၁၇။
သန့်ရှင်းသူတို့၏ သည်းခံစရာ အကြောင်း
(Thန စအေငနညခန သ် အ့န sငေညအျ)
ဆုတောင်းခြင်းဖြင့်
အစပြုရန်
ဗျာဒိတ်ကျမ်း ၁၅း၂၊
၃ မီးနှင့် ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကို လည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊
သူ၏ ရုပ်တုနှင့် လည်းကောင်း၊ သူ၏ နာမအရေအတွက်နှင့် လည်းကောင်း၊ လွတ်၍ အောင်မြင်သော
သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို
မြင်ရ၏။ ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏ သီချင်းကို
သိ၍၊ အနန္တတန်ခိုးနှင့် ပြည်စုံတော်မူသော ထာ၀ရအရှင်ဘုရားသခင်၊ ကိုယ်တော်၏
အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ ဘုရင်၊ ကိုယ်တော်၏
အကျင့်ဓလေ့တို့သည် ဖြောင့်မတ် ဟုတ်မှန်ကြပါ၏။”
ဘုရားသခင်
ရေးဆွဲခဲ့သော မဟာဗျူဟာသည် အကောင်းနှင့်အဆိုးတိုက်လှန် ပွဲတွင် အောင်ပွဲခံမည့်
နည်းဖြစ်သည်။ သားရဲနှင့် သားရဲ၏ ရုပ်တု၊ သားရဲ၏ နာမအရေအတွက်မှ မည်သို့
လွတ်ကင်းနိုင်မည်နည်း။ ကျမ်းစာတွင် ပေးထားသည့် အဖြေမှာ သန့်ရှင်းသူတို့၏
သည်းခံခြင်း နည်းဗျူဟာကို ကျင့်သုံးခြင်းဖြင့် အနိုင်ရခြင်း ဖြစ်သည်။
ယနေ့သန့်ရှင်းသူများ၏ သည့်ခံခြင်း အကြောင်းကို
လေ့လာမည်။
ဗျာဒိတ်ကျမ်း
၁၃း၁၀၊၁၁ “သူတစ်ပါးကို
ဖမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဖမ်းဆီး ယူသွားခြင်းကို ခံရလိမ့်မည်။ ဓားဖြင့်
သတ်တတ်သောသူသည်လည်း ကိုယ်တိုင် ဓားဖြင့် သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း
သည်းခံစရာအကြောင်း၊ ယုံကြည်စရာ အကြောင်း ရှိ၏။ အခြားသော သားရဲတစ်ကောင်သည်၊
သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊
မြေကြီးထဲကထွက်သည်ကို ငါမြင်၏။”
ဗျာဒိတ်ကျမ်း ၁၄း၁၂
“ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊
စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်း ရှိ၏။”
“ဘုရားသခင်ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ နာခံလျက် သည်းခံခြင်း၊
ဥစ္စာစောင့်သိရိုသေခြင်း လက်နက်ကို ကိုင်ပြီး တိုက်ပွဲဝင်ရန် အသင်းတော်ကို
မိန့်တော်မူ၏။ နောက်ဆုံးကာလတွင် အဆုံး အဖြတ်ပေးမည့် တိုက်ပွဲ၌ ယုံကြည်သူများ
စွဲကိုင်ရမည့် လက်နက်သည် ခရစ်တော် အသုံးပြုခဲ့သော သည်းခံခြင်း လက်နက်ဖြစ်ပါသည်။
သည်းခံခြင်း ဆိုသော
စကားလုံး၏ အနက်အဓိပ္ပါယ်မည်သို့ ရှိသနည်း။ သည်းခံခြင်းသည် မည်ကဲ့သို့ ပြုမူသနည်း။
စိတ်ရှည်ခြင်း၊ မည်သို့ပင် ဖြစ်ပါစေ စောင့်ဆိုင်းနေသည်၊ မညည်းမညူဘဲ နေသည်၊ မိမိ၏
