Thursday, May 7, 2026

 

(၁၉) အန္တိခရစ်၏ သန့်ရှင်းရာဌာနတဲတော်တွင် (အပိုင်း - ၁)

မှားယင်းသော သဘောထားထင်မြင်ယူဆချက်

         ၁သက် ၄း၁၅-၁၇ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း။ “သခင်ဘုရား၏ ဗျာဒိတ်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်၊ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့် တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့် အတူအစဉ် မပြတ်နေရကြလိမ့်မည်။

         ၂သက် ၂း၁၊၂။ အကယ်၍ ခရစ်တော်စော၍ လာပြီဟု လူအများတို့ ပြောလျှင် မယုံပါနှင့်။ “ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ သခင်ဘုရား၏ နေ့ရက်သည် ချက်ချင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့် ဖြစ်စေ၊ (အနာဂတ္တိရူပါရုံ၊ (သို့မဟုတ်) အိပ်မက်) နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ (တစ်ဦးတစ်ယောက်ပြောလျှင်) စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။

ဘာသာရေးဆိုင်ရာဖောက်ပြန်မှု

         ၂သက် ၂း၃ “ဘာသာရေးဆိုင်ရာဖောက်ပြန်မှုဆိုသော စကားလုံးကို ပိုမိုလေးနက်ရန် ဖော်ပြခြင်း။ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်း (ဤဖောက်ပြန်သင်းခွဲခြင်းသည် အထွေထွေ ဖောက်ပြန်မှုမျိုးမဟုတ်ဘဲ အတိအကျ ဖောက်ပြန်မှုကို ဆိုလိုသည်။ ကန္ထဝင်မြောက်သော ဂရိဘာသာစကားဖြင့် ဆိပ်ကမ်းတွင် ကျောက်ဆူးကြိုးပြတ်ပြီး အဝေးသို့ မျောသွားသော သင်္ဘောကဲ့သို့ ဆိုလိုသည်။) သည့်အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။

         ၁ယော ၃း၄ ဒုစရိုက်အပြစ်သည် ဘုရားသခင်၏ ပညတ်တော်ကို လွန်ကျူးသည်။ သော့ချက်စကားလုံးနှစ်ခုရှိသည်။ “ဒုစရိုက်လူနှင့် ဥပဒေကင်းမဲ့သောသူ (သို့မဟုတ်) ပညတ်တော်ကို လွန်ကျူးသောသူ။” “ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်တို့ လွန်ကျူးခြင်းဖြစ်သတည်း။မည်သူမဆို အပြစ်ကျူးလွန်ပါက ဥပဒေကို ကျူးလွန်ခြင်း၌ အတူတူပင်ဖြစ်သည်။ အပြစ်တရားသည် ဥပဒေကို ကျူးလွန်ခြင်းပင်ဖြစ်သည်။

         ဒံယေလ ၇း၂၅၊ ချိုငယ်၏ အရုပ်။ “အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝတ်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။

         ၂သက် ၂း၃ “ဖော်ထုတ်သည်၏ လေးနက်စွာ ဖော်ပြချက်တွင် “လျှို့ဝှက်ထားသည်ဆိုသော စကားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဒုစရိုက်လူတည်းဟူသော သူသည် ဖောက်ပြန်ခြင်းအချိန် မတိုင်မီ ဖော်ထုတ်ပြသခြင်းမရှိပါ။ “အဘယ်သူမျှသင်တို့ကို အဘယ်သို့သော အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက် လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။

         ၂သက် ၂း၃ ပျက်စီးခြင်း၏ သားကို လေးနက်စွာဖော်ပြချက်။ အဘယ်သူမျှ သင်တို့ကို “အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက် မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။

ယုဒရှကာရုတ်

         ယော ၁၇း၁၂ “ယုဒရှကာရုတ်ခေါ်ဆိုသည့်နာမည်တူသည်။ သို့ပါ၍ အန္တိခရစ်၏ ဥပတိရုပ် အတ္ထုပ္ပတ္တိသည် ယုဒရှကာရုတ်ကဲ့သို့ တူညီရမည်။” “အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့် တကွ ရှိစဉ်ကာလ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အားပေးတော်မူသော သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အားပေးတော်မူသော သူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏ သားတစ်ယောက်မှ တစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား ကျမ်းစာပြည့်စုံမည်အကြောင်းတည်း။

