၁၃။ ဗျာဒိတ်ကျမ်း
သားရဲ (Rနလနူအေငသည ဘနasအ)
ဆုတောင်းခြင်းဖြင့်
အစပြုရန်
ဗျာဒိတ်ကျမ်းသားရဲတွင် Sနa ဘနasအယ Lညေိ ဘနasအ
ပင်လယ်သားရဲသည်
အရပ်ဘက် အုပ်ချုပ်ရေးအာဏာကို အသုံးချသော ဘာသာရေးစနစ်ဖြစ်ပြီး ကုန်းသားရဲသည်
ဘာသာရေးစနစ်ကို အသုံးချသော အရပ်ဘက် အုပ်ချုပ်ရေး အာဏာပိုင် ဖြစ်ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၇ တွင် ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်၊ နဂါး၊ သားရဲလေးကောင် အကြောင်း
ဖော်ပြထားပါသည်။ (နဂါး) စတုတ္ထသားရဲအချိန်ကာလသည် စနစ်လေးမျိုးကို
ပြောင်းလဲကျင့်သုံးခဲ့သော ရောမအင်ပါယာကို ပုံဆောင်ပါသည်။ ထိုသားရဲလေးကောင်မှာ
ဗာဗုလုန်၊ မီဒို-ပါးရှား၊ ဂရိ၊ ရောမအင်ပါယာ လေးခုကို ကိုယ်စားပြုပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၇း၂၃-၂၅ “ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော
နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည်
မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော
ချိုဆယ်ချောင်းသည် ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား ၍ သုံးပါးတို့ကိုနှိမ့်ချလိမ့်မည်။
အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသော စကားကို ပြောလိမ့်မည်။
အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်
ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊
ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။”
စနစ်လေးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သော
ရောမအင်ပါယာ အကြောင်း
၁။ ပထမအဆင့်၊
နဂါးသားရဲ၊ ဂရိအင်ပါယာ ကိုနှိမ်နှင်းပြီးမှ အင်ပါယာအသစ်ဖြင့် စတင်ဖြစ်လာသော ရောမ။
၂။ ဒုတိယအဆင့်၊
အေဒီ ၄၇၆ တွင် ရောမအင်ပါယာကို ဘာဘေးရီးယန်းများ ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် နိုင်ငံ ပြိုကွဲသွားသော မင်းကြီး ပါး အုပ်ချုပ်သည့် ရောမအင်ပါယာ။
၃။ တတိယအဆင့်၊
အင်ပါယာ အတွင် နိုင်ငံကို
အပြစ်ပြတ်ချေမှုန်းပြီးနောက်ပိုင်း ရောမ
ပြည်နယ်ကို နှစ်ပေါင်း ၁၂၆၀ တိုင်တိုင် ချိုငယ်အုပ်စိုးခဲ့သော ရောမအင်ပါယာ၊
၄။ နောက်ဆုံးကာလနေ့ရက်တိုင်
အာဏာတည်နေသေးသည့် ၁၂၆၀ နှစ် အလွန် အာဏာပိုင်သော ရောမ (နဂါးသားရဲ) အင်ပါယာ။
ဆင့်ကဲပြောင်းလဲလာပြီး
စနစ်လေးမျိုးဖြင့် ရောမ (နဂါးသားရဲ) ၏အုပ်ချုပ်ရေး အာဏာ ပုံပန်း သဏ္ဌာန်
ဖြစ်ပါသည်။ ချိုငယ်သည် သခင်ခရစ်တော်၏ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့
နာခံသော စနစ်၏ ဆန့်ကျင်ဘက် ဝိညာဉ်ရေးစနစ်ကို ရွေးချယ်သော အသင်းတော်ဖြစ်သည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်ပုန်ကန်မှုသည်
ကောင်းကင်နိုင်ငံတွင် စာတန်စတင်ခဲ့သော စနစ်ဖြစ်ပါသည်။
ရောမအင်ပါယာကို
အုပ်ချုပ်ခဲ့သော ၄ မျိုးထဲမှ ရောမအင်ပါယာ၏။ နောက်ဆုံးအုပ်ချုပ်ရေး စနစ်သည်
စာတန်စတင်ခဲ့သော စနစ်ဖြစ်ပါသည်။
ချိုငယ်သည်
ချို ၁၀ ချောင်း အထဲမှ ပေါ်ပေါက်လာပါသည်။
နဂါးနှင့်
အတူတူ ပေါ်လာပါသည်။
နိုင်ငံကို
မြေလှန်၏။
ကြီးစွာသော
စကားကို ပြော၏။
ဘုရားကို
ဆန့်ကျင်၏။
သန့်ရှင်းသူကို
ညှဉ်းဆဲ၏။
နှစ်ပေါင်း
၁၂၆၀ ကာလပတ်လုံး အုပ်စိုးခွင့်အာဏာ ရရှိသည်။
ဘုရားသခင်၏
ပညတ်တရားကို ပြောင်းလဲသည်။
ဘုရားသခင်၏
အချိန်ကို ပြောင်းလဲသည်။
၁၂၆၀
နှစ်အလွန်တွင်လည်း အုပ်စိုးခြင်း အာဏာ ကျန်သေးသည်။
ချိုငယ်သည် မည်သူကို ပုံဆောင်သနည်း။
ကမ္ဘာပေါ်တွင်
အင်ပါယာကို အုပ်စိုးခဲ့သော အစိုးရမင်းများတွင် အထက်တွင် ဖော်ပြထားသော အချက် ၁၀
ချက်စလုံးနှင့် ကိုက်ညီသော အုပ်ချုပ်ရေး ယန္တရားတစ်ဖွဲ့သာလျှင် ရှိပါသည်။
ရောမကက်သလစ် ပေပါစီ ဖြစ်သည်။ ကက်သလစ်ပေပါစီသည်၊-
၁။ ရောမအင်ပါယာ
၁၀ နိုင်ငံကွဲပြားပြီး နောက်ပိုင်းမှ ကက်သလစ်ပေပါစီ ပေါ်ထွက်လာခြင်း ဖြစ်သည်။
၂။ ဥရောပ
အနောက်နိုင်ငံမှ ပေါ်ထွက်လာခြင်းသည် မှန်သလား။ မှန်ပါသည်။
၃။ ရောမအင်ပါယာ၏
နိုင်ငံရေး စနစ်အတွင်းမှ ပေါ်ထွက်လာသည်မှာ မှန်သလား။ မှန်ပါသည်။
၄။ အင်ပါယာအတွင်း
ပြည်နယ်နိုင်ငံ ၃ ခုကို မြေလှန်ခဲ့သည်မှာ မှန်သလား။ မှန်ပါသည်။
၅။ အပြစ်လွှတ်ပိုင်
ခွင့်အာဏာကိုလည်း ရယူထားသည်မှာ မှန်ပါသလား။ မှန်ပါသည်။
၆။ ညှဉ်းဆဲနှိပ်စက်မှုကို
ကျင့်သုံးခဲ့သည်မှာ မှန်ပါသလား။ မှန်ပါသည်။
၇။ ၁၂၆၀
နှစ်တိုင်တိုင် အုပ်စိုးခဲ့သည်မှာ မှန်ပါသလား။ မှန်ပါသည်။
၈။ ပညတ်တရားကို
ပြောင်းလဲခဲ့သည်မှာ မှန်ပါသလား။ မှန်ပါသည်။
၉။ ဥပုသ်နေ့ကို
ပြောင်းလဲခဲ့သည်မှာ မှန်ပါသလား။ မှန်ပါသည်။
