(၈) သုံးပွင့်ဆိုင် သန့်ရှင်းစင်ကြယ်ကြောင်းသက်သေ
နိဒါန်း။
(က) အပြစ်မှနောက်တရခြင်း၊
(ခ) ဝန်ချတောင်းပန်ခြင်း၊ (ဂ) ခရစ်တော်၏ ဖြောင့်မတ်ခြင်းတွက်ကိုးစား၍ ၎င်းနောက်
(ဃ) ထိုသူတို့ကို ရေနှစ်ခြင်းပေးပြီး မြင့်မြတ်ဖြူစင်စွာ စုံဖက်မှုရှိစေရန်
ယခုမှစ၍ ခရစ်တော်နှင့် အတူ နေ့စဉ်ဆက်နွှယ်မှု၌ ကြီးထွားလာရမည်။ ဘုရားသခင်သည်
သန့်ရှင်းသည့် အရပ်တွင်သုံးဆောင်ရန် ပစ္စည်းသုံးမျိုးကို ပေးထားရာတွင်
သခင်ခရစ်တော်၏ ဖြူစင်သည့်အသက်တာ၌ ပါ၀၍သည့် ပစ္စည်းသုံးမျိုးအားဖြင့်
နှိုင်းယှဉ်တင်ပြထားပါသည်။
ဗိမာန်တော်၏ ပထဝီအနေအထား
သန့်ရှင်းသော ဌာနအရှေ့ဘက်ခြမ်းမှ ဝင်ရောက်သောအခါ ဤအရာများကို တွေ့ရမည်။
၁။ ကျွန်တော်တို့၏ လက်ဝဲဘက်၊
တောင်ဘက်ခြမ်းတွင် ဖြူစင်သော ရွှေစင်ဖြင့် ပြုလုပ်ထားသည့်ဆီမီးခုံခုနစ်တိုင်း။
၂။ ကျွန်တော်တို့၏ လက်ယာဘက်၊
မြောက်ဘက်ခြမ်းစာပွဲပေါ်၌ တင်ထားသော ရှေ့တော်မုန့် ၁၂ လုံးသည်လည်း ဥပုသ်နေ့တိုင်း
အသစ်လဲပေးသောကြောင့် လတ်ဆတ်လျက်ရှိပါသည်။
၃။ ရှေ့တည့်တည့် အနောက်ဘက်ခြမ်းတွင်
ရွှေစင်ဖြင့် ပြုလုပ်ထားသော နံ့သာပေါင်းမီးရှို့ရာပလ္လင်ကို တွေ့မြင်ရပါသည်။
ဤဝတ္ထု ပစ္စည်းအစိတ်အပိုင်းများသည် ကန့်လန့်ကာ ရှေ့တည့်တည့် ဘုရားသခင်၏
ပလ္လင်တော်နှင့် အနီးကပ်ဆုံးနေရာတွင် တည်ရှိပါသည်။
အရုပ်ဖော်မှုသင်္ကေတ။
၁။ ဆီမီးတိုင်းသည် သန့်ရှင်းသော
ဝိညာဉ်တော်၏ တန်ခိုးအောက်တွင် ခရစ်တော်အတွက် သက်သေခံကို ပုံဆောင်ဖော်ပြမှုအနေဖြင့်
မြင်တွေ့ရပါသည်။
၂။ ရှေ့တော်မုန့်သည်
ဣသရေလအမျိုးအားလုံးကိုသော်လည်းကောင်း၊ ရာကျမ်းအခန်းကြီး ၁၂ တွင် သင်္ကေတအားဖြင့်
ပြသထားသည့် အတိုင်း လုံလောက်သည့် ဝိညာဉ်ရေးအစာအာဟာရရှိကြောင်းကို
ပုံဆောင်ဖော်ပြပါသည်။
၃။ နံ့သာပေါင်းမီးရှို့သော
ရွှေပလ္လင်သည် ကျွန်ုပ်တို့ ခရစ်တော်ကို ဆက်ကပ်သည့် ချီးမွမ်းခြင်း၊
ကျေးဇူးတင်ခြင်း၊ တောင်းဆိုမှုအမျိုးမျိုးနှင့် အာပတ်ဖြေခြင်း စသည့်
ဆုတောင်းခြင်းများကို ပုံဆောင်ပြသထားပါသည်။
၄။ ဤဝတ္ထုပစ္စည်းသုံးမျိုးသည်
ဝိညာဉ်ရေးအသက်တာ တိုးတက် ကောင်းမွန်ခြင်းသို့ အသက်တာကို ပို့ဆောင်ပါသည်။
၅။ ဆုတောင်းခြင်တွင် ကျွန်ုပ်တို့
ဘုရားသခင်နှင့် စကားပြောပါသည်။ ကျမ်းစာကို လေ့လာမှီဝဲသောအခါ တွင် ကျွန်ုပ်တို့ကို
ဘုရားသခင်စကား ပြောပါသည်။ သက်သေခံခြင်းအားဖြင့် ကျွန်ုပ်တို့၏
ဘုရားသခင်အကြောင်းကို သူတစ်ပါးအား ပြောပြပါသည်။
မီးစုံ (ဖယောင်းတိုင်စိုက်သော တိုင်ခုနစ်တိုင်)
ရွှေစင်ဖြင့် ပြုလုပ်ထားသည့် ဆီမီးခုံခုနစ်တိုင်သည် အလေးချိန်အားဖြင့် ပေါင်(၁၂၀) ရှိပါသည်။ တစ်အောင်စကို ဒေါ်လာငွေ ၁၄၀၀ ဖြင့် တွက်သော် သန်းခြောက်သိန်းရှစ်သောင်း ရှစ်ထောင်ရှိပါသည်။ မီးစာများကို နံနက်နှင့် ညနေတိုင်း သေသပ်စွာကိုင်တွယ် ညှိယူပြီး ဆီကိုလည်း မကုန်ခန်းမီ တစ်ချိန်နည်း။ အသစ်ပြန်လည် ဖြည့်ထည့်ပါသည်။ ဆီသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုံဆောင်သည်။ (ဇာခရိ ၄း၆)။ သို့သော် ဆီမီးခုံခုနစ်တိုင်သည် မည်သည့်အရာကိုကိုယ်စားပြုပုံဆောင်သနည်း။ ဇာခရိအနာဂတ္တိကျမ်း ၄း၆ တွင် ဆီမီးခုံတိုင်များကို ရူပါရုံရရှိပြီးနောက် (သတို့သမီး ၁၀ ယောက်၏ ပုံပမာကို လည်း ပြထားပါသည်)။
ကောင်းကင်တမန်ကလည်း ဇေရုဗဗေလသို့ ရောက်လာသော ထာ၀ရဘုရား၏ နှုတ်ကပတ်တော်မူကား ၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရားမိန့်တော်မူ၏။အသင်းတော်ခုနစ်ပါး၏အမည်။
ဗျာဒိတ်ကျမ်းအခန်းကြီး
၂ နှင့် ၃ တွင် မျက်မှောက်ခေတ် တူရကီနိုင်ငံ (အေးရှားမိုင်းနား) တွင်ရှိသော
