Thursday, May 7, 2026

 

(၁၈) ဘုရားသခင်အား စမ်းသပ်ခြင်း

စကားချီး။

၁။     ရှေးအကျဆုံးသောစာအုပ်။

၂။     လက်ရာမြောက်သောစာပေ။

၃။     ယေသရော၏ သိုးကို ထိန်းရင်း မိဒျန်တောထဲတွင် မောရှေအားဖြင့် ရေးသားခြင်း။

၄။     ခရစ်သက္ကရာဇ်မတိုင်မီ (ဘီစီ) နှစ်ပေါင်းနှစ်ထောင်။

၅။     စကားပြေ (အခန်းကြီး ၁ နှင့် ၂) ၊ ကဗျာလင်္ကာ (အခန်းကြီး ၃ နှင့် ၄) ၊ စကားပြေ (အခန်းကြီး ၄၂)

၆။     လောက၌ ဖြစ်ပျက်နေသော အရာများတွင် စကြ၀ဠာတစ်ခုလုံးမှ ပါဝင်ပတ်သက်သည်။ (၁ကော ၄း၉)။ သို့သော် ကောင်းကင်တွင် မည်သို့ ဖြစ်ပျက်သည်ကို ယောဘမသိ၊

၇။     ဘုရားသခင်၏ တရားမျှတမှုအကြောင်းနှင့် ပတ်သက်၍ ဘုရားနှင့်သက်ဆိုင်သော ပြကွက်သာဖြစ်ပါသည်။

၈။     စမ်းသပ်ခြင်း (သို့မဟုတ်) တရားစီရင်မှုသက်သက်မျှသာ ဖြစ်ခြင်း။ စွပ်စွဲသူ၊ ချေပရေး၊ ရှေ့နေနှင့် တရားသူကြီး၊ သက်သေအထောက်အထား၊ တရားသူကြီးအဖွဲ့၊ စွပ်စွဲခံရသူ၊ စီရင်ချက်။

၉။     ယောဘဝတ္ထုတွင် ဗျာဒိတ်ဖော်ပြချက်မရှိပါ။ မြေကြီးပေါ်တွင် မည်ကဲ့သို့ ဖြစ်ပျက်သည်ကိုလည်း မသိပါ။ မြေကြီးပေါ်တွင် မည်ကဲ့သို့ ဖြစ်ပျက်သည်ကို ကောင်းကင်တွင် သိသော်လည်း ကောင်းကင်တွင် မည်သို့ ဖြစ်ပျက်သည်ကို မြေကြီးပေါ်၌မသိပါ။

မြေကြီးပေါ်တွင် မြင်ကွင်း (ကန့်လန့်ကာ ကားချပ်ဖွင့်သည်)

         ယောဘဝတ္ထု ၁း၁-၃ အလွန်ကြီးပွားချမ်းသာသောသူ။ “ယောဘအမည်ရှိသော သူတစ်ယောက်သည် ဥဇပြည်၌ နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကိုရှောင်သောသူဖြစ်၏။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားရှဉ်းငါးရာ၊ မြည်းမငါးရာ၊ ငယ်သားအတိုင်းမသိများသည် ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ ကြီးသောသူဖြစ်၏။

         ယောဘဝတ္ထု ၁း၁၊ ၄၊ ၅၊ ၈ ဝိညာဉ်ရေးအလွန်ပြည့်၀သောသူ။ “ယောဘအမည်ရှိသောသူတစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သော သူဖြစ်၏။ ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့ အိမ်၌ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ရှိကြ၏။ ပွဲခံသော နေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကို ခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သော ယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထာ၀ရဘုရားကလည်း ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့် တူသော သူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သော သူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။

         ယောဘဝတ္ထု ၂း၃ ဝိညာဉ်ရေးအလွန်ပြည့်၀သောသူ။ “ထာ၀ရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့် တူသော သူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှာ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သော သဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။

