၁၅။ သားရဲ၏ တံဆိပ်လက်မှတ်
(666; The number of the beast)
ဆုတောင်းခြင်းဖြင့် အစပြုရန်
ပင်လယ်ထဲမှ
ထွက်လာသော သားရဲသည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
ဆန့်ကျင်ပုန်ကန်သော စာတန်၏ စနစ်ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၃း၁ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ နာခံသည့် စနစ်ကို ရှုတ်ချသော
ဘာသာရေးစနစ်ဖြစ်ကြောင်း ကျမ်းစာက “ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍ သားရဲတစ်ကောင်သည်
ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌သရဖူ ဆယ်ဆူကို ဆောင်းလျက်၊
ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက် ပင်လယ်ထဲကတက်သည်ကို
မြင်၏။”
ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော အမည်နာမသည်
မည်သည့် အနက်အဓိပ္ပါယ် ရှိသနည်း။
ဘုရားသခင်၏
နာမတော်ကို ရှုတ်ချသော အမည်နာမ၏ အဓိပ္ပါယ်သည် ကျမ်းစာထဲတွင် ရှိသည်။ မိမိသည်
ဘုရားဖြစ်ကြောင်း ပြောဆိုပြီး ဘုရား၏ တန်ခိုးအာဏာများကို ကျင့်သုံး ဆောင်ရွက်သော
အဓိပ္ပါယ်ဖြစ်သည်။
သက်သာလောနိတ်ဩဝါဒစာ
ဒုတိယစောင် ၂း၉ “ထိုအဓမ္မလူ၏ လာခြင်း အကြောင်း ဟူမူကား၊ စာတန်ပြုပြင်သော အားဖြင့်
မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှု
အမျိုးမျိုးနှင့်လည်းကောင်း။”
ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသော သူသည် စာတန်၏ ပြုပြင်မှုကြောင့် ရောက်လာသည်ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ မုသား၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအမျိုးမျိုးဖြင့် လာလိမ့်မည်။ မိစ္ဆာဓမ္မ၊ ဝိသမလောဘ၊ အဓမ္မရာဂဖြင့် ပေါင်းစပ်သော စာတန်၏ ဝိညာဉ်သုံးပါး ဖြစ်သည်။ လူသားဖြစ်သော်လည်း ဘုရားသခင်ကဲ့သို့ စိတ်ဝိညာဉ်သန့်စင်ရေး လုပ်ငန်းများကို ဆောင်ရွက်သည်။ သခင်ခရစ်တော် လောကတွင် နေစဉ်ကာလ ဆောင်ရွက်ခဲ့သော အမှုတော် လုပ်ငန်းများကို ဆောင်ရွက်သည်။ သခင်ခရစ်တော် မည်ကဲ့သို့ အမှုတော်ကို ဆောင်ရွက်ခဲ့သနည်း။ တန်ခိုးသုံးမျိုးဖြင့် သခင်ခရစ်တော် အမှုဆောင်ခဲ့သည်ဟု ကျမ်းစာတွင် ဖော်ပြထားပါသည်။ ပေတရုက-
တမန်တော် ဝတ္ထု
၂း၂၂ “ဣသရေလလူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သိကြသည်အတိုင်း
နာဇရက်မြို့သားယေရှုသည် ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို
သင်တို့တွင် ပြုရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍၊” ထူးဆန်းသော
တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို သခင်ခရစ်တော် ပြခဲ့သည်။
အန္တီခရစ်သည်
သခင်ခရစ်တော် ပြုလုပ်ခဲ့သော အလုပ်ကို ဆက်ပြီး လုပ်ဆောင်သော သူဖြစ်သည်။
အန္တီခရစ်သည် ခရစ်တော်ကို ဆန့်ကျင့်သော အမြင်ဖြင့် မလာပါ။ ယေရှုကဲ့သို့
ဘုရားသခင်ပေးသော သက်သေကို ရသောသူ ဖြစ်ကြောင်း အန္တီခရစ် သက်သေအထောက်အထား ပြမည်
ဖြစ်သည်။ ဘုရားသခင် ထံမှ ရရှိသော တန်ခိုးနှင့် အခွင့်အာဏာဖြင့် ခရစ်တော်သည်
အမှုတော်ကို ဆောင်ခဲ့ပါသလား။ ဘုရားသခင်ထံမှ ရရှိသော တန်ခိုးနှင့် အခွင့်အာဏာဖြင့်
ခရစ်တော်အမှုဆောင်ခဲ့ပါသည်။
အန္တီခရစ်သည်လည်း
သခင်ခရစ်တော်နည်းတူ ဘုရားသခင်ပေးသော သက်သေရှိကြောင်း ထူးဆန်းသော တန်ခိုး၊
နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများကို ပြုလုပ်ခြင်းဖြင့် ဘုရားသခင် ထံမှ
တန်ခိုးနှင့် အခွင့်အာဏာ ရရှိသူ ဖြစ်ကြောင်း ခိုင်လုံသော သက်သေကို ပြနေပါသည်။
မိမိသည်လည်း ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း စာတန်သည် ထူးဆန်းသော တန်ခိုး၊
နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ပြုခြင်းဖြင့် သက်သေပြမည် ဖြစ်သည်။
ရှင်ယောဟန် ခရစ်ဝင်
၁ဝး၃၀ တွင် “ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်၀တည်း ဖြစ်သည်ဟု မိန့်တော်မူ၏။
ခရစ်တော် ပြောသည်နည်းတူ အန္တီခရစ်သည်လည်း ခမည်းတော်နှင့် တစ်လုံးတစ်၀တည်း
ဖြစ်ကြောင်းကို ဟောပြောပါသည်။
ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသူ ဖြစ်သည်ဟု တရားနားထောင်သော ဂျူးလူမျိုးများက ခရစ်တော်ကို ကျောက်ခဲဖြင့် ပစ်ရန် ကြံစည်ကြသည်။ ဟေဗြဲလူမျိုး၏ ထုံးတမ်းပညတ်အရ-
ဝတ်ပြုရာကျမ်း ၂၄း
၁၆ “ထာ၀ရဘုရား၏ နာမတော်ကို ပြစ်မှားသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်း
ဖြစ်စေ၊ တစ်ပါးအမျိုးသား ဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
မိမိကိုယ်ကို
ဘုရားဖြစ်ကြောင်း ဟောပြောသူ မှန်သမျှ အသေသတ်ခြင်းကို ခံရမည်ဟု ဝတ်ပြုရာကျမ်းတွင်
ရေးထားသည်။ ထိုကြောင့် ဖာရိရှဲများသည် ခရစ်တော်ကို ကျောက်ခဲနှင့် ပစ်ရန်
ပြင်ဆင်ကြပါသည်။ မည်သည့် အကြောင်းကြောင့် ကျောက်ခဲနှင့် ပစ်လိုသနည်းဟု ခရစ်တော်၏
မေးခွန်းကို-
ရှင်ယောဟန် ခရစ်ဝင်
၁ဝး၃၃ “ယုဒလူတို့က ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်
ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည်ဟု
ဆိုကြ၏။”
အန္တီခရစ်သည်လည်း
ခရစ်ယာန်တို့၏ အထင်မှား အမြင်မှားသော ဆန့်ကျင့်မှု အမျိုးမျိုးကို ခရစ်တော် နည်းတူ
သည်းခံပါသည်။
ဒံယေလ
အနာဂတ္တိကျမ်း ၇း၂၅ နောက်ဆုံးကာလတွင် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသောသူသည်
ခရစ်တော်ကဲ့သို့ ဆန့်ကျင်မှု အမျိုးမျိုးကို တွေ့ကြုံရသော်လည်း သည်းခံလျက်
ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုပြီး ကြီးစွာသော စကားကို ပြောလိမ့်မည်။ စာတန်သည် “အမြင့်ဆုံးသော
ဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏
သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို
ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်လုံး သူသည်
အခွင့်ရလိမ့်မည်။”
ဘုရားကို
ဆန့်ကျင်ဘက်ပြု ၍ ကြီးစွာသော စကားကို ပြောခြင်းသည် မည်သည့် အဓိပ္ပါယ် ရှိသနည်း။
ကျမ်းစာတွင် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ ချိုငယ်သည် မည်သည့် စကားကိုပြောခဲ့သနည်း။
ဗျာဒိတ်ကျမ်း ၁၃း၅ “ထိုသားရဲသည်လည်း
ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို လည်းကောင်း
ပြောတတ်သော နှုတ်နှင့် ပြည့်စုံ ၍ လလေးဆယ်နှစ်ပတ်လုံး စီရင်ရသော အခွင့်ကိုရ၏။”
ဘုရားကို ဆန့်ကျင်ဘက်ပြုပြီး ကြီးစွာသော စကားဖြင့် ဘုရားသခင်ကို ပြစ်မှားခြင်း ဖြစ်သည်။ ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသော သူသည် မြေကြီး ပေါ်တွင်ဘုရားသခင် ဖြစ်ကြောင်း ကြွေးကြော်သည်။ အပြစ်မှ ခွင့်လွှတ်ခြင်းနှင့် သန့်ရှင်းခြင်းအတွက် ဆေးကြောခြင်း လုပ်ငန်းကို မြေကြီးပေါ်တွင် ဘုရားကဲ့သို့ ကျင့်သုံး သည်။
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၈ တွင် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသောသူသည် သခင်ခရစ်တော်
ကောင်းကင်ဗိမာန်တော်တွင် ဆောင်ရွက်နေသည့် အမှုတော် အားလုံးကိုမြေကြီးပေါ်တွင်
ကျင့်သုံးလျက် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” နှင့်
ပညတ်တရားကိုလည်း ပြောင်းလဲပိုင်သော အချုပ်အခြာအာဏာပိုင် ဖြစ်သည်ဟု မိမိကိုယ်ကို
ယူဆပါသည်။ ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း မိမိကိုယ်ကို ဟောပြောသည် သာမက ဘုရား၏
အချုပ်အခြာအာဏာကိုလည်း ကျင့်သုံးနေပါသည်။
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၈ နှင့် အခန်းကြီး ၇ တွင် ဖော်ပြထားသော ချိုငယ်သည် အန္တီခရစ်နှင့်
အကြောင်း ထပ်တူဖြစ်ပါသည်။ ချိုငယ်သည် သခင်ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သော
သဘောဖြင့် ပေါ်လာခြင်း မဟုတ်ပါ။ သခင်ခရစ်တော် ပျိုးခဲ့သော သစ်ပင်ကို
နေရာပြောင်းစိုက်သော သဘောဖြင့် ပေါ်လာခြင်း ဖြစ်သည်။
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၈း၁၁ ချိုငယ်သည် သခင်ခရစ်တော်ကို အမွှမ်းတင် ချီးမြှောက်ပြီး
သခင်ခရစ်တော်နည်းတူ အသက်ရှင်လျက် ခရစ်တော် ကဲ့သို့ ဆန့်ကျင်သော သူများကြောင့်