အမည်ဖော်ပြပါရှိသော အသင်းတော်ခုနစ်ပါး သို့ပေးပို့သည့် သခင်ခရစ်တော်၏
သတင်းစကားများကို တွေ့ရှိပါသည်။ ဗျာဒိတ်ကျမ်း ၁း၁၀-၁၁။ အသင်းတော် ခုနစ်ပါး၏
အမည်စာရင်းဖြစ်ပါသည်။ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍ တံပိုးခရာအသံကဲသို့
ငါနောက်၌ မြည်သော အသံကြီးကို ကြား၏။ မြည်သော အချက်ဟူမူကား၊ သင်သည် မြင်သောအရာကို
စာစောင်၌ ရေးထား၍ ဧဖက်မြို့၊ စမုရမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ မြို့၊
ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ ရှိသော အသင်းတော် ခုနစ်ပါးထံသို့ ပေးလိုက်လော့ ဟု
ဆိုသတည်း။
ဖယောင်းခုနစ်တိုင်း
;အခန်းကြီး ၁း၁၂ တွင် ရှင်ယောဟန်မြင်တွေ့ခဲ့ရသည့် အလင်းတန်း။
“ထိုသို့ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်
ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်ခုနစ်လုံး အလယ်၌ လူသားတော်နှင့်
တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။”
ဗျာဒိတ်ကျမ်း ၁း၂၀။ အသင်းတော်ခုနစ်ပါးကို ဖယောင်းခုနစ်တိုင်ဖြင့် ပုံဆောင်သည်။ ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန်ဖြစ်ကြ၏။
ဥရောပတွင် လည်းကောင်၊ အေးရှားမိုင်းနားတွင် သော်လည်းကောင်း အခြားသော အသင်းတော်မြောက်မြားစွာရှိပါသည်။ ဥပမာအားဖြင့် တရော၊ အာဆော့၊ မိလက် ၊ ကလောစေး၊ ဟိရာပါလိ၊ တရာလိ၊ မက္ကနီဆီးယား အစရှိသည့် မြို့များစွာရှိပါသည်။ အေးရှားမိုင်းနားမှ မြို့ခုနစ်မြို့ကို သာလျှင် အဘယ်ကြောင့် ရွေးရသနည်း။ ပထဝီအနေအထားကို ကြည့်ခြင်းဖြင့် ထိုမြို့များ၏ တည်နေပုံမှာ ဖယောင်းတိုင်ပန်းဆိုင်းဖွဲ့စည်းပုံ ကဲ့သို့ အချက်အချာကို ပတ်မုကျွန်းတွင် အခြေချ ထားခြင်း ဖြစ်ပါသည်။ခုနစ်အရေအတွက်ကို ဘာကြောင့်သုံးသနည်း။
The names of the seven churches are symbolic of the churches different periods of the Christian Era. The number 7 indi - cates completeness, and is symbolic of the fact that the messages extend to the end of time. while the symbols used reveal the condi - tion of the church at different periods in the history of the world. (AA. 585.3). Hal Lindsey, Vanished into Thin Air p, 276
သင်္ကေတလက္ခဏာများကို နေရာတကျ အတူထားပါ။
ဆီမီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးကို ပုံဆောင်ပါသည်။ အသင်းတော်ခုနစ်ပါးသည်လည်း တမန်တော် လက်ထက် အချိန်မှစ၍ကမ္ဘာသမိုင်း ကုန်ဆုံချိန်တိုင်အောင် ကာလကို ပုံဆောင်ပါသည်။ ကမ္ဘာသမိုင်း တစ်လျှောက်လုံးတွင် ရှိသော အသင်းတော်သည် အလင်းတရားဖြန့်ကြဲရန် ဖြစ်သော်လည်း အလင်းထွန်းလင်းရာတွင် မီးစာကိုညှိရမည်ဖြစ်ပါသည်။ မီးခွက်များသည်လည်း ဆီမပြတ်ဖြည့်စွက်ထားရမည်။ မေးစရာရှိသော အချက်မှာ မည်သူက တာဝန်ယူပြီးလုပ်ဆောင်မည်နည်း။
မိးစာညှိပေးသောသူနှင့် ဆီဖြည့်ထောက်ပံ့ပေးသူ။
ဗျာဒိတ်ကျမ်း ၁း၁၃။ ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော
သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည် ခြေသို့ တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌
ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။
သခင်ခရစ်တော်သည်
ယဇ်ပုရောဟိတ်မင်းကြီးကဲ့သို့ ဝတ်ရုံကို ဝတ်ဆင်ပါသည်။ (ထွက် ၂၈း၄) တွင်
ဖော်ပြထားသော ဝတ်ရုံနှင့် လည်စီးပဝါသည် ယဇ်ပုရောဟိတ်အကြီးအကဲဖြစ်သော အာရုန်၏
အမျိုးနွယ်တွင် ပါဝင်ပါသည်။
အာရုန်၏အခန်းကဏ္ဍ။
ဝတ်ပြုရာကျမ်းအခန်းကြီး ၂၄း၁-၄ တွင် မီးစာများကို သေချာစွာညှိခြင်းနှင့်
