၁၆။ မြေကြီး၌
ရိတ်စရာ စပါးမှည့်ပါပြီ
(Thန hမေလနျအ သ် အ့န
နမေအ့ ငျ မငစန)
ဆုတောင်းခြင်းဖြင့်
အစပြုရန်
ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၄ တွင် ကမ္ဘာတစ်ဝန်းရိတ်သိမ်းခြင်း သတင်းစကားကို ဖော်ပြထားပါသည်။
ကောင်းကင်တမန် သတင်းစကားဖြင့် ခွဲခြားထားသော လူနှစ်စုအတွက် အတူညီသော အကျိုးရလဒ်ကို
ဖော်ပြထားပါသည်။
ဗာဗုလုန်မြို့ကြီး
သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်ပုန်ကန်သော စာတန်၏ စနစ်ဖြစ်သည်။
ယေရုရှလင်မြို့သည် “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို အကြွင်းမဲ့ နာခံသော ခရစ်တော်၏ စနစ်ကို
ပုံဆောင်ပါသည်။
အသင်းတော်သည် နေ၏
အရောင်အလင်းကဲ့သို့ ဝတ်လုံကို ဝတ်ဆင်ထားပါသည်။
ဝတ်လုံညစ်ပေခြင်း အကြောင်းမှ
စတင်လေ့လာကြပါစို့။
ဂလာတိဩဝါဒစာ
၃း၂၆-၂၇ “အဘယ်သို့ နည်းဟူမူကား၊ သင်တို့ အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်
ဘုရားသခင်၏ သား ဖြစ်ကြ၏။ ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူ ရှိသမျှတို့သည် ခရစ်တော်ကို
ယူတင်ဝတ်ဆောင်သော သူ ဖြစ်ကြ၏။”
ဗျာဒိတ်ကျမ်း
၇း၉-၁၀ “ထိုနောက်မှ ငါကြည့်လျှင် အသီးသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်
ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သော လူများ အပေါင်းတို့သည် ဖြူသော
ဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ
ရပ်နေကြ၏။ သူတို့ကလည်း ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်
သိုးသငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့်
ကြွေးကြော်ကြ၏။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော စာတန်၏
စနစ်ကို ရွေးချယ်သော အားဖြင့် နာခံမှု မရှိခြင်း၊ အဝတ်မရှိခြင်း၊ ဖြောင့်မတ်ခြင်း
မရှိသောကြောင့် ဖြစ်လာသည့် အရှက်နှင့် သေခြင်းကို ဖုံးကွယ်ရန် ဝတ်လုံကို ပြန်လည်
ပေးအပ်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ သခင်ခရစ်တော် ပေးသော ဝတ်လုံကို
ရွေးချယ်ပြီး ဝတ်ဆင်ထားရမည်။
ဟေဗြဲဩဝါဒစာ
၁၂း၂၂-၂၄ သခင်ခရစ်တော်၏ စနစ်ဖြစ်သော “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံလျက် ဝတ်ဆင်ခြင်းကို ကျမ်းစာတွင် “သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊
အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင် ယေရုရှလင်မြို့သို့
လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသိုပ
လည်းကောင်း၊ ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊
ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့ လည်းကောင်း၊
စုံလင်ခြင်းသို့ ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့လည်းကောင်း၊
ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗြေလ၏
အသွေးပြောဆိုသော အရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့
လည်းကောင်း ရောက်ကြ၏။” သခင်ခရစ်တော်၏
ဖြောင့်မတ်ခြင်းသည် ကောင်းကင်မိသားစုတွင် ပါဝင်နိုင်ရန် ဘုရားသခင် လက်ခံတော်မူသည့်
အခွင့်အရေး ဖြစ်ပါသည်။
ဂလာတိဩဝါဒစာ ၄း၂၆
ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူ ရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော
သူဖြစ်သောကြောင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို အကြွင်းမဲ့
နာခံသော ခရစ်တော်၏ စနစ်တွင် ပါဝင်ခြင်း ဖြစ်သည်။ “အပေါ်မှာ ရှိသော
ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော
မိန်းမဖြစ်သတည်း။”
ဖိလိပ္ပိဩဝါဒစာ
၃း၂၀၊ ၂၁ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။
ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု
ငါတို့သည် မျှော်လင့်လျက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသော အရာကို ပင် မိမိအောက်၌
နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏
ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏
နည်းတူဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတ္တံ့။”
ထို့ကြောင့်
ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် မည်သည့် အရပ်ဒေသတွင် နေထိုင်သူ ဖြစ်ပါစေ။ မည်သည့်
လူမျိုး ဖြစ်ပါစေ၊ ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော ကျွန်ုပ်တော်တို့ အားလုံးသည်
ကောင်းကင်နိုင်ငံသား ဖြစ်ပါသည်။ ကျွန်ုပ်တို့ နိုင်ငံ၏ မြို့တော်မှာ
ယေရုရှလင်ဖြစ်ပါသည်။
ဗာဗုလုန်မြို့ကြီးသည်
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်သော စာတန်၏ စနစ်ဖြစ်သည်။ ဘုရားသခင်၏ မြို့တော် ယေရုရှလင်ကို ဝန်းရံကာဆီး နှောင့်ယှက်သော
ဝိညာဉ်ရေး စနစ် ဖြစ်ပြီး ပျက်စီး ဆုံးရှုံးစေလိုသည့် စိတ်ဆန္ဒသဘောဖြစ်သည်။
ယေရုရှလင်မြို့တော်တွင် ခိုလှုံသော သူအားလုံးနိုင်ငံတော်တွင် ထာ၀ရစိုးစံရန်
သခင်ခရစ်တော် လာခေါ်မည်။
ဗျာဒိတ်ကျမ်း
၁၄း၁၄-၁၆ “ဘုရားသခင် ပြဌာန်းတော် မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံသော အဖွဲ့သည် မြို့တော် အထဲတွင် နေရမည့် အဖွဲ့ဖြစ်ပြီး (ဗျာ ၁၄း၁၄-၁၆) တွင်
မြေကြီး၏ စပါးအဖြစ် ပုံဆောင်ပါသည်။ “တစ်ဖန်ငါကြည့်လျှင်၊ ဖြူသော မိုးတိမ်ရှိ၏။
လူသားတော်နှင့်တူသော သူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သော
တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ကောင်းကင်တမန်တစ်ပါးသည်
ဗိမာန်တော်ထဲက ထွက်၍ ကိုယ်တော်၏ တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသော
အချိန်ရောက်ပါပြီ။ မြေကြီး၌ ရိပ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ
ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။ မိုးတိမ်ပေါ်မှာ ထိုင်သောသူသည်
မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏ စပါးကို ရိတ်တော်မူ၏။”
ကောင်းကင်ရုံးတော်မှ
ဆုံးဖြတ်ထားသည်အတိုင်း ခွဲခြားထားပြီး ဖြစ်သော လူနှစ်ခုထဲမှ စပါးဖြင့်
ပုံဆောင်ထားသည့် ကောင်းသောသူ တစ်စုကို ပထမလာခေါ်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်
တံဆိပ်ရိုက်ထားသူ၊ ဘုရားသခင်ကို ချစ်သောသူ၊ “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့နာခံပြီး ခရစ်တော်၏ နောက်တော်ကို လိုက်လျက်
ယေရှု၏
သက်သေခံချက်ကို ခံယူသောသူ၊ ဝတ်လုံကို
ဝတ်ဆင်ထားသူ၊ ဘုရားသခင်၏ သနားခြင်း ကရုဏာဖြင့် ဆက်ဆံမှုကို တန်ဖိုးထား မြတ်နိုးသော
သူများ ဖြစ်ပါသည်။
ဒံယေလ
အနာဂတ္တိကျမ်း အခန်းကြီး ၇း၁၃-၁၄ တွင် ကောင်းကင်ရုံးတော်မှ ဆုံးဖြတ်ထားသည်အတိုင်း
ခွဲခြားထားသော လူနှစ်စုကို ခရစ်တော်သည် ခမည်းတော်၏ ပလ္လင်တော်ရှေ့သို့
