သင်တို့ရှိရာသို့ ဘုရားသခင်စေလွှတ်သော
ဧလိယ
သုံးယောက်
တရားဟောချက်ကျမ်းညွှန်း
ဓမ္မဟောင်းခေတ်ပုရောဖက်ဧလိယ
ဓမ္မသစ်ခေတ် ပုရောဖက်ဧလိယ
ဗျာဒိတ်ကျမ်းမှ ပုရောဖက်ဧလိယ (အပိုင်း ၁)
ဗျာဒိတ်ကျမ်းမှ ပုရောဖက်ဧလိယ (အပိုင်း ၂)
အမှာစာ
အခန်းကြီး - ၁
အမှာစာ
မြန်မာ့ရေခံမြေခံ ပြုပြင်ပြောင်းလဲခြင်းအမှုတွင်
မြန်မာပြည် အတွင်း နေထိုင်ကြသော ခရစ်တော်ကို ယုံကြည်လက်ခံထားကြသည့်
ဗမာလူမျိုးနှင့် တိုင်းရင်းသားအားလုံးကို ဤသတင်းလက်ခံသူများ (receptors) အဖြစ် သတ်မှတ်၍ စာအုပ်ပါတရားဟောချက် ကျမ်းညွှန်း များသည်လည်း
အခြားနိုင်ငံသား “လူမျိုးတကာ” ခရစ်ယာန်များ “ပရို တက်စတင့်နှင့် ကက်သိုလစ်
အပါအဝင်” အတွက်လည်း လိုက်လျော ညီထွေစွာ အသုံးချ နိုင်ပါသည်။
သခင်ခရစ်တော်၏ မဟာပြုပြင်ပြောင်းလဲခြင်း အမှုတော်မြတ်
ပြီး ပြည့်စုံရန်အတွက် သာသနာ့ဗေဒကျမ်းညွှန်းဖြစ်ကြောင်း ဖော်ပြလိုပါ သည်။
သာသနာပြုလုပ်ငန်း၌ ထိရောက်အောင်မြင်စေရန်အတွက် “ဆက်သွယ်မှု (သို့မဟုတ်)
ဆက်သွယ်သိရှိစေခြင်း” (Communication) နည်းတူ
နိုးကြားပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင်လည်း အောင်မြင်စေ ရန်
“ဆက်သွယ်သိရှိစေခြင်း” ဟူသည့် အချက်ကို ပို၍ အာရုံစိုက်သင့်ပေ သည်။
နိုးကြားပြုပြင်ပြောင်းလဲခြင်း အမှုတော်အတွက်
“ဆက်သွယ်သိ ရှိစေခြင်း” အဖြစ်စဉ်းစားပါက ရေခံမြေခံနှင့်အညီ နိုးကြားပြုပြင်ပြောင်း
လဲ ရေးလှုပ်ရှားမှုကို ဆိုလိုခြင်းဖြစ်သည်။
ဘုရားသခင်သည် သူ့အား လူသားများသိရှိလာပြီး သူ၏ ကယ်
တင်ခြင်း ကျေးဇူးကို ကိုယ်ပိုင်ရရှိခံစားကာ သူနှင့်မိတ်သဟာယဖွဲ့ခြင်း အမှုကို
မြတ်နိုးသကဲ့သို့ ခရစ်ယာန်တစ်ဦး၏ ရှင်သန်တည်ရှိမှုနှင့် အောင် မြင်ခြင်းသည်လည်း
ပြန်လည်ပြုပြင်သော ဆက်နွှယ်မှုပြုခြင်းအပေါ်တွင် မူတည်ပေသည်။
နိုးကြားပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု၏ စစ်မှန်သော ရည်ရွယ်ချက်ကို
နားလည်သဘောပေါက်ခြင်းဟူသော တံခါးပေါက်မှ စိတ် (ဦးနှောက်) ထဲသို့ မီဒီယာမှတစ်ဆင့်
ဝင်ရောက်စေရန်ဖြစ်ပါသည်။
ဤသတင်းစကား၏ အကြောင်းအရာနှင့် မီဒီယာ (သတင်းစကား
သယ်ဆောင်သည့် နည်းလမ်း) ကိုလည်း အမျိုးစုံလင်စွာ ပြင်ဆင်လျက် ဘုရားသခင်၏ အလိုတော်ကို
ဖော်ပြခြင်းဖြစ်ပါသည်။ ထာဝရဧဝံဂေလိ တရား၏ အဓိကအစိတ်အပိုင်းဖြစ်သော
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု တွင် မိမိကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ချက်ဖြင့်
အသင်းတော်နှင့်ပူးပေါင်း၍ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို
ဆောင်ရွက်လာစေရန်ဖြစ်ပါသည်။
လူပုဂ္ဂိုလ်တစ်ဦး၏ ဘုရားသခင်နှင့် ပြန်လည်ပြုပြင်ပြောင်းလဲပြီး
ရင်းနှီးကျွမ်းဝင်ခြင်းအမှုကို ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ ခရီးစဉ်အဖြစ်
သတ်မှတ်နိုင်သည်။
နိုးကြားပြုပြင်ပြောင်းလဲခြင်း လှုပ်ရှားမှုဟူသည်
ဘုရားသခင်ထံ သို့ ဦးတည်ပြီး ပြန်လှည့်လာခြင်းဟု ဆိုလိုသည်။ ဦးတည်ချက်ကို ပြန် လှည့်ရမည်။
နိုးကြားပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင် ပါဝင်ရမည်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် နိုးကြားပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ဖော် ထုတ်ဖွင့်ပြရမည်။
အတွေးအမြင်နှင့် အပြုအမူပြောင်းလဲခြင်းဖြင့် လူသစ် ဖြစ်ရမည်။
ထိုကြောင့် မြန်မာပြည်အတွင်း နေထိုင်ကြသော
ခရစ်တော်ကို ယုံကြည် လက်ခံထားကြသည့် ဗမာလူမျိုးများနှင့် တိုင်းရင်းသားအများစု သည်
ထုံးတမ်းစဉ်လာအစွဲအလမ်းများဖြစ်သော ဘုရားကျောင်းဝင်းအစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ၊
စနစ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲ၊ လူပုဂ္ဂိုလ်ကိုးကွယ်မှု အစွဲ အလမ်းများမှ သွေဖည်ပြီး
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင် ပါဝင်ကြရ မည်။
အသင်းတော်ဟူသည် စင်ကြယ်မြင့်မြတ်သော ဘုရားလူတို့၏
ယေရှု ခရစ်နာမ၌ မိတ်သဟာယဖြစ်ပြီး ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ နှင့်
စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြပါ သည်။
ပြုပြင်ပြောင်းလဲရန် အဓိက လိုအပ်သော အစိတ်အပိုင်းမှာ ထုံးတမ်းစဉ်လာအစွဲ အလမ်းများမှ
“ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို
ခံခြင်းနှင့်လည်း ကောင်း ကင်းလွတ်အံ့သောငှါ သူ၏အထဲက ထွက်ကြလော့။” ဗျာဒိတ် ကျမ်း
၁၈း၄။
“ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီးမရောက်မီ
ပုရောဖက် ဧလိယကို-သင်တို့ရှိရာသို့ ငါစေလွှတ်မည်။” ဘုရားသခင်စေ လွှတ်တော်မူသော
ဧလိယ “ပြောင်းလဲရေးလှုပ်ရှားမှု” (The Final Advent Movement) အသင်းတော်နှင့်အတူ ပူးပေါင်းလှုပ်ရှားခြင်းဖြင့် သခင်ခရစ်တော်ဒုတိယအကြိမ်
ကြွလာခြင်းကို မျှော်လင့်၍ အသင့်ပြင် ဆင်ကြပါစို့။
မေတ္တာမွန်ဖြင့်
ဦးစောမဲမရီထွန်း
(ဥက္ကဌ)
မြန်မာပြည်သတ္တမနေ့အသင်းတော်အဖွဲ့ချုပ်
အခန်းကြီး - ၂
၁။ ဓမ္မဟောင်းခေတ် ပုရောဖက်ဧလိယ
ဆုတောင်း
ဤဧလိယသုံးဦးတွင် အခြေခံသဘောတရားအားလုံး တူညီကြပါ
သည်။ ဤဧလိယသုံးဦးစလုံးတွင် အုပ်ချုပ်သူ ရှင်ဘုရင်ကိုယ်စီ ရှိကြပါ သည်။ ထိုနည်းတူ
ပြည့်တန်ဆာလည်းရှိပြီး ထိုပြည့်တန်ဆာအသုံးပြု သော လက်နက်မှာ အဆိပ်အတောက်ပါသော စပျစ်ရည်
ဖြစ်ပါသည်။ မအေတူသမီးဖြစ်သည့် ပြည့်တန်ဆာ၏ ပုံသဏ္ဌာန်နှင့်တူသော သမီး လည်းရှိပါသည်။
ရှင်ဘုရင်၊ ပြည့်တန်ဆာနှင့် မိစ္ဆာပုရောဖက်များဖြင့် သုံးဖွဲ့စုပေါင်းထားသော မဟာမိတ်ဖွဲ့သည်
ဗာလဘုရား (“နေ” ဘုရား ကိုးကွယ်သောဘာသာ) ကို တည်ထောင်ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဣသ ရေလနိုင်ငံနှင့်လူမျိုးများကို
ဝတ်ပြုကိုးကွယ်မှုအစစ်အမှန်မှ လမ်းလွဲစေ ကြပါသည်။
ထိုကြောင့် ဘုရားသခင်သည်
ဧလိယကိုစေလွှတ်ခြင်းဖြင့် ဖောက် ပြန်ပျက်စီးနေသောလမ်းမှပြန်လာကြရန်
ပြုပြင်ပြောင်းလဲရေး လှုပ်ရှား သူ ဧလိယကို ဘုရားသခင်စေလွှတ်ခဲ့ပါသည်။ အာဟပ်မင်း၊
ယေဇဗေလ၊ မိစ္ဆာပုရောဖက်များ သုံးဖွဲ့ပေါင်းစည်းသော မဟာမိတ်အသင်းနှင့်ဧလိယ သည်
ရန်သူဖြစ်ပါသည်။
အခန်းကြီး - ၃
ဆိုးညစ်သည့်မဟာမိတ်အဖွဲ့မှအာဟပ်မင်းအကြောင်းဦးစွာကြည့်ကြပါစို့
ဓမ္မရာဇဝင် တတိယစောင် ၁၆:၃၀၊၃၁ အာဟပ်မင်းနှင့်
ယေဇဗေ လတို့၏ စုံဖက်ပေါင်းသင်းမှု အကြောင်းဖြစ်ပါသည်။ “ဩမရိသားအာ ဟပ်သည်
မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့ တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
နေဗတ်၏ သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာလိုက်လျှင်
သာမညအပြစ်ရောက်မည်ဟု ထင် မှတ်လျက် ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဖက်၍
ဗာလ ဘုရားကို ဝတ်ပြုကိုးကွယ်၏။”
ရှင်ဘုရင်သည် ပြည့်တန်ဆာနှင့်စုံဖက်ပြီး
မဟာမိတ်ဖွဲ့ခြင်းဖြင့် ဣသရေလအမျိုးကို ထာဝရဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သော
လမ်းမှားသို့ ပို့ဆောင်ပါသည်။ ဤမဟာမိတ်ဖွဲ့ခြင်းအမှုတွင် အဓိက အန္တရာယ်ရှိသောသူမှာ
နိုင်ငံတော်ကို အုပ်ချုပ်သူ ရှင်ဘုရင်မဟုတ်ဘဲ အုပ်ချုပ်ရေး
ယန္တရားတစ်ခုလုံး၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူ မိဖုရားပြည့်တန်ဆာ၏ အကျင့်စာရိတ္တနှင့်
ပြည့်စုံသောသူ ယေဇဗေလ ဖြစ်ပါသည်။
အခန်းကြီး - ၄
မိဖုရားယေဇဗေလအကြောင်း
ဓမ္မရာဇဝင်တတိယစောင် ၂း၈-၁ဝ နာဗုတ်၏ စပျစ်ခြံနေရာကို
လိုချင်တပ်မက်သော အာဟပ်မင်းသည် ကြံစည်၍မရနိုင်သောအချိန်တွင် မိဖုရား ယေဇဗေလသည်
အာဟပ်မင်း၏ အခွင့်နှင့် စာရေးပါသည်။
“အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍
တံဆိပ်တော်နှင့်ခတ်ပြီးမှ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့်
မှူးမတ်များ ထံသို့ ပေးလိုက်လေ၏။ စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍
နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြလော့။ သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍
သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကို စွန့်ပယ်ပြီးဟု သက်သေခံပါလေစေ။ သို့ပြီးမှ
သူ့ကိုထုတ်၍သေစေခြင်းငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟုပါသတည်း။” ဤစာသည် အာဟပ်မင်းရေး သော
အမိန့်စာမဟုတ်ပါ။ ဘုရင်၏ လက်စွပ်တံဆိပ်တုံးကို အသုံးချပြီး မိဖုရားရေးသော အမိန့်စာဖြစ်ပါသည်။
ယေဇဗေလသည် ရှင်ဘုရင်ထက် သာလွန်သည့်အာဏာကို ရယူကျင့်သုံးပြီး ခြယ်လှယ်ခြင်း
ဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၂၁း၂၅
အကျင့်စရိုက်ညံ့ဖျင်းသော အာဟပ်မင်းသည် ယေဇဗေလ၏တိုက်တွန်းမှုကြောင့် ထာဝရဘုရားရှေ့ ၌
ဒုစရိုက်ကို ပြုသောသူလည်း ဖြစ်ပါသည်။ “အာဟပ်နှင့်တူသောသူ တစ်ယောက်မျှမရှိ။
ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍
ကိုယ်ကိုရောင်းသောသူဖြစ်၏။” ဣသရေလနိုင်ငံတော်တွင် အာဟပ်မင်း၏ နောက်ကွယ်မှ အုပ်ချုပ်မင်းမူ
သူမှာ တိုင်းတစ်ပါးသူယေဇဗေလ ဖြစ်ပါသည်။ အာဟပ်မင်း၏ အကျင့် စရိုက်ညံ့ဖျင်းကြောင်းကို
အီးဂျီဝှိုက်၏ ကောက်နုတ်ချက်တွင်-
“Ahab was weak in moral power. His union by marriage with an
idolatrous woman of decided character and positive temperament resulted
disastrously both to himself and to the nation. Unprincipled, and with no high
standard of right doing, his character was easily molded by the determined
spirit of Jezebel.” (PK 115.1) Prophets and Kings.
“အာဟပ်မင်း၏ အကျင့်စရိုက်အလွန်ညံ့ဖျင်းပါသည်။
ဖောက်ပြန် သော ဘာသာအယူဝါဒကို လက်ခံယုံကြည်ပြီး ခက်ထန်ယုတ်မာသော သူနှင့်
အိမ်ထောင်ပြုရန် ဆုံးဖြတ်ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် ဆိုးကျိုးများကိုသာဖြစ်ပေါ်စေခဲ့ပါသည်။
စည်းကမ်းကင်းမဲ့သော စရိုက် ကြောင့် ယေဇကျေလသည် သူ၏ အကျင့်စာရိတ္တကို ပုံသွင်းနိုင်ခဲ့ပါသည်။
အာဟပ်မင်းတွင် လွှမ်းမိုးထားသောအတ္တစိတ်ကြောင့် ဣသရေလလူမျိုး အပေါ်ထားရှိသော
ဘုရားသခင်၏ ကျေးဇူးကရုဏာတရားကို နားလည် နိုင်သော သတိဉာဏ်မရှိပါ။
နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏ တာဝန်ဝတ္တရားကိုလည်းမသိရှိနိုင်ခဲ့ပါ။” (PK
115.1) Prophets and Kings.
ရှင်ဘုရင်၏ အာဏာကို အသုံးချပြီး သူမ၏ ရည်မှန်းချက်များ
ပြည့်စုံစေရန် ဆောင်ရွက်သောသူ ဖြစ်ပါသည်။ မည်သည့်ဘာသာရေး အတွေးအခေါ်ကို ယေဇဗေလသည်
ဣသရေလနိုင်ငံအတွင်းသို့ သွတ် သွင်းခဲ့သနည်း။ ထာဝရဘုရားဝတ်ပြုကိုးကွယ်မှုနှင့်
ဗာလဘုရားဝတ်ပြု ကိုးကွယ်မှုနှစ်မျိုးကို ရောစပ်ထားသော ဘာသာရေးစနစ်ကို ကျင့်သုံးလို
သောကြောင့် အတွေးအခေါ်သစ်ကို ယေဇဗေလပြဌာန်းခြင်းဖြစ်ပါသည်။
ထာဝရဘုရားကိုးကွယ်မှုအစစ်အမှန်လည်းမဟုတ်၊ ဗာလဘုရားဝတ်ပြု ကိုးကွယ်မှုအမှန်လည်းမဟုတ်သည့်
ရောနှောသမထားသော သွန်သင် ချက်နှစ်မျိုးဖြင့် ယစ်မူးနေသည့် ဣသရေလအမျိုးကို ဧလိယ
မည်သို့ တောင်းဆိုသနည်း။
အခန်းကြီး - ၅
ဗာလဘုရားဝတ်ပြုကိုးကွယ်မှုအကြောင်း
ဓမ္မရာဇဝင်တတိယစောင် ၁၈း၂၁ ကရမေလတောင်ပေါ်တွင်
ဧလိယ ဟောပြောခဲ့သောစကားဖြစ်ပါသည်။ “ဧလိယသည် လူများရှိရာ သို့လာ၍ သင်တို့သည်
ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ် လုံး ယုံမှားသော စိတ်နှင့် နေကြလိမ့်မည်နည်း။
ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည်
ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင် လူများ တို့သည်
တိတ်ဆိတ်စွာ နေကြ၏။” ဣသရေလလူမျိုးများသည် သမ္မာ တရားကိုလုံးဝနားမလည်တော့ပါ။
ထို့ကြောင့် ထာဝရဘုရားကို ဝတ်ပြု နေသည့်အချိန်၌ပင် ဗာလဘုရားအတွက် အမှုတော်ကိုလည်း ဆောင်
ရွက်ကြပါသည်။ ဆုံးဖြတ်ချက်ချရန် တိတ်ဆိတ်စွာနေကြ၏။
ဟောရှေအနာဂတ္တိကျမ်း ၂း၈ တွင်
ဣသရေလလူမျိုးများ ဗာလ ဘုရားကို ဝတ်ပြုကိုးကွယ်ကြောင်း ဖော်ပြထားပါသည်။ “ဆန်စပါး၊ စပျစ် ရည်၊ ဆီတို့ကို ငါပေးသနားသည်ဟူ၍လည်းကောင်း၊ ဗာလဘုရားအား
ပူဇော်သောရွှေနှင့် ငွေကို ငါများပြားစေသည် ဟူ၍လည်းကောင်း သူ သည် မအောက်မေ့ပါတကား။”
ဗာလဘုရားကို ထာဝရဘုရားအဖြစ် ထင် မှတ်ပြီး ဝတ်ပြုကိုးကွယ်ကြပါသည်။ ထို့ကြောင့်
ဆန်စပါး၊ ဆီများတို့ကို ပူဇော်ခြင်းဖြစ်ပါသည်။ ကောင်းချီးမင်္ဂလာအပေါင်း၏
အရင်းအမြစ်သည် “နေ” ဘုရားမှလာသည်ဟု ယူဆခြင်းမှာ ယေဇဗေလ၏ ဖျက်ဆီးခဲ့မှု ကြောင့်ဖြစ်ပါသည်။
အီးဂျီဝှိုက်၏ ကောက်နုတ်ချက်- ကရမေလတောင် ပေါ်တွင် ဗာလဘုရားဝတ်ပြုကိုးကွယ်ခြင်း
အစီအစဉ်အကြောင်း ဖြစ်ပါ သည်။
“Their pleadings are mingled with cursings to their sun-god
that he does not send fire for their altars.”
“ထိုသူများ၏ တောင်းပန်သံနှင့်အတူ
ယဇ်ပလ္လင်အပေါ်မီး သက် ရောက်မှု မရှိသောကြောင့် “နေ” ဘုရားကို ကျိန်ဆဲသည့် အသံများဖြင့်
ဆူညံနေပါသည်။
(3T282.1) Testimony for
the Church.
ဗာလသည် “နေ” ဘုရားဖြစ်ပါသည်။
အခန်းကြီး - ၆
ဧယဇဗေလအကြောင်းအသေးစိတ်
ဓမ္မရာဇဝင်တတိယစောင် ၁၈း၄ တွင် (၁) ယေဇဗေလသည်
ထာဝရဘုရား၏ ပုရောဖက်ကို သတ်သောသူ ဖြစ်သည်။ “ယေဇဗေလ သည် ထာဝရဘုရား၏ ပုရောဖက်တို့ကိုပယ်ရှားသောအခါ
ဩဗဒိသည် ပုရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် မုန့်နှင့် ရေကိုပေး၍
ကျွေးလေ၏။” ယေဇဗေလသည် ထာဝရဘုရား၏ ပုရော ဖက်တို့ကိုပယ်ရှားသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၊၂
ကရမေလတောင်ပေါ်မှာ သူမ ၏မိစ္ဆာပုရောဖက်များကွပ်မျက်ခံရသောနောက်ပိုင်းတွင် (၂)
ယေဇဗေလ သည် ပုရောဖက်ဧလိယကို သေမိန့်ပေးသောသူဖြစ်လာပါသည်။ “ဧလိယ ပြုသောအမှုနှင့်
ပုရောဖက်အပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သော အမှုကို အာဟပ်သည် ယေဇဗေလအား
အကုန်အစင်ကြားပြော၏။ ယေဇဗေလ က နက်ဖြန်နေ့ ယခု အချိန်ရောက်မှ သင့်အသက်သည်
ထိုပုရောဖက်တို့ ၏အသက်ကဲ့သို့ ငါမဖြစ်စေလျှင် ဘုရားတို့သည် ငါ့ကို ထိုမျှမကပြုပါစေ
သောဟု တမန်ကို ဧလိယထံသို့ စေလွှတ်၍ ကြားလိုက်၏။” ရှင်ဘုရင်၏ အာဏာကို ရယူကျင့်သုံးသောသူ
ဖြစ်လာပါသည်။
ဓမ္မရာဇဝင်စတုတ္ထစောင်
၉း၂၂ တွင် ယေဇဗေလ၏ အကြောင်းသုံးချက် ကို ဖော်ပြထားပါသည်။ (၃) ယေဇဗေလသည်
နိုင်ငံရေးနှင့်ဘာသာရေး နှစ်မျိုးစလုံး၏ နောက်ကွယ်၌ ထိန်းချုပ်ကြိုးကိုင်သူ ဖြစ်သည်။
“ယောရံ သည် ယေဟုကိုမြင်လျှင် ယေဟုငြိမ်သက်ခြင်းရှိသလောဟုမေးသော် ယေဟုက၊ သင့်အမိ
ယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများသော ကာလအတွင်းတွင် အဘယ်သို့သော ငြိမ်သက်ခြင်းရှိလိမ့်
မည်နည်းဟုပြန်ပြောသော်” ယေဟုက၊ (၁)သင့်အမိ (ပြည့်တန်ဆာတို့၏ အမိ) ဟုခေါ်ဆိုပါသည်။
(၂) အဓမ္မမေထုန်အမှု၊ (ပညတ်တရားနှင့်မညီ သောအမူ) (၃) ပြုစားသောအမှုများ
မိစ္ဆာဓမ္မဖြင့် လိမ်လည်လှည့်စားမှု) နောင်လာမည့် သင်ခန်းစာများကို နားလည်နိုင်ရန်
လေ့လာသင့်သော ဝေါဟာရစကားသုံးမျိုး ဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင်
၁၈း၁၉ တွင် သူမ၏ရည်မှန်းချက်များကို ကူညီ ဆောင်ရွက်ပေးသော နောက်လိုက်တပည့်များ ဖြစ်ပါသည်။
(၄) ယေဇ ဗေလသည် မိစ္ဆာပုရောဖက်များကို ကျွေးမွေးထောက်မသူ ဖြစ်သည်။ “သို့ရာတွင်
လူကို ယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို လည်းကောင်း၊ ဗာလပုရောဖက်
လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပုရောဖက်လေးရာကိုလည်းကောင်း၊
ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း။”
ဓမ္မရာဇဝင်တတိယစောင် ၂၁း၂၂ တွင်
ဣသရေလအမျိုးလမ်းမှား လိုက်ရန် (၅)မဟာမိတ်အဖွဲ့ကိုယေဇဗေလဦးဆောင်ပါသည်။ “ငါ့အမျက် ကို
နှိုးဆော်သောအပြစ်နှင့် ဣသရေလလူအမျိုးကို ပြစ်မှားစေသော အပြစ်ကြောင့်
သင့်အမျိုးကို နေဗတ်၏ သားယေရောဗောင်အမျိုးနှင့် အဟိယ၏သားဗာရှာ အမျိုးကဲ့သို့
ငါဖြစ်စေမည်။” ဣသရေလလူအမျိုး ကို ပြစ်မှားစေသည်။ ဣသရေလ လူမျိုးအပေါ် ဧလိယ၏ ပြုပြင်ပြောင်း
လဲရေးလှုပ်ရှားမှုဩဇာသက်ရောက်မှုကို စိုးရိမ်သောကြောင့် ယေဇဗေလ သည်
လူကြိုက်များပြီး ရေပန်းစားသော တရားစနစ်ကို ဖန်တီးပေးပါ သည်။
ဓမ္မရာဇဝင်တတိယစောင် ၁၉း၁ဝ တွင် (၆)
ယေဇဗေလသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို စွန့်လွှတ်စေသောသူ ဖြစ်ပါသည်။ “ဧလိယကလည်း အကျွန်ုပ်သည်
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။
အကြောင်းမူကား၊ ဣသ ရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင်
ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ ပုရောဖက်များ ကို ဓားနှင့် သတ်ကြပါပြီ။
အကျွန်ုပ် တစ်ယောက်တည်းကျန်ရစ်၍ အကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။”
ထို့ကြောင့် ယေဇဗေလသည် (၁) ကိုယ်တော်၏ ပဋိညာဉ်တရား (၂) ကိုယ်တော်၏ယဇ်ပလ္လင် (၃)
ကိုယ်တော်၏ ပုရောဖက်များကို ဖျက်ဆီးခဲ့ သော တရားခံအစစ်ဖြစ်ပါသည်။ အာဟပ်မင်း၊
ယေဇဗေလ၊ မိစ္ဆာပုရော ဖက်များ၏ မဟာမိတ်အဖွဲ့သည် ဣသရေလလူမျိုးနှင့် နိုင်ငံတော်ကို
လှည့် စားသောမဟာမိတ်အသင်းဖြစ်ပါသည်။
အခန်းကြီး - ၇
ဘုရားသခင်စေလွှတ်သူပုရောဖက်ဧလိယအကြောင်း
ပုရောဖက်ဧလိယသည် ဣသရေလ လူမျိုးနှင့်
ဣသရေလနိုင်ငံ တော်အတွက် ဘုရားသခင်စေလွှတ်သည့် လှုပ်ရှားမှုဖြစ်သည်။ ယုံကြည် ချက်နှင့်
ဩဝါဒအသစ်ကို တီထွင်ဟောကြားသူမဟုတ်ပါ။ တရားတော် ကို အသက်ပြန်သွင်းပေးသောသူ ဖြစ်ပါသည်။
ခရစ်ယာန်များကို ကျဉ်း သောလမ်းသို့ ပြန်လည်ပို့ဆောင်သောသူဖြစ်သည်။
မာလခိ ၄း၅၊၆
တွင် ဧလိယ၏ အမှုတော်ပန်းတိုင်နှင့် ၎င်း၏အခန်းကဏ္ဍ များကိုလည်း ဖော်ပြထားပါသည်။
“ကြည့်ရှုလော့၊ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီးမရောက်မီ ပုရောဖက်ဧလိယကို
သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို့၏ ပြည်ကို ကျိန် ခြင်းဘေးနှင့်ဒဏ်မခတ်မည်အကြောင်း၊
ထိုပုရောဖက်သည် သားတို့နှင့် အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့်
သားတို့ကိုလည်းကောင်း အသင့် အတင့်ဖြစ်စေမည်ဟုမိန့်တော်မူ၏။” မိမိတို့၏အဘအာဗြဟံ၏ ယုံကြည်
ကိုးကွယ်မှုနှင့် ပြန်လည်ရင်ကြားစေ့ပေးသောသူဖြစ်သည်။ ရန်ငြိမ်းခြင်း တရားကိုဟောခြင်းသည်
ဧလိယ၏ ရည်ရွယ်ချက်ဖြစ်သည်။
ဓမ္မရာဇဝင် တတိယစောင် ၁၈:၃၇ တွင် ဧလိယ၏ သာသနာ
လုပ်ငန်းနှင့် ရည်ရွယ်ချက်ကိုလည်း အတိအလင်း ဖော်ပြထားပါသည်။ “အိုထာဝရဘုရား၊
ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော် မူကြောင်းကိုလည်းကောင်း၊
ဤလူတို့စိတ်သဘောကိုပြောင်းလဲစေတော် မူကြောင်းကိုလည်းကောင်း၊ သူတို့သည် သိစေခြင်းငှါ
အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။”
(Mission of Elijah)
အာဟပ်မင်း၊ ယေဇဗေလ၊ မိစ္ဆာပုရောဖက်များ၏ မဟာမိတ်အဖွဲ့
၏ လှည့်စားမှုကိုခံရပြီးနောက် ဣသရေလလူမျိုးများ မေ့လျော့နေသော တရားတော်
အစစ်အမှန်ကို ပြန်လည်သတိပေးခြင်းဖြစ်သည်။ ဧလိယ၏ အခန်းကဏ္ဍသည် ယုံကြည်ချက်အသစ်ကို ဟောပြောခြင်း
မဟုတ်ဘဲ ဣသရေလလူမျိုးများ၏ တရားအဟောင်းကိုသာလျှင် ပြန်လည်ဟော
ပြောခြင်းဖြစ်ပါသည်။
လုကာ ၁း၁၆
ကျမ်းစာထဲမှာ ပုရောဖက်ဧလိယပေါ်လာသော အချိန်တိုင်း တွင် ဘုရားသခင်ထံတော်သို့ ပြန်လာကြရန်
သတိပေးခြင်းဖြစ်သည်။ “ဣသရေလ အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံ တော်သို့
ပြောင်းလဲစေလိမ့်မည်။” ဧလိယသည် ဝိညာဉ်ရေးပြန်လည်ရှင် သန်နိုးကြားစေရန်
ပြုပြင်ပြောင်းလဲမှုလှုပ်ရှားသူဖြစ်သည်။ ဝိညာဉ်ရေး တွင် ဖောက်ပြန်နေသော
ဣသရေလလူမျိုးထံတော်သို့ စေလွှတ်ခြင်း ဖြစ် ပါသည်။ အခြားသောဘုရားများကို
ဝတ်ပြုကိုးကွယ်သောသူများထံတော် သို့ စေလွှတ်ခြင်းမဟုတ်ပါ။
မဿဲ ၁၇း၁၁ တွင်
ဧလိယ၏ အခန်းကဏ္ဍကို ထပ်လောင်းဖော်ပြပါ သည်။ “ယေရှုက ဧလိယသည် အရင်လာ၍
အလုံးစုံတို့ကိုပြုပြင်ရသည် မှန်ပေ၏။” (Restore) မှန်ကန်သော ဝတ်ပြုကိုးကွယ်ခြင်းစနစ်၊
မှန်ကန် သော ဥပုသ်တော်နေ့ကို ပြန်လည်တည်ထောင်ခြင်းဖြစ်ပါသည်။ ပြိုလဲ ပျက်စီးနေသည့်
ဝိညာဉ်ရေး စနစ်ကိုပြန်လည်တည့်မတ်စေသည်။
ဓမ္မရာဇဝင်တတိယစောင်
၁၈း၃၀ ကရမေလတောင်ပေါ်တွင် ပုရောဖက် ဧလိယ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင်
ခေါင်းဆောင်ခဲ့ရသော အခန်းကဏ္ဍ ကိုဖော်ပြထားသည်။ “ဧလိယက ငါ့အနီးသို့လာကြလော့ဟု
လူများတို့ကို ခေါ်သည့်အတိုင်း လူအပေါင်းတို့သည် အနီးသို့ လာကြ၏။ ထိုအခါ ဧလိယသည်
ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ရှင်း လင်းပြီးမှ၊” ဘိုးဘေးတို့ ကိုးကွယ်သည့်ဘုရားသခင်ကို
ပြန်လည်ဝတ်ပြု စေသည်။ ဘုရားသခင် သတ်မှတ်ထားသော နေရာတွင် ကျောက်များကို
ပြန်လည်တည်ထားကိုးကွယ်သည်။
ဓမ္မရာဇဝင်တတိယစောင်
၁၈:၃၁၊၃၂ (Restore) ပြိုလဲပျက်စီးနေသော ဝိညာဉ်ရေးစနစ်ကို ပြန်လည်တည့်မတ်စေသည်။ “သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံရသော
ယာကုပ်သား အမျိုးအနွယ်အရေအတွက်အတိုင်း ကျောက်တစ်ဆယ် နှစ်လုံးကိုယူ၍ ထာဝရဘုရား၏ နာမတော်အဖို့
ယဇ်ပလ္လင်ကိုတည်ပြီးမှ မျိုးစေ့နှစ်တင်းလောက် ဝင်နိုင်သောကျုံးကို
ယဇ်ပလ္လင်ပတ်လည်၌ တူး လေ၏။”
ပညတ်တော်၏ အခြေခံယုံကြည်ချက်များကိုပြန်လည်တည့်မတ်
စေပါသည်။
ဓမ္မရာဇဝင်တတိယစောင်၁၈း၃၆၊၃၇ဘိုးဘေးတို့ဝတ်ပြုကိုးကွယ်
သောဘုရားကို ပြန်လည် သတိရစေသည်။ “ညဦးယံ ယဇ်ပူဇော်ချိန် ရောက်သောအခါ
ပုရောဖက်ဧလိယသည်ချဉ်းလာ၍ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊
ကိုယ်တော်သည် ဣသရေ လအမျိုး၏ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်
ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊
ယနေ့သိကြပါစေသော။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်း
ကောင်း၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို လည်းကောင်း၊ သူတို့သည် သိစေခြင်းငှါ
အကျွန်ုပ်စကားကို နားထောင် တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။” ဧလိယသည်
စိတ်အားကြီးသော ပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူဖြစ်သည်။ ဧလိယ သည်
မှားသည့်ဝတ်ပြုကိုးကွယ်မှုအကြောင်းကို စိတ်အားကြီးစွာ ရှုတ်ချ သောသူဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၀ ဘုရားသခင်၏ တရားတော်မှ
လမ်းလွဲသွားသော ဣသရေလလူမျိုးများ၏ အခြေအနေအမှန်ကို ဖော်ပြ ပြီး ဟောပြောခြင်းဖြစ်ပါသည်။
“ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်
အားကြီးပါပြီ။ အကြောင်းမူကား ဣသရေလ အမျိုးသားတို့သည် ကိုယ် တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင်
ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်၍
ကိုယ်တော်၏ပုရောဖက်များကိုဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ် တစ်ယောက်တည်းကျန်ရစ်၍ အကျွန်ုပ်အသက်ကိုပင်
သတ်ခြင်းငှါ ရှာ ကြပါသည်ဟုလျှောက်လေ၏။”
ဘိုးဘေးတို့ ဝတ်ပြုကိုးကွယ်ခဲ့သည့်
ထာဝရဘုရားကို ပြန်လည် ဝတ်ပြုကိုးကွယ်ရန် ဆန္ဒပြင်းပြသောသူဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၁၇၊၁၈ ဧလိယသည်
ဘိုးဘေးတို့ ဝတ်ပြုကိုးကွယ်ခဲ့သည့် ထာဝရဘုရားကို ပြန်လည်ဝတ်ပြုကိုးကွယ်ရန်
ဆန္ဒပြင်းပြသောသူဖြစ်ပြီး အုပ်ချုပ်သူရှင်ဘုရင်၏ အမှားကိုလည်း ရဲဝံ့စွာ ဝေဖန်
ပြစ်တင်သူဖြစ်သည်။ “တွေ့မြင်သောအခါ သင်သည် ဣသရေလ အမျိုးကို နှောင့်ယှက်သောသူ မှန်သလောဟုမေးလျှင်
ဧလိယက ငါသည် ဣသရေလ အမျိုးကို မနှောင့်ယှက်၊ သင်နှင့်သင့်အဆွေအမျိုးတို့သည်
ထာဝရဘုရား၏ ပညတ်တရားကို စွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ် သဖြင့် ဣသရေလ အမျိုးကို နှောင့်ယှက်ကြပြီ။” ဗာလဘုရားတို့ကို ဆည်းကပ်ခြင်းသည် ဝတ်ပြုကိုးကွယ်မှု ဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်မှု
အကြောင်းဟောပြောသည့်အခါ ဖန်ဆင်းရှင်အကြောင်းနှင့် ကင်းကွာ၍ မရပါ။ ဖန်ဆင်းခြင်းအကြောင်းဟောပြောသည့်အခါ
ဥပုသ်တော်နေ့ အကြောင်း ချန်ထား၍ မရပါ။ ထို့ကြောင့် ဧလိယသည် ဖန်ဆင်းရှင်ကို ပြန်လည်ကိုးကွယ်ကြရန်
ဥပုသ်တော်နေ့အမှန်ကို တောင်းဆိုသောသူ ဖြစ်ပါသည်။
ဆာလံ ၉၅း၆ တွင် ထာဝရဘုရားကို
ဘာကြောင့်ဝတ်ပြုကိုးကွယ် ကြသနည်း။ ဖန်ဆင်းရှင်ဖြစ်သောကြောင့် ကိုးကွယ်ခြင်း ဖြစ်ပါသည်။
“လာကြ၊ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏
ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။” ဣသရေလလူမျိုး များသာ ဖန်ဆင်းသော အရှင်ကို
မှန်ကန်စွာ ဝတ်ပြုကိုးကွယ်ကြလျှင် ဗာလဘုရားကို မည်သည့်အခါမျှ ကိုးကွယ်မည်မဟုတ်။
ဖန်ဆင်းတော်မူ သောအရှင်သည် တစ်ပါးတည်းသာရှိပါသည်။
ဗျာ ၁၄း၇ နောက်ဆုံးကာလတွင်လည်း ဧလိယ၏ ပန်းတိုင်နှင့်
အခန်းကဏ္ဍသည် ဖန်ဆင်းရှင်ကို ပြန်လည်ဝတ်ပြုကိုးကွယ်ကြရန် ခေါ် တော်မူခြင်းဖြစ်ပါသည်။
“ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။
ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်
ကြလော့ဟု ကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲ လျက်ရှိသည်ကို ငါမြင်၏။” ဝတ်ပြုကိုးကွယ်ခြင်းအမှန်ကို ပြန်တည် ဆောက်ပြီး ခရစ်တော်ကို ဗဟိုပြုသည့်ကိုးကွယ်မှုကို
သွန်သင်သူ ဖြစ် သည်။ ပညတ်တော် (၁၀) ပါးကို မြတ်နိုးသောသူဖြစ်သည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၁၈ တွင်
ပညတ်တရားအားလုံးကို လိုက်နာကြရန် တောင်းဆိုသူလည်း ဖြစ်ပါသည်။ “ဧလိယက၊ ငါသည်
ဣသရေလအမျိုးကို မနှောင့်ယှက်၊ သင်နှင့်သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ ပညတ်တရားကို
စွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ် သဖြင့် ဣသရေလအမျိုးကိုနှောင့်ယှက်ကြပြီ။”
ထာဝရဘုရား၏ ပညတ်တရားကို စွန့်သောကြောင့်
ဣသရေလ နိုင်ငံတော် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၃၀၊၃၆ ပညတ်တရားကို ပြန်ပြီး
လိုက်နာကြရန် လှုပ်ရှားသောသူဖြစ်သည်သာမက ဧလိယသည် ထာဝရ ဧဝံဂေလိတရားကို ဟောပြောသွန်သင်သောသူလည်း
ဖြစ်ပါသည်။ “ဧလိ ယက၊ ငါ့အနီးသို့ လာကြလော့ဟု လူများတို့ကို ခေါ်သည့်အတိုင်း လူ
အပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါ ဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို
ရှင်းလင်းပြီးမှ ညဦးယံယဇ်ပူဇော်ချိန် ရောက်သောအခါ ပုရောဖက်ဧလိယသည် ချဉ်းလာ၍
အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေ လအမျိုး၏
ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည် ကိုယ်တော်ကျွန်ဖြစ်၍
အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း ယနေ့ သိကြပါစေသော။”
ဧလိယသည် ခရစ်တော်၏ ဆက်ကပ်ပူဇော်ခံခြင်းတရားကို ပြန်လည်တည်ဆောက် ပြီး မှားယွင်းသော ဝတ်ပြုကိုးကွယ်မှုစနစ်ကိုလည်း
ရှုတ်ချပြီးသော အချိန်မှစ၍ ဧလိယ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသည် ပြည်တော် အရပ်ရပ်သို့
ပျံ့နှံ့သွားပါသည်။ ဘုရားသခင်ကြိုတင်စီမံထားသည်အတိုင်း ပုရောဖက်ဧလိယကို စေလွှတ်၍
အမှုတော်ကို ပြီးစီးစေသော အချိန်တွင် ဘုရားသခင်သည် ကောင်းကင်တံခါးကိုပိတ်လျက်
ထိုအချိန်မှစ၍ ဣသ ရေလနိုင်ငံတွင် မိုးခေါင်သော သဘာဝဘေးဒဏ်ကျရောက် ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၅ ဣသရေလနိုင်ငံတွင်
မိုးခေါင် သောသဘာဝဘေးဒဏ်သည် အခြေအနေတဖြည်းဖြည်းဆိုးလာပါသည်။ “အာဟပ်ကလည်း၊
တစ်ပြည်လုံးသို့ လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာ
အရပ်ရပ်သို့သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည်မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊
မြက်ပင်ကို တွေ့ ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊”
ရာဇဝင်ချုပ်ဒုတိယစောင် ၇း၁၃၊၁၄ ဝိညာဉ်ရေးဖောက်ပြန်မှု
ကြောင့် မိုးခေါင်သော သဘာဝဘေးဒဏ်ကျရောက်ခြင်း ဖြစ်ပါသည်။ “မိုး မရွာစေခြင်းငှါ
ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကိုကိုက်စားစေခြင်းငှါ
ငါမှာထားသော်လည်းကောင်း၊ ငါ့လူ တို့၌ ကာလနာကို စေလွှတ်သော်လည်းကောင်း၊ ငါ့နာမဖြင့်
သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကို ရှာလျက် ဆုတောင်း ပတ္ထနာပြု၍
အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နား ထောင်မည်။ သူတို့အပြစ်ကိုဖြေ၍
သူတို့ပြည်ကို ချမ်းသာပေးမည်။”
ဓမ္မရာဇဝင်တတိယစောင် ၁၈း၁၇ နန်းတော်၌
အာဟပ်မင်းနှင့် ဧလိယတွေ့ဆုံသောအချိန်တွင် “တွေ့မြင်သောအခါ သင်သည် ဣသရေ လ အမျိုးကို
နှောင့်ယှက်သောသူ မှန်သလောဟုမေးလျှင်” သင်သည် ဣသရေလ နိုင်ငံကို ဒုက္ခပေးသောသူ ဖြစ်သည်။
သဘာဝဘေးဒဏ်ကျ ရောက်ခြင်းသည် တိုင်းပြည်၏ စနစ်ကို လက်မခံသောလူများကြောင့် ဗာလဘုရား အမျက်ထွက်ခြင်းဖြစ်ကြောင်း
ဧလိယအပေါ် အပြစ်တင် စွပ်စွဲကြပါသည်။ အီးဂျီဝှိုက်၏ ကောက်နုတ်ချက်။
“Jezebel utterly refused to recognize the drought as a
judgment from Jehovah. Unyielding in her determination to defy the God of
heaven, she, with nearly the whole of Israel, united in denouncing Elijah as
the cause of all their misery. Had he not borne testimony against their forms
of worship? If only he could be put out of the way, she argued, the anger of
their gods would be appeased, and their troubles would end.”
“ဤမိုးခေါင်ရေရှားမှုကြီးသည်
ဘုရားသခင်စီရင်သောတရားအမှု ဖြစ် ကြောင်းကိုလက်ခံရန် ယေဇကျေလငြင်းဆန်ခဲ့ပါသည်။
အရှုံးမပေး ဘဲ ကောင်းကင်ဘုရားသခင်ကို အံတုနိုင်ရန်အတွက် ဣသရေလလူမျိုး များနှင့်အတူ
မိုးခေါင်ရခြင်းကို ဧလိယအပေါ်သို့ အပြစ်တင်ခဲ့ပါသည်။ ထိုသူတို့၏ဝတ်ပြု
ကိုးကွယ်မှုကို ဧလိယအပြစ်တင်ခဲ့သည်မဟုတ်လား။ ဧလိယကို ဖယ်ရှားနိုင်ခဲ့လျှင်
မိမိတို့ ကိုးကွယ်သောဘုရား၏ အမျက် ဒေါသကိုဖယ်ရှားလျက် မိမိတို့ကြုံတွေ့နေရသော ဒုက္ခများလည်း
ကင်း ဝေးရပါလိမ့်မည်။” (PK 126.1) Prophets and Kings.
ဗျာဒိတ်ကျမ်းတွင်ဖော်ပြထားသည့်အတိုင်း
နောက်ဆုံးကာလမှာ တွေ့ကြုံရမည့်သဘောထားဖြစ်ပါသည်။
ယေဇဗေလယုံကြည်ချက်အရ ဧလိယကို သုတ်သင်ပယ်ရှင်းနိုင်လျှင် တိုင်းပြည်တွင်
ငြိမ်သက်မှုနှင့် ကြွယ်ဝချမ်းသာခြင်းကို ဗာလဘုရားပြန်လည်ပေးမည်ဟု ယူဆပါသည်။
ဓမ္မရာဇဝင်တတိယစောင်
၁၈း၁ဝ တွင် ပုရောဖက်ဧလိယကို သုတ်သင် ပယ်ရှင်းနိုင်လျှင် ဗာလဘုရား၏ အမျက်တော်ပြေမည်ဟုဖော်ပြပြီး
အမိန့် ဖြင့် ဧလိယကို ရှာဖွေဖမ်းဆီးစေသည်။ “ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား
အသက်ရှင်တော်မူသည့်အတိုင်း ကိုယ်တော်ကို ရှာစေခြင်း ငှါ ကျွန်ုပ်သခင်
မစေလွှတ်သောတိုင်းနိုင်ငံတစ်ခုမျှမရှိပါ။ တစ်ကျွန်းတစ် နိုင်ငံသားက ဧလိယမရှိပါဟု လျှောက်ထားသောအခါ
ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသား တို့သည် အကျိန်ကိုခံရကြပါ၏။”
ယုံကြည်ခံယူချက်အရ ကျိန်ဆိုမှုပြုကြပြီး ပုရောဖက်ဧလိယကို နေရာ တိုင်းတွင် ရှာဖွေကြပါသည်။
နေရာတိုင်း၊ နိုင်ငံတိုင်းအနှံ့ရှာဖွေသော် လည်း ဧလိယကို မတွေ့ရပါ။
အချိန်အတိုင်းအတာသုံးနှစ်သာ ကုန်လွန် သွားပါသည်။ သို့သော်
မုန်းတီးရွံရှာသောစိတ်ဖြင့် ဇွဲမလျှော့ဘဲ ဆက်ပြီး ရှာဖွေကြပါသည်။
ဓမ္မရာဇဝင်တတိယစောင်
၁၇း၁၊၇ ပုရောဖက်ဧလိယသည် တောထဲသို့ ထွက်ပြေးခိုလှုံပြီး ဘုရားသခင်၏ ကျွေးမွေးခြင်းကို
ခံယူရပါသည်။ “ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယက ငါကိုးကွယ်သောဣသရေလအမျိုး ၏ ဘုရားသခင်
ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါ့အခွင့် မရှိဘဲ အင်တန်ကာလ ပတ်လုံး မိုးမရွာ၊
နှင်းမကျရဟု အာဟပ်မင်းအား မြွက်ဆို၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက် လာသည်ကား၊
သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း ၍ ယော်ဒန်မြစ်တစ်ဘက်၊
ခေရိတ်ချောင်း နားမှာပုန်းရှောင်၍နေလော့။ ထိုချောင်းရေကိုသောက်ရမည်။ ကျီးအတို့သည်
သင့်ကို ကျွေးမွေးမည် အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း ဧလိယသည် သွား၍
ယော်ဒန်မြစ်တစ်ဘက်၊ ခရိတ်ချောင်းနားမှာနေလေ၏။ ကျီးအတို့သည် နေ့တိုင်းနံနက်တစ်ခါ၊
ညဦးတစ်ခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။ နောက်တစ်ဖန်
မိုးမရွာသောကြောင့် ချောင်းရေ ခန်းခြောက်လေ၏။” ဒုက္ခရောက်သောကာလတွင် ဧလိယ တောထဲသို့ပြေးရသည်။
ဘုရားသခင်၏ နိမိတ်လက္ခဏာများဖြင့် အသက် ရှင်လွတ်မြောက်သည်။ ကပ်ဘေးများဖြင့် ကြီးစွာသော
ဒုက္ခဆင်းရဲခြင်း ကာလကို မျက်စိတစ်မှိတ်
လျှပ်တစ်ပြက်အတွင်းပြောင်းလဲခြင်းမတိုင်မီ ကိုယ်တိုင်ကျော်လွှားခဲ့ရသူဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၂၁ ပုရောဖက်ဧလိယသည် ဘာ သာနှစ်ခုစပ်ကြားတွင်
ဆုံးဖြတ်ချက်တရားကို ဟောသောသူဖြစ်သည်။ ဤအချိန်အထိ ဧလိယဟောသောတရားသည် ထင်သလို ထိရောက်မှုမရှိ
သေးပါ။ “ဧလိယသည် လူများရှိရာသို့လာ၍ သင်တို့သည် ဘာသာနှစ်ပါး စပ်ကြားမှာ
အဘယ်မျှကာလပတ်လုံး ယုံမှားသော စိတ်နှင့်နေကြလိမ့် မည်နည်း။ ထာဝရဘုရားသည်
ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်း ကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင်
ထိုဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင် လူများတို့သည် - တိတ်ဆိတ်စွာနေကြ၏။” ဧလိယ ဟောသည့်တရားကြောင့်
ပြောင်းလဲသူမရှိ။ လူများတို့သည် တိတ်ဆိတ် စွာနေကြပါသည်။ တရားဟောခဲ့သလောက်
ဘာမှမထူးပါ။ အီးဂျီဝှိုက်၏ ကောက်နုတ်ချက်။
“Facing King Ahab and the false prophets, and surrounded by
the assembled hosts of Israel, Elijah stands, the only one who has appeared to
vindicate the honor of Jehovah. He whom the whole kingdom has charged with its
weight of woe is now before them, apparently defense- less in the presence of
the monarch of Israel, the prophets of Baal, the men of war, and the
surrounding thousands. But Elijah is not alone. Above and around him are the
protecting hosts of heaven, angels that excel in strength.” “အာဟပ်မင်းနှင့်
ပုရောဖက်အတုများကို မျက်နှာခြင်းဆိုင် ၍ ဣသရေလလူမျိုးများ ဝန်းရံလျက်
ဧလိယတစ်ဦးတည်း ဘုရားသခင် ၏ ဂုဏ်တော်ကို ရဲရင့်စွာ ကာကွယ်သယောင်ရှိပါသည်။
တိုင်းပြည်တစ်ခု လုံးရင်ဆိုင်နေရသော အမင်္ဂလာကြောင့် စွပ်စွဲခံရသူသည်
ယခုအချိန်တွင် အားကိုးရာ မရှိသယောင်နှင့် ဣသရေလမင်း၊ ပုရောဖက်အတုအယောင် များ၊
စစ်သူရဲများနှင့် ထောင်သောင်းမကသော လူအုပ်ကြီး၏ ရှေ့တွင် ရပ်နေသော်လည်း ဧလိယသည်
တစ်ဦးတည်းမဟုတ်ပါ။ သူ၏အထက် နှင့်ဘေးပတ်လည်တွင် ပိုမို အင်အားတောင့်တင်းသော
ကောင်းကင် တမန်မင်းများ ဝန်းရံလျက်ရှိနေပါသည်။” (PK
147.1)
ဤအချိန်အခါတွင် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူသည်
ကောင်းကင် တမန်များနှင့်အတူလက်တွဲပြီး အမှုတော်ဆောင်ရွက်သောသူ ဖြစ်သည်။
ဘုရားသခင်သည် တပည့်တော်များကို အဆုံးတိုင် ကာကွယ်ကျွေးမွေး လျက်ပို့ဆောင်ပါသည်။
အခန်းကြီး - ၈
မတူညီသည့်ဝတ်ပြုကိုးကွယ်ခြင်းဓလေ့ထုံးစံနှစ်မျိုးကိုနှိုင်းယှဉ်ပါ
ဓမ္မရာဇဝင်တတိယစောင် ၁၈း၂၆-၂၉ ဗာလဘုရား ကိုးကွယ်မှု
ဓလေ့ကို ကျမ်းစာအရ၊ “သူတို့သည် လူများပေးသောနွားကိုယူ၍ လုပ်ပြီး လျှင်
အိုဗာလဘုရား၊ အကျွန်ုပ်တို့အားထူးတော်မူပါဟု နံနက်အချိန်မှစ၍
မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။
သူတို့သည် ကိုယ်တည်သော ယဇ် ပလ္လင်ရှေ့မှာကခုန်ကြ၏။ မွန်းတည့်အချိန် ဧလိယက
ကျယ်သောအသံ နှင့်ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေ တော်မူ၏။
သို့မဟုတ် တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ်
ကျိန်းစက်တော်မူသောကြောင့် တစ်စုံ တစ်ယောက်သောသူသည် နိုးရမည်ဟု ပြက်ရယ်ပြု၍ဆို၏။
သူတို့သည် လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ
ဓား၊ သံစူးနှင့်ကိုယ်ကိုရှစေကြ၏။ မွန်းလွဲ၍ ညဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင်
ပုရောဖက်ပြုကြသော်လည်း ဗျာဒိတ်သံမရှိ၊ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊”
ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ကြသော ဓလေ့ထုံးစံများမှာ ယနေ့ ခရစ်ယာန်ဂိုဏ်းဂဏ တချို့၏
ဝတ်ပြုကိုးကွယ်ခြင်းနှင့်အလားသဏ္ဌာန်တူပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၃၆၊၃၇
ထာဝရဘုရားကိုးကွယ်မှု ဓလေ့ကို ကျမ်းစာအရ၊ “ညဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပုရော ဖက်
ဧလိယသည် ချဉ်းလာ၍ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်
ဣသရေလအမျိုး၏ ဘုရား သခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော် ကျွန်ဖြစ်၍
အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို လည်းကောင်း၊
ယနေ့သိကြပါစေသော၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊
ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည် သိစေခြင်းငှါ
အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင် တော်မူပါဟု ဆုတောင်းလေ၏။”
အော်ဟစ်ခြင်း၊ ကခုန်ခြင်း၊ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်းမပါသော
ရိုးရှင်းဝတ်ပြုကိုးကွယ်မှု ဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၃၈၊၃၉ ဝတ်ပြုကိုးကွယ်မှု
မှန်ကန် ကြောင်းကို ကောင်းကင်မှ ကျလာသောမီးဖြင့် ဘုရားသခင်အသိအမှတ် ပြုလေ့ရှိပါသည်။
ဧလိယဟောပြောသည့် သတင်းစကားသည် ကောင်း ကင်မှကျလာသော မီးကြောင့် တန်ခိုးပါရှိခြင်း ဖြစ်ပါသည်။
“ထိုအခါ ထာဝရဘုရား၏ မီးသည် ကျသဖြင့် မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊
မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ ၏။ လူအပေါင်းတို့သည် မြင်လျှင်
ပျပ်ဝပ်၍ ထာဝရဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်
ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။” နောက်ဆုံးသော အချိန်တွင် တန်ခိုးပါသော တရားဟော ချက်များကြောင့်
လူအများပြောင်းလဲကြပါသည်။ အီးဂျီဝှိုက်၏ ကောက် နုတ်ချက်။
“No sooner is the prayer of Elijah ended than flames of
fire, like brilliant flashes of lightning, descend from heaven upon the
upreared altar, consuming the sacrifice, licking up the water in the trench,
and consuming even the stones of the altar. The brilliancy of the blaze
illumines the mountain and dazzles the eyes of the multitude. In the valleys
below, where many are watching in anxious suspense the movements of those
above, the descent of fire is clearly seen, and all are amazed at the sight. It
resembles the pillar of fire which at the Red Sea separated the children of Israel
from the Egyptian host.” “ဧလိယ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်
ကောင်းကင်မှ မီးလျှံများသည် လျှပ်စီးလက်သောမီးတောက်များပမာ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်လာ
ပြီး ယဇ်ကောင်ကိုလည်းကောင်း၊ ပလ္လင်ပတ်လည်ရှိရေကိုလည်းကောင်း
ကျောက်တုံးများကိုပင်လျှင် လောင်ကျွမ်းသွားပါသည်။ အလွန်စူးရှသော အလင်းတန်းများကြောင့်
လူအုပ်ကြီးမှာလည်း မျက်စိကျိန်းခဲ့ရပါသည်။ ချိုင့်ဝှမ်းတွင် စောင့်ကြည့်နေသော သူများသည်
ကျလာသော မီးလျှံ ကြောင့် အံ့ဩတွေဝေကြပါသည်။ အဲဂုတ္တုပြည်မှ ထွက်လာခဲ့သည့် ဣသ ရေလလူမျိုးများ
ပင်လယ်နီကို ကျော်ဖြတ်နိုင်ရန်အတွက် ရေမျက်နှာပြင် ကိုနှစ်ခြမ်းခွဲခဲ့သော
မီးတိုင်ပမာဖြစ်ပါသည်။” (PK 152.4)
အခန်းကြီး - ၉
ရှင်ဘုရင်၊
ပြည့်တန်ဆာနှင့် မိစ္ဆာပုရောဖက်တို့၏ နိဂုံးကို မသိလျှင်
တရားဟောချက်ပြည့်စုံမှုမရှိပါ
ဓမ္မရာဇဝင်တတိယစောင် ၁၈:၄ဝ တွင်
မိစ္ဆာပုရောဖက်တို့၏ နိဂုံး အဆုံးကို ဦးစွာဖော်ပြထားပါသည်။ “ဧလိယကလည်း
ဗာလ၏ပုရောဖက် တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွှတ်စေနှင့်ဟု စီရင်သည့် အတိုင်း
သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိစ္ဆန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။”
ထာဝရဘုရား၏ တန်ခိုးတော်အားဖြင့် စာတန်နှင့် သူ၏လုပ်ဖော်ဆောင်ဖက်များ
ကျဆုံးရခြင်းဖြစ်ပါသည်။
“Yet even in their discomfiture and in the presence of
divine glory, they refuse to repent of their evil-doing. They would still
remain the prophets of Baal. Thus they showed themselves ripe for destruction.