ဖယောင်းမီးတိုင်း ပန်းဆိုင်သည်လည်း ဆီလုံလောက်စွာ မပြတ်ဖြည့်ပေးရမည့် အလုပ်သည်
ယဇ်ပုရောဟိတ်အကြီးအကဲ၏ တာဝန်ဖြစ်ပါသည်။
အသင်းတော်သမိုင်း
တစ်လျှောက်လုံး မီးအလင်းရောင် ပြန်ခြင်းတွင် မီးသေသွားသည့် ပုံစံမျိုး
လေ့လာခဲ့ရပါသည်။ (အမှောင်ခေတ်ကာလကဲ့သို့) သို့သော် မီးအလင်းကွယ်ပျောက်ခြင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသင်းတော်အလယ်တွင် ရပ်တည်သောကြောင့် ဖြစ်ပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ထိုနေရာ၌ ရှိတော်မူကြောင်းကို
မီအလင်းကွယ်ပျောက်မှု မရှိခြင်းဖြင့် သေချာစေပါသည်။
တစ်ဖန်
ထာ၀ရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ပရိသတ်စည်းဝေးရာ တဲတော်တွင်
သက်သေခံချက်ကန့်လန့်ကာပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဖို့ သံလွင်သီးကို
ထောင်း၍ ယူသော သံလွင်ဆီ စစ်ကို ဣသရေလအမျိုးသားတို့သည် သင့်ထံသို့
ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ အာရုန်သည်လည်း ညဦးမှသည် နံနက်တိုင်အောင်
ထာ၀ရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့အမျိုးအစဉ် အဆက်စောင့်ရသော
ပညတ်တော်ဖြစ်သတည်း။ စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည်
ထာ၀ရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။
တပည့်တော်များသည်
သန့်ရှင်းသော ဝိညာဉ်တော်(ဆီ) ရရှိသည့် အချိန်တိုင်အောင် ပင်တေကုတ္တေပွဲနေ့၌လည်း
သက်သေခံကြပါသည်။ ထောင်ပေါင်းများစွာသော သူတို့သည်လည်း ဧဝံဂေလိတရားတော်ကို
ခံယူရရှိကြပြီး အသင်းတော် ဘောင်အတွင်းဝင်ရောက်ကြပါသည်။ (တမန် ၁း၆-၈ တွင် ကြည့်ပါ)
။ အကယ်၍ ကျွန်ုပ်တို့၌ အလင်းတရားထွန်းလင်းရန် မရှိခဲ့လျှင် ကျွန်ုပ်တို့
မီးခွက်ထဲတွင် ဆီမရှိသော သက်သေသေ ဓက ဖြစ်ပါသည်။
Everyone who is connected with God will impart light to oth - ers. If there are any who have no light to give , it is because they have no connection with the Source of light—Historical Sketches, p 291, (ChS 21.1)
ဘုရားသခင်နှင့်
အဆက်အသွယ်ပြုသော သူတိုင်း သူတစ်ပါးအား အလင်းတရားဝေငှပါသည်။
အလင်းတရားရောင်ပြန်မှုမရှိ သူတိုင်းတွင် အလင်းတရား၏ အရင်းခံဘူမိနက်သန်နှင့် ဆက်သွယ်မှုမရှိခြင်းကြောင့်
ဖြစ်ပါသည်။ Hငျအသမငခal
Skနအခ့နျယ စ. ၂၉၁ယ( ဃ့S
၂၁.၂)
ရှင်မဿဲခရစ်ဝင် ၅း၁၄-၁၆။ ခရစ်တော်သည် လောကအတွက် လုံလောက်သည့် အလင်းဖြစ်သည်။ လသည် နေ၏ အလင်းကို ရောင်ပြန် ထွန်းလင်းသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၏ ဂုဏ်တော်အလင်းကို ရောင်ပြန်ရမည်။
သင်တို့သည်
ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကိုမကွယ်နိုင်။ ဆီမီးထွန်း၍
တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို
ရေစခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ သူတစ်ပါးတို့သည် သင်တို့၏
ကောင်းသော အကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ ဂုဏ်တော်ကို
ချီးမွမ်းစေခြင်းငှါ သူတစ်ပါးရှေ့၌ သင်တို့ အလင်းကို လင်းစေကြေလော့။
ရှင်ယောဟန်
အခန်းကြီး ၄ တွင် ဖော်ပြထားသော ရှမာရိ အမျိုးသမီးနှင့် ရှင်မာကုအခန်းကြီး ၅ တွင်
ဖော်ပြသော ဂါဒရပြည်၏ အဖြစ်အပျက်များ၌ ငါတို့သည် ကယ်တင်ခြင်းခံရခြင်းတွင်
ဘုရားသခင်သည် ငါတို့အတွက် အဘယ်မျှလောက် ကျေးဇူးပြုခဲ့သည်ကို အကြောင်းပြုပြီး
ငါတို့သည် သူတစ်ပါးကိုလည်း သက်သေခံရမည့်အကြောင်းကို ပုံပမာ
နှိုင်းပြထားခြင်းပင်ဖြစ်ပါသည်။
စင်ကြယ်သော စားပွဲတင်ရှေ့တော်မုန့်