အာရုံငါပါး ခံစားချက် အပေါ် အခြေမခံဘဲ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံသည်။ ခရစ်တော်၌ ယုံကြည်အပ်နှံထားခြင်းဖြင့် အလိုတော်အတိုင်း ခံယူသည့်
စိတ်သဘောဖြစ်သည်။
နဂါး၊ သားရဲ၊
ပြည့်တန်ဆာကြီး၊ ချိုငယ်၊ ရုပ်တု၊ အမှတ်တံဆိပ်ဖြင့် လှည့်စားမှု၊ ညှဉ်းဆဲမှု၌
သည်းခံလျက် သန့်ရှင်းသော အရှင်သခင် ခရစ်တော်၌ တည်နေသော သူများကို သန့်ရှင်းသူဟု
ခေါ်ပါသည်။
ဒံယေလ
အနာဂတ္တိကျမ်း ၇း၂၁၊ ၂၂ “ငါကြည့်ရှုစဉ်တွင် အသက်ကြီးသော သူသည် ရောက်လာလျှင်၊
အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊
ထိုသူတို့သည် နိုင်ငံကို သိမ်းယူဝင်စားသော အချိန်ရောက်သည် တိုင်အောင်၊ ထိုချိုသည်
သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ၏။”
ဗျာဒိတ်ကျမ်း ၁၃း၇ “သန့်ရှင်းသူတို့ကို
စစ်တိုက်၍ နိုင်ရသော အခွင့်ကို ရ၏။ အသီးသီး ဘာသာစကားကို ပြောသော
လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။”
ဗျာဒိတ်ကျမ်း ၁၇း၆ “ထိုမိန်းမသည်
သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။
ထိုသို့ မြင်သောအခါ အလွန်အံ့ဩ မိန်းမော၍ နေ၏။” သန့်ရှင်းသော အမျိုးသမီးသည်
သခင်ခရစ်တော်ဦးစီးခေါင်းဆောင်သော အသင်းတော်ကို ပုံဆောင်သည်။
ဗျာဒိတ်ကျမ်း ၁၂း၆ “မိန်းမသည်
အရက်တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည် အကြောင်း
ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” သည် သန့်ရှင်းသူများ အတွက် စိတ်ချလုံခြုံမှု
ရှိသော နေရာ ဖြစ်သည်။ ဘုရားသခင်၏ မဟာဗျူဟာအရ ပြင်ဆင်ထားသော တောအရပ်သို့
သန့်ရှင်းသူများ ပြေးသွားကြပါသည်။ ခရစ်တော် ဦးစီး ခေါင်းဆောင်သော အသင်းတော်သည်
ရောနှောခြင်း၊ ယိုင်လဲခြင်း၊ နောက်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း မရှိပါ။
သခင်ခရစ်တော်ကို ယုံကြည်သည်။ သစ္စာစောင့်သိရိုသေ သည်။ သခင်ယေရှု၏ သည်းခံခြင်း
ပုံပမာ အတိုင်း လိုက်လျှောက်သည်။
သခင်ခရစ်တော်၏
ဝိဥာဏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်တွင် အသင်းဝင် တပည့်တော်များ ကိုယ်စီ
စွဲကိုင်ထားရမည့် သည်းခံခြင်း လက်နက်ဖြစ်သည်။ ခရစ်တော် ဟောပြောခဲ့သော ပုံပမာအရ-
ရှင်လုကာ ခရစ်ဝင်
၁၈း၁-၈ “လူတို့သည် အားမလျှော့ဘဲ ကြိုးစား၍ ဆုတောင်းရမည် အကြောင်းကို ဥပမာအားဖြင့်
မိန့်တော်မူသည်ကား၊ မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော
တရားသူကြီး တစ်ယောက်ရှိ၏။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့
သွား၍၊ ကျွန်မ ရန်ဘက်ကို လက်စားချေ လောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု
တောင်းပန်သော်လည်း၊ တရားမစီရင်ဘဲ ကြာမြင့်စွာ နေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည်
ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော သူဖြစ်သော်လည်း ဤမုဆိုးမသည် ငါ့ကို
နှောင့်ယှက်သောကြောင့် သူဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို
ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ မတရားသော ထိုတရားသူကြီး၏ အကြံကို
မှတ်ကြလော့။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ်အော်ဟစ်၍
တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ
သည်းခံတော်မူမည်လော။ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။
သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု
သခင်ဘုရားသည် မိန့်တော်မူ၏။”
စိတ်ပျက်အားလျော့ခြင်း
မရှိဘဲ ကြိုးစား၍ ဆုတောင်းရမည့် သင်ခန်းစာဖြင့် သခင်ခရစ်တော်၏ သည်းခံခြင်း
မဟာဗျူဟာကို ထုတ်ဖော်သွန်သင်ခြင်း ဖြစ်သည်။ မုဆိုးမသည် တောထဲရောက်နေပြီး
ဆင်းရဲဒုက္ခနည်း မျိုးစုံ ကြုံနေရသော အသင်းတော်ကို ပုံဆောင်ပါသည်။
၁။ အသင်းတော်၊
မုဆိုးမ၏ အခြေအနေမဲ့သော ဘ၀သို့ ရောက်သွားအောင် မည်သူ ဖန်တီးသနည်း။ စာတန်။
၂။ ဘုရားသခင်ကို
မကြောက်ရွံ့၊ လူကိုအားအနာတတ်သော တရားသူကြီးသည် အဘယ်သူနည်း။ တရားသူကြီးသည်
ဘုရားသခင်ကို ပုံဆောင်သည်။
၃။ ထိုမြို့၌
နေသော မုဆိုးမသည် မည်သူကို ပုံဆောင်သနည်း။ အထောက်အမကင်းမဲ့သောသူ၊ မစမည့်သူ မရှိသော
အသင်းတော်။ တရားမျှတမှုကိုသာ မျှော်လင့်နေသောသူ။ ဘုရားသခင် ရွေးထားသော
သန့်ရှင်းသူကို ပုံဆောင်သည်။
၄။ တရားသူကြီးထံသို့
ထပ်ခါထပ်ခါ သွားခြင်းသည် ဆုတောင်းခြင်း၊ သည်းခံခြင်း နည်းဗျူဟာ ဖြစ်ပါသည်။
တပည့်တော်များ ကိုယ်စီစွဲကိုင်ရမည့် သည်းခံခြင်း လက်နက်ဖြစ်သည်။
ရှင်ပေတရု ဩဝါဒစာ
ပထမစောင် ၅း၈ “သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော
မာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်း ဟူ၍ လှည့်လည်
ရှာဖွေလျက် ရှိ၏။”
၅။ တရားမစီရင်ဘဲ
ကြာမြင့်စွာ နေသည်။ အချိန်ဆွဲထားသည့် သဘောဖြစ်ပါသည်။ ကရုဏာ အချိန်ဖြစ်သည်။
၆။ ဘုရားသခင်
ရွေးကောက်ထားသော မုဆိုးမနည်းတူ နေ့ညဉ့်မပြတ် အော်ဟစ်တောင်းလျှောက်လျှင်၊ Ighကို
နှောင့်ယှက်သောကြောင့် တရားစီရင်မည်။
၇။ အလျင်အမြန်တရားစီရင်တော်မူမည်။
ကရုဏာ တံခါးပိတ်ပြီးနောက်ပိုင်း လျက်မြန်စွာ ဖြစ်ပျက်မည်။
၈။ ယုံကြည်ခြင်းကို
မြေကြီးပေါ်တွင် တွေ့မည်လော။ သည်းခံခြင်း လက်နက်ကိုင်စွဲထားသော သူကို တွေ့မည်လော။
အသင်းတော်တွင် သင်ဝင်ထားကြသော တပည့်တော်များ ကိုယ်စီစွဲကိုင်ထားပါသလား။