ယူဆောင်လာပါသည်။ အာဏာကိုလည်း လက်ခံရယူခြင်း ဖြစ်သည်။ “ထိုညဉ့်အခါ ငါသည် အာရုံပြု၍
လူသားနှင့်တူသော သူတစ်ဦးသည် မိုးတိမ်ကို စီးလျက်၊ အသက်ကြီးသောသူ၏ အထံတော်သို့
ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ အရပ်ရပ်တို့၌ နေ၍ အသီးသီး
အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူသည်
နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို ရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက် တည်၏။
နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။”
မိုးတိမ်ကို
စီးပြီး အသက်ကြီးသော သူရဲ့ အထံတော်ကို သခင်ခရစ်တော် သွားရောက်ခဲ့သည်။ မည်သည့်
အဖွဲ့သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံသော အဖွဲ့၊ မည်သည့် အဖွဲ့သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်ပုန်ကန်သော အဖွဲ့ဖြစ်ကြောင်း ခမည်းတော်ထံတွင် တင်ပြသည်။ သားရဲ၏ တံဆိပ်ကို
ခံယူထားသော အဖွဲ့နှင့် ဘုရားသခင် တံဆိပ်ရိုက်ထားသော အဖွဲ့ဟူ၍ နှစ်ဖွဲ့ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း
၁၄း၁၇၊ ၁၈ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို
အကြွင်းမဲ့ဆန့်ကျင် ပုန်ကန်သော အဖွဲ့သည် မြို့အပြင်တွင် နေရမည့် အဖွဲ့ဖြစ်ပြီး
(ဗျာ ၁၄း၁၇၊ ၁၈) မြေကြီး၏ စပျစ်သီး ပြွတ်အဖြစ် ပုံဆောင်ထားပါသည်။ “ကောင်းကင်တမန်တပါးသည်
ကောင်းကင်ဘုံ၌ ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သော တံစဉ်ပါ၏။ မီးကို
အစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲက ထွက်၍ ထက်သော တံစဉ်ပါသော သူကို
ကြီးစွာသော ကြွေးကြွော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ ထက်သော တံစဉ်ကို လွှတ်၍ မြေကြီး၏
စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီးဟု ပြောဆို၏။”
မြေကြီး၏
စပျစ်သီးပြွတ်သည် ဆိုးသွမ်းမှုတွင် ကမ်းကုန်သော လူစုဖြစ်ပါသည်။ ထိုသူတို့အတွက်
မိုက်မဲသော နည်းလမ်းအသစ် မရှိတော့ပါ။ နှစ်တစ်ရာထပ်ပြီး အသက်ရှင်ခွင့်ရလျှင်
ဆက်ပြီး မိုက်တွင်းနက်ဦးမည် ဖြစ်ပါသည်။ နောင်တမရှိ။
ဗျာဒိတ်ကျမ်း
၁၄း၁၉-၂၀ “ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏
စပျစ်သီးကို ရိတ်ပြီးမှ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့
ချလေ၏။ မြို့ပြင်၌ နယ်ရာ တန်ဆာကို ဖိနင်း၍ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာ
ခရီးတစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။”
ကောင်းကင်တမန်၏
သတင်းစကားအတိုင်း ဖြစ်လာပါသည်။ ဗျာဒိတ်ကျမ်းတွင် ရေးထားသမျှ အသုံးအနှုန်းများသည်
ဓမ္မဟောင်းကျမ်းမှ အနာဂတ္တိစကားများကို ရောင်ပြန်ဟပ်ခြင်း ဖြစ်ပါသည်။
ယောလအနာဂတ္တိကျမ်း
၃း၉-၁၂ “ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှါ
ပြင်ဆင်၍ စစ်သူရဲတို့ နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍
တက်လာကြစေ။ သံထွန်သွားများကို ဓားဖြစ်စေခြင်းငှါ လည်းကောင်း၊ တံစဉ်များကို
လှံဖြစ်စေခြင်းငှါ လည်းကောင်း ထုလုပ်ကြလော့။ အားနည်းသောသူက ငါအားကြီးသည်ဟု
ပြောဆိုစေ။ ပတ်လည်၌ နေသော တစ်ပါးအမျိုးအပေါင်းတို့၊ စုဝေး၍ လာကြလော့။
သင်းဖွဲ့ကြလော့။ စုဝေးစု အရပ်၌ သင်တို့သူရဲများကို ထာ၀ရဘုရား နှိမ့်ချတော်မူမည်။