ကိုယ်စားပြုဆောင်ရွက်သောမုန့်။
ရှင်မဿဲခရစ်ဝင် ၄း၃-၄ ။ မုန့်သည် ဘုရားသခင် နှုတ်ကပတ်တော်ကို ပုံဆောင်ပါသည်။
ထိုအခါ
စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်
ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း
လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်
အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း ၅၅း၂။ အစာမဟုတ်သော အရာအဖို့ သင်တို့ ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကိုစေ့စေ့ နားထောင်လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသော အရာတို့၌ မိမိကိုယ် မိမိ မွေ့လျော်စေလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၅၅း၁၀-၁၁။ မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ
ဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေသည် မျိုးစေ့ကြသော သူအား မျိုးစေ့ကိုလည်းကောင်း၊
အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကို စိုစေသဖြင့် အပင်ပေါက်စေ၍
အသီးကို သီးစေသကဲ့သို့ ထို့အတူ ငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ
ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
ဝတ်ပြုရာကျမ်း ၂၄း၆-၈။ မုန့်အကြောင်းအသေးစိတ်။
ထာ၀ရဘုရားရှေ့
စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကို ထပ်ဆင့်၍
တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။ ထာ၀ရဘုရားအား မီးဖြင့် ပြုသော
ပူဇော်သကာတည်းဟူသော အောက်မေ့တော်မူဖို့ရာ ဖြစ်စေခြင်းရာ ထိုမုန့်နှစ်ပုံပေါ်မှာ
စင်ကြယ်သော လောဗန်ကို တင်ထားရမည်။ ထာ၀ရဘုရား၏ ပဋိညာဉ်နှင့်အညီ ဣသရေလ အမျိုးသားတို့
လက်မှခံယူသော ထိုမုန့်ကို အာရုန်သည် ထာ၀ရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်အမြဲ
ပြင်ဆင်ရမည်။
၁။ မျက်မှောက်တွင် ထားရှိသော မုန့်သည် နေ့စဉ်အဆက်မပြတ်ရှိပြီး ဥပုသ်နေ့တိုင်းတွင် ယဇ်ပုရောဟိတ်မင်းသည် လတ်ဆတ်သော မုန့်ဖြင့် အသစ်လဲလှယ်ပေးပါသည်။ သို့ပါ၍ ကျွန်ုပ်တို့သည် ဥပုသ်တော်နေ့တိုင်း ဗိမာန်တော်သို့သွားသောအခါ အသက်မွေးလောက်သော အစာအသစ်ရရှိရန် ဖြစ်ပါသည်။
၂။ မုန့်အပေါ်တွင် လောဗန်အမွှေးတိုင်တင်ထားရခြင်းသည်
ဘုရားသခင်ပေးသည့် မုန့်ကို စားသော အခါ ဘယ်သောအခါမျှ ဆုမတောင်းလဲမစားသင့်ကြောင်းကို
ပုံဆောင်ပါသည်။
၃။ မုန့်သည် တဆေးမပါသော
မုန့်ဖြစ်ရမည် (ဝတ် ၂း၅)။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အပြစ်အားဖြင့် မညစ်ညူးစေရ။
စင်စစ်အားဖြင့် အပြစ်ကို စုံစမ်းရှာဖွေမှုပြုပြီး ၎င်းနောက် ပြင်းပြင်း ထန်ထန်
အဆက်ဖြတ်စေသည်။
၄။ မုန့်ကို ဆားခပ်ရပါသည် (ဝတ်
၂း၁၃)။ ကျမ်းစာအချိန်၌ ဖော်ပြသော ဆားသည့် သန့်စင်စေသည့်အစွမ်းနှင့် မပျက်စီးစေရန်
ထိန်းထားနိုင်သည့် တန်ခိုးဖြစ်ပါသည်။
အံ့ဩလောက်အောက်အစွမ်းပြနိုင်သည့် နှုတ်ကပတ်တော်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆း၁၊ ၂၊ ၁၄ တွင် လူအစုအဝေးတို့သည်
ခရစ်တော်နောက်သို့ လိုက်ရာတွင် အဓိက အကြောင်းအရာသုံးရပ်ရှိပါသည်။
(၁) ပထမအနေဖြင့်
အံ့ဖွယ်သောအရာ (နိမိတ်လက္ခဏာ) တို့ကို မြင်လိုကြပါသည်။
(၂) ဒုတိယအကြောင်ရင်းမှာ
ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် လိုလားမှုဖြစ်ပါသည်။
(၃) တတိယအကြောင်းရင်းမှာ
ခရစ်တော်ကို လောကီရှင်ဘုရင်ဖြစ်ရန် လိုလားမှုဖြစ်ပါသည်။
ထိုနောက်မှ
ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူတော်မူ၏။ အနာရောဂါစွဲသော
သူတို့သည် ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးတို့သည် မြင်ကြသဖြင့်
