(၂၃) ဗိမာန်တော်နှစ်ဆောင်
ကျမ်းစာဖွင့်ပြီ ၁ကော အခန်းကြီး ၆း၁၉ နှင့် ၂၀ ကို အတူတကွ ဖတ်ကြစို့။
“အဘယ်သို့နည်း။
သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊
သင်တို့အထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊
မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို လည်းကောင်း မသိကြသလော။ သင်တို့သည်
အဖိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့၏
ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။”
၁ကောအခန်းကြီး
၆း၁၉ နှင့် ၂၀ တွင် ဘုရားသခင်သည် မိမိ၏ တန်ဖိုးကြီးမားသော ဗိမာန်တော်ကို သတိဖြင့်
စောင့်ထိန်းရန် ကျွန်ုပ်တို့ကို ဘဏ္ဍာစိုးအဖြစ် ခန့်ထားခဲ့ပါသည်။ ကျွန်ုပ်တို့၏
စိတ်သန္တာန်သည် ဘုရားသခင် ကိန်းဝပ်တော်မူသည့် ဗိမာန်တော်ဖြစ်ကြောင်း သင်သိပါသလား။
ဘုရားသခင်ကိန်းဝပ်တော်မူသည့်
ဗိမာန်တော် (စိတ်သန္တာန်) ကို ညစ်ညူးစေသော သူတိုင်း ပျက်စီးခြင်းကို
ရွေးချယ်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်း၍
ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသည့် စိတ်သန္တာန်ဖြစ်ပါသည်။
ဘုရားသခင်လက်တော်နှင့် တည်ဆောက်သော ဗိမာန်တော်နှစ်ဆောင် ဖြစ်သည်။
ဟေဗြဲ ၈း၁၊ ၂။ ကောင်းကင်၌ရှိသော သန့်ရှင်းသည့် ဗိမာန်တော်သည် ကိန်းဝပ်ဖို့ရန် ဘုရားသခင် ကိုယ်တိုင်တည်ထောင်ပါသည်။
ယခုဆိုခဲ့ပြီးသောအကြောင်းအရာတို့၏
အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌
တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ
ထာ၀ရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို
ပြုသောသူဖြစ်တော်မူ၏။”
ကမ္ဘာဦးကျမ်း
၂း၇။ လောကကိုယ်ခန္ဓာဗိမာန်တော်ကိုလည်း ဘုရားသခင်တည်ဆောက်ခဲ့ပါသည်။
“ထိုနောက်
ထာ၀ရဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို
မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။”
ဆာလံ ၁၃၉း၁၃၊ ၁၄။
ဗိမာန်တော်နှစ်ဆောင်စလုံးကို ဘုရားသခင် တီထွင် ဖန်တီးခဲ့သည်။
ကိုယ်တော်သည်
အကျွန်ုပ်၏ ကျောက်ကပ်ကို ပင်ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို
ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော
လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ပြုပြင်တော်မူသော
အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။”
“ကိုယ်တော်၏
လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဌာန်တော်ကို ပေးတော်မူပြီ။
ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူပါစေ”
(ဆာလံ ၁၁၉း၇၃)။
ဟေရှာယ ၆၄း၈။ ဘုရားသခင်လက်တော်ဖြင့်
ကိုယ်ခန္ဓာဗိမာန်တော်ကို ပုံစံသွင်းခဲ့ပါသည်။
“သို့ရာတွင် အိုထာ၀ရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည်အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။”
ဟေရှာယ ၅၇း၁၅။
ကောင်းကင်ဗိမာန်တော်၌ စံမြန်းတော်မူပြီး လောက ဗိမာန်တော်၌လည်း
ကိန်းဝပ်ဖို့ရန်ရည်မှန်းတော်မူပါသည်။
“အကြောင်းမူကား၊
သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊
အထွတ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသေ
အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသော သူတို့၏
စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသော သူတို့လည်းငါနေ၏။”
ဗိမာန်တော်နှစ်ဆောင်၌ ပညတ်တော်ကို ဘုရားသခင်လက်ညိုးတော်ဖြင့် ရေးတော်မူသည်။
ဗျာဒိတ်ကျမ်း
၁၁း၁၉။ ပညတ်တော်ကို ကောင်းကင်ဗိမာန်တော်တွင် အမြတ်တနိုးဌာပနာထားပါသည်။
“တစ်ဖန်ကောင်းကင်ဘုံ၌
ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်
ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော
မိုးသီးကျခြင်း ဖြစ်ကြ၏။”
ထွက်မြောက်ရာကျမ်း
၃၁း၁၈။ “ထိုသို့ဘုရားသခင်သည် သိနာတောင်ပေါ်မှ မောရှေနှင့် နှုတ်ဆက်တော်မူသည်
အဆုံး၌၊ လက်ညှိုးတော်နှင့်အက္ခရာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို
ပေးတော်မူ၏။
The laws of nature are the laws of God- as truly divine as are the precepts of the Decalogue. The laws that govern our physical organism, God has written upon every nerve, muscle, and fiber of the body. (Ed, 196.3).