တစ်ပါး အမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌ နေသော
တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှါ ထိုအရပ်၌ ငါထိုင်မည်။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလ်ိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ နာခံသော အဖွဲ့သည်
ယေရုရှလင်မြို့အတွင်း စုဝေးနေကြစဉ်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော အဖွဲ့သည်
မြို့အပြင်ဗာဗုလုန်တွင် စုသိမ်းထားပါသည်။
ယောလ အနာဂတ္တိကျမ်း
၃း၁၄-၁၅ “ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများ စည်းဝေးလျက် ရှိကြ၏။
ကွပ်မျက်ရာချိုင့်၌ ထာ၀ရဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။ နေနှင့်လသည်
မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။” ကမ္ဘာမြေကြီးကို
ဖန်ဆင်းခါစ အချိန်နေ့ရက်များနှင့် တူပါသည်။ လွတ်လပ်လဟာ ဖြစ်သော အခြေအနေမှ
အသစ်ပြန်လည် ဖန်ဆင်းခြင်း ဖြစ်သည်။
ယောလ အနာဂတ္တိကျမ်း
၃း၁၆-၁၉ “ထာ၀ရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍ ယေရုရှလင်မြို့ထဲက အသံကို
လွှင့်တော်မူသဖြင့် မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင်
ထာ၀ရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရလ အမျိုးသားတို့၏
အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်။ ငါသည်လည်း ငါ၏ သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ
နေသော သင်တို့၏ ဘုရားသခင် ထာ၀ရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
ယေရုရှလင်မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောင်တစ်ဖန် ထိုမြို့ကို
တစ်ပါးအမျိုးသား မနင်းရ။ ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။
နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။
ထာ၀ရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။ ယုဒပြည်၌
အပြစ်မရှိသော သူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်
အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ပုန်ကန်သောသူ၊ အံတုသောသူ၊ မုန်းတီးသောသူ၊
နာမခံသောသူ အားလုံးသည် ဆန့်ကျင်ဘက် စနစ်ဆိုးထဲတွင် ပါဝင်သည်။
ယောလအနာဂတ္တိကျမ်း
၃း၁၉-၂၁ “ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။ ယုဒပြည်မူကား၊ ထာ၀ရပြည်၊
ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက် တည်းသော မြို့ဖြစ်လိမ့်မည်။ ထိုမြို့သားတို့သည်
အသေသတ်ခြင်းကို ခံရသော အပြစ်ကြောင့် ငါသည် မပေးသေးသော ဒဏ်ကို တစ်ဖန် ပေးဦးမည်။
ထာ၀ရဘုရားဇိအုန်တောင်ပေါ်မှာ ကိန်းဝပ်တော်မူသတည်း။”
ပုရောဖက်ယောလဖော်ပြထားသော
ပုံရိပ်များသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ တွင် မြင်နေရသည်။ ကောင်းကင်တမန်သုံးပါး၏
သတင်းစကားတွင် ဖော်ပြထားသည်အတိုင်း ဘုရားသခင် ဝိညာဉ်တော်သည် တန်ခိုးအစွမ်းပြမည်။
ကောင်းကင်တမန်၏
သတင်းစကား အတိုင်း အဆင့်သုံးဆင့်ဖြင့် လူနှစ်စုကို ခွဲခြားမည် ဖြစ်ကြောင်း
ဖော်ပြသည်။
၁။ ကရုဏာတံခါးကို
ပိတ်မည်။ ခရစ်တော်သည် ကောင်းကင်ရုံးတော်မှ စီရင်ဆုံးဖြတ်သည့် အတိုင်း အဆုံးသတ်မည်။
၂။ ဘုရားသခင်၏
လူများမုန်းတီးခံရမည်။ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ ကြံစည်မည်။
