Thursday, May 7, 2026

 

(၂၁) ဗိမာန်တော်၏ ဘဏ္ဍာရေးလျှို့ဝှက် ချက်များ

         တရားဟောရာကျမ်း ၈း၁၇၊၁၈ ဣသရေလလူမျိုးများ ခါနန်ပြည် အတွင်းသို့မဝင်မီ ဘုရားသခင်သည် အခြေခံတရားသဘောကို သတိရအောက်မေ့စေရန် သတိပေးထားပါသည်. ထိုအဓိကတရားသဘောမှာ။ “ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတက်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။ သင်၏ ဘုရားသခင် ထာ၀ရဘုရားကိုသား အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အားကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။

         ဆာလံကျမ်း ၂၄း၁ ကြွယ်၀ချမ်းသာမှုကို ဖြစ်စေသော ဥာဏ်ပညာ၊ ကျန်းမာရေး၊ ခွန်အားသတ္တိများကို ဘုရားသခင်ပေးသောကြောင့်သာ ကြွယ်၀ချမ်းသာခြင်းဖြစ်ကြောင်းကို သတိရပါ။ “ထာ၀ရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကို လည်းကောင်း ပိုင်တော်မူ၏။

         ဝတ်ပြုရာကျမ်း ၂၇း၃၀-၃၂ ကြွယ်၀ချမ်းသာမှုကို ပေးသော ဘုရားသခင်သည် အရာခပ်သိမ်းတို့၏ အရင်းအမြစ်ဖြစ်ကြောင်းကို သတိပြုမိစေရန် စနစ်တစ်ခုအားဖြင့် ဘုရားသခင် တည်ထောင်ထားပါသည်။ “စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကြဖြစ်သမျှသော အသီးအနှံဆယ်စု တစ်စုသည် ထာ၀ရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။ ထာ၀ရဘုရား အဖို့သန့်ရှင်းရမည်။ ဆယ်စုတစ်စုကို ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကြောင်း ဆယ်စုတစ်စုသည်၊ ထာ၀ရဘုရားအဖို့သန့်ရှင်းရမည်။ထိုစနစ်ကြောင့် ထာ၀ရဘုရား၌ ဘဏ္ဍာတော်ဖြစ်၏။ ထာ၀ရဘုရားအဖို့ သန့်ရှင်းရမည်။

         တောလည်ရာကျမ်း ၁၈း၂၀ ဆယ်ဖို့တစ်ဖို့စနစ်၏ ရည်ရွယ်ချက်မှာ တဲတော်အားဖြင့် အသက်မွေးကြရမည့်သူအတွက် ဘုရားသခင်ပြဌာန်းထားပါသည်။ “တစ်ဖန် ထာ၀ရဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့် ရော၍ ပိုင်သော အဖို့မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဖို့ သင့်အမွေ ဥစ္စာဖြစ်၏။

         တောလည်ရာကျမ်း ၁၈း၂၁ လေဝိသားတို့သည် မည်သို့အသက်မွေးကြရမည်နည်း။ လေဝိသားတို့ကို မည်သူအမွေပေးသနည်း။ ဘုရားသခင်ပေးပါသည်။ မည်သည့်အရာကို ဘုရားပေးသနည်း။ “လေဝိသားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့ အမွေခံစရာ ဣသရေလအမျိုးသးတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။

         တောလည်ရာကျမ်း ၁၈း၂၄ ဣသရေလလူမျိုးများသည် တဲတော်သို့ ဆယ်ဖို့တစ်ဖို့ကို ယူဆောင်လာကြပါသည်။ တဲတော်သို့ရောက်လာသော ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်သည် လေဝိအမျိုးထံသို့ပေးခြင်းဖြစ်ပါသည်။ “ဣသရေလအမျိုးသားတို့သည် ထာ၀ရဘုရားအား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဖို့တစ်ဖို့ကို၊ လေဝိသားအမွေခံစရာအဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။

