Thursday, May 7, 2026

 

(၂၂) ထာ၀ရဘုရားဆိုင်သော အရာနှင့်မဆိုင်သည့်အရာ

၁။     ယေရိခေါမြို့ကို အောင်မြင်မှု။

         ယေရိခေါမြို့သည် ဣသရေလလူမျိုး စစ်တိုက်၍ အောင်မြင်ခဲ့သည့် ကတိတော်နှင့် ဆိုင်သော နိုင်ငံမှ ပထမဦးဆုံး မြို့တစမြို့ဖြစ်ပါသည်။ သို့သော် မိမိကိုယ်ကျိုးအတွက် ငွေကိုဖြစ်စေ၊ ရွှေကိုဖြစ်စေ အဘယ်အရာကိုမျှ မယူရန် ဘုရားသခင်သတိပေးခဲ့ပါသည်။

         ယောရှုမှတ်စာ ၆း၁၈။ “သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိတို့ကို လည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက် မည်ကို စိုးရိမ်စရာရှိ၏။

         ဝတ်ပြုရာကျမ်း ၂၇း၂၈။ “သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ်ဖြစ်စေ၊ ထာ၀ရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာ၀ရဘုရားအား အလွန်သန့်ရှင်းရမည်။

         ယောရှုမှတ်စာ ၆း၁၉။ “ရွှေငွေကို လည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကို လည်းကောင်း၊ ထာ၀ရဘုရားအဖို့ သန့်ရှင်းစေ၍ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။

         ဤအရာများဖြင့် အဘယ်ကြောင့် ဘုရားသခင်ရင်းနှီးမြုပ်နှံထားရ သနည်း။ ဣသရေလလူမျိုးကိုယ်ကျိုးသုံးရန် မဟုတ်ဘဲ ဘုရားသခင်ကို ဆက်ကပ်လÈဒါန်းခြင်းဖြင့် သန့်ရှင်းမွန်မြတ်သည့် နေရာတွင် အသုံးပြုရန် အတွက် ဖြစ်ပါသည်။

         ဤဝတ္ထုပစ္စည်းအားလုံးသည် ကတိထားတော်မူသည့် ပြည်၌ ဘုရားသခင်အတွင် သန့်ရှင်းသော ဆယ်ဖို့ တစ်ဖို့ အလÈဖြစ်ပါသည်။ အာခန်၏ အပြစ်သည် ပုံမှန်ခိုးဝှတ်မှုထက်ပိုပါသည်။ သူသည် သန့်ရှင်းသည့် ဝတ္ထု ပစ္စည်းကိုရယူပြီ လောကီကိုယ်ကျိုးအတွက် အသုံးပြုရန်ဖြစ်သည်။

၂။     ကွဲပြားခြားနားခြင်းအကြောင်း သွန်သင်ရမည့် ဘာသာရေး ခေါင်းဆောင်များ၏ အခန်းကဏ္ဍ။

         ယဇ်ပုရောဟိတ်အကြီးအကဲသည် ဣသရေလနိုင်ငံ၏ ဘာသာရေး ခေါင်းဆောင်ဖြစ်ပြီး မြင့်မြတ်သန့်ရှင်းသည့် တာဝန်အရ ဣသရေလလူမျိုး သန့်ရှင်းစေရန်အတွက် အလေးထားသွန်သင်ရပါသည်။ ဘုန်းတော်ကြီး ဂိုဏ်းချုပ်၏ အဆောင်ပစ္စည်းများအပေါ်တွင်လည်း သီးသန့်သတ်မှတ်ထားသော အရာဖြစ်ကြောင်း ကမ္ပည်းစာများရေးထိုးထားပါသည်။

         ထွက်မြောက်ရာကျမ်း ၂၈း၃၆။ “ရွှေစင် သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာ၀ရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊

         ယဇ်ပုရောဟိတ်များတို့သည် သန့်ရှင်းသော အရာများနှင့် သာမန်အရာတို့ကို ကွဲပြားခြားနား၍ စေ့စပ်သေချာစွာ သွန်သင်ရသည့် တာဝန်ကို ထမ်းဆောင်ကြသည်။

         ယေဇကျေလအနာဂတ္တိကျမ်း ၄၄း၂၃-၂၄ “ငါ၏ လူတို့သည် သန့်ရှင်းသော အရာ၊ မသန့်ရှင်းသော အရာတို့ကို လည်းကောင်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာတို့ကိုလည်းကောင်း ပိုင်းခြား၍ သိစေခြင်းငှာ သွန်သင်ရကြမည်။ တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင် ငါစီရင်ထုံးဖွဲ့ချက်တို့ကို လည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ကြရမည်။

