Thursday, May 7, 2026

 

 

(၇) ခရစ်တော်၏ နှလုံးသားနှင့် နီးစပ်သောသူ

ဖြစ်ရပ်တို့ကို ကာလအလိုက်စဉ်ခြင်း

၁။     ခရစ်တော်သည် လူသားအားလုံးအတွက် ဣသရေလစခန်းအတွင်း၌ ဖြူစင် သန့်ရှင်းသော ဝတ်လုံကို ရက်လုပ်ခဲ့ပါသည်။

၂။     ခရစ်တော်သည် လူသားအားလုံးလွတ်မြောက်ခွင့်ရှိစေခြင်းငှာ ပရိဝုဏ်အတွင်း ယဇ်ပလ္လင်ပေါ်၌ အသေခံခဲ့ပါသည်။

၃။     ခရစ်တော်သည် ရေအင်တုံ၌ ရှင်ပြန်ထမြောက်ခဲ့ပါသည်။

၄။     ထမြောက်ပြီးနောက်ပိုင်း ရက်ပေါင်းလေးဆယ် တပည့်တော်များကို နိုင်ငံတော်နှင့် ဆက်စပ်နေသော အကြောင်းများကို သွန်သင်ပေးခဲ့ပါသည်။

ယေရှု သခင် ကောင်းကင်ဘုံသို့ တက်သွားခြင်း

         တမန်တော်ဝတ္ထု ၁း၉-၁၁ ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်းလေးဆယ်အချိန်တွင် သံလွင်တောင်ပေါ်၌ ခရစ်တော်သည် တပည့်တော်အားလုံးကို စုစည်းပြီး သူတို့၏ မျက်မှောက်တွင် ကျွန်ုပ်တို့နေစရာအရပ်ကို ပြင်ဆင်ရန် ကောင်းကင်သို့ပြန်လည် တက်ကြွသွားခဲ့ပါသည်။  “တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ် သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ထိုသို့ကြွတော်မူသည်ကို တပည့်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက်နေကြစဉ်တွင် လူနှစ်ယောက်တို့သည် ဖြူစင်သော အဝတ်ကိုဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ဟု ပြောဆို၏။

 


အထက်ခန်းမသို့ ပြန်သွားကြသည်

         သံလွင်တောင်ပေါ်မှ ယေရုရှလင်မြို့ရှိ အထက်ခန်းမဆောင်သို့ ဝိညာဉ်တော်မိုးသွန်းလောင်းမည့်အချိန်ကို တမန်တော်အားလုံးစောင့် ဆိုင်းရန် ပြန်သွားကြပါသည်။

         ဆယ်ရက်ခန့်တမန်တော်များ အတူတူဆုတောင်းခဲ့ကြပါသည်၊ ကျမ်းစာလေ့လာခဲ့ကြပါသည်။ မတူညီကွဲပြားမှုများတို့ကို ခဝါချခဲ့ကြပါသည်။

အထက်ခန်းမတွင် မည်သူရှိသနည်း

         တမန်တော်ဝတ္ထု ၁း၁၂၊ ၁၃ တွင် အထက်ခန်းမတွင် စုစည်းနေသည့် တမန်တော်များကို အတိအကျဖော်ပြထားပါသည်။ “သံလွင်အမည်ရှိသော တောင်မှယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။ ရောက်ကြသော်၊ ပေတရု၊ ယာကုပ်၊ ယာဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒ တို့သည် တည်းခိုနေရာ အိမ်အထက်ခန်းသို့ တက်ကြ၏။

         တပည့်တော်တစ်ဆယ့်တစ်ပါးသာ တွေ့ရပါသည်။ တပည့်တော်တစ်ပါးဖြစ်သော ယုဒသည် ပျောက်ဆုံးနေသည်။ ယုဒအကြောင်းအသေးစိတ်ကို အခန်းငယ် ၁၆-၁၉ တွင် ပေါင်းစပ်ဖော်ပြထားသည်။ “ညီအစ်ကိုတို့၊ ယေရှုကို ဖမ်းဆီးသော သူတို့အား လမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲမနေရ။ ထိုသူသည် ငါတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၍ ဓမ္မဆရာ၏ အရာကို ခံရပြီ။ ထိုသူသည် မတရားသော အမှုအတွက်ဖြင့် ရသော အခနှင့် မြေတစ်ကွက်ကို ဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ နေသော သူအပေါင်းတို့သည် သိ၍ မိမိတို့ ဘာသာ