         တောလည်ရာကျမ်း ၁၈း၂၆ ဆယ်ဖို့တစ်ဖို့ကို ပိုင်ဆိုင်သောသူသည် လေဝိအမျိုးမဟုတ်ကြောင်းကို ဆယ်ဖို့တစ်ဖို့ ပြန်ပေးခြင်းဖြင့် ဘုရားသခင်၏ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြပါသည်။ “သင်တို့အမွေခံစရာ ငါပေးသော ဣသရေအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို သင်တို့သည် ခံယူသော အခါ၊ ထိုအဖို့ကို ဆယ်ဖို့ဖို့ပြန်၍ တစ်ဖို့ကို ထာ၀ရဘုရားအား ပူဇော်သကာ ပြုရကြမည်။

         မာလခိအနာဂတ္တိကျမ်း ၁း၆၊ ၈၊ ၁၃၊ ၁၄ ယဇ်ပုရောဟိတ်တို့သည် မည်ကဲ့သို့ အကျင့်ပျက်ကြပါသနည်း။ “သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း၊ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသည် နာမတော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ်တို့ အားမေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင်တို့မေးရာတွင်။ မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော့၊ မြို့ဝန်မင်းအားဆက်ပါလော့၊ မင်း၏ စိတ်နှင့် တွေ့လိမ့်မည်လော၊ သင့်မျက်နှာကို ထောက်လိမ့်မည်လောဟု ကာင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူ၏။ တစ်ဖန် သင်တို့က အမှုတော်ကို ဆောင်ရွက်၍ ၊ ပင်ပန်းစွာတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကသည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသော အကောင်ကို ဆောင်ခဲ့ကြပြီ၊ ထို့သို့သော ပူဇော်သကာကို ဆောင်ခဲ့ကြပြီတကား၊ သင်တို့လက်မှ ငါခံရမည်လောဟု ထာ၀ရဘုရားမေးတော်မူ၏။ သစ္စာကတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက်ပင်၊ လှည့်စား၍၊ ထာ၀ရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသတည်း၊ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား မိန့်တော်မူ၏။

         မာလခိအနာဂတ္တိကျမ်း ၂း၇၊ ၈ ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏ ဆင့်ဆိုချက်များကို ဟောပြောရန် ပျက်ကွက်ပါသည်။ ကောင်းချီးမင်္ဂလာကို ရွေးချယ်ရမည့်အစား ကျိန်ခြင်းကို ရွေးချယ်ကြသည်။ တာဝန်ပျက်ကွက်မှုအပိုင်းကို ဤကျမ်းချက်ဖြင့် ဖော်ပြထားပါသည်။ “ယဇ်ပုရောဟိတ်၏ နှုတ်ခမ်းသည်

ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတာ်ကို ရှာရကြမည်။ အကြောင်းမူကား၊ ဥူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား စေလွှတ်တော်မူသော တမန်ဖြစ်၏။ သင်တို့မူကား၊ လမ်းလွှဲကြပြီ၊ လူများတို့သည် တရားတော်ကို ထိမိ၍ လဲစေခြင်းငှာပြုကြပြီ၊ လေဝိအမျိုးနှင့် ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။

         မာလခိအနာဂတ္တိကျမ်း ၃း၇ မိမိတာဝန်ကို မသိဘဲ မေ့လျော့နေသော ယဇ်ပုရောဟိတ်တို့ကို သနားခြင်းကရုဏာမသောကုန်မခန်းနိုင် ဘုရားသည် ပြန်လည်ပြုပြင်ရန် အခွင့်အရေးပေးတော်မူပါသည်။ “ဘိုးဘေးတို့လက်ထက်မှစ၍၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောက်ကြပြီ၊ ငါ့ထံသို့ပြန်လာကြလော့၊ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည် တကား။

         မာလခိအနားတ္တိကျမ်း ၃း၈၊ ၉ ဘုရားသခင်နှင့် ဆိုင်သော အရာနှင့် မဆိုင်သည့်အရာများကို ခွဲခြားပြသသွန်သင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရမည့် နည်းလမ်းကိုလည်း ဘုရားပေးတော်မူပါသည်။ “လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ၊ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဖို့တစ်ဖို့ကို လည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။

         မာလခိအနာဂတ္တိကျမ်း ၃း၁၀ ကောင်းချီးမင်္ဂလာဖြစ်စေသောလမ်းကို ရွေးချယ်ကြရန် ဘုရားသခင်ဆင့်ဆိုတော်မူပါသည်။ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ၊ ပြုကြလော့၊ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူ၏။