         ထာ၀ရဘုရားဆိုင်သော အရာနှင့် မဆိုင်သည့် အရာများ၏ ကွဲပြားခြားနားမှုကို ဆင်ခြင်တွေးခေါ်တတ်ရန် သမ္မာကျမ်းစာမြတ်တွင် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါသည်။ ထာ၀ရဘုရားဆိုင်သော ငွေနှင့် ဝတ္ထုပစ္စည်း၊ အလားတူ အဝတ်အစားများ၊ နေ့ရက်များ၊ တေးဂီတနှင့် သီဆိုမှုများ၊ အခါ သမယနှင့် အသက်မွေးဝမ်းကျောင်း၊ အားလပ်ချိန်များလည်းပါသည်။

         ယေဇကျေလအနာဂတ္တိကျမ်း ၂၂း၂၆။ “ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသော အရာ၊ မသန့်ရှင်းသော အရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏။

၃။     ဗိမာန်တော်၌ မီးဖြင့် ပူဇော်ရသည့် အထူးမွှေးနံ့သာ။

         ထွက်မြောက်ရာကျမ်းအခန်းကြီး ၃ဝး၇-၉ တွင် တဲတော်၌ အသုံးပြုသော အမွှေးအကြိုင်သည် အထူးစီမံထားသော အမျိုးအစားဖြစ်သည်။ သို့သော် လောကီနှင့် ဆိုင်သည့် အသုဘတွင်သုံးသော အမွှေးအကြိုင် အမျိုးအစားမဖြစ်စေရ။

         ထွက်မြောက်ရာကျမ်း ၃ဝး၇-၉ ။ “အာရုန်သည် နံနက်တိုင်းမီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသောနံ့သာပေါင်းကို ရှို့ရမည်။ ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့သင်တို့သားစဉ် မြေးဆက်တို့သည် ထာ၀ရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်းဖြစ်သတည်း။ ထိုပလ္လင်ပေါ်မှာ ထူးခြားသောနံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သကာကိုလည်း မပြုရ။ သွန်းလောင်းရာပူဇော်သကာကို လည်း မပြုရ။

         ထူးခြား၍ အများသုံးသည့် အမွှေးအကြိုင်ကိုလည်းကောင်း၊ သာမန်သုံးသော မီးလောင်စေသည့် အမျိုးအစားကိလည်း အသုံးမပြုရ။

၄။     မီးဖြင့်ပူဇော်ရသောအမွှေးနံ့သာ၏ အနက်အဓိပ္ပါယ်။

         ဆာလံကျမ်း ၁၄၁း၂ “အကျွန်ုပ်၏ ပတ္ထနာသည် မီးရှို့သော နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကို ချီခြင်းသည် ညဦးယံပူဇော်သကာ ကဲ့သို့လည်းကောင်း ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော။

         ဗျာဒိတ်ကျမ်း ၈း၃။ “ကောင်းကင်တမန်တစ်ပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသော ယဇ်ရွှေပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာနှင့် အတူ ဆက်ကပ်ခြင်းငှာ၊ မီးရှို့သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။

         ရှင်လုကာခရစ်ဝင် ၁း၈-၁၀။ “ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာ၀ရဘုရား၏ ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။ ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ ဆုတောင်းလျက်နေကြ၏

       With the confession of the repenting, believing sinner, Christ mingles His own righteousness, that the prayer of fallen man may go up as fragrant incense before the Father, and the grace of God be imparted to the believing soul. (1SM, 329).

၅။     ယဇ်ပလ္လင်အထက်ထာ၀ရဘုရားနှင့် ဆိုင်သော မီး။

         ဝတ်ပြုရာကျမ်း ၉း၂၃-၂၄။ “တစ်ဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းချီးပေးသဖြင့် ၊ ထာ၀ရဘုရား၏ ဘုန်းတော်သည် လူများတို့အားထင်ရှားလေ၏။ ထာ၀ရဘုရားထံတော်မှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့် ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သော အခါ ကြွေးကြော်၍ ပျပ်ဝပ်ကြ၏။

၆။     သာမန်မီးဖြင့် အမွှေးနံ့သာ ယဇ်ပူဇော်သော နာဒပ်နှင့် အဘိဟု။

         ဝတ်းပြုရာကျမ်း ၁ဝး၁ ။ “အာရုန်၏သားနဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက် မီးကို ထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာ၀ရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။

         မည်သည့်မီးဖြင့် ပူဇော်ရမည်ကို သူတို့သိပါသည်။ ဘုရားသခင်မိန့်တော်မူသည် ပူဇော်မှုပြင်ပတွင် ကောင်းကင်မှ မီးကျလာမည် မဟုတ်ပါ။ ယဇ်ပလ္လင်ပေါ်သို့ ရွာချလာသည် သန့်ရှင်းသော မီးဖြင့်သား ပူဇော်ရမည်။ သူတို့က ဆန္ဒအတိုင်း ဘုရား၏ အမိန့်တော်ကို နာခံမှုမရှိဘဲ သန့်ရှင်းသော မီးကဲ့သို့သော သာမန်မီးဖြင့် ပူဇော်ကြပါသည်။

၇။     နာဒပ်နှင့် အဘိဟုကို ဝါးမြိုသည့်မီး။

         ဝတ်ပြုရာကျမ်း ၁ဝး၂ ။ “ထိုအခါ ထာ၀ရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌သေကြ၏။

         မိမိတို့၏ ရည်မှန်းချက်အတိုင်း ထူးဆန်းသောမီးဖြင့် ဘုရားသခင်ရှေ့တော်တွင် ယဇ်ပူဇော်ခြင်းသည် အသေးစိတ်ဖော်ပြထားသည့် အမိန့်တော်ကို နာခံမှုမရှိခြင်းဖြင့်ပါသည်။ ဆုတောင်းခြင်းအမှု၌ ဖြစ်စေ၊ မိမိဖြောင့်မတ်ခြင်းကို ခရစ်တော်၏ တရားတော်တွင် ပါဝင်ရောယှက်ခြင်းအမှု၌ဖြစ်စေ၊ ဘုရားသခင်လက်ခံမည်ဟု မျှော်လင့်ခြင်းသည် တိကျပြတ်သားသည့် အမိန့်တော်ကို နာခံမှု မရှိခြင်းဖြစ်ပါသည်။

၈။     ပစ်ပယ်ခံရသော ဆုတောင်းပတ္ထနာ။

         သုတ္တံကျမ်း ၂၈း၉။ သုတ္တံကျမ်းအခန်းကြီး ၂၈း၉ တွင် ခရစ်တော်၏ ဖြောင့်မတ်ခြင်းထိုက်တန်သူသည် ဘုရားအမိန့်တော်ကို  ဖီဆန်သည့် ဆုတောင်းခြင်းမျိုးတွင် ရောစပ်၍ မရနိုင်ပါ။

         တရားမနာလွှဲသွားသောသူသည် ဆုတောင်းသော်လည်း၊ သူ၏ ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။

         ဆာလံကျမ်း ၆၆း၁၈-၂၀။ မွှေးကြိုင်သည့် ရနံ့ကို ဖြစ်ပေါ်စေသည့် မီးနှင့် ရောယှက်ရသော အမွှေးနံ့သာပူဇော်သကာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆုတောင်းချက်များ ကောင်းကင်သို့ တက်သွားသောအခါ သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ရောစပ်မှုကြောင့်သာ ဘုရားသခင်လက်ခံတော်မူပါသည်။ သို့သော် နာခံမှုကင်းသည့် ဆုတောင်းပတ္ထနာသည် မုန်းတီးရွံရှာဖွယ်ကောင်းသော အမှုဖြစ်သည်။

         ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍ ငါမြွက်ဆို ပတ္ထနာစကားသံကို မှတ်တော်မူပြီ။ ငါမြွတ်ဆိုသော ပတ္ထနာကို ပယ်တော်မမူ၊ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၉။     ကြည်ညိုခြင်းနှင့် လေးစားခန့်ညားခြင်းဖြင့် ထာ၀ရဘုရားထံ ကျွန်ုပ်တို့ ချဉ်းကပ်ရမည်။

         ဝတ်ပြုရာကျမ်း ၁ဝး၃။ “ထိုအခါမောရှေသည် အာရုန်ကို ခေါ်၍၊ ထာ၀ရဘုရားက ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ ချဉ်းကပ်သော သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။

         နာဒပ်နှင့် အဘိဟု တို့သည် ထာ၀ရဘုရားနှင့် ဆိုင်သည့် သန့်ရှင်းသော အရာများကို မလေးစားပြုခဲ့ပါသည်။ သာမန်မီးဖြင့် ဘုရားသခင်နှင့် အမိန့်တော်ကို နှင်းချေဖျက်ဆီးကြပါသည်။ သာမန်မီးဖြင့် ဘုရားသခင်နှင့် အမိန့်တော်ကို နှင်းချေဖျက်ဆီးကြပါသည်။ သန့်ရှင်းသော ဘုရားဖြစ်ကြောင်း လေးစားမှု ဖြင့် ချဉ်ကပ်ကြရမည်။ ကြောက်ရွံ့ရိုသေသော သဘောဖြင့် လေးစားမှုကို ထုတ်ဖော်ရမည်။ ထာ၀ရဘုရားနှင့် ဆိုင်သည့် သန့်ရှင်းသော အရာများကို အပေါ့ပေါတန်တန် ဖြင့် မပြုသင့်ပါ။ နည်းလမ်းကောင်းများဖြင့် ချဉ်းကပ်နိုင်သည် ဟု မစဉ်းစားသင့်ပါ။ ကျွန်ုပ်တို့အထင်နှင့် သဘောအတိုင်းမဟုတ်လဲ ထာ၀ရဘုရားပြဌာန်းထားသည့်အတိုင်း ချဉ်းကပ်ပါ။ ရဲဘော်ရဲဘက် ဟောင်းကဲ့သို့သော်လည်းကောင်း၊ အပေါ်ထပ်တွင် နေထိုင်သူအသိတစ်ဦးကဲ့သို့သော်လည်းကောင်း မစဉ်းစားသင့်ပါ။ ဟေရှာယအခန်းကြီး ၅၇း၁၅ တွင် ပါရှိသည့်အတိုင်း၊ “ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌ နေ၏။ စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသော သူတို့၌ လည်းငါနေ၏။