ကောင်းကင်ဘုံ၌အထွတ်အမြတ်ထားသော
ပညတ်တော်(၁၀) ပါးကို နားထောင်ခြင်းတွင် လည်းကောင်း၊ စိတ်သန္တာန်ကိုလည်း
ရွှင်လန်းစွာ ဖန်ဆင်းထား၍ ခန္ဓာကိုယ်နှင့် ဆိုင်သော အမျှင်တိုင်း ဥပဒေအတိုင်း
နာခံမှုအပေါ်တွင် ရေးသားထားပါသည်။
ဥပဒေအတိုင်းနာခံခြင်းတွင်
လည်းကောင်း၊ ကိုယ်ကာယ ပျော်ရွှင်မူကို ဖန်တီးခဲ့ပါသည်။ သိပ္ပံပညာရှင်တို့သည်
ခန္ဓာဗေဒနှင့် ဇီ၀ကမ္မ ဗေဒကို ဆက်လေ့လာသောအခါ ခန္ဓာကိုယ်စနစ်တစ်ခုလုံးတွင်
ကိုယ်ကာယဥပဒေများအတိုင်း မည်ကဲ့သို့တန်ပြန်အကျိုးပြုကြသည်ကို အံ့ဩကြပါသည်။
ဤဥပဒေများကို ဘုရားသခင်သည် ခန္ဓာကိုယ်၏ အကြောမျှင်တိုင်းအပေါ်တွင် ရေးသားထားပါသည်။
ကောင်းကင်ဗိမာန်တော်ကို စာတန်သိမ်းပိုက်လိုသည့် ဆန္ဒရှိသည်။
ဟေရှာယ ၁၄း၁၂-၁၄။
ကောင်းကင်ဗိမာန်တော်မှ ပလ္လင်ကို မတရာသိမ်းပိုက်ရန် စာတန်လိုလားပါသည်။
“အိုနံနက်သားမိုးသောက်ကြယ်၊
သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သော သင်သည်
မြေတိုင်အောင်းခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့
ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါပလ္လင်ကို ငါချီးမြှောက်မည်။
မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ်ပေါ်သို့
ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီ။”
လူစိတ်ဝိညာဉ်ဗိမာန်တော် (စိတ်သန္တာန်) ကိုလည်း စာတန်သိမ်းပိုက်လိုသည့်
ဆန္ဒရှိသည်။
Satan is trying to set up his throne in the soul- temple. When he reigns he makes himself heard and felt in angry passions, in words ofbitterness that grieve and wound; (4T, 345.3) Testimonies for the Church Volume Four.
