(၂၀) အန္တိခရစ်၏ သန့်ရှင်းရာဌာနတဲတော်အတွင်း (အပိုင်း - ၂)
ရှင်ပေါလုက သူတို့ကို ပြောခဲပြီ
၂သက် ၂း၅ တွင်
ရှင်ပေါလုက ဤအရာများကို သက်သာလောနိတ် အသင်းတော်သို့ ယခင်ကပင်သွန်သင်ခဲ့ပါပြီ။ “ငါသည်
သင်တို့နှင့် အတူရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟု သင်တို့သည်
သတိမရကြသလော။”
ထူးခြားဆန်းကြယ်သော ထိန်းချုပ်သူ
၂သက် ၂း၆
တမန်တော်ပေါလုအချိန်၌ တစ်စုံတစ်ခုအားဖြင့် ဒုစရိုက် လူတည်းဟူသော သူသည်
ထိန်းချုပ်ခံနေရပါသည်။ မြင်းဇက်ချောင်သွားစေရန် မြင်းသည် ကြိုးစားသော်လည်း
ထိန်းချုပ်မှုခံနေရသော အခြေအနေကို စဉ်းစားကြည်ပါ။ “ထိုသူသည် မိမိကာလအချိန်၌
ထင်ရှားစေခြင်းငှာ၊ ယခုတားဆီးသော အကြောင်းကိုလည်း (တားဆီးကာကွယ်ရန် သို့မဟုတ်
ဆုပ်ကိုင်ရန်) သင်တို့သိကြ၏။
သက်သာလောနိတ်အသင်းတော်ကို
ထိန်းချုပ်ရန် ရှင်ပေါလုသည် ယခင်ကပင် ခွဲခြားသိမြင်ရန်သွန်သင်ခဲ့သောလည်း၊ ယခုတွင်
သူသည် ထူးကဲစွာ သတိရှိနေပါသည်။ ကြက်ဥအခွံများပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့
ရှင်ပေါလုခံစားရသည်။ အချို့တို့က ချုပ်ချယ်ထိန်းချုပ်သူသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ကြောင်း
ထင်မြင်ကြပါသည်။ အကယ်၍ ဤသို့ဖြစ်ပါက အဘယ်ကြောင့် ရှင်ပေါလုသည် ထင်ရှားစွာ
ပြောဆိုနေသနည်း။
ရောမ ၁၃း၄ တမန်တော်ရှင်ပေါလုအချိန်၌ ပြည်သူ့အင်အားဖြင့် ရောမနိုင်ငံတော်သည် ပြည်သူ့အာဏာ “ဓား” ကို သံလျက်သဖွယ် ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာကြီးကို ရောမအုပ်စိုးစဉ်အချိန်တွင် ဒုစရိုက်လူတည်းဟူသော သူသည် သိသာ ထင်ရှားစွာ မိမိကိုယ်ကို မထုတ်ဖော်နိုင်ခဲ့ပါ။
အချို့သော
သူတို့သည် အခန်းငယ်(၇) တွင် ပါရှိသော ကိုယ်ပိုင်နာမ်စား ဖြစ်သည့် “သူ”
စကားလုံးကို ဆက်လက်အသုံးပြုသောကြောင့် တစ်ဦးစီတို့၏
ဆက်ခံမှုထက် တစ်ဦးချင်းကို သာရည်ညွှန်းကြောင်း အချုပ်အားဖြင့် ပြောဆိုခဲ့ပါသည်။
ရောမ ၁၃း၄ တွင် အသုံးပြုသည့် ကိုယ်ပိုင်နာမ်စား၌ အလားတူအကြောင်းရင်းမှ လွဲ၍
ရောမနိုင်ငံဆက် အုပ်ချုပ်သူများ လက်အောက်၌ ခရစ်ယာန်များအနေဖြင့် နိုင်ငံသား
ဖြစ်ရမည်ကို ရှင်ပေါလုပြောဆိုကြောင်း ပေါ်လွင်ပါသည်။ “မင်းသည်ကား၊ သင်၏
အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသော အကျင့်ကို ကျင့်လျှင်၊
ကြောက်ခြင်းရှိစေလော့။ အကြောင်းမူကား၊ မင်းသည် အချည်းနှီးဓားကို ဆောင်သည်မဟုတ်။
မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော
သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။”
ဒံယေလအနာဂတ္တိကျမ်း
၇း၂၃၊ ၂၄ ရိုင်းစိုင်းသော လူများကျူးကျော် ဝင်ရောက်ချိန်တွင် ရောမအင်ပါယာကို
ဆယ်နိုင်ငံအဖြစ်သို့ ကွဲပြားစေခဲ့ပြီး ချိုငယ်သည် ပို၍ သိသိသာသာ ပေါ်လွင်