That repentant Israel may be protected from the allurements of those who have
taught them to worship Baal, Elijah is directed by the Lord to destroy these
false teachers. The anger of the people has already been aroused against the
leaders in transgression; and when Elijah gives the command, “Take the prophets
of Baal; let not one of them escape, they are ready to obey. They seize the
priests, and take them to the brook Kishon, and there, before the close of the
day that marked the beginning of decided reform, the ministers of Baal are
slain. Not one is permitted to live.”
“ဘုရားသခင်၏ ဘုန်းတော်ရှေ့တွင် စိတ်မသက်မသာ အခြေ
အနေရှိလင့်ကစား မိမိတို့၏ မိုက်ပြစ်များကို ဝန်ချတောင်းပန်ရန် ထိုသူ များငြင်းဆန်လျက်ပင်
ရှိနေပါသည်။ ဖျက်ဆီးရန် သင့်လျော်ကြောင်း မိမိတို့၏ အသက်တာဖြင့် ဖော်ပြလျက်ရှိပါသည်။
နောင်တရသော ဣသရေလလူမျိုးတို့သည် ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းမပြုရန်
ပုရောဖက်အတုအယောင်များကို ဖျက်ဆီးရန် ဧလိယကို ဘုရားသခင် မိန့်တော်မူပါသည်။
လူထုကြီးသည် မိမိတို့ဘာသာရေး ခေါင်းဆောင်များ ၏ မှားယွင်းမှုအပေါ်
အမျက်ထွက်လျက်ရှိပြီး ဧလိယ၏ အမိန့်ကိုနာခံ လျက် ယဇ်ပုရောဟိတ်များကို
ကိရှန်ချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ကာ
ထိုပြန်လည်ပြုပြင်ရေးလှုပ်ရှားမှုကာလတွင် ဗာလဘုရား၏ ပုရော ဖက်များကို
တစ်ယောက်မျှမကျန်သတ်ဖြတ်လိုက်ပါသည်။” (PK 153.2)
တစ်ချိန်က သူတို့ကိုသဘောကျပြီး
လက်ခုပ်တီးသောလက်များ၊ နှစ်သက်လွန်းလို့ လက်ထောင်ထောက်ခံသည့်လက်၊ ယခုအချိန်မှာ ကျေနပ်မှုမရှိသောကြောင့်
သူတို့ကို ပြန်သတ်မည့်လက်များဖြစ်လာပါ သည်။ ယုံကြည်သူများ နောင်တရရှိသော အချိန်တွင်
နောင်တတရားမရှိ သည့် တရားဟောဆရာများ ဖျက်ဆီးခံရမည့် လက္ခဏာဖြစ်သည်။ အာဟပ်နှင့် ယေဇဗေလဇာတ်သိမ်းပိုင်းဖြစ်သော်လည်း
ဇာတ်လမ်းဆက် ရန်ဖြင့် ဓမ္မဟောင်းကျမ်းကို အဆုံးသတ်ခြင်းမှာလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၂၁း၂၃၊၂၄
အာဟပ်မင်းနှင့်ယေဇဗေလ တို့၏ နိဂုံးအဆုံးကို ကြိုတင်ဖော်ပြထားသော
အနာဂတ္တိစကားဖြစ်သည်။ “ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူသည်ကား ယေဇရေလမြို့ ရိုးနားမှာ
ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်။ အာဟပ်အမျိုး သည် မြို့ထဲမှာ သေလျှင်
ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုး ကောင်းကင်ငှက်စားလိမ့်မည်ဟု
မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။”
အာဟပ်မင်းနှင့် ယေဇဗေလတို့၏ နိဂုံးအဆုံးသည်
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၉ တွင်ပါရှိသော နောက်ဆုံးကာလတွင် သားရဲနှင့်သူ၏
ရုပ်တုကိုကိုးကွယ်သောသူများနှင့် အလားသဏ္ဌာန်တူပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၂၂:၃၇၊၃၈
အာဟပ်မင်းအမှန်သေဆုံး သောအချိန်တွင် “ထိုသို့ ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက်သဖြင့်
သင်္ဂြိုဟ်ခြင်းကိုခံရ၏။ ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ဆေးသဖြင့်
ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီ ခွေး တို့သည် အသွေးကိုလျက်ကြ၏။”
ဘုရားသခင်ပြဋ္ဌာန်းထားသည့်အတိုင်း သေရသည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၉း၈၊၉ ယေဇဗေလအတွက်
နိဂုံးအဆုံး ကိုလည်း ကျမ်းစာတွင်ဖော်ပြထားပါသည်။ “အာဟပ်အမျိုးသားရှိသမျှ တို့ကို
ပျက်စီးစေခြင်းငှါ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊
အာဟပ်အမျိုးသားယောက်ျားများကို ငါ ပယ်ဖျက်မည်။ အာဟပ်အမျိုးကို နေဗတ်၏
သားယေရောဗောင်အမျိုး ကဲ့သို့လည်းကောင်း၊ အဟိယ၏ သားဗာရှာအမျိုးကဲ့သို့လည်းကောင်း
ဖြစ်စေရမည်။ ယေဇဗေလကို သင်္ဂြိုဟ်သောသူမရှိ။ ယေဇရေလ မြေ ကွက်၌ ခွေးတို့သည်
သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူ၏။”
နှစ်ပေါင်းတစ်ထောင်အတွင်းဖြစ်မည့် အကြောင်းအရာကို
သရုပ် ပြထားခြင်းဖြစ်သည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၉:၃၀။ ၉:၃၂ - ယေဇဗေလမသေမီ
နောက်ဆုံးသောအချိန်တွင် သေသေချာချာ အလှပြင်ထားပါသည်။ “ယေ ဟုသည်
ယေဇရေလမြို့သို့ ရောက်သည်ကို ယေဇဗေလသည်ကြားလျှင် မျက်ခမ်းတို့ကိုဆေးသုတ်၍ ဆံပင်ကို
တန်ဆာဆင်ပြီးမှ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက်နေ၏။ ယေဟုသည်မျှော်ကြည့်၍
ငါ့ဘက်မှာအဘယ်သူနေ သနည်း။ အဘယ်သူဟုမေးလေသော် မိန်းမစိုးနှစ်ယောက် သုံးယောက် တို့သည်
ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။”
ယေဟု၏ တပ်သားများအပေါ်ထပ်သို့ တက်သွားပြီး
အပေါ်မှ တွန်းချခံ ရသောကြောင့် သွေးပန်းထွက်ပြီး ခွေးများစားခြင်းဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ တွင်ဖော်ပြထားသော ဗာဗုလုန်မြို့ကြီးပြိုလဲ ပါပြီ။
ဓမ္မရာဇဝင်စတုတ္ထစောင် ၉း၇
သန့်ရှင်းသူများကို မတရားပြုကျင့် ခဲ့မှုများအတွက်
ဘုရားသခင်သည် တရားမျှတစွာ စီရင်ပေးပါသည်။ “ငါ့ ကျွန် ပုရောဖက်တို့ကို သတ်သောအပြစ်၊
ထာဝရဘုရား၏ပုရောဖက် အပေါင်းကို သတ်သောအပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း
သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။” ကျမ်း သုံးဝေါဟာရများကို မှတ်ထားပါ။
နောက်ဆုံးကာလတွင် ဖြစ်မည့်အရာ များအတွက် ပုံစံငယ်ဖြစ်သည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈:၄၃၊၄၄ တွင်
ကပ်ဘေးအမျိုးမျိုး ဖြင့် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းကို
ကြံ့ကြံ့ခံရင်ဆိုင်နေရသောသူကို မစကူညီရန်၊ “မိမိကျွန်အား သင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆို
သည့်အတိုင်း ကျွန်သည်တက်၍ ကြည့်ရှူလျှင် အဘယ်အရာမျှမရှိပါဟု ပြောဆို၏။ ဧလိယက
ခုနစ်ကြိမ်တိုင်အောင် သွား၍ကြည့်ရှုဦးလော့ဟုဆို ၏။ ခုနစ်ကြိမ်မြောက်သောအခါ
လူလက်နှင့်တူသောမိုးတိမ်ငယ်တစ်ခု သည် ပင်လယ်ထဲကတက်ပါ၏ဟုဆိုသော်
အာဟပ်မင်းထံသို့သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်
မင်းကြီးပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟုမှာလိုက်လေ၏။
လူလက်နှင့်တူသော မိုးတိမ်သည် မိုးသားကို ဆောင်ယူခဲ့သကဲ့သို့
ပုရောဖက်ဧလိယကိုလည်း ထာဝရအသက်ရှင်ခြင်းသို့ ပြောင်းလဲပေး သော
မိုးတိမ်လည်းဖြစ်ပါသည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၂း၁၁၊၁၂ ဧလိယ
(ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု) ကို ရင်ဆိုင်ကျော်လွှားလျက်
ကပ်ဘေးအမျိုးမျိုးကျော်လွှားပြီး မှ ထာဝရအသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်းခံရသည်။
“ထိုသို့နှုတ်ဆက် လျက်သွားကြစဉ်တွင် မီးရထားနှင့်မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူ နှစ်ယောက်တို့ကို
ခွဲခွာသဖြင့် ဧလိယသည် လေပွေအားဖြင့် ကောင်းကင် သို့တက်လေ၏။
ဧလိရှဲသည်ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလ ရထား၊ ဣသရေလမြင်းပါတကားဟု
ဟစ်သော်လည်း နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။”
ရာဇဝင်သမိုင်းထဲမှ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုပြီးပါပြီ။
သို့ သော် ဧလိယဆက်လာမည်။ မျှော်နေပါ။
မာလခိဖော်ပြချက်အရ
ဧလိယနောက်တစ်ကြိမ်ပေါ်လာမည်။
လာမည့်သင်ခန်းစာကိုမျှော်ပါ။
********
အခန်းကြီး - ၁၀
၂။
တမန်တော်များနှင့်သက်ဆိုင်သည့်ဧလိယ
(New
Testament)
ဆုတောင်း
မာလခိ ၄း၅၊၆ ဓမ္မဟောင်းကျမ်းတွင်
ဆက်ရန်ရှိသော ဝေါဟာရ အသုံး အနှုန်းများဖြင့် မျှော်လင့်ပြီး အသက်ရှင်ကြရန်
ရည်မှန်းချက်ဖြင့် နိဂုံးချုပ်ထားပါသည်။ “ကြည့်ရှုလော့၊ ထာဝရဘုရား၏ ကြောက်မက် ဖွယ်
သောနေ့ရက်ကြီးမရောက်မီ ပုရောဖက်ဧလိယကို သင်တို့ ရှိရာသို့ ငါစေလွှတ်မည်။ ငါသည် လာ၍
သင်တို့၏ ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ် မခတ်မည်အကြောင်း ထိုပုရောဖက်သည် သားတို့နှင့်
အဘတို့ကို လည်းကောင်း၊ အဘတို့နှင့်သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ် စေမည်ဟု
မိန့်တော်မူ၏။” ကောင်းကင်သို့ ဧလိယချီဆောင်ခြင်းခံရပြီး နောက် နှစ်ပေါင်း ၃ဝဝ
ကျော် အချိန်တွင် ရေးခဲ့သော ကျမ်းပိုဒ်ဖြစ်ပါ သည်။ မာလခိကျမ်းတွင် မေရှိယမကြွလာမီ
ပုရောဖက်ဧလိယကို မျှော် လင့်ကြရန် ရည်ညွှန်းထားခြင်းဖြစ်သည်။ ဓမ္မသစ်အချိန်၌
ကြွလာမည့် ဧလိယမှာ မည်သူဖြစ်သနည်း။ မည်သူက မေရှိယ ကြွလာမည့်လမ်းကို ပြင်ဆင်သနည်း။
မာလခိကြိုတင်ပြောထားသော ဧလိယ မည်သူဖြစ်မည် နည်း။
အခန်းကြီး - ၁၁
ယနေ့ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသော
ပုရောဖက်ဧလိယ အကြောင်းကိုကျမ်းချက် ၃ ချက်ဖြင့်လေ့လာမည်
လုကာ ၁း၁၇ တွင် ဧလိယကြွလာသောအချိန်၌
သူဆောင်ရွက် မည့် တာဝန်များကိုဖော်ပြထားပါသည်။ နှစ်ခြင်းဆရာယောဟန်၏ ဖခင် ဖြစ်သူကို
ကောင်းကင်တမန်က ပြောသောစကားဖြစ်ပါသည်။ နှစ်ခြင်း ဆရာယောဟန်သည်
ကြွလာမည့်ဧလိယဖြစ်ကြောင်း ကြိုတင်အသိပေး ခြင်းဖြစ်သည်။ “အဘတို့နှင့်သားတို့ကို
အသင့်အတင့်ဖြစ်စေခြင်းငှါလည်း ကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်း
သို့ ပြောင်းလဲစေသောအားဖြင့် ထာဝရဘုရားအဖို့အလို့ငှါ ပြင်ဆင်သော လူမျိုးဖြစ်စေခြင်းငှါလည်းကောင်း
သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုး နှင့်ပြည့်စုံလျက် ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု
ကောင်းကင် တမန်ပြောဆို၏။”
မဿဲ ၁၇း၁ဝ-၁၃ ခရစ်တော်ကိုယ်တိုင်
နှစ်ခြင်းဆရာယောဟန် သည် ကြွလာမည့် ဧလိယဖြစ်ကြောင်း အတည်ပြုထားပါသည်။ “ထိုအခါ
တပည့်တော်တို့က ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့ သည် အဘယ်ကြောင့်ဆိုပါသနည်းဟု
မေးလျှောက်ကြလျှင် ယေရှုက ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။
ငါဆို သည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အား ပြုချင်သမျှကိုပြုကြပြီ။
ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်
ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့် တော်မူကြောင်းကို
တပည့်တော်တို့သည်နားလည်ကြ၏။” ဓမ္မသစ်ကျမ်း တွင်ဖော်ပြထားသော ပုရောဖက် ဧလိယသည်
နှစ်ခြင်းဆရာယောဟန် ကိုရည်ညွှန်းခြင်းဖြစ်ကြောင်း ခရစ်တော် သေသေချာချာ သက်သေခံပါ သည်။
မဿဲ ၁၁း၁၀-၁၄ တွင် ကြွလာမည့် မေရှိယအကြောင်း ဖြစ်ရုံသာ
မက ဘုရားသခင်၏အကြံအစည်လည်းဖြစ်ပြီး လူတို့၏အစီအစဉ်မဟုတ် ကြောင်း ဖော်ပြထားသည်။ “ကျမ်းစာလာသည်ကား၊ ကြည့်ရှုလော့၊ သင် သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌
ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။ ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသော သူတို့တွင်
ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော သူတစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း
ကောင်းကင်နိုင်ငံတော်တွင်အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။
ဗတ္တိဇံဆရာယောဟန် လက်ထက်မှစ၍ယခုတိုင်အောင်ကောင်းကင်နိုင်ငံတော်ကိုအနိုင်အထက် ပြုကြ၏။
အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။ ယောဟန်မရှိမီတိုင်အောင်
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။ သင်တို့သည် ငါ့စကားကို
နာခံလျှင် ဤသူကား လာလတ္တံ့သောဧလိယဖြစ်သတည်း။”
နှစ်ခြင်းဆရာယောဟန်သည် ဘုရားသခင်၏ ရည်မှန်းချက်ဖြင့်
စေလွှတ်သောသူဖြစ်ကြောင်း ခရစ်တော်မှ ထပ်လောင်းအတည်ပြုခြင်း ဖြစ်ပါသည်။
လုကာအခန်းကြီး (၁) ဇာခရိသို့ ကောင်းကင်တမန်ပြော သော စကားတွင်လည်း
နှစ်ခြင်းဆရာယောဟန်သည် ဘုရားသခင်စေ လွှတ်သော ပုရောဖက်ဧလိယပင် ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦး
တစ် ယောက်ကိုရည်ညွှန်းသောဧလိယမဟုတ်ပါ။
ဖာရိရှဲတို့၏ခံယူချက်အရ ပုရောဖက်ဧလိယသည်
လူဝင်စားခြင်း ဖြင့် ပြန်လာမည်ဟု ယူဆကြပါသည်။ ထိုကြောင့် သံသယကြီးစွာဖြင့် နှစ်ခြင်းဆရာ
ယောဟန်ကို မေးကြသည်မှာ “သင်သည် ဧလိယဖြစ် သလော၊” နှစ်ခြင်းဆရာ ယောဟန်ကလည်း “ငါသည်
ဧလိယမဟုတ်” ဟုပြန်ဖြေဆိုခဲ့ပါသည်။ ခရစ်တော်၏ သက်သေထွက်ဆိုချက်နှင့် ယော ဟန်၏ ဝန်ခံချက်နှစ်ခုမှာ
မတူညီဘဲ အဘယ်ကြောင့် ကွဲလွဲပါသနည်း။ မတူညီသော ရှုထောင့်မှလာသည့်
ထွက်ဆိုချက်များဖြစ်ပါသည်။ ပုရော ဖက်ဧလိယမှ လူပြန်ဝင်စားသောကြောင့်ဖြစ်လာသော လူပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်မဟုတ်ဘဲ ဧလိယ၏စိတ်ဝိညာဉ်ကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွင်
ဆောင်ရွက်ခြင်းကိုသာဆိုလိုသည်။
အခန်းကြီး - ၁၂
ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသောဧလိယ၏သာသနာ့ပန်းတိုင်
ဓမ္မဟောင်းအချိန်တွင်
ပုရောဖက်ဧလိယ၏သာသနာလုပ်ငန်းမှာ ဝိညာဉ်ရေးဖောက်ပြန်သော
ဣသရေလလူမျိုးအားလုံး ဘုရား၏ တရား တော်ကို ခွဲခြားသိမြင်ပြီး မှန်ကန်သော ဝတ်ပြုကိုးကွယ်ခြင်းဖြင့်
ရွေးချယ် ကြရန် ဘုရားစေလွှတ်ထားသော ရည်ရွယ်ချက်အတိုင်း အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။
နိုင်ငံရပ်ခြားတိုင်းတစ်ပါးဖြစ်သော ပါလက် စတိုင်း၊ ဆီးရီးယား၊ အဲဂုတ္တုနိုင်ငံသို့
တရားဟောပြောရန် စေလွှတ်ခြင်း မဟုတ်ပါ။ ဣသရေလနိုင်ငံတော်၏ အိမ်တွင်းသာသနာပြုပြင်ပြောင်းလဲ
ရေးလှုပ်ရှားမှုလုပ်ငန်း ဖြစ်ပါသည်။ အိမ်တော်သားများ ဘုရာသခင်ထံ တော်သို့ ပြန်လာကြရန်
ခေါ်သည့်တရားဖြစ်ပါသည်။
ကျမ်းစာအရ ခရစ်တော် လူသားဇာတိခံယူရန် ကြွလာသော ကာလသည်
ဣသရေလလူမျိုးများ ဝိညာဉ်ရေးဖောက်ပြန်သော အချိန် ဖြစ်ပါသည်။
ရုပ်တုနှင့်ရောယှက်သည့် ဗာလဘုရားကိုးကွယ်မှုမဟုတ်ဘဲ တရားသေအယူဝါဒကို စွဲလမ်းသော ဖောက်ပြန်ရေးလမ်းစဉ်ကြောင့်
ဖြစ် သည်။ ခရစ်တော်မကြာခဏ ဆုံးမသွန်သင်ရသော (ကောင်းကင်နိုင်ငံ တော်သို့
မိမိကောင်းမှုကုသိုလ်ဖြင့် မိမိသဘောအတိုင်းရောက်ရှိနိုင်သည့် လမ်း)
ဖောက်ပြန်မှုအမှားမျိုး ဖြစ်ပါသည်။ နှစ်ခြင်းဆရာယောဟန် ရောက်ရှိလာသောအချိန်တွင်လည်း
ဤဖောက်ပြန်မှု အမှားမျိုးအတိုင်း ဖြစ်ပါ သည်။
အခန်းကြီး - ၁၃
ဓမ္မသစ်အချိန်ဧလိယ၏သာသနာ့ပန်းတိုင်အကြောင်း
ကျမ်းချက်များကိုဖတ်ကြစို့
လုကာ ၁း၁၆ နှစ်ခြင်းဆရာယောဟန်၏ သာသနာ့ပန်းတိုင်ဖြစ်ပါ
သည်။ “ဣသရေလ အမျိုးသားများတို့ကို သူတို့၏ ဘုရားသခင်ထာဝရ ဘုရားထံတော်သို့
ပြောင်းလဲစေလိမ့်မည်။” ဣသရေလအမျိုးသားအများ တို့ကို ဖောက်ပြန်နေသော အခြေအနေမှ
ဘုရားသခင်ထံတော်သို့ ပြောင်း လဲစေသော အမှုတော်ဖြစ်သည်။ နောက်လာမည့် သင်ခန်းစာများတွင်
ယနေ့အခြေအနေအရပြောရမည်ဆိုလျှင် လမ်းလွဲနေသော ခရစ်ယာန် လောကကို ဘုရားသခင်ထံတော်သို့
ပြောင်းလဲစေသော အမှုတော်ဖြစ် သည်။
လုကာ ၁း၁၇ တွင် နှစ်ခြင်းဆရာယောဟန်၏အခန်းကဏ္ဍများကို
ဖော်ပြထားပါသည်။ “အဘတို့နှင့်သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ လည်းကောင်း၊
ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာ လမ်းသို့ ပြောင်းလဲစေသောအားဖြင့်
ထာဝရဘုရားအဖို့အလို့ငှါ ပြင်ဆင် သောလူမျိုးဖြစ်စေခြင်းငှါလည်းကောင်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်
တန်ခိုးနှင့် ပြည့်စုံလျက် ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု
ကောင်းကင်တမန်ပြောဆို၏။”
မဿဲ ၁၁း၁ဝ တွင် ကြွလာမည့် မေရှိယအတွက်
ဘုရားသခင်ကြံ စည်ထားသော အခန်းကဏ္ဍများဖြစ်ပါသည်။
“ကျမ်းစာလာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏ တမန်ကို သင့်ရှေ့၌
ငါစေလွှတ်၏ ဟုဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။” မေရှိယအတွက် ရှေ့တော်ပြေးဖြစ်သည်။
လမ်းလွဲနေသော ဣသရေလများက မေရှိယကြွ လာသောအခါ ပြန်လည်၍ လက်ခံနိုင်ရန် နှလုံးသားကို ပြင်ဆင်ပေးသော
သူဖြစ်သည်။
လုကာ ၃း၄၊၅ တွင် ဧလိယ၏ အမှုတော်အားဖြင့်
ဣသရေလ လူမျိုးများ ခံစားရမည့် ကောင်းချီးမင်္ဂလာများမှာ
“ချိုင့်ဝှမ်းရာရှိသမျှတို့ ကိုဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။
ကောက်သော လမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ် သင်ပြင်ဆင်ရမည်။
လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော် မူခြင်းအကြောင်းကို မြင်ရကြလတ္တံ့ဟု လာသည်နှင့်အညီ။”
လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း
အကြောင်းကို မြင်ရကြမည်။ ချိုင့်ဝှမ်းဖို့ရမည်။ တောင်ကြီးတောင်ငယ်ဖြို ရမည်။
ကောက်သောလမ်း ဖြောင့်စေရမည်။ ကြမ်းတမ်းသောလမ်း ပြင် ဆင်ရမည်။ မည်သည့်အရာကို ရှင်လုကာဆိုလိုသနည်း။
ဝေါဟာရများ ဖြင့် ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ဧလိယ၏ အခန်းကဏ္ဍများမှာ လူ သားတို့၏
ပျက်စီးယိုယွင်းနေသော အကျင့်စာရိတ္တကို တည့်မတ်စေရန် ပြုပြင်ပေးရမည့်တာဝန်များ ဖြစ်ပါသည်။
အီးဂျီဝိုက်၏ ကောက်နုတ်ချက်အထဲမှ
စာပိုဒ်နှစ်ခုကို ဖတ်ခွင့်ပေးပါ။
Anciently, when a king journeyed through the less frequented
parts of his dominion, a company of men was sent ahead of the royal chariot to
level the steep places and to fill up the hollows, that the king might travel
in safety and without hindrance. This custom is employed by the prophet to
illustrate the work of the gospel. (DA 135.1)
“ရှေးအချိန်က ရှင်ဘုရင်များ တိုင်းခန်းလှည့်လည်ရန်
အသွား အလာနည်းသည့်ဒေသများတွင် အဟန့်အတားမရှိစေရန် ရှေ့တော်ပြေး စစ်သည်တော်များကို စေလွှတ်၍
ခရီးစဉ်အားလုံးကို ကြိုတင်ပြင်ဆင် သောအလေ့ရှိပါသည်။
ဧဝံဂေလိအမှုတော်လုပ်ငန်းကိုလည်း ဤကဲ့သို့ ပင်တင်စားဖော်ပြထားပါသည်။” (DA 135.1)
The work of reformation here brought to view by John, the
purging of heart and mind and soul, is one that is needed by many who today
profess to have the faith of Christ. Wrong practices that have been indulged in
need to be put away; the crooked paths need to be made straight, and the rough
places smooth. The mountains and hills of self- esteem and pride need to be
brought low. There is need of bringing forth “fruits meet for repentance”
(Matthew 3:8). When this work is done in the experience of God's believing
people, "all flesh shall see the salvation of God" (Luke 3:6)....(AG
249.2) God's Amazing Grace.
“ယနေ့ သခင်ခရစ်တော်ကို ယုံကြည်ပါသည်ဟု ဆိုသူတို့သည်
နှစ်ခြင်းဆရာယောဟန် ဟောကြားခဲ့သည့် ကိုယ်စိတ်နှလုံးပြုပြင်ခြင်း တည်းဟူသော
ဝိညာဉ်ရေးပြောင်းလဲခြင်းကိုလိုအပ်နေပါသည်။ မှားယွင်း သော အပြုအမူများကို
ဖယ်ရှားရမည်။ ကွေ့ကောက်သောလမ်းများကို ဖြောင့်တန်းစေရမည်။ ကြမ်းတမ်းသော လမ်းများကို
ချောမွေ့စေရမည်။ မိမိကိုယ်ကို အထင်ကြီးခြင်းနှင့် မာနတရားတည်းဟူသော တောင်ကုန်း များကို
မြေပြန့်ဖြစ်စေရမည်။ “နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့် ကို ကျင့်ကြလော့။” (မဿဲ
၃း၈) ထိုကဲ့သို့လုပ်ဆောင်သောအခါ “ဘုရား သခင်ကို ယုံကြည်သူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကို
မြင်ရ ကြလတ္တံ့။” (လုကာ ၃း၆) (AG 249.2) God’s
Amazing Grace.
