(၆) ဗိမာန်တော်၏ အကျိုးပြုထောက်ပံ့မှုဖြင့်
ခံစားရသည့်အကျိုးကျေးဇူး
လက်ဝါးကပ်တိုင်တွင် ဘုရားသခင်သည် မည်သည့်အမှုကို ဆောင်ရွက်ခြင်းနှင့်
ပင်တေကုတ္တေနေ့တွင် ကောင်းကင်မှ မီးကျလာသည့်ဖြစ်ရပ် နှစ်ခုစပ်ကြားတွင်
ဆက်စပ်မှုရှိပါသည်။ ပင်တေကုတ္တေနေ့တွင် မြေကြီးပေါ်၌ မည်ကဲ့သို့ဖြစ်ပျက်သည်ကို
များစွားသော ခရစ်ယာန်တို့သည် အာရုံစူးစိုက်ကြသော်လည်း အရေးကြီးသော
အဖြစ်အပျက်တို့သည် မြေကြီးအပေါ်တွင် ဖြစ်ပျက်ခြင်းမဟုတ်ဘဲ ကောင်းကင်၌ သာလျှင်
ဖြစ်ပျက်ခဲ့ပါသည်။ အစီအစဉ်သည် ပူဇော်သကာပြုရန်နှင့် ပူဇော်မှုကို
ဘုရားသခင်သဘောတူခွင့်ပြုကြောင်း ၎င်းပူဇော်သော မီးဖြင့် ပြသရန်ဖြစ်ပါသည်။
အာဗေလပူဇော်သည့်ယဇ်။
The Signs of the Times (ST, February 6, 1879 par. 3). God had respect unto this sacrifice, and fire came down from Heaven and con- summed it.
ဤပူဇော်ခြင်းကို
ဘုရားသခင်အလေးထားကြောင်း ကောင်းကင်ပေါ်မှ မီးဆင်းသက်လာပြီး ယဇ်ကောင်ကို
လောင်ကျွမ်းစေခဲ့ပါသည်။
ဝတ်ပြုရာတဲတော်။
ဝတ်ပြုရာကျမ်း
၉း၂၂-၂၄ တွင် ကန္တာရဝတ်ပြုရာတဲတော်၌ ထာ၀ရဘုရားထံတာ်မှ မီးထွက်၍
ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့် ဆီဥကို လောင်လေ၏။ အာရုန်သည် မိမိလက်ကို
လူများရှေ့သို့ချီလျက် ကောင်းချီးပေး၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊
မိတ်သဟာယယဇ်ကို
ပူဇော်ရာမှ ဆင်းလေ၏။ တစ်ဖန်မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ
တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းချီးပေးသဖြင့် ထာ၀ရဘုရား၏
ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။ ထာ၀ရဘုရားထံတော်မှ မီးထွက်၍
ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့် ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို
လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပျပ်ဝပ်ကြ၏။
ဟေဗြဲအမျိုးသက်ဦးဆံပိုင်စနစ်။
ရာဇဝင်ချုပ်ပထမစောင်
၂၁း၂၆။ ဟေဗြဲလူမျိုးသည် သက်ဦးဆံပိုင် ဘုရင် ဒါဝိဒ်မင်းမီးရှိုရာယဇ်၊ မိတ်သဟာယ
ယဇ်ကို ပူဇော်သောအခါ မီးကျသဖြင့် ကောင်းကင်ထဲက ဘုရားသခင် ထူးတော်မူပါသည်။
ထာ၀ရဘုရားအဖို့ယဇ်ပလ္လင်ကိုတည်၍
မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တိုကို ပူဇော်လေ၏။ ထိုသို့ ထာ၀ရဘုရားကို
ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့်၊ ကောင်းကင်ထဲက
ထူးတော်မူး၏။
ဟေဗြဲဘုရင်ခေတ်၌
ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားတွင် ဒါဝိဒ်သည် ယဇ်ကိုပူဇော်၍ ဘုရားသခင်သည်
သဘောတူလက်ခံကြောင်း ကောင်းကင်မှ မီးကို ချပေးခဲ့ပါသည်။
ရှောလမုန်ဘုရင်တည်ဆောက်သည့် ဗိမာန်တော်။
ဓမ္မဟောင်းအချိန်တွင်
တဲတော်လုပ်ငန်းကို အခမ်းအနာ ဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ တိရစ္ဆာန်တို့ကိုသတ်၍
ယဇ်ပလ္လင်ပေါ်တွင် တင်သောအခါ၊ ၎င်းနောက် ကောင်းကင်ပေါ်မှ မီးသည် ယဇ်ပလ္လင်ပေါ်တွင်
ကျရောက်ခဲ့ပြီး ဘုရားသခင်လက်ခံကြောင်းကို ပြသခဲ့ပါသည်။
ရာဇဝင်ချုပ်ဒုတိယစောင်
၇း၁။ ဗိမာန်တော်သည် တည်ဆောက်ပြီး အနုမောနောအချိန်၌
ထောင်ပေါင်းများစွာသောမီးရှို့ရာယဇ်၊ မိတ်သဟာယ
ယဇ်ကောင်နှင့် ဆီဥကို ပူဇော်ကြ၏။ ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ် အစရှိသော
ယဇ်မျိုးကိုလောင်သဖြင့်၊ ကျမ်းစာကို ဖတ်ပါ။
ထိုသို့ရှောလမုန်သည်
ပတ္ထနာပြု၍ပြီးသော အခါ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော
ယဇ်မျိုးကိုလောင်သဖြင့်၊ အိမ်တော်သည် ထာ၀ရဘုရား၏ ဘုန်းတော်နှင့် ပြည့်၏။
ပုရောဖက်များ၏ခေတ်။
ဓမ္မရာဇဝင်တတိယစောင်
၁၈း၃၈၊ ၃၉။ ဧလိယခေတ်အချိန်တွင်လည်း ထိုနည်းအတူ ကောင်းကင်မှ မီးကျလာခြင်းဖြင့်
ဘုရားသခင်အသိအမှတ် ပြုကြောင်းပြသခဲ့ပါသည်။
ထိုအခါ
ထာ၀ရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊
မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသော ရေကိုလည်းခန်းခြောက်စေ၏။ လူအပေါင်းတို့သည်
မြင်လျှင် ပျပ်ဝပ်၍ ၊ ထာ၀ရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာ၀ရဘုရားသည်
ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။
ကျော်ကဆောင်ဖြစ်စဉ်ပုံစံ။ ထွက်မြောက်ရာကျမ်း ၁၇း၁-၈။ တောလည်ရာကျမ်း ၂ဝး၈-၁၁။