         ယောဘဝတ္ထု ၃ဝး၁၂-၁၇ ဝိညာဉ်ရေးအလွန်ပြည့်၀သောသူ။ “သူငယ်တို့သည် ငါ့လက်ယာဘက်၌ ထ၍ ငါ့ခြေကို တွန်းကြ၏။ ငါ့ကို ဖျက်ဆီးခြင်းငှာ လမ်းဖို့ကြ၏။ ငါ့လမ်းဖျက်၍ ငါ့ကို လဲစေခြင်ငှာ ကြိုးစားကြ၏။သူတို့တွင် သတိပေးသောသူမှရှိ။ ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တစ်ဟုန်တည်းပြေးလာကြ၏။ ကြောက်မတ်ဖွယ်သောအရာတို့သည် ငါ့အပေါ်သို့ ရောက်၍ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက်သဖြင့် ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။ ယခုမူကား၊ ငါနှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုမှီပြီ။ ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍ ငါအကြောတို့သည် သက်သာခြင်းမရှိရကြ။

မြေကြီးပေါ်တွင် (ကန့်လန့်ကာကားချပ်ပိတ်သည်)

မြင်ကွင်းကောင်းကင်သို့ ပြောင်းသွားခြင်း

(ကန့်လန့်ကာကားချပ်ဖွင့်သည်)

         ယောဘဝတ္ထု ၁း၆-၈ ဘုရားသခင်သည် အချေအတင်စကားကို စာတန်မာရ်နတ်နှင့် ပြောဆိုခြင်း။ “ဘုရားသခင်၏ သားတို့သည် ထာ၀ရဘုရားထံတော်၌ ခံစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင် စာတန်သည်လည်း သူတို့နှင့် ရောနှော၍ လာ၏။ ထာ၀ရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်က မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲကလာပါသည် ဟု ပြန်လျှောက်လေ၏။ ထာ၀ရဘုရားကလည်း ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့် တူသော သူတစ်ယောက်မျှမရှိ။စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။

         ယောဘဝတ္ထု ၁း၉-၁၁ ဘုရားသခင်အား စာတန်၏ စိန်ခေါ်ချက်။ အခြေအနေကောင်းသော်လည်း ချစ်ခြင်းမေတ္တာမှလွဲ၍ လူသည် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်မည်လော။ သင်သည် ယောဘ၏ သစ္စာရှိမှုကို ဝယ်ယူခဲ့ပြီ။ “စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကို ဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာ၀ရဘုရားကို ပြန်လျှောက်လေ၏။

         ယောဘဝတ္ထု ၁း၁၂ ဘုရားသခင်သည် စာတန်မာရ်နတ်ကို ခွင့်ပြုခြင်း။ “ထာ၀ရဘုရားကလည်း သူ၏ ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကို သာမထိမခိုက်နှင့် ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာ၀ရဘုရားထံတော်မှ ထွက်သွားလေ၏။

ကောင်းကင်ပေါ်တွင် (ကန့်လန့်ကာကားချပ်ပိတ်သည်)

မြေကြီးပေါ် တွင်မြင်ကွင်း (ကန့်လန့်ကာကားချပ်ဖွင့်သည်)

         ယောဘသည် သားသမီးများ၊ တိရစ္ဆာန်များ၊ အစေခံများနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသည်။

         ယောဘဝတ္ထု ၁း၂၀ ယောဘသည် ဘုရားသခင်၌ သာလျှင် သစ္စာရှိတည်ကြည်ပါသည်။ “ထိုအခါယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။

ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာ ဝပ်လျက်ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။

မြေကြီးပေါ်တွင် (ကန့်လန့်ကာကားချပ်ပိတ်သည်)

မြင်ကွင်းကောင်းကင်သို့ ပြောင်းသွားခြင်း

(ကန့်လန့်ကာကားချပ်ဖွင့်သည်)