         ရာဇဝင်ချုပ်ပထမစောင် ၂၆း၂၀ ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့၊ ဘုရားသခင်နှင့် ဆိုင်သော အရ လေဝိအမျိုးမှ ဘဏ္ဍာစိုးသည် စီမံခန့်ခွဲရပါသည်။ “လေဝိသားတို့တွင် အဟိရသည် ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာနှင့် ပူဇော်သော ဘဏ္ဍာန်များကို အုပ်ရ၏။

ဓမ္မသစ်အချိန်တွင် လည်းဆယ်ဖို့တစ်ဖို့စနစ်ကို အသိမှတ်ပြုပါသလား

         ကာရိန်သုဩဝါဒစာပထမစောင် ၉း၁-၃ ဓမ္မသစ်ကျမ်းထဲတွင် ဆယ်ဖို့တစ်ဖို့အကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားသော ကျမ်းချက်ဖြစ်ပါသည်။ ကောရိန်သုအသင်းတော်သည် ရှင်ပေါလုကို တမန်တော်ဖြစ်ကြောင်း သက်သေထူပြနိုင်သော အသင်းတော်ဖြစ်ပါသည်။ “ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီမဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။ ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန် ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကိုတံဆိပ်ခတ်ကြ၏။ ငါ့ကို စစ်ဆေး မေးမြန်သော သူတို့အား ငါအပြစ်ဖြေစရာစကားဟူမူးကား၊

         ကောရိန်သုဩဝါဒစာ ပထမစောင် ၉း၄-၆ ဘုရားသခင်နှင့်ဆိုင်သော အရာနှင့် မဆိုင်သည့်အရာများကို ခွဲခြားပြသသွန်သင်ရသည့် ဓမ္မဆရာဖြစ်သောကြောင့် ဆယ်ဖို့တစ်ဖို့နှင့် အလÈတော်ငွေများကို ခံစားပိုင်ခွင့်ရှိပါသည်။

ငါတို့သည် စားသောက်ခြင်းအခွင့်မရှိသလော။ ကေဖနှင့် သခင်ဘုရား၏ ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ဒေသစာရီ လှည့်လည်သည်တွင် နှမဖြစ်သောမယားပါစေခြင်းငှာ အခွင့်မရှိသလော။ ငါနှင့် ဗာနဗသာ အလုပ်မလုပ်ဘဲနေရသောအခွင့်မရှိဟု ဆိုရသလော။ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသောအခွင့်မရှိဟု ဆိုရသလော။ ငါနှင့်ဗာနဗသာလျှင် ကိုယ့်စရိတ်ကိုစားပြီး အမှုဆောင်ရမည်လော။ အခြားသော ဓမ္မအမှုဆောင်ဆရာကဲ့သို့ ကျွန်ုပ်တို့ ခံစားခွင့် မရှိသလော။

         ကောရိန်သုဩဝါဒစာပထမစောင် ၉း၇ ဓမ္မအမှုဆောင်များသည် ဘုရားသခင်ပြင်ဆင်ထားသော စနစ်မှ ထောက်ပံ့မှုဖြင့် အမှုဆောင်ကြသော စစ်သည်များဖြစ်ပါသည်။ စစ်တပ်မှ ရိက္ခာနှင့် လက်နက်များသော်လည်းကောင်း၊ခံစားခွင့် များသော်လည်းကောင်း စီမံထားပြီးဖြစ်ပါသည်။ “အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကို စိုက်ပျိုး၍ အသီးကို မစားလဲနေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကို မသုံးလဲနေရသနည်း။

         တူညီသောအချက် ၄ ချက် ဖြင့်ဖော်ပြသည်။ (ပထမပုံပမာ) ခရစ်ယာန် စစ်သည်များသည် ဘုရားသခင်ပြင်ဆင်ထားတော်မူသော လက်နက်စုံကို ယူတင်ဝတ်ဆောင်ရမည့် သူများဖြစ်ပါသည်။ မည်သူမျှ မိမိဖြောင့်မတ်ခြင်း ကုန်ကျစရိတ်ဖြင့် အမှုမဆောင်ကြပါ။ ဧဝံဂေလိလုန်ငန်း။ (ဒုတိယပုံပမာ) စိုက်ပျိုးရေးလုန်ငန်းဖြင့် နှိုင်းယှဉ်ထားသည်။ ပြုစုပျိုးထောင်သော ပါစတာအလုပ်။ (တတိယ ပုံပမာ) မွေးမြူရေးအလုပ်ဖြင့် နှိုင်းယှဉ်ထားသည်။ ပညာရေး။