၁။ ဓမ္မဟောင်းကျမ်းခေတ်တွင်
ကျောက်ဆောင်နှစ်ခု၌ အဖြစ်အပျက်နှစ်မျိုး ကိုတွေ့ရှိပါသည်။
၂။ ပထမသင်ခန်းစာအနေဖြင့် မောရှေသည်
ကျောက်ဆောင်ကို ရိုက်ရမည်ဖြစ်ပြီး ရေငတ်နေသော ဣသရေလလူမျိုးများ ရေရရှိရေးအတွက်ပင်
ဖြစ်ပါသည်။
၃။ မောရှေ၏လှံတံအားဖြင့်
ကျောက်ဆောင်ကို ရိုက်ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်များအတွက် ခရစ်တော်ကို
ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဒဏ်ခတ်တော်မူခြင်းကို ပုံဆောင်ပါသည်။ (ဟေရှာယ
၅၃း၄)။
၄။ ကျောက်ဆောင်ထဲက ထွက်သော
ရေသည်လည်း ပင်တေကုတ္တေနေ့တွင် သွန်းလောင်းပေးသည့် သန့်ရှင်းသော ဝိညာဉ်တော်မိုးကို
ပုံဆောင်ပါသည်။
၅။ ရှင်ယောဟန် ၄း၁၃၊ ၁၄ တွင်
လူသိရှင်ကြားကြေညာသော ရှမာရိမိန်းမနည်းတူ နောက်ဆုံးအချိန်တွင် ပင်တကုတ္တေပွဲနေ့၌
ကြီးစွာသော ရိတ်သိမ်းခြင်းကို ပြုလိမ့်မည်။
၆။ ရှင်ယောဟန် ၇း၃၇ တွင် ၎င်းရေကို
ကျွန်ုပ်တို့သောက်သောအခါ သူတစ်ပါးအတွက်လည်း အသက်စမ်းရေဖြစ်ကြောင်း ဤနေရာတွင်
ခရစ်တော်သည် ပင်တေကုတ္တေပွဲနေ့အကြောင်းကို ပြောကြားခြင်းဖြစ်ပါသည်။
၇။ ဒုတိယအချိန်တွင် ဘုရားသခင်သည်
မောရှေအားကျောက်ဆောင်ကို စကားပြောစေ၍ ဣသရေလလူမျိုးများ ရေရရှိရေးအတွက်ပင်
ဖြစ်ပါသည်။
၈။ ကျွန်ုပ်တို့အနေဖြင့်
သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်မိုးကို ခံယူရရှိရေးအတွက် သခင်ခရစ်တော်နောက်တစ်ဖန်
အသေခံရန်မလိုအပ်ကြောင်း ဘုရားသခင်ကျွန်ုပ်တို့ကို သွန်သင်ခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာမှာ ဆုတောင်းခြင်းဖြင့် စကားပြောပြီး သန့်ရှင်းသော
ဝိညာဉ်တော်ကို တောင်းခံရန်ဖြစ်ပါသည်။ (၁ကော ၁၂း၁၃
၊ လုကာ ၁၁း၁၃)။
ဗိမာန်တော်၏ ပထဝီအနေအထား
ဟေဗြဲလူမျိုးတို့၏
တဲတော်ပထဝီအနေအထားတွင် မီးပူဇော်သော ယဇ်ပလ္လင်နှင့် ကြေးဝါအင်တုံနောက်တွင်
ယဇ်ပုရောဟိတ်အကြီးအကဲတို့၏ ဆောင်ရွက်ရသော လုပ်ငန်းရှိပါသည်။ပင်တေကုတ္တေပွဲနေ့ရပ်။
ယခင်တင်ပြခဲ့သော ဟောပြောချက်။
၁။ ခရစ်တာ်သည် စခန်းထဲတွင်
စုံလင်သော အသက်တာဖြင့် နေထိုင်ခဲ့ပါသည်။
၂။ ယဇ်ပလ္လင်ပေါ်တွင် အသက်တော်ကို
ဆက်ကပ်ပူဇော်ခဲ့ပါသည်။
၃။ အင်တုံနားတွင် သေခြင်းမှ
ရှင်ပြန်ထမြောက်ခဲ့ပါသည်။
၄။ နောက်တစ်ခုကျွန်ုပ်တို့တွေ့
မြင်ရသည်မှာ လောကတွင် ခရစ်တော်၏ သာသနာလုပ်ငန်း၌
ဘုရားသခင်သဘောတူလက်ခံတော်မူကြောင်းကို သက်သေပြသောမီးဖြစ်ပါသည်။
ပင်တေကုတ္တေပွဲနေ့တွင်
ဘုရားသခင်သည် ကောင်းကင်မီးကို ချပေးခဲ့ပြီး ခရစ်တော်၏ ဆက်ကပ်ပူဇော်ခြင်းယဇ်ကို
အားရလက်ခံတော်မူကြောင်းနှင့် ကောင်းကင်တဲတော်အစစ်တွင်လည်း လုပ်ငန်းအတွက်
စတင်ဆောင်ရွက်ကြောင့်ကို လည်းကောင်း ပြညွှန်ခဲ့ပါသည်။
အယ်လင်ဂျီဝှိုက်၏
ထိပ်တန်းစာစောင်ကြီး “ခရစ်တော်၏ သက်တော်စဉ်” နောက်ဆုံးသော စာမျက်နှာ၌ ထင်ရှားစွာဖော်ပြရေးသားရာတွင်
ခရစ်တော်သည် ကောင်းကင်သို့ တက်ကြွစဉ်အခါ ခမည်းတော်ထံတော်သို့
မည်သို့ချဉ်းကပ်ခဲ့ပြီး သူ၏ ဆက်ကပ်ပူဇော်ခြင်းကို လက်ခံကြောင်းနှင့် သန့်ရှင်းသော
ဝိညာဉ်တော်၏ ဆုကျေးဇူးတော်ကိုလည်း သူ၏ တပည့်တော်များထံတော်သို့ သွန်းလောင်းရန်
အဖခမည်းတော်၏ နှုတ်တော်ထွက်စကားမှ ကြားသိရန်ပင်ဖြစ်ပါသည်။
ခရစ်တော်သေခြင်းမှ
ထမြောက်ပြီးနောက်ပိုင်း ရက်ပေါင်း၅၀ကြာ ပြီးမှ ပင်တေကုတ္တေပွဲနေ့ကြရောက်ခဲ့ပါသည်။
ထိုနေ့တွင် မည်သို့ဖြစ်ပျက်ခဲ့သည်များကို သတိပြုကြပါစို့။
ခရစ်တော်သည်
ထိုသို့သော အပြစ်ဆေးကြောခြင်းအကျိုးကျေးဇူများကို စခန်းအပြင်ဘက်နှင့်
သန့်ရှင်းရာဌာနသို့ သွန်းလောင်းရန် အခွင့်မရရှိမီ သူ၏ အပြစ်ဆေးကြောခြင်း
အကျိုးကျေးဇူးခံစားခွင့်များကို မိမိ၏ တပည့်တော်များ အပေါ်သို့
သွန်းလောင်းနိုင်မည်မဟုတ်ပါ။
The rending of the veil of the temple showed that the Jewish Sacrifices and ordinances would no longer be received. The great Sacrifice had been offered and had been accepted, and the Holy Spirit which descended on the day of Pentecost carried the minds of thedisciples from the earthly sanctuary to the heavenly, where Jesus had entered by His own blood, to shed upon His disciples the benefits of His atonement. (SR, 386,2) The Story of Redemption.