         ယောဘဝတ္ထု ၂း၁-၃ ဒုတိယအကြိမ် ကောင်စီအစည်းအဝေး။ “တစ်ဖန် ဘုရားသခင်၏ သားတို့သည် ထာ၀ရဘုရားထံတော်၌ ခစားခြင်းငှာ လာရသော နေ့ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း ထာ၀ရဘုရားထံတော်၌ ခစားခြင်းငှာ သူတို့နှင့် အတူလာ၏။ ထာ၀ရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်က မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ ထာ၀ရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့် တူသော သူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှာ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အားမိန့်တော်မူ၏။

         ယောဘဝတ္ထု ၂း၄၊ ၅ သူ့ကို လက်ဖြင့် တို့ကြပါစို့။ “စာတန်ကလည်း၊ အရေဖို့ အရေဟု ဆိုသကဲ့သို့၊ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။ ယခုတစ်ဖန် လက်တော်ကို ဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာ၀ရဘုရားကို ပြန်လျှောက်လေ၏။

         ယောဘဝတ္ထု ၂း၆ သွားပါ၊ သို့သော် သူ၏အသက်ကို ချမ်းသားပေးပါ။ “ထာ၀ရဘုရားကလည်း၊ သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကို သာလွတ်စေဟု မိန့်တော်မူလျှင်။

ကောင်းကင်ပေါ်တွင် (ကန့်လန့်ကာကားချပ်ပိတ်သည်)

မြေကြီးပေါ်တွင် မြင်ကွင်း (ကန့်လန့်ကာကားချပ်ဖွင့်သည်)

         ယောဘဝတ္ထု ၂း၇၊ ၈ သူ၏ ကျန်းမာရေးချို့တဲ့လာပါသည်။ “စာတန်သည် ထာ၀ရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသော အနာစိမ်းများတိုးပေါက်စေ၏။ ယောဘသည် ကိုယ်ကို ခြစ်စရာအိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။

         ယောဘဝတ္ထု ၂း၉-၁၂ ဇနီးသည်နှင့် မိတ်ဆွေများတို့သည် ယောဘကို စွန့်ပယ်သည်။

(၁)   သူ၏ ဆုံးရှုံးမှုတွင် ပါဝင်သွားသော ပိုင်ဆိုင်မှုများ၊ ကလေးများ၊ ကျန်းမာခြင်း၊ ဇနီးမိတ်ဆွေများနှင့် ဘုရားသခင်သည်လည်း ပါဝင်သလိုလိုဖြစ်ပါသည်။

(၂)    စာတန်မာရ်နတ်သည် စာအုပ်ထဲတွင် ကိုယ်တိုင်ပျောက်ကွယ်သွား ပုံပေါက်ပါသည်။ တရားမျှတမှုတွင် ဟန်ပြမျှသာဖြစ်ပါသည်။

(၃)   မျက်နှာသုတ်ပဝါလွင့်ပစ်လိုသည်အထိ စုံစမ်းခြင်းခံခဲ့ရ၍ ၊ ယောဘသည် “ဘုရားသခင်းသေပြီ ဟု ပြောဆိုခဲ့သည်၊ (သို့မဟုတ်) “ဘုရားသခင်ကို စွန့်ပယ်၍သေလော့။ သူ၏ မေးခွန်းများနှင့် သံသယ စိတ်များကြောင့် ဘေးဒုက္ခနှင့် ကြုံခဲ့ရပါသည်။

ယောဘ၏မေးခွန်းများ

ယောဘဝတ္ထု ၁၆း၉၊ ၁၀ ဘုရားသခင်သည် ငါ့ကို ဆန့်ကျင်ဖီလာပြီ။ “အမျက်တော်သည် ငါ့ကို အပိုင်းပိုင်းဆွဲ ဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာအံသွားခဲကြိတ်ခြင်း ကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။ သူတစ်ပါးတို့သည် ငါ့ကို ပါးစပ်ဟကြ၏။ အရှက်ခွဲ၍ ပါးကို ပုတ်ကြ၏။