 


အားဖြင့်ထိုမြေကို အကေလဒမဟုခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။

         မေးခွန်း။    ယုဒဖောက်ပြန်ခြင်း၏ ဝမ်းနည်းကြေကွဲဖွယ်ရာများကို ဖော်ပြပြီးသည်နောက်မှ သူ့နေရာတွင် လူစားထိုးခန့်ထားရန် ပေတရုကတင်ပြထားပါသည်။ အဘယ်ကြောင့် ယုဒနေရာတွင် ဆက်ခံမည့်သူကို ပေတရုသည် စိတ်ထဲတွင် အမိန့်သဖွယ်ခံစားရသနည်း။ ကျန်တပည့်တော် ဆယ့်တစ်ယောက်ဖြင့် မလုံလောက်ဖူးလား။

ကျမ်းစာတွင် အာဏာဖြင့် ကြိုတင်ပြဌာန်းထားသော အမိန်

         အဖြေမှာ၊ တပည့်တော်များသည် အနာဂတ္တိစကားများကို လေ့လာခဲ့ပြီး ယုဒကို အစားထိုးခန့်အပ်ရန် ဆက်ခံသူ၏ အမည်ကို တင်ပြရမည်ဖြစ်ပါသည်။ ရက်ပေါင်းလေးဆယ်ကြာမျှ ခရစ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ပါဝင်ပတ်သက်သော အရာများကို သွန်သင်ခဲ့ပါသည်။ (တမန် ၁း၃) သံသယမရှိဘဲ သူတို့အား ဓမ္မဟောင်းကျမ်း၏ အနာဂတ္တိစကားများကို ရှင်းပြခဲ့ပါသည်။ ဤအနာဂတ္တိစကားများတွင် ယုဒနေရာဆက်ခံမည့်သူကို အမည်တင်သွင်းရန် အရေးကြီးသော အချက်နှစ်ချက်ရှိပါသည်။

         ကျမ်းစာတွင် အရိုက်အရာဆက်ခံယူမည် သူကို ရွေးချယ်ရန် ကြိုတင် တိုက်တွန်းထားပါသည်။

         တမန်တော်ဝတ္ထု ၁း၁၆၊ ၂၀ “ညီအစ်ကိုတို့၊ ယေရှုကို ဖမ်းဆီးသော သူတို့အား လမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်းမပြည့်စုံလဲမနေရ။ ဆာလံကျမ်းစာ၌ လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသော သူမရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။

 


စိတ်ကူးယဉ်မှု

         အချို့သောစိတ်ထဲတွင် စိတ်ကူးယဉ်မှုများရှိကြရာ၌ တပည့်တော်တို့သည် ယုဒနေရာတွင် ဆက်ခံမည့် သူ၏အမည်ကို တင်သွင်းရန် လျင်မြန်စွာ လှုပ်ရှားကြပြီး မဿိကိုရွေးချယ်ခဲ့ရာ၌ ပေါလုကို တမန်တော်ဖြစ်လာရန် ဘုရားသခင်၏ အကြံအစည်ပင်ဖြစ်ကြောင်း။ သို့သော် ဤအရာများတို့သည် အာမခံချက်မရှိသော မှန်ကန်ထင်ရားသည့်အရာနှင့် ခန့်မှန်းချက်များသာ ဖြစ်ကြောင်း ဤစိတ်ကူးယဉ်မှုသည် ထူးခြားသော အချက်သုံးချက်ဖြင့် မပြည့်စုံသေးပါ။

         ပထမအနေဖြင့် ပေတရုက ယုဒနေရာကို ဆက်ခံမည့်သူအနေဖြင့် နှစ်ခြင်းဆရာယောဟန်အချိန်မှစ၍ သူ၏ ထမြောက်ခြင်းအချိန်အထိ ခရစ်တော်၏ သာသနာလုပ်ငန်းတွင် မျက်မြင်သည့် သက်သေကိုလိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ တာရှုမြို့သားရှောလုအနေဖြင့် ဤအရည်အချင်းမျိုးကို မမီကြောင်း ထင်ရှားပါသည်။