         ကောရိန်သုဩဝါဒစာပထမစောင် ၉း၈၊ ၉ (စတုတ္ထပုံပမာ) ဓမ္မစောင်းကျမ်းမှ ပုံပမာကို ပြန်ပြောပြခြင်း။ “လောကီဝေါဟာရအားဖြင့် သာ ဤသို့ ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည်မဟုတ်လော။ မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏ နှုတ်ကို မချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏာပြုတော်မူသလော။

တရားဟောရာကျမ်း ၂၅း၄ မောရှေ၏ ပညတ္တိကျမ်းစာအရ ဘုရားသခင်သည် နွားကိုသာလျှင် သနားပါသလား။ အမှုတော်ဆောင်အပေါ် ထားသော ဘုရားသခင်၏ သဘောထား ဖြစ်ပါသည်။ “စပါးနင်းနယ်သော နွား၌ နှုတ်ကို မချုပ်တည်းရ။

         ကောရန်သုဩဝါဒစာပထမစောင် ၉း၁၀ ထိုကျမ်းချက်ပညတ်များသည် နွားအတွက်ဆင့်ဆိုထားသော အမိန့်မဟုတ်ပါ။ အမှုဆောင်များအပေါ်ထားသော ပြဌာန်ချက်ဖြစ်ပါသည်။ “သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူသလော။ လယ်ထွန်သောသူသည် မျှော်လင့်လျက် ထွန်စေခြင်းငှာလည်းကောင်း၊ မျှော်လင့်လျက်စပါးနင်းနယ်သော သူသည် မျှော်လင့်သည် အတိုင်းရစေခြင်းငှာလည်းကောင်း၊ ငါတို့ကြောင့်သာ ဤသို့ကျမ်းစာလာ၏။

         ကောရိန်သုဩဝါဒစာပထမစောင် ၉း၁၁၊ ၁၂ ၎င်းတို့အပေါ်ထားသော ထင်မြင်ယူဆချက်များကို ရှင်ပေါလုပြန်လည်ကာကွယ်ပြောဆိုချက်အရ။ တခြားသော တရားဟောဆရာများနည်းတူ သူနှင့် ဗာနဗနှစ်ဦးလည်း ခံစားခွင့် မရှိဘူးလား။ “ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏ လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။ အခြားသော သူတို့သည် သင်တို့ထံမှာ ထိုအခွင့်ကို ရလျှင် ငါတို့သည် သာ၍ ရထိုက်သည် မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်းမရှိစေခြင်းငှာ အရာရာ၌ သည်းခံကြ၏။

         ကောရိန်သုဩဝါဒစာပထမစောင် ၉း၁၃၊ ၁၄ “ဤကျမ်းချက်နှစ်ချက်သည် ဗိမာန်တော်နှင့် ဆက်နွှယ်နေပါသည်။ နားလည်လွယ်ကူမည့်စကားများဖြင့် ပေါလုဟောပြောခဲ့ပါသည်။ “ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သောသူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို လည်းကောင်း၊ သင်တို့မသိကြသလော။ ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ဆယ်ဖို့တစ်ဖို့စနစ်သည် ဓမ္မသစ်အသင်းတော်အတွက် သခင်ဘုရား၏ ပညတ်တော်မူချက် ဖြစ်ကြောင်းကို ပေါလုပြောဆိုခြင်းဖြစ်ပါသည်။