ရှင်လုကာ
ခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ ပုံပမာက
မည်သည့် သင်ခန်းစာကို သွန်သင်လိုသနည်း။ နောက်ဆုံးကာလ ခက်ခဲသော အချိန်တွင်
အချိန်ဆွဲခြင်း ရှိမည်။ ခရစ်ယာန်အများစုသည် နောက်ဆုံးကာလတွင် မသေချာမရေရာသည့်
သဘောမျိုးဖြင့် မိမိအဖို့ ပြင်ဆင်မှု မရှိဘဲ ကျော်ဖြတ်ကြမည်။ သည်းခံခြင်း
လက်နက်သည် မည်သည့် လက်နက် အမျိုးအစားဖြစ်မှန်း မသိကြပါ။
ရှင်မဿဲခရစ်ဝင်
၂၄း၂၂ “ထိုကာလတာရှည်လျှင် အဘယ်သူမျှ အလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဖို့
အလိုငှာ ထိုကာလသည် တိုလိမ့်မည်။”
ရှင်မဿဲခရစ်ဝင်
၂၄း၂၄ “အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပုရောဖက်တို့သည်
ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်
ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ပြကြလိမ့်မည်။”
မုဆိုးမသည်
နောက်ဆုံးကာလတွင် နဂါး၊ သားရဲ၊ ပြည်တန်ဆာ၊ ချိုငယ်၊ ဆင်းတု၊ အမှတ်အသား
နာမအားလုံးကို ငြင်းပယ်သောကြောင့် အထီးကျန်၊ အခြေမဲ့၊ ဆင်းရဲသည့် အခြေအနေသို့
ရောက်သော အသင်းတော်ကို ပုံဆောင်သည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ စနစ်အရ ယောဘကို
ဆင်းရဲသည့် အခြေအနေသို့ ပို့ဆောင်သော နည်းကို သုံးပြီး ဘုရားသခင်၏
သန့်ရှင်းသူများကို သိမ်းသွင်းစည်းရုံးသည်။ နှောင့်ယှက်သည်။ စာတန်၏
စနစ်ဆိုးအတိုင်း အကောင်အထည် ဖော်ခြင်းဖြစ်သည်။ သစ္စာရှိသော ခရစ်ယာန်များသည်
ယောဘနည်းတူ သည်းခံကြရမည်။ နေ့ညမပြတ် ငိုကြွေးရလိမ့်မည်။ လက်ဝါးကပ်တိုင်ပေါ်တွင်
ခရစ်တော်၏ ဝေဒနာခံစားနေရသော အချိန်နှင့် တူပါသည်။
ဟေရှာယ
အနာဂတ္တိကျမ်း ၅၄း၇၊၈ “သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာသော ကရုဏာနှင့်
ငါတစ်ဖန် သိမ်းဆည်းဦးမည်။ ပြင်းစွာသော အမျက်ထွက်၍၊ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊
ထာ၀ရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကို ရွေးနုတ်သော ထာ၀ရဘုရား
မိန့်တော်မူ၏။”
ဘုရားသခင်ကို
ကိုးစားသည့် သင်ခန်းစာများကို မည်သည့် အချိန်တွင် စတင်သင်ယူကြမည်နည်း။ ယခုအချိန်၌
စတင်သခင်ယူခြင်း မရှိလျှင် မည်သည့်အချိန်တွင် အစပြုမည်နည်း။
ယာကုပ်၏ အိမ်အပြန်
တော်လမ်းခရီး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” အကြွင်းမဲ့
နာခံမှုကိုလည်း သတိရပါ။ အကာအကွယ်ပေးသော သူမရှိ၊ အမုန်းတရားကို ကြောက်သည်။
ဆုတောင်းခြင်းသည် ယာကုပ်၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ နောက်ဆုံးကာလတွင်