သခင်ခရစ်တော်၏
လူ့ဇာတိခံယူချိန်တွင် နတ်ဆိုးဖမ်းဆီးခြင်းခံရသူများနှင့် ပတ်သက်သော
အဖြစ်အပျက်များတွင် လူတို့၏ စိတ်နှလုံးဗိမာန်တော်(စိတ်သန္တန်) ထဲ၌
စာတန်ဝင်ရောက်ကိန်းအောင်းသော အခါမျိုးကဲ့သို့ သရုပ်ပြဖော်ပြထားခြင်း ဖြစ်ပါသည်။
ဗိမာန်တော်နှစ်ဆောင်စလုံး၌ အပြစ်မှတ်တမ်း ကိုယ်စီရှိကြပါသည်။
ဒေသနာကျမ်း ၁၂း၁၄
တွင် ကောင်းကင်နိုင်ငံရှိ ဗိမာန်တော်၌ ကျွန်ုပ်တို့ ဆောင်ရွက်သည့်
ဆိုးသွမ်းမှုနည်းတူ ပုံတူများကို ဘုရားသခင်ထားရှိပါသည်။
“အကြောင်းမူကား၊
ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို
စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။”
ကောရိန်သုဩဝါဒစာဒုတိယစောင်
၅း၁၀ တွင် ခန္ဓာကိုယ်၌ ဆောင်ရွက်ခဲ့သော အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ
အလုံးစုံတို့ကို မှတ်တမ်း တင်ထားပါသည်။
“အကြောင်းမူကား၊
ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင်းသော အကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း
အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။”
Remember, your character is being daguerreotyped (photo- graphed) by the great Master Artist in the record books of heaven, as minutely as the face is reproduced upon the polished plate of the artist. (TSB, 62.1) Testimonies on Sexual Behavior, Adultery, and Divorce.
ခန္ဓာကိုယ်နှင့် စိတ်သန္တာန်၌ မှားယွင်းသည့် အကျင့်များတို့ကို ကိုယ်ခန္ဓာ ဗိမာန်၌ ထင်ရှားသော အမှတ်အသားအဖြစ်ထားခဲ့ပါသည်။ သုံးစွဲခဲ့သော အရက်၊
ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများတို့သည် ကိုယ်ခန္ဓာဗိမာန်တွင်
မှတ်တမ်းတင်ထားခဲ့ပါသည်။ ကိုယ်ခန္ဓာအနားယူရန် လုံလောက်မှုမရှိခြင်း၊ ကိုယ်ကာယ
လှုပ်ရှားရန်ပျက်ကွက်မှု၊ လေကောင်းလေသန့်ကို လုံးလောက်စွာမရှု ရှိုက်ခြင်းကြောင့်
ကာယဇီ၀ရုပ်ပုံတွင် အမြဲတမ်းအမာရွတ်များကို ချန်ထားခဲ့ပါသည်။
ရှင်မာကုခရစ်ဝင်
၇း၂၁-၂၃။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာဗိမာန်၌ စွန်းထင်းသည့်အပြစ်မှတ်တမ်းကို
ကောင်းကင်ဗိမာန်တော်တွင် မြင်နိုင်ပါသည်။
“လူအတွင်းနှလုံးထဲက
မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်
မှားယွင်းခြင်း၊ လူအသတ်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊
မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊
ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊
ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု
မိန့်တော်မူ၏။”
ဗိမာန်တော်နှစ်ဆောင်စလုံးကို ဆေးကြောသုတ်သင်ရန် လိုအပ်ပါသည်။
ဒံယေလ ၈း၁၄။
ကောင်းကင်၌ စွန်းထင်သည့် အပြစ်မှတ်တမ်းကို ဆေးကြောသုတ်သင်ရန်လိုပါသည်။
“ယခင်ပြောသောသူက၊
ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို
တစ်ဖန် ဆေးကြော သုတ်သင်ကြလိမ့်မည်ဟု ပြန်၍ ပြောဆို၏။”
ဟေဗြဲဩဝါဒစာ
၉း၂၃။ ကောင်းကင်၌ စွန်းထင်သည့် အပြစ်မှတ်တမ်းကို ဆေးကြောသုတ်သင်ရန်လိုပါသည်။
“ထိုကြောင့်
ကောင်းကင်ဘုံ၌ ရှိသော အရာတို့၏ ပုံများကို ထိုသို့သော ယဇ်ပူဇော်ခြင်းအားဖြင့်
စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်
စင်ကြယ်စေရ၏။”
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၃း၁-၃။ “ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊
ဘုရားသခင်သည်ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။
လောကီသားတို့သည် ဘုရားသခင်ကို မသိသော်ကြောင့် ငါတို့ကိုလည်း မသိကြ။ ချစ်သူတို့၊
ယခုတွင် ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သော သူဖြစ်မည်ဟု
မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသော အခါ၊ ငါတို့သည်
ကိုယ်တော်နှင့် တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်
ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတ္တံ့။ ထိုသို့မြော်လင့်သော
သူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည် နည်းတူ ကိုယ်ကို ကိုယ်သန့်ရှင်းစေတတ်၏။
ဗျာဒိတ်ကျမ်း ၃း၂၀ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့် အတူ စားသောက်ရလိမ့်မည်။”
Christ is cleansing the temple in heaven from the sins of the people, and we must work in harmony with him upon the earth, cleansing the soul temple from its moral defilement. (RH, February 11, 1890).