အန္တိခရစ်၏ သဘာ၀အနေအထား

         အန္တိခရစ်သည် မည်ကဲ့သို့တူညီသည်ကို ခရစ်ယာန်ဘာသာဝင်များ အကြား အခြေခံအားဖြင့် အထင်အမြင်လွဲကြပါသည်။ သူတို့၏ သွန်သင်ချက်၌ သူသည် အနာဂတ်တွင် ဆိုးရွားသော သူတစ်ဦးတစ်ယောက်စီဖြစ်လာမည်။

၁။     ဒုစရိုက်လူတည်းဟူသောသူ၊ ချိုငယ်နှင့် သားရဲတို့သည် တန်ခိုးတူညီမှုတွင် ပုံဆောင်ကြောင်း ထင်မြင်ချက်ရေးသားသူများအားလုံး သဘောတူညီကြပါသည်။ ပုရောဖက်အနာဂတ္တိစကားတွင် သားရဲသည် ပုဂ္ဂိုလ်တစ်ဦးစီကို ပုံဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံကို သာပုံဆောင်ထားပါသည်။

၂။     ချိုငယ်နှင့် သားရဲသည် နှစ်ပေါင်း ၁၂၆၀ တိုင် အုပ်ချုပ်မည်ဟုဆိုလိုပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ နှစ် ၁၂၆၀ သက်တမ်းရှည်ရှည် ထင်ရှားသိသာပေါ်လွင် နေထိုင်ခြင်းမရှိခဲ့ပါ။

၃။     ဒုစရိုက်လူသည် ရှင်ပေါလုအသက်ရှင်စက်အခါ၌ပင် တည်ရှိခဲ့သော်လည်း တာမြစ်ခဲ့ပါသည်။ အလားတူ ဒုစရိုက်လူသည် ခရစ်တော်ကြွလာသည့် တိုင်အောင် ဆက်လက်တည်ရှိသွားမည်ဖြစ်ပြီး သူ့ကို ခရစ်တော်ဒုတိယ အကြိမ်ကြွလာခြင်း ဘုန်းရောင်ခြည်ဖြင့် ဖျက်ဆီးသွားမည်။ ရှင်ပေါလုနေထိုင်သည့် အချိန်မှစ၍ ခရစ်တော် ဘုရားကြွလာသည့် နေ့ရက်တိုင်အောင် အသက်ရှင်နေထိုင်သွားသည့် ဖောက်ပြန်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။

၄။     “ဒုစရိုက်ဟုဖော်ပြချက်တွင် (ယောက်ျားရုပ်သွင်။ တစ်ခုကိန်း) တစ်ဦးစီအနေဖြင့် သင်္ကေတပြကြောင်းဖြစ်ပုံ ပေါ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အလားတူ (ယောက်ျားရုပ်သွင်။ တစ်ခုကိန်း) တွင်  အခြားဆင့်ထားသည့် လူများတို့၏ တစ်ယောက်ပြီးတစ်ယောက် ဆက်ခံမှုကို ဖော်ပြရာ ဖွဲ့စည်းပုံစံတွင် အသုံးပြုပါသည်။ ဥပမာအားဖြင့် ဟေဗြဲ ၉း၇ တွင် ဖော်ပြထားသော ယဇ်ပုရောဟိတ်မင်းသည် သာသနာဘောင်ရာထူးကို ရည်ညွှန်းပါသည်။ အလားတူပင် ၁ရာ ၈း၁၁ တွင် ရှင်ဘုရင်များတစ်ယောက်ပြီး တစ်ယောက်ဆက်ခံမှုတွင်လည်း “ရှင်ဘုရင်တစ်ပါးဟု ဖော်ညွှန်းထားပါသည်။ ဗျာဒိတ်ကျမ်း ၁၂ တွင် ခေတ်တစ်လျှောက်လုံး အသင်းတော်ကို “မိန်းမဟု ခေါ်ပါသည်။ အဆုံးတွင် ၂တိ ၃း၁၇ တွင် “ဘုရား၏ လူကို အချိန်တိုင်းနေရာတိုင်း တွင် ရှိကြသော ဘုရား၏ လူများကို ရည်ညွှန်းသည်။