နောက်တော်သို့လိုက်ကြ၏။ ထိုသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို
ထိုလူများတို့သည် မြင်လျှင် ဤသူကား ဤလောကသို့ ကြွလာရသော ပုရောဖက်အမှန်ဖြစ်သည်ဟု
ဆိုကြ၏။
လူအစုအဝေးတို့သည် ခရစ်တော်နောက်သို့လိုက်ရာတွင် အံ့ဖွယ်သောအရာ (နိမိတ်လက္ခဏာ) ကို သခင်ခရစ်တော်ပြသောကြောင့် ဖြစ်ပါသည်။
သို့သော် ခရစ်တော်က သူတို့ထာ၀ရ အသက်ရရှိစေရန် ခရစ်တော်၏ အသားနှင့်
အသွေးတော်ကို ပါဝင်စားသုံးရမည်ဟု ပြောဆိုလိုက်ပါသည်။ ခရစ်တော် ပြောသောစကားကြားရ
သူတို့သည် လျင်မြန်စွာပြောင်းလဲပြီး မိမိတို့ မျှော်လင့်နေသော
ပုရောဖက်ဖြစ်ကြောင်းကိုသာ ပြောဆိုကြပါသည်။
ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ၆း၅၃-၅၆ တွင် အများသော
သူတို့နားလည်မမှုမှားကြပါသည်။ ကျွန်ုပ်တို့သည် ရိုင်းစိုင်းသောသူ (လူသားစားသောသူ)
ဖြစ်ကြသည်ဟု ခရစ်တော် ပြောဆိုခဲ့ပါသလား။
ယေရှုကလည်း၊
ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌
အသက်မရှိ။ ငါ၏ အသားကို စား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာ၀ရအသက်ကိုရ၏။
ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏ အသားသည် စားစရာကောင်း၏။
ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ငါ၏ အသားအသွေးကို သောက်စားသော သူသည် ငါ၌တည်၏။
ထိုသူ၌လည်း ငါတည်၏။
ရှင်ယောဟန်ခရစ်ဝင် ၆း၆၃ တွင် ခရစ်တော်ပြောဆိုသော စကားများမှာ မိမိတို့အနေဖြင့်
ဘာမျှပြောစရာမရှိကြောင်း ရှင်းလင်းစွားဖော်ပြထားပါသည်။
ဝိညာဉ်သာလျှင်
အသက်ရှင်စေ၏။ ကိုယ်ကာလသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။
အသက်လည်းဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင် ၆း၆၆။ လူအများကျောခိုင်းစွန့်ခွာသွားပါသည်။
ထိုအခါမှစ၍
တပည့်တော်အများတို့သည် ကိုယ်တော်ကို မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။
ရှင်ယောဟန်ခရစ်ဝင် ၆း၆၇-၆၉။ ရှင်ပေတရုကောင်းစွာသဘောပေါက်
ထိုကြောင့်
ယေရှုသည် တစ်ကျိပ်နှစ်ပါးသော သူတို့အား သင်တို့သည်လည်း ထွက်သွားခြင်းငှါ
အလိုရှိကြသလောဟု မေးတော်မူလျှင် ရှိမုန်ပေတရုက ၊ သခင်၊ အကျွန်ုပ်တို့သည်
အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာ၀ရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။
ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှိတော်မူသော ဘုရားသခင်၏
သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု လျှောက်လေ၏။
နှုတ်ကပါတ်တော်ကိုမှီဝဲ၍ ရှင်သန်ကြီးထွားပါသည်။
ကိုယ်ကာယအားဖြင့်
ကျွန်ုပ်တို့သည် မှီဝဲစားသုံးမှုအပေါ်တွင် ပေါင်းစပ်ဖြစ်တည်နေပါသည်။ အကယ်၍
ကောင်းမွန်သော အစာကို စားပါက ကိုယ်ခန္ဓာကျန်းမာမည်။ သို့သော် ထွေရာလေပါး (အာဟာရ
မဖြစ်သောအစာ) ကိုစားပါက ခန္ဓာကိုယ်ဖျားနာမည်။ ဝိညာဉ်ရေးတွင်လည်း
အလားတူဖြစ်ပျက်ပါသည်။ သမ္မာကျမ်းစာသည် အမှန်တကယ်ဝိညာဉ်အတွက်
အကောင်းဆုံးဓာတ်စာဖြစ်ပါသည်။ ဘုရား၏နှုတ်ကပတ်တော်တွင် ခရစ်တော်နှင့်အတူ ပါဝင်မှုပြုကြလျှင်
သူကဲ့သို့ပင် ကျွန်ုပ်တို့ဖြစ်လာပါသည်။ ဝိညာဉ်ရေးအတွက် အာဟာရမဖြစ်နိုင်သည့်
အစားအစာတည်းဟူသော ရုပ်မြင်သံကြား၊ ဝတ္ထုရှည်များ၊ လောကီဆိုင်ရာသီချင်းများ
အစရှိသည်တို့ကို စားသုံးနေပါက ခရစ်တော်နှင့် လုံး၀မတူတော့ချေ။ ကိုယ်ကာယအတွက်
အစားအစာကို ပါးစပ်ဖြင့် စားကြပါသည်။ သို့သော် ဝိညာဉ်ရေးအတွက် ကျွန်ပ်တို့၏
မျက်စိနှင့် နားအာရုံဖြင့် စားကြပါသည်။ ဝိညာဉ်ရေးအားဖြင့် မည်ကဲ့သို့ ကြည့်ရှုသည်၊