ဆင်းရဲ ဒုက္ခကို ရင်ဆိုင်သောသူ ဖြစ်ကြောင်း သက်သေထူလျက် သခင်ခရစ်တော်၏ နေရာကို
ရယူခြင်း ဖြစ်သည်။ “ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်
နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်၍ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။”
ယနေ့ကောင်းကင်ဗိမာန်တော်တွင်
သခင်ခရစ်တော်ကြားဝင် ဆောင်ရွက်ပေးသော အမှုတော်ကို ချိုငယ်သည် မြေကြီးပေါ်တွင်
ဆောင်ရွက်သည့် နေ့ရက်အစဉ်ပြုသော ဝတ်ဖြစ်သည်။
“ဗိုလ်ခြေသခင်” မည်သူနည်း။
ယောရှုမှတ်စာ ၅း၁၃-၁၅ “ယောရှုသည် ယေရိခေါမြို့ အနားမှာ ရှိနေစဉ် မြော်ကြည့်၍ လူတစ်ယောက်သည် ဓားကို ဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင် သူ့ထံသို့ သွား၍ သင်သည် ငါတို့ဘက်၌ နေသောသူလော၊ ငါတို့ ရန်သူဘက်၌နေသော သူလောဟု မေးသော်၊ ထိုသူက ထိုသို့မဟုတ်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ ယခုငါလာသည်ဟု ဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပျက်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူးက၊ သင်၏ ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြုလေ၏။” “ဗိုလ်ခြေသခင်” သည် သခင်ခရစ်တော်ဖြစ်သည်။ ချိုငယ်သည် သခင်ခရစ်တော်၏ နေရာကို ရယူသည် သာမက ခရစ်တော်၏ အလုပ်များကိုလည်း ဆောင်ရွက်သည်။ နေ့ရက်အစဉ်ပြုသော ဝတ်ပြုသော ဝတ်အကြောင်းကို ဗိမာန်တော် အကြောင်း တရားဟောချက်များတွင် စုံစုံလင်လင် လေ့လာ သွားပါမည်။
ယဇ်ပုရောဟိတ်သည်
ဗိမာန်တော် ပရဝဏ်နှင့် သန့်ရှင်းရာဌာနတော် အထဲတွင် ဆောင်ရွက်သော လုပ်ငန်းများသည် “နေ့ရက်အစဉ်ပြုသောဝတ်” ဖြစ်သည်။
နံနက်နှင့် ညနေအပြစ်ဖြေရာ ပြုသော ပူဇော်ခြင်းများတွင်း၊ ယနေ့ခရစ်တော်သာ
လုပ်ဆောင်သော မီး၊ မုန့်၊ နံ့သာမွှေး နေ့စဉ် အလုပ်များကို သခင်ခရစ်တော် ကဲ့သို့
ချိုငယ်သည် အကုန်ရယူပြီး မြေကြီးပေါ်တွင် ဘုရားသခင် ဖြစ်ကြောင်း
သက်သေပြခြင်းဖြစ်သည်။
သခင်ခရစ်တော်၏
နေရာကို ယူ၍ ရနိုင်သည်ဟု စိတ်အထင်ဖြင့် ကြံစည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏
နာမတော်ကို ရှုတ်ချသော သဘောတရားကို သိပြီလား။ မည်သည့် ဘာသာရေး စနစ်တွင်
ခေါင်းဆောင်သော သူသည် မြေကြီးပေါ်တွင် ဘုရားဖြစ်ပါသည်ဟု ဟောပြောကျင့်သုံးသနည်း။
ရောမပေပါစီ ဖြစ်သည်။ ချိုငယ်၏ ဘာသာရေး စနစ်မှ ထုတ်ဝေခဲ့သော စာပေများကို လေ့လာပါ။
“ပုပ်ရဟန်းမင်းကြီး၏ တန်ခိုးအာဏာစက်မှာ လူမှ အပ်နှံခြင်း မဟုတ်ဘဲ ဘုရားသခင် ကိုယ်တော်တိုင် ပေးအပ်ထားခြင်းကြောင့် ဘုရားသခင်၏ ပညတ်တော်များကို ပြောင်းလဲပိုင်ခွင့် ရှိပါသည်။ ဤလောကတွင် ဘုရားသခင်၏ ကိုယ်စား လုပ်ပိုင်ခွင့် ရှိပြီး ကိုယ်တော်၏ သိုးများကို ချုပ်ကိုင်ခွင့်နှင့် လွှတ်ပေးပိုင်ခွင့် အပြည့် အဝ ရှိသည်။” (Lucius Ferrais. Prompa Bibliotheca, vol, 2)
“ဘုရားသခင်နှင့်ဆိုင်သည့် အရာများကို လူစီရင်ပိုင်ခွင့် မရှိ။ ကွန်စတ်တင်းဘုရင်သည် ပုပ်ရဟန်းမင်းကို ဤလောက၌ရှိသော ဘုရားသခင်ဟူ၍ အသိအမှတ်ပြုထားသည့် အတွက် ထိုပုပ်ရဟန်မင်းများကို လူ၏ စည်ကမ်း ဥပဒေများဖြင့် ချုပ်နှောင်၍ မရသည့် အပြင် တမန်တော်များ ဤလောကသို့ ဆင်းသက်၍ အာဏာပြဌာန်းလျှင်လည်း မရကြောင်းတွေ့ရပါသည်။ ကျွန်ုပ်တို့သည် ကျဆုံးခြင်းမရှိ။ မည်သို့ ပြုစေကာမူ သူတစ်ပါးကို ရှင်းပြစရာမလို။ မိမိတစ်ဦးတည်း၌သာ တည်နေပါသည်။” (Pope Nicholas I, as citedin the papacy and the act of the civil power, 21p 234).
“အသင်းတော်အတွင်း ပုပ်ရဟန်းမင်းသည် အကြီးမြတ်ဆုံးသော ဒိသာပါမေပါမောက္ခ ဖြစ်သည်။ ဘုရားသခင် ထံတော်ပါးသို့ စိတ်နှလုံးတစ်လုံး တစ်၀တည်း၊ ယုံကြည်ခြင်း တစ်ပါးတည်း၌ ဆက်ကပ်နာခံသကဲ့သို့ ပုပ်ရဟန်းမင်းထံတော်သို့ ချဉ်းကပ်ခံယူရပါမည်။ Pope Leo XIII, The great encyclical letters of Leo XII, p. 193)
“ငါတို့သည် ထာ၀ရဘုရားရှင်၏ ကိုယ်စား ဤကမ္ဘာကြီးကို အုပ်စိုးပိုင်ဆိုင်ခွင့် ရှိသည်။ (Pope Leo XII, The great encyclical letters of Leo XII, P. 304).