သမ္မာကျမ်းစာ၏ သွန်သင်ချက်တွင် အန္တိခရစ်သည် ယုဒရှကာရုတ်ကဲ့သို့ လူဖြစ်လိမ့်မည်။ တပ်မက်မောခြင်း၊ မမြင်ဟန်ဆောင်ခြင်း၊ ခရစ်တော်၌ သစ္စာခံဟု ကိုယ့်ကို ကိုယ်ထုတ်ဖော်ပြောပြီး နိုင်ငံရေးအားဖြင့် ရည်မှန်းချက် ကြီးမားသော အတွင်းလူဖြစ်ပြီး ယခုအထိနောက်ကျောမှနေ၍ လျှို့ဝှက်စွာ ယုတ်လျော့စေသော သစ္စာဖော်မှုကို ပြုပါသည်။

         ကျွန်တော်သည် Dဗဠန HUNT ၏ အစဉ်အလာမှ လမ်းခွဲ၍ ခေတ်ဆန် လွန်းသော နည်းပညာဖြစ်သူနှင့် သဘောမတူနိုင်သော်လည်း၊ သူသည် အန္တိခရစ်၏ ဝိသေသကို ဖော်ပြရာတွင် ပစ်မှတ်ပေါ်မှန်ကန်စွာ ထိမှန်စေပါသည်။

         ဂရိဘာသာ၏ ရှေ့တပ်စကားလုံးဖြစ်သော “ဆန့်ကျင်လျက်စကားလုံး၏ အဓိပ္ပါယ်မှာ ဆန့်ကျင်ဘက်ဖြစ်ရုံသာမက အစားထိုးသည့် နေရာလည်း ဖြစ်ပါသည်။ အန္တိခရစ်ဆိုသော စကားသည်လည်း အဓိပ္ပါယ်နှစ်မျိုးလုံးကို ရုပ်လုံးဖော်ပါသည်။ ခရစ်တော်ယောင်ဆောင်ပြီး ခရစ်တော်ကို ဆန့်ကျင်ဘက် ပြုသည်။ ခရစ်ယာန်အယူဝါဒကို ရှေ့မှ နေ၍ ရုတ်တရက်ပြင်းထန်စွာ တိုက်ခိုက်မည့်အစား မကောင်းဆိုးဝါးတို့သည် အတွင်းပိုင်းမှ နေ၍ အမှားသု့ဂပြီး အသင်းတော်ကို ဆန့်ကျင်ဘက်ပြုသည်။ သူသည် ခရစ်တော်လို ယောင်ဆောင်ပြီး စဉ်းလဲစွာဖြင့် ခရစ်တော်ကို ပုံဆောင်မှုပြုသည်။ ဤနေရာတွင် ပင်လျှင် လျှို့ဝှက်ကြံစည်မှုထူထပ်လာပါသည်။ အကယ်၍ အန္တိခရစ်သည် အမှန်တကယ် ခရစ်တော်လို ဖြစ်ကြောင်း ဟန်ဆောင်မှုပြုပါက သူ၏ နောက်လိုက်ခရစ်ယာန်များပင်ဖြစ်ရမည်။ DAVE HUNT, GLOAL PEACE,pp. 7-8.

