Tuesday, May 5, 2026

 

၁၉။ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်း၏ မီးခိုး

ဆုတောင်းခြင်းဖြင့် အစပြုရန်

          ဗျာဒိတ်ကျမ်း ၁၄း၉-၁၁ “ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ် လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့် မပြတ်သက်သာ မရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။

          လွန်ခဲ့သော သင်ခန်းစာတွင် ခမည်းတော် စီရင်သည့် အမျက်တော်ခွက် “ဖလားကို သခင်ခရစ်တော် သောက်ခဲ့ကြောင်း ကျွန်ုပ်တို့ သိခဲ့ရပြီး ဖြစ်သည်။ တတိယကောင်းကင်တမန် သတင်းစကားကို ငြင်းဆန်သော သူသည် မိမိကိုယ်တိုင် ခွက် “ဖလားကို သောက်ရန် ရွေးချယ်သော သူဖြစ်ပါသည်။ သခင်ခရစ်တော် ပြုခဲ့သော ကောင်းမှု မှန်သမျှကို လက်ခံယုံကြည်မှု မရှိခြင်းသည် မိမိကိုယ်တိုင် သောက်လိုခြင်း ဖြစ်သည်။ သခင်ခရစ်တော်၏ မဟာဗျူဟာသည် မြေမှုန့်မှ ရွှေစင် အဖြစ်သို့ ပြောင်းလဲပေးသော ဝိညာဉ်ရေး စနစ်ဖြစ်ပါသည်။

          သခင်ခရစ်တော်၏ နေရာ၊ သခင်ခရစ်တော်၏ အလုပ်ကို မိမိစိတ်ဆန္ဒသဘောဖြင့် ဆောင်ရွက်လိုသော စာတန်၏ စနစ်ဖြင့် လှည့်စားခံရခြင်းကြောင့် စနစ်၏ သားကောင်များ ဖြစ်လာပါသည်။ အန္တီခရစ်သည် သခင်ခရစ်တော်၏ အာဏာပိုင်သော နေရာနှင့် အလုပ်ကို ယူထားသော စာတန်၏ နည်းဗျူဟာ ဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၁၄း၁၀-၁၁ “ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက် ရှိ၏။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ်သက်သာ မရကြဟု လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။

          ၁။ သားရဲကို ကိုးကွယ်သောသူ။ ၂။ သားရဲ၏ ရုပ်တုကို ကိုးကွယ်သောသူ။ ၃။ သားရဲ၏ နာမတံဆိပ်ကို ခံယူသူ၊ ထိုသူတို့သည်၊ ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရမည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် ဆက်တက်လျက်ရှိ၏။

          ရှင်မဿဲ ခရစ်ဝင် ၂၅း၄၁ “ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသော သူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသော သူတို့၊ မာရ်နတ်နှင့် သူ၏ တမန်တို့အဖို့ ပြင်ဆင်သော ထာ၀ရမီးထဲသို့ ငါထံမှ ခွာသွားကြလော့။

          ရှင်မဿဲ ခရစ်ဝင် ၂၅း၄၆ “ထိုသူတို့သည် ထာ၀ရအပြစ်ဒဏ်ခံရာသို့ လည်းကောင်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာ၀ရအသက်ရှင်ရာသို့ လည်းကောင်း သွားရကြလတ္တံ့ ဟုမိန့်တော်မူ၏။

          ဗျာဒိတ်ကျမ်း ၂ဝး၁၀ “သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပုရောဖက် ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။ထာ၀ရ “မီးထဲသို့၊ ထာ၀ရအပြစ်ဒဏ်ကို၊ နေ့ညဉ့်မပြက် ကမ္ဘအဆက်ဆက်၊ ကျမ်းစာတွင် မည်သည့်အနက် အဓိပ္ပါယ် ရှိပါသနည်း။ “မီးသည် ထာ၀ရဖြစ်ပြီး အပြစ်သားသည်လည်း ထာ၀ရတည်ရှိခြင်း ဟူသည့် အဓိပ္ပါယ်လား။ မဟုတ်ပါ။