၁၀။ သခင်ခရစ်တော်
ကြွလာသည့် အချိန်တိုင်အောင် အာဏာအငွေ့အသက်ရှိနေမည်။ မှန်သလား။
၁၁။ သခင်ခရစ်တော်၏ကြွလာခြင်း
တန်ခိုးဖြင့် ဖျက်ဆီးခံရမည်။ မှန်သလား။
ဒံယေလအနာဂတ္တိကျမ်း
၇း၂၆၊ ၂၇ “ထိုနောက်မှ တရားစီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို
နုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်အောက်၌ နိုင်ငံနှင့် တကွ
အာဏာစက်စက်ဘုန်းတန်ခိုး ရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော
အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏
နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်၏။ မင်းကြီး
အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြ လိမ့်မည်။”
သခင်ခရစ်တော်ကြွလာသည့်
နေ့ရက်အချိန်တိုင်အောင် ချိုငယ်သည် အာဏာရှိနေမှာလား။ မှန်ပါသည်။ ထိုကြောင့်
နောက်ဆုံး နေ့ရက်တိုင် အာဏာတည်နေသော ချိုငယ်၏ ၁၂၆၀ နှစ်အလွန် အာဏာအကြောင်း
လေ့လာကြမည်။
ဗျာဒိတ်ကျမ်း ၁၃း၁၊
၂ “ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍ သားရဲတစ်ကောင်သည် ခေါင်းခုနစ်လုံး၊
ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူ ဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း
ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက် ပင်လယ်ထဲက တက်သည်ကို မြင်၏။
ထိုသို့ငါမြင်သော သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။
သူ၏နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့်
မိမိပလ္လင်ကို လည်းကောင်း ကြီးစွာသော အာဏာစက်ကို လည်းကောင်း သားရဲ၌ အပ်ပေး၏။”
မေးခွန်း။ ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၃း၁၊၂ တွင် ဖော်ပြထားသော သားရဲသည် ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၇
တွင် ဖော်ပြထားသော သားရဲနှင့်တူပါသလား။ တူပါသည်။ ချိုငယ်သည် သားရဲဖြစ်ကြောင်း
ကျမ်းနှစ်စောင် စလုံးတွင် ဖော်ပြထားပါသည်။
ဗျာဒိတ်ကျမ်း ၁၃း၅ “ထိုသားရဲသည်လည်း
ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို လည်းကောင်း၊
ပြောတတ်သော နှုတ်နှင့်ပြည့်စုံ၍ လလေးဆယ်နှစ်လ ပတ်လုံးစီရင်ရသော အခွင့်ကို ရ၏။
ဗျာဒိတ်ကျမ်း ၁၃း၇ “သန့်ရှင်း
သူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့်ကို ရ၏။ အသီးသီး ဘာသာစကားကို ပြောသော
လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။”
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၇ နှင့် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ တို့၏ သမိုင်းကြောင်း ဖြစ်တည်ပုံမှာ
အတူတူ ဖြစ်ပါသည်။ စွမ်းဆောင်မှုလည်း အတူတူ ဖြစ်သလား။ အတူတူဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၃း၃ “သားရဲ၏
ခေါင်းတစ်လုံးသည် သေအောင်ကွပ်မျက်ပြီး သကဲ့သို့ ဖြစ်၍ သေစေသော ဒဏ်ချက်သည်
ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။”
နောက်ဆုံး
နေ့ရက်တိုင် အာဏာတည်နေသော ၁၂၆၀ နှစ်လွန် အာဏာဖြစ်သည်။ ရောမအင်ပါယာ အချိန်မှစတင်၍
ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာသော နိုင်ငံရေးစနစ် ၄ မျိုးထဲမှ စနစ်တစ်မျိုး ဖြစ်သည်။
မေးခွန်း
၁။ နှစ်ပေါင်း
၁၂၆၀ အတွင်း သားရဲသည် မည်သည့် လက်နက်ဖြင့် ဒဏ်ရာရခဲ့သနည်း။ “ဓား”ဖြင့် ဒဏ်ရာ
ရခဲ့သည်ဟု ကျမ်းစာတွင် ဖော်ပြထားပါသည်။
၂။ “ဓား”သည် မည်သည့် အရာကို
ပုံဆောင်သနည်း။
၃။ “ဓား”ကို
သုံးခြင်းကြောင့် “ဓား”ဖြင့်
မည်သည့်အချိန်တွင် ကွပ်မျက်ခံရသနည်း။
၄။ သေစေတတ်သော
ဒဏ်ချက်သည် မည်သည့် အနက် အဓိပ္ပါယ်ရှိသနည်း။
၅။ သေစေသော
ဒဏ်ချက်မျ ဒဏ်ရာ မည်ကဲ့သို့ ပျောက်သွားသနည်း။
၆။ မည်သည့်အချိန်တွင်
မည်သို့သော နည်းလမ်းဖြင့် မည်သူ ကုသပေးခဲ့သနည်း။
သားရဲကို သေခါနီး အထံ ဒဏ်ရာဒဏ်ချက် ပေးခဲ့သော “ဓား” လက်နက် အကြောင်း
လေ့လာကြစို့။
ဗျာဒိတ်ကျမ်း ၁၃း၁၀
“သူတစ်ပါးကို ဖမ်းဆီးယူသွားသောသူသည် ကိုယ်တိုင် ဖမ်းဆီးယူသွားခြင်းကို
ခံရလိမ့်မည်။ ဓားဖြင့် သတ်တတ်သောသူသည်လည်း ကိုယ်တိုင်ဓားဖြင့် သေရမည်။ ဤအရာ၌
သန့်ရှင်းသူတို့သည်လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။”
သူတစ်ပါးကို
သတ်ဖို့ရန် စီရင်သော “ဓား”ဖြင့်
ပြန်ပြီးစီရင်ခံရခြင်း ဖြစ်သည်။ သူတစ်ပါးကို ဖမ်းဆီးချုပ်နှောင်သော နည်းလမ်းဖြင့်
ကိုယ်တိုင် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်သည်။
သို့သော် “ဓား”ဖြင့် ဒဏ်ချက်ကို
ခံရသော်လည်း ယနေ့တိုင်အသက်ရှင်သေးသည်။