ယုဒ၏ အတ္ထုပ္ပတ္တိကို ဖျတ်ကနဲအမြန်သဘောကြည့်ကြပါစို့။

အဆင့်မြင့်”အောက္ကထိန်း” အုပ်ချုပ်ရေးမှူး

         သူသည် အသွင်အပြင်အားဖြင့် အမိန့်ပေးနေပြီး ကောင်းစွာ သိရှိသဘောပေါက်သည့် စိတ်အားထက်သန်မှုနှင့် အမှုဆောင်အရည်အချင်းဖြင့် ပြည့်စုံသည်၊ သူတို့သည် (တပည့်တော်များ)၏ အမှုတော်တွင် ကြီးမားစွားကူညီထမ်းဆောင်မည့်သဘောဖြင့် ခရစ်တော်ထံအကောင်းဘက်တွင် ထောက်ခံပေးခြင်း၊ ခရစ်တော်သည် သူ့ကို အေးဆေးစွာဖြင့် လက်ခံသည်ကို သူသည် သူတို့အား အံ့အားသင့်ကြခြင်း။DA. p. 294.

ယုဒသည် နိုင်ငံရေးအာဏာကို တပ်မက်စွဲလမ်းသည်

         ယော ၆း၁၅။ ခရစ်တော်သာသနာလုပ်ငန်းထမ်းဆောင်ချိန်တွင် လောကီနိုင်ငံရေး နိုင်ငံတော်ကို လိုချင်ပါသည်။ ခရစ်တော်အသေခံရန်ပထမဦးဆုံးယုဒစီစဉ်ခြင်းမဟုတ်ပါ။ သူသည် ခရစ်တော်ကို သစ္စာဖောက်ခြင်းဖြင့် ရာဇပလ္လင်ကို ရယူရန် အတင်းအဓမ္မအာဏာကို အသုံးပြုခဲ့ပါသည်။ လူပေါင်း ၅၀၀၀ ကို ကျွေးမွေးခဲ့သောအခါ ယုဒသည် ခရစ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ရန် ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ “ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ လာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည် သိတော်မူလျှင် တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။

         ကယ်တင်ရှင် ကိုယ်တိုင် သွန်သင်လျက်နှင့် ယုဒသည် ယေရုရှလင်မြို့တွင် ရှင်ဘုရင်အနေဖြင့် ခရစ်တော်အုပ်ချုပ်ရမည့် အတွေးအခေါ်ကို ဆက်လက် တိုးတက်ဆောင်ရွက်ပါသည်။ လူပေါင်း ၅၀၀၀ ကို ကျွေးမွေးပြီးသောအချိန်တွင် ဤအချက်ကို ယူဆောင်လာရန် ကြိုးစားခဲပါသည်။ Dဗယစ. ၇၁၈.

ငွေကြေး၌လောဘကြီးသည်

         ယော ၁၂း၄-၆။ ယုဒသည် ငွေကြေး၌ လောဘလွန်ကျူးသည်။ ယုဒလိုချင်သော အရာနှစ်ခုတွင် ငွေကြေးနှင့် အာဏာတန်ခိုးဖြစ်သည်။ အရာနှစ်ခုစလုံး ခရစ်တော်ငြင်းဆိုသောအခါ၊ ယုဒသည် သူ့ကို သစ္စာဖောက်ခဲ့ပြီး ကိုယ်တော်ကို အပ်နှံခဲ့ပါသည်။ “တပည့်တော်တို့အဝင်ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏ သားယုဒရှကာရုတ်က ထိုဆီမွှေးကို ဒေနာရိအပြား သုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသော သူတို့အား အဘယ်ကြောင့်မပေးသနည်းဟုဆို၏။ ထိုသို့ဆိုသော်၊ ဆင်းရဲသော သူတို့၏ အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကို ဆောင်၍ နှိုက်ယူတတ်သောကြောင့် သာဆိုသတည်း။

         လုကာ ၂၂း၃-၆။ ကြေးငွေအတွက် ခရစ်တော်ကို သစ္စာဖောက်အပ်နှံသည်။ “ထိုအခါ စာတန်သည် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ ဝင်သည်ဖြစ်၍၊ ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မÈများထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။ ထိုသူတို့သည် ဝမ်းမြောက်သော စိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ယုဒရှကာရုတ်သည်ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်နှံခြင်းငှာ အဆင်သင့်သော အချိန်ကာလကို ရှာကြံလျက်နေ၏။