၁၀။  ဖောက်ဖျက်ကျူးလွန်သူ အတွက်ငိုကြွေးမြည်တမ်းခြင်းမပြုရ။

         ဝတ်ပြုရာကျမ်းအခန်းကြီး ၁ဝး၄-၇ တွင် ဘုရား၏ အမိန့်တော်ကို ဖောက်ဖျက်ကျူးလွန်သာအတွက် ငိုကြွေးမြည်တမ်းခြင်းမပြုရန်၊ အသုဘပိုဆောင်မှု မပြုကြရန် တားမြစ်ထားသည်။ ငိုကြွေးမြည်တမ်းခြင်းဖြင့် စာနာသည့် စိတ်သဘောနှင့် အားပေးမြှောက်စားသည့် သဘောထားသည် နာခံမှုမရှိသည့်အပြစ်နှင့် ဝေးဝေးနေကြရန် သတိပေးခြင်းဖြစ်သည်။

         မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကို ခေါ်၍၊ လာကြ။ သင်တို့ပေါက်ဖော်တို့ကို သန့်ရှင်းရာဌာနတော်က တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ ယူသွားကြ၏။ မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမားတို့ကို ခေါ်၍၊ သင်တို့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍ သင်တို့ဦးထုတ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာ၀ရဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။ သင်တို့ သေမည်ကို စိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့မထွက်နှင့်။ ထာ၀ရဘုရား၏ ဘိသိတ်ဆီသည် သင်တို့အပေါ်၌ရှိသည် ဟုဆိုသည်အတိုင်း သူတို့ပြုကြ၏။

၁၁။   နာဒပ်နှင့်အဘိဟုတို့သည် အဘယ်ကြောင့် ထာ၀ရဘုရားနှင့်မဆိုင်သည့် မီးကိုပူဇော်သနည်း။

         ဝတ်ပြုရာကျမ်း ၁ဝး၈၊၉။ ဘုရားသခင်က နာဒပ်နှင့် အဘိဟု တို့သည် သန့်ရှင်းသော မီးမဟုတ်ဘဲ အဘယ်ကြောင့် သာမန်မီးအားဖြင့် ပူဇော်ရသနည်း။

         တစ်ဖန် အာရုန်အားထာ၀ရဘုရားက၊ သင်နှင့် သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှာလည်းကောင်း၊

         ထာ၀ရဘုရားဆိုင်သော အရာနှင့် မဆိုင်သည့်သာမန်ကိစ္စကြားတွင် မူးယစ်ခြင်းသည် ပထမဦးဆုံးခွဲခြားခြင်းမပြုနိုင်ရသည့် အဓိကအကြောင်းရင်းဖြစ်ပါသည်။ ဘုရားသခင်ပြဌာန်းထားသည့် စည်းမျဉ်းဥပဒေများကို ဣသရေလ လူမျိုးတို့အား သွန်သင်ရန် ပျက်ကွက်မှုသည် ဒုတိယအဆင့်ဖြစ်လာပါသည်။

         ဝတ်ပြုရာကျမ်း ၁ဝး၁၀-၁၁။ နာဒပ်နှင့် အဘိဟုတို့၏ အပြစ်သည် ဖြစ်ရိုးဖြစ်စဉ်တို့ကို သန့်ရှင်းခြင်းရှိသကဲ့သို့ မှားယွင်းစွာတင်ပြခြင်းဖြစ်ပါသည်။

         သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း၊ ထာ၀ရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာလည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယဇ်မျိုးကို မသောက်နှင့်။သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

         အဆုံးတွင် မီးအားဖြင့် ဖျက်ဆီးခံရပြီး သန့်ရှင်းသူတပ်စခန်းပြင်ပတွင် စွန့်ပစ်ခံရသကဲ့သို့ ဘုရားသခင်နှင့် အဆက်သွယ်ဖြတ်တောက်ခံရပါသည်။ သို့ပါ၍ ဗျာဒိတ်ကျမ်းတွင် ဤအချက်ကို ကောက်နုတ်၍ ဗာဗုလုန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး သန့်ရှင်းသူတစ်စခန်းပြင်ပတွင် စွန့်ပစ်ခံရသကဲ့သို့ ဆုံးရှုံးကြလိမ့်မည်။

၁၂။   ဗေလရှာဇာ၏ လေးနက်ဆိုးရွားသောအပြစ်။

         ဒံယေလအနာဂတ္တိကျမ်း ၅း၁။ ဗေလရှာဇာမင်းကြီးသည် ထောင်ပေါင်းများစွာသော စစ်ဗိုလ်များကို စားသောက်ပွဲကြီးတစ်ရပ်ခင်းကျင်း ပေးခဲ့ပြီး ပရိသတ်တို့ရှေ့တွင် အရက်သေစာကို သောက်ခဲ့ကြပါသည်။

         တရဲရောအခါ ဗေလရှာဇာမင်းကြီသည် မÈ;မတ်တစ်ထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကိုလုပ်၍၊ မÈ;မတ်တစ်ထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။