         တမန်တော်ဝတ္ထု ၁း၂၁၊ ၂၂ “ထိုကြောင့် ယောဟန်သည် ဗတ္တိဇံကို ပေးသည် ကာလမှစ၍၊ သခင်ယေရှုသည် ငါတို့နှင့် ခွာ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့် နေ့ရက်တိုင်အောင်၊ တပည့်တော်တို့နှင့် အတူထွက်ဝင်သွား လာတော်မူသော ကာလပတ်လုံး ငါတို့နှင့် ပေါင်းဖော်၍ နေသော သူတစ်စုံတစ်ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကို ဟောပြော၍ ငါတို့နှင့် အတူ သက်သေခံဖြစ်ရမည်ဟု ပေတရုပြောဆို၏။

         ပိုမိုထင်ရှားစွာဖြင့် တမန်တော်အခန်းကြီး ၁ တွင် အသေးစိတ် ဖော်ပြထားသည်မှာ တပည့်တော်တို့သည် ဘုရားသခင်ထံမှာ လမ်းညွှန်မှုကို ရှာကြံခဲ့ပြီး မဿိကို သန့်ရှင်းသော ဝိညာဉ်တော်က ရွေးချယ်ခဲ့ပါသည်။

         တမန်တော်ဝတ္ထု ၁း၂၄-၂၆ “ဤသို့ဆုတောင်းကြ၏။ လူအပေါင်းတို့၏ စိတ်နှလုံးကို သိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိ

 


နေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏ အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍ ၊ ထိုအရာကိုခံစေခြင်းငှာ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊ စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်လေ၏။

         နောက်ဆုံးတွင် အယ်လင်ဂျီဝှိုက်က သမ္မာကျမ်းစာတော်မြတ်နှင့်အညီ မှန်ကန်သော ရွေးချယ်မှုကို ပြုခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။

         Two men were selected, who, in the careful judgment of the believers, were best qualified for the place. But the disciples, distrusting their ability to decide the question farther, referred it to One that knew all hearts. They sought the Lord in prayer to ascertain which of the two men was more suitable for the important position of trust, as an apostle of Christ. The Spirit of God selected Matthias for the office. (3SP,264,2).

အဓိကအချက်နှစ်ချက်ကို ပြန်လည်သုံးသပ်ခြင်း

         ယခုဆိုလျှင် အလွန်ပင်အရေးကြီးသော အချက်နှစ်ချက်ကို တင်ပြ ပြောဆိုခဲ့ပါပြီး။

         ပထမအချက်။ ဓမ္မဟောင်းကျမ်း အနာဂတ္တိစကား၌ ကြေညာခဲ့ရာတွင် ယုဒသည် ဖောက်ပြန်မည့်အကြောင်းနှင့် သူ၏နေရာတွင် ဆက်ခံမည့်သူအား အမည်စာရင်းဖော်ပြပြီး အစားထိုးရွေးချယ်ရန်ဖြစ်ပါသည်။

         ဒုတိယအချက်။ တပည့်တော်များသည် ဆက်ခံသူအား ရွေးချယ်တင်မြှောက်သည့် လုပ်ထုံး လုပ်နည်းအတိုင်း မှန်ကန်သော ခြေလှမ်းများဖြင့် လိုက်နာခဲ့ပါသည်။

 


ဘာကြောင့် အရေးတကြီးဆောင်ရွက်ရသနည်း

         ယုဒ၏ ဖောက်ပြန်မှုကို ဓမ္မဟောင်းကျမ်းမှ အနာဂတ္တိစကားအားဖြင့် ကြိုတင်ဟောထားပြီး ဆက်ခံသူ၏ အမည်နားမလိုအပ်ကြောင်းကို မှန်ပါသည်ဟု သင်တို့ပြောဆိုကြမည်။ သို့သော်လည်း ပင်တေကုတ္တေပွဲနေ့မတိုင်မီ ဆက်ခံသူအားရွေးချယ်ရန် အရေးတကြီးဆုံးဖြတ်ချက်ကို မည်သည့်ပုရောဖက် အနာဂတ္တိစကားက ဖော်ပြခဲ့သနည်း။ နောက်ပိုင်းသို့ အချိန်ဆွဲပြီး အဘယ်ကြောင့် မစောင့်ဆိုင်းနိုင်ပါသနည်း။ ပင်တေကုတ္တေပွဲနေ့ရောက်ရှိချိန် တိုင်အောင် အဘယ်ကြောင့် ယုဒအတွက်ဆက်ခံသူ၏ အမည်နာမကို တင်ပြရသနည်း။