ကိုယ်ကာယနှင့်အကျင့်စရိုက်များကို
ကျွန်ုပ်တို့ကာကွယ်စောင့်ရှောက် ရမည်။ သို့မှသာလျှင် စိတ်နှင့် ခန္ဓာသည်လည်း
ညစ်ညမ်းမှုမှ ကင်းစင်မည်။ ခန္ဓာကိုယ်၏ အကျင့်စရိုက်များသည် ကိုယ်ကျင့်တရား၏
အောင်ပွဲခံခြင်း (သို့မဟုတ်) ဆုံးရှံးခြင်းအကျိုးရလဒ်နှင့် သက်ဆိုင်ပါသည်။
ကောရိန်သုဩဝါဒစာဒုတိယစောင်
၇း၁ တွင် ကျွန်ုပ်တို့၏ အတွင်းနှင့် အပြင်နှစ်မျိုးစလုံးကို သခင်ခရစ်တော်
ဆေးကြောလိုပါသည်။ အယ်လင်ဂျီဝှိုက်၏ ကောက်နုတ်ချက်များကို ကြည့်ပါ။
ယခုအချိန်တွင်
သခင်ခရစ်တော်သည် ကောင်းကင်တဲတော်တွင်ရှိသည်။ သူသည် မည်သည့်ကိစ္စကို
ဆောင်ရွက်သနည်း။ ကျွန်ုပ်တို့အတွက် အပြစ်ဆေးကြောခြင်းကို ကြိုးစားဆောင်ရွက်ပြီး
လူတို့အပြစ်လွဲပြောင်းထား သည့် ဗိမာန်တော်လည်း ဆေးကြောပါသည်။ ၎င်းနောက်
ကျွန်ုပ်တို့သည် သူနှင့် အတူဗိမာန်တော်အတွင်းပိုင်းသို့ ယုံကြည်ခြင်းဖြင့်ဝင်ရမည်။
သန့်ရှင်းရာဌာနတော်ကို စိတ်ဝိညာဉ်နှင့် ဆိုင်သောဗိမာန်တော်ကို အစပြုရမည်။
ညစ်ညမ်းမှုများမှ မိမိကုယ်ကို ဆေးကြောခံရမည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့်
စိတ်ဝိညာဉ် အညစ်အကြေးစင်ကြယ်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်ကို
ကြောက်ရွံ့ခြင်းဖြင့် လည်းကောင်း စုံလင်သော သန့်ရှင်းမှုကို စီရင်မည်ဖြစ်ပါသည်။
အပြစ်များမှ ဆေးကြောရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အရာနှစ်ခုပေးအပ်သည်။ ရေနှင့်အသွေးတော်ဖြစ်သည်။ အသွေးတော်သည် ကျွန်ုပ်တို့ ကျူးလွန်ခဲ့သော အပြစ်များမှ သန့်စင်အောင်ဆေးကြောပြီး ရေသည်လည်း ကျွန်ုပ်တို့ အပေါ်သက်ရောက်သည့် အပြစ်တန်ခိုးကို ဆေးကြောပါသည်။
ခရစ်တော်၏ အသွေးတော်ဖြင့်သာ ဗိမာန်တော်နှစ်ဆောင်စလုံးကို ဆေးကြောနိုင်ပါသည်။
ဟေဗြဲဩဝါဒစာ
၉း၂၃။ ကောင်းကင်ဗိမာန်၌ စွန်းထင်းသည့်အပြစ်မှတ်တမ်းကို ခရစ်တော်၏ အသွေးတော်ဖြင့်သာ
ဆေးကြောသုတ်သင်နိုင်ပါသည်။
“ထိုကြောင့်
ကောင်းကင်ဘုံ၌ ရှိသော အရာတို့၏ ပုံများကို ထိုသို့ သော ယဇ်ပူဇော်ခြင်းအားဖြင့်
စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့်
စင်ကြယ်စေရ၏။”
ဟေဗြဲဩဝါဒစာ
၉း၁၃၊၁၄။ ကျွန်ုပ်၏ အသိစိတ်၌ စွန်းထင်းသည့် အပြစ်မှတ်တမ်းကို ခရစ်တော်၏
အသွေးတော်ဖြင့်သာ ဆေးကြောသုတ်သင် နိုင်ပါသည်။
“အကြောင်းမူကား၊
အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖျန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်
သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည် မှန်လျှင် ထိုမျှမက အပြစ်ကင်းသော
ကိုယ်တော်ကို ထာ၀ရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လÈပူဇော်သော ခရစ်တော်၏ အသွေးသည် သေခြင်းနှင့် စပ်ဆိုင်သော
အကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို
ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍
တတ်နိုင်တော်မူသည်မဟုတ်လော။”
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၁း၇။ ကျွန်ုပ်၏ အပြစ်များကို ခရစ်တော်၏ အသွေးတော်ဖြင့်သာ ဆေးကြောသုတ်သင်နိုင်ပါသည်။
“ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။”