         ဤအဖြစ်အပျက်သည် ဗာဗုလုန် ပြိုလဲကျဆုံးခြင်းကို ဖြစ်စေခဲ့ပါသည်။ ထာ၀ရဘုရားဆိုင်သော အရာနှင့် မဆိုင်သည့် သာမန်ကိစ္စကြားတွင် ခွဲခြားသိမြင် နိုင်စွမ်းမရှိသော စပျစ်ရည်၏ အဆိပ်ကြောင့် ဗာဗုလုန်ပြိုလဲကျဆုံးခြင်းကို ဖြစ်စေခဲ့ပါသည်။

         ဒံယေလအနာဂတ္တိကျမ်း ၅း၂။ စပျစ်ရည်ကို မြည်းစမ်းသောအခါ မိမိ၏ ခမည်းတော်နေဗုခဒ်နေဇာလက်ထက်၌ ယေရုရှလင်မြို့ ဗိမာန်တော်တိုက် ထဲမှ သိမ်းယူခဲ့သည့် ရွှေဖလားများကို ယူခဲ့စေပြီး ကိုယ်တိုင်မှစ၍ မင်းသား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သေရည်ကို သောက်သုံးကြပါသည်။ 

         စပျစ်ရည်ကို မြည်းစမ်းသောအခါ ၊ ယေရုရှလင်မြို့ ဗိမာန်တော်ထဲက ခမည်းတော်နေဗုခဒ်နေဇာသိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလား တို့နှင့် ကိုယ်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည် အတိုင်း၊ထိုဖလားများကို နေဗုခဒ်နေဇာမင်းယူဆောင်လာခြင်း ဖြစ်ပါသည်။ (ဒံယေလ ၁း၂) တွင် ယူဆောင်လာခဲ့သော သန့်ရှင်းသည့် ရွှေမလားများမှ ဗိမာန်တော်အတွက်သာ ဆက်ကပ်ခဲ့ပါသည်။ ထိုဖလားများကို သာမန်အသုံးပြုသည့် ရုပ်တုကိုးကွယ်မှုကိစ္စတွင် အသုံးပြုကြသည်။ ထိုပစ္စည်းများကို ယုတ်ညံ့နှိမ့်ကျအောင် ပြုလုပ်ခဲ့ပါသည်။

         ဒံယေလက သူတို့ကို ဟောပြောသွန်သင်ခဲ့သော်လည်း သန့်ရင်းသော အရာကို ယုတ်ညံ့နှိမ့်ကျသည့် အခမ်းအနားတွင် အသုံးပြုခြင်းဖြစ်ပါသည်။ သိလျက်နှင့် တောက်လျှောက်အသုံးပြုခြင်းဖြစ်ပါသည်။ ဤတွင် ဘုရားသခင်၏ အလိုတော်နှင့် ရည်ရွယ်ကို နာခံမှုမရှိခြင်းဖြစ်ပါသည်။

         ဒံယေလအနာဂတ္တိကျမ်း ၅း၃။ ယေရုရှလင်မြို့ ဗိမာန်တော်တိုက်ထဲမှ သိမ်းယူခဲ့သည် ရွှေဖလားများကို ယူကြသည်။ မင်းသား၊ မောင်းမမိဿံတို့သည် မင်းကြီးနှင့် အတူ ထိုဖလားတို့နှင့် သေရည်ကို သောက်သုံးကြပါသည်။

         ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။

         ဒံယေလအနာဂတ္တိကျမ်း ၅း၄။ ထာ၀ရဘုရားဆိုင်သော အရာများကို ရိုင်းပျစွာပြုမူခြင်းသည် မှားယွင်းသော ဝတ်ပြုကိုးကွယ်မှုဖြင့် ရုပ်တုဆင်းတု ကိုးကွယ်မှုသို့ ပို့ဆောင်ခြင်းဖြစ်ပါသည်။ “စပျစ်ရည်ကို သောက်၍ ရွှေဘုရား၊ ငွေဘုရား၊ ကြွေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရား တို့ကို ချီးမွမ်းကြ၏။

         မူးယစ်ခြင်းသည် ထာ၀ရဘုရားဆိုင်သောအရာနှင့် မဆိုင်သည့်အရာ များအကြားတွင် ဝေဖန်ခွဲခြားသိမြင်မှုကို ဖျက်ဆီးနိုင်စွမ်းရှိပြီး လူတို့ လက်ဖြင့် ဖန်တီးသည့် ရုပ်တုဆင်းတုကိုးကွယ်ခြင်းသို့ ကျရောက်စေပါသည်။ မှားယွင်းသော ဝတ်ပြုကိုးကွယ်မှုကို လိုက်စားခြင်းဖြင့် ပညတ်တော်ကို ချိုးဖဲဖျက်ဆီးကြပြီး စာတန်၏ ဩဇာအရှိန်အဝါအောက်သို့ ရောက်သွားပါသည်။