ဗျာဒိတ်ကျမ်း ၁၃း၁၄
“ပထမ သားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာ တို့အားဖြင့် မြေကြီးသားတို့ကို
လှည့်ဖြား၏။ ဓားနှင့် ခုတ်သော ဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏
ရုပ်တုကိုလုပ် စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။”
“ဓား”သည် မည်သည့်အရာကို ပုံဆောင်သနည်း။
“ဓား”ကို
သမ္မာကျမ်းစာထဲတွင် အဓိပ္ပါယ်နှစ်မျိုး ဖြင့် ဖွင့်ဆိုထားပါသည်။
ပထမအဓိပ္ပါယ်
ဧဖက်ဩဝါဒစာ
အခန်းကြီး ၆း၁၇ “ကယ်တင်ခြင်း တည်းဟူသော သံခမောက်လုံးက်ို လည်းကောင်း၊ ဘုရားသခင်၏
နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။”
ပထမအဓိပ္ပါယ်တွင်
နှုတ်ကပတ်တော်ကို ဝိညာဉ်တော်၏ “ဓား” အဖြစ် ပုံဆောင်ထားပါသည်။ အသင်းတော်ကို
ပေးထားသော တာဝန်မှာ နှုတ်ကပတ်တော်ဖြစ်သော ဝိညာဉ်တော်၏ “ဓား” ကို အသုံးပြုရန်
ဖြစ်သည်။ သခင်ခရစ်တော် မည်သူ့ကို “ဓား” ပေးခဲ့သနည်း။ အသင်းတော်ကို (ဓမ္မသတ်)
ပေးထားပါသည်။ အသင်းတော်သည် နှုတ်ကပတ်တော် “ဓား” ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။
တရားဟောပြောခြင်း၊ ဆုံးမသွန်သင်ခြင်း၊ ဩဝါဒပေးခြင်း၊ စသည့် နည်းလမ်းများဖြင့်
ဝိညာဉ်တော်၏ “ဓား” ကို
အသုံးချကြပါသည်။ အသုံးချသော ဝိညာဉ်တော်၏ “ဓား” ဖြင့် အသက်ဝိညာဉ်များ ပြောင်းလဲကြပါသည်။
သူတစ်ပါးကို
နှုတ်ကပတ်တော် ဖြစ်သော ဝိညာဉ်တော်၏ “ဓား” ဖြင့် ဥပဒေပြဌာန်းပြီး စီရင်ရန် အသင်းတော်ကို
ဘုရားသခင် အခွင့် အာဏာပေးထားခြင်း မရှိပါ။ မည်သူ့ကိုမျှ ဝိညာဉ်တော်၏ “ဓား” ဖြင့်
စီရင်ချက်ချရန် ဘုရားသခင်ခွင့်ပြုခြင်း မရှိ။ ထို့ကြောင့် “ဓား” ဖြင့် စီရင်သော
သူသည် “ဓား” ဖြင့် ပြန်ပြီး
စီရင်ခြင်း ခံရမည်ဟု ခရစ်တော် သတိပေးခြင်း ဖြစ်သည်။
ကျမ်းစာတွင် တခြား”ဓား” လက်နက်ကို ပြောသည့်
အရာ ရှိသေးလား။
ဒုတိယအဓိပ္ပါယ် တွင် “ဓား” လက်နက်သည်
အဘယ်အရာကို ပုံဆောင်သနည်း။
ရောမဩဝါဒစာ ၁၃း၁-၄ “အစိုးရသော
မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်း ဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏
အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ
ဖြစ်သတည်း။ ထိုကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သော
သူဖြစ်၏။ ထိုသို့ ဆန်သော သူသည် ရာဇဝတ်ကို ခံရမည်။ မင်းမူကား၊ ကောင်းသော အကျင့်ကို
ကျင့်သောသူ ကြောက်ဖို့ ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဖို့
ဖြစ်၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသော အကျင့်ကို ကျင့်လော့။
ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ မင်းသည်ကား၊
သင်အကျိုးအလိုငှါ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသော အကျင့်ကို ကျင့်လျှင်
ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည် အချည်းနှီးဓားကို ဆောင်သည်မဟုတ်။
မကောင်းသော အကျင့်ကို ကျင့်သော သူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော
သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။”
အသင်းတော်
အသုံးပြုရန် ပေးထားသော တာဝန် (ဓမ္မသတ်) “ဓား” က တစ်မျိုး၊ အစိုးရမင်း အသုံးချရန် ပေးထားသော
အာဏာစက်( ရာဇသတ်) “ဓား” က တစ်မျိုး၊
မင်းသည် အချည်းနှီး “ဓား”
ကိုဆောင်သည်မဟုတ်။
ဒုတိယအဓိပ္ပါယ်မှာ မင်းအာဏာစက်ဖြစ်သည်။ တရား ဥပဒေစိုးမိုးရေးအတွက် အပ်နှင်းထားသော
(ရာဇသတ်) “ဓား” ဖြစ်ပါသည်။ “ဓား” နှစ်လက်ရှိပါသည်။
အသင်းတော်ကို တစ်လက်ပေးထားပြီး ကျန်တစ်လက်မှာ အုပ်ချုပ်သူ အစိုးရမင်းကို
ပေးထားပါသည်။ အသင်းတော်ကို ဝိညာဉ်တော်၏ “ဓား” ဖြစ်သော နှုတ်ကပတ်တော်ကို ပေးပြီး
အုပ်ချုပ်သူကို တရားဥပဒေစိုးမိုးရေး အတွက် (ရာဇသတ်) “ဓား” ပေးထားပါသည်။
ပညတ်တော် ဆယ်ပါးကို
ကျောက်ပြား နှစ်ချပ်ပေါ်တွင် ရေးပါသည်။ ပထမကျောက်ပြား အပေါ်တွင် ပညတ်တော်
လေးချက်ရေးထားပြီး အသင်းတော်မှ တာဝန်ယူ အသုံးချကြပါသည်။
ဒုတိယကျောက်ပြားတွင်
ပညတ်တော်ခြောက်ချက် ရေးထားပြီး အစိုးရမင်း တာဝန်ယူ ကျင့်သုံးကြပါသည်။
တရားဥပဒေစိုးမိုးရေးအတွက် အစိုးရမင်းကို အာဏာပေးအပ်သည်။
သခင်ခရစ်တော်ကို
ဖမ်းဆီးသော ဂေသရုမန် ဥယျာဉ်ထဲမှ နောက်ဆုံးညကို သတိရပါ။ သခင်ခရစ်တော်ကို ဖမ်းဆီးရန်
ယဇ်ပုရောဟိတ်မင်း၏ အဖွဲ့သားများလာ
ကြသည်။ သခင်ခရစ်တော်၏ နိုင်ငံတော်ကို ကာကွယ်ရန်
ရည်ရွယ်ချက်ဖြင့် ပေတရု “ဓား” ကိုထုတ်သုံးသည်။ ရှင်ပေတရုသည် ကမ္ဘာပေါ်တွင် ရှိသော