ထိုသို့သော
အကျိုးကျေးဇူးခံစားခွင့်များသည် အဘယ်အရာနည်း။ အဖြေမှာ စုံလင်သော အသက်တာနှင့်
သေခြင်းဖြင့် အပြစ်ဆေးကြောခြင်းပင် ဖြစ်ပါသည်။
မည်သည့်အရပ်သို့ ခရစ်တော်ဝင်ရောက်သနည်း။
သန့်ရှင်သောအခန်းတွင်းသို့
ခရစ်တော်ဝင်ရောက်ခဲ့ခြင်းသည် ဗျာဒိတ်ကျမ်းအခန်းကြီး ၄ နှင့် ၅ တွင် ဖော်ပြထားသော
အကြောင်းအရာများကို ညွှန်ပြပြီး ကောင်းကင်သို့ တက်ကြွပြီးသည့် နောက်ပိုင်းတွင်လည်း
ခရစ်တော်သည် ဆီးမီးခုံတိုင်ခုနစ်တိုင်နှင့် နံ့သားမွှေး
မီရှို့ရာယဇ်ပလ္လင်အနားတွင် နေပါသည်။
ဗျာဒိတ်ကျမ်း
၄း၅။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါး ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။
စကားပြောသံ၊ မိုးကြိုသံလည်းမည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော
မီးခွက်ခုနစ်လုံး တို့သည် ထွန်းလက်ရှိကြ၏။
ဗျာဒိတ်ကျမ်း
၅း၈။ ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါနှင့် အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည်
သန့်ရှင်းသူတို့၏ ပတ္ထနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော
ရွှေဖလားတို့ကိုလည်းကောင်း၊ စောင်းတို့ကိုလည်းကောင်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌
ပျပ်ဝပ်လျက်၊
ဗျာဒိတ်ကျမ်း
၅း၆။ ဝိညာဉ်ခုနစ်ပါးကို လောကသို့စေလွှတ်သည်။ ထိုအခါ ပလ္လင်တော်မှစသော
သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌
အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက် ရှိသည်ကို ငါမြင့်၏။ ထိုသိုးသငယ်သည်
မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော
မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
ဗျာဒိတ်ကျမ်းအခန်းကြီး
၅း၆ တွင် ကျွန်ုပ်တို့ကို အသေသတ်ခံတော်မူသောသိုးသငယ်အား ကမ္ဘာမြေတစ်ဝန်းလုံးသို့
စေလွှတ်ရန် ရည်ရွယ်ပါသည်။ နမူနာပုံစံမှာရှင်းပါသည်။ ပထမတွင် သိုးသငယ်သည်
ပူဇော်ဆက်ကပ်ခြင်းကို ခံယူရမည်ဖြစ်ပြီး ၎င်းနောက် မီးကို
ကမ္ဘာမြေသို့ချပေးခဲ့ပါသည်။
ဟေဗြဲဩဝါဒစာ
၉း၁၂။ ငါတို့အဖို့ ထာ၀ရရွေးနုတ်ခြင်းကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊
နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။
၁။ ပသခါပွဲတော်နေ့တွင်
(တံတိုင်းတော်) တဲတော်ပုရိဝုဏ်အတွင်းတွင် နွေဦးအပေါက်ချိန်ပွဲတော် ဖြစ်ပါသည်။
၂။ ပင်တေကုတ္တေပွဲနေ့သည်
သန့်ရှင်းရာဌာနတွင် နွေနှောင်းပိုင်းအချိန် ပွဲတော်ဖြစ်ပါသည်။
၃။ အသန့်ရှင်းဆုံးသော ဌာနတွင်
အပြစ်ဆေးကြောရာနေ့ဖြစ်ပြီး ဆောင်းဦးပေါက်မတိုင်မီအချိန်တွင် မြင်နိုင်ပါသည်။
၄။ ခရစ်တော်သည်
ဆောင်းဦးပေါက်ပွဲတော်ကို နွေဦးပေါက်အချိန်တွင် မဆောင်ရွက်နိုင်ပါ။
စကြ၀ဠာဘဏ်တိုက် ဥပမာ။
ကရုဏာနှင့်ကျေးဇူးတော်၏
ဘဏ်တိုက်ပိုင်ရှင်ဖြစ်သူသည် အထူးသော ငွေစာရင်းကို သတ်မှတ်ထူထောင်ပြီး လုံလောက်သော
အရင်းအနှီးမတည်ငွေကို ပေးအပ်ပြီးနောက် ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်ကြသော
လူသားတိုင်းတို့၏ ကြွေးမြီများအားလုံးတို့ကို ပေးဆပ်ရန် ဆုံးဖြတ်ပါသည်။ ဘဏ်တွင်
ပေါင်နှံသော
ပစ္စည်းများ၊ ကြွေးမြီဆပ်ရန်ကတ်များ၊ ကုန်စုံဆိုင်ကြီးများ၊ ချေးငွေများ
စသည်တို့ကို ပေးဆောင်ရန် ဘဏ်တွင် ရင်းနှီးမတည်ငွေရှိပါသည်။ ကမ္ဘာဂြိုဟ်ပေါ်တွင်
နေထိုင်ကြသော လူသားတိုင်းတို့၏ ကြွေးမြီများအားလုံးတို့ကို ပေးဆပ်ရန် ဘဏ်တွင်
လုံလောက်သောရင်းနှီးမတည်ငွေရှိကြောင်းကို ကြေညာပါသည်။ မည်သူမျှကြွေးမြီရှိသည်ကို
မလိုလားပါ။ သို့သော် “အချိန်မီရန်” တစ်ခုတည်းသော သတ်မှတ်ချက်ရှိပါသည်။ ၎င်းတွင်
လူတစ်ဦးစီအနေဖြင့် ကိုယ်တိုင်လာပြီး ဘဏ်ပိုင်ရှင်အား မိမိတို့၏ ဘဏ်စာရင်းတွင်
ငွေထည့်ပေးရန် တောင်းခံရပါမည်။ အကယ်၍ ထိုသူတို့သည် နားမထောင်ပါက မိမိတို့၏
ကြွေးမြီများရှိတုန်းပင်ဖြစ်မည်။
စခန်းနှင့်
တံတိုင်း (တဲတော်ပရဝဏ်) အတွင်းတွင် ခရစ်တော်ဆောင်ရွက်သော လုပ်ငန်းသည် ဖွဲ့စည်း
တည်ထောင်ထားပြီး ဖြစ်ပါသည်။ သို့သော် ကောင်းကင်နိုင်ငံရှိတဲတော်တွင် ခရစ်တော်၏
လုပ်ငန်းသည် တစ်ဦးစီနှင့် ကိုယ်ရေးကိုယ်တာအတွက်ပင် ဖြစ်ပါသည်။ ယခု