         တမန်တော် ၁း၁၇ တွင် ဖော်ပြရေးသားထားသည့် အတိုင်း ဖောက်ပြန်မှုမတိုင်မီ ယုဒကို တပည်တော် ၁၂ ယောက်တွင် ရေတွက်ထားကြောင်း တွေ့မြင်ရပါသည်။ ယုဒနေရာတွင် မဿိကို ရွေးချယ်ခဲ့သောအခါ တပည့်တော် ၁၂ ယောက်တွင် ရေတွက်ခဲ့ကြောင်းသိရှိ ရပါသည်။ နံပါတ် ၁၂ သည် အရေးကြီးသော နေရာတွင် ပါဝင်ကြောင်း ထင်ရှားသိသာပါသည်။ မတိုင်မီ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်ရာ၌ တပည့်တော် ၁၂ ပါးမရှိမဖြစ် လိုအပ်ပါသည်။ တပည့်တော် ၁၁ ယောက်ဖြင့် မလုံလောက်ပါက အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။

၁၂ နံပါတ်၏ အဓိပ္ပါယ်ရည်ရွယ်ချက်

         ဗျာဒိတ်ကျမ်းအခန်းကြီး ၁၂း၁ တွင် ဖော်ပြထားသော အဖြေကိုကြည့်ပါ။ “ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတစ်ဦးသည် နေကို ဝပ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။

 


ဣတ္ထိယမိန်းမ

         ဣတ္ထိယမိန်းမသည် ကျမ်းစာတွင် မည်သူကို ပုံဆောင်သနည်း။ ဘုရားသခင်၌ ယုံကြည်သစ္စာရှိသော လူနည်းစု အသင်းတော်ကို ပုံဆောင်ပါသည်။ မည်သို့သက်သေ အထောက်အထားပြမည်နည်း။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇း၂၅ တင် ဖော်ပြထားသော ချိုငယ်နှင့် ဗျာဒိတ်ကျမ်းအခန်းကြီး ၁၂း၁၃၊ ၁၄ တွင် ဖော်ပြထားသော အမျိုးသမီးတစ်ဦးကို ရန်ငြိုးထားပြီး တိုက်ခိုက်နေသော နဂါးဖြင့် နှိုင်းယှဉ်ပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇း၂၅ “အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စာကားကို ပြောလိမ့်မည်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်၊ ကာလအချိန်နှင့် ပညတ်တရားကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။

         ဗျာဒိတ်ကျမ်းအခန်းကြီး ၁၂း၁၃၊ ၁၄ “ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ မိန်းမသည် ထိုမြွေနှင့် လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာအရပ်တည်းဟူသော တောအရပ်သို့ ပျံ့နိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကိုရလေ၏။

         ထိုကြောင့် “မိန်းမဆိုသော စကားလုံးကို သူတော်စင်များဆိုသော ဝေါဟာရဖြင့် အပြန်အလှန်သုံးစွဲထားပါသည်။ ဤသို့ဖြင့် မိန်းမသည် ဘုရားသခင်ဘက်တွင် သစ္စာရှိခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ခံရသော သူတော်စင်များဟူ၍ ခေါ်ဝေါ်သုံးစွဲထားပါသည်။

 


မည်သည့်အဆင့်တွင်ရှိသနည်း

         ဤနေရာတွင် အသင်းတော်သည် မည်သည့်အခန်းကဏ္ဍာတွင် ပါဝင်ကြောင်းကို ပြောဆိုနေကြသနည်း။ ဓမ္မဟောင်းအသင်းတော်တွင်လား၊ (သို့မဟုတ်) ဓမ္မသစ်အသင်းတော်တွင်လား။