         ဒံယေလအနာဂတ္တိကျမ်း ၅း၅-၆။ ဗာဗုလုန်နန်းတော်၏ နံရံပေါ်တွင် ဗာဗုလုန်ကျဆုံးခြင်းကို ကြေညာခြင်းဖြစ်ပါသည်။

         ထိုအချိန်နာရီတွင် လူ၏ လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံအင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသော လက်ဖျားကို ရှင်ဘုရင်မြင်တော်မူလျှင်၊ မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည့်ရှိသော်၊

         ဒံယေလအနာဂတ္တိကျမ်း ၅း၂၂။ ဘုရားသခင်သည် နေဗုခဒ်နေဇာ မင်းအား မည်ကဲ့သို့နှိမ့်ချပြီး စိတ်နှလုံးကို ပြောင်းလဲစေခဲ့ကြောင်း ဗေလရှာဇာမင်းကြီးအား ဒံယေလပြောခဲ့သည့် စကားများအရ၊

         အရှင်သားတော်ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊

         သားတော်ဗေလရှာဇာမင်းကြီးသည် အလုံးစုံကို သိမြင်ခွင့် ရခဲ့ပါသော်လည်း မိမိစိတ်နှလုံးနှိမ့်ချခြင်းမရှိပါ။

အခြားသော ပုံပမာများ

၁။     ဩဇနှင့် သန့်ရှင်းသောပဋိညာဉ်သေတ္တာ။

၂။     အာနနိနှင့် ရှဖိရေတို့၏ သီးသန့်ဆက်ကပ်ထားသည့်ငွေ။

၃။     ဧလိရှဲနှင့် ဝက်ဝံမ (၂ပေ ၁း၂၁) သီးသန့်ရွေးထားသည့်ပုရောဖက်။

၁၃။ နောက်ဆုံးအချိန်ဇာတ်လမ်းအကျဉ်းချုပ်။

         ဗျာဒိတ်ကျမ်း ၁၇း၁-၅ (၁) ပြည့်တန်ဆာ (၂) အဝတ်နီ၊ အဝတ်မောင်းကို ဝတ် (၃) ပြည့်တန်ဆာတို့၏အမိ (၄) ရွှေဖလားကိုကိုင်လျက်ရှိ၏။ (၅) လောကီရှင် မြေကြီးသားတို့သည် သူ၏မတရားသော မေထုန် စပျစ်ရည်နှင့် ယဇ်မူးကြပြီး(၆) ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမ စက်ဆုပ်ရွံရှာဖွယ်သော ဝတ်ပြုကိုးကွယ်မှုကို ကျင့်သုံး၏။

         ဖလားခုနစ်လုံးရှိသော ကောင်းကင်တမနခုနစ်ပါးတို့တွင် တစ်ပါးသည်လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော၊ နာမတို့နှင့် အပြည့်ရှိသော၊ သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့်လည်းကောင်း ပြည့်သော ရွှေဖလားကို ကိုင်လျက်ရှိ၏။ နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏ အမိပေတည်း။

၁၄။   အဆိပ်စပျစ်ရည်နှင့် သက်ဆိုင်သော အယ်လင်ဂျီဝှိုက်၏ ပြင်ထန်သည် ထုတ်ပြန်ကြေညာချက်။

        When faithful teachers expound the Word of God, there arise men of learning, ministers professing to understand the Scriptures, who

denounce sound doctrine as heresy, and thus turn away inquirers after

 truth. Were it not that the world is hopelessly intoxicated with the wine of

 Babylon, multitudes would be convicted and converted by the plain,

 cutting truths of the Word of God. But religious faith appears so con- fused

 and discordant, that the people know not what to believe as truth, The sin

 of the world’s impenitence lies at the door of the church.(GC, 88 389.1)

၁၅။   ယစ်မူးခြင်းမှ ထွက်လာရန်ခေါ်တော်မူခြင်း

         ဗျာဒိတ်ကျမ်း ၁၈း၁-၅။ “ဘုရားသခင်သည် ဗာဗုလုန်လူမျိုး အပေါ် ဖြူစင်၊ မြတ်နိုး၊ ရိုးသားသော စိတ်ဖြင့် ကောင်းသောသတင်းစကားကို ဝေငှပေးခဲ့ပါသည်။ ထိုနောက်မှ ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။ သူသည်ကျယ်သော အသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ လောကီကုန်သည် တို့သည် သူ၏ ကာမဂုဏ်စည်းစိမ်ကြွယ်၀ခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ အခြားသောကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့် လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ ၊ သူ၏ အထဲထွက်ကြလော့။ သူ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင်မီကြသည် ဖြစ်၍၊ သူ၏ မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။