အသင်းတော်၏ အထီးကျန် ဖြစ်ရပ်သည် ယာကုပ်၏ ညအချိန် အိမ်အပြန်ခရီး
ဒုက္ခဆင်းရဲကာလနှင့် တူသည်။ နေထွက်လာတော့မည်။ နေထွက်လာမည့် အကြောင်းသည် ယာကုပ်၏
ဦးစားပေး ပန်တိုင် မဟုတ်ပါ။ ယာကုပ်၏ ယုံကြည်ခြင်း သည် ကတိတော်နှင့် စပ်ဆိုင်သော
ကောင်းချီးမင်္ဂလာများကို ဦးစားပေးသော သည်းခံခြင်း ဖြစ်သည်။
ယာကုပ်သည်
သန့်ရှင်းသူတို့၏ သည်းခံခြင်း လက်နက်ကို ကိုင်စွဲထားသော သူဖြစ်သည်။ မိမိ၏
အာရုံငါးပါး ခံစားမှု အပေါ်တည်နေသူ မဟုတ်ပါ။ ဘုရားသခင်၏ ကတိတော်နှင့် စပ်ဆိုင်သော
ကောင်းချီးမင်္ဂလာကို ဦးစားပေးသည်းခံခြင်း ဖြစ်သည်။
သခင်ခရစ်တော်သည်
ယာကုပ်၏ အမည်နာမပြောင်းလဲပေးခြင်း ဖြင့် ကောင်းချီးပေးခဲ့ပါသည်။ အသစ်သော
အမည်နာမဖြင့် ခါနာန်ပြည်သို ဝင်ရသည်။ နောက်ဆုံးကာလသည် ယာကုပ်၏
ဒုက္ခဆင်းရဲခြင်းနှင့် တူသောကြောင့် ယာကုပ်၏ ဒုက္ခကာလဟု ခေါ်ဆိုပါသည်။
ကမ္ဘာဦးကျမ်း
၃၂း၂၄-၃၁ “ယာကုပ်သည် တစ်ယောက်တည်း နေရစ်၍ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင်
သူနှင့် လုံးထွေးလေ၏။ ထိုသူသည် မိမိမနိုင်မှန်းကို သိလျှင် ယာကုပ်ပေါင်ချန်ကို
ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။ ထိုသူကလည်း၊ ငါ့ကိုလွှတ်။ မိုးလင်းဆဲ
ရှိပြီဟု ဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းချီးမပေးလျှင်၊
မသွားရဟု ဆို၏။ ထိုသူကလည်း၊ သင်၏ အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊
ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။ နောင်၌ သင်၏ အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍
ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့် လည်းကောင်း၊ လူနှင့်လည်းကောင်း၊
မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။ ယာကုပ်ကလည်း၊ နာမတော်ကား
အဘယ်သို့နည်း။ အကျွန်ုပ်အား
ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊
ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။ ထိုအရပ်ကို ပေညေလ ဟူ၍၊ ယာကုပ်သည fသမုတ်လေ၏။
အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊
အသက်ချမ်းသာပြီဟု ဆိုသတည်း။ ပေနွေလ
အရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်
ရှိ၍ သူသည် ထော့နဲ့သွားလေ၏။”
(ပေညေလ) နေရာနှင့်
အချိန်ကာလအတွက် သင်ပြင်ဆင်ပြီးပြီလား။ ယနေ့ခရစ်ယာန်များသည် ဘုရားသခင်၏
ကတိတော်နှင့်သာ လုံးပန်းနေရမည်။ အာရုံစူးစိုက်ထားရမည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို တန်ဖိုးထားပြီး
အရာအားလုံးထက်ပို၍ မြတ်နိုးရမည်။ ဘုရားသခင်၏ ကတိတော်နှင့် လုံးပန်းနေသည့် အကြောင်း