သန့်ရှင်းသော
ဝိညာဉ်တော် ရေးသားထားသည့် နှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည်
သခင်ခရစ်တော်ထံသို့ ဆွဲဆောင်မှုပေးပါသည်။ အပြစ်အနာအဆာကင်းသည့် ခရစ်တော်၏ အသက်တာကို
တွေ့မြင်လာသောအခါ သူ၏ တန်ဖိုးကြီးမားလှသည့် အသွေးတော် မည်သို့
သွန်းလောင်းခဲ့သည်ကို နားလည်လာပြီး အပြစ်ကို အောင်မြင်ရန်မက်လုံးနှင့်
တန်ခိုးတော်ကို ရရှိပါသည်။
ကောင်းကင်တွင်
ခရစ်တော်သည် သူ၏ အသွေးတော်ဖြင့် ကျွန်ုပ်တို့၏ အပြစ်ကို ဆေးကြောစဉ်တွင်
သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ကြီးမားလှသော ဆွဲဆောင်မှုဖြင့် ကျွန်ုပ်တို့၏
အသက်တာတွင် ရှိသောအပြစ်ကို ဆေးကြောပါသည်။
ဧဖက်ဩဝါဒစာ
၅း၂၅-၂၇။ နှုတ်ကပတ်တော်တည်းဟူသော အသက်စမ်းရေဖြင့် ဆေးကြောသည်။
“အချင်းယောက်ျားတို့၊
ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို
ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊”
ဆာလံကျမ်း
၁၁၉း၉-၁၁။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှ ဝေးကွာစေပါသည်။
“လူပျိုသည်
မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊
နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို
စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကို
မပြစ်မှားဘဲနေနိုင်မည် အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှ သိုထားပါပြီ။”
ကောရိန်သုဩဝါဒစာဒုတိယစောင် ၃း၁၈။ ခရစ်တော်ကို ကြည့်ခြင်း (ကျမ်းစာမှီဝဲ) ဖြင့် ကျွန်ုပ်တို့ ပြောင်းလဲကြပါသည်။
“ငါတို့ရှိသမျှသည်
မျက်နှာဖုံးကို ဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို
ကြည့်မြင်၍ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း
ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့် အညီပြောင်းလဲခြင်းရှိရကြ၏။”
ယေဇကျေလအနာဂတ္တိကျမ်း
၃၆း၂၆-၂၈။ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက
ကျောက်နှလုံးကို နုတ်၍ အသားနှလုံးကို ပေးမည်။ ငါ့ဝိညာဉ်ကိုလည်း
သင်တို့အထဲသို့သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့ လိုက်၍၊
ငါစီရင်တော်မူချက်တို့ကို စောင်ရှောက်ကြလိမ့်မည်။ ဘိုးလေးတို့အားငါပေးသောပြည်၌
သင်တို့သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။”
ဗိမာန်တော်နှစ်ဆောင်စလုံး၌ တံတိုင်း၏ အတွင်းပိုင်းတွင် အမြတ်တနိုး
ကိုးကွယ်သည့်နေရာရှိပါသည်။
ကျွန်ုပ်တို့တွေ့မြင်ခဲ့သည်အတိုင်း
စခန်းနှင့် တံတိုင်းအတွင်း ခရစ်တော်သည် လုပ်ငန်းဖွဲ့စည်း၍
လူတိုင်းအားထိတွေ့တော်မူသည်။ ခရစ်တော်ဘုရားသည် လူသားအားလုံးအတွက် အသက်ရှင်တော်မူ၍
လူသားအားလုံးအတွက်လည်း အသေခံတော်မူပါသည်။ ဤကဲ့သို့ယုံကြည်မှုဖြင့် မလုံလောက်ပါ။
ဗိမာန်တော်အထဲ၌ သခင်ခရစ်တော်မည်သို့ လုပ်ဆောင်သည်ကို ကြည့်ပြီး
ကျွန်ုပ်တို့ကိုယ်တိုင် အခွင့်အရေးတောင်းဆိုကြရမည်။ ဤကဲ့သို့တောင်းဆိုခြင်း၏
အဓိပ္ပါယ်ကား ဗိမာန်တော်အတွင်းပိုင်းရှိ အမြတ်တနိုးကိုးကွယ်သည့် နေရာဖြစ်သော
သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးသော ဌာနအတွင်းသို့ ယူဆောင်လာရခြင်းဖြစ်ပါသည်။