စာတန်၏ ကိုယ်စားလှယ်

         လူပေါင်း ၅၀၀၀ ကိုကျွေးမွေးပြီးသောအခါ ယုဒကို မကောင်းဆိုးဝါး (နတ်ဆိုး) ဟု ခရစ်တော်ရည်ညွှန်းခဲ့ပါသည်။ ခရစ်တော်အား အတင်းအကျပ် ရှင်ဘုရင်ခန့်အပ်ရန် အချိန်၌ပင် လူစုလူဝေးကို ယုဒသည် နည်းလမ်းမျိုးစုံဖြင့် လှည့်စားခဲ့ကြောင်း သူသိခဲ့သည်။

         ယော ၆း၇၀၊၇၁ ။ ခရစ်တော်သည် ယုဒကို “နတ်ဆိုးရန်သူဟု ခေါ်ခဲ့သည်။ “ယေရှုကလည်း တစ်ကျိပ်နှစ်ပါးသော သင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည် ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကို. အပ်နှံမည့်သူ ရှိမုန်၏ သားယုဒရှကာရုတ်ကို ဆိုလိုသတည်း။

ယော ၁၃း၂။ ယုဒသစ္စာဖော်ပြီး ခရစ်တော်ကို အပ်နှံရန် စာတန်ချက်ချင်း ပြုလုပ်ဆောင်ရွက်သည်။ ဤအနေအထားအားဖြင့် မျဉ်းကြောင်းမကျော်လွန်သေးပါ။ “ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊

         ယော ၁၃း၂၇။ ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ စာတန်သည် သူ့အထံသို့ဝင်လာ၏။ ယုဒသည် ခရစ်တော်၏ ရန်သူတို့တွင် သူသည် ကိုယ်စားလှယ်ဖြစ်လာ၏။ DA,p.29.

 


         တမန်တော်များကို ပင်လျှင် သူတော်ကောင်းဟန်ဆောင်သူဖြစ်ပြီး မိုက်မဲစွာဖြင့် ပြုမူခဲ့ပါသည်။

         မဿဲ ၂၆း၂၅ ယုဒသည် သူတော်ကောင်းဟန်ဆောင်သူဖြစ်ပြီး အဆုံးတိုင်အောင် အခြားသောတမန်တော်များကို မိုက်မဲစွာပြုမူခဲ့ပါသည်။ “ကိုယ်တော်ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။

         ယော ၁၃း၂၆-၂၉။ ယုဒသည် ဘုရားတရားကိုင်းရှိုင်းသော ပုံစံမျိုးဖြစ်သော်လည်း တပည့်တော်များကို ပင်လျှင် မိုက်မဲစွာပြုခဲ့သည်။ သူသည် မကောင်းဆိုးဝါး (နတ်ဆိုး) ကို ပိုင်ဆိုင်သည်။ ခရစ်တော်ကို သစ္စာဖောက်ပြီး အပ်နှံရန် လူသားတန်ဆာပလာအဖြစ် ယုဒကို စာတန်အသုံးပြုခဲ့သည်။ “ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သား ယုဒရှကာရုတ်အား ပေးတော်မူ၏။ ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသော သူတို့တွင် အဘယ်သူမျှမသိ။ အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆော်သောကြောင့် ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသော သူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။

နမ်းရှုပ်ခြင်းဖြင့် သစ္စာဖောက်အပ်နှံခြင်း

         လုကာ ၂၂း၄၇၊ ၄၈။ ယုဒသည် ခရစ်တော်ကို နမ်းရှုပ်ခြင်းဖြင့် သစ္စာဖောက်အပ်နှံခြင်း။ “ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍ ယေရှုကို နမ်းခြင်းငှာ ချဉ်းကပ်လေ၏။ ယေရှုကလည်း ယုဒ၊ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကို အပ်သလောဟု မေးတော်မူ၏။

ယုဒသည် ပျက်စီးခြင်းသို့ရောက်သွားခြင်း

(ဖျက်ဆီးခြင်း၊ သုတ်သင်ချေမှုန်းခြင်း)

         မဿဲ ၂၇း၃-၅ ယုဒ၏ လမ်းဆုံး။ “ထိုအခါ၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊ အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသော သူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း၊ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊ သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။