ကျောက်ဆောင်ကျောက်ခဲလိုမာကျောပြီး ခက်ထန်သော ပျက်စီး
ယိုယွင်းနေသည့်အကျင့်စာရိတ္တများကိုသံတုံးသံခဲများဖြင့် ထုချေဖျက်ဆီး ပစ်ရန် ဖြစ်ပါသည်။
မဿဲ ၁၇း၁၁ သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို
ဣသရေလ အမျိုး လက်ခံနိုင်ရန်ပြင်ဆင်ပေးသော အခန်းကဏ္ဍဖြစ်ပါသည်။ “ယေရှု က၊
ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။” (Restore) အသစ်တီထွင်ခြင်း မဟုတ်ပါ။ ကျမ်းစာ၏ သွန်သင်ချက် အတိုင်းသို့ ပြန်ပို့သည်။
ဧလိယ၏ သာသနာလုပ်ငန်းသည် ရှိပြီးသား တရားတော်ကို ပြန်လည်၍ လိုက်နာစေခြင်းသာလျှင်ဖြစ်ပါသည်။
အခန်းကြီး - ၁၄
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို
ယောဟန် မည်သို့ ဆောင်ရွက်ခဲ့ သနည်း။
မဿဲ ၃း၁-၃ တွင် နှစ်ခြင်းဆရာယောဟန်၏ ပြုပြင်ပြောင်းလဲ
ရေး လှုပ်ရှားမှုများကို ဖော်ပြထားပါသည်။“ထိုကာလအခါ ဗတ္တိဇံဆရာ ယောဟန်
သည်ပေါ်ထွန်းလျှင် ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ထို့ကြောင့်နောင်တရကြလော့ဟုယုဒတော၌ဟောလေ၏။
ထို့ကြောင့် ပုရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကြော် သော သူ၏ အသံမှာ
ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟူသော အချက်၌
ထိုယောဟန်ကို ဆိုလို သတည်း။” ပျက်စီးနေသည့် ပဋိညာဉ်နှင့် ယဇ်ပလ္လင်ကို ပုရောဖက် ဧလိယပြန်လည်ပြုပြင်ခဲ့ရသည့်အကြောင်း
လွန်ခဲ့သော သင်ခန်းစာတွင် လေ့လာခဲ့ပြီးပြီ။ နှစ်ခြင်းဆရာယောဟန်သည်လည်း
ဓမ္မသစ်အချိန်တွင် ဧလိယ၏ အခန်းကဏ္ဍများကို ဆက်ပြီးဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ဣသရေလ လူမျိုးများသည် မိမိတို့၏ ဝတ်ပြုကိုးကွယ်မှု
အကြောင်းကို မှန်ကန်စွာ နားလည်ခြင်းမရှိ။ မိစဉ်ဘဆက်၏ ရိုးရာဖြစ် သော
ထုံးတမ်းစဉ်လာများကိုသာ လိုက်နာကြပါသည်။
အခန်းကြီး - ၁၅
ဧလိယသည်
ဓမ္မသစ်အချိန်တွင် သခင်စရစ်တော်ကိုဗဟိုပြုသည့် တရားကိုဟောပါသည်
ယောဟန် ၁း၂၉ တွင် နှစ်ခြင်းဆရာယောဟန်သည်
သခင်ခရစ် တော်ကို ဣသရေလလူမျိုးများ၏ ကိုးကွယ်မှီခိုရာအဖြစ်ညွှန်ပြခဲ့ပါသည်။
“နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏ အပြစ်ကို ဆောင်သွားသော
ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” ဓမ္မဟောင်းအချိန်နှင့်ဓမ္မသစ်အချိန် ဧလိယသည်ဆက်ကပ်
ပူဇော်မှုကို ယဇ်ကောင်အဖြစ်ခံယူသော သခင်ခရစ်တော်ကို ကိုးကွယ် မှီခိုရာအဖြစ်
ညွှန်ပြခဲ့ပါသည်။
အခန်းကြီး - ၁၆
ဓမ္မသစ်အချိန်ဧလိယသည်
ပညတ်တရားတော်ကိုပြန်လည်
တည့်မတ်စေသည်
မာကု ၆း၁၈ မိမိအသက်ကိုပဓာနမထားဘဲ
သတ္တမပညတ်တော် ကို ဟေရုဒ်မင်းနာခံမှုမရှိကြောင်း ရဲရဲဝံ့ဝံ့ပြောပါသည်။
“အကြောင်းမူ ကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ ခင်ပွန်းကို မသိမ်းအပ် ဟု
ဟေရုဒ်အားဆိုလေပြီ။”
အခန်းကြီး - ၁၇
ဓမ္မသစ်အချိန်ဧလိယသည်
ဣသရေလလူမျိုးများကို ဝိညာဉ်အသီးသီးကြရန်ခေါ်တော်မူသည်
မဿဲ ၃း၈-၁ဝ ယောဟန်သည် ခရစ်တော်၏အကျင့်စာရိတ္တကို
အလင်း ပြန်နိုင်ရန် နောင်တအတွက်ခေါ်တော်မူသည်။ “နောင်တရခြင်း နှင့်ထိုက်တန်သောအကျင့်ကို
ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘ ဖြစ်သည်ဟူ၍ စိတ်ထဲမှာ မအောက်မေ့ကြနှင့်။
ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်သည်ဟု ငါ အမှန်ဆို၏။
သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍ ကောင်း သော အသီးမသီးသော အပင်ရှိသမျှတို့ကို
ခုတ်လှဲ၍ မီးထဲသို့ ချလိုက် ရ၏။
ယောဟန် ၁၅း၈
ယခုအသက်တာတွင် သန့်ရှင်းခြင်းလိုအပ်ကြောင်းကို လည်း ဟောပြောပါသည်။
“သင်တို့သည် များစွာသော အသီးကို သီးသော အားဖြင့် ငါ့ခမည်းတော်သည်
ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏ တပည့်မှန်ကြလိမ့်မည်။”
အခန်းကြီး - ၁၈
ဓမ္မသစ်အချိန်ဧလိယသည်တရားစီရင်မည့်သတင်းစကားကိုလည်း
ကြွေးကြော်ပါသည်
မဿဲ ၃း၁ဝ၊၁၂ လူနှစ်စုကိုသာ ခွဲခြားမည်။
အသက်တာသည် စုံ စမ်းစစ်ကြောသည့်စီရင်မှုရှိကြောင်းဟောပြောသည်။ ကယ်တင်ခံရသော သူနှင့်ပျက်စီးခြင်းလမ်းကို
ရွေးချယ်သောသူ နှစ်ဖွဲ့သာလျှင် ရှိပါသည်။
“သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍
ကောင်း သော အသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
လက်တော်တွင် ဆန်ကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်း စေသဖြင့်
မိမိဂျုံစပါးကိုကျီ၌စုသွင်းထား၍ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတ္တံ့ဟု
ယောဟန်ဟောပြော၏။” လက်တော်တွင် ဆန် ကောပါလျက် အဖျင်းကို ထုတ်ပစ်ခြင်းသည်
တရားစီရင်ခြင်းသတင်းဖြစ် ပါသည်။ ရွာမှာနေစဉ်အချိန်က စပါးတလင်းတွင် စပါးလှေ့ခြင်း သတိရပါ
သည်။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားခြင်းသည် ဝိညာဉ်တော် အသီး မရှိသောသူကိုခုတ်မည့်
သတင်းစကားဖြစ်ပါသည်။
အခန်းကြီး - ၁၉
ကျမ်းစာထဲမှာပုရောဖက်ဧလိယပေါ်လာတိုင်း
သူ့ကိုရန်မူသည့် မဟာမိတ်အဖွဲ့ကိုလည်းမြင်ရမည်
ဓမ္မဟောင်းကျမ်းစာကို ခရစ်ယာန်များ မနှစ်သက်ရခြင်း၏
အကြောင်းရင်းမှာ အသက်တာသည် ခက်ခဲပြီး မုန်တိုင်းပြင်းထန်သော ကြောင့်ဖြစ်ပါသည်။
သမ္မာတရားဟောပြောခြင်းကို မတရားသောသူများ နှစ်သက်မြတ်နိုးခြင်းမရှိချေ။ အပေးအယူမပါသောတရားကို
ဟောရခြင်း ဖြစ်သည်။ လူကြိုက်များပြီး ရေပန်းစားသော တရားမျိုးမပါပေ။ ဘုရား သခင်ပေးထားသော
စကားများကိုသာ ပြောရခြင်း ဖြစ်ပါသည်။ အမှန် အတိုင်း ဟောပြောသော
အချိန်တွင် သုံးပါတီ မဟာမိတ်ဖွဲ့ထားသော အသင်းကို အခက်တွေ့စေပါသည်။ ဓမ္မသစ်အချိန်ဧလိယကို
ဓမ္မဟောင်း အချိန်ကဧလိယကဲ့သို့ရန်မူသောအဖွဲ့ရှိပါသည်။ ဓမ္မဟောင်းတွင် အာဟပ် မင်း၊
ယေဇဗေလနှင့်ဗာလပုရောဖက်များ မဟာမိတ်ဖွဲ့ထားသော အသင်း ဖြစ်သည်။
နှစ်ခြင်းဆရာယောဟန်ကိုလည်း ဟေရုဒ်မင်းကြီး၊ ဟေရောဒိ နှင့်
အမေတူသမီးစလိုးမီမဟာမိတ်ဖွဲ့ထားသော ရန်မူသူများဖြစ်ပါသည်။
မာကု ၆း၁၄ ဤအချိန်တွင် နှစ်ခြင်းဆရာယောဟန်သည်
ထောင် ထဲတွင် စံမြန်းနေရသောအခြေအနေဖြစ်ပါသည်။ “ထိုအခါ သတင်းတော် ကျော်စောသည်ဖြစ်၍
ဟေရုဒ်မင်းကြီးသည်ကြားလျှင် ဗတ္တိဇံဆရာယော ဟန်သည် သေခြင်းမှထမြောက်လေပြီ။
ထို့ကြောင့်တန်ခိုးများကို ပြနိုင် သည်ဟုဆို၏။” “ထိုအခါသတင်းတော် ကျော်စောသည်”
သခင်ခရစ် တော်၏ ထင်ရှားကျော်စောခြင်းဖြစ်ပါသည်။ ခေါင်းဖြတ်ခြင်းခံရသော နှစ်ခြင်းဆရာယောဟန်သည်
သခင်ခရစ်တော်၌ လူပြန်လည် ဝင်စား သောကြောင့် စိတ်ဓာတ်နှင့်တန်ခိုးကြီးမားသော ပုရောဖက်ဧလိယအဖြစ်
ဟေရုဒ်မင်းထင်မှတ်ပါသည်။
အခန်းငယ် ၁၅ တွင်လည်း “လူအချို့က ဤသူသည်
ဧလိယဖြစ် သည်ဟုဆိုကြ၏။ အချို့က ရှေးပုရောဖက်ကဲ့သို့ ပုရောဖက်ဖြစ်သည်ဟု ဆိုကြ၏။”
လူထုကြားထဲမှာ သတင်းကျော်စောပြီး အလွန်ရေပန်းစား သောကြောင့်ဟေရုဒ်မင်းကြီးသည်ကြားလျှင်
မိမိခေါင်းဖြတ်သတ်ခဲ့သော ယောဟန်သည် ရှင်ပြန်ထမြောက်လာပြီးဟု ယူဆလျက် အလွန်ကြောက် ရွံ့၍
စိတ်ငြိမ်သက်ခြင်းမရှိ။ စိတ်ငြိမ်သက်မှုမရှိရသည့်အကြောင်းမှာ အခန်းငယ် ၁၇ တွင်
နှစ်ခြင်းဆရာ ယောဟန်ထောင်ကျပြီး ခေါင်းဖြတ် ခံရသော အကြောင်းရင်းဖြစ်ပါသည်။ “အထက်က
ဟေရုဒ်သည် မိမိ ညီ ဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိကိုသိမ်းယူသဖြင့် ထိုမိန်းမအကြောင်းကြောင့်
စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချည်နှောင်လေ ၏။”
ယောဟန်ကို ဘာကြောင့် ထောင်ချရသနည်း။
ယောဟန်ကို ဘာ ကြောင့် မုန်းတီးကြသနည်း။ မတရားသောမေထုန်အကြောင်း ဟောပြော သောကြောင့်
ဟေရောဒိ မနှစ်သက်ခြင်းဖြစ်သည်။ ဟေရောဒိသည် ဓမ္မဟောင်းအချိန်က ယေဇဗေလနှင့် အကျင့်စာရိတ္တအားလုံး
တူပါသည်။ ဟေရုဒ်မင်းကြီးသည်လည်း ဓမ္မဟောင်းအချိန်က အာဟပ်မင်းနှင့် အကျင့် စာရိတ္တအားလုံးတူပါသည်။
မာကု ၆း ၁၈ တွင် ဟေရောဒိမနှစ်သက်ရခြင်း၏ အကြောင်းရင်း
မှာ ယောဟန်သည် အမှန်အတိုင်းပြောသောကြောင့် ဖြစ်ပါသည်။
ယော ဟန်ကို ဘာကြောင့် ဟေရောဒိ သတ်ဖြတ်လိုသော စိတ်ပြင်းပြရသနည်း။ ဓမ္မဟောင်းအချိန်က
ဧလိယသည် အာဟပ်မင်းနှင့် ယေဇဗေလတို့၏ မတရားသော ပေါင်းသင်းဆက်ဆံခြင်းအကြောင်းကို
အမှန်အတိုင်းပြော ပါသလား။ “အကြောင်းမူကား ယောဟန်က အရှင်မင်းကြီးသည် ညီတော် ၏ခင်ပွန်းကို
မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။”
မာကု ၆း၁၉ ပညတ်တရားတော်အတိုင်း
ဟောပြောသွန်သင် သောကြောင့် အငြိုးထားခြင်းခံရပါသည်။ “ထိုကြောင့် ဟေရောဒိသည်
ယောဟန်ကို အငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။” (ဗျာဒိတ်ကျမ်းထဲ က နဂါးသည်
မိန်းမကို အငြိုးထား၏။) ဟေရောဒိသည် ယောဟန်ကို အငြိုးဖွဲ့ခြင်းနှင့်အတူတူဖြစ်ပါသည်။
သို့သော် ယောဟန်ကို အသေသတ် နိုင်ရန် သူမတွင် အခွင့်အာဏာမရှိချေ။
အမှန်တရားဟောပြောခြင်းသည် သူမအတွက် သေလောက်သော ဒဏ်ရာကဲ့သို့ခံစားရပါသည်။
ထို့ကြောင့် လုပ်ပိုင်ခွင့်ရှိသောသူ၊ အာဏာပိုင်သောသူကို သူမစည်းရုံးရခြင်းဖြစ်ပါ သည်။
မာကု ၆း၂၀ ဟေရုဒ်မင်းသည် ယောဟန်ကို ရိုသေလေးစားသူဖြစ်
ပါသည်။ ဓမ္မဟောင်းအချိန်က အန္တရာယ်အရှိဆုံးသူက မည်သူနည်း။ ယေဇဗေလ၊
ဓမ္မသစ်အချိန်တွင်လည်း အန္တရာယ်အရှိဆုံးသူက မည်သူ နည်း။ ဟေရောဒိ၊
ဤပုံဆောင်မှုနှစ်ခုလုံးတွင် မတရားသောမေထုန်ကို ကျင့်သုံးသော ပြည့်တန်ဆာသည်
အန္တရာယ်အရှိဆုံးသူ ဖြစ်ပါသည်။ နောက်ဆုံးကာလတွင်လည်း ပြည့်တန်ဆာမသည်
အန္တရာယ်အရှိဆုံးသူ ဖြစ်ပါသည်။ “သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသော သူဖြစ်ကြောင်းကို
ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။ သူ့ကို လည်း စောင်မ၏။ အမှုအရာများတို့၌ သူ၏
စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့်
ထိုမိန်းမသည် အခွင့်မရနိုင်။” ဘေးအန္တရာယ်ကျရောက်သော အချိန် သည်
ရှင်ဘုရင်နှင့်ပြည့်တန်ဆာတို့၏ စုံဖက်ခြင်းနှင့် ပြည့်တန်ဆာကို သမီးဖြစ်သူက
ကူညီမစသောအချိန်ဖြစ်ပါသည်။
အခန်းကြီး - ၂၀
မာကုအခန်းကြီး
၆ ကိုဆက်ပြီးလေ့လာသောအခါ
မာကု ၆း၂၁ တွင် အခွင့်အရေးရလာသည်နှင့်တစ်ပြိုင်တည်း
အချိန်၌ ပြည့်တန်ဆာမ၏ အငြိုးထားမှုသည် အပြုအမူအဖြစ်သို့ ထွက် ပေါ်လာပါသည်။
“ထိုနောက်မှအဆင်သင့်သောအခါ ဟေရုဒ်ကိုဖွားသော နေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊
စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲ ဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်”
မွေးနေ့ပွဲတွေမှာ ဘာတွေကို သုံး ဆောင်ကြသနည်း။ ရေကိုသောက်သလား။ စပျစ်ရည်ကို သောက်ကြပါ
သည်။ လှည့်စားတတ်သော စပျစ်ရည်အကြောင်းကို အီးဂျီဝိုက်၏ ကောက်နုတ်ချက်အရ။
The false enchantment of the dizzy scene seemed to take away
rea- son and dignity from Herod and his guests, who were flushed with wine. The
music and wine and dancing had removed the fear and reverence of God from them.
Nothing seemed sacred to Herod's perverted senses. (Te 50.3) Temperance. pp.
50,51.
“ဟေရုဒ်မင်းနှင့်သူ၏မိတ်ဆွေများတို့သည်
စပျစ်ရည်ဖြင့် ယစ်မူး ခြင်းနှင့် ပတ်ဝန်းကျင်၏ဆူညံတောက်ပမှုတို့ကြောင့်
အသိတရားနှင့်ဂုဏ် သိက္ခာကင်းမဲ့လျက်ရှိပါသည်။ စပျစ်ရည်၊ တေးဂီတသံနှင့် ကခုန်မြူးထူး
ခြင်းဖြင့် ဘုရားသခင်ကို ရိုသေမှုကင်းကွာနေပါသည်။ ဟေရုဒ်မင်း၏ ဖောက်ပြန်နေသော အာရုံများတွင်
သန့်ရှင်းမြင့်မြတ်သော အရာတစ်စုံ တစ်ခုမျှမရှိပါ။ မိမိနိုင်ငံတော်အကြီးအကဲများ၏ ရှေ့တွင်
မိမိကိုယ်ကို ချီးမြှောက်နိုင်ရန် တစ်ခုခုလုပ်ဆောင်လိုသော စိတ်ဆန္ဒသာလျှင်ရှိပါ သည်။
ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စလိုးမီတောင်းဆိုသမျှပေးမည် ဟုကြိမ်ဆိုလျက်
ကတိပေးလိုက်ပါသည်။” (Te 50.3) Temperance. pp.
50,51.
စပျစ်ရည်သည် အမှားအမှန်ကိုခွဲခြားစေတတ်သော
ဩတ္တပ္ပစိတ် ကို ပျက်စီးစေပါသည်။ စပျစ်ရည်ကိုမှီဝဲသုံးဆောင်သောကြောင့် ဗာဗုလုန် နိုင်ငံကျဆုံးခဲ့ပြီးပြီ။
ထာဝရဘုရားနှင့်ဆိုင်သောအရာနှင့်မဆိုင်သည့်အရာ ကို ခွဲခြားနားလည်မှုမရှိ။
ဗျာဒိတ်ကျမ်းထဲမှာဖော်ပြထားသည်မှာ နောက် ဆုံးကာလတွင်လည်း ပြည့်တန်ဆာမကြီး တည်ခင်းကျွေးမွေးသောစပျစ်
ရည်ကို သောက်သုံးခြင်းဖြင့် မှားယွင်းကြပါသည်။ အမှားတစ်ခုကိုမပြု လုပ်မီ
ရှင်ဘုရင်မည်သည့်အရာကို သောက်သနည်း။ Wine အဆိပ် အတောက်စပျစ်ရည်သည်
ပြည့်တန်ဆာအသုံးပြုသော လက်နက်ဖြစ်ပါ သည်။
အခန်းကြီး - ၂၁
တတိယပါတီဖြစ်သောသမီး၏အခန်းကဏ္ဍကိုရောက်ရှိလာပါပြီး
မာကု ၆း၂၂ ယောဟန်ကို အသေသတ်နိုင်ရန်နှင့်
သူမ၏ အကြံ အစည်အားလုံး အောင်မြင်စေရန် အကောင်အထည်ဖော်ပေးသူမှာ သမီး စလိုးမီဖြစ်ပါသည်။
“ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့် ဟေရုဒ်မှ စ၍ အပေါင်းအဖော်တို့အား
နူးညွတ်သောစိတ်ကိုဖြစ်စေ၏။ ထိုအခါ မင်းကြီးက သင်သည် အလိုရှိသမျှကိုတောင်းလော့။
ငါပေးမည်ဟု မိန်းမ ငယ်အားဆိုလေ၏။" ဧလိယကို အငြိုးထားသောမဟာမိတ်ထဲမှ တတိယ အဖွဲ့အကြောင်းလေ့လာကြပါစို့။
ဘုရင်၏စိတ်အလိုတော်ကို သမီးဖြစ်သူ အလိုကျလိုက်လျောပေးပါသည်။ ဗျာဒိတ်ကျမ်းအခန်းကြီး
၁၇ ပြည့်တန် ဆာတွင်သမီးရှိကြောင်းဖော်ပြထားပါသည်။ ထို့အတူ လောကဘုရင်များ နှင့်လည်းမတရားသောမေထုန်အမှုကိုလွန်ကျူးခြင်းရှိပါသည်။ဟေရောဒိ
သည် မည်သည့်အရာကိုမျှမတတ်နိုင်သောကြောင့် သမီးထံမှအကူအညီ ကို ရယူပါသည်။
မာကု ၆း၂၃ မိခင်၏ပုံတူ ရုပ်တုဖြစ်သောသမီးဖြစ်သူနှင့်
လောက ရှင်ဘုရင်များ အလွန်းသင့်သော အချိန်သည် ပြည့်တန်ဆာ၏ အခွင့် ကောင်းဖြစ်ပါသည်။
“တစ်ဖန်လည်းသင်တောင်းသမျှကို ငါ့နိုင်ငံတစ်ဝက် တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။”
မာကု ၆း၂၄
သမီးဖြစ်သူသည် မည်သည့်အရာကိုလိုအပ်ကြောင်း မသိသောအချိန်တွင်
မိခင်နှင့်ဆွေးနွေးပါသည်။ နောက်ဆုံးကာလတွင် ရင်ဆိုင်ရမည့် ပုံပမာဖြစ်သောကြောင့်
ဤဇာတ်ကွက်ကို နားလည်ရန် လွန်စွာ အရေးကြီးပါသည်။ “ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို
တောင်းရမည်နည်းဟုသူ၏အမိကိုမေးလျှင်အမိကဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကိုတောင်းလော့ဟုဆိုပြန်သော်”
မည်သည့်အရာကို တောင်း ဆိုရမည်နည်းဟု မိခင်၏ အကြံကို တောင်းခံသောအခါတွင် မိခင်က
ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကိုတောင်းလော့။
မာကု ၆း၂၅ အမေ၊ ဖြစ်ပါ့မလားအမေ။
စိတ်အနှောင့်အယှက်ဖြစ် စေသောမေးခွန်းမျိုးကိုမမေးဘဲ ကျမ်းစာအရ၊
“ချက်ချင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို
ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မအလိုရှိပါသည် ဟု တောင်းလျှောက်၏။”
မိခင်၏ စိတ်သဘောထားနှင့် ဆင်တူသည့် ရုပ်တုဖြစ်ပါသည်။ မိခင်လိုချင်သောအရာကို သမီးကလည်း
ချက်ချင်း ဆောင်ရွက်ပေးပါသည်။
မာကု ၆း၂၆
စပျစ်ရည်အရှိန်ကျဆင်းလာသောအချိန်တွင် သတိ တရား ပြန်ဝင်လာသော်လည်း
အလွန်နောက်ကျပါပြီး။ “မင်းကြီးသည်
အလွန်ဝမ်းနည်းခြင်းရှိသော်လည်းကျိန်ဆိုခြင်းကိုလည်းကောင်း၊အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း၊
ထောက်သောကြောင့် ထိုမိန်းမ ငယ်ကို မငြင်းမပယ်လို၍” အမိန့်ကဲ့သို့ တည်သောအာဏာကြောင့်
ပြန် လည်ရုပ်သိမ်း၍ မရတော့ပါ။
မာကု ၆း၂၇၊၂၈ တွင် ရှင်ဘုရင်၊ ပြည့်တန်ဆာ၊
သမီးတို့၏ မဟာ မိတ်အဖွဲ့ သရုပ်ဆောင်မှုကိုမြင်ပြီလား။ “ဦးခေါင်းကိုယူခဲ့ဟု
အမိန့်တော် ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင် လူစောင့်သည် သွား၍
ယောဟန်၏ လည်ပင်းကိုထောင်ထဲမှ ဖြတ်လေ၏။ ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍
မိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကိုပေးလေ၏။” ပြည့်တန်ဆာ၏အလိုကျ
သားရဲ၏ ရုပ်တုဆင်းတု သရုပ်ပြမှုအဆင့်ဆင့်ကိုမြင်သလား။
မာလခိ ၄း၅၊၆ Elijah is not a person
but a movement နောက်ဆုံး ကာလတွင် ဘုရားသခင်သည်
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ကို တစ်ဖန်စေလွှတ်ဦးမည်။ “ကြည့်ရှုလော့၊
ထာဝရဘုရား၏ ကြောက် မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပုရောဖက်ဧလိယကို သင်တို့ရှိရာ သို့
ငါစေလွှတ်မည်။ ရှင်ယောဟန်သည် ဧလိယ၏ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကိုဆောင်ရွက်ရန်
ကြွလာသော်လည်း သူ၏ နေ့ရက်ကာလ သည် ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီးမဟုတ်သေး ပါ။
တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ “ငါသည် လာ၍ သင်တို့၏ ပြည်ကို
ကျိန်ခြင်းဘေးနှင့်ဒဏ်မခတ်မည်အကြောင်း” ယောလ အခန်းကြီး ၂ တွင် လည်း ဘုရားသခင်သည်
မိမိ၏ ဝိညာဉ်တော်ကို သွန်းလောင်းမည်။ ဟဂ္ဂ အခန်းကြီး ၂ တွင်လည်း ထိုနေ့ရက်မတိုင်မီ
ဝိညာဉ်တော်သွန်းလောင်း မည်။ ကြီးစွာသောပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု
ကမ္ဘာတစ်ဝန်းတွင်မြင် ရပါမည်။ ဓမ္မဟောင်းကျမ်းမှအနာဂတ္တိစကားများသည် သခင်ခရစ်တော် ပထမအကြိမ်ကြွလာချိန်တွင်
ပြည့်စုံပါသည်။ သို့သော် သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာသောအချိန်မှသာလျှင်
အကြွင်းမဲ့ အလုံးစုံပြည့်စုံပါ မည်။ “ထိုပုရောဖက်သည်
သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘတို့ နှင့်သားတို့ကိုလည်းကောင်း
အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။”
အီးဂျီဝှိုက်၏ကောက်နုတ်ချက်။ In preparing the way for Christ's first advent, he was a
representative of those who are to prepare a people for our Lord's second
coming. (DA 101)
“သခင်ခရစ်တော်ပထမအကြိမ်ကြွလာသော လမ်းကို ပြင်ဆင်
ခြင်းဖြင့် သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာရန် ပြင်ဆင်နေကြသော သူများကို
ကိုယ်စားပြုလျက်ရှိပါသည်။” (DA101)
ဓမ္မဟောင်းကျမ်းတွင် အသုံးပြုထားသည့်ဝေါဟာရများသည်
လူ ပုဂ္ဂိုလ်တစ်ဦး၊ နေရာတိတိကျကျ၊ နိုင်ငံ၊ ရန်သူ၊ တိတိကျကျသရုပ်ပြထား ပါသည်။
နောက်ဆုံးကာလအချိန်တွင် တိတိကျကျ သရုပ်ပြထားသည့် အရာများသည်
ကမ္ဘာတစ်ဝန်းပုံဆောင်မှု ဖြစ်လာသည်။ ထို့ကြောင့် ဧလိယ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသည်
နောက်ဆုံးကာလတွင် ကမ္ဘာတစ်ဝန်းသို့ ဘုရားသခင်စေလွှတ်မည့်
ပြုပြင်ပြောင်းလဲရေးလှုပ်ရှား မှုဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း ဘာသာစကားအသီးသီး ပြောဆိုသော
ဝိညာဉ်ရေးဣသရေလအားလုံးပါဝင်သည်။
ဂလာတိ ၃း၂၉ သခင်ခရစ်တော်နှင့်စပ်ဆိုင်ပြီး
ပြုပြင်ပြောင်းလဲ ရေးလှုပ်ရှားမှုအတွက် စေလွှတ်ခြင်းခံရသူယောဟန်သည် ခရစ်တော်နှင့် စပ်ဆိုင်သောသူ
ဖြစ်ပါသည်။ “ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍
ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ ၏။”
ဗာလဘုရားနှင့် ထာဝရဘုရားကို ရောနှောကိုးကွယ်သည့်
ခရစ် ယာန် လောကသို့ ယနေ့ဟောပြောသွန်သင်ခြင်းဖြစ်သည်။
ဣသရေလအမျိုးသည် ကမ္ဘာတစ်ဝန်းရှိကြသည့်
ယုံကြည်သူများ ကို ပုံဆောင်ထားသောကြောင့် ဧလိယသည်လည်း ကမ္ဘာတစ်ဝန်းသို့ ဘုရားသခင်
စေလွှတ်သည့် Early Advent Movement ဖြစ်ပါသည်။
ပုရောဖက်ဧလိယသည်
မိမိသာသနာပန်းတိုင်သို့ အဆုံးတိုင် မည်ကဲ့သို့ချီတက်သနည်း။
ခရစ်ယာန်အသင်းတော်အတွင်းတွင်
ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲ ရေး လှုပ်ရှားမှုဖြစ်ပါသည်။
ရောသမမွှေထားသည့်
ယုံကြည်ခံယူချက်အမှားများမှထွက်ကြလော့။
*************
အခန်းကြီး - ၂၂
၃။
အမှောင်ခေတ်ဧလိယ
ဆုတောင်း
ဗျာဒိတ်ကျမ်းအခန်းကြီး ၂ နှင့် အခန်းကြီး ၃ တွင်
အသင်းတော် ခုနစ်ပါးအကြောင်းကို ဖော်ပြထားပါသည်။ နံပါတ်ခုနစ်အက္ခရာတွင် ဘုရားသခင်၏
ရည်မှန်းချက် မည်သို့ရှိသနည်း။ အာရှတိုက်တွင်တည်ရှိ သော အသင်းတော်များ ဖြစ်ပါသည်။
နံပါတ်ခုနစ်အက္ခရာသည် ပြည့်စုံ ခြင်း သင်္ကေတဖြစ်ပါသည်။ ခေတ်အဆက်ဆက်တည်ရှိခဲ့သော အသင်း
တော်များကို ပုံဆောင်ခြင်းဖြစ်သည်ဟု ခရစ်ယာန်စာရေးဆရာများယူဆ ကြပါသည်။
အီးဂျီဝိုက်၏ကောက်နုတ်ချက်အရ၊
The names of the seven churches are symbolic of the
church in different periods of the Christian Era. The number 7 indicates
complete- ness, and is symbolic of the fact that the messages extend to the end
of time, while the symbols used reveal the condition of the church at differ-
ent periods in the history of the world. (AA 585.3) Acts of Apostles.