         ယောဘဝတ္ထု ၁၆း၁၁-၁၄ ဘုရားသခင်သည် ငါ့ကို မုန်း၍ ရန်သူတို့ လက်သို့ အပ်နှံပြီ။ “ငါ့တစ်ဘက်က တညီတညွတ်တည်း စုဝေကြ၏။ ဘုရားသခင်သည် ငါ့ကို မတရားသော သူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့ အပ်တော်မူပြီ။ ငါသည် ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။ မြားတော်တို့သည် ငါ့ကို ဝိုင်း၍ ကရုဏာတော်မရှိဘဲ  ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။ ငါ့ကို အထပ်ထပ်ဆွဲဖြတ်၍ သူရဲကဲ့သို့ ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။

         ယောဘဝတ္ထု ၁၆း၁၆၊ ၁၇၊ ၂၀ ယောဘမျက်ရည်ကျသော်လည်း မည်သည့်အဖြေကို မျှ ဘုရားသခင်မပေးပါ။ “ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက်ရှိ၏။ သို့သော်လည်း ငါ့လက်၌ မတရားသောအမှုမရှိ။ ငါပြုသော ပတ္ထနာသည်လည်း သန့်ရှင်း၏။ ငါ့သဘောကို သိသောသူသည် မြင့်သော အရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကို ကဲ့ရဲ့၍ ငါသည် ဘုရားသခင် ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။

         ယောဘဝတ္ထု ၁၉း၆။ ၁၇း၁ ဘုရားသခင်ကို အော်ဟစ်သော်လည်း ဘုရားသခင်နားမထောင်ပါ။ ၆) ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ ၁) ငါအသက်ကုန်ပြီ၊ ငါနေ ရသောကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဖို့ဖြစ်၏။

         ယောဘဝတ္ထု ၁၉း၉-၁၁ ဘုရားသခင်သည် အကျိုးအကြောင်းမရှိဘဲ အကျွန်ုပ်ကို ဆန့်ကျင်ဘက်ပြုသည်။ “ငါ့ဂုဏ်အသရေကို ချွတ်၍ ငါ့ခေါင်းက ပေါင်းသရဖူကို ချတော်မူပြီ။ ငါ့ကို ဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါ့ပျောက်ကုန်ပြီ။ သစ်ပင်ကို နုတ်သကဲ့သို့ ငါမျှော်လင့်ရသော အခွင့်ကို နုတ်တော်မူပြီ။ ငါ၌အမျက်တော်ကို နှိုးဆော်၍ ငါ့ကို ရန်သူကဲ့သို့မှတ်တော်မူ၏။

         ယောဘဝတ္ထု ၂၃း၃-၅ အကယ်၍ ဘုရားသခင်ကို တွေ့လျှင်ကျွန်ုပ်၏ ပြဿနာကို သူ့အားတင်ပြမည်။ “ဘုရားသခင်ကို တွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော် သို့ရောက်မှ ငါသည် ကိုယ်အမှုကို ပြင်ဆင်၍၊ များစွာသော အကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။ ငါ့အားပြန်ပြောမိန့်မြွက်တော်မူသောစကားတော်ကို ငါသိနားလည်ရ၏။

         ယောဘဝတ္ထု ၃ဝး၂၀၊ ၂၁ အကျွန်ုပ်အောဟစ်သော်လည်း သူသည် ကျွန်ုပ်ကို အဖြေမပေး။ မျက်နှာတော်လှည့်၍ ဆန့်ကျင်သည်။ “ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ။ အကျွန်ုပ်ကို ကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။