တစ်ခုတည်းသာ အကျိုးရှိပါသည်။
ရှင်လုကာ
ခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ ပုံပမာတွင် သတိပေးသော သင်ခန်းစာများမှာ၊ နောက်ဆုံးကာလ
အခက်ခဲဆုံး အချိန်တွင် အချိန်ဆွဲထားခြင်း ရှိမည်။ များစွာသော ခရစ်ယာန်တို့သည်
နောက်ဆုံးကာလတွင် မသေချာမရေရာသော သဘောမျိုးဖြင့် မိမိအဖို့ ပြင်ဆင်မှု မရှိဘဲ
ကျော်ဖြတ်ကြသည်။
ဒံယေလ
အနာဂတ္တိကျမ်း ၁၂း၁ “ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကို စောင့်သော အရှင်ကြီး
မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည် ကာလမှစ၍
ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ
စာစောင်၌ စာရင်းဝင် သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့
ရောက်ကြလိမ့်မည်။”
ယာကုပ်၏
ဒုက္ခဆင်းရဲခြင်းကာလသည် နောက်ဆုံးကာလတွင် ဘုရားသခင်၏ သားသမီးများ ရင်ဆိုင်ရမည့်
အခြေအနေအတွက် အနာဂတ္တိစကား ဖြစ်သည်။ မုဆိုးမ (အသင်းတော်) ၏ အခြေအနေသည် ယောဘ၏ ဘ၀
သင်ခန်းစာနှင့် တူပါသည်။
ယောဘဝတ္ထု ၁၃း၁၅ “ငါ့ကို
သတ်တော်မူ၍ ငါမျှော်လင့်စရာ မူရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာ စကားကို
ငါလျှောက်ထားမည်။”
ဘုရားသခင်
ရွေးချယ်ထားသော အသင်းတော်မှန်လျှင် သည်းခံယုံကြည်ခြင်း၏ အကျိုးရလဒ်ကို မျှော်လင့်
ရမည်။ သန့်ရှင်းသူတို့၏ သည်းခံခြင်းသည် ယာကုပ်၊ ယောဘနှင့် တပည့်တော်များ၏
စိတ်သဘောဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” သည်
ကျွန်ုပ်တို့အတွက် လုံခြုံစိတ်ချ ရသော နေရာ ဖြစ်ပါသည်။
အကျိုးရလဒ်ကို
ပေးပိုင်သော ဘုရားသခင် ဖြစ်သည်။ သည်းခံယုံကြည်ခြင်း လက်နက်ကို သခင်ခရစ်တော်
ကိုယ်တိုင် အသုံးပြုခဲ့ပြီ။ ဂေသရှေမန် ဥယျဉ်၌ နောက်ဆုံးညတွင် ဘုရားသခင်နှင့်
လုံးပန်းနေရသော ယာကုပ်၏ ဒုက္ခဆင်းရဲ၊ ယောဘ၏ လက်နက်ကို သခင်ခရစ်တော်
အသုံးချခဲ့ပါသည်။
ခရစ်တော်သည်
အရာအားလုံးကို စွန့်လွှတ်ခဲ့ရသည်။ မိတ်ဆွေနှင့် တပည့်များလည်း မရှိ။ အကူအညီ
ပေးမည့် သူလည်း မရှိဝေးပါလေရော။ တစ်ကိုယ်တည်း အထီးကျန် အခြေအနေတွင်
(မုဆိုးမအသင်းတော်) ၏ ဆင်းရဲမှု ဝေဒနာ ခံစားရင်းနှင့် “ဘုရား၊ ဘုရား၊ အဘယ်ကြောင့်
စွန့်တော်မူသနည်း။” ခမည်းတော်ကို
အော်ဟစ် သော်လည်း နားထောင်သောသူ မရှိ။ အဖြေပေးမည့်သူ မရှိသော ကာလဖြစ်သည်။
ဘုရားသခင် ချက်ချင်း ကယ်တင်သလား။ အချိန်ဆွဲထားသောကြောင့် စောင့်ဆိုင်းနေရပါသည်။
သည်းခံယုံကြည်ခြင်း၏ လက်နက်ကို ကိုင်စွဲသော အကျိုးရလဒ်သည်
ရှင်ပြန်ထမြောက်ခြင်းဖြင့် ခရစ်တော် ပြုစုပေးပါသည်။ သည်းခံစရာ အကြောင်း
သင်ခန်းစာဖြင့် သွန်သင်ခဲ့ပါသည်။