ခရစ်တော်၏ အသက်ရှင်ခြင်းနှင့် အသေခံခြင်းတွင် ယုံကြည်မှုမျှမလုံလောက်ပါ။ ကျွန်ုပ်တို့ကိုယ်၌ အပြစ်ရှိခြင်း၊ နောင်တရခြင်း၊ ဝန်ချတောင်းပန်
ခြင်းနှင့် ကိုယ်ရေးကိုယ်တာအနေနှင့်လည်းကောင်း၊ တစ်သီးပုဂ္ဂလအနေနှင့်
သော်လည်းကောင်း ခရစ်တော်၏ ထိုက်တန်သည့်ဂုဏ်တော်ကို လက်ခံရမည်။ အများသော
ခရစ်ယာန်တို့သည် စခန်း၏ အတွင်းတွင်လည်းကောင်း၊ တံတိုင်း၏ အပြင်ဘက်တွင်လည်းကောင်း၊
မှန်ကန်ခြင်းတရားကို စောင့်ထိန်းကြပါသည်။
The truth is kept altogether too much in the outer court, Bring it into the inner temple of the souk, enthrone it in the heart, and let it control the life. The word of God should be studied and obeyed, then the heart will find rest and peace and joy, and the aspirations will tend heavenward; but when truth is kept apart from the life, in the outer court, the heart is not warmed with the glowing fire of God’s goodness. (5T, 547,1).
The tremendous issues of eternity demand of us something besides an imaginary religion, a religion of words and forms, where the truth is kept in the outer court, to be admired as we admire a beautiful flower, they demand something more than a religion of feeling, which distrusts God when trials and difficulties come. (RH, February 28, 1907 par.11).
Truth must be practiced in order to be a power in the world. When truth abides in the heart, the daily experience is a revelation of the controlling power of Christ’s grace. Never keep the truth in the outer court, Let the Holy Spirit stamp it on the soul . . . . (TDG, 70.4) This Day With God.
ရှင်မဿဲခရစ်ဝင် ၁၅း၈။ နှုတ်ခမ်းဖြင့်သာ ဆုတောင်းခြင်းသည် လုံလောက်မှုမရှိပါ။
“လူတို့စီရင်သော
ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု၊”
ဗျာဒိတ်ကျမ်း
၃း၂၀ တွင် အသင်းတော်သည် အရာများစွာတို့ကို ဦးခေါင်း၌သာလျှင် သိမြင်နိုင်သော်လည်း
ခရစ်တော်ဘုရားသည် စိတ်နှလုံးတို့ကို သိမြင်တော်မူပါသည်။
“ငါသည်
တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကို ဖွင့်အံ။
ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်
အတူစားသောက်ရလိမ့်မည်။”
ဗိမာန်တော်နှစ်ဆောင်စလုံးကို သိရှိနားလည်းသဘောပေါက်ရန် မရှိမဖြစ်လိုအပ်ပါသည်။
ဟေဗြဲဩဝါဒစာ ၈း၁၊ ၂။ “ယခုဆိုခဲပြီးသောအကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊
ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏
ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာ၀ရဘုရားဆောက်တော်မူသော
တဲတော်စစ်တည်းဟူသော ၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို ပြုသောသူဖြစ်တော်မူ၏။”
The correct understanding of the ministration in the heavenly sanctuary is the foundation of our faith. (CCh, 347.1) Counsels for the Church.