ထင်ရှားလာခဲ့ပါသည်။ “ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော
နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည်
မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော
ချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော
မင်းကြီး ပေါ်လာလိမ့်မည်၊ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို
နှိမ့်ချလိမ့်မည်။”
ဗျာဒိတ် ၁၃း၂ နဂါးသည် သူ၏အာဏာကို သားရဲလက်သို့ လက်ရှောက်လိုက်သည်။ “ထိုသို့ငါမြင်သော သားရဲသည် (၄၂-လကာလပတ်လုံး အုပ်ချုပ်လျက်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့ကို ညှဉ်းပန်းနှိပ်စက်၍ ဘုရားသခင်ကို လည်းပုတ်ခတ်ပြောဆိုသည်) ကျားသစ်နှင့် တူ၏။ သူ၏ ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။ သူ၏ နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါး(မိန်းမဖွားမြင်သော သားကို ကြိုးစားသတ်သော တန်ခိုး) သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသော အာဏာစက်ကိုလည်းကောင်း သားရဲ၌ အပ်ပေး၏။”မရှိသော အရာတစ်ခုကို သင်သည် မထိန်းချုပ်နိုင်ပါ။ ဒုစရိုက်လူတည်းဟူသော သူကို ထိန်းချုပ်သောသူသည် ရှင်ပေါလုအချိန်တွင် တည်ရှိခဲ့မည် ဖြစ်ပါသည်။ ဒုစရိုက်လူတည်းစူသော သူသည် လူသားတို့၏ ခေတ်သမိုင်းအဆုံးတွင် ပေါ်ပေါက်လာမည့် အနာဂတ်အာဏာရှင် မဟုတ်ကြောင်းကိုက်သေပြသည်။ အကြောင်းမူကား ကွန်စတန်တင်း (ဃသညျအညေအငညန) သည် မြို့တော်ကို ကွန်စတန်တင်နိုပါယ် (ခသညျအညေအငညalစူန) သို့ ပြောင်းရွှေ့သောအခါ အနောက်ပိုင်း အင်ပါယာအား လူရိုင်းအမျိုးအနွယ်များကို သနားသော အားဖြင့် ထားခဲ့ပြီး ပုပ်ရဟန်းမင်းသည်လည်း သူ၏ အာဏာကိုလွပ်လပ်စွာ အသုံးပြုခဲ့ပါသည်။ကျွန်ုပ်တို့ သေချာစွာနားလည်နိုင်သည်မှာ ရှင်ပေါလုသည် အဘယ်ကြောင့် သက်သာလောနိတ်အသင်းတော်ကို ထိန်းချုပ်သူသည် ရောမအင်ပါယာဖြစ်ကြောင်းနှင့် ၎င်းကို အပြင်သို့ ထုတ်ဖော်လျက် ပွင့်လင်းမြင်သာစွာ မရေးခဲ့သနည်း။ အကယ်၍ ရေးခဲ့သော် သူ၏စာသည် ရောမအာဏာပိုင်လက်သို့ ရောက်ရှိသွားလျှင် သူသည် နိုင်ငံတော်အား အကြည်အညိုပျက်စေခြင်းဖြင့် စွပ်စွဲခံရမည် ဖြစ်ပါသည်။
အသင်းတော်ဖခင်များ၏ သက်သေခံချက်
Tertullian “ထာထူးလီယံ”
]For the mystery of iniquity doth already work; only he who hinders must hinder, until he be taken out of the way. What obstacle is there but the Roman State. The falling away of which, by being scat- tered into ten kingdom, shall introduce Antichrist upon (its own ruins)? and then shall be revealed the wicked one.” On the resurrection of the flesh, chapter 24; Ante – Nicene Fathers, vol. 3,p. 563.