ဟေဗြဲဩဝါဒစာ ၅း၇ “ထိုခရစ်တော်သည်
လူဇာတိ အဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသော သူကို၊ ကြီးစွာသော
ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း ပတ္ထနာ ပြုသဖြင့်၊ ကြောက်ရွံ့ရာ
အမှု၌ ချမ်းသာ ရသည် ဖြစ်၍၊”
ကြောက်ရွံ့စရာ
အမှုထဲမှ လူသားအတွက် ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းဖြင့်
ဆုတောင်းပတ္ထနာပြုခြင်း၊ မဟာဗျူဟာ၏ အောင်မြင်ခြင်းကို ရယူပေးခဲ့ပါသည်။
ဟေဗြဲဩဝါဒစာ ၅း၈ “ဘုရားသခင်၏
သားတော်မှတ်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း
အကျိုးအကြောင်းကို သင်တော်မူ၏။” ခရစ်ယာန်သည် စိတ်နှလုံးအကြွင်းမဲ့ ကောင်းကင်မှ မင်္ဂလာ
ကတိတော် တည်နေရမည်။
ယောဘဝတ္ထု ၂၃း၁၀ “သို့သော်လည်း
ငါသွားသော လမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့
ငါပေါ်လိမ့်မည်။ “ ထာ၀ရဘုရားသည်
လောင်သောမီး ဖြစ်၏။ အမိုက်ကပြာဖြစ်သော်လည်း မီးခံနိုင်သော ရွှေမှန်လျှင်
ရွှေစင်ဖြစ်လာသည်။
ဟေရှာယ
အနာဂတ္တိကျမ်း ၄၈း၁၀ “ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း ငွေကို စစ်သကဲ့သို့
မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။”
“စာတန်စိုးပိုင်သော
နယ်မြေမှ ကိုယ်တော်၏ အမွေခံတို့ကို ရွေးနုတ်ရန် ထက်ပို၍ လိုလားသော အရာသည် ခရစ်တော်f၌ မရှိပါ။ သို့သော်
ကျွန်ုပ်တို့သည် စာတန်၏ တန်ခိုးအပြင်သို့ မလွတ်မြောက်မီ သူ၏ တန်ခိုးအတွင်း၌ ပင်
ဦးစွာ လွတ်မြောက်ရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အစမ်းသပ်ခံစေတော်မူသည်မှာ
ကျွန်ုပ်တို့သည် လောကဆန်ခြင်းမှလည်းကောင်း၊ ခရစ်တော်နှင့် မတူသော
အကျင့်စရိုက်များမှလည်းကောင်း၊ ကင်းလွတ်သန့်စင် စေရန် အတွက် ဖြစ်ပါသည်။
ကိုယ်တော်ရှင်ကို လည်းကောင်း၊ စေလွှတ်တော်မူသော ခရစ်တော်ကို လည်းကောင်း၊
ကျွန်ုပ်တို့ သိမည်အကြောင်း၊ ကျွန်ုပ်တို့ကို ကြီးစွာသော ဒုက္ခဝေဒနာ ရေဖြင့်
ဆန်းစစ်ခွင့်ပြုတော် မူ၏။ ယင်းသို့ ခွင့်ပြုတော်မူသည်မှာ ကျွန်ုပ်တို့သည်
ညစ်ညူးသည့် အခြေအနေမှ ပိုမိုသန့်စင် ၍လည်းကောင်း၊ ပိုမိုသန့်ရှင်း၍ လည်းကောင်း၊
ပိုမို ဝမ်းမြောက်၍ လည်းကောင်း၊ လွတ်မြောက်လာရန် ဆန္ဒပြင်းပြစေလိုတော်မူသောကြောင့်
ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် တစ်ကိုယ်ကောင်းစိတ်
မှောင်မိုက်ဖုံးလွှမ်းလျက် စုံစမ်းစစ်ဆေးခြင်း မီးပုံတွင်းသို့ မကြာမဏ
ဆင်းသက်ရကြပါသည်။ သို့သော် ပြင်းထန်သော စမ်းသပ်ခြင်းကို အောင့်အည်းသည်းခံလျှင်
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဘုန်းတော်ကို ရောင်ပြန်ဟပ်၍ လွတ်မြောက်လာလိမ့်မည်။” (ခရစ်တော်၏