         ခရစ်တော်ဖွားမြင်ခြင်းမရှိသေးသည့် ကိုယ်ဝန်ဆောင်မိန်မသည် ဓမ္မဟောင်းအသင်းတော်ဖြစ်ရမည်။ သို့သော် မိန်းမဆိုသည့်စကားကို နောက်ပိုင်းတွင် ဓမ္မသစ်ခေတ်အသင်းတော်ကိုလည်းဆိုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမသည် တောထဲသို့ပြေးရပြီး မြွေသည် သူမကိုနှစ်ပေါင်း ၁၂၆၀ တိုင်တိုင် ခရစ်သက္ကရာဇ်အချိန်တွင် ညှင်းဆဲဖိနှိပ်ခြင်းကို ခံခဲ့ရပါသည်။

နေနှင့် “လ

မည်သည့်အရာကို ပုံဆောင်သနည်း။

၁။     နေသည်ကြီးသော အလင်းတစ်လုံးဖြစ်ပြီး၊ လသည် ငယ်သောအလင်းတစ်လုံးဖြစ်သည်။ (က ၁း၆)

၂။     နေသည် ခရစ်တော်ကို ပုံဆောင်သည့် ကြီးသောအလင်းတစ်လုံးဖြစ်သည်။ (ဆာလံ ၈၄း၁၁။ မဿဲ ၁၇း၃။ ဗျာ ၁း၁၆။ မာလခိ ၄း၁) သစ္စာရှိသော အသင်းတော်သည် ခရစ်တော်အားဖြင့် ဖုံးအုပ်ထားပါသည်။

၃။     လသည် ကျမ်းစာတော်မြတ်တွင် ငယ်သောအလင်းတစ်လုံးဖြစ်ပြီး ခရစ်တော်ကို သက်သေခံပေးပါသည်။ (ယောဟန် ၅း၃၅၊ ၃၉၊ ၄၆၊ ၄၇)

ကြယ် ၁၂ လုံး

         မိန်းမတစ်ဦးသည် နေကိုဝပ်လျက်၊ လကိုခြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသေ သရဖူကို ကျွန်ုပ်တို့ လေ့လာကြမည်။


         ပထမဖြစ်စဉ်တွင် ယာကုပ်၏ သားတော် တစ်ဆယ့်နှစ်ဦးကို ပုံဆောင်ပြီး၊ ဘုရားသခင်၏ ဓမ္မစောင်းအသင်းတော်ကို တည်ထောင်ခဲ့သူများဖြစ်ပြီး နောက်ပိုင်းတွင် ဣသရေလလူမျိုး စုတစ်ဆယ့်နှစ်မျိုးသို့ တိုးပွားလာခဲ့ပါသည်။

         ကမ္ဘာဦးကျမ်းအခန်းကြီး ၃၇း၉၊ ၁၀ တွင် “ တစ်ဖန် အိပ်မက်ကို မြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊လနှင့် တကွ၊ ကြယ်ဆယ့်တစ်လုံးတို့သည် ၊ ကျွန်ုပ်တိုရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့ အဘနှင့် အစ်ကိုတို့အားကြားပြောသောအခါ အဘက၊ သင်မြင်သော အိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လော ဟူ၍၊ သူ့ကို ဆုံးမလေ၏။

         ကမ္ဘာဦးကျမ်းအခန်းကြီး ၄၉း၂၈ တွင် ဤသူတို့ကား ဣသရေလ လူမျိုးတစ်ဆယ့်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍ သူတို့အသီးသီးခံရသော မင်္ဂလာရှိသည့်အတိုင်း ကောင်းချီးပေးသော စကားပေတည်း။

တမန်တော်တစ်ဆယ့်နစ်ပါး

         ၁၂ နံပါတ်သည် ခရစ်တော်ကိုယ်တိုင် တည်ထောင်ခဲ့သော ဓမ္မသစ်အသင်းတော်၏ အုတ်မြစ်လည်းဖြစ်ပါသည်။ ခရစ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ဦးကို ရွေးချယ်ခဲ့ပါသည်။ မပိုမလျော့ တိတိကျကျဖြစ်ပါသည်။