၃၁၈
Tertullian“ထာထူးလီယံ”
“အစွန်းရောင်သော အရာအားလုံးသည် အလွန်ဆိုးဝါးသော ဝမ်းနည်း ပူဆွေးမှုများကို ခြိမ်းခြောက်ခြင်းဖြင့်၊ ရောမအင်ပါယာ၏ ဆက်လက်ပေါ်ပေါက်မှုကို နှောင့်နှေးဟန့်တားမှုဖြစ်သည်။(Apology Chap. 33 Ante- Nicene Father, vol. 3 , p.43).
AMBROSE (အမ်းဘရော့စ်)
ရောမအင်ပါယာကျရှုံးခြင်း (သို့မဟုတ်) ပျက်စီးသော အချိန်တွင် အန္တိခရစ်ပေါ်လာလိမ့်မည်။(Quoteed in, Bishop Thomas Newton, Disserta - tion on Prophecy, p. 436).
CHRYSOSTOM (ခရိုင်ဆော့စတောင်း)
“ရောမအင်ပါယာ ဖယ်ရှားပစ်ခံရသော အချိန်နောက်ပိုင်း (“သူ” အန္တိခရစ်) သည် ရောက်လာလိမ့်မည်။ သဘာ၀အားဖြင့် အချိန်ကြာမြင့်စွာ ကြောက်ရွံ့သော အချိန်ကာလအဆုံးတွင် ဤအင်ပါယာ၌ မည်သူမျှ ကိုယ့်ကိုကိုယ် အလိုတော်အတိုင်း ချီးမွမ်းကြမည်မဟုတ်ပါ၊ သို့သော် ထိုအရာများ နိဂုံးချုပ် သွားသောအခါ သူသည် မင်းမဲ့ဖြစ်ခြင်းကို တိုက်ခိုက်၍ ဘုရားသခင်နှင့် လူတို့၏ အစိုးရအမိန်အာဏာကို သိမ်းယူရန် ကြိုးစားအားထုတ်မည်။(The Homily IV on 2 Thessalonians 2;6-9, Nicene and post – Nicene Father, vol, XIII. p. 389).
Cardinal
Henery Edward Manning“ကာဒီနယ်ဟင်နရီအက်ဝပ် မိုင်းနင်း”
“ယခု
ရောမနိုင်ငံကို စွန့်ပစ်ထားခြင်းသည် ပုပ်ရဟန်းမင်းကြီး၏ (ထိန်းချုပ်မှုမှ
လွတ်မြောက်ရန်) ဖြစ်သည်။ ဘုရားသခင်ပေးသော ပိုင်စိုးခြင်းနှင့်
၃၁၉
အာဏာဆက်ခံရေးအခွင့်ကြောင့်၊ GOTHIC,
LOMBARG and HUNGARIAN နိုင်ငံတို့ကို အီတလီနိုင်ငံနှင့်
အင်ပါယာအတွင်းကျန်ကြွင်းသော နေရာတိုင်းတွင် ဖျက်ဆီပစ်ရန်ဖြစ်သည်။
တစ်ခု တည်းသော ပြည့်၀သည့်အမိန်၊ ငြိမ်ဝပ်ပိပြားခြင်း၊ ပညတ်နှင့် လုံခြုံရေးအာဏာပိုင်အဖြစ် ပုပ်ရဟန်းမင်းတစ်ဦးတည်း၌သာ တွေ့ရှိပါသည်။ ဘုရားသခင်ပြင်ဆင်ပေးသော လွတ်မြောက်မှုကို ခံစားရသည့် အချိန်အတွင်း ဆက်ခံသူပေတရုလက်မှ ချည်နှောင်ထားသော သံကြိုးသည် ပြုတ်ကျပြီး တစ်ချိန်က မိမိပိုင်သော အုပ်ချုပ်မှုအာဏာသည် ရောမနိုင်ငံတွင် ယေရှု၏ ကိုယ်စား အချုပ်အခြာအာဏာပိုင်အဖြစ် ခရစ်ယာန်အကြီးအကဲသာ ရှိပါတော့သည်။” The temporal power of the vicar of Jesus Christ, preface , pp. XXVIII, XXLX).
“အနှောင်အဖွဲ့များကို ဘုရားသခင်သည် တကွဲတပြား ချိုးဖျက်သည့် အချိန် ပြည်သူ့ အာဏာမှ လွတ်မြောက်စေလျက် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် အဖြစ်သို့ ရောက်ရှိလာရန် ထီးနန်းအပ်နှင်းချိန်အထိ စောင့် ဆိုင်းရန် ဖြစ်သည်။”/}(Henery Edward Manning, The temporal power of the vicar of Jesus Christ, pp. 11-13).