သူ၏အသက်တာစုံလင်ခြင်းနှင့် အသေခံခြင်းတွင် အကျိုးကျေးဇူးခံစားနိုင်ရန်
တစ်ဦးစီအနေဖြင့် လျှောက်ထားနိုင်ပါသည်။
ကြားဝင်ဖျန်ဖြေသူ။
အရေးပါသောမေးခွန်။
လက်ဝါးကပ်တိုင်၌ အရာခပ်သိမ်းအကုန်ပြီးစီးပါက လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်တွင်
ခရစ်တော်သည် ကောင်းကင်ပေါ်တွင် မည်သည့်အရာကို ဆောင်ရွက်၍ နေသနည်း။
အဖြေမှာ။
ခရစ်တော်သည် သူ့ထံတော်သို့ နောင်တတရားနှင့် ယုံကြည်ခြင်းအားဖြင့် လူတို့၏
ကိုယ်ပိုင်ကြွေးမြီစာရင်းအင်းတို့ကို ပယ်ဖျက်ရန် အတွက် မိမိ၏ အသက်ရှင်ခြင်းနှင့်
သေခြင်းကောင်းမှုအားဖြင့် သူတို့အကြွေးကို ဆပ်ပေးလျက်ရှိပါသည်။
တိမောသေဩဝါဒစာပထမစောင်
၂း၅-၇။ ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ လူဖြစ်သော
ယေရှုခရစ်
တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှာ
ကိုယ်ကိုကိုယ်စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။ ငါသည်
ထိုသက်သေခံသော သူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ ယုံကြည်ခြင်းတရားနှင့်
သမ္မာတရားကို တစ်ပါးအမျိုးသားတို့အား ဟောပြောသော ဆရာအရပ်၌ လည်းကောင်း
ခန့်ထားတော်မူသော သူဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကို မဆို၊ မှန်သောစကားကိုဆို၏။
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၂း၁။ ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား
ငါရေး၍ ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊
ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌
ရှိတော်မူ၏။
ဟေဗြဲဩဝါဒစာ
၇း၂၅။ ထိုကြောင့် အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်အထံတော်သို့
ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊
သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။
ရောမဩဝါဒစာ
၈း၃၀-၃၄။ သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည်
ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဘက်၌ နေနိုင်မည်နည်း။
မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့အလိုငှာ စွန့်တော်မူသောသူသည်
သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။
ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌
တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား၊ အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊
သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ဆုတောင်းသောသူကား
ခရစ်တော်ပေတည်း။
ခရစ်ယာန်လောကတွင်
ခရစ်တော်သည် အရာခပ်သိမ်းတို့ကို လက်ဝါးကပ်တိုင်၌ အပြီးတိုင် အဆုံးသတ်ခဲ့ကြောင်း
ထင်မြင်တွေးခေါ် ယူဆကြပါသည်။ မှန်ပါသည် သူ၏အသက်ရှင်ခြင်းနှင့် သေခြင်းအားဖြင့်
လူသားတို့၏အမျိုးအနွယ်အား ကယ်တင်ခြင်းအတွက် စုံလင်သော
ပေးကမ်းစွန့်ကြဲမှုကိုပြုခဲ့ပါသည်။ သို့သော် စုံလင်သေ ပေးကမ်းစွန့်ကြဲမှုသည်
ကိုယ်စီကိုယ်စီနှင့် တစ်ဦးစီအနေဖြင့် တောင်းဆိုရမည်ဖြစ်ပါသည်။ အကယ်၍ ခရစ်တော်၏
လုပ်ငန်းသည် လက်ဝါးကပ်တိုင်တွင် ပြီးစီးခဲ့ပါသော် ယနေ့တွင် ကောင်းကင်ဘုံ၌
အဘယ်အရာများကို လုပ်ဆောင်ရပါမည်နည်း။
အပြစ်မျိုးစုံတို့ကို လက်ဝါးကပ်တိုင်၌
ခွင့်လွှတ်ပြီလား။
ဝတ်ပြုရာကျမ်း ၄း၁၃-၁၇။
၁။ ခေါင်းပေါ်တွင် လက်ကိုတင်ခြင်း။
၂။ အသွေးတော်ကိုစွန့်ခြင်း။
၃။ သန့်ရှင်းသောဌာနတွင်
ယူဆောင်လာသော အသွေးတော်ကို ပက်ဖျန်းခြင်း။
လုပ်ထုံးလုပ်နည်း။
၁။ ပညတ်တော်ကိုလွန်ကျူးသောအပြစ်။
၂။ “အပြစ်၏ အခကားသေခြင်းပေတည်း”ဟု
ဆိုသည်အတိုင်း အပြစ်သားမှာသေထိုက်ပါသည်။
၃။ အပြစ်သားတို့သည် အသေခံဖို့ရန်
ဘုရားသခင်အလိုတော်မရှိသောကြောင့် လွတ်မြောက်ရာလမ်းကိုပေးထားပါသည်။
၄။ အပြစ်သားထံမှ အပြစ်ကို
ယဇ်ကောင်အပေါ်သို့ ပြောင်းလွှဲစေခဲ့သည်။
၅။ ယဇ်ကောင်မှနေ၍
ယဇ်ပုရောဟိတ်မှတစ်ဆင့် တဲတော်သို့ဆောင်သွားပါသည်။
၆။ တဲတော်တွင်
ဖြေလွှတ်ခြင်းအပြစ်စာရင်းများဖြင့် ပြည့်၀နေပါသည်။
၇။ မိမိတို့၏ အပြစ်များကို
တဲတော်တွင် အသွေးတော်အားဖြင့် ဖုံးအုပ်ဖို့ရန် ဘုရားသခင်သည် ဣသရေလလူတို့အား
အကြီးမားဆုံးသော ခိုင်လုံသည့် ကတိကို ပြုခဲ့ပါသည်။