         ရှင်မာကုခရစ်ဝင်အခန်းကြီး ၃း၁၄-၁၉ နှင် (မဿဲ ၁ဝး၁၊ ၂၊ ၅။ ၁၁း၁ နှင့် ၂ဝး၁၇။ ၂၆း၂၀) “ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသေ အခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊ နတ်ဆိုးတို့ကို နှင် ထုတ်နိုင်သော အခွင့်နှင့် စေလွှတ်စေခြင်းငှာလည်းကောင်း၊

 


တကျိပ်နှစ်ပါးသော သူတည်းဟူသော ပေတရုအမည်သစ်ကိုပေးတော်မူသော ရှိမုန်၊ မိုးကြိုးသားဟု ဆိုလိုသော  ဗောနေရဂက်၊ အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့် ယောဟန် ၊ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသေ လမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူ ရှိမုန်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။

         အယ်လင်ဂျီဝှိုက်သည်လည်း ၁၂ နံပါတ်၏ အဓိပ္ပါယ်ရည်ရွယ်ချက်လေးနက် မှုကိုလည်း အထူးသဖြင့် ဖော်ပြပါသည်။

       As is the Old Testament the twelve patriarchs stood as representatives of Israel, so the twelve apostles stand as representatives of the gospel church. (AA, 19.1).

         တမန်တော်တစ်ဆယ့်နှစ်ပါး၌ အခြေခံလျက် ခရစ်ယာန်အသင်းတော် မွေးဖွာလာပါသည်။ ထိုကြောင့် ၁၂ နံပါတ်၏ အဓိပ္ပါယ်ရည်ရွယ်ချက်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ် အချိန်တစ်လျှောက်လုံးတည်ရှိသော အသင်းတော်ဖြစ်ပါသည်။

မိန်းမတစ်ဦးတည်း

         ခေတ်အဆက်ဆက်တစ်လျှောက်လုံးတွင် မှန်ကန်သော အသင်းတော် တစ်ပါးတည်းကိုသာ ပုံဆောင်သော မိန်းမတစ်ဦးတည်းကို သိမြင်ရပါသည်။

၁။     ယေရှုဖွားမြင်ခြင်းမတိုင်မီ အမျိုးသမီးသည် ဣသရေလဖြစ်ပါသည်။

၂။     နှစ်ပေါင်း ၁၂၆၀ အတွင်းတွင် ထိုအမျိုးသမီးသည် ခရစ်ယာန်အသင်းတော် ဖြစ်ပါသည်။

၃။     ကျန်ကြွင်းသော ထိုမိန်းမ၏ အမျိုးအနွယ်သည် နောက်ဆုံးကာလ အသင်းတော်ဖြစ်ပါသည်။

 


         ဝေငှပေးကမ်သူများအနေဖြင့် ဘုရားသခင်သည် အပြန်အလှန်ပိုင်းခြားတတ်သော လူနှစ်မျိုးရှိကြောင်းကို ပြောဆိုသောအခါ လုံးလုံးလျားလျားမှားယွင်းပါသည်။ မေရှိယသည် တစ်ပါးတည်းသာရှိပါသည်။ မေရှိယ၏ အသင်းတော်သည်လည်း တစ်ပါးတည်းသာရှိပါသည်။ ထိုနဂါးပင်လျှင် အဆင့်တစ်လျှောက်လုံး လှုပ်ရှားခဲ့ပါသည်။

         ဘာကြောင့်အရေးကြီးသော အသိစိတ်နှင့် ဆောင်ရွက်ရသနည်း

ယခုမူရင်းမေးခွန်းသို့ ပြန်လှည့်ကြည်ပါစို့။

         ပင်တေကုတ္တေပွဲနေ့၌ ဝိညာဉ်တော်မိုးမဆင်းသက်မီ ဘာကြောင့် တမန်တော်တစ်ဆယ့်နှစ်ပါး၏ အမည်နာမကို အရေးတကြီး အတည်ပြုရပါသနည်း။

ယေရှု၏သမိုင်းသစ်အစေပြုခြင်း

         ပင်တေကုတ္တေပွဲနေ့ ကောင်းကင်သန့်ရှင်းရာဌာနတွင် သခင်ခရစ်တော် စတင် မည့်အမှုတော်တွင် အဖြေကို တွေ့ပါသည်။

