(၁၇) ပဋိညာဉ်သေတ္တာတွေ့ပြီ
ဆုတောင်းပါ။
ပဋိညာဉ်သေတ္တာဘယ်မှာလဲ
အင်းဒီယန်းနာဂျုံး (INDIANA
JONES) ပျောက်ဆုံးသော သေတ္တာကို ရုတ်တရက်ဝင်တိုက်သူများ။
မက္ကဗီကျမ်း
ဒုတိယစောင် ၂း၄ -၈ ပုရောဖက်ယေရမိရေးသားသော စာစောင်တွင် နိမိတ်စကားကို ခံယူရရှိရာ၌
တဲတော်နှင့် သေတ္တာတော်သည် မောရှောတက်သွားသော တောင်ပေါ်သို့ လိုက်ပါသွားခဲ့ပြီး
ဘုရားသခင်၏ အမွေဆက်ခံသော နေရာကို တွေ့မြင်ခဲ့သည်။ ၎င်းနောက်ယေရမိသည် လိုဏ်ဂူကို
တွေ့ရှိခဲ့ပြီး ထိုနေရာသို့ တဲတော်သေတ္တာတော်နှင့် နံ့သာမီးရှို့ရာယဇ်ပလ္လင်ကို
ယူဆောင်သွား၍ လိုဏ်ဂူအဝကို တံဆိပ်ခတ်တော်မူ၏။ နောက်တော်သို့ လိုက်ပါလာသော
သူအချို့တို့သည် မှတ်သားထားရာလမ်းသို့ သွားခဲ့သော်လည်း ထိုနေရာကို မတွေ့မြင်ခဲ့ပါ။
ထိုသတင်းကို ယေရမိကြားသောအခါ ပြင်းထန်စွာ အပြစ်တင်လျက် ကြေငြာခဲ့သည်မှာ “ဘုရားသခင်သည်
မိမိ၏ ကရုဏာတော်ကို ပြသခြင်းနှင့် မိမိ၏ လူတို့ကို ပြန်လည်စည်းရုံးစေသည့်တိုင်အောင်
ထိုနေရာဒေသကို မသိရတော့ပါ။ ဤအရာများကို ဘုရားသခင်သည် ထုတ်ဖော်၍ မိမိ၏
ဘုန်းတော်မြတ်နှင့် မိုးတိမ်သည်လည်း ပေါ်လာ၏။ မောရှေ၏ အခြေအနေကဲ့သို့လည်းကောင်း
တွေ့မြင်ရပြီး ထိုနေရာကို အထူးသော ဆက်ကပ်ခြင်းတွေ့ရမည်ဟု
ရှောလမုန်မင်းကြီးမိန့်တော်မူခဲ့သော စကားဖြစ်သည်။
အယ်လင်ဂျီဝှိုက်က သူမ၏ သက်သေခံချက်တွင် ဖြည့်စွက်ရေးသားခဲ့သည်
သန့်ရှင်းသော ပဋိညာဉ်သေတ္တာထဲတွင်ရှိသော ကျောက်ပြားနှစ်ပြားပေါ်၌ ပညတ်တော် (၁၀) ပါးကို ခြေရာခံခဲ့ရာတွင် ကရုဏာမဲ့သော လက်များဖြင့်မမီနိုင်သော နေရာသို့ အချို့တို့သည် ကြိုးစား၍ ဆုံးဖြတ်ချက်ပြုခဲ့ကြသည်။ ထိုအတိုင်းလည်း လုပ်ဆောင်ခဲ့ကြသည်တွင် လျှို့ဝှက်စွာထားခဲ့ပြီး ဣသရလနှင့် ယုဒလူမျိုတို့၏ အပြစ်ကြောင့် မိမိတို့၏ မျက်မှောက်မှ ကွယ်ပျောက်ခဲ့ပြီး နောက်တစ်ဖန်သူတို့ကို ပြန်၍ မပေးတော့ပါ။ ၎င်းသေတ္တာတော်သည် အမှန်ဖုံးကွယ်ခဲ့ပြီး လျှို့ဝှက်ခဲ့သော နေရာမှ ဘယ်တော့မှ အနှောင့်အယှက်မရှိတော့ ပါ။ ဏုယစ. ၄၅၃ (ပုရောဖက်များနှင့် ရှင်ဘုရင်များစာအုပ်၊ စာမျက်နှာ ၄၅၃)။
ပညတ်တော် (၁၀) ပါးနှင့် ပဋိညာဉ်သေတ္တာတော်
ဘုရားသခင်ဆင်းလာခဲ့သည်။
ထွက်မြောက်ရာကျမ်း
၁၉း၁၁ တွင် ဘုရားသခင်သည် တောင်ပေါ်သို့ ကိုယ်တိုင်ဆင်းလာခဲ့ပါသည်။”သုံးရက်မြောက်သော
နေ့၌ ထာ၀ရဘုရားသည် လူအပေါင်းတို့ ရှေ့သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။”
သန့်ရှင်းသော သူအထောင်အသောင်း
တရားဟောရာကျမ်း
၃၃း၂ ဘုရားသခင်သည် ပညတ်တော်ကို ပေးခဲ့ရာတွင် သူသည် သူ၏
ကောင်းကင်တမန်တစ်သောင်းတို့ဖြင့် ဆင်းသက်ခဲ့သည်။ “ထာ၀ရဘုရားသည် သိနာတောင်ပေါ်က
ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အားနေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က
ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသော သူအထောင်အသောင်း (ဒံယေလအခန်းကြီး ၇ ကဲ့သို့)
တို့နှင့် အတူကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလ လူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။”
ဘုရားသခင်မိန့်မြွက်တော်မူခြင်း
တရားဟောရာကျမ်း ၄း၁၁-၁၃ ပညတ်တော်ဆယ်ပါးကို ဘုရားသခင်ကိုယ်တိုင် နှုတ်ဖြင့် ပြောကြား၍ ရေးခဲ့သည်။”သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အဘယ်၌ မီးလောင်လျက်၊ မည်းသော အဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောက်မိုက်နှင့် ပြည့်စုံလေ၏။ ထာ၀ရဘုရားသည်လည်း၊ မီးထဲက သင်တို့အား မိန့်မြွတ်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကို မမြင်ရဘဲ၊ စကားတော်အသံကို သာကြားရကြ၏။ သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။”
ဘုရားသခင်ရေးသားတော်မူခြင်း
ထွက်မြောက်ရာကျမ်း
၃၁း၁၈ ဘုရားသခင်သည် မိမိ၏ လက်ညှိုးတော်ဖြင့် ပညတ်တော်(၁၀) ပါးကို ရေးသားခဲ့ခြင်း။ “ထိုသို့ဘုရားသခင်သည်
သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌ လက်ညှိုးတော်နှင့်
အက္ခရာတင်သော သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။”
ထွက်မြောက်ရာကျမ်း
၃၄း၁ မောရှေချိုးဖဲ့ပြီးသည်နောက် ဘုရားသခင်က နောက်တစ်ဖန်ပညတ်တော်ဆယ်ပါးကို
ရေးသားခြင်း။ “တစ်ဖန်ထာ၀ရဘုရားက အရင်ကျောက်ပြားနှစ်ပြားနှင့် တူအောင်
ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်
အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။”
သဘာ၀လောကဖြစ်ရပ်ကိုပေးသောအခါ
ထွက်မြောက်ရာကျမ်း ၁၉း၁၆-၁၉ ဘုရားသခင်သည် ပညတ်တော် (၁၀) ပါးကိုပေးသောအခါ သဘာ၀လောက ဖြစ်ရပ်သည်လား ဖြစ်ပေါ်လာခြင်း။ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့် တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ လူများတို့ကို တပ်ထဲက ဆောင့်ခဲ့သဖြင့် သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။ ထာ၀ရဘုရားသည် မီးဖြင့် လွှမ်းလျက် သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တစ်တောင် လုံးပြင်းစွာ လှုပ်လေ၏။ တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ မောရှေသည်ခေါ်၍ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။”
၁။ မြေငလျင်။
၂။ မိုးခြိမ်းသံ။
၃။ လျှပ်စစ်လက်ခြင်း။
၄။ မီးနှင့် မီးခိုး။
၅။ ဘုရာသခင်၏ အသံတော်။
ဝတ်လုံတော်ကို လျှော်ဖွပ်ခြင်း
ထွက်မြောက်ရာကျမ်း
၁၉း၁၀-၁၁ မိမိကိုယ်ကို သန့်ရှင်းခြင်းနှင့် အဝတ်များကို ဆေးကြောခြင်းပြုရန်
သူတို့ကို အမိန့်ပေးခြင်း။ “ထာ၀ရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့်
နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍ (အဝတ်များသည်