ထာ၀ရ “မီး၏ မှန်ကန်သော အဓိပ္ပါယ်ကို ကျမ်းစာထဲမှ လေ့လာကြပါစို့။

ဓမ္မဟောင်းကျမ်းအထဲမှ၊ သောဒုံနှင့် ဂေါမောရမြို့ အကြောင်းဖြင့် စတင်လေ့လာမည်။

          ကမ္ဘာဦးကျမ်း ၁၉း၂၄ “ထိုအခါ ထာ၀ရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ ဒုံမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုးကို ရွာစေတော်မူ၏။

 

          ကမ္ဘာဦးကျမ်း ၁၉း၂၈ “သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသော ချိုင့်အရပ် တစ်လျှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌ အခိုးကဲ့သို့၊ တစ်ပြည်လုံး အခိုးတက်သည်ကို မြင်လေ၏။

          ရှင်ယုဒဩဝါဒစာ ၁း၇ “ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှ စ၍ ပတ်ဝတ်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သော သူတို့နှင့် မှားယွင်းခြင်း အမှု၌ ကျင်လည်သောကြောင့်၊ ထာ၀ရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။

          ထာ၀ရ “မီးကျွန်းလောင်ခံရခြင်းသည် ရွေးချယ်မှု များယွင်းသော အကျိုး ရလဒ်ဖြစ်သည်။

          ရှင်ပေတရု ဩဝါဒစာ ဒုတိယစောင် ၂း၆ “သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင် တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သော သူတို့အား ပုံသက်သေကို ထားတော်မူ၏။

          သောဒုံမြို့နှင့် ဂေါမောရမြို့သည် ယနေ့တိုင် “မီးလောင်နေတုန်းပဲလား။ ထာ၀ရ “မီးအဓိပ္ပါယ်အမှန်ကို ယနေ့ခရစ်ယာန်အများစုသည် အမှန်အတိုင်း နားမလည် ကြပါ။ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဝါးမြိုသော “မီးသည် မည်သည့် အမျိုးအစား ဖြစ်သနည်း။

          တရားဟောရာ ကျမ်း ၄း၂၃၊ ၂၄ “သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့၍၊ သင်တို့ ဘုရားသခင် ထာ၀ရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန် ရှိသော ရုပ်တို့ကို မလုပ်မည်အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။

          ထာ၀ရ “မီးသည် ထာ၀ရဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော်ဖြစ်ပြီး အပြစ်ကို ဝါးမြိုပါသည်။ ဘုရားသခင် ထာ၀ရဘုရားသည် အပြစ်ကို လောင်ကျွမ်းစေသော မီးဖြစ်တော်မူသည်။

          ဟေဗြဲဩဝါဒစာ ၁၂း၂၈၊ ၂၉ “ထိုကြောင့် ငါတို့သည် မလှုပ်နိုင်သော နိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သော သဘောနှင့် ဘုရားသခင်ကို လျောက်ပတ်

 

စွာဝတ်ပြုနိုင်မည် အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ငါတို့ ဘုရားသခင်သည် လောင်သော မီးဖြစ်တော်မူ၏။

          ထမင်းဟင်းချက်သော ထင်းမီး၊ ဂက်စ်မီးကဲ့သို့သော အမျိုးအစားမျိုး မဟုတ်ပါ။ ဘုရားသခင်၏ ဂုဏ်တော်၊ ဘုန်းတော်အလင်း “မီးဖြစ်ပါသည်။

          ထွက်မြောက်ရာကျမ်း ၂၄း၁၅-၁၇ “မောရှေသည် တောင်တော်ပေါ်သို့ တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ ထာ၀ရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာ ထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။ ထာ၀ရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။

          ထာ၀ရမီး “မီးသည် တောင်ထိပ်ပေါ်တွင် လောင်သော ထာ၀ရဘုရား၏ ဂုဏ်တော်၊ ဘုန်းတော်မီး ဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၁၅း၂ “မီးနှင့် ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့် လည်းကောင်း၊ သူ၏ ရုပ်တုနှင့် လည်းကောင်း၊ သူ၏ နာမအရေအတွက်နှင့် လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။