အယူအဆပေါ်တွင်ထိတွေ့ပြီး
တစ်နှစ်အချိန်ကာလ အဆုံးသို့ ရောက်လာသည့်အခါ အပြစ်များကို တဖန်အပြင်ဘက်သို့
ထုတ်ဆောင်ပြီး တဲတော်ကိုလည်းဆေးကြောရမည်။ နေ့စဉ်ပြုရသော ဝတ်တွင် အပြစ်သားတို့၏
အပြစ်ကို ဖြေလွှတ်ခြင်းနှင့် ဆေးကြောခြင်းဖြစ်ပါသည်။ နှစ်စဉ်ပြုရသော ဝတ်တွင်
တဲတော်ရှိ ဗိမာန်တော်ကို ဆေးကြောခြင်းနှင့် မှန်ကန်ကြောင်းထင်ရှား စေခြင်း
(သို့မဟုတ်) တဲတော်ကို ဖြောင့်မှန်ကြောင်း ထုချေခြင်းပြုရပါသည်။
တမန်တော်များဟောသည့်ဩဝါဒတရား။
ရှင်လုကာခရစ်ဝင်
၂၄း၄၆-၄၇။ တမန်တော်အခန်းကြီး ၂း၃၈ မှာ ပေတရုဟောသည့်တရားဖြစ်ပါသည်။
ဤသို့ကျမ်းစာလာ၏။
ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ ခရစ်တော်၏
အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော
လူမျိုး တကာတို့အား ဟောပြောရမည်။
တမန်တော်ဝတ္ထု
၂း၃၈။ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊
ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော
ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။
တမန်တော်ဝတ္ထု
၅း၃၁။ ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊
ထိုသူကို အစိုးရေသာအရှင်အရာ၌
လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍
မိမိလက်ယာလက်တော်နှင့် ချီမြှင့်တော်မူပြီ။
တမန်တော်ဝတ္ထု
၁ဝး၄၃။ ထိုသခင်ကို ယုံကြည်သော သူရှိသမျှတို့သည် နာမတော်အားဖြင့်
အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပုရောဖက်အပေါင်းတို့သည် ထိုသခင်၏
သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။
တမန်တော်ဝတ္တု
၈း၂၀-၂၃။ ပေတရုက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်
သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ရောက်ပါစေ။ သင်သည် ဤအမှုအရာနှင့်
မဆက်ဆံသော သူဖြစ်၏။ အကြောင်းမူကား၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့တော်၌
ဖြောင့်မတ်ခြင်းမရှိ။ ထို့ကြောင့် သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏
စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည်ဖြစ်၍ ဘုရားသခင်ကို
တောင်းပန်လော့။ သင်သည် ခါးစွာသောသည်းခြေဆွဲသည်ဖြစ်၍ ဒုစရိုက်အနှောက်အဖွဲ့နှင့်
မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။
အပြစ်ပြေနိုင်လောက်သောစည်းကမ်းချက်။
သတ်မှတ်ပြဌာန်းချက် ဋ၁- နောင်တ
တမန်တော်ဝတ္ထု
၂း၃၈။ နောင်တသည် ဘုရားသခင်၏ခွင့်လွှတ်မှုကို လက်ခံခြင်း ပထမအဆင့်ဖြစ်ပါသည်။
ပေတရုကလည်း
သင်တို့၏အပြစ်ကိုလွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌
ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော
ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။
ရှင်လုကာခရစ်ဝင်
၁၇း၃-၄။ သင်တို့သည် ကိုယ်ကို ကိုယ်သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် သင့်ကို
ပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏ အပြစ်ကိုလွှတ်လော့။
တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်မြောက်အောင်
သင့်ထံသို့လှည့်၍ နောင်တရပါ၏ ဟုဆိုလျှင် သူ၏အပြစ်ကိုလွှတ်လော့ဟု မိန့်တော်မူ၏။
အကယ်၍
ခုနစ်ရက်အတွင်း နှစ်ကြိမ်ပြန်လာခဲ့ခြင်းကြောင့် သူသည် အမှန်တကယ်နောင်တရကြောင်းကို
ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ ဤအရာသည် ကျွန်ုပ်တို့အနေဖြင့်
စီရင်ဖို့ရန်မဟုတ်ပါ။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့၏ စာရင်းများကို
စစ်ဆေးမှုခံရပြီး ကျွန်ုပ်တို့အနေဖြင့် အမှန်တကယ် နောင်တရခြင်းတွင်
ထုတ်ဖော်ရန်ပင်ဖြစ်ပါသည်။ ဘုရားသခင်သိသော်လည်း စကြ၀ဠာလူသားများတို့သည် မသိကြပါ။
မှန်ကန်သော နောင်တနှင့် မှားယွင်းသော နောင်တရခြင်း။
ပထမဦးဆုံးနားလည်
သဘောပေါက်ရမည့်အရာမှာ နောင်တရာခြင်းသည် ကျွန်ုပ်တို့ပြောဆိုရမည့် ကိစ္စမဟုတ်ဘဲ
ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးသာလျှင်ဖြစ်ပါသည်။ ၎င်းဆုကျေးဇူးတော်ကို
ကျွန်ုပ်တို့ကိုယ်တိုင်လက်ခံရမည်ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့်
ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ တုံ့ပြန်ဖို့သာလျှင် ဖြစ်ပါသည်။
တမန်တော်ဝတ္ထု
၅း၃၁။ ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊
ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊
ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။
ရောမဩဝါဒစာ ၂း၄။
ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊
ကြွယ်၀စွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို
မထီမဲ့မြင်ပြုသလော။
အမှန်စင်စစ်အားဖြင့် နောင်တရခြင်းတွင်နှစ်မျိုးနှစ်စားရှိပါသည်။
ယခုတွင်စစ်မှန်ပြီး အခြားသော တစ်ခုတွင် အတုအယောင်ဖြစ်ပါသည်။
မည်သည့်အရာခြားနားသနည်း။
၁။ စစ်မှန်သော နောင်တရခြင်းတွင်
မိမိပြုခဲ့သော အပြစ်မှ ဝမ်းနည်းခြင်းပြရမည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကို
လက်ဝါးကပ်တိုင်တွင် ရိုက်ထားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
၂။ အယောင်အဆောင်ဖြစ်သော
နောင်တတရားတွင် အကျိုးဆက်အတွက် ဝမ်းနည်းကြောင်းကိုပြပြီး အပြစ်၏ရလဒ်ကြောင့်
ဖြစ်ပေါ်လာခဲ့ပါသည်။
ကောရိန်သုဩဝါဒစာဒုတိယစောင်
၇း၁၀-၁၁။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့် ညီသောဝမ်းနည်းခြင်းသည်
ကယ်တင်ခြင်းနှင့် ယှဉ်သော နောင်တ စိတ်တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို
ပြုပြင်တတ်၏။ လောကီဝမ်းနည်းခြင်းမူကား၊ သေခြင်းကို ပြုပြင်တတ်၏။ ဘုရားသခင်၏
အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊
ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တော့င်တခြင်း၊
ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်းတရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို
ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။
၁။ ဆင်ခြေပေးစရာလုံး၀မရှိသော
ဝမ်းနည်းခြင်းကို ဆိုလိုပါသည်။ အကယ်၍များ၊ သို့သော်လည်း
စသည့်ဖြစ်နိုင်ဖွယ်ရာများတို့၏ ဆင်ခြေလည်းဖြစ်နိုင်ပါသည်။
၂။ ပြစ်ဒဏ်ခံရမည့်ကြောက်ရွံ့ခြင်းမျိုးမဟုတ်၊
နောင်တရရန် ပို့ဆောင်လိုသည့် အကျိုးကြီးလှသော မျှော်လင့်ခြင်းလည်းမဟုတ်၊ နောင်တတရားရရှိစေရန်
ကျွန်ုပ်တို့ကို ပို့ဆောင်လိုသောအရာတွင် အပြစ်သည်
ခရစ်တော်၏ စုံလင်လှပမှုကို စိတ်ထက်သန်စွာ နားလည်သော နည်းလမ်းဖြင့်
နောင်တလမ်းသို့ ပိုဆောင်ခြင်းဖြစ်ပါသည်။
၃။ အာဒံနှင့် ဧ၀သည် ပထမဆုံးသော
တိရစ္ဆာန်ကို ပူဇော်သကာပြုပြီးသည့်တိုင်အောင် နောင်တတရားမရခဲ့ပါ။
၄။ ဥပဒေကျမ်းသာလျှင် မဟုတ်ဘဲ
စိတ်နှလုံးကို ပါချိုးဖဲ့ခြင်းကြောင့် ဝမ်းနည်းခြင်းဖြစ်ပါသည်။
၅။ ပြစ်မှားခဲ့သော အကျိုးဆက်ကြောင့်
မဟုတ်ဘဲ အပြစ်အတွက်ကြောင့် ဝမ်းနည်းပါသည်။
(ညီအစ်ကိုမောင်နှမချင်းရင်ဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက် ကျွန်တော်၊
ကျွန်မဝမ်းနည်းပါသည်) ပြောသောစကားဖြစ်သည်။
သတ်မှတ်ပြဌာန်းချက် ဋ၂-ဝန်ခံချက်
အပြစ်ကို
ဝန်ခံခြင်းနှင့် ဝန်ချတောင်းပန်ခြင်းတွင် ခြားနားကွာခြားချက်ရှိပါသည်။
နောင်တတရားရခြင်းသည် အပြစ်ဒုစရိုက်အတွက် ဝမ်းနည်းခြင်းကို ပြသည်။
ဝန်ချတောင်းပန်ခြင်းသည် တကယ်လုပ်မိကြောင်းကို ပွင့်လင်းစွားပြောဆိုခြင်းဖြစ်ပါသည်။
ဒံယေလ
အနာဂတ္တိကျမ်း ၉း၄-၅။ ထိုသို့အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော
ဘုရားသခင်ထာ၀ရဘုရားထံ ငါပြုသော ပတ္ထနာဟူမူကား၊ ကိုယ်တော်ကို ချစ်၍
ပညတ်တို့ကိုစောင့်သော သူတို့အား သစ္စာမပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊
အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည်
ပြစ်မှားပါပြီ၊ ဒုစရိုက်ကို ပြုမိပါပြီ၊ မတရားသဖြင့် ကျင့်မိပါပြီ၊
ပုန်ကန်မိပါပြီ၊ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
ဆာလံကျမ်း ၃၂း၅
(တောင်းပန်ချက်ဆာလံ) တစ်ဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။
ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ။
ငါလွန်ကျူးသောအရာကို ထာ၀ရဘုရားအားဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ
ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
ဆာလံကျမ်း ၃၈း၁၁။