“အသင်းတော်ခုနစ်ပါး၏အမည်နာမများသည်
ခရစ်ယာန်သမိုင်း တစ်လျှောက်ရှိနေသည့် အသင်းတော်များ၏ အခြေအနေကို ကိုယ်စားပြု ဖော်ပြလျက်ရှိပါသည်။
ကိန်းဂဏန်း (၇) သည် ပြည့်ဝစုံလင်ခြင်း၊ ဤ သတင်းစကားသည်လည်း
ကာလအချိန်အဆုံးတိုင်အောင် တည်ရှိခြင်း၊ ကမ္ဘာ့သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် အသင်းတော်၏
အခြေ အနေများကို ပုံဆောင်မှုများဖြစ်ပါသည်။” (AA
585.3) Acts of Apostles
(၁)
ဧဖက်မြို့ ၌ရှိသောအသင်းတော်၊ (၂) စမုရနမြို့၌ရှိသော အသင်း တော်၊ (၃) ပေရဂံမြို့၌ရှိသောအသင်းတော်၊ (၄) သွာတိရမြို့၌ ရှိသော အသင်းတော်၊ (၅)
သာဒိမြို့၌ရှိသောအသင်းတော်၊ (၆) ဖိလဒေလဖိမြို့၌ ရှိသောအသင်းတော်၊ (၇)
လောဒိကိုမြို့၌ရှိသော အသင်းတော်များ ဖြစ်ပါ သည်။
ဗျာ ၂း၂၀-၂၃
သခင်ခရစ်တော်ဖော်ပြပေးသော စတုတ္ထအသင်းတော်တွင် ယေဇဗေလ၏ အမည်ပြန်ပါလာပါသည်။
ဖောက်ပြန်သော ဝိညာဉ်ရေး စနစ်တစ်ခုကိုပုံဆောင်ခြင်းဖြစ်ပါသည်။ “သို့သော်လည်း ငါ၏
အစေခံ ကျွန်တို့သည် မတရားသောမေထုန်ကို ပြုစေခြင်းငှါလည်းကောင်း၊ ရုပ်တု ရှေ့မှာ
ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါလည်းကောင်း၊ ပုရော ဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သော
သင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသော အခွင့်ကို သင်သည် ပေးသောကြောင့်
သင်၌အပြစ်တင်စရာရှိ၏။” ရာစုဘီစီတွင် ယေဇဗေလ သေဆုံးခဲ့ပါပြီ။ ထိုကြောင့်
အာဟပ်မင်း၏မိဖုရားကြီးဖြစ်သော ယေဇဗေလကို ရည်ညွှန်း ခြင်းမဟုတ်ပါ။ နံပါတ် ၄
သွာတိရအသင်း တော်ခေတ်၌ (၁) မတရား သောမေထုန်ကိုလွန်ကျူးသည်။ (၂) ရုပ်တုဆင်းတုကိုးကွယ်မှုကို
အသင်း တော်၌စတင်ကိုးကွယ်ကြပါသည်။ (၃) ဘုရားသခင်၏ ပုရောဖက်များကို သတ်ဖြတ်ပါသည်။
မတရားသော မေထုန်အမှုကို နောင်တရပြီး ဘုရား သခင်ထံတော်သို့ပြန်လာရန်
သနားခြင်းကရုဏာအချိန်ကို လုံလောက်စွာ ပေးထားပါသည်။ “နောင်တရသင့်သောကာလကို ငါပေးသော်လည်း
သူ သည်မိမိမတရားသောမေထုန်ကိုနောင်တရချင်သောစိတ်မရှိ။ ထိုကြောင့် သူ့ကို
အိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသောမေထုန်ကို ပြု၍ ထိုသို့သော အကျင့်ကို နောင်တမရသောသူတို့ကိုလည်း
ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်စေမည်။ သူ၏ သားသမီးတို့ကိုလည်း အသေသတ် မည်။ ငါသည်
နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူဖြစ်ကြောင်း ကို ထိုသို့သောအားဖြင့်
ခပ်သိမ်းသောအသင်းတော်တို့သည် သိရကြလိမ့် မည်။ သင်တို့သည် အသီးအသီး
ကျင့်သောအကျင့်နှင့်အလျောက် အကျိုး အပြစ်ကိုငါပေးမည်။” ယေဇဗေလသည်
ဣသရေလနိုင်ငံတော်တွင် ရုပ်တုဆင်းတုကိုးကွယ်ခြင်းအမှုကို စတင်ခဲ့သောသူဖြစ်ပါသည်။
ယေဇ ဗေလတွင် ကျွေးမွေးစောင့်ရှောက်ထားသော သားသမီးများလည်း ရှိပါ သည်။
ယနေ့သတင်းစကားသည် ဓမ္မဟောင်းခေတ်ကာလတွင် ပုရော ဖက်ဧလိယ၏ အခြေအနေကို
ပြန်လည်၍ကြားနာရသော ပဲ့တင်သံဖြစ်ပါ သည်။ အမှောင်ခေတ် စတုတ္ထမြောက်သွာတိရအသင်းတော်တွင်
ရုပ်တု ဆင်းတုကိုးကွယ်ခြင်းအမှုကို မည်သူစတင်ခဲ့သနည်း။ ယေဇဗေလဖြစ်ပါ သည်။
ယေဇဗေလဟူသည် စနစ်တစ်ခုကို ပုံဆောင်ခြင်းဖြစ်သည်။ ထိုကြောင့် မှားယွင်းသော စနစ်တစ်ခုဖြင့်
သွာတိရအသင်းတော်တွင် ယေဇဗေလသည် ရုပ်တုကိုးကွယ်မှုကိုစတင်ခဲ့ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၆:၃၀၊၃၁ တွင်
အာဟပ်မင်းနှင့် ယေဇဗေလ၏ မတရားသော ပေါင်းသင်းဆက်ဆံမှုကဲ့သို့သော မတရား မေထုန်
အမှုသည် ဤစတုတ္ထမြောက်သွာတိရအသင်းတော်တွင် အခွင့် အရေးရှိခဲ့ပါသည်။
“ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဖူးသောသူ အပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌ သာ၍
ဒုစရိုက်ကို ပြု၏။ နေဗတ်၏ သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာ လိုက် လျှင်
သာမညအပြစ်ရောက်မည်ဟု ထင်မှတ်လျက် ဇိဒုန်မင်းကြီး ဧသဗာ လသမီးယေဇဗေလနှင့်စုံဘက်၍
ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။” ယေဇဗေလသည် ဣသရေလနိုင်ငံတော်တွင်
ရုပ်တုဆင်းတုကိုးကွယ်မှု ကို စတင်ကျင့်သုံးစေသောသူ ဖြစ်ပါသည်။
နိုင်ငံတော်အာဏာပိုင်များနှင့် မတရားသောမေထုန်ကို လွန်ကျူးပြီး သူမ၏ ရည်မှန်းချက်ဖြစ်သော
ဗာလ ဘုရား၏ သာသနာထွန်းကားပြန့်ပွားစေရန် လောကီဘုရင်များကို အသုံးချခဲ့ပါသည်။
ဣသရေလနိုင်ငံတော်တွင် ရုပ်တုဆင်းတုကိုးကွယ်မှု ကိုယေဇဗေလ စတင်ကိုးကွယ်စေခဲ့သည့်နည်းတူ(ယေဇဗေလ၏အကျင့်
နှင့်စရိုက်လက္ခဏာ ရှိသော) စနစ်တစ်ခုသည် သွာတိရအသင်းတော်တွင် ရုပ်တုဆင်းတုကိုးကွယ်
ခြင်းအမှုကို စတင်ကိုးကွယ်စေခဲ့ပါသည်။
ဗျာဒိတ်ကျမ်း ၂း၂ဝ ဓမ္မဟောင်းခေတ်တွင်
ယေဇဗေလသည် ဣသရေလနိုင်ငံတော်တွင် ရုပ်တုဆင်းတုကိုးကွယ်မှုကို စတင်ကျင့်သုံး စေသောသူဖြစ်ပါသည်။
ဓမ္မသစ်အချိန်တွင်လည်း ယေဇဗေလသည် ခရစ် ယာန် အသင်းတော်တွင်
ရုပ်တုဆင်းတုကိုးကွယ်မှုကို စတင်ကျင့်သုံးစေ သောသူဖြစ်ပါသည်။
စတုတ္ထမြောက်သွာတိရအသင်းတော်တွင် အခွင့်ရရှိ ခဲ့ပါသည်။ “သို့သော်လည်း
ငါ၏ အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါလည်းကောင်း၊ ရုပ်တုရှေ့မှာ
ပူဇော်သော ယဇ် ကောင်ကို စားစေခြင်းငှါလည်းကောင်း၊ ပုရောဖက်မဟူ၍ ကိုယ်ကိုခေါ် ဝေါ်သော
သင်၏ခင်ပွန်းယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရ သော အခွင့်ကို သင်သည်ပေးသောကြောင့်
သင်၌အပြစ်တင်စရာရှိ၏။” (ယေဇ ဗေလ) စနစ်ဖြင့် ဘုရား၏ အသင်းတော်တွင် အရာသုံးမျိုးကို ဖျက်ဆီးခဲ့ပါသည်။
(၁) ထာဝရဧဝံဂေလိတရားတော်ကိုဖျက်ဆီးသည်။ (၂) ဝတ်ပြုကိုး ကွယ်မှုအစစ်အမှန်ကို ဖျက်ဆီးခဲ့သည်။
(၃) ဘုရားသခင် ဆင့်ဆိုထားသော ပညတ်တော်ကို ရှုပ်ထွေးစေခဲ့ပါသည်။ ထိုနည်းတူ သွာတိရ
အသင်းတော်ခေတ်ကာလ၌လည်း ထာဝရ ဧဝံဂေလိတရား တော်ကို
ရုပ်တုဆင်းတုကိုးကွယ်ခြင်းအမှုဖြင့် ရောနှောပြီး ခရစ်ယာန် အသင်းတော်တွင်
ယေဇဗေလစတင်ကျင့်သုံးစေပါသည်။
ဗျာဒိတ်ကျမ်း ၁၃း၄ နဂါးသည် စာတန်ဖြစ်ပြီး
သားရဲသည် ရောမ နိုင်ငံတွင် ကိုးကွယ်သော ဘာသာရေးဌာနဖြစ်၍ စာတန်၏ အမှုတော်ကို ဆောင်ရွက်ပေးသော
ကိုယ်စားလှယ်ဖြစ်ပါသည်။ “ထိုသားရဲ၌ အာဏာ စက်ကိုအပ်ပေးသော
နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်းကိုးကွယ် ၍ အဘယ်သူသည် သားရဲနှင့်တူသနည်း။
အဘယ်သူသည် သူ့ကို စစ်ပြိုင် နိုင်သနည်းဟုပြောဆိုကြ၏။”
ဗျာဒိတ်ကျမ်း ၁၃း၅ စာတန်၏ အမှုတော်ကိုဆောင်ရွက်ပေးသည့်
ကိုယ်စားလှယ်ဖြစ်သောသားရဲသည် ရောမနိုင်ငံတွင် အချိန်မည်မျှ ကြာ ကြာ
အုပ်ချုပ်ခွင့်ရခဲ့သနည်း။ ၄၂ လ၊ ၁၂၆ဝ ရက်၊ တစ်ကာလ-နှစ်ကာလ-ကာလ တစ်ဝက်။ “ထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်း ကောင်း၊ ဘုရားသခင်ကို
ပြစ်မှားသော စကားကိုလည်းကောင်း ပြော တတ်သောနှုတ်နှင့်ပြည့်စုံ၍
လလေးဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကိုရ၏။ “ဘုရားသခင်စီစဉ်ပြီး ပေးသနားထားသော
အချိန်တွင် နောင်တတရားနှင့်ပြုပြင်ပြောင်းလဲမှုမရှိဘဲ ဘုရားသခင်၏ တရားတော် ကို
ဖျက်ဆီးသောအချိန်ဖြစ်လာပါသည်။
ဒံယေလ ၇း၂၅ သည် ဗျာဒိတ်ကျမ်း ၁၃း၅
နှင့်အချိန်ကာလတစ်ခု တည်းဖြစ်ပါသည်။ “အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြ၍
ကြီးစွာ သောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။
ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်း လဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တစ်ကာလ၊
နှစ်ကာလ၊ ကာလတစ်ဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။” သွာတိရအသင်းတော်ခေတ်တွင် လည်း
နောင်တရရန် ဘုရားသခင်စီမံထားသောအချိန်သည် ဗိမာန်တော် ကို ညစ်ညူးစေသောအချိန်သာ ဖြစ်လာသည်။
ထိုခေတ်ကာလတွင် ဧဝံဂေလိ တရားတော်ကို အဆိပ်အတောက်ဩဝါဒများဖြင့် ရောနှောသွန် သင်ကြသည်။
ဤအချိန်ကာလသည် သွာတိရအသင်းတော်၏ ခေတ်ကာ လဖြစ်ပြီး ဧဝံဂေလိတရားအမှန်ကို မေ့လျော့ကြသော
အမှောင်ခေတ် ဖြစ်ပါသည်။
ဒံယေလ ၈း၁၁ တွင် ခရစ်တော်၏ ကယ်တင်ခြင်းအမှုတော်၊
ခရစ်တော် ၏ဖြောင့်မတ်ခြင်းနှင့် ခရစ်တော်ဆောင်ရွက်ပေးသော အမှု တော်အားလုံးသည်
ရှုတ်ချခြင်းခံရသော ခေတ်ကာလဖြစ်ပါသည်။ “ထိုမျှ မကဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို
ပြုလျက် နေ့ရက် အစဉ်ပြုသောဝတ်ကိုပယ်၍ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။” ဓမ္မ ဟောင်းခေတ်တွင်
ပုရောဖက်ဧလိယ၏ ရင်ဆိုင်ခဲ့ရသောအခြေအနေနှင့် အတူတူဖြစ်ပါသည်။ ပွဲတော်မင်္ဂလာ အစီအစဉ်ကို
ပြင်ဆင်သည်။ ခရစ် တော်၏ ယဇ်ပုရောဟိတ်မင်းအရာ၌ လူသားယဇ်ပုရောဟိတ်မင်းဖြင့် အစားထိုးခန့်ထားကြပါသည်။
ဖန်ဆင်းရှင်ထာဝရဘုရားကို ဝတ်ပြုကိုး ကွယ်သည့် ဗိမာန်တော်၌ ရုပ်တုဆင်းတု ကိုးကွယ်မှုဖြင့်
အစားထိုး ကိုးကွယ်စေသည်။ ဝိညာဉ်ရေးဖောက်ပြန်ခြင်းအမှုနှင့် ဗိမာန်တော်သည်
ညစ်ညူးခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အခန်းကဏ္ဍသည်လည်း
ပျောက်ဆုံးသွားသောကြောင့် ဣသရေလနိုင်ငံတော်တွင် မည်သည့် အကျိုးရလဒ်
သက်ရောက်လာသနည်း။ ကျမ်းချက်ကိုဖတ်ပါ။
ဓမ္မရာဇဝင်တတိယစောင် ၁၇း၁ သန့်ရှင်းသော ဝိညာဉ်တော်၏
အခန်းကဏ္ဍ ပျောက်ဆုံးသွားသည်တိုင်အောင် ငြင်းပယ်သော အပြစ် ကြောင့်
မိုးခေါင်ရေရှားသော အခြေအနေသို့ ရောက်ရှိစေသည်။ “ဂိလဒ် ပြည်၊
တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထဝရ
ဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊
နှင်းမကျရဟု အာဟပ်မင်းအား မြွက်ဆို ၏။”
အခန်းကြီး - ၂၃
ဝိညာဉ်ရေးဖောက်ပြန်မှုကြောင့်သန့်ရှင်းသောဝိညာဉ်တော်မိုး
ခေါင်းပါးရခြင်းဖြစ်သည်
ဗျာဒိတ်ကျမ်း ၁၁း၆ ပုရောဖက် ဧလိယအချိန်နှင့်သွာတိရအသင်း
တော် ကာလနှစ်ခုတူညီသည့် အကြောင်းအရာကို ကျမ်းချက်တွင် ကြည့် ပါ။ “ထိုသူတို့ သည် ပုရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှါ
မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊
မိမိတို့ အလိုရှိသမျှသောအခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီး ကို ဒဏ်ခတ်ရသောအခွင့်ကို
ရကြ၏။” မည်သည့်အကြောင်းကြောင့် မိုး ခေါင်သနည်း။ အဖြေကရှင်းပါသည်။
သွာတိရအသင်းတော်၏ ခေတ်ကာ လသည် ဝိညာဉ်ရေးဖောက်ပြန်သောကြောင့် မိုးခေါင်ခြင်းဖြစ်ပါသည်။
ရာဇဝင်ချုပ်ဒုတိယစောင် ၇း၁၃၊၁၄
ဣသရေလနိုင်ငံတော်တွင် မိုးခေါင်သော အကျိုးရလဒ်သည် အဘယ်ကြောင့် သက်ရောက်လာ သနည်း။ “မိုးမရွာစေခြင်းငှါ ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည်
မြေအသီးအနှံကို ကိုက်စားစေခြင်းငှါ ငါမှာထားသော် လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကို စေလွှတ်သော်လည်းကောင်း၊
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကို ရှာလျက်
ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌နားထောင်မည်။
သူတို့အပြစ်ကို ဖြေ၍ သူတို့ကိုချမ်းသာ ပေးမည်။” နိုင်ငံတော်တွင် မိုးခေါင်သော အကျိုးရလဒ်
သက်ရောက်လာ ခြင်းမှာ နောင်တတရားနှင့် ဝန်ချတောင်းပန်မှုမရှိခြင်းကြောင့် ဖြစ်ပါ သည်။
မိုးခေါင်သည်၊ ရေရှားပါးသည်၊ ခြောက်သွေ့သည်၊ အစာခေါင်းပါး သည်၊ အငတ်ဘေးဖြစ်သည်။
နောက်ဆုံးသေခြင်းတွင် လမ်းဆုံးပါသည်။
အာမုတ် ၈း၁၁၊၁၂
ဝိညာဉ်ရေးဖောက်ပြန်သောကြောင့် ဘုရား သခင်၏ နှုတ်တော်ထွက်စကားခေါင်းပါးခြင်း ဖြစ်သည်။ “အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား မွတ်သိမ်ခြင်းဘေးကို တစ်ပြည်လုံး၌
ငါဖြစ် စေသောကာလရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်၊
ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး
ဖြစ်လိမ့်မည်။ လူတို့သည် ထာဝရ ဘုရား၏အမိန့်တော်ကိုရှာလျက်
ပင်လယ်တစ်ပါးမှသည်ပင်လယ်တစ်ပါး တိုင်အောင် လှည့်လည်၍ တောင်မြောက်ပြေးသွားသော်လည်း
မတွေ့ရ ကြ။”
သွာတိရအသင်းတော်၌ မည်သည့်အရာ ခေါင်းပါးသနည်း။
ဘုရား သခင်၏ နှုတ်တော်ထွက်စကား ခေါင်းပါးသည်။ သန့်ရှင်းသောဝိညာဉ် တော်ကို
ငြင်းပယ်ခြင်းကြောင့်ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်းတွင် မိုးရေသည်
ဘုရားသခင်၏ဝိညာဉ်တော်ကိုပုံဆောင်ပါသည်။ အစားအစာသည်လည်း လူတို့၏အသက်အဖို့
ဘုရားသခင်ပေးသော နှုတ်တော်ထွက်စကားများ ဖြစ်ပါသည်။
အခန်းကြီး - ၂၄
ပုရောဖက်ဧလိယခေတ်တွင်
အချိန်ဘယ်လောက်ကြာကြာ မိုးခေါင်သနည်း
ယာကုပ် ၅း၁၇ ဓမ္မဟောင်းခေတ်တွင်
ပုရောဖက်ဧလိယရင်ဆိုင် ကျော်ဖြတ်ခဲ့ရသောအချိန်ကာလမှာ
“ဧလိယသည် ငါတို့ကဲ့သို့ လောကဓံ တရား၌ကျင်လည်သောသူဖြစ်သော်လည်း မိုးမရွာမည်အကြောင်း
အထူး သဖြင့် ဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လပတ်လုံး မြေပေါ်သို့ မိုး မရွာဘဲနေ၏။”
၃ နှစ်နှင့် ၆လ၊ မိုးခေါင်ပြီး ရေရှားပါးခဲ့ပါသည်။ သွာတိရ အသင်းတော်၊
အမှောင်ခေတ်ကာလတွင် ဘုရားသခင်၏ နှုတ်တော်ထွက် စကားအချိန်မည်မျှကြာကြာခေါင်းပါးခဲ့သနည်း။
၁၂၆၀ နှစ်၊ ၄၂ လ၊ ၃ နှစ် နှင့် ၆ လသည် ပုံဆောင်သောအချိန်ဖြစ်ပါသည်။ ဧလိယသည်
ပြုပြင် ပြောင်းလဲရေးလှုပ်ရှားသူကို ပုံဆောင်ပါသည်။ ယေဇဗေလသည်လည်း
ဖောက်ပြန်ခြင်းအမှုကို ဦးဆောင်သောသူကို ပုံဆောင်ပါသည်။ ဗာလ ဘုရား၊ အာဟပ်မင်း၊
ဣသရေလလူမျိုး၊ ဣသရေလနိုင်ငံတော်၊ အထက်ပါ ဝေါဟာရအသုံးအနှုန်းများသည်လည်း
ပုံဆောင်မှုဖြစ်သည်။
ပုံဆောင်ခြင်းအမှန်ကို ဗျာဒိတ်ကျမ်း ၂း၂၁
တွင် သနားခြင်း ကရု ဏာ တရားကြွယ်ဝသော ဘုရားသခင်၏ သည်းခံစောင့်ဆိုင်းသော အချိန် ဖြစ်ပါသည်။ “နောင်တရသင့်သော ကာလကို ငါပေးသော်လည်း သူသည် မိမိမတရားသော မေထုန်ကို
နောင်တရချင်သော စိတ်မရှိ။” ဘုရားသခင် သည် ယေဇဗေလအတွက် နောင်တရသင့်သောအချိန်ကို
နည်းလမ်းသုံး မျိုးဖြင့်ပေးထားကြောင်း ဖော်ပြထားပါသည်။ ၃ နှစ်နှင့် ၆လ၊ ၄၂လ၊
နှစ်ပေါင်း ၁၂၆ဝ။
ဗျာဒိတ်ကျမ်း ၁၁း၃ ယေဇဗေလအတွက်
နောင်တရသင့်သော အချိန်ကို အဆုံးတိုင်သည်းခံပါသည်။ “ငါ၏ သက်သေခံနှစ်ပါးကို
ငါအခွင့် ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် အရက်တစ်ထောင် နှစ်ရာခြောက်
ဆယ်ပတ်လုံးစုရောဖက်ပြုကြလိမ့်မည်။” နှုတ်တော်ထွက် စကားနှင့်ပညတ် တရားသည်လည်း
လျှော်တေအဝတ်ကို ဝတ်ရသော ကာလဖြစ်သည်။
ဒံယေလ ၇း၂၅
အစာခေါင်းပါးခြင်းကာလအချိန်မည်မျှကြာမည် ဆိုသောအကြောင်းကို ဒံယေလမည်သို့ ပြောဆိုခဲ့သနည်း။ “အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသောစကားကို ပြောလိမ့် မည်။
အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့် မည်။
ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည် လိမ့်မည်။ တစ်ကာလ၊
နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။” ၃ နှစ်နှင့် ၆လ၊ ၄၂ လ
နှစ်ပေါင်း ၁၂၆၀ ဖြစ်ပါသည်။
အခန်းကြီး - ၂၅
ဧလိယ၏ခေတ်တွင်သစ္စာရှိသောသန့်ရှင်းသူများကျန်ကြွင်းပါသလား။
ကျန်ကြွင်းသူတစ်စုရှိပါသည်
ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၈ ပုရောဖက်ဧလိယ၏ ခေတ်
တွင် သစ္စာရှိသောသန့်ရှင်းသူများစွာကျန်ရှိပါသည်။ “သို့ရာတွင် ဗာလရှေ့ ၌
ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူ အပေါင်းတည်းဟူသော ဣသရေလ
အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဖို့ငါကျန်ကြွင်းစေပြီဟု မိန့် တော်မူ၏။”
အခန်းကြီး - ၂၆
သွာတိရအသင်းတော်အချိန်မှာလည်း
သစ္စာရှိသည့်သန့်ရှင်းသူများ ကျန်ကြွင်းပါသလား။ ရှိပါသည်။
ဗျာဒိတ်ကျမ်း ၂း၂၄၊၂၅
သွာတိရအသင်းတော်တွင်လည်း သစ္စာရှိ သည့် သန့်ရှင်းသူများစွာကျန်ကြွင်းပါသည်။
“ထိုမိစ္ဆာဒိဋ္ဌိအယူကို ယူသော သူတို့ ခေါ်ဝေါ်သည်နှင့်အညီ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်
သောအရာတို့ကိုမကျွမ်း၊ ထိုမိစ္ဆာဒိဋ္ဌိအယူကိုမယူ၊ ကြွင်းသော သွာတိရ မြို့သားတို့ကို
ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကိုငါလာသည် တိုင် အောင် စွဲကိုင်ကြလော့။ ထိုမှတစ်ပါး
အခြားသောဝန်ကိုသင်တို့ အပေါ်၌ ငါမတင်။” ဓမ္မဟောင်းခေတ် ပုရောဖက်ဧလိယအချိန်ကဲ့သို့
သွာတိရ အသင်းတော်တွင်လည်း သစ္စာရှိသော သန့်ရှင်းသူများစွာ ကျန်ကြွင်းပါ သည်။
အခန်းကြီး - ၂၇
သဘာဝဘေးဒဏ်ခံစားရသောအချိန်တွင်
ဓမ္မဟောင်းခေတ်၌ မည်သူ့အပေါ်အပြစ်ပုံချကြသနည်း
ဧလိယအပေါ်အပြစ်ပုံချပါသည်။ ဓမ္မသစ်ခေတ်၌လည်း
သဘာဝ ဘေးဒဏ်ခံစားရသည့်အချိန်တွင် မည်သူ့အပေါ် အပြစ်ပုံချသနည်း။ ဧလိ ယကဲ့သို့ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင်
ပါဝင်ကြသော ကျန်ကြွင်း သူများအပေါ်အပြစ်တင်ကြပါသည်။ မိမိတို့၏အပြစ်ကို နောင်တရခြင်း
မရှိဘဲ ဒုက္ခဆင်းရဲခြင်း ကြုံတွေ့ရသောအချိန်၌ အမှန်တရားဟောပြော သောလူတစ်စုအပေါ်သို့
အပြစ်ပုံချပါသလား။ ပုံချပါသည်။
ဓမ္မရာဇဝင်တတိယစောင်
၁၈း၁ဝ ဒုက္ခဆင်းရဲခြင်းကြုံတွေ့ရသော အချိန် တွင်
အမှန်တရားဟောပြောသောလူတစ်စုအပေါ် အပြစ်ကို ပုံချပြီး သတ် ဖြတ်ရန်လည်း
ရှာဖွေကြပါသည်။ “ကိုယ်တော်၏ ဘုရားသခင်ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း
ကိုယ်တော်ကို ရှာစေခြင်းငှါ ကျွန်ုပ်သခင် မစေလွှတ်သော တိုင်းနိုင်ငံတစ်ခုမျှမရှိပါ။
တစ်ကျွန်းတစ် နိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်ထားသောအခါ ကိုယ်တော်ကိုရှာ ၍မတွေ့နိုင်ဟု
ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။” ပုရော ဖက်ဧလိယကို
အမှန်စင်စစ်ရှာဖွေကြသလား။ နေရာတကာတွင် ရှာကြ ပါသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈း၁၇ သမိုင်း၏ အဆုံးပိုင်းတွင်
ပုရောဖက်ဧလိယသည်အာဟပ်မင်း၏ရှေ့တော်သို့ ရောက်ရှိလာပါသည်။
“တွေ့မြင်သောအခါ သင်သည် ဣသရေလအမျိုးကို နှောင့်ယှက်သောသူ မှန်သလောဟုမေးလျှင် အာဟပ်မင်းသည်
နောင်တရခြင်းမရှိဘဲ ကြုံ တွေ့ရသောဒုက္ခဆင်းရဲခြင်းသည် ဧလိယကြောင့်ဖြစ်ကြောင်း
အမှန်စွပ်စွဲ ခဲ့ပါသည်။
အခန်းကြီး - ၂၈
အမှောင်ခေတ်တွင်လည်းပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူများကို
နေရာတကာတွင်ရှာဖွေမှုရှိသလား။ ရှိပါသည်။ သွာတိရအသင်းတော်သည်
ဧလိယ၏ခေတ်ကာလနှင့်တူသလား။
ဗျာဒိတ်ကျမ်း ၁၂း၆ ဘုရားသခင်၏ကာကွယ်မှု၊
ကျွေးမွေးခြင်းနှင့် လုံခြုံရေးအတွက် ဘုရားပြင်ဆင်ထားသောအရပ်သို့ထွက်ခွာကြပါသည်။ “မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း
ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ပြေးလေ၏။”
အခန်းကြီး - ၂၉
ဧလိယဘာကြောင့်တောထဲသို့ထွက်ပြေးရသနည်း။
ပျော်ပွဲစားထွက်သလား။
ဓမ္မရာဇဝင်တတိယစောင် ၁၇း၃
ညှဉ်းပန်းနှိပ်စက်မှု စတင်လာ သောအချိန်တွင် ဘုရားသခင်သည် ဧလိယကို မည်သည့်အရပ်သို့ ထွက်
သွားရန် ဆင့်ဆိုခဲ့သနည်း။ “သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍
ယော်ဒန်မြစ်တစ်ဖက်၊ ခရိတ်ချောင်းနားမှာ ပုန်းရှောင် ၍နေလော့။” ပုရောဖက် ဧလိယသည်
ဘုရားသခင်ပြင်ဆင်လျက် ဆင့်ဆို ထားသောအရပ်သို့ ထွက်ခွာသွားပါသည်။
ဗျာဒိတ်ကျမ်း ၁၂း၆ သွာတိရခေတ်တွင်လည်း
ကျန်ကြွင်းသော အသင်းတော်သည် မည်သည့်အရပ်သို့ ထွက်သွားသနည်း။ “မိန်းမသည် အရက်
တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း
ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ ၏။ ဧလိယပြေးရမည့်အရပ်ကို