         သခင်ခရစ်တော်သည် မိမိ၏ဖြောင့်မတ်ခြင်းကို လိုလားသော သူများ၏ အသနားခံတော်းဆိုမှုအတွက် ဖြည့်ဆည်းပေးနိုင်ရန် ယဇ်ပုရောဟိတ်မင်းဖြစ်လာရသည်။

         ဟေဗြဲဩဝါဒစာအခန်းကြီး ၈း၁၊ ၂ တွင် “ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာ၀ရဘုရား

 


ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို ပြုသော သူဖြစ်တော်မူ၏။

         ယဇ်ပုရောဟိတ်မင်းအနေဖြင့် မိမိ၏ အမှုလုပ်ငန်းများကို မထမ်းဆောင်မီ သူသည် ယဇ်ပုရောဟိတ်မင်းဝတ်လုံကို ယူတင်ဝတ်ဆောင်ရမည်။ သို့မတိုင်မီ သူသည် ဓားစာခံနှင့် ရိုးရိုးတာဝန်ကို ထမ်းဆောင်သော ယဇ်ပုရောဟိတ်ဖြစ်ပြီး၊ သို့သော် ယခုသူသည် ယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး မိမိ၏ လူတို့အတွက် ကြားဖျန်ဖြေသူဖြစ်လိမ့်မည်။

ယဇ်ပုရောဟိတ်မင်း၏ ဝတ်လုံ

ယဇ်ပုရောဟိတ်မင်း၏ ဗျာဒိတ်ရင်ဖုံးတွင် ကျောက်တစ်ဆယ့်နှစ်လုံးရှိသည်။

၁။     ဗျာဒိတ်ရင်ဖုံးသည် အာရုန်၏ နှလုံးသားပေါ်တွင် တည်ရှိပါသည်။

၂။     တရားစီရင်ခြင် ဗျာဒိတ်ရင် ဖုံးဟုခေါ်ရခြင်းမှာ ခရစ်တော်ကိုယ်တိုင် ကျွန်ုပ်တို့၏တရားစီရင်မှုကို ခံယူသောကြောင့် ဖြစ်ပါသည်။

         ဗျာဒိတ်ရင်ဖုံးအပေါ်တွင် ကျောက်တစ်ဆင့်နှစ်လုံးဖြင့် စီခြယ်ထားပါသည်။ ထွက်မြောက်ရာကျမ်း ၂၈း ၁၅-၂၁၊ ၂၉၊ ၃၀ “ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်စွာလုပ်ရမည်။ နှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတင်းတန်းစီရမည်။ ပထမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ ဒုတိယအတန်း ကား၊ မြ၊ နီလာ၊ စိန်၊ တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်၊ စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရင်မည်။ ဣသရေလအမျိုးတစ်ဆယ့်နှစ်မျိုရှိသည် အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင့်

 


နာမည်တစ်ပါးစီပါရမည်။ အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲသို့ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာ၀ရဘုရားအစဉ် အောက်မေ့တော်မူစေခြင်းငှာ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာဆောင်ရမည်။ ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာ၀ရဘုရားရှေ့တော်သို့ဝင်သောအခါ၊ မိမိနှလုံးပေါ်မှာ ဥရိပ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလ အမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာ၀ရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။

         တမန်တော် ၁၂ ပါးကိုရွေးချယ်ရာတွင် ခရစ်တော်သည် ဓမ္မဟောင်းကာလရှိ ဣသရေလလူတို့ကို မိမိတို့ခံစားမှုအမွေအတိုင်း ဆက်ခံရန် ရည်ညွှန်းပါသည်။ ဓမ္မဟောင်းအသင်းတော်ကို ယာကုပ်၏သားများ ၁၂ ယောက်က အခမ်းအနားဖြင့်စတင်ခဲ့ပြီး ဓမ္မသစ်ကျမ်း တမန်တော် ၁၂ ပါးတို့က စတင်ခဲ့ပါသည်။ သို့သော် အသင်းတော်ကို ပုံဆောင်ရန် မိန်းမတစ်ဦးကတည်းသာရှိပါသည်။