ထိုင်နေလျက်ဆောင်ရွက်သည်

         ၂သက် ၂း၄။ “ထိုင်သည်ဆိုသော စကားလုံးကို အဓိပ္ပါယ်လေးနက်စေခြင်း။ “ထိုသူသည် ဘုရားသခင်ဟူ၍ လည်းကောင်း၊ ဘုရားဟူ၍ လည်းကောင်း ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ထိုင်၍၊ ဘုရားသခင်ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသော သူဖြစ်သတည်း။

         မဿဲ ၂၃း၂။ ဖာရိရှဲများတို့သည် မောရှေ၏ ထိုင်ရာပလ္လင်ပေါ်တွင် ထိုင်ကြ၏။ သူတို့KATHIZO (ကြိယာဖြစ်သည်)။ မောရှေတွင်KATHIZO

 

၃၁၁

(နာမ်ဖြစ်သည်)။ မောရှေမှနေ၍ အဆက်မပြတ်သော ဆက်ခံမှုအားဖြင့် ရရှိမှု၌ သွန်သင်ရန် မမှားယွင်းနိုင်သော အမိန့်အာဏာရှိကြောင်း တောင်းဆိုသည်။ အခြားသောစကားများအားဖြင့် ပြောရလျှင်၊ သူတို့သည် နဌ-KATHIZO ကို သွန်သင်ခဲ့သည်။

         ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူအပေါင်းတို့အား ဟောပြောတော်မူသည်ကား - ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။

ဘုရားသခင်ကို ရန်ဘက်ပြုသည်

         ၂သက် ၂း၄။ ရန်ဘက်ပြု၍ ကိုယ်ကိုကိုယ် ချီးမြှောက်ခြင်း ဖော်ပြချက်တွင် လေးနက်စေခြင်း။ “ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင်ဖြစ် ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူဖြစ်သတည်း။

         ယော ၁၆း၂။ ဘုရားသခင်ကို ရန်ဘက်ပြု၍ မည်သည့်အဓိပ္ပါယ်ကို ဆိုလိုသနည်း။ ယုဒသည် ခရစ်တော်ကို ရန်ဘက်ပြုသော်လည်း ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လိုကြောင်း မိမိကိုယ်တိုင်တောင်းဆိုသည်။ ခရစ်တော်၏ အကြီးမားဆုံးသော ရန်သူများသည် ဘုရားသခင်၏ အမှုတော်မြတ်ကို ထမ်းဆောင်ပါသည်ဟု မိမိကိုယ်ကို တောင်းဆိုသူများဖြစ်ကြသည်။ တာရှုမြို့ သားရှောလုသည် ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ကြောင်းတောင်းဆိုရင်း ဘုရားကို ရန်ဘက်ပြုသည်။ ရောမဗရင်ဂျီအသင်းတော်သည် မှောင်မိုက်သော ခေတ်ကာလ၌ ဘုရားသခင်၏ နာမတော်အားဖြင့် သန်းပေါင်းများစွာသော လူတို့ကို သတ်ဖြတ်ခဲ့ပါသည်။ “လောကီသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလရောက်လိမ့်မည်။

         တ ၅း၃၈-၃၉။ ဘုရားဝတ်ပြုပြီဟု ဆိုသော်လည်း စင်စစ်အားဖြင့် ဘုရားကို ဆန့်ကျင်ဘက်ပြုကြသည်။ “ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏ အကြံလူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ဘုရားသခင်၏ အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။အယ်လင်ဂျီဝှိုက်ရေးသားချက်အရ ယုဒသည် ဆက်တိုက်ဖြစ်သော၊ လျှို့ဝှက်စွာနှင့် ရှုပ်ထွေးသော ရန်ငြိုးထားခြင်းတွင် တင်ရှားပေါ်လွင်စေပါသည်။ Ed,p.92.