          ဖန်ရေကန်တွင် “မီးနှင့် ရေရောသော ဘုရားသခင်၏ ဂုဏ်တော်နှင့် ဘုန်းတော်ပြည့်၀သော နေရာကို ပုံဆောင်ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်နှင့် ဘုန်းတော်ပြည့်၀သော နေရာသည် အပြစ်ကင်းစင်သော နေရာ ဖြစ်ပါသည်။ ဘုန်းတော် “မီးသည် အပြစ်ကို လောင်ကျွမ်းသော တန်ခိုး ဖြစ်သည်။ ဘုန်းတော် “မီးသည် ဘုရားသခင်၏ အတွင်းစာရိတ္တ သဏ္ဌာန်ဖြစ်သည်။ အပြစ်နှင့် ရောနှော မနေတတ်သည့် ဘုရား၏ ဂုဏ်တော် ဖြစ်သည်။ အပြစ်ကို လောင်ကျွမ်းသော “မီးသည် မည်မျှ ကြာကြာ တည်ရှိသနည်း။ ထာ၀ရ တည်ရှိပါသည်။ ဂုဏ်တော်သည်လည်း ထာ၀ရတည်ပါသည်။ ဘုန်းတော်လည်း ထာ၀ရ တည်နေသည်၊ “မီးသည် ထာ၀ရ တည်ပါသည်။

          မာလခိ အနာဂတ္တိကျမ်း ၄း၁-၃ “မီးဖို၌ မီးလောင်သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ

 

အပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ ငါ၏ နာမတော်ကို ကြောက်ရွံ့သော သင်တို့၌ကား၊ တရားတော် နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား ၍  တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။

          အပြစ်သည် လောင်စာ ဖြစ်ပါသည်။ လောင်စာဖြစ်သော အမှိုက်၊ အပြစ်သည် ပြာဖြစ်သွားသည့် နောက်ပိုင်းတွင်လည်း မီး အရင်းအမြစ်သည် ကျန်နေပါသည်။

          ဗျာဒိတ်ကျမ်း ၂ဝး၇-၉ “ထိုအနှစ်တစ်ထောင် ကုန်ပြီးမှ စာတန်သည် ထောင်ထဲကလွတ်သော အခွင့်ကို ရ၍၊ အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂ တည်းဟူသော မြေကြီးလေးမျက်နှာ ပေါ်မှာ နေသော လူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါ လည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှါ လည်းကောင်း တက်လိမ့်မည်။ ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကို လည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကို လည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။

          ဗျာဒိတ်ကျမ်း ၂၁း၈ “ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ ဥစ္စာပျက်သော သူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဖို့ကို ရကြလိမ့်မည် ဟူ၍ လည်းကောင်း ငါ့အား မိန့်တော်မူ၏။

          ပုရောဖက် ဟေရှာယကျမ်းတွင် အပြစ်ရှိသူတို့သည် အိပ်ပျော်ကြမည်။ ထာ၀ရအိပ်ကြမည်။ နှစ်ခါမြောက်သော အိပ်ခြင်းသည် အပြီးအပိုင်သေခြင်း ဖြစ်သည်။ ဤကမ္ဘာသစ်တွင် အပြစ်ကင်းစင်သော အချိန်မှစ၍ အောင်မြင်သော သူများသည် ထာ၀ရ “မီးတွင် ထာ၀ရနေရမည်။ ဘုရားသခင်၏ ဘုန်းတော် အောက်တွင် အစဉ် ထာ၀ရနေရလိမ့်မည်။ “မီးခံနိုင်ရည် ရှိသော သခင်ခရစ်တော်၏ ရွှေစင် စာရိတ္တကို ပိုင်ဆိုင်သောကြောင့် ဖြစ်ပါသည်။

 

          ဟေရှာယ အနာဂတ္တိကျမ်း ၃၃း၁၄-၁၆ “အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသော သူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သော မီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာ၀ရမီးလောင်ခြင်းကို ခံလျက် နေရမည်နည်း။ တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်း အားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သော အရပ်၌ နေလိမ့်မည်။ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။

          ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲတွင် နေရမည်နည်း။ “မီးခံနိုင်သော သခင်ခရစ်တော်၏ စာရိတ္တကို ပိုင်ဆိုင်သော သူသည် နေရပါမည်။ ဒံယေလ၏ အဖော်သုံးယောက်သည် “မီးခံနိုင်သော သခင်ခရစ်တော်၏ စာရိတ္တဖြင့် “မီးထဲတွင် ရပ်တည်ခဲ့ပါသည်။ အပြစ်သား၏ ယုံကြည်ခြင်းကို သူတို့၏ အလုပ်၊ အကျင့်၊ စကား၊ စိတ်သဘောထားအတိုင်း စီရင်ခြင်းဖြစ်ပါသည်။

          ဗျာဒိတ်ကျမ်း ၂ဝး၁၁-၁၅ “တစ်ဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို လည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။

 

မီးသည် ထာ၀ရအစဉ်လောင်နေမည်လား။

          ဗျာဒိတ်ကျမ်း ၂ဝး၁၀ “သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပုရောဖက် ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဉ့်မပြတ်ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။

          ထာ၀ရ “မီးသည် အစဉ်လောင်နေမည်လား။ ကမ္ဘာအဆက်ဆက်ဆိုသည့် ဝေါဟာရသည် မည်သည့် အဓိပ္ပါယ်ရှိပါသနည်း။ အပြစ်သည် နောက်တစ်ဖန် ပြန်မလာသော အမိုက်နှင့် တူကြောင်း ကျမ်းစာတွင် ဖော်ပြထားပါသည်။

          ယေဇကျေလ အနာဂတ္တိကျမ်း ၂၈း၁၈-၁၉ “သင့်အပြစ်သည် များပြား ၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကို မီးရှို့ဖို့ သင့်အလယ်၌ မီးကို ငါညှိမည်။ သင့်ကို မြင်သော သူအပေါင်းတို့ ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။ သင့်ကို သိသော လူအမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။ နောက်တစ်ဖန်မပေါ်လာရဟု မိန့်တော်မူ၏။

          စာတန်သည် လောင်စာဖြစ်သည်ဟု ဤကျမ်းချက်ဖြင့် သိရှိရပါသည်။ ထာ၀ရ “မီးအလောင်ခံရသောကြောင့် နောက်တစ်ဖန် ပြန်မလာသော အပြစ်လောင်စာကို ဆိုလိုခြင်း ဖြစ်ပါသည်။

          မာလခိ အနာဂတ္တိကျမ်း ၄း၁ “မီးဖို၌ မီးလောင်သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်း စေခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။

          အရင်းအဖျားမျှ မကျန်ကြွင်းစေရ။ အပြစ်ကို စတင်ခဲ့သော စာတန်နှင့် အပြစ်ကို နောက်ဆုံး လက်ခံသောသူ အထိ အားလုံး ပါဝင်သည်။ အမှိုက်သည် ပြာဖြစ်ရန် အချိန်မည်မျှ လိုသနည်း။ လောင်စာအပေါ် မူတည်သည် မဟုတ်လား။

 

ဣသရေလလူမျိုးကို စီရင်ချက်ချသော တရားစီရင်ရာနေ့ကြီးမှ

သင်ခန်းစာကို လေ့လာကြပါစို့။

          တရားစီရင်ချက်ချသောနေ့။ ဘုရားသခင်၏ အမျက်တော် ခွက်ဖလားကို သောက်ရသောနေ့။ သခင်ခရစ်တော်သည် ဒုတိယသေခြင်း တည်းဟူသော အပြစ်၏ အဖိုးအခကို ပေးဆပ်ခဲ့ပါသည်။ ဒုတိယသေခြင်း၏ အတွေ့အကြုံကို ရရှိခဲ့ပါသည်။ ဘုရားသခင်နှင့် ခွဲခွာရသော ဝေဒနာကို ကောင်းကောင်း ခံခဲ့ရပါသည်။ ဣသရေလလူမျိုးကို တရားစီရင်သော နေ့ကြီး၏ စည်းမျဉ်းများကို ကြည့်ပါ။