         ကောရိန်သုဩဝါဒစာပထမစောင် ၉း၁၅-၁၈ မိမိကို မလိုမုန်းတီးသော သများ၏ ငွေကို မက်သောကြောင့် တရားဟောဆရာလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုခြင်းမှ အမြင်ကြည်လင်စေရန် မိမိသည် တဲချုပ်လုပ်ငန်းဖြင့်သာ အသက်မွေးခြင်းဖြစ်ပါသည်။ “သို့သော်လည်း ထိုအခွင့်ကို ငါအလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှာ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖျက်ဆီးသည်ထက် ငါသေသော်သာ၍ ကောင်း၏။ ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက်ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကို ငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသော သူဖြစ်၏။ သို့ဖြစ်၍ ငါ၏ အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကို မျှမကုန်ဘဲနေစခြင်းငှာ ပြုလျှင် ငါ၌အကျိုးရှိ၏။

         ဟေဗြဲဩဝါဒစာ ၇း၁၈၊ ၁၉ စိတ်ဝင်စားစရာကောင်းသော အချက် တစ်ခုမှာ လက်ဝါးကပ်တိုင် ပေါ်တွင် ခရစ်တော်အသေခံခြင်းဖြင့် ယဇ်ပုရောဟိတ်၏ လုပ်ငန်းသည် အဆုံးသတ်ပါသည်။ တချို့ခရစ်ယာန်များက ယဇ်ပုရောဟိတ်၏ လုပ်ငန်းသည် အဆုံးသတ်ပြီဖြစ်သောကြောင့် ဆယ်ဖို့တစ်ဖို့စနစ်လည်းပြီးဆုံးပါသည်ဟု ထင်မှတ်ကြပါသည်။ “ပညတ်တရားသည် အဘယ်သူကို မျှစုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊ ရှေးပညတ်တရားဟောင်းသည် အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့် ၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍ မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။

တောလည်ရာကျမ်း ၁၈း၂၁ အားမရှိ၊ အကျိုးကို မပေးနိုင်သော (ဓမ္မဟောင်းစနစ်) အောက်တွင် အမှုဆောင်ရွက်သော လေဝိအမျိုးအတွက် ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်ပေးခြင်းဖြစ်ပါသည်။ “လေဝိသားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့် ၊သူတို့ အမွေခံစရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။ယနေ့ခရစ်ယာန်အများ နားလည်းမှုမှားနေသော အချက်မျာ ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပူရောဟိတ်၏ လုပ်ငန်းကို အဆုံးသတ်ခြင်းမှန်သောလည်း ဆယ်ဖို့တစ်ဖို့စနစ်ကို ဘုရားသခင်အဆုံးသတ်ခြင်းမဟုတ်ပါ။ အားရှိပြီး အကျိုးကို ပေးနိုင်သော (ဓမ္မသစ်စနစ်) အတွက် ဘုရားသခင်ပြင်ဆင်ထားပါသည်။

         ဆယ်ဖို့တစ်ဖို့စနစ်ကို ပိုပြီးနားလည်ဖို့ ကမ္ဘာဦးကျမ်းအခန်းကြီး ၁၄ ၌ ဖော်ပြထားသော ဝတ်ပြုရာကျမ်း ယဇ်ပုရောဟိတ်စနစ်ကို စတင်ကျင့်သုံးခြင်း မရှိမီ အချိန်နှစ်ပေါင်း ၅၀၀ ခန့်တွင် ဆယ်ဖို့တစ်ဖို့ စနစ်ကို ကျင့်သုံးနေပြီဖြစ် ပါသည်။ ၁၉၀၀ နှင့် ၂၀၀၀ ဘီစီကြားကာလတွင် ကျင့်သုံးပါသည်။

         ဘုရင် (၄) ပါးမဟာမိတ်ဖွဲ့ခြင်း သောဒုံမြို့ကို ဝိုင်းတိုက်ကြပါသည်။ လောတကို ဖမ်းသွားကြပါသည်။ အာဗြဟံလိုက်တိုက်ပြီးပြန်လာသော အချိန်တွင် ထူးဆန်းသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသည်။ မေလခိဇေဒက်။ ကျမ်းစာတွင် တစ်ခါသာကြားရပြီး နောက်ပိုင်းမမြင်ရတော့ပါ။