         ယောဘဝတ္ထု ၃ဝး၉-၁၃ လူတွေကကျွန်ုပ်ကို ပြက်ရယ်ပြုကြပါသည်။ သင်၏ဘုရားသခင်၊ ယခုဘယ်ကိုရောက်ပြီလဲ။ “ယခုမူကား၊ ငါသည် သူတို့ သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာဖြစ်ပါသည်တကား။ ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့် မထွေးလဲမနေကြ။ ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍၊ ညှဉ်းဆဲတော်မူသောကြောင့် သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။ သူငယ်တို့သည် ငါ့လက်ယာဘက်၌ ထ၍ ငါ့ခြေကို တွန်းကြ၏။  ငါ့ကို ဖျက်ဆီးခြင်းငှာ လမ်းဖို့ကြ၏။ ငါ့လမ်းကို ဖျက်၍ ငါ့ကို လဲစေခြင်းငှာ ကြိုးစားကြ၏။ သူတို့တွင် သတိပေးသော သူမရှိ။

         ယောဘဝတ္ထု ၃၁း၅၊ ၆ ဘုရားသခင်သည် ငါ့ကို ချိန်ခွင်တွင် ချိန်ရန် လိုအပ်ပြီး ငါသည်လည်း အပြစ်ကင်းကြောင်းသိမြင်မည်။ “မုသားလမ်းသို့ ငါလိုက်မိသော်လည်းကောင်း၊ လှည့်စားခြင်းငှာ ငါပြေးမိသော်လည်းကောင်း၊ မှန်သော ချိန်ခွင့်၌ ငါ့ကို ချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။

         ယောဘဝတ္ထု ၃၁း၃၅ ဘုရားသခင်သည် ကျွန်ုပ်တို့အဖြေပေးရန် ဆန္ဒရှိသည်။ သူသည် အောင်ပွဲနှင့် ဆိုင်သော ယုံကြည်ခြင်းတွင် မြင့်မားစွာရှိသည်။ တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကို စစ်ကြာတော်မူပါစေ။

         ယောဘဝတ္ထု ၁၃း၁၅ မျှော်လင့်စရာရှိသောစကားများ။ “ငါ့ကို သတ်တော်မူ၍ ငါမျှော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာ စကားကို ငါလျှောက်ထားမည်။

         ယောဘဝတ္ထု ၁၄း၁၄-၁၇ မျှော်လင့်စရာရှိသော စကားများ။ လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောင်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလ ပတ်လုံး သည်းခံလျက်နေပါမည်။ အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင် ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။ ယခုမှာအကျွန်ုပ် ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ် အပြစ်တင်တော်မူ၏။

         ယောဘဝတ္ထု ၁၉း၂၅-၂၇ မိမိကိုယ်ကို ယုံကြည်စိတ်ချရသောစကားများ “ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌မြေမှုန့်အပေါ်မှာပေါ်လာတော်မူမည် ဟူ၍လည်းကောင်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍ လည်းကောင်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏။

         ယောဘဝတ္ထု ၂၃း၈-၁၂ မျှော်လင့်စရာရှိသော စကားများ။ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့ သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ယာဘက်၌ ပုန်းရှောင်လျက်နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။ သို့သော်လည်း ငါသွားသော လမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။ ခြေတော်ရာကို အစဉ်တစိုက် ငါရှောက်သွား၍ ကြွတော်မူလမ်းကို မလွှဲမရှောင်လိုက်ပါ၏။ ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက်စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။

ဘုရားသခင်သည် သူ၏ ဆိတ်ငြိမ်မှုကို ပျက်ကွက်သောအခါ

         ယောဘဝတ္ထု ၃၈း၁-၃ ဘုရားသခင်က ငါစကားပြောရမည့် အချိန်ရောက်ပါပြီ။ “ထိုအခါ ထာ၀ရဘုရားသည် ယောဘစကားကို လှန်ပြန်၍ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤသူကား အဘယ်သူနည်း။

         ယောဘဝတ္ထုအခန်းကြီး ၃၈ နှင့် ၃၉ တွင် ဖန်ဆင်းခြင်းအချိန်ဇယား အတိုင်းကို ဖော်ပြပါသည်။ သင်ဘယ်မှာလဲ။