         ခရစ်တော်သည် ကောင်းကင်သို့တက်ကြွခဲ့စဉ်အခါက ယဇ်ပုရောဟိတ်မင်းအဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုပြီး၊ ဓမ္မဟောင်းခတ် ဣသရေလလူတို့၏ အမွေကိုဆက်ခံရန် သူသည် တမန်တော် ၁၂ ပါးကို လိုအပ်ခဲ့ပါသည်။

         ခရစ်တော်သည် မိမိ၏ လူတို့အပေါ်၌ ယဇ်ပုဟိတ်မင်းကဲ့သို့ အခမ်းအနားဖြင့် နေရာအပ်နှင်းခြင်းမတိုင်မီ သူသည် ယဇ်ပုရောဟိတ်မင်း၏ ဝတ်လုံတော်ဖြင့် ယူတင်ဝတ်ဆောင်ရန်လိုအပ်ပါသည်။ ၎င်းဝတ်လုံများသည် ရင်ဖုံးပေါ်တွင် ကျောက် ၁၂ လုံးဖြင့် စီထားပါသည်။

        Of Aaron, the high priest of Israel, it is written, He “shall bear the names of the children of Israel in the breastplate of judgment upon his heart, when he goeth in unto the holy place, for a memorial before the Lord continually.” [Exodus 28.29]. What a beautiful and expressive figure this is of the unchanging love of Christ for His Church for His church Our great High Priest, of whom Aaron wasa type, bears His people upon His heart. and should not His earthly ministers share His love and sympathy and solicitude? {GW, 34.2}.

အသင်းတော်နှင့် လွန်စွာရင်းနှိးသောခရစ်တော်

         ရှင်ယောဟန်ခရစ်ဝင် ၁၇း၂၄၊ ၂၅ “အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည် အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့် အတူရှိနေစခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။

         ဧဖက်ဩဝါဒစာ ၅း၂၅-၂၇ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည်တို့နှင့် လွတ်လပ်သဖြင့်၊အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တာ်ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဖို့အလိုငှာ ကိုယ်ကိုယ်ကို စွန့်တော်မူ၏။

       I testify to my brethren and sisters that the church of Christ, enfeebled and defective as it may be, is the only object on earth on which He bestows His supreme regard. While He extends to all the  world His invitation to come to Him and be saved, He commissions His angels to render divine help to every soul thatcometh to Him in repentance and contrition, and he comes personally by His Holy Spirit into the midst of His church.{TM, 15.1}

            Enfeebled and defective, needing constantly to be warned and counseled, the church is nevertheless the object of Christ’s supreme regard. He is making experiments of grace on human hearts and is effecting such transformations of character that angels are amazed and express their joy in songs of praise. They rejoice of think that sinful, erring human beings can be so transformed. {7T, 16.3}

အနားဂတ်လူမျိုးတစ်စုတည်း

အနာဂတ်အချိန်တွင် မြို့တစ်တည်း မြို့သာလျှင်ရှိပြီး ခေတ်တစ်လျှောက်လုံးအတွင်းတွင် ရွေးနုတ်ခြင်းခံရသူများအားလုံး ပါဝင်ကြပါသည်။ အရေအတွက် ၁၂သည် ဘုရားသခင်၏ တစ်ပေါင်းတစ်စည်းတည်းအဖြစ်ကို ပုံဆောင်ထားပါသည်။ ဘုရားသခင်နှလုံးသားနှင့် အနီးဆုံးလူမျိုး ၁၂ မျိုးနှင့် တမန်တော် ၁၂ ပါးပါဝင်သော မြို့တစ်မြို့တည်းသာရှိပါသည်။

         ဗျာဒိတ်ကျမ်း ၂၁း၁၂ “ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌ သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ ထိုတံခါးတစ်ဆယ့်နှစ်ပေါက်၌ ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါးရှိ၏၊ ဣသရေလအမျိုးတစ်ဆယ့်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ် ရေးထားလျက်ရှိ၏။

         ဗျာဒိတ်ကျမ်း ၂၁း၁၄ “ မြို့ရိုးအမြစ်သည် တစ်ဆယ့်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တတော် တစ်ဆယ့်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။

No comments:

Post a Comment