         ကမ္ဘာဦးကျမ်း ၁၄း၁၈ တွင် ဝတ်ပြုရာကျမ်းတွင် ယဇ်ပုရောဟိတ် စနစ်မတိုင်မီ မေလခိဇေဒက်ယဇ်ပုရောဟိတ်စနစ်တစ်မျိုးရှိခဲ့ကြောင်းကို ကျမ်းစာတွင် ထူးဆန်းစွာဖော်ပြထားပါသည်။ “အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီးမေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊မုန့်နှင့် စပျစ်ရည်ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် အသုံးပြုသနည်း။ ယနေ့ပွဲတော်မင်္ဂလာအချိန်မှာ အသုံးပြုကြပါသည်။ မဟုတ်လေား။ မည်သူ၏ အခွင့်ဖြင့် မုန့်နှင့် စပျစ်ရည်ကို မေလခိဇေဒက်ယူဆောင်လာသနည်း။ မည်သူ၏ အခွင့်ဖြင့် မုန့်နှင့် စပျစ်ရည်ကို မေလခိဇေဒက်ယူဆောင်လာသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်ပါသည်။ ထိုကြောင့် ဝတ်ပြုရာကျမ်း ယဇ်ပုရောဟိတ်စနစ်မတိုင်မီ မေလခိဇေဒက်ယဇ်ပုရောဟိတ်စနစ် ရှိပြီးသားဖြစ်ပါသည်။

         ကမ္ဘာဦးကျမ်း ၁၄း၁၉၊ ၂၀ တွင် မေလိဇေဒက်သည် အာဗြဟံအား ကောင်းချီးပေးသော သူဖြစ်ပါသည်။ ကောင်းကင်မြေကြီးအရာခပ်သိမ်းကို ပိုင်ဆိုင်သော သူလည်းဖြစ်ပါသည်။ “ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအားကောင်းချီးပေးတော်မူပါစေသောဟု၊ အာဗြံအားကောင်းချီးပေး၍၊ သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။မေလခိဇေဒက်သည် အာဗြံအားကောင်းချီးပေးသောကြောင့် အာဗြံမည်သို့ တုံ့ပြန်သနည်း။ ကမ္ဘာဦးကျမ်း ၁၄း၂၀ တွင် “အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လÈလေ၏။ထိုကြောင့် ဆယ်ဖို့တစ်ဖို့စနစ်သည် ဝတ်ပြုရာကျမ်းယဇ်ပုရောဟိတ်စနစ်မတိုင်မီ တည်ရှိထားသော စနစ်ဖြစ်ပါသည်။ မောရှေပြုစုရေးသားသော စနစ်မဟုတ်ပါ။

         မေလခိဇေဒက်ယဇ်ပုရောဟိတ်စနစ်သည် မည်သည့်စနစ်ကို ပုံဆောင်ပါသနည်း။ ခရစ်တော်သည်မည်သည့်အမျိုးအနွယ်မှဆင်းသက်လာသနည်း။  ယုဒအမျိုးမှဆင်းသက်လာပါသည်။ ယုဒအမျိုးသည် ရှင်ဘုရင်အမျိုးအနွယ် ဖြစ်သည်မဟုတ်လား။ ထိုကြောင့် ခရစ်တော်သည် မည်ကဲ့သို့ယဇ်ပုရောဟိတ်ဖြစ်နိုင်မည်နည်း။ ယဇ်ပုရောဟိတ်သည် လေဝိအမျိုးအနွယ်မှသာလျှင် ဆင်းသက်နိုင်မည်။ ထိုကြောင့် သခင်ယေရှုသည် ယဇ်ပုရောဟိတ်အရာကို မည်ကဲ့သို့ရရှိသနည်း။ အဖြေက၊ ယေရှုခရစ်တော်သည် ယုဒအမျိုးအနွယ်မှ ရှင်ဘုရင် အရာကို ဆက်ခံခြင်းဖြစ်ပြီး ယဇ်ပုရောဟိတ်အရာကို မေလခိဇေဒက် ယဇ်ပုရောဟိတ်စနစ်မှ ဆက်ခံခြင်းဖြစ်ပါသည်။

         ဆာလံကျမ်း ၁၁ဝး၄ တွင် ဝတ်ပြုရာကျမ်းယဇ်ပုရောဟိတ်စနစ်သည် အဆုံးရှိပါသည်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်စနစ်သည် အဆုံးရှိပါသလား။ မရှိပါ။ “ထာ၀ရဘုရားက သင်သည် မေလခိဇေဒက်နည်းတူ ထာ၀ရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တစ်ဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။ဤဆာလံကျမ်းပိုဒ်သည် မည်သူအားဖြင့် စုံလင်ခြင်းသို့ရောက်ပါသနည်း။ သခင်ခရစ်တော်အားဖြင့် စုံလင်ခြင်းသို့ ရောက်ရပါသည်။