သူ၏ကာလအချိန်တွင်
၂သက် ၂း၆ “သူ၏ကာအချိန်တွင်”
ဖော်ပြချက်မည်သည့်အဓိပ္ပါယ် ကို ဆိုလိုသနည်း။ တန်ခိုးဖြင့်
အုပ်စိုးခဲ့သော အချိန် ၁၂၆၀ နှစ်ကို ဆိုလိုပါသည်။ “ထိုသူသည် မိမိကာလအချိန်၌
ထင်ရှားစေခြင်းငှာ၊ ယခုဆီးတားသော အကြောင်းကိုလည်း သင်တို့သိကြ၏။”
မင်းမဲ့စရိုက်လျှို့ဝှက်သည်းဖို
၂သက် ၂း၇ ရှင်ပေါလု၏ အချိန်တွင် မင်းမဲ့စရိုက်ဖြစ်သော လျှို့ဝှက်ချက်သည် ဖြစ်ပေါ်လှုပ်ရှားခဲ့ပါပြီ။ ၁ယော ၃း၄ တွင် “ပညတ်တော်ကိုလွန်ကျူးခြင်းသည် ဒုစရိုက်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးခဲ့ပါသည်။ “အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုဓမ္မအရာ (၁ယော၊ ၃း၄ တွင် ပါဝင်သော စကားကဲ့သို့ပင်) သည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း၊ ဆီးတားသော သူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင် အောင်ဆီးတားလိမ့်မည်။” (၁၇၈၉- ခုနှစ်သည် ထိုဓမ္မအရာ၏ ဆုံးခန်းမရောက်သေးပါ)
“ထိန်းချုပ်သူများသည် (စကားသော့ချက်ကို သတိရပါ) သက်ဆိုင်ရာအစိုးရများက ပြဌာန်းထားသည့် ထိန်းချုပ်မှုများကို ယခုဖယ်ရှားပစ်မည်ဆိုလျှင် ရောမအသင်းတော်သည် ယခင်တန်ခိုးအာဏာများ ပြန်လည်ရယူကာ နိုင်လို မင်းထက်ပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများကို ပြန်လည်အသက်သွင်းလာ ပေလိမ့်မည်။” GC ,p. 564.
“ရောမအသင်းတော်သည် မိမိလက်လွတ်ဆုံးရှုံးခဲ့သည့် အကြီးအကဲ၏ တန်ခိုးအာဏာများကို ပြန်လည်တည်ဆောက်ရန် ကြံရွယ်နေပါသည်။ နိုင်ငံ၏ အာဏာကို အသင်းတော်က ထိန်းချုပ်စေနိုင်မည့် အခြေခံစည်းမျဉ်းတစ်ခုကိုသာ တည်ဆောက်ခွင့်ပေးလိုက်ပါ။ အသင်းတော်သည် အစိုးရဥပဒေကို အသုံးပြုကာ ဘာသာရေးကိစ္စများကို အတင်းအကျပ်ခိုင်းစေကြပေလိမ့်မည်။ အချိန်တိုအတွင်းမှာပင် ဘာသာရေးနှင့် နိုင်ငံရေးပူးတွဲ အာဏာသည် လူတို့၏ ဩတ္တပ္ပစိတ်ကို ချုပ်ကိုင်ကြလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ရောမအသင်းတော်သည် သေချာ ပေါက်အောင်ပွဲခံတော့မည် ဖြစ်သည်။ GC,p.581
၂သက် ၂း၈ ခရစ်တော်ကြွာလာသောအခါ အန္တိခရစ်ကို ဖျက်ဆီးမည်။ “ပယ်ရှင်းခြင်းသို့ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောက်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။”
နောက်ဆုံးငြင်းခုံမှုအကြောင်းအရာအချက်အလက်
ဗျာဒိတ် ၁၂း၁၇
ချိုငယ်သည် ဘုရားသခင်၏ ပညတ်ကို ပြောင်းလဲရန် ကြိုးစားမည်။ ဒုစရိုက်လူတည်းဟူသော
သူသည် အဓမ္မလူဖြစ်သည်။ နဂါးသည် ဘုရားသခင်၏ ပညတ်ကို စောင့်ရှောက်သော သူကိုမုန်းသည်။
အဓိက အကြောင်းအရာမှာ ပထမကျောက်ပြားပေါ်တွင် ပါဝင်သော အခြေခံပညတ်တော် လေးပါးကို
ပယ်ဖျက်မှုနှင့် ပတ်သက်ပါသည်။ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏
ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော
ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။”
နောက်ဆုံးကာလအချိန်တိုက်ပွဲတွင်
စာတန်သည် အထူးသဖြင့် ဘုရားသခင်၏ ပညတ်တော် စောင့်ထိန်းသော သူများကို
မုန်းတီးလိမ့်မည်။ စင်စစ်အားဖြင့် နောက်ဆုံးတိုက်ပွဲသည် ပထမကျောက်ပြားပေါ်တွင်
ပါဝင်သော ပညတ်များနှင့် ပတ်သက်ပါသည်။
ခွန်အားကြီးသော နိမိတ်လက္ခဏာထမ်းဆောင်သူ
၂သက် ၂း၉
ဖျက်ဆီးခြင်းမခံရမီ အန္တိခရစ်သည် သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းကို
အတုပြုလုပ်မည်။ “ထိုအဓမ္မလူ၏ လာခြင်း အကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့်
မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော
အမှုအမျိုးမျိုးနှင့် လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော
လှည့်ဖြားခြင်း အမျိုးမျိုးနှင့် လည်းကောင်း လာလိမ့်မည်။”
တမန်တော် ၂း၂၂ ထပ်တူထပ်မျှဖြစ်သော ဟေလသစကားလုံးတွင် ခရစ်တော်နိမိတ်လက္ခဏာကို ဖော်ပြခြင်းတွင် အသုံးပြုပါသည်။ အန္တိခရစ်သည် ဤလောကတွင် ခရစ်တော် အသုံးပြုခဲ့သော နိမိတ်လက္ခဏာများကို အတုအယောင်ပြုလုပ်မည်။ “သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို သင်တို့တွင် ပြရသောအခွင့် နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၏။”
“လှည့်ဖြားခြင်းအားလုံး၏ အထွက်အထိပ်ဖြစ်သော စာတန်သည် မိမိကိုယ်ကို ခရစ်တော်ယောင်ဆောင်လိမ့်မည်။ အသင်းတော်သည် ခရစ်တော်၏ ကြွလာခြင်းကို အချိန်ကြာမြင့်စွာကတည်းက မျှော်လင့်နေခဲ့ရာတွင် စာတန်သည် ခရစ်တော်ကြွလာသည့် ပုံစံမျိုး ပြုလုပ်လိမ့်မည်။ ဗျာ ၁း၁၃-၁၅ တွင် ဖော်ပြထားသည့် ခရစ်တော်၏ ပုံစံမျိုးအတိုင်း စာတန်သည် မိမိကိုယ်ကို အရှင်တစ်ပါး အလား အရောင်အဝါတောက်ပစွာဖြင့် ထင်ရှားပြပါလိမ့်မည်။ လူသားများ မြင်ဖူးသည့်အထဲတွင် စာတန်၌ ရစ်ပတ်နေသည့်ဘုန်းသည် အတောက်ပဆုံး ဖြစ်နေရာ “ခရစ်တော်ကြွလာပြီ” ဟုပင် လူအများကြွေးကြော်ကြလိမ့်မည်။ လူတို့သည် သူ့ကို ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။ သူကလည်း လက်ကြီးကို မြှောက်ကာ ကောင်းချီးပေးလိမ့်မည်။ အလွန်မတန်ချိုသာ သောအသံဖြင့် ခရစ်တော်ဖွင့် ဟခဲ့သည့်ကျမ်းချက်များကို သူရွတ်ဆိုလိမ့်မည်။ လူနာများကို ကုသပေးရုံသာမက ခရစ်တော်အယောင်ဆောင်ကာ ဥပုသ်နေ့ကို ပထမနေ့သို့ ပြောင်းလိုက်ပြီးဖြစ်ကြောင်း သူကြေညာလိမ့်မည်။ သတ္တမနေ့ကို ဥပုသ်နေ့အဖြစ် စောင့်ရှောက်ခြင်းသည် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချခြင်းဖြစ်သည်ဟု သူကြွေးကြော်လိမ့်မည်။ ဤအရာသည် “ဘုရားသခင်၏ မဟာတန်ခိုတော်” ပါတကားဟု ရေရွတ်ကာ လူအများသည် သူ၏ သွေးဆောင်မှုနောက်သို့ လိုက်ကြလိမ့်မည်။” (၂သက် အခန်းကြီး ၂ ကို သွယ်ဝိုက်ရည်ညွှန်းသည်) GC, p. 624.