ပထမဦးဆုံး ပုပ်ရဟန်းမင်းဖြစ်သည်ဟု ယူဆပါသည်။ ဝိညာဉ်ရေးနှင့် သက်ဆိုင်သော
နိုင်ငံတော်ကို “ဓား” လက်နက်အင်အား
သုံးပြီး ကာကွယ်သူဖြစ်သည်။
ရှင်မဿဲ ခရစ်ဝင်
၂၆း၅၂ ပေတရု၊ မောင်မင်းသိပ်တော်တယ်၊ သူရဘွဲ့ကို ယူပါဆိုပြီး သခင်ခရစ်တော်ကို
ချီးမွမ်းခဲ့သလား။ မပြောခဲ့ဘူး။ သခင်ခရစ်တော် မည်ကဲ့သို့ သတိပေးခဲ့သနည်း။ “ယေရှုကလည်း
သင့်ဓားကို သူ့နေရာ၌ ပြန်ထားလော့။ ဓားကို ကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်
ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။”
ပေတရုသည် စာတန်၏
လှည့်စားမှုကို ခံနေရသော ဘာသာရေးခေါင်းဆောင်များကို ပုံဆောင်ပါသည်။ သခင်ခရစ်တော်၏
နိုင်ငံတော်ကို နှုတ်ကပတ်တော် ဝိညာဉ်တော်၏ “ဓား” ဖြင့်သာ ကာကွယ်ခွင့် ပေးထားပါသည်။
တရားဟောပြောခြင်း၊ ဆုံးမသွန်သင်ခြင်း၊ ဩဝါဒပေးခြင်း၊ နည်းလမ်းများဖြင့်
တည်ထောင်ရမည်။ အရပ်သား အစိုးရကို အပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာ (ရာဇသတ်) “ဓား” ကို အသုံးပြုခွင့်
မရှိပါ။
ရှင်ယောဟန် ခရစ်ဝင်
၁၈း၃၆ ယေရှုခရစ်တော်ကို ပိလတ်မင်း စစ်ဆေးခဲ့သောအချိန်တွင် ယေရှုက၊ “ယေရှုက၊ ငါ၏
နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏ နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည်
ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှါ ငါ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား
ငါ၏ နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။”
ဒုတိယကျောက်ပြားတွင်
ရေးထားသော ပညတ်ခြောက်ချက်သည် တရားဥပဒေစိုးမိုးရန် အစိုးရမင်းကို ပေးသော
အာဏာစက်ဖြစ်သည်။ အရပ်သား တရားစီရင်ရေးတွင် အသုံးချဖို့ ဖြစ်သည်။ ယုံကြည်ခြင်းနှင့်
ဝတ်ပြုကိုးကွယ်မှု မတူသောသူ၊ ဩဝါဒ နှင့် ခံယူချက်မတူသော သူများကို
အုပ်ချုပ်ရေးအာဏာ (ရာဇာသတ်) “ဓား” ကို အသုံးချပြီး စီရင်နှိပ်ကွပ်ရန် အခွင့် မရှိပါ။
ရှင်မဿဲခရစ်ဝင်
၂၆း၅၂ အသင်းတော်သည် တရားဟောပြောခြင်း၊ ဆုံးမသွန်သင်ခြင်း၊ ဩဝါဒပေးခြင်းဖြင့်
လက်မခံသော သူများကို နိုင်ငံတော် အစိုးရ၏ လုပ်ပိုင်ခွင့် အာဏာဖြင့် လှည့်စားပြီး
စီရင်နှိပ်ကွပ်ခြင်း ဖြစ်သည်။ လှည့်စားပြီး အသုံးချခဲ့သော အုပ်ချုပ်ရေးအာဏာ
(ရာဇသတ်) “ဓား” ကို နိုင်ငံတော်မှ
ပြန်လည်
ရယူခြင်းသည် ဘာသာရေးခေါင်းဆောင်များကို
ပြန်ပြီး စီရင်သော အမှုနှင့် တူပါသည်။ “ဓားကို ကိုင်သော သူရှိသမျှတို့သည် ဓားဖြင့်
ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။”
ရောမပေပါစီ ကပ်ကလစ်သည် ထို “ဓား” နှစ်လက်ကို
မည်ကဲ့သို အသုံးချခဲ့သနည်း။
အရပ်သားအစိုးရကို
အပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာ (ရာဇသတ်) “ဓား”ကို အသုံးချပြီး ဘာသာရေး ယုံကြည်ချက်၊ ခံယူချက်
မတူသော သူများကို ကွပ်မျက်ခြင်းကြောင့် (ရာဇသတ်) “ဓား” ကို နိုင်ငံတော်မှ
ပြန်လည် ရယူခြင်းသည် ရောမပေပါစီကက်သလစ်ကို ပြန်ပြီး စီရင်ခံသော အမှုဖြစ်သည်။
ဒုတိယအဆင့်၊ အေဒီ
၄၇၆ တွင် ရောမအင်ပါယာကို ၁၀ နိုင်ငံပြိုကွဲသွားသော မင်းကြီး ပါး အုပ်ချုပ်သည့် ရောမအင်ပါယာ၏ နိုင်ငံရေး
စနစ်ကြောင့် ဘာဘေးရီးယန်းများ ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ရောမအင်ပါယာတွင်
မင်းမဲ့ စရိုက်ဖြင့် အခြေအနေရှုပ်ထွေးသော အချိန်တွင် တရားဥပဒေပြန်လည်
စိုးမိုးစေရန် ရည်ရွယ်ချက်ဖြင့် ဘာသာရေးခေါင်းဆောင်များကို သိမ်းသွင်းခဲ့ပြီး
အင်ပါယာ၏ ဧကရာဇ်နေရာတွင် အုပ်ချုပ်ရေး တာဝန်တွင်လည်း ဦးစီးပြီး
ခေါင်းဆောင်ခွင့်ပေးခဲ့ပါသည်။ ဝိညာဉ်ရေး ခေါင်းဆောင်များသည် အရပ်ဘက် အုပ်ချုပ်ရေးတွင်လည်း
အခွင့်ရရှိခြင်း ဖြစ်လာပါသည်။
ရောမပေပါစီ
ကက်သလစ်သည် “ဓား” နှစ်လက်စလုံး
ရရှိသွားသည့် အကြောင်း သမိုင်းဆရာက-
“စည်းကမ်းဥပဒေ၊
ငြိမ်ဝပ်ပိပြားမှုနှင့် လုံခြုံစိတ်ချခြင်း၏ အရင်းအမြစ်အဖြစ်
ကာသိုလိပ်အသင်းတော်သည် သီးခြား ရပ်တည်လာသည့် အချိန်အခါ ရောက်ရှိလာပါသည်။
ရှင်ပေတရု၏ အရိုက်အရာကို ဆက်ခံခဲ့သူကို ချုပ်နှောင်ထားခဲ့သည်။ နှောင်ကြိုးများကို
ဘုရားသခင် ပယ်ရှားသည့် အချိန်ကို စောင့်မျှော်ခဲ့ရပါသည်။ သခင်ခရစ်တော်မှလွဲ၍
ဘာသာရေးခေါင်းဆောင်များမှ တစ်ပါး မည်သူကမျှ ရောမကို မအုပ်စိုးခဲ့ပါ။ လူမှုအစိုးရ၏
အချုပ်အနှောင်ကို ချိုးဖျက်ပြီး မိမိ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဘုရားသခင်မှ
ရရှိမည့် ဤအချိန်အခါကို စောင့်မျှော်ခဲ့ပါသည်။” Hနညမပ နိတမေိ Mညေညငညါ။ Thန အနာစသမal စသတနမ သ် အ့န လငခမေ သ် Jနျကျ ဃ့မငျအ. ဏစ.