ဘုရားသခင်၏ ဗိမာန်တော်

၂သက် ၂း၄။ ဘုရားသခင်၏ဗိမာန်တော်တွင် လေးနက်စွာဖော်ပြခြင်း။ “ဘုရာဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍ ကိုယ်ကို ကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ထိုင်၍၊ ဘုရားသခင်ဖြစ်ယောင်ဆော်လျက် ကိုယ်ကို ပြသော သူဖြစ်သတည်း။

မဿဲ ၂၁း၁၂-၁၃။ ခရစ်တော်သည် အောင်ပွဲရသဖြင့် ဗိမာန်တော်ထဲသို့ ရွှင်လန်းဝမ်းမြောက်စွာ ဖြင့် ဝင်ရောက်သည်။ “ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ဝင်တော်မူပြီးလျှင် ဗိမာန်တော်၌ ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသော သူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်နေရာကိုလည်းကောင်း၊ တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။

         ခရစ်တော်သည် ဗိမာန်တော်ကို စွန့်ခွာသောအခါ၌ ပြောဆိုသည်မှာ “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ယုဒလူတို့၏ ဗိမာန်တော်သည် ဘုရားသခင်၏ ဗိမာန်တော်မဟုတ်တော့ပါ။ ရှင်ပေါလုစကားအရ ဘုရားသခင်၏ ဗိမာန်တော်ကို ဘုရားရှိခိုးကျောင်းဟု ဖော်ပြပါသည်။ ယုဒလူတို့၏ ဗိမာန်တော်ကို ဘုရားသခင်၏ ဗိမာန်တော်ဟု မည်သည့်အခါမျှ မရည်ညွှန်းခဲ့ပါ။

         ဧဖက် ၂း၁၉-၂၂။ (၁ကော ၃း၁၆၊ ၁၇။ ၆း၁၉၊ ၂၀။ ၂ကော ၆း၁၆ ကိုကြည့်ပါ။ ၁ပေ ၂း၄-၁၀ ကို လည်းကြည့်ပါ။ ဝိညာဉ်ရေးနှင့် ဆိုင်သော ဘုရားသခင်၏ ဗိမာန်တော်သည် အသင်းတော်ဘုရားရှိခိုးကျောင်း။ “ထိုကြောင့် သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍  ပုရောဖက်များ တည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးတွင် စေ့စပ်၍ ကြီးပွားသဖြင့် သခင်ဘုရားအဖို့အလို့ငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကိန်းဝပ်တော်မူခြင်း အလို့ငှာ သင်တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။ပုပ်ရဟန်းမင်းကြီး ဆယ့်ခြောက်ယောက်မြောက် ဘင်နဒစ်၏ ခရစ်ယာန်စည်းလုံးညီညွတ်ခြင်း ရက်သတ္တပတ်အစည်းအဝေးပြီးဆုံးချိန်တွင် စိန်ပေါလ်နံရံအပြင်ဘက်၌ ကြီးမား၍ ဖြူသော ပလ္လင်ပေါ်တွင် ထိုင်ပြီး တစ်ဘက်တစ်ချက်တွင် ခေရုဗိမ်ရှိပါသည်။

         ဘုရားသခင်၏ တဲတော်နေရာကို ချပစ်ခြင်းနှင့်၊ ဗိုလ်ခြေအရှင်တို့ကို တိုက်ခိုက်ခြင်းနှင့် နေ့စဉ်ဝတ်ကို ယူဆောင်သွားသော ချိုငယ်အကြောင်းကို ဤနေရာတွင်ပြောပါ။ ဗျာဒိတ် ၁၃ တွင် ဖော်ပြသောသားရဲသည် ကောင်းကင်နိုင်ငံတဲတော်နှင့် ၎င်းအထဲတွင် နေထိုင်ကြသော လူများတို့ကို ပုတ်ခတ်ပြောဆိုခြင်းကိုလည်း ပြောကြားပါသည်။

         ပုတ်ခတ်ပြောဆိုခြင်း၏ အဓိပ္ပါယ်သည် မိမိကိုယ်ကို ဘုရားသခင်ဟု တောင်းဆိုခြင်း၊ အုပ်ချုပ်သူဘုရားသခင်၏ အခွင့်အရေးတွင် လှုပ်ရှားနိုင်ရန် တောင်းဆိုခြင်းကို ရှင်းပြပါ။

No comments:

Post a Comment