အကျွန်ုပ်၏ အဆွေခင်ပွန်းအပေါင်းအဖော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့်
ဝေးဝေးရပ်လျက် ပေါက်ဖော်တို့သည်လည်း ရှောက်လျက်နေကြပါ၏။
(The
Prodigal son (ပျောက်ဆုံးသောသား)
၁။ အိမ်မှ အလှမ်းတေးစွာနေထိုင်စဉ်
နောင်တရခဲ့ပါသည်။
၂။ အိမ်၌ရှိသော
ဖခင်၏မေတ္တာဆွဲငင်ခြင်းကြောင့် အိမ်သို့ပြန်လာပါသည်။
၃။ ဝန်ချတောင်းပန်ပါသည်။ (ကျွန်ုပ်သည်
ကိုယ်တော်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြစ်မှားမိပါပြီ)
၄။ အကောင်းဆုံးသော အဝတ်ဖြင့်
ဖုံးအုပ်ပေးခဲ့သောကြောင့် အပြစ်မှလွတ်လပ်ခြင်းဖြစ်ပါသည်။
The
Publican (အခွန်ခံ)
၁။ နောင်တတရားရပါသည်။
(ဗိမာန်တော်သို့လာပြီး ဆုတောင်းခဲ့ပါသည်။)
၂။ ဝေးလှစွာသော နေရာတွင်
မတ်တတ်ရပ်နေပါသည်။
၃။ ကောင်းကင်သို့မမျှော်ကြည့်ဝံ့ဘဲ။
၄။ ရင်ဘတ်ကို သာခတ်လျက်။
၅။ ဝန်ချတောင်းပန်ခဲ့သည်။
(အိုဘုရားသခင်အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာ စိတ်ရှိတော်မူပါ)
၆။ သူသည် အိမ်သို့သွားခဲ့ပြီး
ဘုရားသခင်နှင့် ဖြောင့်မှန်စွာ ထုချေရှင်းလင်းခဲ့ပါသည်။ (အပြစ်လွှတ်ခြင်းကို
ဆိုလိုပါသည်)
တမန်တော်ဝတ္ထု
၁၉း၁၈-၁၉။ ယုံကြည်သော သူများတို့သည်လည်းလာ၍ မိမိတို့အကျင့်ကို
ဖော်ပြလျက်တောင်းပန်ကြ၏။ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သော သူအပေါင်းတို့သည်လည်း
မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို
ချင့်တွက်သော်၊ ငွေအသပြားငါးသောင်းထိုက်သည် ကို သိကြ၏။
ကောရိန်သုဩဝါဒစာဒုတိယစောင်
၁ဝး၁၀။ အကြောင်းမူကား၊ ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသော စာဖြစ်၏။
ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းအနှီးသောစကားကို ပြောသော
သူဖြစ်သည်ဟု ဆိုတတ်သော သူရှိ၏။
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၁း၉။ ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွယ်၍
ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊
ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
သုတ္တံကျမ်း
၂၈း၁၃။ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍
စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သတ်မှတ်ပြဌာန်းချက် ဋ၃- ခရစ်တော်၏ ဖြောင့်မတ်သောအသက်တာနှင့် အသေခံမှုကို
ယုံကြည်ကိုးစားခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ဖြစ်ပျက်ပုံ (ဖြစ်စဉ်) ကို
အသိမှတ်ပြုသည်။
တမန်တော်ဝတ္ထု
၁ဝး၄၃။ ထိုသခင်ကို ယုံကြည်သော သူရှိသမျှတို့သည် နာမတော်အားဖြင့်
အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတ္တံ့ ဟူ၍ ပုရောဖက်အပေါင်းတို့သည်
ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။
ရှင်ယောဟန်ခရစ်ဝင်
၃း၁၆ တွင် အပိုင်းနှစ်ပိုင်းကို ဖော်ပြထားပါသည်။ လောက (သို့မဟုတ်)
ယုံကြည်သူများလည်းပါဝင်သည်။
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၂း၁။ ချမ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား
ငါရေး၍ ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊
ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌
ရှိတော်မူ၏။
ထင်ရှားသော
စာအုပ်ငယ်ဖြစ်သည့် “ယုံကြည်ခြင်းနှင့်အလုပ်” တွင် အယ်လင်ဂျီဝှိုက်၏ ကောက်နုတ်ချက်များကို ကြည့်ပါ။
And what is it to believe? It is to fully accept that Jesus Christ died as our sacrifice, that He became the curse for us, took our sins upon Himself, and imputed unto us His own righteousness. Therefore we claim this righteousness of Christ, we believe it, and it is our righteousness. (FW, 70.2) FW- Faith and Works (1979).
It is the righteousness of Christ
that makes the penitent sinner acceptable to God and works his justification.
However sinful has been his life, if he believes in Jesus as his personal
Saviour , he stands before God in the spotless robes of Christ’s imputed
righteousness (FW, 106.1) Faith and Works (1979).