နားထောင်သည် အတိုင်းဖြစ်လာပါသ်ည။ မျှော်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့
ပြောင်းလဲကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အာရုံခံစားမှုကို တားဆီးထားပြီး
ကျွန်ုပ်တို့၏ ဝိညာဉ်ရေးဘက်တွင် မမာမကျန်းမှုဖြစ်စေရန် ရောက်လာမည့် ညစ်ညူးသော
အရာတို့ကို အခွင့်မပြုရန် ဖြစ်ပါသည်။
Satan knows that to a great degree the mind is affected by that upon which if feeds. He is seeking to lead both the youth andthose of mature age to read story-books, tales, and other literature. The readers of such literature become unfitted for the duties lying before them. They live an unreal life, and have no desire to search the Scriptures, to feed upon the heavenly manna. The mind that needs strengthening is enfeebled, and loses its power to study the great truths that relate to the mission and work of Christ , - - truths that would fortify the mind, awake the imagination, and kindle a strong. earnest desire to overcome as Christ overcame. (MYP 271.3)
ပင်ကိုယ်သဘာ၀ပြောင်းလဲမှုအကြောင်း
ကောရိန်သုဩဝါဒစာဒုတိယစောင် ၃း၁၈။ ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်
မှန်ကို ကြည့်သကဲ့သို့ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍
ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တောကို
လွတ်တော်မူသည်အတိုင်း ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံဘဏ္ဌာန်တော်နှင့် အညီ
ပြောင်းလဲခြင်းရှိကြ၏။
By beholding Christ, by talking of Him, by beholding the loveliness of His character we become changed. Changed from glory to glory. And what is glory? Character,-- and he becomes changed from character to character. Thus we see that there is a work of purification that goes on by beholding Jesus. (SD 337.5) Sons and Daughters of God.
လိပ်ပြာကောင်များကို စုစည်းထားရာတွင် ဝါသနာပါသလား။ လိပ်ပြာကောင်ကို စုစည်းသော ဝါသနာဖြင့် ဝိညာဉ်ရေးဆိုင်ရာသင်ခန်းစာ ဗဟုသုတများစွာရှိပါသည်။
ပိုးတုံးလုံး(ခူကောင်)
၁။ စင်စစ်အားဖြင့် လှပသော
လိပ်ပြာများတွင် ၂ ဆင့် ပေါက်ဖွားပါသည်။
၂။ ပထမအဆင့်တွင် ခူကောင်
အနေအထားသို့ ပေါက်ဖွားလာပါသည်။
၃။ ခူကောင်အသွင်ဘ၀တွင်
တစ်စုံတစ်ခုသော အရာကို စားသုံးလျက် မိမိကိုယ်ကို ပိုးကောင်း အိမ်တွင်းသို့
ဝင်ရောက်ကိန်းအောင်း မြှုပ်နှံပြီး ရုပ်သဏ္ဌာန် ပြောင်းလဲမှုဖြစ်စဉ်ကို
စတင်ခဲ့ပါသည်
လိပ်ပြာ
၁။ ခူကောင်သည် ဒုတိယအဆင့်
သို့ပေါက်ဖွားလာပြီး ပိုးကောင် အိမ်အတွင်းမှ လှပသော လိပ်ပြာအသွင်သို့ ထွက်လာပါသည်။
၂။ ဤကဲ့သို့ ဘ၀ဖြစ်စဉ်ကို “အသွင်ပြောင်းလဲမှု”
ဟုခေါ်ပါသည်။
၃။ အမည်နာမလည်းပြောင်းလဲပါသည်။
ခူကောင်ဟု မခေါ်တော့ဘဲ လိပ်ပြာ နာမည်ဖြင့် ပြောင်းလဲခေါ်ဆိုကြပါသည်။
၄။ အလေ့အတွင်လည်း ပြောင်းသွားပါသည်။
မည်သည့် အစာကို စားခြင်းကြောင့် ပြောင်းလဲပါသည်။ အသက်ရှင်စဉ်တွင် မည်သည့်အရပ်၌
နေထိုင်သောကြောင့် ပြောင်းလဲပါသနည်း။ အံ့ဖွယ်ဖြစ်ရပ်မှန်မဟုတ်လား။
မည်သို့ပြောင်းလဲသနည်း။
၁။ ခူကောင်သည် လိပ်ပြာဖြစ်လာရန်
ကြိုးစားသောကြောင့် လိပ်ပြာသဏ္ဌာန်သို့ ပြောင်းလဲလာခြင်း မဟုတ်ပါ။
၂။ လိပ်ပြာသည် အတောင်ပါရှိသော
ခူကောင်မဟုတ်ပါ။ လုံးလုံးလျားလျားကို အသစ်ဖန်ဆင်းခြင်းသာ ဖြစ်ပါသည်။ (၂ကော ၅း၁၇)။