ဘုရားသခင်ပြင်ဆင်ပေးသလား။ ဘုရား သခင်ပြင်ဆင်တော်မူသောအရပ်သို့ ပြေးလေ၏။
ဗျာဒိတ်ကျမ်း ၁၂း၁၄ ဘုရားသခင်သည်
ပြေးရမည့်နေရာကို ပြင် ဆင်ပေးသည်သာမက ပြေးနိုင်သော ခွန်အားကိုလည်း လုံလောက်စွာ ထောက်ပံ့ထားပါသည်။
“မိန်းမသည် ထိုမြွေနှင့်လွတ်၍ တစ်ကာလ၊ နှစ် ကာလ၊ ကာလတစ်ဝက်ပတ်လုံး
ကျွေးမွေးခြင်းကို ခံရာအရပ်တည်း ဟူ သော တောအရပ်သို့ ပျံနိုင်မည်အကြောင်း
ရွှေလင်းတကြီး၏ အတောင် နှစ်ဖက်ကိုရလေ၏။”
အခန်းကြီး - ၃၀
အမှောင်ခေတ်တွင်သွာတိရအသင်းတော်သည်တောထဲသို့
အမှန်ထွက်သွားသလား။
ပြေးခဲ့ရပါသည်။ ဓမ္မဟောင်းခေတ်တွင်
ပုရောဖက်ဧလိယကို တောထဲ၌ မည်သူ ကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ကျမ်းစာထဲတွင် ကြည့်ပါ။
ဓမ္မရာဇဝင်တတိယစောင် ၁၇း၄-၆ ပုရောဖက်ဧလိယကို
တောထဲ တွင် ဘုရားသခင် ကျွေးမွေးစောင့်ရှောက်ခဲ့ပါသည်။
“ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာ ထားပြီဟု
မိန့်တော်မူသည်အတိုင်း ဧလိယသည် သွား၍ ယော်ဒန်မြစ် တစ်ဖက်၊ ခရိတ်ချောင်းနားမှာ
နေလေ၏။ ကျီးအတို့သည် နေ့တိုင်းနံနက် တစ်ခါ၊ ညဦးတစ်ခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။
ချောင်းရေကို လည်းသောက်ရ၏။” တောထဲတွင် ဘုရားသခင်၏ နိမိတ်လက္ခဏာဖြင့်
အသက်ရှင်ခွင့်ရှိပါသည်။
အခန်းကြီး - ၃၁
သွာတိရအသင်းတော်ကိုလည်းဘုရားသခင်မည်သို့ပို့ဆောင်ခဲ့သနည်း
ဗျာဒိတ်ကျမ်း ၁၂း၆ သွာတိရအသင်းတော်ကိုလည်း
ဘုရားသခင် ကျွေးမွေးစောင့်ရှောက်ခဲ့ပါသည်။ “မိန်းမသည်
အရက်တစ်ထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရား သခင်
ပြင်ဆင်တော်မူသောအရပ်သို့ပြေးလေ၏။”
ဗျာဒိတ်ကျမ်း ၁၂း၁၄
သွာတိရအသင်းတော်နှင့်ပုရောဖက်ဧလိယ နှစ်ဦး တောထဲ၌နေရသည့်အချိန် တူပါသည်။ “မိန်းမသည်
ထိုမြွေနှင့် လွတ်၍ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်း ကို ခံရာအရပ်တည်းဟူသော
တောအရပ်သို့ ပျံနိုင်မည်အကြောင်း ရွှေ လင်းတကြီး၏အတောင်နှစ်ဖက်ကိုရလေ၏။”ဧလိယခေတ်တွင်
အာဟပ် မင်းနှင့် ယေဇဗေလပူးပေါင်းပြီး မတရားသော မေထုန်အမှုကို ကျူးလွန် ကြသလား။
ကျူးလွန်ကြပါသည်။ အမှောင်ခေတ်တွင်လည်း နိုင်ငံ၏ ရှင်ဘုရင်နှင့်ဖောက်ပြန်သော အသင်းတော်ပူးပေါင်းပြီး
မတရားသော မေထုန်အမှုကို လွန်ကျူးမှုရှိခဲ့သလား။ ရှိပါသည်။ ထိုကြောင့် ပုံဆောင် သောဖောက်ပြန်မှုသည်
ဝိညာဉ်ရေးဖောက်ပြန်ခြင်းအမှု ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၇း၂
နိုင်ငံရေးနှင့်ဘာသာရေးပေါင်းစပ်သည့် မတ ရားသော မေထုန်မှတစ်ဆင့်
အဆိပ်အတောက်ဖြစ်သော ဩဝါဒစပျစ် ရည်ဖြင့် သွာတိရ အသင်းတော်တွင်
တွေဝေမူးရူးနေကြခြင်းဖြစ်ပါသည်။ “လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို
သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့်ယစ်မူး ကြပြီဟုပြောဆိုလျက်”
သွာတိရ အသင်းတော်သည် အာဟပ်မင်းကို ယေဇဗေလအသုံးချခဲ့သော ခေတ်ကာလ နည်းတူ
ရင်ဆိုင်ခဲ့ရပါသည်။ နိုင်ငံတော်၏အာဏာကို အသင်းတော်မှ လှည့်စားရယူအသုံးချခြင်းကို
မတရားသောမေထုန်ဟုခေါ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင်၁၆း၃၀-၃၂သန့်ရှင်းသူများကိုသုတ်သင်
ပယ်ရှင်းရန် ယေဇဗေလသည် အာဟပ်မင်းကိုအသုံးချခဲ့ပါသည်။ “ဩမရိ သား အာဟပ်သည် မိမိရှေ့မှာဖြစ်ဖူးသောသူအပေါင်းတို့ထက် ထာဝရ ဘုရား
ရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။ နေဗတ်၏သားယေရောဗောင် ပြုသော
ဒုစရိုက်အပြစ်လမ်းသို့သာလိုက်လျှင် သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်
ဇိဒုန်မင်းကြီးဧသဗာလသမီး ယေဇဗေလနှင့်စုံဖက်၍ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန် ၌ ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၏။” ဣသရေလဘုရင်နှင့်
ရုပ်တု ကိုးကွယ်သည့် ယေဇဗေလ၏ ထိမ်းမြားခြင်းကို မတရားသောမေထုန်ဟု ခေါ်သည်။
ဗျာဒိတ်ကျမ်း ၂း၂၀-၂၁ သန့်ရှင်းသူများကို သုတ်သင်ပယ်ရှင်းရန်
ယေဇဗေလ (ဖောက်ပြန်သော ဝိညာဉ်ရေးစနစ်) သည် အာဟပ်မင်း (နိုင်ငံတော်အာဏာ)ကို အသုံးချခဲ့ပါသည်။
“သို့သော်လည်း၊ ငါ၏ အစေခံ ကျွန်တို့သည် မတရားသောမေထုန်ကို ပြုစေခြင်းငှါလည်းကောင်း၊
ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါလည်းကောင်း၊ ပုရော ဖက်မဟူ၍
ကိုယ်ကို ခေါ်ဝေါ်သောသင်၏ ခင်ပွန်းယေဇဗေလသည် သွန် သင်၍ မှားယွင်းစေရသော အခွင့်ကို
သင်သည်ပေးသောကြောင့် သင်၌ အပြစ်တင်စရာရှိ၏။ နောင်တရသင့်သောကာလကို ငါပေးသော်လည်း
သူသည် မိမိမတရားသောမေထုန်ကို နောင်တရချင်သော စိတ်မရှိ။”
အခန်းကြီး - ၃၂
သွာတိရအသင်းတော်သည်အချိန်မည်မျှကြာအောင်
တောထဲတွင်ပုန်းရှောင်ခဲ့ရသနည်း
အချိန် ၃ နှစ်ခွဲ၊ နှစ်ပေါင်း ၁၂၆ဝ၊ ၅၃၈
အေဒီမှ ၁၇၉၈ အထိ တောထဲ တွင်ပုန်းရှောင်ခဲ့ရပါသည်။ ဓမ္မဟောင်းခေတ်ကာလတွင် ယေဇ ဗေလသည်
ဘုရားသခင်၏ ပုရောဖက်များကို သတ်ဖြတ်ခဲ့သော အမှုရှိပါ သလား။ ရှိသည်။
ဓမ္မရာဇဝင်တတိယစောင် ၁၈:၄ သမိုင်းတွင်
ယေဇဗေလ၏ ဖောက်ပြန်ရေးစနစ်သည် ထာဝရဘုရား၏ ပုရောဖက်များကို သတ်ဖြတ် သုတ်သင်ခဲ့ပါသည်။
“ယေဇဗေလသည် ထာဝရဘုရား၏ပုရောဖက်တို့ကို ပယ်ဖြတ်သောအခါ ဩဗဒိသည် ပုရောဖက်တစ်ရာကို
မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် မုန့်နှင့်ရေကို ပေး၍ကျွေးလေ၏။” ထာဝရ ဘုရား၏
ပုရောဖက်များကို ယေဇဗေလ သတ်ဖြတ်ခဲ့ပါသည်။ ပုရောဖက် ဧလိယကိုလည်း
သေဒဏ်အမိန့်ချမှတ်ခဲ့သည်။
ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၊၂
ကရမေလတောင်ပေါ်တွင် ဗာလပုရောဖက်များနှင့် ပုရောဖက်ဧလိယတို့၏ ရင်ဆိုင်မှုကြောင့်
ဗာလ ပုရောဖက်များ သေဆုံးကြောင်း ယေဇဗေလကြားသိသော အချိန်တွင် “ဧလိယပြုသောအမှုနှင့် ပုရောဖက်အပေါင်းတို့ကို
ဓားနှင့်ကွပ်မျက်သော အမှုကို အာဟပ်သည် ယေဇဗေလအား အကုန်အစင် ကြားပြော၏။ ယေဇဗေလက
နက်ဖြန်နေ့ ယခုအချိန်ရောက်မှ သင့်အသက်သည် ထို ပုရောဖက်တို့၏ အသက်ကဲ့သို့
ငါမဖြစ်စေလျှင် ဘုရားတို့သည် ငါ၌ ထိုမျှ မကပြုပါစေသောဟု တမန်ကို ဧလိယထံသို့
စေလွှတ်၍ ကြားလိုက်၏။”
ယေဇဗေလနှင့် အာဟပ်မင်းနှစ်ဦးအကြောင်းကို ဆွေးနွေးခဲ့ပါ
သည်။ မဟာမိတ်အဖွဲ့ထဲမှ တတိယအဖွဲ့အကြောင်း ဆက်လေ့လာမည်။ တတိယအဖွဲ့သည်
မည်သူဖြစ်မည်နည်း။ ဗာလဘုရား၏ (မိစ္ဆာပုရော ဖက်) ပုရောဖက်ဖြစ်ပါသည်။
အခြားတစ်ဖက်တွင် အာဟပ်မင်းကို ယေဇ ဗေလအသုံးချခဲ့သည်နည်းတူ ကျန်တစ်ဖက်တွင်လည်း
သူမမွေးစားထား သော မိစ္ဆာပုရောဖက်များကို အသုံးချပါသည်။ မိစ္ဆာပုရောဖက်များကို
မည်သူကျွေးမွေးသနည်း။
ဓမ္မရာဇဝင်တတိယစောင် ၁၈:၁၉ တွင်
မိစ္ဆာပုရောဖက်များစွာကို ယေဇဗေလကျွေးမွေးထားပါသည်။
“သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊
ဗာလပုရောဖက် လေးရာငါးဆယကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပု ရောဖက်
လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့စုဝေးစေ လော့ဟု ဆိုသည်အတိုင်း၊” မည်သူကျွေးမွေးသနည်း။
ယေဇဗေလကျွေး မွေးပါသည်။
အခန်းကြီး - ၃၃
ဗျာဒိတ်ကျမ်းတွင်ပြည့်တန်ဆာအတွက်အမှုထမ်းဆောင်ပေးသော
မိစ္ဆာပုရောဖက်အဖွဲ့ရှိသလား
ရှိပါသည်။ ယေဇဗေလ၏ ဒဏ်ရာကိုပျောက်ကင်းစေပြီး
ဆုံးရှုံးခဲ့ သော အာဏာကိုလည်း ပြန်လည်ရရှိစေရန် ကူညီဆောင်ရွက်ပေးသော တတိယ
အာဏာပိုင်အဖွဲ့ကို ဗျာဒိတ်ကျမ်းတွင်ဖော်ပြထားပါသည်။
ဗျာဒိတ်ကျမ်း ၁၆း၁၃ တွင်
မိခင်ပြည့်တန်ဆာအတွက် အမှုထမ်း ဆောင်ပေးသော မိစ္ဆာပုရောဖက်အဖွဲ့ ဖြစ်ပါသည်။ “ထိုအခါ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊
မိစ္ဆာ ပုရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူး သောဝိညာဉ်သုံးပါး
ထွက်သည်ကို ငါမြင်၏။”
ဓမ္မဟောင်းကျမ်းထဲတွင် ပုရောဖက်ဧလိယ၏ ရန်သူသည်
သုံးဖွဲ့ စုပေါင်းထားသော မဟာမိတ်အဖွဲ့ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှာ သွာတိရ အသင်းတော်၏ရန်သူသည်လည်း
သုံးဖွဲ့စုစည်းထားသည့် မဟာမိတ်အဖွဲ့ ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၇:၅ တွင် ပြည့်တန်ဆာ(ယေဇဗေလ)
အကြောင်း ကို ဖော်ပြထားပါသည်။ “နဖူး၌အက္ခရာတင်သောဘွဲ့မူကား၊ နက်နဲသော အရာ၊
ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ် သောအရာတို့၏အမိပေတည်း။”
ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ် ရွံရှာဖွယ်သော အရာတို့၏ အမိပေတည်း။
ကလေးရှိသောသူကိုသာမိခင်ဟုခေါ်သည်။ မိခင်၌
သားသမီးရှိပါ သည်။ မိခင်နှင့်သမီး မည်သူအရင်လာသနည်း။ ဓမ္မဟောင်းကျမ်းထဲတွင်
အာဟပ်မင်း + ယေဇဗေလ + မိစ္ဆာပုရောဖက်၊ မဟာမိတ်အဖွဲ့နည်းတူ၊ ဓမ္မသစ်ကျမ်းထဲတွင်
ဟေရုဒ်မင်း + ဟေရောဓိ + မိခင်ပုံတူသမီးစလိုးမီ မဟာမိတ်အဖွဲ့ဖြစ်သည်။
နောက်ဆုံးကာလတွင်လည်း နဂါး + သားရဲ + မိစ္ဆာပုရောဖက် မဟာမိတ်အဖွဲ့ ရှိပါသည်။
ဖောက်ပြန်သည့် အသင်းတော် မှမွေးထုတ်သည့်ပုံတူသမီးလည်း ရှိပါသည်။
သွာတိရအသင်းတော်သည် ယေဇဗေလဖျက်ဆီးသော အသင်းတော်ဖြစ်ပြီး ထိုအသင်းတော်မှ မွေး ထုတ်သော
နောက်လိုက်အသင်းအဖွဲ့များစွာ ရှိပါသည်။ ယေဇဗေလ၏ စားပွဲ၌စားသောမိစ္ဆာပုရောဖက်ကဲ့သို့သောအုပ်စုဖြစ်ပါသည်။
ဓမ္မဟောင်း ကျမ်းထဲမှ (ဧလိယ၊ မိုး၊ ယေဇဗေလ၊ မိစ္ဆာပုရောဖက်၊ အာဟပ်မင်း၊ ဣသရေလ)
ဗျာဒိတ်ကျမ်းကို သိမြင်နားလည်စေသော ပုံဆောင်မှု ဖြစ်ပါ သည်။
ဗျာဒိတ်ကျမ်း ၂း၂၃ ယေဇဗေလစနစ်မှ မွေးထုတ်ပေးသောသမီး
ရှိကြောင်း ဖော်ပြထားပါသည်။ “သူ၏သားသမီးတို့ကိုလည်း အသေသတ် မည်။ ငါသည်
နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူဖြစ်ကြောင်း ကို ထိုသို့သောအားဖြင့်
ခပ်သိမ်းသောအသင်းတော်တို့သည် သိရကြလိမ့် မည်။ သင်တို့သည်
အသီးအသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုး အပြစ်ကို ငါပေးမည်။”
ယေဇဗေလသည် ကမ္ဘာတစ်ဝန်းတွင် မှားယွင်းသော စနစ်တစ်ခု
ကို ကိုယ်စားပြုပါသည်။ World Wide System ယေဇဗေလစနစ်အတွက်
နိဂုံးသည် ယခုအချိန်အထိ မလာသေးပါ။ ယေဇဗေလစနစ်သေပြီလား။ မသေသေးပါ။ ၁၂၆၀ နှစ်အကုန်၌
ဒဏ်ရာသာရရှိခဲ့ပါသည်။ မိစ္ဆာပုရော ဖက်များလည်း သေကုန်ပြီလား။မသေသေးဖူး။ ထာဝရဘုရား၏ကြောက်
မက်ဖွယ်နေ့ရက်ကြီး ရောက်လာပြီလား။ မရောက်သေးပါ။ အသက်ရှင် သူများအထဲမှ အသင်းတော်အဖြစ်
ပြောင်းလဲပြီးပြီလား။ မပြီးသေးပါ။ နောက်ဆုံးကာလတွင် ကြွလာမည့် ဧလိယ
(ပြုပြင်ပြောင်းလဲရေးလှုပ်ရှား မှု) ကို မျှော်လင့်နေရမည်လား။ မျှော်လင့်ပြီး အသက်ရှင်ရမည်။
မာလခိ ၄း၁-၃ ၁၇၉၈ ခုနှစ်တွင် ပုရောဖက်ဧလိယ၏
ပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှု ပြီးဆုံးသွားပြီးလား။ အဆုံးမသတ်သေးပါ။ ယခု တိုင်မပြီးသေးပါ။
“မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလ သည် ရောက်လိမ့်မည်။
မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည်
အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ
ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
ငါ၏နာမတော်ကို ကြောက်ရွံ့ သော သင်တို့ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့်
ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်း ကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။
မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သောနေ့ရက်၌ သူတို့သည် သင်တို့
ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ
အရှင်ထာဝရဘုရားမိန့်တော်မူ၏။”
ဧလိယကို စေလွှတ်မည့်အနာဂတ္တိစကားသည် ၁၇၉၈
ခုနှစ်တွင် အမှန် ပြည့်စုံခဲ့ပြီလား။ နောက်ဆုံးကာလအတွက် စေလွှတ်မည့် ဧလိယ မလာသေးပါ။
ဘုရားစေလွှတ်မည့် ပြုပြင်ပြောင်းလဲရေး နောက်ဆုံး လှုပ် ရှားမှုကိုကျွန်ုပ်တို့မျှော်လင့်ရမည်။ယေဇဗေလစနစ်သည်
နှစ်ပိုင်းရှိသည်။ ကျမ်းစာအရ သုံးနှစ်ခွဲပြည့်သည့်အချိန်တွင် သားရဲသည် ဒဏ်ရာ ရခဲ့ခြင်း
သာဖြစ်သည်။ ၁၇၉၈ ခုနှစ်တွင် သားရဲသည် မသေသေးပါ။
ယေဇဗေလစနစ်၊ အာဟပ်မင်း၊
မိစ္ဆာပုရောဖက်များကို အဆုံး တိုင်စီရင်ချက်မပြီးသေးပါ။ အသင်းတော်သည်လည်း သေခြင်းမှ
အသက် ရှင်ခြင်းသို့ မပြောင်းသေးပါ။ နောက်ဆုံးကြွလာမည့်ဧလိယ (နောက်ဆုံး သောပြုပြင်
ပြောင်းလဲရေးလှုပ်ရှားမှု) ကို မျှော်လင့်လျက်ပြင်ဆင်ကြရပါ မည်။ ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၃ တွင် ယေဇဗေလ ဒုတိယ အပိုင်း လာ ဦးမည်။
ဗျာဒိတ်ကျမ်း ၆း၉-၁၁ ပြည့်တန်ဆာမကြီး အာဏာပြန်လည်ရရှိ
သောအချိန်တွင် မဟာမိတ်အဖွဲ့လည်း ပါလာမည်။ အာဟပ်မင်းပြန်လာ မည်။
မိစ္ဆာပုရောဖက်တွေလည်း ပြန်လာမည် Final-End Time Elijah နှစ်ပိုင်းရှိတယ်။
ဒဏ်ရာမှပျောက်ကင်းပြီး အာဏာကို ကျင့်သုံးဦးမည်။
“ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် လည်းကောင်း၊ မိမိတို့
သက်သေခံချက်ကြောင့်လည်းကောင်း၊ အသေ သတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို
ယဇ်ပလ္လင်အောက်၌ ငါမြင် ၏။ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍
အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့ အသွေးကို သွန်းကြသောအပြစ်နှင့်
အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံးနေတော်မူ မည်နည်းဟု
ကြီးသောအသံနှင့်ကြွေးကြော်ကြ၏။ ထိုသူတို့၌ ဖြူသော ဝတ်လုံကိုပေးတော်မူ၏။
သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတ္တံ့ သော မိမိလုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည်
ပြည့်စုံခြင်းသို့ မရောက်မီ ခဏ ငြိမ်သက်စွာနေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။”
၁၇၉၈ ခုနှစ်မတိုင်မီ အချိန်က
အာဇာနည်တစ်ဖွဲ့ရှိသလို ၁၇၉၈ ခုနှစ် နောက်ပိုင်းတွင်လည်း အာဇာနည်တစ်ဖွဲ့လည်းရှိမည်။
ယေဇဗေလ စနစ်သည် အာဏာပြန်လည်ရရှိပြီး ဆက်လက်ကျင့်သုံးဦးမည်ဖြစ်သော ကြောင့် ၁၈၄၄
ခုနှစ် မှစတင်ပြီး (Advent Movement) မြော်လင့်ခြင်း လှုပ်ရှားမှုကို
ဘုရားသခင်စတင် စေလွှတ်ခဲ့ပါသည်။ မကြာမီအချိန်တွင်
ဧလိယ၏နိဂုံးချုပ်သောအပိုင်းရောက်လာမည်။
ဗျာဒိတ်ကျမ်း ၂း၂၂ ယေဇဗေလစနစ်သည်
တစ်ဖန်အာဏာပြန် လည်ရရှိပြီး မတရားသောမေထုန်အမှုကို ဆက်လက်ကျင့်သုံးဦးမည် ဖြစ် သောကြောင့်
ဘုရားသခင်သည် တရားမျှတစွာ စီရင်တော်မူလိမ့်မည်။
“ထိုကြောင့် သူ့ကိုအိပ်ရာ၌ ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍
ထိုသို့သော အကျင့်ကို နောင်တမရသောသူတို့ကိုလည်း ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။”
၁၇၉၈ ခုနှစ်နောက်ပိုင်းတွင် ဘုရားသခင်သည်
ဧလိယ (ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှု) ကို စတင်စေလွှတ်ခဲ့ပါသည်။ ဧလိယ၏ စိတ် ဝိညာဉ်ကို
ပိုင်ဆိုင်သောသူဖြစ်ပြီး ဘုရားသခင်၏ ပညတ်နှင့်သက်သေ ခံချက်များကိုစွဲလမ်းသောသူဖြစ်ပါသည်။ဖန်ဆင်းရှင်ကို
ဝတ်ပြုကိုးကွယ် သောသူများလည်းဖြစ်ပါသည်။
၁၈၄၄ ခုနှစ်မှစတင်ပြီး ဧလိယ၏ စိတ်ဝိညာဉ်ရှိသော
မြော်လင့် ခြင်းလှုပ်ရှားမှု (Early Advent Movement) ကို
ဘုရားသခင်စတင်ခဲ့ပါပြီ။ နောင်လာမည့်သင်ခန်းစာတွင် (Final Advent Movement) နောက်ဆုံး ကာလတွင် စေလွှတ်မည့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို
နက်ဖြန်နေ့ တွင် ကြွလာကြပြီး အတူတကွဆက်လေ့လာကြပါစို့။
အခန်းကြီး - ၃၄
၄။
ကမ္ဘာပျက်သည့်ပမာပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု
ဆုတောင်း
မာလခိအနာဂတ္တိကျမ်း ၄း၅၊၆ ကိုဖွင့်ပြီး
အတူတူဖတ်ကြပါစို့။ “ကြည့်ရှုလော့၊ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး မရောက်မီ
ပုရောဖက်ဧလိယကို သင်တို့ရှိရာသို့ငါစေလွှတ်မည်။ ငါသည် လာ၍ သင်တို့၏ ပြည်ကို
ကျိန်ခြင်းဘေးနှင့်ဒဏ်မခတ်မည်အကြောင်း ထိုပုရောဖက်သည် သားတို့နှင့်အဘတို့ကိုလည်းကောင်း၊
အဘတို့နှင့် သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။”
“ထာဝရဘုရား၏ကြောက်မက်ဖွယ်သော နေ့ရက်ကြီး” ကျမ်းစာတွင် သုံး သော ဝေါဟာရသည်
မည်သည့်အရာကို ဆိုလိုသနည်း။ ဧလိယကို စေလွှတ်ပြီးမှသာလျှင် ကြောက်မက်ဖွယ်သော နေ့ရက်ကြီးသည်
ရောက် လာမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကျမ်းစာထဲတွင် အဘယ်ကြောင့်
ကြောက်မက်ဖွယ်ဟုဆိုသော ဝေါဟာရကို အသုံးပြုသနည်း။ ကြောက် မက်ဖွယ်ဟုဆိုသောဝေါဟာရနှင့်
ဆက်နွှယ်နေသော အဖြစ်ပျက်များမှာ အဘယ်အရာနည်း။
မာလခိအနာဂတ္တိကျမ်း ၄း၁-၃
ရောက်လာမည့်ကြောက်မက်ဖွယ် သောနေ့ရက်ကြီးသည် တရားမျှတမှုကို ဘုရားသခင်ယူဆောင်လာမည့်
နေ့ရက် ဖြစ်ပါသည်။ “မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလသည်
ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသော သူအပေါင်းတို့သည်
အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျား မျှ မကျန်ကြွင်းစေခြင်းငှါ
ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါ၏
နာမတော်ကို ကြောက်ရွံ့သော သင်တို့၌ကား တရားတော် နေမင်းသည် အနာပျောက် စေသောအတောင်တို့နှင့်ပေါ်ထွန်းတော်မူမည်။
သင်တို့သည်ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ မတရားသောသူတို့ကို
လည်း နင်းကြလိမ့်မည်။ ထိုသို့ငါစီရင်သောနေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌
မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သခင်ခရစ်တော် ဒုတိယအကြိမ်ကြွ လာခြင်းသည် ထာဝရဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော နေ့ရက်
ဖြစ်သည်။ သခင်ခရစ်တော် ဒုတိယအကြိမ် မကြွလာခင် ဧလိယကိုစေ လွှတ်မည်ဟုကတိပေးထားပါသည်။အဘတို့နှင့်သားတို့ကိုလည်းကောင်း
အသင့်အတင့် ဖြစ်စေမည်။ သမိုင်းစာမျက်နှာတွင် ဖော်ပြထားသော ဧလိယသည်
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြီး အဓိပ္ပါယ်ဖွင့်ဆို ခြင်းမဟုတ်ကြောင်းကို
ဦးစွာနားလည်ရမည်။ ဧလိယသည် မှန်ကန် သောသမ္မာတရားစနစ်တစ်ခုကို
ပုံဆောင်ခြင်းဖြစ်ပါသည်။
ကျမ်းသုံးပေါဟာရနှင့်စည်းမျဉ်းများကို
သဘောပေါက်မှသာလျှင် ဓမ္မဟောင်းကျမ်းမှ ဧလိယ၏ လှုပ်ရှားမှုတွင် အဓိက သတင်းစကားမှာ
တတိယ ကောင်းကင်တမန်သတင်းစကားဖြစ်ကြောင်းသိရသည်။ ပြည့် တန်ဆာ၏ အဓိကသာသနာသည် မည်သည့်
အယူဝါဒ ဖြစ်သနည်း။ ကမ္ဘာတစ်ဝန်းတွင်ကျင့်သုံးကြသော မှားယွင်းသည့် ဝိညာဉ်ရေးစနစ်ဆိုး
တစ်ခုလုံးကို ဧလိယ၊ ဣသရေလ၊ အာဟပ်မင်း၊ ယေဇဗေလ၊ မိစ္ဆာပုရော ဖက်၊
ဗာလဘုရားကိုးကွယ်မှု စသည့်အကြောင်းတစ်ခုစီဖြင့် အသေးစိတ် ပုံဆောင်ထားခြင်းဖြစ်ပါသည်။
နောက်ဆုံးကာလတွင် ဘုရားသခင် စေလွှတ်မည့် ဧလိယအကြောင်းကို ပို၍နားလည်နိုင်ရန်
ဗျာဒိတ်ကျမ်း တွင် လေ့လာပါ။ အဖွဲ့သုံးစုဖြင့်ပေါင်းထားသော မဟာမိတ်အဖွဲ့ကြီး သည်
ဧလိယစနစ်ကို ရန်ပြုသောစနစ်ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၆း၁၉ ဓမ္မဟောင်းကျမ်းတွင်
အာဟပ်မင်း + ယေဇ ဗေလ + မိစ္ဆာပုရောဖက်ဖြင့်သင်းဖွဲ့ထားသော မဟာမိတ်အဖွဲ့။ ဓမ္မသစ် ကျမ်းတွင်
ဟေရုဒ်မင်း + မိခင်ဟေရောဒိ + သမီးစလိုးမီဖြင့် သင်းဖွဲ့ထား သောမဟာမိတ် အဖွဲ့။
ဗျာဒိတ်ကျမ်းမှ သွာတိရအသင်းတော်ကာလတွင် နဂါး + သားရဲ + မိစ္ဆာ
ပုရောဖက်ဖြင့်သင်းဖွဲ့ထားသောမဟာမိတ်အဖွဲ့။ နောက်ဆုံးကာလတွင်လည်း ဗာဗုလုန်မြို့သည်