အကျင့်စာရိတ္တကို ဖော်ဆောင်သည်) သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။
အကြောင်းမူကား သုံးရက်မြောက်သောနေ့၌ ထာ၀ရဘုရားသည် လူအပေါင်းတို့ရှေ့
သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။” သေတ္တာတော်ထဲတွင် -
တရားဟောရာကျမ်း ၁ဝး၁၊ ၂၊ ၅ မောရှေသည် ပဋိညာဉ်သေတ္တာကို တည်ဆောက်ခဲ့ပြီး ပညတ်တော်(၁၀) ပါးကို သေတ္တာထဲတွင် တည့်ထားပါသည်။ “ထိုအခါ ထာ၀ရဘုရားက အရင်ကျောက်ပြားနှစ်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည် အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အားမိန့်တော်မူ၏။ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသဖြင့် လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍ ထာ၀ရဘုရားမှာ ထားတော်မူသည် အတိုင်း ထိုသေတ္တာထဲ၌ ယခုရှိ၏။”
ပဋိညာဉ်နှင့် ဆိုင်သော သေတ္တာ
တရားဟောရာကျမ်း
၄း၁၁-၁၃ ပညတ်တော်ဆယ်ပါးသည် ပဋိညာဉ်ဖြစ်၏။ ဤသို့အားဖြင့် သေတ္တာတော်ဟု ခေါ်ဆိုထား၏။
ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (တော ၁ဝး၃၃) “သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍
တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက် မည်းသော
အဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။ ထာ၀ရဘုရားသည်လည်း
မီးထဲက သင်တို့အား မိန်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကို မမြင်ရဘဲ
စကားတော်အသံကိုသာ ကြားရကြ၏။ သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော
ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွတ်၍ ကျောက်ပြားနှစ်ပြားပေါ်၌
ရေးထားတော်မူ၏။”
ထွက်မြောက်ရာကျမ်း ၃၁း၁၈ ပညတ်တော်(၁၀) ပါးသည်လည်း “သက်သေခံချက်ကျောက်ပြား”ဟု သိကျွမ်းသည်။ “ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည် အဆုံး၌ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။”
အသန့်ရှင်းဆုံးအခန်းတွင်
ထွက်မြောက်ရာကျမ်း
၂၆း၃၁-၃၄ သေတ္တာကို အသန့်ရှင်းဆုံး အခန်းတဲတော်တွင် ထားရှိသည်။ “တစ်နည်းကား
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍ ခေရုဗိမ်အရုပ်နှင့်
ခြယ်လှယ်သော ကန့်လန့်ကာတစ်ထည်ကို ချုပ်ရပါမည်။ ရွှေချသော
အာကာရှသားတိုင်လေးတိုင်အပေါ်မှာ ထိုကန့်လန့်ကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည်
ရွှေတံစို့တို့နှင့်လည်းကောင်း၊ ငွေခြေစွပ်လေးခုနှင့် လည်းကောင်း ပြည့်စုံရမည်။
သက်သေခံချက်ထားသော သေတ္တာတော်ကို ကန့်လန့်ကာ အတွင်းသို့သွင်းစရာဖို့ ထိုကန့်လန့်ကာကို
ရွှေချောင်းဖြင့်ဆွဲကာ၍ ဟာဂျာအရပ်၊ ဟဂျာဟဂျုံအရပ်နှစ်ပါးစပ်ကြား၌