၂၈-၂၉.
သက်သာလောနိတ်ဩဝါဒစာ
ဒုတိယစောင် ၂း၆၊ ၇ တွင် ရှင်ပေါလုက “ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ
ယခုဆီးတားသော အကြောင်း ကိုလည်း သင်တို့ သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်
ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲ ရှိ၏။ သို့သော်လည်း ဆီးတားသောသူသည်
ပယ်ရှင်းခြင်းသို့ မရောက်မီ တိုင်အောင် ဆီးတားလိမ့်မည်။”
ထိုခေတ်၏
အုပ်ချုပ်ရေးအကြောင်းသမိုင်းဆရာက-
“အနောက်တိုင်း
ဘုရင်များသည် ရောမကို လျစ်လျူရှု၍ စွန့်ပယ်ထားသောအခါ လူရိုင်းတို့သည် ရောမတို့ကို
တိုက်ခိုက် ဖျက်ဆီးခဲ့သည့်အတွက် နောက်ဆုံးတွင်
ပုဂ္ဂိုလ်တစ်ပါး ထံသို့ ချဉ်းကပ်ကာ ထိုသူ၏ အကူအညီကို တောင်းခံခဲ့ပြီး သူ၏
အုပ်စိုးခြင်းကို ခံယူခဲ့ရပါသည်။ ဤနည်းအားဖြင့် ယာယီသာ ထင်ခဲ့ရသည့်
ပုပ်ရဟန်းမင်းသည် ရှင်ဘုရင်၏ အရိုက်အရာကို ရယူခဲ့ပါသည်။ ဆီဇာဘုရင်၏ ထီးနန်းကို
နူးညံ့စွာ တက်ရောက်ခဲ့ပြီး ဥရောပတိုက်၏ မင်းစိုးရာဇာများက နှစ်ရှည်လများ
ဦးညွှတ်အရိုအသေပေးခဲ့ရသည်။ ရာဇအာဏာကို သခင်ခရစ်တော်၏ ကိုယ်စားလှယ်က ရယူခဲ့ပါသည်။” Jamနျ ဏ. ဃသညမသပ။
ဗာနမငခညေ ဃအေ့သူငခ Qကမေအနမူပ မနလငနတယ
ဗစမငူ ၁၉၁၁.
“ရောမ အင်ပါယာ၏
ပထမအဆင့် တွင် ပုပ်ရဟန်းမင်း၌ နိုင်ငံရေး
အုပ်ချုပ်ခွင့် အာဏာမရှိခဲ့ပါ။ သို့သော် ရောမအင်ပါယာ ပြိုကွဲပြီး လူရိုင်းများ၏
ချယ်လှယ်စိုးမိုးမှုကို ခံရစဉ်တွင် ဒုတိယအဆင့်
ကာသိုလပ် အသင်းတော်သည် ဘာသာရေး၌ သီးခြား ရပ်တည်ရုံသာမကဘဲ
နိုင်ငံရေးတွင်လည်း ဝင်ရောက်စွက်ဖက်လာ ပါသည်။ တတိယအဆင့် ၃” (ဃမေူ ဃသညမad နခု့မေိအယ Thန ဏစေခေပ ညေိ တသမိူ
affငေမျယ စ. ၁).
“အလယ်ခေတ်
ရောမအင်ပါယာတွင် ဘာသာရေးနှင့်နိုင်ငံရေးတွင် လွှမ်းမိုးသော တစ်ခုတည်းသော
အင်အားစုမှာ ပုပ်ရဟန်းမင်းဖြစ်ပြီး နောက်ပိုင်းတွင် ရောမအင်ပါယာ ဘုရင်များ၏
နယ်ပယ်ကိုပင် ကျော်လွန်ပြီး ဩဇာလွှမ်းမိုးခဲ့ပါသည်။ (R.W. Sသကအ့နမညယ Wနျအနမည Sသခငနအပ ညေိ အ့န
၂၄-၂၅).
“အလယ်ခေတ်တွင်
အသင်းတော်သည် အစိုးရမင်း တစ်ပါးမဟုတ်ဘဲ အဓိကကျသော ဩဇာပြုအစိုးရမင်း ဖြစ်ခဲ့ကာ
အသင်းတော်၏ ရဲတပ်ဖွဲ့လည်း ဖြစ်ခဲ့သည်။” (Jသ့ည N. Fငါငျယ Fမသာ Gနမျသည အသ Gမသအငကျယ ဏ.၄).
အသင်းတော်၏
ပုံရိပ်ကို တွေ့သလား။ အသင်းတော်ဘာဖြစ်သွားသနည်း။ ဝိညာဉ်တော်၏ ဓားကို သုံးပြီး
ဟောပြောသွန်သင်ခြင်းဖြင့် သာသနာပြုခြင်း မဟုတ်တော့ပါ။ ပြည်တွင်းဩဇာအာဏာ၊
ပြည်တွင်းတန်ခိုးခွန်းအား ခငလငူ ကေအ့သမငအပယ ခငလငူ စသတနမ. နဲ့ သာသနာပြုခြင်း
ဖြစ်ပါသည်။
အရပ်ဘက်အုပ်ချုပ်ရေးအာဏာကို
အသုံးချပြီး ခရစ်တော်၏ နိုင်ငံတော် ရည်မှန်းချက် ပြည့်မီစေရန် မှားယွင်းစွာ
အကောင်အထည်ဖော်ခဲ့ပါသည်။ အကြမ်းဖက်သော နည်းဖြင့် ရှင်ပေတရုကဲ့သို့ အင်အားသုံးလျက်
ခရစ်တော်၏ နိုင်ငံတော်ကို တည်ထောင်ခြင်း၊ ကာကွယ်ခြင်း ဖြစ်ပါသည်။
ကျမ်းစာတွင်
သူတစ်ပါးကို ဖမ်းဆီးယူသွားသော သူသည် ကိုယ်တိုင် ဖမ်းဆီးယူသွားခြင်းကို
ခံရလိမ့်မည်။ “ဓား”ဖြင့် သူတစ်ပါးကို
သတ်သောသူသည် ကိုယ်တိုင် “ဓား” ဖြင့် သေရမည်။ မေးစရာမေးခွန်းက ၁၇၉၈ မှာ ဘာဖြစ်ခဲ့သလဲ။
ပြည်တွင်းတန်ခိုး ခငလငူစသတနမ “ဓား” ဖြင့် စီရင်ခံရပါသည်။ ပြင်သစ်တော်လှန်ရေး
အချိန် ၁၇၈၉ မှ အစပြုသော တော်လှန်ရေး၊ ဖေဖေါ်ဝါရိ ၁၂၊ ၁၇၈၉၊ နပိုလီယံသည်
ပုပ်ရဟန်းမင်း (ဏသစန ဏငကျ ဠှု) ကို ဖမ်းဆီးထောင်ချခြင်းဖြင့် စာန်၏ ဝိညာဉ်ရေး
စနစ်ကြီးမှာ ပြိုလဲသွားပြီဟု ယူဆကြပါသည်။ ဒဏ်ရာရရှိခဲ့သည်ဟု ကျမ်းစာတွင်
ဖော်ပြထားပါသည်။
အနာဂတ္တိကျမ်းအရ
သေစေလောက်သော ဒဏ်ချက်များသည် ပျောက်သွားပါသည်။
ဗျာဒိတ်ကျမ်း ၁၃း၃ “သားရဲ၏