၁၆။ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့။

         ကြည့်ပါ၊ ခရစ်ယာန်လောကတွင် သာမန်အလုပ်လုပ်ရမည့်နေ့ရက်ကို ယူပြီး လူတို့၏ အကြံစည်ဖြင့် မွမ်းမံ၍ သန့်ရှင်းသောနေ့ရက်ကဲ့သို့ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြပါသည်။ ဘုရားသခင်ပြဌာန်းထားသည့် သန့်ရှင်းသော နေ့ရက်ကိုလည်း သာမန်နေ့ရက်ကဲ့သို့သဘောထားလျက် အလုပ်ဆောင်ရွက်ကြပါသည်။ အဘယ်ကြောင့်၍ သို့ဖြစ်ရသနည်း။ ရိုးရိုးနှင့် ရှင်းရှင်းပြောရလျှင် ဖောက်ပြန်သော (ပြည့်တန်ဆာအပေါင်း၏မိခင်) အသင်းတော်၏ အမှားနှင့် အမှန်ကို ရောနှောပြီး တိုက်ကျွေးထားသည့် အဆိပ်အတောက်ဩဝါဒတရားကို မှီဝဲသော သုံးသောကြောင့် ဖြစ်ပါသည်။ အဆုံးတွင် ဘုရားသခင်၏ ပညတ်တရားကို နင်းချေ၍ မှားယွင်းသည့် ဝတ်ပြုခြင်းဖြင့် လက်တွေ့ကိုးကွယ်ကြပါသည်။ 

         ကျမ်းစာတော်မြတ်၌ ပထမနေ့တွင် သာမန်ခြောက်ရက်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ကြရန် ဘုရားသခင်အသေးစိတ်ပြဌာန်းပြီးဖြစ်ပါသည်။ (ထွက် ၂ဝး၈-၉) သာမန်ခြောက်ရက်နှင့် မတူသော သတ္တမနေ့ရက်ကို သန့်ရှင်းကြောင်း (က ၂း၂-၃) တွင် ဘုရားသခင်ခွဲခြားထားပါသည်။ စာတန်၏ ကိုယ်စားလှယ်သည် ပထမနေ့ရက်ကို ယူ၍ သန့်ရှင်းသော နေ့ရက်၏ ပုံတူအဖြစ် ဆင်းတုတော်ကို ထုဆစ်သွန်းလောင်းပြီး ကိုးကွယ်စေခြင်းဖြစ်ပါသည်။ သန့်ရှင်းသော သတ္တမနေ့ရက်၏ အရှင်သခင်ဂုဏ်တော်ကို ယုတ်ညံ့နှိမ့်ချစေပါသည်။ (သန့်ရှင်းမှုကို ဖယ်ရှားပစ်သည်)

         ဘုရားသခင်ရှေ့တော်တွင် အဆိုးဝါးဆုံးသော ရုပ်တုဆင်းတုကိုးကွယ်မှု ဖြစ်သည်။ ဘုရားသခင်နှင့် ဣသရေလအမျိုးစပ်ကြား ဘုရားသခင်ထူထောင်ခဲ့သော ထာ၀ရလက္ခဏာသက်သေမည်သို့ ဖြစ်ပျက်သည်ကို ကျွန်ုပ်တို့ ဆက်လေ့လာကြပါစို့။

၁၇။ ရုပ်တုကိုးကွယ်မှုအကြောင်း။

         နေကို မည်သူဖန်ဆင်းသနည်း။ ဘုရားသခင်ဖန်ဆင်းခဲ့ပါသည်။ ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်သည် ဖန်းဆင်းထားသလား။ မဖန်ဆင်းထားပါ။

လောကီရေးရာ၌ အသုံးပြုရန်ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်က လောကီရည်မှန်းချက်ဖြင့် “နေကို ကိုးကွယ်ရန်ဖန်တီးမှုသည် မည်သို့ဖြစ်သနည်း။ သန့်ရှင်းခြင်းကို ပုံတူထုဆစ်ထားသည့် ရုပ်တုဆင်းတုကိုးကွယ်မှုဟု ကျွန်ုပ်တို့ခေါ်ပါသည်။

         ယခုတွင် ခုနစ်ရက်၌ ပထမနေ့ရက်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်ဖန်ဆင်းခဲ့သည် မဟုတ်လား။ မှန်ပါသည်။ “နေကဲ့သို့ဝတ်ပြု ကိုးကွယ်ရန် ဘုရားသခင်ပြဌာန်းထားပါသလား။ ပြဌာန်းထားခြင်း မရှိပါ။ သို့ပါ၍ ဝတ်ပြုကိုးကွယ်သော နေ့အဖြစ် သတ်မှတ်ပြဌာန်းသောအခါ မည်သို့ ဖြစ်မည်နည်း။ သန့်ရှင်းခြင်းကို ပုံတူထုဆစ်ထားသည့် ရုပ်တုဆင်းတုကိုးကွယ်မှုဟု ကျွန်ုပ်တို့ခေါ်ပါသည်။

       The Sabbath question is one that will demand great care and wisdom in its presentation. Much of the grace and power of God will be needed to cast down the idol that has been erected in the shape of a false sabbath. (9T, 211.4) Testimonies for the Church Volume Nine.