          ဝတ်ပြုရာကျမ်း ၁၆း၇ “ဆိတ်နှစ်ကောင်ကိုလည်း ယူ၍ ပရိတ်သတ် စည်းဝေးရာ တဲတော်တံခါးနား၊ ထာ၀ရဘုရားရှေ့တော်၌ ဆက်ရမည်။

          ဝတ်ပြုရာကျမ်း ၁၆း၂၀-၂၂ “ထိုသို့ သန့်ရှင်းရာ ဌာနတော်အဖို့၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို တင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှ စ၍ ပြစ်မှားသော အပြစ်မျိုးမျိုး ရှိသမျှတို့ကို အဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တော်သို့ စေလွှတ်ရမည်။ သူတို့ အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။

          ဝတ်ပြုရာကျမ်း ၂၁း၂၉၊ ၃၀ “ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ ထိုနေ့၌ အလုပ်တစ်စုံတစ်ခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ (တရားစီရင်ရာနေ့ဥပမာ)

          ဆိတ်နှစ်ကောင်သင်ခန်းစာဖြင့် ဘုရားသခင် မည်သည့် အကြောင်းကို သွန်သင်သနည်း။ စာတန်သည် အချိန်အကြာဆုံး မီးလောင်ခံရမည်။ “မီးသည် အစဉ်တောက်လောင်နေသည်။ အဘယ်ကြောင့် “မီးသည် စာတန်ကို အချိန်ကြာမြင့်စွာ လောင်သနည်း။

          သခင်ခရစ်တော် ခံယူထားသည့် သန့်ရှင်းသူများ၏ တစ်ချိန်က အပြစ်အားလုံးကို စာတန်ထံသို့ လွှဲပြောင်းပေးသောကြောင့် စာတန်သည် အချိန်အကြာဆုံးဝါးမြို ခံရခြင်း ဖြစ်ပါသည်။

 

          ဘုန်းတော်သည် တည်ရှိနေဆဲ ဖြစ်သည်။ အပြစ်သား အမိုက်များသည် ပြာဖြစ်ကုန်ပါပြီ။ လူသားတိုင်းအတွက် ဘုရားသခင်၏ အမျက်တော် ခွက်ဖလားကို သခင်ခရစ်တော် သောက်ခဲ့ပြီးပြီ။ မည်သည့် အကြောင်းကြောင့် သားရဲနည်းတူ ထိုခွက်ဖလားကို မိမိကိုယ်တိုင် သောက်လိုသနည်း။

          ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို အကြွင်းမဲ့ နာခံသော ခရစ်တော်၌ အကြွင်းမဲ့ လက်ခံယုံကြည်ခြင်း မရှိဘဲနှင့် အန္တီခရစ်၏ လှည့်စားမှု နောက်သို့ လိုက်ပြီး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို အကြွင်းမဲ့ ဆန့်ကျင် ပုန်ကန်သော စာတန်ကဲ့သို့ ကိုယ့်ခွက်ကို ကိုယ်တိုင် သောက်လိုပါသလား။ တတိယကောင်းကင်တမန် သတင်းစကားသည် ကျွန်တော်တို့အတွက် သေရေးရှင်ရေး ကြမ္မာ ဖြစ်ပါသည်။

          ဟေရှာယ အနာဂတ္တိကျမ်း ၂၈း၂၁ “ထာ၀ရဘုရားသည် အမှုတော်တည်းဟူသော၊ ထူခြားသော အမှုတော်ကို ပြုခြင်းငှာ လည်းကောင်း၊ အလုပ်တော်တည်းဟူသော လုပ်မြဲ မဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှာ လည်းကောင်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။