၃။ ဘုရားသခင်
ကြားဝင်ကြွလာခြင်းဖြင့် ကာကွယ်ပြီး သူ၏ လူများကို ခေါ်ဆောင်သွားမည်။
ဗျာဒိတ်ကျမ်း
၁၄း၁၇-၂၀ “ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ ရှိသော ဗိမာန်တော်ထဲက ထွက်၍
သူ၌လည်း ထက်သော တံစဉ်ပါ၏။ မီးကို အစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲက
ထွက်၍ ထက်သော တံစဉ်ပါသောသူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏
ထက်သော တံစဉ်ကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီးဟု
ပြောဆို၏။ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏ စပျစ်သီးကို ရိတ်ပြီးမှာ ဘုရားသခင်
အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီး ထဲသို့ ချလေ၏။ မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း
၍ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာ ခရီးတစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မှီသည်
တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။”
မည်သည့် ဝေါဟာရ
အသုံးအနှုန်းနှင့် စကား အခေါ်အဝေါ်နည်း။ မြင်းများ ရောက်လာသည်။ မြင်းများနင်းသည်။
မြင်းဇက်ကြိုးကို မှီသည်။ ဘယ်က အသွေးတွေလဲ။ ဘယ်မြို့မှာလဲ။ မြင်းကို မည်သူ
စီးလာသနည်း။ အဖြေကို သိရန်-
ဗျာဒိတ်ကျမ်း
၁၉း၁၁-၂၁ “ထိုအခါ ကောင်ကင်ဘုံဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင် မြင်းဖြူရှိ၏။
မြင်းစီးသောသူသည် သစ္စာဟူသော အမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်
စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ ဖြစ်၏။
ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှ တစ်ပါး၊ အဘယ်သူမျှ မသိသော
နာမတော်သည် ရေးထားလျက် ရှိ၏။ အသွေး၌နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏
နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊
စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လက် နောက်တော်သို့လိုက်ကြ၏။”
သခင်ခရစ်တော်နှင့်အတူ
ကောင်းကင်တမန်တပ်များသည် ကာကွယ်ရန်၊ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။
“လူမျိုးတို့ကို
ဒဏ်ခတ်စရာဖို့၊ ထက်သော သံလျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့်
အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော
ဘုရားသခင်၏ ဒေါသ အမျက်တော်၏ စပျစ်သီး
နယ်ရာတန်ဆာကို ဖိနင်းတော်မူမည် ဘုရင်၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည်
အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌ လည်းကောင်း ရေးထားလျက် ရှိ၏။
ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက် ရှိသည်ကို ငါမြင်၏။ သူသည် မိုးကောင်းကင်
အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့် ခေါ် ၍ လာကြလော့။
ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊
အစေခံကျွန်၊ လူလွတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့
စည်းဝေးကြလော့ဟု ဟစ်ကြော်၏ သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏
ဗိုလ်ခြေများတို့သည် မြင်းစီးတော်မူသော သူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ
စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏
ရုပ်တုကို ကိုးကွယ်သော သူတို့ကို လှည့်ဖြား ၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော
မိစ္ဆာပုရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို
ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည် မြင်းစီးတော်မူသော
သူ၏ ခံတွင်းတော်ထဲက ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို
ငှက်အပေါင်းတို့သည်။ ၀စွာ စားရကြ၏။”
ဟေရှာယအနာဂတ္တိကျမ်း
၆၃း၁-၄ “တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသော တန်ခိုးကြောင့် ဝါကြွားခြင်း ရှိ၍၊
ပန်းဆိုးသော အဝတ်ကို ဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှ လာသော ဤသူကား၊ အဘယ်သူ
ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ဟော၍ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော
ငါပေတည်း။ ကိုယ်တော်သည် အဘယ်ကြောင့် နီသော အဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည်
စပျစ်သီးကို နင်းနယ်သော သူ၏ အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။ စပျစ်သီးကို
ငါတစ်ယောက်တည်း နှင်းနယ်ရပြီ။ လူများအထံက တစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍
ကျော်နင်းပြီ ပြင်းစွာ အမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့ အသွေးသည် ငါအဝတ်အပေါ်မှာ
ဖျန်းလျက် ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။ အပြစ်ပေးသော နေ့ရက်ကို
ငါအောက်မေ့ပြီ။ ငါရွေးနုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။”
သခင်ခရစ်တော်၏
ကယ်တင်ခြင်း စီမံကိန်းသည် လူသားတိုင်းအတွက် ရည်ရွယ်ပါသည်။ မည်သူမျှ မပျက်စီးစေရန်
အလိုတော်ရှိသည်။ “ဘုရားသခင် ပြဌာန်း
တော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်ပုန်ကန်သော စာတန်၏ လှည့်စားမှုကြောင့် ပျက်စီးခြင်းဖြစ်သည်။
ချစ်ခြင်းမေတ္တာတော်
အရှင်သခင် ခရစ်တော်သည် ဤအချိန်တွင် အဘယ်ကြောင့် မချစ်ဘဲ နေသနည်း။ ရှင်ယောဟန်
ခရစ်ဝင် အခန်းကြီး ၃း၁၆ တွင် လူတိုင်းပျက်စီးခြင်းသို့ မရောက်စေရန် သခင်ခရစ်တော်က
ကြိုးစားခဲ့သော်လည်း အဘယ်ကြောင့် ပျက်စီးရသနည်း။
ဒါဝိဒ်မင်းကြီးသည်
ကောင်းသော သိုးထိန်းဖြစ်ပါသည်။ သိုးကို ရန်မူသော သားရဲများကို မည်သို့ ဆက်ဆံသနည်း။
ကောင်းသော သိုးထိန်းသည် သိုးများအတွက် အသက်ကို အပ်နှံထားသော သူဖြစ်သည်။
သခင်ခရစ်တော်သည် အသက်ဝိညာဉ်များအတွက် ကောင်းသော သိုးထိန်းဖြစ်ပါသည်။
နောက်ဆုံးကာလတွင် ဒါဝိဒ်မင်းကြီးကဲ့သို့ မိမိ၏ သိုးများကို ကာကွယ်မည်။
ယေရမိအနာဂတ္တိကျမ်း
၂၅း၃၀-၃၈ “ထိုကြောင့်၊ သင်သည် ပုရောဖက်ပြုလျက် သူတို့အား ဟောပြောရသော စကားများ
ဟူမူကား။ ထာ၀ရဘုရားသည်မြင့်သော အရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော
ဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကိန်းဝပ်တော်မူရာ အရပ်ဌာန တစ်ဘက်၌
ပြင်စွာကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ်သော သူများ အော်ဟစ်သကဲ့သို့
မြေကြီးသားများ တစ်ဘက်၌ အော်ဟစ်တော်မူမည်။ မြေကြီးစွန်းတိုင်အောင်
အသံနှံ့ပြားလိမ့်မည်။ ထာ၀ရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်း
ရှိ၍ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့်
ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ
အရှင်ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တစ်ပြည်မှ တစ်ပြည်သို့ ကူးသွားလိမ့်မည်။
မြေကြီး အစွန်းအနားတို့မှ ပြင်းစွာသော လေပွေသည် ထလိမ့်မည်။ ထိုအခါ ထာ၀ရဘုရား
ကွပ်မျက်တော်မူခြင်းကို ရသော သူတို့သည် မြေကြီးတစ်ဘက်မှ တစ်ဘက်တိုင်အောင်
နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ
မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အိုသိုးထိန်းတို့၊ ငိုကြွေးအော်အဟစ်ကြလော့။
အိုသိုးကြီးသိုးမြတ်တို့၊ ပြာ၌ လူးလျက် နေကြလော့။ သင်တို့ကို သတ်ရသော
အချိန်ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့် သင်တို့သည် အဖိုးထိုက်သော
တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။
သိုးကြီးသိုးမြတ်
တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
သိုးထိန်းများကို ငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များမြည်သံကို ကြားရ၏။
အကြောင်းမူကား၊ ထာ၀ရဘုရားသည် သူတို့ကျက်စားရာ အရပ်ကို ဖျက်ဆီးတော်မူ၏။
ထာ၀ရဘုရားသည် ပြင်းစွာ အမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာအရပ်တို့သည်လည်း
ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။ ခြင်င်္သေ့ဘာသာ ဓလေ့၊ နေတော်မူရာ ခြုံကို
စွန့်တော်မူပြီ။ ညှဉ်းဆဲသော သူ၏ ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်း အားဖြင့်
သူတို့ပြည်သည် လူဆိတ်ညံရာ အရပ်ဖြစ်ရ၏။”
ဗာဗုလုန်မြို့ကြီးသည်
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်ပုန်ကန်သော စာတန်၏ စနစ်ဖြစ်သည်။ ဘုရားသခင် ကို ဆန့်ကျင်သော မြို့တော်
တစ်ခုလုံးအတွက် မြင်ကွင်းဖြစ်သည်။ သားရဲ၏ ပုန်ကန်သော တံဆိပ်ကို ခံယူခြင်းသည်
ကြမ္မာအဆိုးဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်မှုတွင် (စာတန်၏ စနစ်ဆိုးနှင့် သခင်ခရစ်တော်၏
စနစ်) နှစ်မျိုးမှ မည်သည့် စနစ်ကို ရွေးချယ်မှုဖြင့် ဆုံးဖြတ်ချက်ချရန်
အရေးအကြီးဆုံး ဖြစ်သည်။
ကရုဏာတံခါးမပိတ်ခင်
နောင်တရပါ။ ဘယ်စနစ်ကို ရွေးချယ်ပြီး ကိုးကွယ်နေတာလဲ။ ဘုရားသခင်ကို ယှဉ်ပြိုင်သော
(စာတန်၏ စနစ်) ဆိုးလား။ သခင်ခရစ်တော်၏ အကြွင်းမဲ့ နာခံသော စနစ်လား၊
မိမိအာရုံငါးပါး၌ တည်နေသလား။ သင်မည်သူကို ကိုးကွယ်နေသနည်း။ ဘုရားသခင်ကို
ကိုးကွယ်ပါ။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ နာခံပါ။ ခရစ်တော်၏ တံဆိပ်ကို
ခံယူထားပါ။ ပညတ်တော်ကို နာခံပါ။ သခင့်အပေါ်သစ္စာရှိပါ။ မည်သည့် စနစ်ဖြင့် သင့်ကို
သင်နှောင်ဖွဲ့စေသနည်း။ သခင်ခရစ်တော်၏ ဝိညာဉ်ရေးသိုးထိန်းစနစ်လား။
မိမိအာရုံငါးပါးမှာ တည်နေသည့် စာတန်၏ ဝိညာဉ် သိုးထိန်စနစ်လား။ စပါးလား၊ စပျစ်သီးပြွတ်လား။
လူနှစ်စုမှာ ထင်ရှားခြင်းနားသော ရလဒ်သည် ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာ
ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု ဖြစ်ပါသည်။
မှန်ကန်သော
ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက် ချနိုင်ရန် လိုအပ်နေပါပြီ မိတ်ဆွေ။
အားလုံးအပေါ်
ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာသည် သင့်အတွက် ဖြစ်ပါစေ။ အာမင်။
No comments:
Post a Comment