         ယောဘဝတ္ထု ၄ဝး၁-၂ အနန္တတန်ခိုးရှင်ကို ဆုံးမရန် အခွင့်ရှိသလား၊ ဆန့်ကျင်ဘက်ပြုဦးမည်လော။ “တစ်ဖန်ထာ၀ရဘုရားက အနန္တတန်ခိုးရှင်ကို

ဆုံးမသောသူသည် ဆန့်ကျင်ဘက်ပြုဦးမည်လော။ ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊

ဘုရားသခင်၏ မေးခွန်းကို ယောဘပြန်လည်ဖြေကြားခြင်း

         ယောဘဝတ္ထု ၄ဝး၃-၅ သင်သည်မှန်ပြီး ကျွန်ုပ်မှားပါသည်။ ကျွန်ုပ်ဘယ်သောအခါမျှမပြောတော့ပါ။ “ယောဘက အကျွန်ုပ်ဆိုးယုတ်ပါ၏။ ကိုယ်တော်အားအဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ တစ်ကြိမ်ပြောမိပါမည်။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍ မပြောဝံ့ပါဟု ထာ၀ရဘုရားအား ပြန်၍ လျှောက်လေ၏။

ယောဘကို ဘုရားသခင်ပြောသောစကား

         စာတန်မာရ်နတ်ပြန်ပေါ်လာပါသည်။ သင်သည် အလွန်ကြီးမားသော အရာကို ဖျက်ဆီးနိုင်မည်လား။ (Lနလငအေ့ညေယ dakသညအညေ ငည အ့န Lဌဌ၊) ဘုရားသခင်၏လက်ထဲတွင် စကြ၀ဠာ၏ ရှုပ်ပွညစ်ညမ်းမှုရှိပါသည်။

         ယောဘဝတ္ထု ၄၁း၁-၄ သင်သည် အလွန်ကြီးမားသော အရာ (လဝိသန်) ကို ဖျက်ဆီးနိုင်မည်လား။ “လဝိသန်ကို ငါးမျှားနှင့် ဆွဲယူ၍ သူ၏ လျှာကို ကြိုးနှင့် နှိပ်နင်းမည်လော။ သူ့ကို နှာရှုတ်တပ်၍ ပါးရိုး၌ သံကွင်းလျှိုမည်လော။ သူသည် သင့်ကို များစွာတောင်းပန်လိမ့်မည်လော။ ချော့မော့သော စကားကို ပြောလိမ့်မည်လော။ သင်နှင့် ဝန်ခံခြင်းပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏ အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှာ သူ့ကို ခန့်ထားမည်လော။

         ယောဘဝတ္ထု ၄၁း၁၈-၂၁ နှိမ်နင်း၍ မရနိုင်သော အလွန်ကြီးမားသည့်အရာ (လဝိသန်)။ “သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ 

သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။ ပါးစပ်ထဲက မီးရှူးထွက်၍ မီးပွားတို့လည်းလွင့်ကြ၏။ ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏။ အသက်ရှုသောအခါ မီးခဲတောက်၍ ပါးစပ်ထဲမီးလျှံထွက်လေ၏။

         ယောဘဝတ္ထု ၄၁း၂၄-၂၇ နှိမ်နင်း၍ မရနိုင်သော အလွန်ကြီးမားသည့်အရာ (လဝိသန်)။  “နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ်ဆုံကျောက်ကဲ့သို့မာ၏။ သူထသောအခါ ခွန်အားကြီးသော သူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။ သူ့ကို တိုက်လျှင် ဓားမခိုင်တက်၊ လှံ၊ မြား၊ သံချပ်မခိုင်တတ်၊ သံကိုကောင်ရိုးကဲ့သို့လည်းကောင်း၊ ကြေးဝါကို သစ်ဆွေးကဲ့သို့လည်းကောင်း မှတ်တတ်၏။