အပိုင်းအခြားဖြစ်ရမည်။ ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ သေတ္တာအဖုံးကို
တင်ထားရမည်။”
အပြစ်ဖြေရာနေ့
ဝတ်ပြုရာကျမ်း
၁၆း၁၃-၁၅ ပဋိညာဉ်သေတ္တာကို အသန့်ရှင်းဆုံးအခန်းတွင် အပြစ်ဖြေရာနေ့ကြီး၌ တွေ့မြင်နိုင်ပါသည်။
အပြစ်ဖြေရာနေ့တွင် ပညတ်တော်သည် တရားစီရင်မှု၏ စံနှုန်းဖြစ်ပါသည်။ “ထိုအခါ သူသည်
သေဘေးနှင့် ကင်းလွတ်မည်အကြောင်း နံ့သာပေါင်းအခိုးအငွေ့သည်
သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှာ ထာ၀ရဘုရားရှေ့တော်၌
နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။ နွားအသွေးအချို့ တို့ကို လည်းယူ၍
အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း
ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့် ဖျန်းရမည်။”
တစ်နှစ်ပတ်လုံးတွင် အားလုံးသော အပြစ်များတို့သည် နောင်တတရားနှင့် အပြစ်ဝန်ချတောင်းပန်ခြင်း၌ အပြစ်ဖြေရာနေ့တွင် တဲတော်၌ ဆေးကြောခြင်းခံရမည်။ အပြစ်ဖြေရာနေ့တွင် အကြီးမားဆုံးသော အာမခံချက်မှာ ဣသရေလ လူတို့သည် တဲတော်တွင် မိမိတို့၏ အပြစ်များကို အသွေးတော်အားဖြင့် ဖုံးအုပ်ခြင်းခံရမည်။
စုဆောင်းခြင်းနှင့်ဖျက်ဆီးခြင်းတန်ခိုး
သေတ္တာသည်
ဘုရားသခင်၏ မျက်မှောက်နှင့် ရန်သူများ၏ဘေးမှ ကာကွယ်ပေးသော သင်္ကေတဖြစ်သည်။
ဘုရားသခင်၏
လူတို့သည် နှိမ့်ချသော သဘော၊ အပြစ်ဒုစရိုက်မှ နောင်တရသော သဘောနှင့် မိမိတို့၏
အပြစ်မှ ဝန်ချတောင်းပန်သောအခါတွင် သေတ္တာသည် သူတို့အတွက် နှစ်သိမ့်ခြင်းနှင့်
ကယ်တင်ခြင်းဖြစ်လာပါသည်။ သို့သော် လူတို့သည် နားမထောင်ခြင်း၊ မောက်မာခြင်းနှင့်
ဘုရားသခင်၏ ပညတ်တော်ကို မိမိတို့၏ စိတ်ဆန္ဒအားဖြင့် နှိမ့်ချခြင်းပြုပါက သေတ္တာသည်
ဖျက်ဆီးသော သဘောဖြစ်ပေါ်လာသည်။
ယော်ဒန်မြစ်ကို ဖြတ်ကျော်ခြင်း(ယောရှုအခန်းကြီး ၃)
သူတို့သည် ပဋိညာဉ်အထုံးအဖွဲ့ကို အသစ်ပြုပြင်ခြင်း၊ ယဇ်ပုရောဟိတ်တို့သည် သူတို့၏ ခေါင်းဆောင်အမိန့်ကို နာခံ၍ လူတို့ရှေ့သို့ထွက်သွားကြပြီ။ ပဋိညာဉ်သေတ္တာကို ထမ်းဆောင်ကြသည်။ အိမ်ရှင်ဖြစ်သော ဟေဗြဲလူတို့သည် လူထုသွားရာလမ်းအတိုင်း လိုက်ကြသည်။ ဘုရားသခင်၏ မျက်မှောက်တွင် လက္ခဏာသင်္ကေတဖြစ်လာပါသည်။ ကျယ်သော လူတန်းသည်လည်း ယော်ဒန်ကမ်းနဖူးပေါ်တွင် ပြည့်လျှံလျက် ယဇ်ပုရောဟိတ်များတို့၏ ခြေဖဝါးတို့သည် ယော်ဒန်မြစ်ကို နင်းသော ခဏချင်းတွင် မြစ်ညာရေသည်ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟုဆိုလေ၏။ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက် ယော်ဒန်မြစ်နားသို့ ရောက်၍ ခြေဖဝါးတို့သည် လျှံသော ရေကို နင်းသောအခါ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လျှံလေ့ရှိသော်လည်း မြစ်ညာက စီးလာသော ရေသည် ရပ်တန့်၍ ဝေးသော အရပ်ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ 4T,pp. 157,158.