“ကယ်တင်ရှင်သည် ဘုရားကျောင်းအတွင်းသို့ ကြွမြန်းတော်မူပြီးလျှင် အပြစ်ဝန်ချတောင်းပန် အာပတ်ဖြေလျက် ရှိသည်။ နောင်တရသည့် အပြစ်သားတိုင်း၏ အပြစ်ဝန်ခံချက်များကို နာခံပြီးလျှင် ယေရှုကိုယ်တော်က “နါသ အန ဘျေသူလသ” ဟု မိန့်တော်မူသည်။ ထိုနည်းတူ ဘုန်းကြီးကလည်း နါသ အန ဘျေသူလသ ဟု ပြောပါလိမ့်မည်။ ထိုအချက်နှစ်ချက် စလုံးတူညီနေပါလိမ့်မည်။ St. Alphonsus de Liguorl. Dignity and duty of the priest or Selves, p. 28).
“ဘုန်းတော်ကြီးသည် မိမိ၏ ဖန်ဆင်းရှင်ကို ဖန်ဆင်းသောသူ ဖြစ်ပါသည်။ ပွဲတော် မင်္ဂလာဝင်ရာ၌ သခင်ခရစ်တော်ကို အသစ်တစ်ဖန် ဖန်ဆင်းပြီး ခမည်းတော် ဘုရားထံတော်သို့ ဆက်ကပ်ပါသည်။ ဖန်ဆင်းခြင်း အချိန်အခါ၌ ဘုရားသခင် အမိန့်တော် ရှိ၍ တည်ရှိသည့် နည်းတူ ဘုန်းတော်ကြီးသည် ပါးစပ်ဖြင့် ““Hoc eat corpus mrum” ဟု အမိန့်တော် ရှိလျှင် ပေါင်မုန့်သည် သခင်ခရစ်တော်၏ ကိုယ်ခန္ဓာ သို့ ပြောင်းလဲသွားသည်။ “St. Bernardine of Sienna” ၏ အဆိုအရ ဘုန်းတော်ကြီးသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိတော်မူသည်။ အကြောင်းမှာ ပေါင်မုန့်ကို သခင်ခရစ်တော် ၏ ကိုယ်ခန္ဓာ အဖြစ်ပြောင်းလဲစေခြင်းသည် ကမ္ဘာကြီးကို ဖန်ဆင်းခြင်းကဲ့သို့ တန်ခိုးဖြစ်ပါသည်။” (St. Alphonsus de Liguorl. Dignity and duty of the priest or selves. Pp. 33.34).
ဘုရားသခင်၏
နာမတော်ကို ရှုတ်ချသောသူ ဖြစ်ကြောင်း ကျမ်းစာတွင် ဖွင့်ဆိုခြင်း ဖြစ်သည်။
“ခရစ်တော်ကောင်းကင်သို့
တက်ကြွတော်မူစဉ်၌ အထူးသဖြင့် ယဇ်ပလ္လင်တွင် မိမိ၏ ကိုယ်စား ဘုရားသခင်နှင့်လူတို့
စပ်ကြား ကြားခံဖျန်ဖြေသူ အဖြစ် ဘုန်းတော်ကြီးများကို ခန့်အပ်ထားတော်မူခဲ့ပါသည်။
နါသ အန ဘျေသူလန ဟူ၍ မိန့်တော်မူပြီး အပြစ်ကို ဖြေရာတွင် ဘုန်းတော်ကြီးသည် ကယ်တင်ရှင်
ကိုယ်စား မိန့်ဆိုလျက် ရှိနေပါသည်။
လူသားများ၏
အပြစ်ကို ခွင့်လွှတ်ပေးခြင်းဖြင့် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချခြင်း ဖြစ်ပါသည်။
သက်သာလောနိတ်ဩဝါဒစာ
ဒုတိယစောင် ၂း၄ “ထိုသူသည် ဘုရားသခင်ဟူ၍ လည်းကောင်း၊ ဘုရားဟူ၍ လည်းကောင်း၊
ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍ ကိုယ်ကိုကိုယ်ချီးမြှောက်သော အားဖြင့်
ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက်
ကိုယ်ကို ပြသောသူ ဖြစ်သတည်း။”
အမည်နာမ၊ နာမည်သည်
ကိုယ်ပိုင်လက္ခဏာနှင့် စာရိတ္တကို ဖော်ပြသည်။ ဗျာဒိတ်ကျမ်း ၁၉း၁၆ ဗိမာန်တော်တွင်
နေ့စဉ်လုပ်ဆောင်ရသော အလုပ်ကို ကြည့်ပါ။ သခင်ခရစ်တော်သာ ဆောင်ရွက်နိုင်သော အလုပ်ကို
အန္တီခရစ်လုပ်ဆောင်ခြင်း ဖြစ်သည်။
ယဇ်ပုရောဟိတ်၏
နေ့စဉ်အလုပ်များမှာ ဗိမာန်တော် ပရဝဏ်နှင့် သန့်ရှင်းရာ ဌာနတွင် လုပ်ရသော တာဝန်
ဖြစ်ပါသည်။ သခင်ခရစ်တော်သာ ဆောင်ရွက်ရသော လုပ်ငန်းများကို အန္တီခရစ်က ယူပြီး
ခရစ်တော် ဆောင်ရွက်သော နည်းအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည်
ကမ္ဘာမြေပေါ်တွင် တည်ရှိသော ဘုရားသခင် ဖြစ်ကြောင်း ကြွေးကြော်ပါသလား။
ဗျာဒိတ်ကျမ်း ၁၉း၁၆ သခင်ခရစ်တော်နှင့် စပ်ဆိုင်သော အရာအားလုံးကို ပုပ်ရဟန်းမင်းက ရယူထားပါသလား။ အန္တီခရစ်သည် ခရစ်တော်၏ နေရာကို အစားထိုးဝင်လာသူ ဖြစ်သည်။ “ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌ လည်းကောင်း၊ ပေါင်တော်၌ လည်းကောင်း ရေးထားလျက်ရှိ၏။”
ဘွဲ့နာမတော်၊
နာမည်များသည် နံပါတ် အရေတွက် ပါဝင်ကြောင်း သိပါသလား။
ဗျာဒိတ်ကျမ်း ၁၃း၁၇
“ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တစ်ခုခုကို
မခံသော သူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှါ လည်းကောင်း စီရင်၏။”