၃။ ခူကောင်းသဏ္ဌာန်မှ လိပ်ပြာသဏ္ဌာန်သို့ ပြောင်းလဲပေးသော တန်ခိုးတော်ကို မမြင်ရပါ။ သို့သော် တန်ခိုးတော်၏ စွမ်းဆောင်မှု ရလဒ်ကို ကျွန်ုပ်တို့ မြင်ရခြင်းဖြစ်ပါသည်။
As our physical life is sustained by food, so our spiritual life is sustained by the word of God. And every soul is to receive life from God’s word for himself. As we must eat for ourselves in order to receive nourishment, so we must receive the word for ourselves. We are not to obtain it merely through the medium of another’s mind. We should carefully study the Bible, asking God for the aid of the Holy Spirit, that we may understand His word. We should take one verse, and concentrate the mind on the task of ascertaining the thought which God has put in that verse for us. We should dwell upon the thought until it becomes our own, and we know “what saith the Lord” (DA 390.4)
ခရစ်တော်၏
ဆုတောင်းချက်တွင် “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ပေးသနားတောမူပါ။”
ကျွန်ုပ်တို့သည် အသက်မုန့်ကို နေ့စဉ်ရရှိရန်
ဆုတောင်းလျက်နေရပါမည်။
နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်
အသန့်ရှင်းဆုံးဌာနကို အကျွမ်းတဝင်ဖြစ်ခြင်း။
ရွှေယဇ်ပလ္လင်သည်
ပဋိညာဉ် သေတ္တာနှင့် အနီးဆုံးနေရာတွင် ရှိပါသည်။ သန့်ရှင်းသော အခန်းတွင်
ရှိလင့်ကစား အဓိက အာရုံပြုသော နေရာသည် အသန့်ရှင်းဆုံးသော အခန်းသို့ဖြစ်ပါသည်။
ထိုအကြောင်းကြောင့် အသန့်ရှင်းဆုံးသော အခန်း၏ အရှေ့ဆုံးမျက်နှာစာသို့မူထားပြီး
ပဋိညာဉ်သေတ္တာရှိသောကြောင့် (ထွက် ၃ဝး၆၊ ဟေဗြဲ ၉း၃၊ ၄) ၎င်းရှေ့တွင် ထားရှိရမည်ဟု
ဆင့်ဆိုသောကြောင့်ပင် ဖြစ်ပါသည်။ ဤနေရာတွင် ဘုရားသခင်သည် သူ့လူတို့နှင့်
တွေ့ဆုံသော နေရာဖြစ်ပါသည်။
ထွက်မြောက်ရာကျမ်း ၃ဝး၆။ ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသော
သေတ္တာကိုကာသော ကန့်လန့်ကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။ တစ်နည်းကား၊
နံ့သားပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။ ထိုပလ္လင်သည်
အလားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိရမည်။
ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။ ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို
ရွှေစင်နှင့် မွမ်းမံ၍ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းလုပ်ရမည်။
ရွှေတန်ဆာအောက်၊ ပလ္လင်တစ်ဘက် တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍
ပလ္လင်ထမ်းစရာ ထမ်းပိုးနေရာဖြစ်ရမည်။
သင်္ကေတ။
၁။ မီးသည် သန့်ရှင်းသော
လမ်းညွှန်မှုဖြင့် ကောင်းကင်တမန်များ၏ သင်္ကေတလက္ခဏာဖြစ်ပါသည်။ ရွှေယဇ်ပလ္လင်ပေါ်တွင်
သန့်ရှင်းသော မီးဖြင့်သား ပူဇော်ရမည်။ အကယ်၍ အခြားသော မီးဖြင့် ပူဇော်ပါက
ယဇ်ပုရောဟိတ်ကိုယ်တိုင် ချက်ချင်းသေခြင်းဒဏ်ကို ခံရကြောင်း နာဒပ်နှင့် အဘိဟု၏
သက်သေခံချက်တွင် တွေ့မြင်ရပါသည်။ နားထောင်ခြင်း မပါသည့် ဆုတောင်းခြင်းကို
ဘုရားသခင်နားညောင်းမည်မဟုတ်ပါ။
၂။ အမွှေးတိုင်သည် သန့်ရှင်းသူတို့၏
ဆုတောင်းခြင်းကို ပုံဆောင်ပြီး ခရစ်တော်၏ ထိုက်တန်သည့် ဖြောင့်မတ်ခြင်းဖြင့်
ရောစပ်ပါသည်။
၃။ ကန့်လန့်ကာပေါ်တွင်
ဆင်ယဇ်ရောယှက်ထားသော ခေရုဗိမ်သည် ကောင်းကင်တမန်၏ ဆုတောင်းချက်များတို့ကို
ဘုရားသခင်ထံတော်သို့ ယူဆောင်ပြီး ဘုရားသခင်၏ အဖြေကိုလည်း ပြန်၍ ယူဆောင်ခြင်းကို