         ဟေဗြဲဩဝါဒစာ ၇း၁၇ ခရစ်တော်၏ ယဇ်ပုရောဟိတ်အရာ စုံလင်ခြင်းသို့ ရောက်ကြောင်းပေါလုက “အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာ၀ရယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။တွင် ဝတ်ပြုရာကျမ်းယဇ်ပုရောဟိတ်စနစ်သည် အဆုံးသို့ ရောက်သော်လည်း အဆုံးမရှိသော မေလခိဇေဒက်ယဇ်ပုရောဟိတ်စနစ်ကို ခရစ်တော်သည် ဆက်ခံခြင်းဖြစ်ပါသည်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်သည် ထာ၀ရတည်မြဲပါသည်။

         ဟေဗြဲဩဝါဒစာ ၇း၄-၁၀ အထိကို ဖတ်လျှင် စောဒကတက်စရာ အကြောင်းများစွာတွေ့ရမည်။ သန့်ရှင်းသော ဝိညာဉ်တော် မှုတ်သွင်းထားသောကျမ်းချက်ဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုကိုးစာပါ။ ကျေနပ်ဖွယ်အဖြေကို ရပါမည်။ မေလခိဇေဒက်သည် ကြီးမြတ်ပြီး၊ အာဗြဟံကို ကောင်းချီးပေသောသူဖြစ်ပြီး အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကို လက်ခံသောသူ လည်းဖြစ်ပါသည် မည်သူပို၍ ကြီးမြတ်သနည်း။ အာဗြဟံပေးသည်။ လေဝိအမျိုးလည်း ဆယ်ဖို့တစ်ဖို့ပေးရပါသည်။ ယနေ့တိုင် ကျွန်ုပ်တို့အသင်းသားများနှင့် အမှုတော်ဆောင်များလည်း ဆယ်ဖို့တစ်ဖို့ပေးကြပါသည်။ “အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဖို့တစ်ဖို့ လÈ၍ အလÈခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီးမြတ်သည်ကို အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ညီအစ်ကို များလက်မှ ပညတ်တရားအတိုင်း ဆယ်ဖို့တစ်ဖို့ကို ခံရသော အခွင့်ရှိကြ၏။ သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဖို့တစ်ဖို့ကို ခံလေ၏။ ကတိတော်တို့ကို ခံရသော သူကိုလည်း ကောင်ချီးပေးလေ၏။ ကြီးသောသူသည် ငယ်သောသူကို ကောင်းချီးပေးတတ်သည်ကို ငြင်းခုံဖွယ်မရှိ။ ထိုမှတစ်ပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဖို့တစ်ဖို့ကို ခံလေ့ရှိ၏။ ထိုအခါမူကားအသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဖို့တစ်ဖို့ကို ခံရ၏။ ထိုမှတစ်ပါး၊ ဆယ်ဖို့တစ်ဖို့ကို ခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ပေးပြီဟု ဆိုစရာအခွင့်ရှိ၏။ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကို တွေ့သောအခါ၊ လေဝိသည်မိမိအဘ၏ ကိုယ်၌ရှိသတည်း။

         မာလခိအနာဂတ္တိကျမ်း ၃း၈ ယနေ့တိုင် ကျွန်ုပ်တို့သည် ဆယ်ဖို့တစ်ဖို့ပေးရေသာ အမျိုးအနွယ်ဖြစ်ပါသည်။ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောသူသည်။မေလခိဇေဒက်ထာ၀ရ ယဇ်ပုရောဟိတ်သာလျှင်ဖြစ်ပါသည်။ “လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော၊ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကို လည်းကောင်း လုယူကြပြီ။

