့် အတူရှိတော်မူ၏။ ငါ့ကို
တစ်ကိုယ်တည်းနေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊
နှစ်သက်တော်မူသော အမှုကို အစဉ်အပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။”
သခင်ခရစ်တော်သည်
ခမည်းတော်၏ အမျက်တော်ခွက် “ဖလား” ကို အဘယ်ကြောင့် သောက်ရန် ရွေးချယ်သနည်း။ ကျွန်ုပ်တို့နှင့်
ထိုက်တန်သည့် သေဒဏ်ကို ခံယူတော်မူခြင်း ဖြစ်ပါသည်။
ဂလာတိဩဝါဒစာ ၃း၁၃
ခမည်းတော် စီရင်သောခွက် “ဖလား” ခေတ်ကာလအဆက်ဆက် အမျိုးမျိုးသော လူသားအားလုံးအတွက် ပညတ်တရား၏
ကျိန်ခြင်း၊ ဒုတိယသေခြင်းကို ခံယူတော်မူခြင်း ဖြစ်ပါသည်။ “ထိုကြောင့်
ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု
ထင်ရှားလျက် ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသော သူတိုင်း ကျိန်ခြင်းကို
ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်
ကျိန်ခြင်းကို ခံရသော သူဖြစ်၍၊ ငါတို့ကို
ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။”
သခင်ခရစ်တော်သည်
အယုတ်ညံ့ဆုံးဖြစ်သော ကျိန်ခြင်းကို ခံယူတော်မူသည်။
၂ကော ၅း၂၁ “ဘုရားသခင်သည်
အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။
အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ
ဖြစ်မည်အကြောင်းတည်း။”
ဘုရားသခင်
ရှေ့တော်တွင် သခင်ခရစ်တော်၌ ဖြောင့်မတ်သောသူ ဖြစ်နိုင်သော နည်းဗျူဟာ ဖြစ်ပါသည်။
ဟေရှာယအနာဂတ္တိကျမ်း
၅၃း၄-၆ “သို့သော်လည်း ထိုသူသည် ငါတို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။
ဒဏ်ခတ်တော်မူခြင်းကို လည်းကောင်း၊ ဘုရားသခင် ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို
လည်းကောင်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့
လွန်ကျူးသော အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။
ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍
သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ရှိသမျှသည်
သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည် ဖြစ်၍
ထာ၀ရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။”
အပြစ်ကို
ဆောင်ယူသွားသော သားတော်နည်းတူ ခမည်းတော်သည်လည်း ခံစားရကြောင်း တွေ့မြင်ပါသလား။
ရောမဩဝါဒစာ ၈း၃၂ “မိမိသားတော်ရင်းကို
မနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့ အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ
ခပ်သိမ်းသော အရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။”
သားတော်ကို
ချစ်တော်မူသည့် နည်းတူ ကျွန်ုပ်တို့ကိုလည်း ချစ်တော်မူပါသည်။ ယောဟန် ၃း၁၆
ထိုကြောင့် ထာ၀ရအသက်ရှင်ခြင်းသည် သခင်ခရစ်တော်ကို ယုံကြည်လက်ခံသောသူအဖို့
ဘုရားသခင် ပြဌာန်းတော်မူသော အကျိုးရလဒ် ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း
၂ဝး၇-၉ “ထိုနှစ်တစ်ထောင်ကုန်ပြီးမှ စာတန်သည် ထောင်ထဲက လွတ်သောအခွင့်ကို ရ၍၊
အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့် အမျှများသော ဂေါဂ၊ မဂေါဂ တည်းဟူသော
မြေကြီးလေးမျက်နှာပေါ်မှာ နေသော လူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှာ
လည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာ လည်းကောင်း တက်လိမ့်မည်။
ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကို
လည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်
အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။”
ဘုရားသခင့်အထံတော်က
မီးကျ၍ သူတို့ကို မျိုလေ၏။ ထိုဝေါဟာရစကားများသည် ယေဇကျေလမှ ရရှိခြင်း ဖြစ်ပါသည်။
ယေဇကျေလ
အနာဂတ္တိကျမ်း ၃၉း၁၇-၁၉ “အချင်းလူသား၊ အရှင်ထာ၀ရဘုရား၏ အမိန့်တော်ကို
ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန် ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး ၍
လာကြလော့။ ဣသရေလတောင်သို့ အပေါ်၌ သင်တို့အဖို့ ငါစီရင်သော ယဇ်ပွဲကြီးသို့
အရပ်ရပ်တို့က စည်းဝေး ၍၊ အသား အသွေးကို သောက်စားခြင်းငှာ လာကြလော့။ သင်တို့သည်
အားကြီးသော သူတို့၏ အသား၊ လောကီမင်းတို့၏ အသွေး၊ ဗာရှန်ပြည်၌ ဆူအောင် ကျွေးသော
သိုးထီး၊ ဆိတ်ထီး၊ နွားလာဥဿဘတို့၏ အသားအသွေးကို သောက်စားရကြ လိမ့်မည်။
သင်တို့အဖို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကို ၀စွာ စားရကြလိမ့်မည်။ အသွေးနှင့်
ယဇ်မူးသည့် တိုင်အောင် သောက်ရကြလိမ့်မည်။”
နှစ်ပေါင်းတစ်ထောင်
ကုန်ဆုံးချိန် အကြောင်းကို ယဇ်ပူဇော်ခြင်းဖြင့် ပုံပမာ ခိုင်းနှိုင်းထားပါသည်။
အသက်စတေးခံရခြင်း အကြောင်းတွင် သခင်ခရစ်တော်ခံယူ ပေးခဲ့သော သေခြင်း နည်းလမ်းအပြင်
အခြားသော နည်းလမ်း ရှိပါသလား။ ရှိပါသည်။ ထိုနည်းလမ်းမှာ မိမိကိုယ်တိုင် အပြစ်၏
အဖိုးအခကို ပေးဆပ်ရမည့် နည်းလမ်းဖြစ်ပါသည်။
မြို့အပြင်ဘက်တွင်
ရှိကြကုန်သော လူသားများ အဘယ်ကြောင့် ဆုံးရှုံးရသနည်း။ သခင်ခရစ်တော်၏ ဝိညာဉ်ရေး
စနစ်ကို မရွေးဘဲ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကင် ပုန်ကန်သော စာတန်၏ စနစ်ကို ရွေးချယ်သော အမှတ် သင်္ကေတ၊ သားရဲ၏ တံဆိပ်ကို
ခံယူသော ကြောင့် ဖြစ်သည်။
ဗျာဒိတ်ကျမ်း
၁၄း၉-၁၀ “အကြင်သူသည် သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို
နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို
သောက်ရလိမ့်မည်။”
ဗျာဒိတ်ကျမ်း ၂ဝး၁၄
“ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား
ဒုတိယသေခြင်း ဖြစ်သတည်း။”
ရှင်ပြန်ထမြောက်ခြင်း
မရှိသော သေခြင်း၊ ထာ၀ရသေခြင်း၊ ခရစ်တော်ခံယူပေးခဲ့သော သေခြင်းမျိုး ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၂ဝး၁၅
“အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။”
ဗျာဒိတ်ကျမ်း ၁၃း၈ “ကွပ်မျက်သော
သိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည်
သားရဲကို ကိုးကွယ်ကြ၏။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” အတိုင်း ခမည်းတော် စီရင်တော်မူသော ခွက် “ဖလား” ဖြစ်ပါသည်။
သနားခြင်း ကရုဏာတရားဖြင့် ကျွန်ုပ်တို့ကို ဆက်ဆံတော်မူသော “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ဖြစ်ပါသည်။
သခင်ခရစ်တော်၏
ဝိညာဉ်ရေးစနစ်အတိုင်း အသက်စာစောင်တွင် စာရင်းမဝင်သော သူများမှာ သားရဲကို
ကိုးကွယ်သော သူဖြစ်သည်။ ကျွန်တော်တို့ ကိုယ်စား သခင်ခရစ်တော် အသက်စတေးခံယူ ပေးသော
အမှုကို ယုံကြည်လက်ခံပါ။ မိတ်ဆွေ၊ ယနေ့ ကျွန်ုပ်တို့သည် သခင်ခရစ်တော်ကို
ကိုးကွယ်သလား။ သားရဲကို ကိုးကွယ်နေသလား၊ ဘုရားသခင်၏ အမျက်တော်ခွက်ဖလားကို
မိမိကိုယ်တိုင်သောက်လိုပါသလား။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။ ဘုရားသခင်၏
အမျက်တော်ခွက် “ဖလား” ကို
ကျွန်ုပ်တို့အတွက် သခင်ခရစ်တော် သောက်ခဲ့ပေးပြီး ဖြစ်ကြောင်း ယုံကြည်လက်ခံဖို့
လိုအပ်နေပါပြီ မိတ်ဆွေ။
အားလုံးအပေါ်
ဘုရားသခင် ကောင်းချီးသွန်လောင်း ချပေးပါစေ။
No comments:
Post a Comment