ပုံဆောင်ပါသည်။
၄။ ဤအလားတူ သင်ခန်းစာကို ယာကုပ်မြင်မက်သော ကောင်းကင်လှေခါးတွင် သွန်သင်ခဲ့ပါသည်။
၅။ ကောင်းကင်တမန်များ၏ ထမ်းဆောင်သော
တာဝန်ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ကျွန်ုပ်တို့၏
ဆုတောင်းသံများကို တင်ဆက်ထားပါသည်။
၆။ ဒံယေလအခန်းကြီး ၈ နှင့် ၉ တွင်
ဖြောင့်မတ်မှန်ကန်သော အရာကို ရှင်းလင်းပြတ်သားစွားဖော်ပြထားပါသည်။
၇။ အဆက်မပြတ်လုပ်ဆောင်ရမည်ဟု
)ဏဏယစ၃၄၈) ဘာသာပြန်ဆို၍မရပါ။
၈။ ယဇ်ပုရောဟိတ်အကြီးအကဲသာလျှင်
ရွှေယဇ်ပလ္လင်ပေါ်တွင် အမွှေးတိုင်ကို မီးရှို့ပူဇော်ရပါသည်။ (ထွက် ၃ဝး၇၊ ၈)
အထူးသော အမွှေးတိုင်းဖြစ်ပြီး ဣသရေလလူမျိုးတို့သည် နာကျင်သေဆုံးမှုအတွက်
လောကီနှင့် ဆိုင်သော ရည်ရွယ်ချက်ဖြင့် ဆင်တူယိုးမှား အသုံးမပြုရန် သတိပေးထားပါသည်။
ဆာလံကျမ်း ၁၄၁း၂။ အကျွန်ုပ်၏
ပတ္ထနာသည် မီးရှို့သော နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကို ချီခြင်းသည်
ညဦးယံပူဇော်သကာ ကဲ့သို့လည်းကောင်း ရှေ့တော်၌ ပြင်ဆင်လျက်ရှိ ပါစေသော။
The prayer and praise and confession of God’s people as - cend as sacrifices to the heavenly sanctuary. But they ascend not in spotless purity. Passing through the corrupt channels of human- ity , they are so defiled that unless purified by the righteousness of the great High Priest, they are not acceptable by God. Christ gath - ars into the censer the prayers, the praise, and the sacrifices of his people, and with these he puts the merits of his spotless righteous- ness. Then, perfumed with the incense of Christ’s propitiation, our prayers, Wholly and entirely acceptable, rise before God, and gra - cious answers are returned. (YI, April 16, 1903par. 12) The Youth’s Instructor.
ရှင်လုကာခရစ်ဝင် ၁း၈-၁၀။ ပုံဆောင်ခြင်းနှင့် အဓိပ္ပါယ်သက်ရောက်မှု၊ ဇာခရိသည်
မိမိအသင်းနှင့်တကွ အလှည့်သင့်၍ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို
ဆောင်ရွက်သည်တွင် ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့် သူသည် ထာ၀ရဘုရား၏
ဗိမာန်တော်အတွင်းသို့ ဝင်၍ နံ့သားပေါင်းကို မီးရှို့ရ၏။ ထိုသို့ နံ့သာပေါင်းကို
မီးရှို့သည့် အချိန်တွင် လူမျာအပေါင်းတို့သည် ပြင်၌ ဆုတောင်းလျက်နေကြ၏။
Prayer is the opening of the heart to God as to a friend. Not that it is necessary in order to make know to God what we are, but in order to enables us to receive Him. Prayer does not bring God down to us, but brings us up to Him. (SC 93.2) Steps to Christ.
သက်သာလောနိတ်ဩဝါဒစာပထမစောင် ၅း၁၇။ မခြားမလပ်ဆုတောင်းပါ။
မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။
ခရစ်တော်သည်
သူ၏လူများအတွက် အဆက်မပြတ် ဖျန်ဖြေမှုပြုသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း အဆက်မပြတ်
ဆုတောင်းရမည် ဖြစ်ပါသည်။
ဟေဗြဲဩဝါဒစာ ၇း၂၅-၂၆။ ထိုကြောင့် အကြင်သူတို့သည် ယေရှုခရစ်အားဖြင့်
ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်
ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။
ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက်
အပြစ်ရှိသော သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သော
သူဖြစ်၍ ငါတို့နှင့်တော်သင့်တော်မူ၏။
No comments:
Post a Comment