The grace of Christ is freely to
justify the sinner without merit or claim on his part. Justification is a full,
complete pardon of sin. The moment a sinner accepts Christ by faith, that
moment he is pardoned. The righteousness of Christ is imputed to him, and he is
no more to doubt God’s forgiving grace. (FLB, 107.2) FLB – The Faith I Live By
(1958)
သတ်မှတ်ပြဌာန်းချက် ဋ၄ - ဖြောင့်မှန်စွာထုချေသော ကိုးစားယုံကြည်ခြင်းသည်
ခိုင်လုံ စစ်မှန်သည့် ယုံကြည်ခြင်းဖြစ်ပါသည်။
သုတ္တံကျမ်း
၂၈း၁၃။ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍
စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
တမန်ဝတ္ထု
၂၆း၁၉-၂၁။ အိုအဂြိပွမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည်
နားမထောင်ဘဲမနေရပါ။ လူတို့သည် နောင်တရရမည်။ နောတရခြင်းနှင့် ထိုက်တန်သော အကျင့်ကိုကျင့်ရမည်။
ဘုရားသခင်ထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေးဦးစွာ ဟောပြောပြီးလျှင်၊
ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ နေသော သူတို့အားလည်းကောင်း၊
တစ်ပါးအမျိုးသားတို့အားလည်းကောင်း ဟောပြောပါ၏။ ထိုအကြောင်းများကြောင့်၊
ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကို ဖမ်းဆီး၍ ကွယ်မျက်ခြင်းငှာ အားထုတ်ကြပါ၏။
ရှင်ယာကုပ်ဩဝါဒစာ
၂း၁၄-၂၆။ ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သော သူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု
ပြောလျက်၊ အကျင့်ကိုမကျင့်ဘဲ နေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည်
ထိုသူကို ကယ်တင်နိုင်သလော။ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊
နေ့တိုင်းစားရသော အစာမရှိသောအခါ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊
ငြိမ်ဝပ်စွာသွာကြလော့။ နွေးကြလော့။ ၀ကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်
တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုနည်းတူ၊
အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။
တစ်နည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်
အကျင့်မရှိဘဲ သင်၏ ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်
ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည်
ယုံ၍ကြောက်ရွံ့တုန်လှုပ်ကြ၏။ လျှပ်ပေါ်သောလူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည်
အသေဖြစ်သည်ကို သိချင်သလော။ ငါတို့အဘ အာဗြဟံသည် မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ
တင်လှူ ပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည် မဟုတ်လော။
ယုံကြည်ခြင်းသည် အကျင့်နှင့် အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။
အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို
ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း
ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ လူသည် ယုံကြည်ခြင်း အားဖြင့်သာ
ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့သိမြင်ရကြ၏။
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည် တမန်တို့ကို လက်ခံပြီးမှ အခြားသော
လမ်းဖြင့်လွှတ်လိုက်၍ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည် မဟုတ်လော။ ဝိညာဉ်နှင့်
ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။
ခရစ်တော်နှင့်
အမှန်ပင် ဆက်နွယ်မှုရှိပြီး ဘုရားသခင်နှင့် ဖြောင့်မတ်စွာ ထုချေမှုပြုခဲ့သော်
(သို့မဟုတ်) ဈေးချိုသော အတုအယောင်မျိုးရှိခဲ့သော် ထိုသို့ လုပ်ရပ်များကို
အပြုအမူဖြင့် ဖော်ထုတ်ပါသည်။
စပျစ်ပင်နှင့်
အမှန်တကယ် ဆက်နွှယ်မှုရှိသော အကိုင်းအခက်တို့သည် အသီးသီးကြမည်။
ခရစ်တော်ပြောဆိုခဲ့သော စကားတွင် “သူတို့၏အကျင့်ကို ထောက်၍ သူတို့၏
သဘောကိုသိကြလိမ့်မည်။” (ရှင်မဿဲ ၇း၁၆)။
သတ်မှတ်ပြဌာန်းချက် ဋ၅- နောက်ဆုံးသတ်မှတ်ချက်။ ဗတ္တိဇံခံယူခြင်းသည်
တရားဝင်သည့် ကြားကာလဖြစ်ပြီး (သို့မဟုတ်) တံဆိတ်ခတ်ခြင်းကို ခိုင်လှုံသော
ဖြောင့်မှန်ခြင်းတရားပေါ်တွင် ချထားပါသည်။
ရှင်မာကုခရစ်ဝင်
၁၆း၁၅-၁၆။ သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ
အပေါင်းတို့အား ဧဝံဂေလိတရားကို ဟော
ကြလော့။ ယုံကြည်၍ ဗတ္တိဇံကိုခံသော သူသည် ကယ်တင်တော်မူခြင်းသိုရောက်လတ္တံ့။
မယုံကြည်သောသူမူကား၊ အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။
ရောမဩဝါဒစာ
၆း၃-၅။ ယေရှုခရစ်၏ ဗတ္တိဇံကိုခံသော သူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို
ခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်
ထိုသခင်နှင့် အတူ သဂြုØဟ်ခြင်းကိုခံကြ၏။
အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်
သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ကျင်လည်ရကြသတည်း။
တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို့သည်
စိုက်ပျိုးလျက် ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကို ဆောင်၍
စိုက်ပျိုးလျက် ရှိကြလိမ့်မည်။
ဂလာတိဩဝါဒစာ
၃း၂၆-၂၇။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်
ဘုရားသခင်၏ သားဖြစ်ကြ၏။ ခရစ်တော်၌ ဗတ္တိဇံကို ခံသော သူရှိသမျှတို့သည် ခရစ်တော်ကို
ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။
နှစ်ခြင်းမင်္ဂလာခံယူရန်
မည်မျှအရေးကြီးပါသနည်း။ နှစ်ခြင်းမင်္ဂလာသည် အပြစ်ဖြေလွှတ်ရန် မရှိမဖြစ်လိုအပ်သော
မင်္ဂလာကိစ္စတစ်ပါးဖြစ်သည်။
တမန်တော်ဝတ္ထု
၂း၃၈ ။ ပေတရုကလည်း၊ သင်တို့၏ အပြစ်ကို လွှတ်စေခြင်းငှာ နောင်တရ၍
တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင်
သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။
နှစ်ခြင်းမင်္ဂလာသည်
ပြည့်စုံသော အခမ်းအနားတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အသက်ရှူရှိုက်ခြင်းမှ
ရပ်စဲသွားပြီး ရေထဲမြုပ်နှံခြင်း ခံရပြီးနောက် တစ်ဖန်ပြန်လှည် အသက်ရှူရှိုက်ခြင်း
ပြုပြန်သည်။
ဤသင်္ကေတလက္ခဏာအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၌ ထည့်သွင်းပါဝင်ခြင်း
ခံယူပါက ကျွန်ုပ်တို့သည် သူနှင့် အတူတည်ရှိမည် ဖြစ်သည်။ ခရစ်တော်၏ အသက်ရှင်းခြင်း၊
သေခြင်းတွင်လည်း ကျွန်ုပ်တို့၏ စာရင်းတွင် ရစရာအကြွေးအားဖြင့် ခံစားကြပြီး
ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်မည်သည့်အခါမျှ အပြစ်မကျူးလွန်တော့ကြောင်းကို
ကြည့်မြင်သွားပါသည်။
No comments:
Post a Comment