ခေါင်းတစ်လုံးသည် သေအောင်ကွပ်မျက်ပြီး သကဲ့သို့ ဖြစ်၍ သေစေသော ဒဏ်ချက်သည်
ပျောက်လျက် ရှိ၏။ မြေကြီးသား အပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့ဩကြ၏။”
အရပ်သား အစိုးရကို
အပ်နှင်းထားသည် အုပ်ချုပ်ရေးအာဏာ (ရာဇသတ်) “ဓား” ကို ရုပ်သိမ်းခြင်းဖြင့် ချိုငယ်သည်
ဒဏ်ရာအနာရသွားပါသည်။ အရပ်သား အစိုးရကို အပ်နှင်းထားသည့် အုပ်ချုပ်ရေး အာဏာ
(ရာဇသတ်) “ဓား” ကို
ပြန်လည်အပ်နှင်းမှသာ ချိုငယ်၏ ဒဏ်ချက် အနာပျောက်မည်။ ယခုအချိန်အထိ သားရဲ၏
အနာမပျောက်သေးပါ။ ချိုငယ်သည် အာဏာပြန်လည် ရရှိရန် အစဉ်လှုပ်ရှားနေပါသည်။
အသင်းတော်အာဏာနှင့်
နိုင်ငံရေးအာဏာ နှစ်ခုလုံးကို ပြန်လည် ရရှိရေးသည် ချိုငယ်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်
ပန်းတိုင်ဖြစ်ပါသည်။ မိန်းမသည် သားရဲကို စီး၏။ အသင်းတော် အာဏာကို
ပိုင်ဆိုင်ထားသောသူသည် အရပ်ဘက်အုပ်ချုပ်ရေး အာဏာကို စီးနှင်းထားပါသည်။ ကမ္ဘာကို
ချုပ်ကိုင်ထားခဲ့သည့် စနစ် ၃ မျိုး ရှိပါသည်။ ဃစေငအalငျာယ ဃသာကညငျာယ ဃအေ့သူငခငျာယ ဥညန တသမိူ Gသလနမညာနညအ
ဦးတည်ရည်ရွယ်ချက်ဖြစ်၏။
ချိုငယ်၏
သေစေလောက်သော ဒဏ်ချက်များမှာ မည်သည့် နည်းလမ်းဖြင့် ပျောက်ကင်းသွား သနည်း။ အရပ်သား
အစိုးရကို အပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာ (ရာဇသတ်) “ဓား” ကိုပြန်လည်
အပ်နှင်းခြင်း ဖြင့်သာလျှင် ချိုငယ်၏ အနာဒဏ်ချက် ပျောက်ကင်းမည်။
ချိုငယ်၏
ဒဏ်ရာဒဏ်ချက်များကို မည်သူကုသပေးမည်နည်း။ မည်သည့် နည်းလမ်းဖြင့် အနာဒဏ်ချက်
ပျောက်ကင်းမည်နည်း။
ချိုငယ်၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းစေရန်
ကုန်းသားရဲကူညီမည်။
ပင်လယ်သားရဲအာဏာ
ပြန်လည်ရရှိရေးအတွက် ကုန်းသားရဲ ကူညီမည်ဟု ကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ဘာသာရေး
ခေါင်းဆောင်ကို မှီခိုအားထားသော နိုင်ငံတော် အုပ်ချုပ်ရေးစနစ်က ကူညီမည်။
ချိုငယ်အာဏာပြန်လည် အသက်ဝင်လာစေရန် ကုန်းသားရဲက ကူညီမည်။
ကုန်းသားရဲသည်
နဂါးကဲ့သို့ စကားပြောဆိုသည့် ချိုနှစ်ချောင်းရှိသော သိုးနှင့် တူပါသည်။
ပင်လယ်သားရဲ၏ အနာဒဏ်ချက် ပျောက်ကင်းအောင် ကုသပေးသော သူ၏အကြောင်းကို လေ့လာမည်။
ပင်လယ်သားရဲ၏ စနစ်ကို ကုန်းသားရဲသည် ကျင့်သုံးခြင်းဖြင့် ပင်လယ် သားရဲ၏
အာဏာပြန်လည် ရှင်သန်လာမည်။
ဗျာဒိတ်ကျမ်း ၁၃း၁၅
“သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သော
သူရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည် အကြောင်း၊ ရုပ်တု၌ အသက်ကိုသွင်းပေးရသော
အခွင့်ကိုလည်း ရ၏။” ပင်လယ်သားရဲသည်
အခွင့်အရေးပြန်လည် ရရှိမည်။
ဗျာဒိတ်ကျမ်း ၁၃း၁၁
“အခြားသော သားရဲတစ်ယောက်သည် သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍
နဂါးကဲ့သို့ စကားပြောလျက် မြေကြီးထဲကထွက်သည်ကို ငါမြင်၏။”
မြေကြီးထဲက
ထွက်လာသော သားရဲ၏ စရိုက်လက္ခဏာများမှာ ကွဲပြားခြားနားပြီး ဆန့်ကျင်ဘက်
စရိုက်နှစ်မျိုး ပါဝင်သည်။ သိုးသငယ်ကဲ့သို့ အသွင်ပေါ်လွင်သော်လည်း တစ်ဖက်တွင်
နဂါးကဲ့သို့ စကားပြောဆိုခြင်း ဖြစ်သည်။ သိုးနှင့်နဂါးသည် သဘာ၀အသွင်လုံး၀မတူသော
သတ္တဝါဖြစ်သည်။ စနစ်တစ်ခုကို ပြဌာန်းပြီး ဆန့်ကျင်ဘက် စနစ်တစ်ခုကို ကျင့်သုံးသော
နိုင်ငံဖြစ်သည်။ ရှုပ်ထွေးသော ရောမအင်ပါယာ၏ နောက်ဆုံးနိုင်ငံရေး စနစ်တစ်ခုဖြစ်သည်။
၁၂၆၀ နှစ်အကုန် အရပ်ဘက်အုပ်ချုပ်ရေး အာဏာကို ပြန်သိမ်းယူခြင်း ဖြင့်
ချိုငယ်အနာရသွားသည်။
ပင်လယ်သားရဲကို ကူညီမည့် ကုန်းသားရဲ၏
သွင်ပြင်လက္ခဏာကို လေ့လာကြပါစို့။
ဗျာဒိတ်ကျမ်း
၁၃း၁၀၊ ၁၁ “သူတစ်ပါးကို ဖမ်းဆီးယူသွားသော သူသည် ကိုယ်တိုင်ဖမ်းဆီးယူသွားခြင်းကို