သရုပ်ပြသွန်သင်ချက်များ- စာမျက်နှာ ၂၃၉-၂၄၀)
ဒုက္ခဆင်းရဲခြင်းဖြင့်
ကျွန်တော်တို့ကို စစ်ဆေးတော်မူသည်။ ဘုရားသခင်၏ သားသမီးများ နေ့စဉ် အသက်တာ
ခရီးလမ်းလျှောက်လုံး ဘ၀သင်ခန်းစာများတွင် လေ့ကျက်ရမည်။ သခင်ခရစ်တော်၏ နည်းဗျူဟာ
အတိုင်း သခင်ခရစ်တော်နှင့်အတူ ခရီးကို အဆုံးတိုင် ချီတက်ပြီး သင်ကြားလေ့လာရမည်။
ဘုရားကို ကိုးစားပါ။ တုန်လှုပ်ခြင်း မရှိပါနဲ့။ ခရစ်တော်၏ မေးခွန်းဖြင့်
အဆုံးသတ်ပါမည်။
လူသားသည်
ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လော။
ခရစ်တော်ကိုယ်တိုင်
ကျွန်တော်တို့အတွက် သည်းခံပြီး ယုံကြည်ခြင်း ခရီးကိုအဆုံးတိုင် သွားခဲ့ပြီ။ ယောဘ၊
ယာကုပ်၊ ဒံယေလနှင့် အဖော်သုံးယောက်လည်း သခင်ခရစ်တော်၏ ခရီးကို အတူတူ အဆုံးတိုင်
သွားခဲ့ပြီ။ ရွေးချယ်ထားသော သန့်ရှင်း
သူများသည်လည်း သွားရမည့်လမ်းတစ်လမ်းတည်းသာ
ရှိသည်။ ခရီးအဆုံးတိုင် လျှောက်သော သူရှိသလား။
ယုံကြည်ခြင်းကို
မြေကြီးပေါ်မှာ မည်လော။
ဗျာဒိတ်ကျမ်း ၁၃း၁၀
“သူတစ်ပါးကို ဖမ်းဆီးယူသွားသော သူသည် ကိုယ်တိုင်ဖမ်းဆီးယူသွားခြင်းကို
ခံရလိမ့်မည်။ ဓားဖြင့် သတ်သော သူသည်လည်း ကိုယ်တိုင် ဓားဖြင့် သေရမည်။ ဤအရာ၌
သန့်ရှင်းသူတို့လည်း သည်းခံရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။”
သန့်ရှင်းသူတို့၏
သည်းခံစရာ အကြောင်းများမှာ ခရစ်ယာန်များအတွက် အမြဲကိုင်စွဲ ရမည့် လက်နက်ဖြစ်သည်။
သည်းခံယုံကြည်ခြင်း လက်နက်ကို ကိုင်စွဲထားသည့် အသင်းတော်သည်လည်း အစဉ်အမြဲ ရှိမည်။
ကောင်းကင်တမန်
သုံးပါးသတင်းစကားအဆုံးတွင် သည်းခံယုံကြည်သော လူတစ်စု အမြဲ ရှိသည်။ ထိုလူတစ်စုက-
ဗျာဒိတ်ကျမ်း ၁၄း၁၂
“ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊
စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။”
ဘုရာသခင်၏
ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သော
သန့်ရှင်းသူ တစ်စု ဖြစ်သည်။ သခင်ခရစ်တော် ၏ မေးခွန်းကို သင်မည်သို့
အဖြေပေးမည်နည်း။ သန့်ရှင်းသူများ၏ သည်းခံခြင်း နည်းဗျူဟာသည် အောင်မြင်ခြင်း
ဖြစ်သည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” တွင် ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့
မည်လော။
ထိုကြောင့်
နောက်ဆုံးကာလမှာ သန့်ရှင်းသောသူများ အောင်မြင်မှု ရရှိရန် သည်းခံခြင်း
လိုအပ်နေပါပြီ မိတ်ဆွေ။
အားလုံးအပေါ်
ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီး မင်္ဂလာသည် မိတ်ဆွေ အတွက် ဖြစ်ပါစေ။
အာမင်။
No comments:
Post a Comment