သားရဲ၏ နာမည်သည်
ကိုယ်ပိုင်လက္ခဏာနှင့် စာရိတ္တဖြစ်သည်။ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို
ဆန့်ကျင်ပုန်ကန်သည့် ထုန်ကုန် အမှတ်အသားတံဆိပ် ဖြစ်သည်။ ရှေးအချိန်တွင်
စာပေအရေးအသားများတွင် နံပါတ်ကို အသုံးပြုပြီး စာရေးကြသည်။ ဂရိဖြစ်စေ၊ ဟေဗြဲဖြစ်စေ၊
အတူဖြစ်သည်။ နံပါတ်ရေးခြင်းဖြင့် အခါမည်နာမဖြစ်လာသည်။ ဥပမာ-ကပ်တိုင် အမည်နှင့်
နံပါတ်အမြဲတွဲနေသည်။
CROSS = 777, JESUS =
888. TRADITION = 666, စိတ်ဝင်စားစရာ
ကောင်းပါသည်။ သားရဲ၏ နာမအရေအတွက်ကို မည်သို့ ရှာမည်နည်း။ နံပါတ်သည် လူ၏
အမည်နာမကိုယ်စား ဖြင့် ဖော်ပြခြင်း ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၃း၁၈
“ဤအရာ၌ ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက် ကိုရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။
ခြောက်ရာ ခြောက်ဆယ်ခြောက်လည်းဖြစ်၏။”
သားရဲ၏
ကိုယ်ပိုင်လက္ခဏာသည် စာတန်၏ စာရိတ္တဖြစ်သည်။ စာတန်၏ ကိုယ်ပိုင်လက္ခဏာသည်လည်း
လူသား၏ စာရိတ္တဖြစ်လာသည်။ စိတ်အာရုံငါးပါးထဲတွင် အခြေပြုသည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်ပုန်ကန်လျက် အမှားအမှန်ကို
ကိုယ့်စိတ်သဘောအတိုင်း ပြဌာန်းပြီး စီရင်လိုသော စိတ်သဘောဖြစ်သည်။ လူအားဖြင့်
လူသား၏ အကျိုးအဖို့၊ လူကို ဗဟိုပြုသော စနစ်ဖြစ်သည်။
ဂရိ၊ ရောမ၊ ဟေဗြဲ ဘာသာစကားများတွင် မည်သည့် အကြောင်းကြောင့် လက်တင်ဘာသာကို သုံးသနည်း။ သခင်ခရစ်တော် လူ့ဇာတိခံယူချိန်တွင် ခရစ်တော်ကိုအသက်စတေးခံယူစေသောသူသည် ရောမအာဏာဖြစ်သည်။ သားရဲ၏ အခွင့်အာဏာသည် “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုဆန့်ကျင်ပုန်ကန်သည့် ရောမ၏ စနစ်ဖြစ်သည်။ ထိုကြောင့် ရောမအင်ပါယာတွင် အသုံးပြုသော လက်တင်ဘာသာဖြင့် ရေတွက်ရမည်။ ရောမ၏ ကိန်းဂဏန်း ဖြစ်သည်။ အင်ပါယာ တစ်ခုလုံး၏ ရုံးသုံးစာ ဖြစ်သည်။
ရှင်ယောဟန် ခရစ်ဝင်
၁၉း၂၀ ထိုကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင်လည်း ရောမ၏ ရုံးသုံးစာ အဓိက ပါဝင်သည်။ “ယေရှုကို
လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည်။ မြို့နှင့် နီးသည် ဖြစ်၍ ထိုလိပ်စာကို
ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာ အားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည်
ဖတ်ကြ၏။”
ရောမ၏
တရားဝင်ရုံးသုံးစာမှာ လက်တင်ဘာသာ ဖြစ်သည်။ ထိုကြောင့် အမည်နံပါတ်သည်လည်း
လက်တင်နံပါတ်ဖြစ်သည်။ လက်တင်ဘာသာကို ကြည့်ပါ။ ရောမ၏ဂဏန်းစာလုံး အားလုံးပေါင်းသော
တန်ဖိုးမှာ ၆၆၆ ဖြစ်သည်။ ရောမသည် စာ လုံးဖြင့်
ဂဏန်းအားလုံးကို ဖော်ပြသည်။ (Iဠဌှုဃီ) (စာတန်၏ စနစ်)သည် ရောမ၏
စနစ်အားလုံးဖြစ်သည်။
I=1/ V=5/ X=10/ L= 50/
C=100/ D=500=666 ( vicarius fel Dei) One who take the place the son of god. (ဘုရား၏
သားတော် နေရာကိုယူသောသူ)
သခင်ခရစ်တော်
ဆောင်ရွက်ရသောလုပ်ငန်းများကို ခန္တီခရစ်က ရယူကျင့်သုံးခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်း၏
အမည်က နံပါတ် ဟုတ်မဟုတ်၊ သမိုင်းအထောက်အထား အရကြည့်ပါ။
“ဤလောကတွင် ဘုရားသခင်၏ သားတော် ကိုယ်စား ကောင်းမြတ်သော အရှင်ပေတရုကို ခန့်ထားတော်မူသကဲ့သို့ တမန်တော်ကို ကိုယ်စားပြုလျက် ရှိသည့် ပုပ်ရဟန်းမင်းကြီးများသည်လည်း ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ တိုင်းပြည်များထဲတွင် ပိုမို၍မြင့်မြတ် ကြီးမားသည့် ဘုန်းတန်ခိုးများကို ရယူပိုင်ထိုက်ပါသည်။” (Donation of Constantine. Letter written by Constantine the great to Pope Sylvester I).