         ယောဘဝတ္ထု ၄၁း၃၃၊ ၃၄ မာန်မာနကလေးများတို့၏ ဘုရင်။ “မြေပေါ်မှာသူနှင့် ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သော သဘောနှင့် ကင်းလွတ်၏။ ကြီးမြင့်သော အရာရှိသမျှတို့ကို မထီမဲ့မြင်ပြုတတ်၏။ မာနထောင်လွှားသော သူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။

         အလွန်ကြီးမားသော အရာ(လဝိသန်)။ (ရှေးဟောင်းသုတေသနတွင် ဘုရားသခင်၏ မဟာရန်ဘက်ဟု ခေါ်ဆိုသော (လဝိသန် (Lသအညေ) ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ (ဗနြွှ မှ သရုပ်ဖော်ပြမှုကို ကြည့်ပါ။)

         ဆာလံ ၇၄း၁၃-၁၅ များပြားသော ဦးခေါင်းပါရှိသည့် ပင်လယ်နှင့် ဆိုင်သော သတ္တဝါကြီး။ “ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။ စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။

         ဟေရှာယ ၂၇း၁ ကမ္ဘာပျက်ကျမ်းငယ်ကလေး။ အလွန်ကြီးမားသော အရာ (လဝိသန်) သည် မြွေကြီးဖြစ်ပါသည်။ သူသည် ပင်လယ်အတွင်း (သို့မဟုတ်) များပြားသော လူဆိုးအုပ်စုတွင် ရှင်ဘုရင်ဖြစ်ပါသည်။ (ဟေရှာယ ၁၇း၁၂၊ ၁၃) “ထိုကာလ၌ ထာ၀ရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုလည်းကောင်း၊ လိမ်သော မြွေလဝိသန်ကိုလည်းကောင်း ခိုင်ခံ့ကြီးမားသော ဓားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။

         ဗျာဒိတ် ၁၂း၇-၉ ဤနေရာတွင် အလွန်ကြီးမားသော အရာ (လဝိသန်) ကို ရှေးမြွေဟောင်း၊ နဂါး၊ မာရ်နတ်၊ စာတန်ဟု ခေါ်ပါသည်။ “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏။

ယောဘသည် ထပ်၍ ပြောဆိုသည်မှာ

         ယောဘဝတ္ထု ၄၂း၁-၆ ယောဘမေးခဲ့သော မေးခွန်းများအတွက် နောင်တရပါသည်။ မည်သည့်အရာကိုမျှ နားမလည်သော သူကဲ့သို့ စကားပြောမိပြီ။ “ယောဘသည် ထာ၀ရဘုရားအား ပြန်လျှောက်သည်ကား၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမတားဆီးနိုင်ကြောင်းကို လည်းကောင်း အကျွန်ုပ်သိပါ၏။ ပညာမရှိပဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သော အရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကို ရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ ဟု လျှောက်လေ၏။

         ယောဘဝတ္ထု ၂၃း၁၀ ငါသည် စမ်းသပ်ခြင်းခံရ၍ နောက်ဆုံးတွင် ရွှေစင်ကဲ့သို့ထွက်လာမည်။ “သို့သော်လည်း ငါသွားသော လမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ်မည်။

         ဟေရှာယ ၃၃း၁၄-၁၆ အမျက်ဒေါသကဲ့သို့ ပြင်းထန်သော မီးထဲတွင်မည် သူနေထိုင်နိုင်မည်နည်း။ “အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသော သူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲမှ နေရမည်နည်း။ ငါတို့တွင် အဘယ် သူသည် ထာ၀ရမီးလောင်ခြင်းကို ခံလျက်နေရမည်နည်း။ တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကိုလည်းငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သော အရပ်၌ နေလိမ့်မည်။ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်းမပြတ်ရ။


No comments:

Post a Comment