ကျွန်ုပ်တို့ကို ကာကွယ်ရန် မည်သည့်နေရာတွင် ခရစ်တော်မည်သို့ ကြွလာမည်နှင့်
မည်ကဲ့သို့ ပြောဆိုမည်ကို သိရှိရန် လိုအပ်ပါသည်
သို့ရာတွင် ဘုရားသခင်၏ သားသမီးများမှာမူ လမ်းများသို့မလိုက်ကြချေ။ ထိုခရစ်တော်အတု၏ သွန်သင်ချက်များသည် သမ္မာကျမ်းစာနှင့် မကိုက်ညီရုံသာမက ၎င်းပေးသော ကောင်းချီများသည်လည်း သားရဲ၏ ရုပ်တုကို ကိုးကွယ်သော သူများအတွက်သာ ဖြစ်နေပါသည်။ ထိုအဖွဲ့အပေါ်သို့ ဘုရားသခင်၏ အမျက်တော် ကျရောက်လိမ့်မည်ဟု သမ္မာကျမ်းစာက ဖွင့်ဆိုထားပါသည်။ ၎င်းပြင် ခရစ်တော်ကြွလာသည့် ပုံစံကို အတုပြုလုပ်ရန် စာတန်အခွင့်မရပါချေ။ ဤအချက်နှင့် ပတ်သက်သည့် လှည့်ဖြားမှုအကြောင်းကို ခရစ်တော်သတိပေးထားပြီဖြစ်ပါသည်။ “ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့်မိစ္ဆာ ပုရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။ ထိုကြောင့်သူတို့က ခရစ်တောသည် တော၌ ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့” ရှင်မဿဲခရစ်ဝင် ၂၄း၂၄-၂၇။
(ရှင်မဿဲ ၂၅း၃၁။ ဗျာ ၁း၇။ ၁သက် ၄း၁၆၊ ၁၇ တို့ကိုလည်းကြည့်ပါ) ကိုယ်တော်၏ ကြွလာခြင်းကို အတုလုပ်လို့မရနိုင်ပါ။ ကြွလာသောအခါတွင် ကိုယ်တော်အား တစ်ကမ္ဘာလုံးက မြင်တွေ့ကြရလိမ့်မည်။ GC, p. 624.
.အဘယ်ကြောင့် လူတို့သည် အတုအပကို လက်ခံကြသနည်း
၂သက် ၂း၁၀
လူတို့သည် မှန်ကန်သော သမ္မာတရား၌ မွေ့လျက်သော စိတ်ကို
ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ “အကြောင်းမူကား၊ ထိုသူတို့သည်
ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျှော်သော စိတ်ကို မခံမယူကြ။”
ယောဟန် ၁၇း၁၇ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏။ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။”
ဆာလံ ၁၁၉း ၁၄၂
ကိုယ်တော်၏ တရားသည် သစ္စာတရားဖြစ်၏။ “ဖြောင့်မတ်တော်မူခြင်းသည်
နိစ္စထာ၀ရဖြောင့်မတ်ခြင်း ဖြစ်ပါ၏။ ကိုယ်တော်၏ တရားသည် သစ္စာတရားဖြစ်ပါ၏။”
၂သက် ၂း၁၁-၁၃
အတုအပဖြစ်သော ခရစ်ယာန်တို့သည် သမ္မာတရားကို မယုံဘဲနေသောကြောင့် ဖြစ်သည်။ “ထိုကြောင့်၊
သမ္မာတရားကို မယုံဘဲ၊ မတရားသော အမှု၌ မွေ့လျော်သော သူအပေါင်းတို့သည် ၊
တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိ
ပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင်လွှတော်မူလိမ့်မည်။ သို့သော်လည်း၊
သခင်ဘုရားချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊
သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊
ဘုရားသခင်သည် ရှေးဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည်
သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းရကြမည်။”
No comments:
Post a Comment