ရောမဧကရာဇ်ဘုရင်သည် အေဒီ ၉ရာစု အချိန်တွင် ဘုရား၏ အာဏာစက်ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုအကြောင်းကို အခြေခံလျက် အေဒီ ၁၁ ရာစု အချိန်တွင်ပုပ်ရဟန်းမင်းသည် ဟို တစ်ချိန်က အကြောင်းကို အထောက်အထားပြပြီး ပုပ်ရဟန်းမင်းသည် ဘာသာရေး သာမက နိုင်ငံရေးမှာလည်း အာဏာပိုင် ဖြစ်ကြောင်း ပြခဲ့သည်။ အေဒီ ၁၅ ရာစုမှ စတင်ပြီ ကွန်စတန်တင်း၏ အညံ့ခံခြင်းကို မေးခွန်းထုတ်ကြသည်။ အတုဖြစ်ကြောင်း ဖော်ပြသည်။ အတူအစစ် အခွဲခြားခင် ကတည်းက ပုပ်ရဟန်းမင်း ၁၀ ပါးကို အသုံးချခဲ့ပါသည်။ အတုသည် အစစ်ကဲ့သို့ နှစ်ပေါင်းရာနှင့်ချီလျက် အကျင့်သား ရနေပြီး ဖြစ်သည်။ ကာသိုလစ်၏ ဥပဒေတွင် ဘောင်ဝင် နေပါသည်။
“အားနည်းချည့်နဲ့နေသည့် ကာသိုလစ် အသင်းတော်ကို ကြည့်ပါ။ မိမိကိုယ်ကို ကာသိုလစ်ဟူ၍ ခေါ်တွင်သည့် လူများကပင် စွန့်ထားလျက် ရှိပါသသည်။ ကာသိုလစ် ပြင်သစ်၊ ကာသိုလစ် ဂျာမဏီ၊ ကာသိုလစ် အီတလီတို့သည် သခင်ခရစ်တော်၏ သားငယ်ကို စွန့်ခွာခဲ့ကြပြီ။ ထိုကြောင့် အသင်းတော်သည် အားအင်ချည့်နဲ့ပြီး ဘုရားသခင်၏ သားငယ် (ပုပ်ရဟန်းမင်း) သည် ဤလောကတွင် အသင်းတော်ကို ပြန်လည် အားမွေးလျက် ရှိနေပါသည်။ ကျွန်ုပ်တို့သည် မျက်နှာလွှဲလျက် နေနေကြပါသည်။” (Cardinal Edward manning. The temporal power of the vicar of Jesus Christ (1862) pp. 141, 142).
ရောမကာသိုလစ်သည်
သခင်ခရစ်တော်၏ ဝိညာဉ်ရေးစနစ်မှ လမ်းခွဲခဲ့ပြီး စာတန်၏ ဝိညာဉ်ရေး စနစ်ကို
ကျင့်သုံးပါသည်။ သူကပဲ ဆက်ပြီး “ဘုရာသခင် သားတော်၏ တန်ခိုးအာဏာသည် ရှိနေသည်ဟု
ထင်ရသယောင် ရှိသော်လည်း ယခုထက် ပိုမိုခိုင်မြဲသော အချိန်အခါ မရှိပါ။”
ရောမကာသိုလစ်
အဘိဓာန် ထဲမှ ဖွင့်ဆိုချက် အရ၊-
“ကာသိုလျစ် အသင်းတော် ခေါင်းဆောင်ကို သခင်ခရစ်တော်၏ သားတော်အဖြစ် ယုံသူများက အသိအမှတ်ပြု လက်ခံထားပါသည်။ ပုပ်ရဟန်မင်းကို ဤလောကတွင် ဘုရားသခင်၏သားတော်ကို ကိုယ်စားပြုသူ၊ သုံးပါးတစ်ဆူ ဘုရားဂိုဏ်းဝင်မှ ဒုတိယဘုရားကို ကိုယ်စားပြသူ အဖြစ် လက်ခံထားပါသည်။” (Pope John Paull II, crossing the threshold of hope.p)
ရောမပုပ်ရဟန်မင်းသည် သခင်ခရစ်တော်၏ နေရာကို ရယူထားသော သူ ဖြစ်ကြောင်း ဝန်ခံပါသည်။ ဘုရားသခင် ဖြစ်ယောင်ဆောင်ပြီး လွန်ကျူးသော စကား ဖြစ်သည်။ ရောမကာသိုလစ်ကျင့်သုံးခဲ့သော စနစ်သည် သခင်ခရစ်တော်သာဆောင်ရွက်ရသော လုပ်ငန်းများကို ခန္တီခရစ်က ရယူပြီး ခရစ်တော် ဆောင်ရွက်သော နည်းအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ကမ္ဘာ့သမိုင်းကို ကြည့်ကြစို့။
“ရောမအသင်းတော်သ်
မိမိ၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းများကို
ဖျက်ဆီးခဲ့ပါသည်။ ထိုကဲ့သို့ မှတ်တမ်းတင်ထားသည့် စာပေများကို မီးရှို့ဖျက်ဆီးရန်
ပုပ်ရဟန်းမင်းများ၏ ကောင်စီများက ဆုံးဖြတ်ထားပါသည်။ ပုံနှိပ်လုပ်ငန်းများ
မတီထွင်မီ ဖြစ်သောကြောင့် စာအုပ်များ ရှားပါးကာ ထိန်းသိမ်းရန် မလွယ်ကူပေ။
ထိုကြောင့် ရောမအသင်းတော်မှ မိမိတို့၏ အကြံအစည်ကို အကောင်အထည် ဖော်ရာ၌ ဟန့်တားမှု
နည်းပါးခဲ့ပါသည်။ (GC.61,2).