၁၈။   ရွှေငွေသယံဇာတဖြင့် သွန်းလောင်းသည့်ရုပ်တုမဟုတ်၊ အချိန်ဖြင့် မွမ်းမံထားသည့် အသည်းစွဲဆင်းတုတော်။

ကောင်းစွာမသိနားမလည်သောသူအတွက်

         ပထမနေ့ရက်ကို အနားယူသောနေကဲ့သို့ စောင့်ရှောက်သောသူ၏ ဆုတောင်းခြင်းကို ဘုရားသခင်လက်မခံဟု ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားသခင် အသေးစိတ်ဖော်ပြထားသော အမိန့်ဆင့်ဆိုချက်များကို သိရှိနားလည်ပြီးမှသာလျှင် လက်မခံ၊ နားမထောင်သော သူ၏ ဆုတောင်းခြင်းသည် ဘုရားသခင်ရှေ့တော်၌ ရွံရှာဖွာသောအရာဖြစ်ပါသည်။ ထာ၀ရဘုရားဆိုင်သော အရာနှင့် မဆိုင်အရာနှင့် မဆိုင်သည့် အရာစပ်ကြားတွင် မှန်ကန်စွာ ခွဲခြားသိမြင်ခြင်း၌ ခရစ်ယာန်အားလုံးကို သွန်သင်ဟောပြောရန် ဆယ်ဖို့တစ်ဖိုကို အသုံးပြုသော ဘာသာရေးအမှုဆောင် များ၏ မဟာတာဝန်ဖြစ်သည်။

         ခရစ်ယာန်လောကတွင် ဥပုသ်တော်နေ့၏ သန့်ရှင်းမှုအကြောင်းကို ရှင်းလင်းစွာ သိရှိနားလည်ပြီးမှ ယုတ်ညံ့စွာ ရှုတ်ချပြောဆိုလျက် ပထမနေ့ကို အထွက်အမြတ်နေ့အဖြစ် ဆက်လက်လိုက်နာပါက ထိုသူတို့၏ ဆုတောင်းသံသည် ရွံရှာဖွယ်ရာ ဖြစ်ပါသည်။

နာဒပ်နှင့် အဘိဟုတို့၏အကြောင်း အယ်လင်ဂျီဝှိုက်၏ ကောက်နုတ်ချက်များကို ကြည့်ပါ။

         Those who ignore the Lord’s Sabbath to keep holy the firs day of the week, offer strange fire to God, It is a strange sabbath, which He has commanded them not. Will He accept it at their hand? Men have sought out many inventions. They have taken a common day, upon which God has placed no sanctity, and have clothed it with sacred pre- rogatives. They have declared it to a holy day, but this does give it a vestige of sanctity. They dishonor God by accepting human institutions and presenting to the world as the Christian Sabbath a day which has no “Thus Saith the Lord” for its authority. As did Nadab and Abihu, they offer the common in place of the sacred. Mrs. E .G .White. (ST , March 31,1898 par.11).

         သန့်ရှင်းသော ဥပုသ်နေ့အစား ပထမနေ့ရက်ကို ဘုရားသခင်လက်ခံပါက နာဒပ်နှင့် အဘိဟုတို့ကို ဘုရားသခင်သွားရောက် ဝန်ချတောင်းပန်ရမည် ဖြစ်ပါသည်။

၁၉။  သတ္တမနေ့ဥပုသ်အသင်းသားများ အတွက်သတင်းစကား။

         တနင်္ဂနွေဥပုသ်စောင့် သူများအတွက် ထာ၀ရဧဝံဂေလိတရားကို ဟောပြောရန် တာဝန်သာမက သတ္တမနေ့ဥပုသ်အသင်းသားများအတွက် လေးနက်သည့် သတင်းစကားလည်းရှိပါသည်။

         လွန်ခဲ့သောနေ့ရက်ကာလများ၌ ထာ၀ရဘုရားဆိုင်သော သန့်ရှင်းသည့် အရာများကို ကိုင်တွယ်ပြီး ဘဏ္ဍာစိုးသည့် နေရာတွင် ကျွန်ုပ်တို့ အလွန်လျော့ ရိလျော့ရဲဖြစ်လာကြသည်။ ဘုရားကျောင်းတွင် မည်သို့ဝတ်စားဆင်ယင်မှု ပြုရမည်၊ ဥပုသ်နေ့တွင် မည်သည့်အရာများ လုပ်ဆောင်သင့်သည်၊ မည်သည့်ဝိညာဉ်ရေးနှင့် သက်ဆိုင်သည့်တေးသီချင်းများကို ရွေးချယ်သီဆိုရမည်၊ ဆယ်ဖို့တစ်ဖို့ကိုလည်း သီးသန့်၊ သန့်ရှင်းစွာ သတ်မှတ်ခြင်းရှိမရှိ အစရှိသော အရာများကို ဘုရားသခင်ဂရုမစိုက်ဟု သင်ထင်မြင် ယူဆကြပါသလား။

         ထာ၀ရဘုရားဆိုင်သော အရာနှင့် မဆိုင်သည့်အရာကြားတွင် ခွဲခြားမှုကို လေးလေးနက်နက် သတိကြီးစွာထားပါ။

No comments:

Post a Comment