ယေရိခေါမြို့၏ နံရံများ
ယောရှုမှတ်စာ
၆း၆-၇ ယေရိခေါနံရံသို့ သေတ္တာကို သယ်ဆောင်လာပါသည်။ “နုန်၏သားယောရှုသည်
ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားသဖြင့်
ထာ၀ရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလ၏ တံပိုးခုနစ်လုံးကို
ဆောင်သွားကြလော့ဟူ၍ လည်းကောင်း၊ လူများတို့အားလည်း သင်တို့သွား၍မြို့ကို
လှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာ၀ရဘုရား၏ သေတ္တာရှေ့မှာ သွားကြလော့
ဟူ၍လည်းကောင်း မှာထားလေ၏။”
ဩဇာ၏အမှုအခင်း
ဓမ္မရာဇဝင်ဒုတိယစောင်
၆း၆-၇ ဩဇသည် ဘုရားသခင်၏ စကားကို နာမထောင်ဘဲ သေတ္တာတို့ကို ကိုင်သောကြောင့်
လဲပြီးသေ၏။ “နာခုန်ကောက်နယ် တလင်းသို့ရောက်သောအခါ နွားတို့သည် ဘုရားသခင်၏
သေတ္တာတော်ကို လှုပ်ရှားသောကြောင့် ဩဇသည် လက်ကို ဆန့်၍ သေတ္တာတော်ကိုကိုင်၏။
ထာ၀ရဘုရားသည် ဩဇကို အမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့် သူသည်
သေတ္တာတော်နားမှာ သေလေ၏။”
ဓမ္မရာဇဝင်ပထမစောင် ၅း၁၊၂၊၆ သေတ္တာတော်သည် အရေဖျားလှီးခြင်းမခံယူကြသော ဖိလိတ္တိလူတို့အပေါ် ကပ်ရောဂါဆိုက်ရောက်ခြင်း၊ “ဖိလိတ္တိ လူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အားဇုတ်မြို့သို့ ဆောင်သွားကြ၏။ ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာထားကြ၏။ အာဇုတ်မြို့နှင့် မြို့နယ်၌ နေသော သူတို့အပေါ်မှာ ထာ၀ရဘုရားသည် လေးသော လက်တော်နှင့် ဖျက်တော်မူ၏။ ပြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။”
မြေကြီးပေါ်တွင် ရှိသော တဲတော်သည် ကောင်းကင်ဘုံ၌ရှိသော တဲတော်၏ အရိပ်ဖြစ်သည်။
ထွက်မြောက်ရာကျမ်း
၂၅း၄၀ မြေကြီးပေါ်၌ ရှိသော တဲတော်သည် ကောင်းကင်ဘုံရှိတဲတော်နမူနာပုံစံအတိုင်း
ဆောက်လုပ်ခဲ့၏။ “တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ
လုပ်ခြင်းငှာ သတိပြုရမည်။”
ဟေဗြဲ ၈း၁-၅ မြေကြီးပေါ်ရှိ တဲတော်သည် အမှန်တကယ်ဖြစ်သော အရိပ်ပင်ဖြစ်သည်။ “ယခုဆိုခဲ့ပြီးသောအကြောင်းအရာတို့၏ အချုပ်အခြားဟူမူကား၊ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာ၀ရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို ပြုသော သူဖြစ်တော်မူ၏။ ယဇ်ပုရောဟိတ်မင်းမည်သည်ကား ပူဇော်သကာနှင့်ယဇ်ကို ပူဇော်စေခြင်းငှာ ခန့်ထားလျက်ရှိသည်ဖြစ်၍ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ် တစ်စုံတစ်ခုရှိရ၏။ ပညတ်တရားအတိုင်း ပူဖော်သကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များရှိကြသည်ဖြစ်၍ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ တောင်ပေါ်မှာသင့်အားပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည် ဖြစ်၍ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာ ဆိုင်လျက် ဝတ်ကို ပြုနေကြ၏။”
ဟေဗြဲ ၉း၂၄
မြေကြီးပေါ်တဲတော်သည် ကောင်းကင်တဲတော်၏ အရိပ်သာဖြစ်သည်။ “ထိုသို့နှင့်အညီ မှန်သော
သန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့် လုပ်သော သန့်ရှင်းရာဌာနထဲသို့
ခရစ်တော်သည် မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကို
ပြခြင်းငှာ ကောင်းကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။” ကောင်းကင်တွင်
တရားစီရင်ခြင်း။ ခရစ်တော်အမှုတော်ဆောင်ရွက်သော နေရာတွင် ကောင်းကင်တဲတော်ကို မြင်ခဲ့ရသည်။
မီးခုံတိုင်များ ၊ ပွဲတော်မုန့်နှင့် နံ့သာ မီးရှို့ရာယဇ်ပလ္လင်လည်း ထိုနေရာတွင်
ရှိသည်။
ပဋိညာဉ်သေတ္တာသည်လည်း
ထိုနေရာတွင် ရှိသလား။ ဗျာဒိတ်ကျမ်း ၁၁း၁၉ အထိ သန့်ရှင်းရာဌာနတွင်
မီးခုံတိုင်စားပွဲနှင့် နံ့သာမီးရှို့ရာပလ္လင်တို့ကို အာရုံစိုက်သည်။ ယခုတွင်
အာရုံသည် ပဋိညာဉ်သေတ္တာသို့ ပြောင်းသွားသည်။
ဗျာဒိတ် ၁၁း၁၉ ကောင်းကင်နိုင်ငံရှိ ဘုရားသခင်၏ ဗိမာန်တော်တွင်
ပဋိညာဉ်သေတ္တာတော်ရှိသည်။ သေတ္တာကို မြင်ရသောအခါ မိုးချုန်းခြင်း၊
လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မီးနှင့် ငလျင်လှုပ်ခြင်းတို့သည်
သိနာတောင်ကဲ့သို့ တည်၏။ ပဋိညာဉ်မပါဘဲ ပဋိညာဉ်သေတ္တာတော်ကို မရနိုင်ပါ။ ဘုရားသခင်၏
ပညတ်တော်သည် တည်ရှိတုန်းပဲလား။ “တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို
ဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊
အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်းဖြစ်ကြ၏။”
ကောင်းကင်၌တရားစီရင်ခြင်းထောင်သောင်း
ဒံယေလကျမ်း ၇း၉၊ ၁၀၊ ၁၃၊ ၁၄ ခမည်းတော်နှင့် သားတော်တို့သည် အသန့်ရှင်းဆုံးသော ဌာနသို့ ထောင်သောင်းသော ကောင်းကင်တမန်များနှင့် ၁၇၉၈ ခုနှစ်နောက်ပိုင်းတွင် တရားစီရင်ခြင်း၊ အမှုကို ဆောင်ရွက်ရန်နှင့် ကရုဏာတံခါးမပိတ်မီအချိန်တွင် ရွှေ့ပြောင်းခဲ့သည်။ ပို၍ တိကျသော အချိန်သည် ၁၈၄၄ ခုနှစ်ဖြစ်ပါသည်။ “ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက် ရှိ၍ (ကောင်းကင်တရားသူကြီးအဖွဲ့) အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ (ယခင်အချိန် ထိုနေရာတွင် ထိုင်ခဲ့မည်မဟုတ်ပါ။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံကဲ့သို့ဖြစ်သည်။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ မျက်နှာတော်မှ မီးရောက်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ ခံစား၍နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။ ထိုညဉ့်အခါ ငါသည် အာရုံပြု၍ လူသားနှင့် တူသော သူတစ်ဦးသည် မိုးတိမ်ကို စီးလျက် အသက်ကြီးသော သူ၏ အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါး သို့သွင်းကြ၏။ အဘယ်အရာကိုရရှိမည်ဟု သူသွားရသနည်း။ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို ရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။”
တရားစီရင်ခြင်းနှင့် ပညတ်တော်
ယာကုပ် ၂း၁၂
ပညတ်တော်ကို မစဉ်းစားဘဲ တရားစီရင်ခြင်းကို စဉ်းစား၍ မရပါ။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော်တို့သည် စုံလင်သော လွှတ်ခြင်းတရာအတိုင်း စီရင်ခြင်းခံရမည်။ “လွှတ်ခြင်းတရားအတိုင်း
စီရင်ခြင်းကို ခံရလတ္တံ့သော သူကဲ့သို့ စကားပြောခြင်း၊ အမှုပြုခြင်းကို
စီရင်ကြလော့။”
ဒေသနာကျမ်း ၁၂း၁၃-၁၄ “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်၏ ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှ စ၍၊ အလုံးစုံသော အမှုကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။”
ကျွန်ုပ်တို့ကို စီရင်ခွင့်ရှိသည်
ဗျာဒိတ်ကျမ်း
၁၄း၆-၇ ဘုရားသခင်သည် ငါတို့၏ ဖန်ဆင်းရှင်ဖြစ်သောကြောင့် ငါတို့ကို စီရင်
ပိုင်ခွင့်ရှိသည်။ “မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးအသီးဘာသာစကားကို ပြောသော
လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တစ်ပါးက
ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင် တော်မူသော အချိန်ရောက်လာပြီ။
ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို
ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို
ငါမြင်၏။”
တရားစီရင်ခြင်းအမှုပြီးဆုံးချိန်
ဗျာဒိတ်ကျမ်း ၁၅း၇-၈ တရားစီရင်ခြင်းသည် ဆုံးခန်းတိုင်အချိန်သို့ ရောက်လာပြီ။ ကရုဏာတံခါးသည်လည်း ပိတ်သွားသောကြောင့် မည်သူမျှ ဗိမာန်တော်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်တော့ပါ။ သတိပြုရန် အချက်မှာ သက်သေခံချက်တည်းဟူသော တဲတော်၏ ဗိမာန်တော်သည် ဤနေရာတွင် ရှိနေသေးပါသည်။ “သတ္တဝါ လေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ခွက်ဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့ အားပေး၏။ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည်။
မီးခိုးနှင့် ပြည့်၍ ကောင်းကင်တမန်ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါးမကုန်မီတိုင်အောင်