          အပြစ်ကို တွေ့ရှိသည့် နေရာတိုင်းတွင် ငါတို့ ဘုရားသခင်သည် လောင်သော မီးဖြစ်တော်မူ၏။ဟေဗြဲ ၂၁း၂၉။ ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ အုပ်စိုးမှုကို ခံယူရမည့် သူအားလုံး၌ စွန်ထင်းနေသော အပြစ်များကို လောင်ကျွမ်းတော်မူလိမ့်မည်။ သို့သော် လူများသည် အပြစ်ကို တွယ်ကပ်စွဲငြိနေကြလျှင် ၎င်းတို့သည် အပြစ်နှင့် အတူ ခွဲမရအောင် ထပ်တူ ထပ်မျှ ဖြစ်လာကြပါသည်။ ထိုနောက် အပြစ်ကို ဖျက်ဆီးသော ဘုရားသခင်၏ ဘုန်းတော်သည် သူတို့ကိုလည်း ဖျက်ဆီးမည် ဖြစ်ပါသည်။ ယာကုပ်သည် ကောင်းကင်တမန်နှင့် တညလုံး နပန်းလုံးပြီးနောက် “ငါသည် ဘုရားသခင်ကို မျက်နှာခြင်းဆိုင်ဖူးမြင်ရသော်လည်း အသက်ချမ်းသာရပြီ ဟု ဆိုသတည်းကမ္ဘာ ၃၂း၃၀။ ယာကုပ်သည် ၎င်း၏ အမူအကျင့်များတွင် ဧသောအပေါ် ကြီးမားသော ဒုစရိုက်တစ်ခုကို ကျူးလွန်မိခဲ့ပါသည်။ သို့သော် သူသည် နောင်တရရှိခဲ့ပါသည်။ သူ၏ ကျူးလွန်ခဲ့သည့် အပြစ်များကို ခွင့်လွှတ်ခံခဲ့ရပြီး အပြစ်ကို ဆေးကြောခြင်းခံခဲ့ရပါသည်။ ထိုကြောင့် သူသည် ကောင်းကင်တမန်နှင့် နပန်းလုံး

 

သောအချိန်တွင် ထာ၀ရဘုရား ရှေ့တော်၌ အသက်ရှင်နိုင်ခဲ့ပါသည်။ သို့သော် ဘုရားသခင် ရှေ့မှောက်သို့ အပြစ်ဒုစရိုက်ကို ဆန္ဒပြင်းပြစွာဖြင့် စွဲလမ်းမြတ်နိုးလျက် ရောက်ရှိလာသော သူများသည် ဖျက်ဆီးခြင်းကို ခံရကြပါမည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖယ်ရှားတော်မူလိမ့်မည်။ ၂သက် ၂း၈။ ဖြောင့်မတ်သောသူများအား အသက်ရှင်ခြင်းကို ဖြစ်စေသော ဘာ၀ရဘုရား၏ ဘုန်းရောင်ခြည်တော်သည် အဓမ္မလူများအား ဖယ်ရှားတော်မူမည် ဖြစ်ပါသည်။” (ထာ၀ရလိုအင်သက်တော်စဉ်- ပထမတွဲ၊ စာမျက်နှာ ၁၄၁-၁၄၂)

          ခရစ်တော်၌ အကြွင်းမဲ့ လက်ခံယုံကြည်ကိုးစားပါ။ သခင်ခရစ်တော်၏ ဝိညာဉ်ရေး စနစ်၌ တည်နေပါ။ အန္တီခရစ်၏ လှည့်စားမှုဖြင့် မျောပါခြင်း မခံပါနှင့်။ သတိပြုပါ။

          ဘုရားသခင် ပြဌာန်းတော် မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော စနစ်မှ ထွက်ကြပါ။

          မာရ်နတ်နှင့် သူ၏ တမန်တို့အဖို့ ပြင်ဆင်သော ထာ၀ရမီးထဲသို့ အဘယ်ကြောင့် စာတန်နှင့်အတူ ခံယူလိုသနည်း။

          သခင်ခရစ်တော် ဖန်တီးပေးသော စာရိတ္တကို ပိုင်ဆိုင်ခြင်းဖြင့် လောင်နေသော ထာ၀ရမီးထဲတွင် ရပ်တည်နိုင်ဖို့ ပြင်ဆင်ရန် လိုအပ်နေပါပြီ မိတ်ဆွေ။

          အားလုံးအပေါ် ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာကို မိတ်ဆွေ ကိုယ်တိုင် ပိုင်ဆိုင်နိုင်ပါစေ။ အာမင်။

No comments:

Post a Comment