ခံရလိမ့်မည်။ ဓားဖြင့် သတ်တတ်သောသူသည်လည်း ကိုယ်တိုင်ဓားဖြင့် သေရမည်။ ဤအရာ၌
သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။ အခြားသောသားရဲ
တစ်ကောင်သည် သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့
စကားပြောလျက် မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။”
၁။ ပင်လယ်သားရဲအနာဒဏ်ချက်
ရရှိသော ကာလဝန်းကျင်တွင် ကုန်းသားရဲသည် ၁၇၉၈ ခုနှစ်အချိန်တွင် ပေါ်လာခြင်းဖြစ်သည်။
၂။ စစ်မက်တိုက်ခြင်း
မရှိဘဲ ပေါ်ထွန်းလာသော အင်ပါယာ ဖြစ်သည်။ အရှေ့တွင်ရှိသော အင်ပါယာကို ဖျက်ဆီးပြိး
ပေါ်လာသော အင်ပါယာ မျိုးမဟုတ်ပါ။ မတူညီခြားနားသည့် ဒေသမှ ပေါ်ထွက်လာသော အင်ပါယာ
ဖြစ်သည်။ ခြင်္သေ့နှင့် ဝက်ဝံသည် အာရှတိုက်၏ အင်ပါယာကို ပုံဆောင်ပြီး ကျားသစ်နှင့်
နဂါးသည် ဥရောပတိုက်၏ အင်ပါယာကို ကိုယ်စားပြုပါသည်။ သိုးသည် အာရှတိုက်နှင့်
ဥရောပတိုက်၏ အခြားတစ်နေရာမှ ထွက်လာသော သားရဲဖြစ်သည်။ အနောက်ဒေသမှ ထွက်လာ
သောအမေရိကန် အင်ပါယာပါဝါကို ပုံဆောင်သည်။
ပထမပင်လယ်မှထွက်လာသော သားရဲ အာဏာပြန်ရဖို့ ထောက်ကူသော ကုန်းသားရဲဖြစ်သည်။ နဂါးအာဏာ
ပြန်လည် ရရှိရေးကို ကူညီသည်။ သားရဲသည် အင်ပါယာ နိုင်ငံတစ်ခုကို ပုံဆောင်ကြောင်း
သတ္တမနေ့ ဥပုသ်နေ့အသင်းဝင် မဟုတ်သူများ၏ ရေးသားချက်ကို လေ့လာကြစို့။
“မြောက်အမေရိကတိုက်၏
လစ်လပ်မှုသည် ကမ္ဘာပေါ်တွင် ထူးခြားနေပါသည်။ ထိုအထီးကျန် လစ်လပ်မှုကပင် ၎င်းကို
တိုးတက်ကြီးထားစေခဲ့ပါသည်။ အခြားတိုင်းနိုင်ငံများ၏ ရက်စက်ရိုင်းပျသည့်
သမိုင်းကြောင်းနှင့် ကင်းရှင်းပြီး တိတ်တဆိတ်ကြီးထွားလာကာ အင်ပါယာ
တစ်ခုဖြစ်လာခဲ့ပါသည်။”(Dညေငနူ J. ဩသမျအငညယ Qကသအနိ ငည sငါညျ သ် အ့န အငာနျယ
ဥခအ ၁၉၇၆).
ပင်လယ်သားရဲနှင့်
ကုန်းသားရဲသည် တစ်ချိန်တည်းပေါ်ထွန်းလာသော အင်ပါယာနိုင်ငံဖြစ်သည်။ ပိပိရိရိ ဖြင့်
ငြိမ်သက်စွာ ကြိးထားလာသည်။
၃။ ပင်လယ်သားရဲအနာပျောက်ကင်းရန်
ကူညီသည်။ ကုန်းသားရဲထွက်လာသောဒေသသည် တစ်ချိန်က ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု
ခံရသော သူများ၏ ခိုလှုံရာ အရပ်ဖြစ်ခဲ့သည်။
ဗျာဒိတ်ကျမ်း ၁၂း၁၆
“မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကိုဖွင့် ပြီးလျှင်နဂါး၏ ခံတွင်းထဲက
ထုတ်ပစ်သော မြစ်ရေကို မျိုလေ၏။”
အမေရိကန်
နိုင်ငံသည် အင်ပါယာကဲ့သို့ ကမ္ဘာ့စူပါပါဝါ တဖြည်းဖြည်းဖြစ်လာသည့် အကြောင်း။
၁၇၀၁ ခုနှစ်မှာ
လူဦးရေး ၂၆၀‚၀၀၀ သာရှိသည်။ ၁၇၇၆ ခုနှစ်လွတ်လပ်ရေး ရပြီးနောက် ၂‚၈၀၀‚၀၀၀ (၂.၈ သန်း)
မီလီယံ ရှိသည်။ ၁၈၀၀ ခုနှစ်ရောက်တဲ့အခါ ၅၀. ၂၃၆‚၀၀၀ သန်း၊ ၁၉၀၀ ခုနှစ်မှာ ၇၆.
၂၁၂‚၀၀၀ သန်း၊ ၁၉၅၀ ခုနှစ်မှာ ၁၅၁. ၃၂၅‚၀၀၀ သန်း၊ ယနေ့ ၃၀၆‚၀၀၀‚၀၀၀ သန်း ရှိပါသည်။
တိတ်တဆိတ်ကြီးထားလာသော အင်ပါယာ တစ်ခု ဖြစ်လာပါသည်။
သားရဲဆိုသည်မှာ
သားရဲတစ်ကောင်ဟာ နိုင်ငံတစ်ပါး၊ အင်ပါယာတစ်ခုကို ပုံဆောင်သလို ဒုတိယ သားရဲသည်
ပေါ်ထွက်လာမည့် အင်ပါယာကို ပုံဆောင်ပါသည်။ ဗိam ဃူမေု.
ချိုနှစ်ချောင်းက
ဘာကိုပုံဆောင်ပါသလဲ၊ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲမှာ ချိုဆယ်ချောင်း ရှိပြီး
၎င်းချိုတွေဟာ လက်တင်အသင်းတော်ကို ဝိုင်းဝန်းထောက်ခံတဲ့ နိုင်ငံတွေကို
ကိုယ်စားပြုနေကြောင်း ဖော်ပြထားပါသည်။ ထိုကြောင့် မြေကြီးထဲက
ထွက်လာသော သားရဲရဲ့ ဦးခေါင်းမှာ ရှိနေသည့်
ဦးချိုနှစ်ချောင်းဟာလည်း နိုင်ငံနှစ်ခုကို ကိုယ်စားပြုရပါမည်။ ၎င်းကျမ်းမှာ
သားရဲသည် တိုင်းနိုင်ငံကို ကိုယ်စားပြုပါက နေရာတိုင်းမှာ ပါရှိသည့် သားရဲဟာလည်း
တိုင်းနိုင်ငံတွေကို ကိုယ်စားပြုရပါမည်။ ဗိam ဃူမေု.