ဗိမာန်တော်ထဲသို့ အဘယ်သူမျှမဝင်နိုင်။”
သေတ္တာတော်မှ ဘေးဒဏ်များ
ဗျာဒိတ်ကျမ်း
၁၅း၅-၆ ကရုဏာတံခါးပိတ်သောအခါ ဗိမာန်တော်ထဲရှိ အသန့်ရှင်းဆုံးအခန်းထဲမှနေ၍
ဘေးဒဏ်များကို သွန်းလောင်းလိမ့်မည်။ “ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌
သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော
ပိုက်ဆံအဝတ်ကိုဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။”
ကျွန်တော်၏ ဝတ်လုံသည် စင်ကြယ်ခြင်းရှိရမည်
ဗျာဒိတ်ကျမ်း
၁၂း၁၇ ပညတ်တော်တို့ကို စောင့်သော သူတို့အား စတန်သည် မုန်းသည်။ “နဂါးသည် မိန်းမကို
အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို
စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ
သွား၏။”
ဗျာဒိတ်ကျမ် ၁၄း၁၂ “ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်သော သူများသာလျှင်ရှိကြမည်။” အသက်ပင်နှင့် ဆိုင်၍ မြို့ တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊
လူ့အသက်ကို သတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ ပြုသော
သူအပေါင်းတို့သည် ရှိကြ၏။”
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၃း၁-၃ ကိုယ့်ကိုကိုယ် ဆေးကြောရမည်။ “ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို
ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော် မူသည်ကို
ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊
ငါတို့ကိုလည်းမသိကြ၊ ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။
နောက်မှ အဘယ်သို့သော သူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည်
ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ့ဟု
ငါတို့သိကြ၏။ ထိုသို့မြော်လင့်သော သူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်
မူသည်နည်းတူ ကိုယ်ကို ကိုယ်သန့်ရှင်းစေတတ်၏။”
ဟေရှာယ ၃၃း၁၄-၁၆
-ရွေးနုတ်ခြင်းခံရသော သူများတို့၏ ထူးခြားသည့် ဝိသေသ။ “အပြစ်ရှိသော ဇိအုန်မြို့
သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသော သူတို့သည် ထိန့်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည်
လောင်သော မီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာ၀ရ မီးလောင်ခြင်းကို
ခံလျက်နေရမည်နည်း။ တရားသဖြင့် ကျင့်၍
ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့်ရသော ငွေကို ရွံ၍ တံစိုးကိုလည်း
ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ။ အဓမ္မအမှုများကို မကြည့်မရှုသောသူသည်
မြင့်သော အရပ်၌ နေလိမ့်မည်။ ခိုင်ခံ့သော ကျောက်မြို့ ၌ ခိုလှုံလိမ့်မည်။ ထိုသူအား
အစာကို ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။”
ဝတ်ပြုရာကျမ်း
၂၃း၂၉ စိတ်ဝိညာဉ်သည် ပင်ပန်းစွာခံစားရမည်။ “ထိုနေ့၌ ခြိုးခြံစွာ မကျင့်သော
သူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။”
ယောလ ၂း၁၂-၁၃ စိတ်ဝိညာဉ်၏ ပင်ပန်းခြင်း။ “သို့ဖြစ်၍ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ငါထံသို့ ပြန်လာကြလော့။ အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားထံဝော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သော သဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။”
ဆာလံကျမ်း ၁၅း၁-၅
ကယ်တင်ခြင်းခံရသူတို့၏ လူမှုကျင့်ဝတ်နှင့် ဆိုင်သော ထူးခြားသည့် ဝိသေသ။ “အိုထာ၀ရဘုရား၊
တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည်
နေရပါမည်နည်းဟူမူကား၊ ဖြောင့်မတ်သော အကျင့်၊ တရားသော အမှုကို ပြုကျင့်၍၊
သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊ သူတစ်ပါး၏ အသေရေကို
ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ အကျိုးကို ပြစ်မှားခြင်း၊