ညစ်ညူးသောဝိညာဉ် ၃ ပါးဖြင့်စုဖွဲ့ထားသောမဟာမိတ်ဖြစ်ပါသည်။ “မြို့ကြီးသည်
သုံးဖြာကွဲပြား ၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည်
ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။
ကျွန်းရှိသမျှတို့သည် လွင့်ပြေး ကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။”
အခန်းကြီး - ၃၅
“ညစ်ညူးသည့်ဝိညာဉ် ၃ ပါး” ဤဝေါဟာရစကားသည် မည်သူများကိုဆိုလိုသနည်း။
ဗျာဒိတ်ကျမ်း ၁၆း၁၃ နောက်ဆုံးကာလတွင်
ဗာဗုလုန်မြို့သည် ညစ်ညူးသော ဝိညာဉ် ၃ ပါးဖြင့် စုဖွဲ့ထားသောမဟာမိတ်ဖြစ်ပါသည်။
“ထိုအခါ နဂါး၏ခံတွင်းထဲက လည်းကောင်း၊ သားရဲ၏ခံတွင်းထဲကလည်း ကောင်း၊
မိစ္ဆာပုရောဖက်၏ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော
ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။” ဗျာဒိတ်ကျမ်းတွင် နဂါး + သားရဲ + မိစ္ဆာ
ပုရောဖက်တို့သည် မိန်းမကို ရန်မူသောအဖွဲ့သုံးဖွဲ့ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
(နဂါး + သားရဲ + မိစ္ဆာပုရောဖက်) မဟာမိတ်အဖွဲ့ထဲမှနဂါးအကြောင်းကို
ဦးစွာလေ့လာကြပါစို့။
အခန်းကြီး - ၃၆
၁။
နဂါးအကြောင်း
နဂါးသည် လောကီဘုရင်များကိုပုံဆောင်ပါသည်။
နဂါး။ ရောမ အရပ်သားအစိုးရအာဏာကို ပုံဆောင်ပါသည်။
ဗျာဒိတ်ကျမ်း ၁၂း၄ တွင် နောက်ဆုံးပိုင်းမှ ဝါကျကိုသာ
ဖတ်ပြပါ မည်။ “သားကိုဖွားလှသော မိန်းမသည် ဖွားသောအခါ နဂါးသည် ထိုသား ကိုကိုက်စား
မည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။” ဖွားလှသောသားသည် မည်သူဖြစ်သနည်း။
ယေရှုဖြစ်ပါသည်။ ယေရှုကို သတ်ဖြတ်ရန် မည်သူ ကြံစည်ခဲ့သနည်း။ ဟေရုဒ်မင်း
ကြံစည်ခဲ့ပါသည်။ ဟေရုဒ်မင်းသည် မည်သည့်အာဏာကို ပိုင်သနည်း။ ဟေရုဒ်မင်းသည်
ရောမအစိုးရ၏ အာဏာကို ပိုင်ဆိုင်သောသူ ဖြစ်ပါသည်။ ရောမ၏ (Civil Power Civil
Ruler) အစိုးရအာဏာပိုင်သောသူသည် ယေရှုကိုသတ်ရန် ကြံစည်ခဲ့ပါ သည်။ ထိုကြောင့် နဂါးသည် ရောမ၏အစိုးရအာဏာပိုင်ကို ပုံဆောင်ခြင်း ဖြစ်ပါသည်။
နဂါးကိုစာတန်အသုံးချခြင်းဖြစ်ပါသည်။
ယေဇကျေလ ၂၉း၃ တွင်
အဲဂုတ္တုရှင်ဘုရင်ဖါရောမင်းအကြောင်း ကို ဖွင့်ဆိုထားပါသည်။ “အရှင်ထာဝရဘုရား၏ အမိန့်တော်ကို
ဆင့်ဆိုရ မည်မှာ အိုအဲဂုတ္တုရှင်ဘုရင်ဖါရောမင်း၊ ကိုယ်မြစ်များအလယ်၌နေလျက်
ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဖို့ ငါဖန်ဆင်းပြီဟုဆိုတတ်သော မိကျောင်းကြီး၊ သင်တစ်ဖက်၌
ငါနေ၏။” အဲဂုတ္တုရှင်ဘုရင်ဖါရောမင်းကို ယေဇကျေလ ကျမ်းတွင် မည်ကဲ့သို့
ခေါ်ဆိုထားပါသနည်း။ မိကျောင်းကြီးဟု ခေါ်ပါ သည်။ မိကျောင်းကြီး၏ မူရင်းဘာသာပြန်ဆိုချက်မှာ
နဂါးကြီးဖြစ်ပါ သည်။ အဲဂုတ္ထုရှင်ဘုရင်ဖါရောမင်းကို နဂါးဟု ခေါ်ဆိုပါသည်။ ရောမ ဘုရင်ဟေရုဒ်မင်းကိုလည်း
နဂါးဟုခေါ်ဆိုပါသည်။ ထို့ကြောင့် နဂါးသည် လောကရှင်ဘုရင်များကိုပုံဆောင်ပါသည်။
အီးဂျီဝှိုက်ကောက်နုတ်ချက်တွင် Kings
and rulers and governors have placed upon themselves the brand of antichrist,
and are represented as the dragon who goes to make war with the saints--with
those who keep the commandments of God and who have the faith of Jesus. (TM
38.2) Testimonies to Ministers and Gospel Workers အီးဂျီဝှိုက်၏
ကောက်နုတ်ချက်တွင် လောကီ ဘုရင်နှင့်အုပ်စိုးသူများကို နဂါးဟုခေါ်ဆိုပါသည်။
အခန်းကြီး - ၃၇
၂။
သားရဲအကြောင်း
မည်သည့်အဖွဲ့ကိုပုံဆောင်သနည်း။
ရောမနိုင်ငံတော်၏ အချုပ် အခြာအာဏာကို ရောမအစိုးရက မည်သည့် အသင်းအဖွဲ့လက်ထဲတွင် အပ်နှံခဲ့သနည်း။
The Church of Rome, Ecclesiastical Rome ယေဇဗေလစနစ်၊
ရုပ်တုဆင်းတုကိုးကွယ်သော စနစ်လက်တွင်းသို့ အပ်နှံ ခဲ့သည်။ နှစ်ပေါင်း ၁၂၆ဝ
တိုင်တိုင် ပြည့်တန်ဆာစနစ်ကိုကျင့်သုံးခဲ့သည့် သွာတိရအသင်းတော်အချိန်တွင် သားရဲသည်
အာဏာကို ရရှိခဲ့ပါသည်။ ဤသားရဲသည် မည်သူ့ကိုပုံဆောင်သနည်း။
ဗျာဒိတ်ကျမ်း ၁၃း၁၊၂ ဤသားရဲသည်
ရောမနိုင်ငံတော်ကို ပုံဆောင်ပါသည်။ “ပင်လယ်နား၌ သဲပေါ်မှာငါရပ်၍ သားရဲတစ်ကောင် သည်
ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်
ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချ သောနာမရှိလျက်
ပင်လယ်ထဲကတက်သည်ကိုမြင်၏။ ထိုသို့ငါမြင်သော သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည်
ဝံခြေကဲ့သို့ဖြစ်၏။ သူ၏ နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါးသည်
မိမိတန်ခိုးနှင့် မိမိ ပလ္လင်ကိုလည်းကောင်း ကြီးစွာသော အာဏာစက်ကိုလည်းကောင်း
သားရဲ၌အပ်ပေး၏။” ရောမနိုင်ငံတော်သည် မည်သူ့ထံသို့ နိုင်ငံ၏အချုပ် အခြာအာဏာကိုပေးအပ်ခဲ့သနည်း။
ရောမ၏ ပြည်ထဲရေးနှင့် သာသနာ ရေးလက်ထဲသို့ နိုင်ငံ၏အချုပ်အခြာအာဏာကို
လွှဲပြောင်းပေးခဲ့ပါသည်။ The Church of Rome, Ecclesiastical Rome သည် နိုင်ငံ၏ အချုပ် အခြာအာဏာကို အကြွင်းမဲ့ပိုင်ဆိုင်ခဲ့သည်။ ဘုရားသခင်၏
ပညတ်တော် ကိုပြောင်းလဲရန် ကြံစည်သောအသင်းအဖွဲ့ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၇း၁၊၅ တွင် ဤသားရဲသည်
အာဏာကိုရရှိခဲ့ပြီး ယေဇဗေလ စနစ်ကိုလက်ခံကျင့်သုံးသော မိခင်အသင်းတော်ကိုပုံဆောင် သည်။
“ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တစ်ပါး သည်လာပြီးလျှင်
ငါ့ကိုနှုတ်ဆက်၍ လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး၌ စီရင်ခြင်း
အမှုကိုငါပြမည်။ နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊
ပြည့်တန်ဆာတို့၏အမိ၊ မြေ၌ စပ်ဆုပ်ရွံရှာဖွယ်သော အရာတို့၏ အမိပေတည်း။” ဤစနစ်ကို ပြည့်တန်ဆာဟု
ခေါ်ပါသည်။ ဤပြည့်တန်ဆာတွင် သားသမီးရှိပါသည်။ ရေအပေါ်မှာ ဤစနစ်ထွန်းကားသောကြောင့်
နန်းထိုင်လျက် ရှိပါသည်။ သားသမီးမွေးသောသူကိုသာလျှင် မိခင်ဟုခေါ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၇း၁၅ ရေအပေါ်တွင်
ဤပြည့်တန်ဆာစနစ်ထွန်း ကားသောကြောင့် နန်းထိုင်လျက်ရှိပါသည်။ ရေသည် မည်သည့်အရာကို ပုံဆောင်သနည်း။
“ယခုမြင်၍ ပြည့်တန်ဆာထိုင်သောရေကား၊ အသီးသီး ဘာသာ စကားကိုပြောသော လူအမျိုးမျိုးအစုစုဖြစ်သတည်း။” ပြည့်တန် ဆာစနစ်ကို နှစ်သက်ပြီး ထောက်ခံကြသောဘာသာစကားအမျိုးမျိုးနှင့်
လူမျိုးအသီးသီးဖြစ်သည်။ (Global, World Wide System). ကမ္ဘာ တစ်ဝန်းလုံးတွင်
ယေဇဗေလ စနစ်ကို ကျင့်သုံးကြပါသလား။ မှန်သည်။ ဗျာဒိတ်ကျမ်း၌ဖော်ပြသော
ပြည့်တန်ဆာကြီးသည် လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကို ရည်ညွှန်းပြောဆိုခြင်း မဟုတ်ပါ။
ပြည့်တန်ဆာကြီးသည် ဖောက်ပြန်သောအသင်းတော်ဖြစ်ပြီး နောက်ဆုံးကာလတွင် ယေဇဗေလ စနစ်ကိုကျင့်သုံးသော
အသင်းတော်ဖြစ်သည်။ နဂါးသည်လည်း လောက တွင်အုပ်စိုးနေသောဘုရင်များဖြစ်ပါသည်။
အခန်းကြီး - ၃၈
မိခင်အသင်းတော်မှမွေးထုတ်သောတတိယအဖွဲ့သည်
မည်သူဖြစ်မည်နည်း
ဓမ္မဟောင်းကျမ်းတွင် မဟာမိတ်။ ယေဇဗေလ အလိုရှိသမျှ
အားလုံးကို မိစ္ဆာပုရောဖက်က အမှုဆောင်ပေးသည်။
ဓမ္မသစ်ကျမ်းတွင်မဟာမိတ်။မိခင်ဟေရောဒိအလိုရှိသမျှအားလုံး
ကို သမီးစလိုးမီက အမှုဆောင်ပေးသည်။
ဗျာဒိတ်ကျမ်းတွင် မဟာမိတ်။
သားရဲအလိုရှိသမျှအားလုံးကို မိစ္ဆာ ပုရောဖက်က အမှုဆောင်ပေးသည်။ သားရဲကို ပြန်လည်ကိုးကွယ်ကြဖို့၊
သားရဲ အမှတ်တံဆိပ်ကိုခံယူကြဖို့၊ သားရဲအာဏာပြန်လည်ရရှိဖို့၊ မိခင် အသင်းတော်မှ
မွေးထုတ်ထားသော အမေတူသမီးဖြစ်ကြသောအဖွဲ့မှ ကြိုးစားအားထုတ်ပါသည်။
အခန်းကြီး - ၃၉
အမေတူသမီးတတိယအာဏာအကြောင်းလေ့လာကြပါစို့
ဗျာဒိတ်ကျမ်း ၁၃း၁၁ နောက်ဆုံးကာလတွင် မိစ္ဆာပုရောဖက်။
စလိုးမီ အမေတူသမီး၊ အသင်းတော်၊ မည်သူနည်း။ “အခြားသောသားရဲ တစ်ကောင်သည် သိုးသငယ်၏ ချိုနှင့်တူသော
ချိုနှစ်ချောင်းရှိ၍ နဂါး ကဲ့သို့စကားပြောလျက် မြေကြီးထဲက ထွက်သည်ကိုငါမြင်၏။”
ဗျာဒိတ် ကျမ်းအခန်းကြီး ၁၃ မှ ဒုတိယ သားရဲသည် မည်သည့်စနစ်ကို ကျင့်သုံး သနည်း။
နဂါး (ဤလောက၏ ရှင်ဘုရင်) ကဲ့သို့ စကားပြောသည်။ မိစ္ဆာ ပုရောဖက်များသည် ပထမသားရဲ၏ စနစ်အသက်ပြန်ဝင်လာစေရန်
ဆောင်ရွက်ပေးသည်။ မိခင်၏သဏ္ဌာန်နှင့် ပုံတူဖြစ်ပါသည်။ ဥပုသ်နေ့ တစ်ရက်တည်း အတူတူစောင့်သော
အမေတူသမီးဖြစ်သည်။ ထိုသမီး များကို ပုပ်ရဟန်းမင်းသည် မိခင်အသင်းတော်မှ ခွဲထွက်သွားသော
အသင်းတော်များ မိခင်နှင့်သမီးပြန်လည်ပေါင်းစည်းကြပါ။ Pope John xxiii and
Pope Paul vi ရေးသည့်စာအရ မိခင်အသင်းတော်မှ ခွဲထွက် သည့်အသင်းတော်ဖြစ်သောကြောင့်
မိခင်နှင့်သမီး ပြန်လည်ပေါင်းစည်း ကြပါဟုရေးပါသည်။ မိခင်အသင်းတော်သို့ ပြန်လာကြပါ။
ဟေရောဒိ သည် နှစ်ခြင်းဆရာယောဟန်ကို အသေသတ်လိုသော်လည်း အခွင့်ကို ရှာ၍မရပါ။
ထို့ကြောင့် ဟေရောဒိသည် နှစ်ခြင်းဆရာယောဟန်ကို သေစေလိုသော ရည်မှန်းချက်ဖြင့်
သမီးစလိုးမီကို အသုံးချခဲ့ပါသည်။ ဓမ္မ ဟောင်းခေတ်တွင် ယေဇဗေလသည် လူကို သတ်ခြင်းအမှုကို
ပြုခဲ့ပါ သလား။ ဓမ္မသစ်ကျမ်းတွင် ရှင်ဘုရင်၊ မိခင်၊ သမီးစုပေါင်းထားသော မဟာမိတ်တစ်ဖက်တွင်
နှစ်ခြင်းဆရာယောဟန်ဖြစ်ပါသည်။
လူသည် ဆုံးသွားသော်လည်း မသေပါဟု ယုံကြည်မှသာလျှင်
သေလွန်သောသူများနှင့် အဆက်အသွယ်ပြုလုပ်နိုင်မည်။ ထို့ကြောင့် ပြုစားတတ်သော သူသည်
အသက်ဝိညာဉ်နှင့် ဆက်နွှယ်သူများဖြစ်ပါ သည်။
ဗျာဒိတ်ကျမ်း ၁၈:၂၃ နောက်ဆုံးသော ကာလကျမ်းစာတွင်
ဗာဗု လုန်မြို့ကြီးအကြောင်းကို ဖော်ပြထားပါသည်။ “ဆီမီးအလင်းလည်း သင့် အထဲ၌ နောက်တစ်ဖန်
မထွန်းမလင်းရ။ မင်္ဂလာဆောင်သတို့သား၊ သတို့ သမီးအသံကိုလည်း
သင့်အထဲ၌နောက်တစ်ဖန်မကြားရ။ အကြောင်းမူ ကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။
လူအမျိုးမျိုး တို့သည် သင်၏ ပြုစားခြင်းပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကိုခံရကြပြီ
ဟု ကောင်းကင်တမန်ပြောဆို၏။” မှော်အတတ်၊ စုန်းကဝေပညာ၊ ပြုစား မှုနှင့်လှည့်ဖြားသည့်
အတတ်ပညာဖြင့် သွာတိရအသင်းတော်၏ ခေတ် နည်းတူ သားရဲသည် လှည့်စားခြင်းအမှုကိုပြုမည်။
ဗျာဒိတ်ကျမ်း ၁၇း၆ ဤစနစ်ဖြင့်
အသက်မွေးမှုလုပ်ငန်းဟု သတ် မှတ်ကြသောသူများ၏ လုပ်ရပ်များကို မြင်တွေ့ရသောယောဟန်သည်
အလွန်အံ့ဩ မိန်းမော၍ နေ၏။ “ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊
ယေရှု၏သက်သေခံတို့၏ အသွေးနှင့်ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင် သောအခါ အလွန်အံ့ဩ
မိန်းမော၍နေ၏။” နောက်ဆုံးကာလတွင် ပြည့် တန်ဆာသည် ယေဇဗေလ၊ ဟေရောဒိ၊ သားရဲနည်းတူ
မှော်အတတ်၊ စုန်း ကဝေပညာ၊ လိမ်လည်သည့်စနစ်ဖြင့် အမှောင်ခေတ်အချိန်နည်းတူ
ပြန်လည်ကျင့်သုံးမည်လား။
ဗျာဒိတ်ကျမ်း ၁၈း၂၄ မှော်အတတ်။ စုန်းကဝေပညာ။
ပြုစားမှုနှင့် လှည့်ဖြားသည့်အတတ်ပညာဖြင့် ပြည့်တန်ဆာကြီး ယေဇဗေလသည် အာဏာကို
အကြွင်းမဲ့ ပြန်လည်ရရှိမည်။ “ပုရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊
မြေကြီးပေါ်မှာ ကွပ်မျက်သော သူအပေါင်းတို့ ၏ အသွေးကို ထိုမြို့၌တွေ့၏။” ယေဇဗေလ၊
ဟေရောဒိ၊ သားရဲတို့ထက် ပို၍ ဗာဗုလုန်မြို့ကို သတိထားရမည်။ နောက်ဆုံးကာလသည်
ကမ္ဘာပျက် သည့်ပမာ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု (ဧလိယ) နှင့် ရန်သူမဟာမိတ် အဖွဲ့တွင်
လောကီအာဏာပိုင် + ယေဇဗေလစနစ် ကျင့်သုံးသည့်သားရဲ + မိစ္ဆာပုရောဖက်တို့၏ ကြောက်မက်ဖွယ်ကို
ရင်ဆိုင်ရမည် ဖြစ်ပါသည်။
ထိုသို့သောအခြေအနေတွင် စနစ်အမှန်ဖြင့်
ကမ္ဘာတစ်ဝန်းလုံးသို့ ဗာဗုလုန်မှထွက်ကြရန် ကြွေးကြော်မည့် လှုပ်ရှားသူများကို
ဘုရားသခင် စေလွှတ်မည်ဟု ကတိတော်ပေးထားပါသည်။ (ဧလိယ၊ နှစ်ခြင်းဆရာ ယောဟန်၊
သွာတိရအသင်းတော်) မာလခိအနာဂတ္တိကျမ်း ၄း၅၆ တွင် ထိုကြောက်မက်ဖွယ်ကောင်းသောနေ့တွင်
ဘုရားသခင်သည် ဧလိယကို စေလွှတ်မည်။ နောက်ဆုံးလှုပ်ရှားမှုတွင် သတင်းစကားအမှန်နှင့်
နောက် ဆုံးမြင်တွေ့ ရမည့်ဧလိယသည် မည်သူနည်း။ စနစ်အမှန်ဖြစ်၏။ ဧဝံဂေ လိတရားအမှန်။
တရားစီရင်ခြင်း သတင်းစကားအမှန်။ သေခြင်းအ ကြောင်း အမှန်တရားအားလုံးကို
ဟောပြောကြပါသည်။ နောက်ဆုံး ကာလ၏ သတင်းစကားများသည် မည်သူ့ကို ပစ်မှတ်ထားပါသနည်း။
ဘုရားမယုံကြည်သောသူကိုလား။ တခြားဘာသာဝင်တွေလား။ မဟုတ် ပါ။ ခရစ်တော်ကိုယုံကြည်လက်ခံထားသောခရစ်ယာန်အားလုံးအတွက်
ရည်ရွယ်ပါသည်။ ဝိညာဉ်ရေးဖောက်ပြန်မှုကို ပြောင်းလဲပြုပြင်မည့်မဟာ
လှုပ်ရှားမှုဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၈း၄ တွင်
ဝိညာဉ်ရေးဖောက်ပြန်မှုကို ပြောင်းလဲ ပြုပြင်မည့် (ဧလိယ) မဟာလှုပ်ရှားမှုကြီးသည်
ဧကန်ရောက်ရှိ၍လာ မည်ဖြစ်ပါသည်။ “အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊
သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း
ကင်းလွတ်အံ့သောငှါ သူ၏ အထဲကထွက်ကြ လော့။” ထွက်လာပါ။ ငါ၏လူတို့၊
သားရဲခံရမည့်အပြစ်ကို ဘာကြောင့် ရောပြီးခံယူလိုသနည်း။ထာဝရဧဝံဂေလိတရားကိုမည်သူဟောခဲ့သနည်း။
ပထမပုရောဖက်ဧလိယ၊ ဒုတိယပုရောဖက်ဧလိယ၊ တတိယပုရောဖက် ဧလိယ။
ဗျာဒိတ်ကျမ်း ၁၄း၆
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု (ဧလိယ) သည် ကောင်းကင်တမန် ၃
ပါးသတင်းစကားအားလုံးကို ဟောပြောခဲ့ပါ သည်။ “မြေကြီးပေါ်မှာနေသောသူတည်းဟူသော
အသီးအသီးဘာသာ စကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိ တရားကိုဟောရသော
ကောင်းကင်တမန်တစ်ပါးက” ပုရောဖက်ဧလိယ ဟောပြောသော ထာဝရဧဝံဂေလိတရားသည်
ဖန်ဆင်းတော်မူသော အရှင်ကို ပြန်လည်ကိုးကွယ်ဖို့ မဟုတ်လား။
ဗျာဒိတ်ကျမ်း ၁၄း၇ ပုရောဖက်ဧလိယဟောပြောခဲ့သော
ထာဝရ ဧဝံဂေလိတရားသည် ဖန်ဆင်းတော်မူသောအရှင်ကို ပြန်လည်ကိုးကွယ်ဖို့
တောင်းဆိုခြင်းဖြစ်ပါသည်။ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြ လော့။
တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်
စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု
ကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။”
ကောင်းကင်မြေကြီး ဖန်ဆင်းတော်မူ သောအရှင်ကို ပြန်ကိုးကွယ်ရန် ဧလိယခေါ်ခြင်း ဖြစ်သည်။
ရုပ်တု ဆင်းတုကိုးကွယ်မှုသည် ရောမလူမျိုးမှတစ်ဆင့် ခရစ်ယာန်များ အတုခိုး ကူးယူခြင်းဖြစ်သည်။
ဝတ်ပြုခြင်းနှင့် ကိုးကွယ်မှု၌ ဖန်ဆင်းရှင်နှင့်ကင်း ကွာ၍မရပါ။ ဖန်ဆင်းရှင်ကို
မိမိဝတ်ပြုကိုးကွယ်ခြင်းဖြစ်ကြောင်း သတ္တမ နေ့ဥပုသ်သင်္ကေတအမှန်ဖြင့် ဖော်ပြကြသည်။
ဖန်ဆင်းရှင်သာလျှင် ကိုးကွယ်ထိုက်ကြောင်း ဥပုသ်တော်နေ့ သင်္ကေတအမှန်ဖြင့် သက်သေ
ပြကြသည်။ မှန်ကန်သည့်ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဥပုသ်တော်နေ့ခွဲခြား ၍မရပါ။
ယနေ့ခရစ်ယာန်များ မည်သည့်နေ့ရက်၌ ဥပုသ်စောင့်သနည်း။
တနင်္ဂနွေနေ့သည် ဘုရားသခင်ပြဌာန်းသောနေ့ ဖြစ်ပါသလား။ လူသား ပြဌာန်းသည့် နေ့လား။
ဣသရေလလူမျိုးရုပ်တုဆင်းတုကိုးကွယ်ခြင်းအမှု ကို မည်သည့်အချိန်တွင် စတင်သနည်း။
ခရစ်ယာန်များ ရုပ်တု ဆင်းတု တော်ကိုးကွယ်ခြင်းအမှုသည် မည်သည့်အချိန်တွင် စတင်ခဲ့သနည်း။
ဗာလဘုရား ကိုးကွယ်သူတွေထံမှ ရရှိပါသည်။ ရုပ်တုဆင်းတုကိုးကွယ် သည့် ရောမလူမျိုးထံမှရရှိပါသည်။
ဟေရှာယ ၆၆း၂၂၊၂၃
ဖန်ဆင်းရှင်နှင့်ဝတ်ပြုကိုးကွယ်မှုသည် ခွဲခြား၍ မရသော ပဋိညာဉ်ဖြစ်သည်။
ကောင်းကင်သစ်နှင့်မြေကြီးသစ် တွင်လည်း ဖန်ဆင်းရှင်ကို ကိုးကွယ်ကြမည်။
“ငါဖန်ဆင်းသော ကောင်း ကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့ သင်တို့၏ အမျိုး
အနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်
အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” သတ္တမနေ့ဥပုသ်
စောင့်ထိန်းခြင်းအမှုသည် ကောင်းကင် သစ်နှင့်မြေကြီးသစ်တွင်လည်း
သင်္ကေတအဖြစ်တည်ရှိမည်။
ဗျာဒိတ်ကျမ်း ၁၄း၁၂ ပုရောဖက်ဧလိယသည်
ဝတ်ပြုကိုးကွယ်မှု အပြင် ပညတ်တော်ကိုလည်း ပြန်လည်စောင့်ထိန်းရန် တောင်းဆိုပါ သည်။
“ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည် ခြင်းကိုလည်းကောင်း၊
စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ ဧလိယ၊ ယောဟန်၊
သွာတိရအသင်းတော် တို့သည် ပညတ်တော်တွင်ပါဝင်သော မတရားမေထုန်အကြောင်းကို ရဲရဲ ဝံ့ဝံ့ဟောကြားခဲ့ပါသည်။
ဘာသာရေးနှင့် နိုင်ငံရေးပေါင်းစည်းသော မတ ရားမေထုန်အကြောင်း နောက်ဆုံးကာလတွင်
ရှုတ်ချမည်။ နောက်ဆုံး ကာလဖောက်ပြန်သည့် အသင်းတော်သည် မတရားသော မေထုန်ကို ကျင့်သုံးဦးမည်လား။
မည်သည့်နည်းဖြင့်ကျင့်သုံးသနည်း။ ဘာသာရေး နှင့်နိုင်ငံရေးပေါင်းစပ်ခြင်းဖြင့်
ကျင့်သုံးကြပါသည်။
ဗျာဒိတ်ကျမ်း ၁၄း၈
ဘာသာရေးနှင့်နိုင်ငံရေး ပေါင်းစည်းသော မတရားမေထုန်ကြောင့် ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။
“ကောင်းကင်တမန် တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ မိမိမတရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော
စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး
ပြိုလဲပြီဟုလိုက်၍ပြောဆို၏။”
ဗျာဒိတ်ကျမ်း ၁၇း၁၊၂
မတရားသောမေထုန်ကို လောကီဘုရင်နှင့် သားရဲမှားယွင်းရသည့်အကြောင်းမှာ အဆိပ်အတောက် ဖြစ်စေသည့်
စပျစ်ရည်ကိုတိုက်ကျွေးသည်။“ဖလားခုနစ်လုံးရှိသောကောင်းကင်တမန် ခုနစ်ပါးတို့တွင်
တစ်ပါးသည်လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍ လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော
ပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမူကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို
သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏မတရားသောမေထုန်၏ စပျစ်ရည်နှင့်ယစ်မူး ကြပြီဟု
ပြောဆိုလျက်၊” ကောင်းကင်တမန် ၃ ပါးသတင်းတွင် လူဆိုးနှင့် လူကောင်းခွဲခြားစေသော သတင်းစကားပါသလား။
တရားစီရင်တော်မူ သော အချိန်ရောက်လာပြီး ဧလိယအချိန်လိုပါပဲ။ ဗာလဘုရားမှန်လျှင် ကိုးကွယ်ပါ။
ထာဝရဘုရားမှန်လျှင် ကိုးကွယ်ပါ။ ခြံပေါ်မှာခွထိုင်လို့မရ
ပါ။
ဗျာဒိတ်ကျမ်း ၁၈း၁၊၅
သားရဲ၏တံဆိပ်ကိုခံယူသူနှင့် ဘုရားသခင် တံဆိပ်ရိုက်ထားသူနှစ်စုသာ ရှိပါသည်။
ဧလိယအချိန် ဘုရားသခင်၏ ဝိညာဉ်တော်သက်ရောက်လာချိန်တွင် သာသနာအလင်း အလွန် ထွန်း လင်းလာပါသည်။
ထိုအချိန်တွင် လူအများအမှန်တရားကို မြင်ကြပြီး ပြောင်းလဲကြပါသည်။ “ထိုနောက်မှ
ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို
ငါ မြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။ အခြား သောကောင်းကင်အသံကား၊
ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံ ခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း
ကင်းလွတ်အံ့သောငှါ သူ၏အထဲက ထွက်ကြလော့။” ငါ၏လူမျိုးတို့၊
ခရစ်ယာန်အားလုံးကိုခေါ်နေသည်။ တခြားဘာသာဝင်များကို ခေါ်ဆို ခြင်းမဟုတ်ပါ။
ကမ္ဘာတစ်ဝန်းရှိလူများ ကရမေလ (အမှားနှင့်အမှန် ရွေးချယ်မှု)
တောင်ပေါ်တွင်စုဝေးကြမည်။ ဘုန်းတော်ဖြင့် တောက်ပ သည့် ရောင်ခြည်ကို မြင်ကြရမည်။
ဗျာဒိတ်ကျမ်း ၁၈း၂
ဧလိယနှင့်မဟာမိတ်အဖွဲ့၏ ကြောက်မက် ဖွယ် နောက်ဆုံးတိုက်လှန်ပွဲဖြစ်ပါသည်။ “သူသည်
ကျယ်သောအသံနှင့် ကြွေးကြော်၍ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။