Our Sunday visitor,
November 15, 1914. ၁၅ယ ၁၉၁၄. ဗျာဒိတ် ၁၃း၁၈ တွင် ဖော်ပြထားသောအရာသည့် ပုပ်ရဟန်းမင်းကို
ရည်ညွှန်းနေပါသလား။ “ဤအရာ၌ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။
လူ၏ အရေအတွက် ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။” ရောမတွင်
ပုပ်ရဟန်းမင်း၏ နဖူးစည်းမှာ “Vicarius Filli Dei” ဖြစ်သည်။ လက်တင်ဘာသာနှင့် ရေတွက်လျှင် “၆၆၆” ဖြစ်သည်။
ရောမကာသိုလစ်
တရားဝင် ပုံနှိပ်ထုတ်ဝေထားသော စာစောင်ဖြစ်ပါသည်။ နောက်တစ်စောင်၊
Our Sunday visitor,
April 18,1915. ပုပ်ရဟန်းမင်း၏ သရဖူပေါ်ရှိ စာသား၏ အနက် အဓိပ္ပါယ်ကို ဖော်ပြပါ။
ထိုစာသားမှာ “Vicarius Filli Dei” ဖြစ်ပြီး
လက်တင်ဘာသာအားဖြင့် ဘုရားသခင်၏ သားတော် ဟူ၍ ဖြစ်သည်။ ကာသိုလစ်ဘာသာ၏ အယူအဆအရ
အသင်းတော်သည် သက်ရှိထင်ရှား ရှိပြီး ဦးဆောင်သူလည်း အထင်အရှား ရှိရမည်။ သခင်ခရစ်တော် ကောင်းကင်သို့
မတက်ကြွမီတွင် ရှင်ပေတရု ကို မိမိကိုယ်စား ဤလောကတွင် ခန့်ထားတော်မူခဲ့ပါသည်။
ရှင်ပေတရု မရှိတော့သည့် နောက်တွင် ရှင်ပေတရုကို အမွေဆက်ခံသူသည် အသင်းတော်၏
ခေါင်းဆောင်နှင့် ရောမ၏ သာသနာ ပိုင်ချုပ် ဖြစ်ခဲ့ပါသည်။ ထိုကြောင့် ရောမသာသနာ
ပိုင်ချုပ်ကို ဘုရားသခင်၏ သားတော်ဟူသော ဘွဲ့နာမချီးမြှင့်ခဲ့ပါသည်။
နောက်တစ်စောင်က ထုတ်ဝေသော စာစောင်တွင် မဟုတ်မမှန်ကြောင်း ပြန်ပြောင်းထားပါသည်။
Our Sunday visitor,
September 16,1917. “Vicarius Filli Dei” စကားလုံးသည်
ပုပ်ရဟန်းမင်း၏ ဘွဲ့နာမ မဟုတ်ပါ။ တရားဝင် ဂုဏ်ပုဒ်တွင် မပါဝင်ပါ။”
ကွန်စတန်တင်းထံမှ ရယူခဲ့သော အာဏာကို ကျင့်သုံးလာခြင်းဖြင့် ခိုင်မာသော ယဉ်ကျေးမှု ဖြစ်ထွန်းနေပါပြီ။ ပုပ်ရဟန်မင်းသည် သခင်ခရစ်တော်၏ ကိုယ်စား ဖြစ်ကြောင်း စာစောင်များဖြင့် သတင်းဖြန့်ခဲ့ပြီး ဖြစ်သည်။ ပုပ်ရဟန်းမင်း၏ တရားဝင် အမည်နာမ ဖြစ်ကြောင်း ဝန်ခံပါသည်။ ယနေ့ ၆၆၆ နံပါတ်သည် တခြားလူကို ပေးခြင်းလည်း ရှိ၏။ ဥပမာ၊ Dux cleric (head of the clergy)… Latinos (Latin man )…Ludovicus (chief of the court of Rome).
ထိုအမည်နာမများသည်
၆၆၆ ဖြစ်သော်လည်း ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသော စရိုက်ပါဝင်ကြောင်း မတွေ့ရပါ။
ဘုရားသခင်ကို ပြစ်မှားသောသူ၏ နာမည်တွင် မိမိသည် သခင်ခရစ်တော် ဖြစ်ကြောင်း၊
ဘုရားသခင် ဖြစ်ကြောင်း၊ သခင်ခရစ်တော်၏ အာဏာ တန်ခိုးကို ပိုင်သူ ဖြစ်ကြောင်းကို
သုံးခြင်း ဖြစ်သည်။
သခင်ခရစ်တော်
ဤလောကကို မစွန့်ခွာမီ မည်သူ့ကို အာဏာအပ်နှင်းခဲ့သနည်း။ သခင်ခရစ်တော်ကိုယ်စား
အမှုတော် ဆောင်ရွက်ပေးမည့်သူသည် မည်သူ ဖြစ်ကြောင်း ပြောခဲ့သနည်း။ ကျမ်းစာက
ပုပ်ရဟန်းမင်းကို အာဏာ အပ်နှင်းခဲ့ကြောင်း မပြောပါဘူး။
ရှင်ယောဟန် ခရစ်ဝင်
၁၄း၁၆-၁၈ “ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော် တည်းဟူသော တစ်ပါးသော
ဥပဇ္စျာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်အပြတ်တည်နေစေခြင်းငှါ သင်တို့အား
ပေးတော်မူမည်။ ထိုဝိညာဉ်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။
ထိုဝိညာဉ်တော်သည် သင်တို့နှင့် အတူနည်းနေ၍ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့
သိရကြ၏။ ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့
လာဦးမည်။”
သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းကိုသာ သခင်ခရစ်တော်၏ ကိုယ်စားလှယ်အဖြစ်ခန့်ထားခဲ့ပါသည်။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်တွင် ထင်ရှားသော ခေါင်းဆောင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်တော်၏ ကိုယ်စားလှယ်အဖြစ် လောကတွင် အမှုတော် ဆောင်ရွက်ရန် စေလွှတ်ခြင်း ဖြစ်သည်။ ခရစ်တော်၏ ကတိစကားကို ရောမအသင်းတော်သည် ဆန့်ကျင်ပြောင်းလဲပါသည်။
ကောင်းကင်နိုင်ငံတော်တွင်
ခရစ်တော်သည် ထင်ရှားသော ခေါင်းဆောင်ဖြစ်သော်လည်း ပုပ်ရဟန်းမင်းက မိမိသည် လောကတွင်
ထင်ရှားသော ခေါင်းဆောင်ဖြစ်ကြောင်း ကြွေးကြော်သည်။ သန့်ရှင်းသော ဝိညာဉ်တော်
အခန်းကဏ္ဍသည် နေရာပျောက်ကွယ်ခဲ့ပါသည်။ ပုပ်ရဟန်းမင်းသည် လောကတွင် ခရစ်တော်၏ နေရာကို
အစားထိုးရယူခြင်း သာမက သန့်ရှင်းသော ဝိညာဉ်တော်၏ နေရာအခန်း ကဏ္ဍကို လည်း
ရယူသူဖြစ်သည်။
ဘုရားသခင်၏
နာမတော်သည် အမှန်တကယ် ရှုတ်ချခြင်း ခံရပါသလား။ အန္တီခရစ် Vicarius Filli Dei နှင့်
ဆင်တူနေသလား။ အန္တီခရစ်ဆိုတာ သခင်ခရစ်တော်ကို ဆန့်ကျင်ပုန်ကန်သော သူမဟုတ်လား။
မှန်ပါသည်။ အန္တီဆိုတဲ့ စကားလုံးက “အစားထိုးနေရာယူသူ” ဖြစ်ပါသည်။
သခင်ယေရှုခရစ်တော်၏
ကျေးဇူးကရုဏာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယအခန်း ကဏ္ဍအားလုံးကို
ရယူထားခြင်း ဖြစ်သည်။ အပြစ်မှ ခွင့်လွှတ်ခြင်းနှင့် သန့်ရှင်းသော အသက်တာ၌
ကြီးထွားခြင်းကို သင်သည် ပုပ်ရဟန်းမင်းထံမှ ရယူလိုပါသလား။ လူသားထံမှ ရယူခြင်းသည်
အန္တီခရစ်ကို ကိုးကွယ်ခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းသည်
သခင်ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နေရာကို ရယူထားပါသည်။ အန္တီခရစ်သည်
နေရာကို အစားထိုးသူ ဖြစ်သည်။ ၆၆၆ ဟာ ဘုရားသခင်ရဲ့ နာမတော်ကို ပြစ်မှားသော စာတန်၏ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော
စနစ်ဖြစ်သည်။
“ဂရိဘာသာ ရှေးစကားဆက် (Anti) အန္တီသည် အကြမ်းအားဖြင့် “ဆန့်ကျင်ဘက်” ဟူ၍ အဓိပ္ပါယ်ရှိသော်လည်း “အစားဝင်ရောက်ခြင်း” ဟူ၍ ပြန်ဆိုနိုင်ပါသည်။ Anti Christ အန္တီခရစ်သည် ဤအဓိပ္ပါယ် နှစ်ရပ်လုံးကို ဆောင်သည်။ သခင်ခရစ်တော်ကို ဆန့်ကျင်သကဲ့သို့ သခင်ခရစ်တော် ကဲ့သို့ ယောင်ဆောင်သူလည်း ဖြစ်နိုင်ပါသည်။ ခရစ်ယာန်အသင်းတော်ကို ရှေ့တန်းမှ ဆန့်ကျင်မည့်အစား အသင်းတော်၏ တည်ထောင်သူ တစ်ဦး အဖြစ် လမ်းမှားသို့ သွေးဆောင်ပါလိမ့်မည်။ သခင်ခရစ်တော် ယောင်ဆောင်၍ မှားယွင်းစွာ ပုံဆောင်လိမ့်မည်။ ဤကဲ့သို့ အယောင်ဆောင်ခြင်းဖြင့် ကိုယ်တော်ကို မှားယွင်းစွာ ဖော်ပြလိမ့်မည်။ သူသည် ခရစ်တော်ကဲ့သို့ ယောင်ဆောင်မည် ဖြစ်သောကြောင့် သူ၏ နောက်လိုက်များသည်လည်း ခရစ်ယာန်များ ဖြစ်လိမ့်မည်။
ထိုနေ့ရက်ရောက်သောအခါ အသင်းတော်သည် တစ်သံတည်းဖြင့် သူ့ကို ခေါင်းဆောင်တင်ကြ ပါလိမ့်မည်။ (Dave Hunt. Global Peace, pp. 6-8)
၆၆၆ သားရဲ၏
တံဆိပ်လက်မှတ်သည် စာတန်၏ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော စနစ်ဖြစ်သည်။ ဘုရားသခင်၏
နာမတော်ကို ရှုတ်ချသူ၏ အာဏာမူပိုင် သင်္ကေတ ဖြစ်သည်။ အန္တီခရစ်၏ အာဏာကို
မကိုးကွယ်ကြပါနှင့်။ ကိုးကွယ်သော သူမှန်သမျှ စာတန်၏ “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့ ဆန့်ကျင်ပုန်ကန်သော တံဆိပ် ၆၆၆ ကို
အမှတ်တံဆိပ်ရိုက်ထားခြင်း ဖြစ်သည်။
ထိုကြောင့်
သခင်ခရစ်တော်၏ ကိုယ်ပိုင် လက္ခဏာနှင့် စာရိတ္တ၏ ဆန့်ကျင်ဘက် ဖြစ်သော ၆၆၆ သားရဲ၏
နာမတံဆိပ်လက်မှတ်ကို ခံယူရန် (သို့မဟုတ်)၊ မခံယူရန် သင်ကိုယ်တိုင် ဆုံးဖြတ်ပါ
မိတ်ဆွေ။
အားလုံးအပေါ်မှာ
ဘုရားသခင် ကောင်းချီးသွန်လောင်းချ ပေးပါစေ။ အာမင်။
No comments:
Post a Comment