ကိုယ်နှင့် စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော၊ ဆိုးယုတ်သော သူကို
အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာ၀ရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော၊
ကိုယ့်အကျိုးပျက်ရသော်လည် ကိုယ်ကျိန်ဆိုသော သစ္စာကတိတိုမဖျက်၊ ကိုယ်ငွေးကို ချေး၍
အတိုးမယူ၊ အပြစ်မရှိသော သူ၏တစ်ဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည်
လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်သတည်း။”
၂ ကော ၇း၁ - အညစ်အကြေများမှ ကျွန်တော်တို့ကိုယ်ကို ဆေးကြောရမည်။ “ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကို ကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်းကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။”
ဟေဗြဲ ၁၂း၁၄ “လူအပေါင်းတို့နှင့်
အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကိုလည်းကောင်း၊ သန့်ရှင်းခြင်းပါရမီကို လည်းကောင်း၊
မီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်း ပါရမီမရှိလျှင် အဘယ်သူမျှ ထာ၀ရဘုရားကို
မဖူးမမြင်ရ။”
တိတု ၂း၁၁-၁၄ “အကြောင်းမူကား၊
မင်္ဂလာရှိသော မြော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော
ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော်
ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း၊ ငါတို့သည် မြော်လင့်လျက်၊
ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘ၀၌
ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို
ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက် ရှိ၏။ ၁၄)
ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို
ရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍
ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကို
ကိုယ်စွန့်ကြဲတော်မူပြီ။”
သတ္တမမြောက်ဘေးဒဏ်
ဗျာဒိတ်ကျမ်း ၁၆း၁၇-၂၁ သတ္တမမြောက်သော ဘေးဒဏ်သွန်းလောင်းသောအခါ အလားတူလူ့လောက၏ ဖြစ်ရပ်များကို တွေ့မြင်ရမည်။ “သတ္တမ ကောင်းကင်တမန်သည် မိမိ၏ဖလားကို အာကာသကောင်းကင်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသော အသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးခြုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ မြို့ကြီးသည် သုံးဖြာကွဲပြား၍လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန် မြို့ကြီးကို အောင်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွှင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ အချိန်အခွက်တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည် ဖြစ်၍၊ (မိုးသီးမီး - ထွက်မြောက်ရာကျမ်း ၉း၂၄-၂၅၊ ကန့်နှင့် ရောသောမီး - ဗျာဒိတ်ကျမ်း ၁၄း၁၀) လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။”
ထိုနေရာတွင် တဲတော်ရှိသည်။ တဲတော်ထဲတွင် သေတ္တာတော်ရှိသည်။ သေတ္တာတော်ထဲတွင် ကျောက်ပြားများရှိပြီး ကြောက်မက်ဖွယ်ကောင်း၏။ ခမ်းနားကြီးကျယ်သည့် အလယ်တွင် သိနာတောင်ပေါ်၌ ပြောဆိုသွားခဲ့သည့် ပညတ်တော်ကို ရေးသားခဲ့ပါသည်။ ကျောက်ပြားများသည် ကောင်းကင်တွင် ရှိသည်။ ၎င်းတို့ကို ထိုနေ့တွင်. ယူဆောင်လာပြီး တရားစီရင်ရာနေ့ အစပြုသော အချိန်၌ စာစောင်ထဲတွင် ရေးသားခဲ့သောအကြောင်းအရာများအတိုင်း လူတို့သည် တရားစီရင်ခြင်းခံရမည်။ သေတ္တာတော်တွင် ထည့်ထားရန် မောရှေအားပေးထားခဲ့သော ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် ရေးသားခဲသည်အတိုင်း သူတို့ကို စီရင်မည်။ လူတို့ ဆောင်ရွက်ခဲ့သော အရာများအားလုံးနှင့် မိမိ၏ အလုပ်တိုင်းတွင် ထားရှိသောစာရင်းအတိုင်း လူတိုင်းတွင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ စီရင်ခြင်းခံရမည်။ (Ms 20,1906 (20 MR 68).
No comments:
Post a Comment