နတ်ဆိုးနေရာဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ် ဖွယ်သောငှက်မျိုး၏မှီခိုရာ
ဖြစ်လေပြီ။” မဟာမိတ်အဖွဲ့ ၃ ဖြာကွဲထွက် မည်။ မိုးခေါင်မည်၊ ရေရှားမည်၊
အငတ်ဘေးသက်ရောက်မည်၊ သေကျေ ပျက်စီးမည်၊ ရေခန်းခြောက်မည်။ ဆဌမဘေးဒဏ်နှင့်
အလားသဏ္ဌာန် တူသော ဆင်းရဲခြင်းကာလတွင် မည်သူသည် အပြစ်တင်စွပ်စွဲခြင်းကို ခံရမည်နည်း။
ဗျာဒိတ်ကျမ်း ၁၂း၁၇ နောက်ဆုံးကာလတွင်
ဧလိယကဲ့သို့ ထိပ် တိုက် ရင်ဆိုင်တိုက်လှန်မှုဖြစ်မည်။ “နဂါးသည် မိန်းမကို အငြိုးထား၏။
ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူ ချက်ကို
စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုး အနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။”
နောက်ဆုံးကာလတွင် ဘုရားသခင် ၏သားသမီးတွေ တောထဲသို့ ထွက်ပြေးကြရမည်။
ရှင်မဿဲခရစ်ဝင် ၂၄း၆-၉
ဆဌမဘေးဒဏ်နှင့်အလားသဏ္ဌာန်တူ သော ဆင်းရဲခြင်းကာလအကြောင်းဖြစ်ပါသည်။ “သင်တို့သည်
စစ်တိုက် ခြင်းအကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းကိုလည်း ကောင်း
ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေ ခြင်းငှါ
သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော် လည်း အဆုံးသည်မရောက်သေး။
လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊
ကာလနာများပြားခြင်း၊မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ထိုအမှု အရာတို့သည်
ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” ဆဌမဘေး ဒဏ်သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်းဟုဖော်ပြထားသည်။
ဝိညာဉ်ရေး ပြုပြင်ပြောင်းလဲမည့် မဟာလှုပ်ရှားမှုသည် နောက်ဆုံး
ထိုအချိန်တွင်ဖြစ်ပါသည်။ “ထိုကာလ၌ လူများတို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊
အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ ငါ၏ နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည်
သင်တို့ကိုမုန်းကြလိမ့် မည်။” သခင်ခရစ်တော် ပြောခဲ့သည့် အစီအစဉ်ဇယားအတိုင်း ဖြစ်လာ
မည်။ ဘာကြောင့် ဧလိယကို မုန်းတီးကြသနည်း။ နောင်တရသင့်သော အချိန်သုံးနှစ်ခွဲကို
ပေးထားသော်လည်း နောင်တမရှိပါ။ ဖါရောဘုရင် ကဲ့သို့ခေါင်းမာလာပြီး သဘာဝဘေးဒဏ်ကြောင့်
နောင်တရခြင်းမရှိသည့် မဟာမိတ်အဖွဲ့သည် ဧလိယကိုမုန်းကြသည်။ ကျန်ကြွင်းသူများ တစ်ဖန်
တောထဲသို့ထွက်ပြေးဦးမည်လား။ ပြေးဦးမည်။
ရှင်မဿဲခရစ်ဝင် ၂၄း၁၅
ယာကုပ်၏ဒုက္ခဆင်းရဲခြင်းကာလဖြစ်ပါ သည်။ “ထို့ကြောင့် ပုရောဖက်ဒံယေလဟောသည်အတိုင်း
ဖျက်ဆီးတတ် သော ရွံရှာဖွယ်သောအရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည် ကို
သင်တို့မြင်ရလျှင် ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။” နောက်လှည့်မကြည့်ဘဲပြေးပါ။ တောထဲကို
ပြေးပါ။ ကျမ်းသုံး ဝေါဟာရ အဓိပ္ပါယ်က ဘာတွေလဲ။ ဆောင်းတွင်းနဲ့ ဥပုသ်တော်နေ့မှာ မကျဖို့
ဆုတောင်းပါ။
ရှင်မဿဲခရစ်ဝင် ၂၄း၂၁ သည်
သမိုင်းနှစ်ခု၏ ပြည့်စုံခြင်းအနာ ဂတ္တိစကားဖြစ်သည်။ ယေရုရှလင်မြို့အတွက်
ပြည့်စုံခဲ့ပါသည်။ နောက် ဆုံးကာလအတွက်လည်း ဖြစ်ပါသည်။ “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍
ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌
ဖြစ်လိမ့်မည်။” ဘုရားသခင်၏ သားသမီးများကို
သတ်ဖြတ်လိုသောစိတ်သဘောဖြစ်လာမည်။၁၉၅ဝခုနှစ်က ကိုလံဘီယာ နိုင်ငံမှာ
ဘာသာရေးညှဉ်းပန်းနှိပ်စက်မှုဖြစ်ခဲ့ပါသည်။ ၂၁ ရာစုမှာလည်း ဖြစ်နေသည်မဟုတ်လား။
The people of God will not be free from suffering; but while
persecuted and distressed, while they endure privation and suffer for want of
food they will not be left to perish. That God who cared for Elijah will not
pass by one of His self-sacrificing children. He who numbers the hairs of their
head will care for them, and in time of famine they shall be satisfied. While
the wicked are dying from hunger and pestilence, angels will shield the
righteous and supply their wants. (GC 629.2).
“ဘုရားသခင်၏သားသမီးများမှာမူ
နှိပ်စက်ညှဉ်းပန်းခြင်းခံရစဉ် အစားအစာချို့တဲ့မှုများ၊
စိတ်ဆင်းရဲမှုများနှင့်ရင်ဆိုင်နေရစဉ် ပျက်စီးခြင်း သို့ ရောက်ရန်
ပစ်ထားခြင်းခံကြရလိမ့်မည် မဟုတ်ပါ။ ထိုသူအား အစာ ကို အစဉ်ပေးရလိမ့်မည်။
သောက်ရေလည်းမပြတ်ရ။ ငါထာဝရဘုရား သည် သူတို့စကားကိုနားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်
ဖြစ်သောငါသည် သူတို့ကိုမစွန့်။” (GC 629.2).
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူများကို
ဘုရားသခင်ကာကွယ်မှု ပေးသလား။ ဧလိယအချိန်ကဲ့သို့ ဘုရားသခင်၏ကျွေးမွေးခြင်းခံရဦးမည်။
သေဒဏ် မှလည်းကယ်လွှတ်ခြင်းခံရမည်။ ကာကွယ်မှုပေးခြင်းခံရမည်။
ဗျာဒိတ်ကျမ်း ၁၃း၁၅
ဒုက္ခဆင်းရဲခြင်းကာလသည် အာဏာရရှိ လာသော သားရဲကြောင့် အမှန်ဖြစ်လာမည်။ “သားရဲ၏ ရုပ်တုသည်
စကား ပြောနိုင်မည်အကြောင်းနှင့် မိမိကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါပြုနိုင်မည်အကြောင်း
ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။” သားရဲကို မကိုးကွယ်သောသူရှိသမျှတို့ကို
သတ် မည်။ ဧလိယနည်းတူ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို မုန်းတီးကြ သည်။
ရန်ပြုခြင်းခံရသည်။ ကောင်းကင်တမန်သုံးပါးသတင်းစကားကို ဟောပြောခြင်းသည် သားရဲအတွက် သေလောက်သော
ဒဏ်ရာဖြစ်၏။ ဟောပြောသူကိုလည်း မုန်းတီးသည်။ ထို့နောက် မြောက်မြားစွာသော ခရစ်ယာန်တို့သည်
ကျန်ကြွင်းသည့် အသင်းတော်နှင့် ပြန်လည်ပေါင်း စည်းကြပါသည်။
ဗျာဒိတ်ကျမ်းအခန်းကြီး ၁၈
မှာဖော်ပြထားပါသည်။
အခန်းကြီး - ၄၀
နောက်ဆုံးကာလတွင်ယေဇဗလစနစ်၊
အာဟပ်မင်း၏စနစ်၊ မည်သို့နိဂုံးချုပ်မည်နည်း
အာဟပ်မင်း၊ ယေဇဗေလ၊
မိစ္ဆာပုရောဖက်များ မည်သို့နိဂုံးချုပ်ခဲ့ သည်ကို သတိရသလား။ တစ်ချိန်တစ်ခါက
ထိုသူတို့ကို သဘောကျ ထောက်ခံခဲ့သော သူများသည် ထိုသူတို့ကို ပြန်လည်လက်စားချေခြင်း ဖြင့်
နိဂုံးမလှဖြစ်ရသည်။ အာဟပ်မင်းအသွေးကို ခွေးများလျှက်စားကြ သည်။ ယေဇဗေလသည်လည်း
အပေါ်ထပ်မှတွန်းချခြင်းခံရပါသည်။
ဗျာဒိတ်ကျမ်း ၁၆း၁၂
“ဆဌမကောင်းကင်တမန်သည် မိမိဖလား ကို ဥဖရတ်မြစ်ကြီးပေါ်သို့သွန်းလောင်းလျှင်
အရှေ့မျက်နှာ ဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည်
ခန်းခြောက်လေ ၏။” ရေသည် လူထု ဖြစ်ပါသည်။ သဘောကျထောက်ခံသူမရှိတော့ပြီ။
ထောက်ခံသူများနှင့် ဘာသာရေးခေါင်းဆောင်များ၏ လက်စားချေပွဲဖြစ် သည်။
The people see that they have been deluded. They accuse one
another of having led them to destruction; but all unite in heaping their
bitterest condemnation upon the ministers. Unfaithful pastors have prophesied
smooth things; they have led their hearers to make void the law of God and to
persecute those who would keep it holy. Now, in their despair, these teachers
confess before the world their work of de- ception. The multitudes are filled
with fury. “We are lost!” they cry, "and you are the cause of our ruin;"
and they turn upon the false shepherds. The very ones that once admired them
most will pronounce the most dreadful curses upon them. The very hands that
once crowned them with laurels will be raised for their destruction. The swords
which were to slay God's people are now employed to destroy their enemies.
Every- where there is strife and bloodshed. (GC pp. 655,656).
“ပျက်စီးခြင်းသို့ကျရောက်သွားခြင်းအတွက်
အချင်းချင်းတစ်ယောက်ကို တစ်ယောက်အပြစ်တင်ခဲ့ကြသော်လည်း ထိုသူအားလုံးသည် လူတို့အား
ချော့မော့သော စကားကိုပြောကာ ဘုရားသခင်၏ တရားတော်အား အလေးမထားစေခဲ့ရုံသာမက
ပညတ်တော်ကို စောင့်ရှောက်သူများအား ညှဉ်းပန်းနှိပ်စက်စေခဲ့သော တရားဟောဆရာများအပေါ်သို့
ခါးခါးသီးသီး အပြစ်ပုံခဲ့ကြပါသည်။ သင်တို့ကြောင့် ကျွန်တော်တို့ ဆုံးရှုံးခြင်းသို့ရောက်
ပြီဟု သူတို့အော်ဟစ်ငိုကြွေးကြပါသည်။ တစ်ချိန်က ၎င်းတို့အား သရဖူ ဆောင်းပေးခဲ့သော လက်များသည်
ယခုတွင် ၎င်းတို့အား သတ်ဖြတ်ကြ တော့မည်။ နေရာတကာတွင် တိုက်ခိုက်မှုများနှင့်
သွေးထွက်သံယိုမှုများ ဖြစ်လျက်ရှိသည်။” (GC pp. 655,656).
တရားဟောဆရာများ။
ဘုရားသခင်စေခိုင်းသည့် စကားကို ပြော ပါ။ လူ့အကြိုက်ဟောပြီး
ဟာလေလုယတုံ့ပြန်မှုလောက်နဲ့ ကျေနပ်လို့ မရဘူး။ ယေဇဗေလ မည်သို့ နိဂုံးချုပ်သည်ကို
သတိရလား။ လူထု ထောက်ခံသော အာဏာရှင်အသစ်ဂျေဟူးဖြတ်သွားချိန်တွင် ယေဇဗေလ က ဂျေဟူး၊
နေကောင်းပါသလား။ လောကဘုရင်ကို ပြည့်တန်ဆာကြီး တစ်ဖန်အသုံးချဖို့ ရည်မှန်းချက်ဖြင့်မိတ်ဖွဲ့စဉ်၊
ဂျေဟူးကလည်း ဘုရား သခင်ဘက်တွင် မည်သူနေမည်နည်း။ စစ်သည်နှစ်ဦးအပေါ်ထပ်သို့ တက် ပြီး
ယေဇဗေလကို ပြတင်ပေါက်မှ တွန်းချသည်။ လောကီရှင်ဘုရင် ဂျေဟူးသည် ယေဇဗေလစနစ်ကို
ပြန်ပြီးတော်လှန်သောအမှုကို ကျမ်းစာ တွင် မြေကြီးကွဲထွက်ခြင်းဟု ဖော်ပြသည်။
ဗျာဒိတ်ကျမ်း ၁၇း၁၆၊၁၇ ထိုနေ့တွင်
လောကီရှင်ဘုရင်သည် ပြည့်တန်ဆာကိုပြန်လည်တိုက်ခိုက်ခြင်းဖြင့်
ဗာဗုလုန်မြို့ကြီးအစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ပါသည်။ “ယခုမြင်သော ချိုဆယ်ချောင်း
နှင့်သားရဲ သည် ပြည့်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကိုချွတ်၍
သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ကိုယ် ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊
သူတို့သည် ဘုရားသခင်၏ အလိုတော်ကိုပြုခြင်းငှါလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမီတိုင်
အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှါလည်း ကောင်း၊
ဘုရားသခင်သည် သူတို့၌အကြံပေးတော်မူ၏။ ချိုဆယ်ချောင်း သည် လောကီအာဏာကို ပုံဆောင်ခြင်းဖြစ်ပြီး
ယေဇဗေလစနစ်ကို အဆုံးစီရင်မည့်သူများဖြစ်ပါသည်။ ကျမ်းစာတွင် အသုံးပြုသောဝေါဟာရ
များကို သတိထားလေ့လာပါ။
ဗျာဒိတ်ကျမ်း ၁၄း၁၉၊၂၀
စပျစ်သီးနယ်ရာတန်ဆာသည် လူဆိုး များအတွက် ပြင်ထားသောနေရာဖြစ်ပါသည်။
တရားဟောဆရာများစွာ စပျစ်သီး နယ်ရာကျင်းထဲသို့ ကျရောက်သည်။ “ကောင်းကင်တမန်သည် လည်း
မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏ စပျစ်သီးကိုရိတ်ပြီးမှ
ဘုရားသခင်အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချ လေ၏။
မြို့ပြင်၌နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တစ်ဆယ် ခြောက်ယူဇနာခရီးတစ်လျှောက်လုံး၌
မြင်းဇက်ကြိုးကို မီသည်တိုင် အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။” မည်သူမြင်းစီးပြီးလာ
သနည်း။ သခင်ခရစ်တော်ဖြစ်သည်။ ကျမ်းစာ၌ အသုံးပြုသောဝေါဟာရ များမှာ- ငှက်၊
သားရဲများ၊ ယေဇဗေလအသားကိုစားကြသည်။ မည်သည့် အဓိပ္ပါယ်နည်း။
ဗျာဒိတ်ကျမ်း ၁၉း၁၇၊၁၈ ဆိုးသောသူများ
မည်သို့ဖြစ်မည်နည်း။ ခရစ်တော်ကြွလာတော်မူပြီး ကောင်းကင်တမန်များ တိမ်တိုက်ပမာခြံရံ
လျက် ညှဉ်းပန်းနှိပ်စက်ခြင်းအမှုကို တရားမျှတစွာ ဖြစ်စေမည်။ “ကောင်းကင်တမန်
တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။ သူသည် မိုးကောင်းကင် အလယ်၌ပျံတတ်သော ငှက်အပေါင်းတို့ကို
ကြီးသောအသံနှင့်ခေါ်၍ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီး အသား၊ သူရဲအသား၊
မြင်းအသား၊ မြင်းစီး သောသူအသား၊ အစေခံကျွန်၊ လူလွတ်၊
အကြီးအငယ်အမျိုးမျိုးသောလူတို့၏ အသားကိုစားအံ့သောငှါ ကြီးမြတ်တော်မူသော ဘုရားသခင်၏
ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။” အလွန်ပြင်းထန်သော ဝေါဟာရများကို
ကျမ်းစာတွင် မည်သို့သောရည်ရွယ်ချက်ဖြင့် ဘုရားသခင်အသုံးပြုသနည်း။
ရည်ရွယ်ချက်ကား၊
သတိကြီးကြီးထားပြီး ပြည့်တန်ဆာ၏ လှည့်စားမှုမှ လွတ်မြောက်စေချင်သော သဘောဖြစ်သည်။
လူသားတိုင်းကို လွတ် မြောက်စေလိုသော ဘုရားသခင်၏ ကရုဏာဖြစ်ပါသည်။ သားရဲ၏ လှည့် စားမှုမှ
ဘုရားသခင် သင့်ကို လွတ်မြောက်စေချင်ပါသည်။ လူဆိုးများ အတွက် ပြင်ဆင်ထားသော
စပျစ်သီးနယ်ရာတန်ဆာအတွင်းသို့ သင်တို့ ကို မရောက်စေလိုသောကြောင့်ဖြစ်သည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၉း၇
ဓမ္မဟောင်းကျမ်းထဲတွင် ဖောက် ပြန်သည့်စနစ်ဆိုး၏နိဂုံးကို သေသေချာချာ ဖော်ပြထားပါသည်။
“ငါ့ကျွန် ပုရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပုရောဖက်အပေါင်း ကို သတ်သော အပြစ်အလျောက်၊
ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။”
တရားသောနည်းအရ တရားစီရင်ခြင်းဖြင့် ဘုရားသခင် တရားစီရင်ပေးပါ သည်။
ဗျာဒိတ်ကျမ်း ၁၉း၁၊၂ ဗျာဒိတ်ကျမ်းသည်
ဓမ္မဟောင်းကျမ်းထဲမှ ဝေါဟာရစကားများကို ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ “ထိုနောက်မှ
ကောင်းကင်ဘုံ၌ စည်းဝေးသောသူအများတို့၏ အသံကြီးကား ဟာလေ လုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊
ဘုန်းအသရေ တန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့် မတ်ကြ၏။
မိမိ မတရားသော မေထုန်အားဖြင့် မြေကြီးကိုပုပ်ပျက်စေ သောပြည့်တန်ဆာကြီးကို
စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့ ၏အသွေးကို သူ၏လက်ဖြင့်
သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေး တော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။”
မိမိမတရားသော မေထုန် အားဖြင့် မြေကြီးကိုပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို
ဘုရားသခင် စစ်ကြောစီရင်တော်မူသော နေ့ရက်ကြီးဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၈း၂ဝ
သန့်ရှင်းသူတို့၏အသွေးကို သူ၏ လက်ဖြင့်
သွန်းသော အပြစ်အတွက်
ပြည့်တန်ဆာကြီးကို ဘုရားသခင်ဒဏ်ပေး တော်မူပြီ။ “ကောင်းကင်မှစ၍ သန့်ရှင်းသူ တမန်တော်ပုရောဖက်တို့၊
သူ့ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ဘက်၌ နေ၍ သူ့ကို
တရားစီရင်တော်မူပြီဟုပြောဆိုသည်ကိုငါကြား၏။” ဗျာဒိတ် ကျမ်းသည် ဓမ္မဟောင်းကျမ်းမှ
ဝေါဟာရများကိုယူသုံးခြင်းဖြစ်ပါသည်။
ပုရောဖက်ဧလိယအချိန်တုန်းကလိုပဲ
နိဂုံးချုပ်အဆုံးပိုင်းတွင် လူ ၏ လက်ဝါးအရွယ်ခန့်ရှိသောမိုးတိမ်တစ်ခုကိုမြင်ရသည်။
Soon there appears in the east a small black cloud, about
half the size of a man's hand. It is the cloud which surrounds the Saviour and
which seems in the distance to be shrouded in darkness. The people of God know
this to be the sign of the Son of man. In solemn silence they gaze upon it as
it draws nearer the earth, becoming lighter and more glorious, until it is a
great white cloud, its base a glory like consuming fire, and above it the
rainbow of the covenant. Jesus rides forth as a mighty conqueror. (GC 640.3)
“မကြာမီမှာပင် အရှေ့အရပ်တွင်
မိုးတိမ်အရွယ်ငယ်ငယ် တစ် ကွက် ပေါ်လာပါသည်။ ထိုအရာမှာ ခရစ်တော်ကိုဝန်းရံထားသော မိုးတိမ်
ဖြစ်သည်။ ထိုမိုးတိမ်ငယ်သည် ဖြည်းဖြည်းချဉ်းကပ်လာသည်ကို တိတ် ဆိတ်စွာဖြင့်သူတို့
ကြည့်နေကြပါသည်။ အဆုံးတွင် ထိုမိုးတိမ်ငယ်သည် လောင်ကျွမ်းသောမီးလျှံကဲ့သို့
တောက်ပသော ဘုန်းတော်ရောင်ခြည် တော်ကို အခြေပြုကာ ပဋိညာဉ်သက်တံက ရစ်ပတ်ခြင်းပြုထားသည့်
တိမ်တိုက်အဖြူကြီးဖြစ်သည်ကို တွေ့ရပါသည်။ ယေရှုသည် ယခုတွင် ဝမ်းနည်းသော လူသားအသွင်ဖြင့်မဟုတ်ဘဲ
အောင်ပွဲဆင်သည့် အင်အား ကြီးသူတစ်ပါးအဖြစ်ကြွလာချေပြီ။”
(GC 640.3).
မိုးတိမ်ငယ်ကို
သဲသဲကွဲကွဲမြင်ရသောအချိန်တွင် အယ်လင်ဝှိုက် ၏ ကောက်နုတ်ချက်အရ၊
On each side of the
cloudy chariot are wings, and beneath it are living wheels; and as the chariot
rolls upward, the wheels cry. "Holy," and the wings, as they move,
cry, “Holy,” and the retinue of angels cry, Holy holy, holy, Lord God Almighty.”
And the redeemed shout, “Alleluia!” as the chariot moves onward toward the New
Jerusalem. (GC 645.2).
ကောင်းကင်တမန်အခြွေအရံများနှင့် ကြွလာမည်ဟု
ကျွန်ုပ်တိ နားလည်ထားကြပါသည်။ မြင်းရထားများ၊ ဘီးများပါလာသည့် မည်သည့်
ဝေါဟာရများဖြစ်သနည်း။ ကောင်းကင်တမန်များကို မြင်းရထားဖြင့်
ကျမ်းစာတွင်ပုံဆောင်ထားသည်။
ဆာလံ ၆၈း၁၇ တွင် ကောင်းကင်တမန်များကို
မြင်းရထားဖြင့် ပုံဆောင်ထားသည်။ “ဘုရားသခင်၏ ရထားတော်တို့သည် အထောင် အသောင်းမကများကြ၏။
ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။”
ဧလိရှဲကိုပြန်ပေးဆွဲရန်
ချီတက်လာသောရှရိရှင်ဘုရင်နှင့် စစ်တပ် ကြောင့် စိတ်ပျက်အားလျော့သည့်ငယ်သားအတွက် ဆုတောင်းပေးသော အချက်တွင် မည်သည့်ဝေါဟာရများပါသနည်း။
ဓမ္မရာဇဝင်စတုတ္ထစောင် ၆း၁၇
အမြင်စွမ်းအားကို ဘုရားသခင် ဖွင့်ပေးခြင်းဖြင့် မီးမြင်း၊ မီးရထားများကို မြင်ခွင့်ရရှိခဲ့ပါသည်။
“အိုထာဝရ ဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါ ဟု
ဆုတောင်းသည်အတိုင်း ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲ
ပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီး ရထားနှင့်ပြည့်သည်ကို မြင်လေ၏။ ပုရောဖက်ဧလိယ၏
သာသနာ (ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု) လုပ်ငန်းပြီးဆုံးချိန်တွင် မည်သူများကို
ဘုရားသခင်စေလွှတ်သနည်း။ မီးမြင်းရထားကို စေလွှတ်ပြီး ဧလိယကို ခေါ်ဆောင်သွားပါသည်။”
နောက်ဆုံးကာလတွင်
ဘုရားသခင်ရွေးချယ်ထားသောသူများကို မီးမြင်း (ကောင်းကင်တမန်) မီးရထားများဖြင့် လာ၍ ကယ်တင်မည်။
ယေဇကျေလ အခန်းကြီး ၁ တစ်ခန်းလုံးဖတ်လျှင် တွေ့ရမည်။ မီးခြင်း၊ မီးရထား၊ ဘီး။
၁သက် ၄း၁၅-၁၇ ရှင်ပေါလုကလည်း
“သခင်ဘုရား၏ ဗျာဒိတ် တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူ သောအခါ
အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။
သခင်ဘုရားသည် ကြွေး ကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုမှုတ်ခြင်းနှင့်တကွ၊
ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော် မူ၍ ခရစ်တော်၌သေလွန်သော သူတို့သည်
အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင် ၌
သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ် သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့်
သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” နောက်ဆုံးအချိန်တွင် သခင်ခရစ်တော်
ကြွလာပြီး မီးမြင်း၊ မီးရထားတပ်မဟာကြီးဖြင့် လာ၍ ခေါ်မည်။ အိမ်တော်ကို လွမ်းပြီ။
ပြန်ချင်ပြီ။ ထိုနေ့ရက်ကိုသာ ကျွန်ုပ်မျှော်လင့်၍ နေပါသည်။ မိတ်ဆွေ။
သင့်အတွက်လည်းအိမ်ပြန်ချိန်ရောက်ပါပြီ။
****************
No comments:
Post a Comment