ဆယ်ဖို့တစ်ဖို့နှင့် အလÈတော်ငွေများ

         ကောရိန်သု ဩဝါဒစာ ပထမစောင် ၁၆း၁၊ ၂ နည်းလမ်းလေးသွယ်ဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလÈတော်ငွေကို ပေးရန် တိုက်တွန်းထားပါသည်။ (၁) ပုံမှန်ပေးပါ၊(၂) တစ်ယောက်စာကိုယ်စီပေးပါ၊ (၃) ကိုယ်ခံရသော အတိုင်းအတာထဲမှ ပေးပါ၊ (၄) စည်းကမ်းကျန်ခြင်းရှိစွာပေးပါ၊ ကြိုတင် စီစဉ်ခြင်းဖြင့် ပေးပါ။  “သန့်ရှင်းသူတို့အဖို့ အလÈဒါန်း၍ စုထားခြင်း အမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည် အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လÈဒါန်း၍ စုထားစရာ မရှိစေခြင်းငှာ ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း ၊ မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့။ “ ဆယ်ဖို့တစ်ဖို့သည် မေလခိဇေဒက် ထာ၀ရယဇ်ပုရောဟိတ်ကို ကျွန်ုပ်တို့ပေးခြင်း ဖြစ်သည်။ တရားဟောဆရာကို ပေးခြင်းမဟုတ်ပါ။

         ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉း၆၊ ၇ မျိုးစေ့တစ်စေ့တည်း ကိုသာကြဲလျှင် မည်မျှ ရိတ်သိမ်းရမည်နည်း။ သူ့ပမာဏအတိုင်းသာလျှင် ရိတ်သိမ်းရပါမည်။ ထို့ကြောင့် အလÈတော်ငွေများသည် သင်တို့ကြဲသော မျိုးစေ့ပမာဏ ဖြစ်ပါသည်။ “အနည်းငယ်သော မျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။ လူတိုင်း ကိုယ်အလိုအလျောက် လÈရ၏။” ဘုရားသခင်သည် ကျွန်ုပ်တို့လÈသော ရွှေငွေများကို လိုအပ်သောကြောင့် တောင်းခံနေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့နှလုံးသားပမာဏကို အကြွင်းမဲ့လိုချင်သော ဘုရားဖြစ်ပါသည်။ “နှမြောသော စိတ်နှင့် rvÈ&? rvÈbJ ဘဲ မနေရဟု စိတ်ထင်နှင့် မလÈရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လÈသာသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။

God wants no unwilling offering ,on pressed sacrifice. Those who are

 thoroughly converted and who appreciate the work of God will dive

 cheerfully the little required of them, considering it a privilege to bestow.

 (IT, 545.3).

         အလတော်ငွေများပေးခြင်းသည် အခွင့်အလမ်းတစ်ခု အဖြစ် မထင်မှတ်ပါနှင့် ၊ ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် မည်သည့်အခါမျှ မပြုပါနှင့်၊ သင့်နှလုံးသား ပမာဏအတိုင်း ဘုရားသခင်၏ ကျေးဇူးကို သိတတ်သော သဘောဖြင့်သာ ပေးပါ။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံယူလိုသော သဘောဖြင့် မဟုတ်ဘဲ ဘုရားသခင်ပြုခဲ့သော ကျေးဇူးကရုဏာအတွက် ကျေးဇူးသိတတ်သော သဘောဖြင့်သာပေးပါ။

         ရှင်လုကာခရစ်ဝင် ၆း၃၈ ပေါလု၏ နိယာမနှင့်တူသော သွန်သင်ချက်ကို လုကာထပ်ပြီး အသိပေးခြင်းဖြစ်သည်။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။အသက်တာတွင် လိုက်နာလျှောက်လှမ်းရမည့် တစ်ခုတည်းသော စည်းမျဉ်းဖြစ်ပါသည်။

         သုတ္တံကျမ်း ၃း၉၊ ၁၀ နောက်ဆုံးကျမ်းပိုဒ်ကို ဖတ်ခွင့် ပြုပါ။ “သင်သည် ကိုဥစ္စာနှင့် အဦးသီးသော အသီးအနှံ ရှိသမျှကို ထာ၀ရဘုရားအား ပူဇော်လော့။ သို့ပြုလျှင် သင်၏ စပါးကျီတို့သည် ကြွယ်၀၍ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။

No comments:

Post a Comment