ဟေဗြဲဩဝါဒစာ
၆း၁၉၊ ၂၀။ ဗိမာန်တော်အတွင်း ခရစ်တော်၏ မြဲမြံခိုင်ခံ့သော အမှုတော်ဖြစ်ပါသည်။
“ထိုမျှော်လင့်ခြင်းမူကား၊ ကန့်လန့်ကာ အတွင်း၌ ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ ရှိသတည်း။ မေလခိဇေဒက်နည်းတူ၊ ထာ၀ရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည် ငါတို့အတွက် ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူ ဖြစ်တော်မူ၏။
ဇိ၀ကမ္မဗေဒနှင့်
ကျန်းမာရေးဆိုင်ရာ ဗဟုသုတကဏ္ဍ၌ ဗိမာန်တော်သည် ပညာရေးဆိုင်ရာ လုပ်ငန်း၏
အခြေခံအုတ်မြစ်ဖြစ်သင့်သည်။ “အရေးကြီးဆုံးအပိုင်း” ဆိုသောစကားသည် “အုတ်မြစ်” ဖြစ်ပါသည်။
A knowledge of physiology and hygiene should be the basis of all educational effort. (Ed,195.1).
ဗိမာန်တော်နှစ်ဆောင်စလုံးမှ ဘုရား၏ ရည်မှန်းချက်ကို ပုရောဖက်အားဖြင့်
ဖွင့်ချပြသခဲ့ပါသည်။
ထွက်မြောက်ရာကျမ်း
၂၅း၄၀။ ဘုရားသခင် ဗိမာန်တော်၏ ဘဏ္ဍာန်မှန်ကို မောရှေအားဖွင့်ပြသည်။
“တောင်ပေါ်မှာ
သင့်အား ပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။”
ဗျာဒိတ်ကျမ်း
၁၁း၁၉။ ဘုရားသခင်သည် ကောင်းကင် ဗိမာန်တော်၏ အမှန်တရားကို ယောဟန်အား ဖွင့်ပြသည်။
တဲတော်နှင့် ပတ်သက်သော အမှန်တရားနှင့် ကျန်းမာရေးဆိုင်ရာ အမှန်တရားများသည်
ဆက်စပ်ပါသည်။ ဘုရားသခင်က အယ်လင်ဂျီဝှိုက်အား ပိုမိုနားလည် သဘောပေါက်ရန်
ရှင်းလင်းပြသခဲ့ပါသည်။ (ကုသခြင်းလုပ်ငန်း၊ ကျန်းမာခြင်း၏ အကြံဥာဏ် ပေးချက်စာအုပ်)။
It was at the house of Brother A. Hilliard ,at Otsego, Michigan, June 6,.1863, That the great subject of health Reform was opened before me in vision. (CD,481.5) Counsels on Diet and Foods.
ကောင်းကင်နိုင်ငံတော်နှင့် လူတို့၏ ဝိညာဉ်ရေးဆိုင်ရာ ဗိမာန်တော်တို့ကို နားလည်သဘောပေါက်ရန် အဘယ်ကြောင့် ဘုရားသခင် အရေးတကြီး လုပ်ဆောင်
ရသနည်း။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်နိုင်ငံတော်အတွက် ပြင်ဆင်မှုတွင်
ယုံကြည်ခြင်းကို ဆက်လက်၍ ရှင်သန်စေမည့် လိုအပ်သည့်အရာများဖြစ်ပါသည်။
The subject of the sanctuary and the investigative judgment should be
themselves of the position and work of their great High priest. Otherwise it
will be impossible for them to exercise the faith which is essential at this
time or to occupy the position
which God designs them to fill.(GC,488.2).
To make plain natural law, and urge the obedience of it, is the work
that accompanies the third angel’s message to prepare a people for the
coming
of the Lord. (3T, 161.2).
He designs that the great subject of health reform shall be agitated
and the public mind deeply stirred to investigate; for it is impossible for
men and women, with all their sinful, health-destroying, brain-enervating
habits, to discern sacred truth, through which they are to be sanctified,
refined, elevated, and made fit for the society of heavenly angels in the
kingdom of glory.(3T, 162.1).
No comments:
Post a Comment