ဒံယေလ
အနာဂတ္တိကျမ်း ၈း၃၊ ၂၀ “ငါမျှော်ကြည့်သော၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော
သိုးတစ်ကောင်သည် မြစ်တစ်ဖက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍
ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။ ချိုနှစ်ချောင်းနှင့်ပေါ်လာသော
သိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင် ဖြစ်၏။”
တစ်နိုင်ငံတည်း
ဘုရင်နှစ်မျိုးပေါင်းစည်းထားကြောင်းကို ကျမ်းစာကပြသည်။
သိုးသငယ်ဆိုသည်မှာ
သခင်ခရစ်တော်ရဲ့ စာရိတ္တကို ပုံဆောင်သည်။ ဝိညာဉ်ရေး နိုင်ငံနဲ့ အရပ်ဘက်အာဏာကို
ခရစ်တော် အသိအမှတ်ပြုခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာ နဂါးလိုစကားကို ပြောမည်။ သိုးမှာ
ချိုနှစ်ချောင်းပါသည်။ ဘုရားသခင်နဲ့ သက်ဆိုင်လျှင် ဘုရားသခင်ကို ပေးပါ။ ဆီဇာနဲ့
သက်ဆိုင်လျှင် ဆီဇာကို ပေးပါ။ သခင်ခရစ်တော်ရဲ့ အမိန့်တော်အတိုင်း အမေရိကန်ရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ဘာသာရေးနဲ့ နိုင်ငံရေးကို သေသေချာချာ
ခွဲခြားထားသည်။ ချိုနှစ်ချောင်းဆိုသည်မှာ ဝိညာဉ်ရေးနိုင်ငံနဲ့
လောကီနိုင်ငံဖြစ်သည်။ ၁၇၉၈ ခုနှစ်လောက်က အစပြုစတင်လာတဲ့ နိုင်ငံကို ဖော်ပြပါ။
အသင်းတော်နှင့် နိုင်ငံတော်ကို ခွဲထားသည့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေဖြစ်သည်။ ခရစ်တော် အသိအမှတ်ထားသလို အတည်ပြုထားတဲ့ နိုင်ငံဖြစ်သည်။
“ခေတ်သစ်ကမ္ဘာဟာ
၁၇၉၈ ခုနှစ်မှာ တန်ခိုးကြီးထွားလာပြီး တန်ခိုးအာဏာနဲ့ ခွန်အားကို ဖော်ဆောင်ကာ
တစ်ကမ္ဘာလုံး စိတ်ဝင်စားခဲ့သည့် တိုင်းနိုင်ငံဟာ ဘယ်နိုင်ငံဖြစ်ပါသလဲ။ ဒီအခြေအနေ
အရပ်ရပ်နဲ့ ပြည့်စုံခဲ့တဲ့ နိုင်ငံကတော့ တစ်ခုထဲပဲ ရှိပါသည်။ ဒီအနာဂတ္တိစကားတွေနဲ့
ပြည့်စုံခဲ့တဲ့ တိုင်းနိုင်ငံကတော့ အမေရိကန် နိုင်ငံပဲ ဖြစ်ပါတယ်။ (Gဃ ၄၄၀.၂).
အမေရိကန်
နိုင်ငံသည် ကိုလိုနီခေတ်နှင့် ဖွဲ့စည်း အုပ်ချုပ်ပုံခေတ်ဆိုပြီး
စနစ်နှစ်မျိုးဖြင့် အချိန်နှစ်ပိုင်း ရှိပါသည်။ ဘာသာရေးနှင့် နိုင်ငံရေး
ပူးပေါင်းခြင်း ဖြင့် ညှဉ်းပန်နှိပ်စက်ခြင်း ဖြစ်လာသော အတွေ့အကြုံလည်း ရှိပါသည်။
(ဂျွန်ဟပ်၏ အဖြစ်ကို မြင်ပြီး ရေးထားသော စာ၊)
“အင်္ဂလန် အစိုးရ၏
အင်္ဂလန် အသင်းတော်တို့၏ ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် အမေရိကန်သို့
ထွက်ပြေးလာခဲ့ကြသည့် ခရစ်ယာန်များသည် နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကို
တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ လူအပေါင်းတို့သည်သာ တူညီမျှ ဖန်ဆင်းခံရပြီး
အသက်တာလွတ်လပ်မှုနှင့် ပျော်ရွှင်မှု ရအောင် ကြိုးစားမှု များတွင် လွှဲပြောင်း ၍
မရသော အခွင့်အရေးများနှင့် ကောင်းချီးသွန်းလောင်းခြင်း ခံရသူများ ဖြစ်သည်ဟု
လွတ်လပ်ရေး ကြေညာ စာတမ်းတွင် ဖော်ပြထားပါသည်။ မဲဆန္ဒဖြင့် ရွေးချယ်ခြင်း ခံရသည့်
ကိုယ်စားလှည်များက ဥပဒေများကို အတည်ပြု ကျင့်သုံးရန် စီစဉ်လျက် ကိုယ်တိုင်၊
ကိုယ်ပိုင် အုပ်ချုပ်ခြင်း စနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက
အာမခံထားပါသည်။ ဘာသာရေးလွတ်လပ်ခွင့်ကို လည်း ပေးထားပါသည်။ သမ္မတ
အုပ်ချုပ်ရေးဝါဒနှင့် ပရိုတက်စတင့် အယူဝါဒတို့သည် ထိုနိုင်ငံ၏ တန်ခိုးအာဏာနှင့်
ကြီးပွားချမ်းသာမှု၏ လျှို့ဝှက်ချက် ဖြစ်သော အခြေခံစည်းမျဉ်းများ ဖြစ်လာခဲ့ပါသည်။” (မျက်မှောက်ကာလမျ
ထာ၀ရကာလသို့၊ စာမျက်နှာ ၄၇၃)။
အနာဂတ္တိစကား
မည်သည့် နည်းဖြင့် စုံလင်လာမည်နည်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
ပြောင်းလဲခြင်းဖြင့် လာမည် မဟုတ်ပါ။ နဂါးလိုစကားပြောလာမည်။ ပင်လယ်သားရဲသည်
အာဏာပြန်ရဖို့ကို ကူညီပြီး သာယာ၀ပြောသော ကမ္ဘာသစ်ကို အတူချီတက်ရန် ရည်ရွယ်ကြပါသည်။
နြတ တသမိူ သမိနမ ညေိ နြတ agန စ့ငူသျသစ့ပ.
နဂါးသည်
ဖွားမြင်သော သားကို အငြိုးထားသကဲ့သို့ မိန်းမကိုလည်း အငြိုးထားပါသည်။
ပင်လယ်သားရဲသည် နဂါးအသုံးတော်ခံသော အာဏာဖြစ်လာသည်။ အမေရိကန်၏ ဖွဲ့စည်းပုံအရ
ဘာသာရေးနှင့်နိုင်ငံရေး ခွဲခြားထားသော်လည်း နောက်ဆုံးကာလတွင် ဖြစ်လာမည့် အရာကို
ဘုရားသခင် မြင်တော်မူသည်။
ယနေ့သင်ရပ်တည်ရမည့်
နေရာကို ရှာပြီး သစ္စာရှိစွာ ရပ်တည် နိုင်ရန် ပြင်ဆင်ဖို့ လိုအပ်နေပါပြီ မိတ်ဆွေ။
အားလုံးအပေါ်မှာ
ဘုရားသခင် ကောင်းချီး သွန်းလောင်ချပေးပါစေ။ အာမင်။
No comments:
Post a Comment