၁၂။ ယေရှု၏
ယုံကြည်ခြင်း (The Faith of Jesus)
ဆုတောင်းခြင်းဖြင့်
အစပြုရန်။
တတိယကောင်းကင်တမန်၏ သတင်းစကား အစပိုင်း
ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၄း၁၂
“ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊
စောင့်ရှောက်သော သန့်ရှင်းသော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်း ရှိ၏။”
(Faith of Jesus or Faith in Jesus) ဘာသာပြန်သူများ၏ ရှုပ်ထွေးခြင်း ဖြစ်သည်။ အမှန်ဆုံးက Faith in Jesus ဖြစ်သည်။ ယေရှု၏ ယုံကြည်ခြင်းနှင့် ယေရှု၏ ယုံကြည်ခြင်း နှစ်မျိုးတွင် ယေရှု၌ ယုံကြည်ခြင်းသည် သဘောထား အမှန်ဖြစ်သည်။ ဘုရားသခင်၏ ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်းကို စောင့်ရှောက်သော သန့်ရှင်းသူများ သတိထားရမည့် အကြောင်းမှာ ဘုရားသခင်၏ ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်းကို တစ်ဖက် စောင်းနင်းလွန်မသွားရန် သတိထားရမည်။ မည်သည့် အရပ်ဖြစ်ပါစေ။ အစွန်းရောက်သွားသောအခါ အန္တရာယ်အတွင်းသို့ ကျရောက်ခြင်း ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၄း၁၂
အစွန်းနှစ်ဖက် စလုံးမှ လိမ့်မကျစေရန် တည့်တည့်မတ်မတ်ဖြင့် ရှေ့သို့ ဆက်သွားရမည်။
ကျွမ်းကျင်မှု ရှိသောသူကို လိုသည်။ ဟန်ချက်ညီဖို့လည်း လိုသည်။ “ဘုရားသခင်၏
ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော
သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။”
သခင်ယေရှုကို စိတ်ချယုံကြည်ခြင်းဖြစ်သည်။ ယေရှုခရစ်တော်ထံ၌ အသက်တာ တစ်ခုလုံးကို ပုံအပ်ခြင်း ဖြစ်ပြီး ယုံကြည်စိတ်ချခြင်းဖြင့် မမြင်နိုင်သော ခရီးကို လိုက်ပါသွားခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်းနှစ်ခုစလုံးကို ကျွန်တော်တို့ လိုအပ်ပါသည်။ မျက်မှာပြင်နှစ်ဖက်ပါသော ငွေဒင်္ဂါး၏ တန်ဖိုးဖြစ်သည်။
ရှင်မဿဲခရစ်ဝင်
၁၉း၁၇-၂၂ “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ
ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို
စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု
လျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို
မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်။ မိဘကို ရိုသေစွာ ပြုလော့။ ကိုယ်နှင့်
စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟု မိန့်တော်မူ၏။ ထိုလုလင်ကလည်း၊
ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။
အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့
ရောက်လိုလျှင်သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးလော့။
ထိုသို့ ပြုလျှင် ကောင်းကင်၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့
လိုက်လော့ဟု မိန့်တော်မူ၏။ ထိုလုလင်သည် များစွာသော ဥစ္စာကို ရတတ်သော သူဖြစ်၍
ထိုစကားကို ကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။” ထိုကြောင့် အပြင်ပန်းအမြင်ဖြင့် ပညတ်တစ်ခုတည်း
စောင့်ထိန်းမှုသည် ဆုံးရှုံးသော အကျိုးရလဒ်ကို ရရှိစေသည်။
ရှင်လုကာ ခရစ်ဝင် ၁၈း၉-၁၄ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်လော့၊ ငါ့နောက်သို့ လိုက်လော့။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” အကြွင်းမဲ့ နာခံပါ။ ဘုရားသခင်၏ ပညတ်တစ်ခု တည်းကို စောင့်ထိန်းခြင်း ဖြင့် အစွန်းရောက်သည့် အန္တရာယ်အတွင်းသို့ ကျရောက်သော သူဌေးလေး တစ်ဦး၏ ပုံပမာ။ “ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သော သူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊ လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တစ်ယောက်တည်း ရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လÈပါ၏ဟု ဆုတောင်းပတ္ထနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခတ်လျက်၊ အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ၊ အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။”
အပြစ်ပြေသောသူနှင့်
အပြစ်မပြေသော သူတို့၏ ကွာခြားချက်မျာ အပြင်ပန်းဖြင့် ပညတ်တစ်ခုတည်းကို
စောင့်ထိန်းသော အန္တရာယ်ဖြစ်ပါသည်။ ယေရှုခရစ်တော်၌ အသက်တာတစ်ခုလုံးကို ပုံအပ်ပြီး
ယုံကြည်စိတ်ချသော စိတ်သဘောမပါဘဲ ကိုယ်ကို ကိုယ်ချီးမြှောက်ခြင်းဖြင့် ကိုးကွယ်မှု
လမ်းမှားသို့ ရောက်သွားခြင်းဖြစ်သည်။
ရှင်လုကာခရစ်ဝင်
၁၅း၂၉-၃၀ ကိုယ်ကိုချီးမြှောက်သော သူနှင့် ကိုယ်ကိုကိုယ် နှိမ့်ချသော သူတို့၏
ကွာခြားချက်ကို မိုက်သောသား၏ ပုံပမာဖြင့် ခရစ်တော် သွန်သင်ခဲ့ပါသည်။ “သားအကြီးကလည်း၊
အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကို ခံပါပြီ။ အဘ၏ အလိုကို တစ်ခါမျှ မလွန်ကျူးပါ။
သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူ ပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ၊
အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှမပေး၊ ပြည့်တန်ဆာမိန်းမတို့နှင့် ပေါင်းဖော်၍
မိမိဥစ္စာကို ဖြုန်းသော ဤသားငယ်ရောက်လာ သောအခါမူကား၊ အဘသည် ဆူအောင် ကျွေးသော
နွားကလေးကို သတ်လေပြီတကားဟု ဆို၏။”
မိမိ၏ကိုယ်ပိုင်
အတွေး၊ စိတ်ကူး၊ အထင်အမြင်၊ ခံစားချက် အပေါ် အခြေခံသည့် အတ္တကို ဗဟိုပြုသော စာတန်၏
စနစ်၌ သာတည်နေပြီး “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို
စိတ်နှလုံးအကြွင်းမဲ့ ချစ်သော ခရစ်တော်၏ စနစ်နှင့် ဆန့်ကျင်နေပါသည်။
ရှင်မဿဲခရစ်ဝင် ၂ဝး၁၀-၁၆ အကျင့်ကောင်းနှင့် မိမိဆောင်ရွက်မှုဖြင့် ဖခင်၏မျက်နှာသာ ပေးခြင်းကို ရနိုင်ကြောင်း ယူဆသော စိတ်သဘောဖြစ်သည် ခရစ်တော်၏ ပုံပမာ။ “အရင်ဝင်သော သူတို့သည် လာကြသောအခါ ငါတို့သည် သာ၍ ရမည်ဟု စိတ်ထဲမှာ ထင်မှတ်သော်လည်း ဒေနာရိတစ်ပြား စီခံရကြ၏။ ထိုသို့ ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ ပြစ်တင်၍၊ နောက်ဝင်သော သူတို့သည် တစ်နာရီခန့်မျှသာ လုပ်ဆောင်သော်လည်း တစ်နေ့လုံးအမှုဝန်ကို ထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့် အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။ အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသော အမှုကို ငါမပြု။ ဒေနာရိ တစ်ပြားကို အမှတ်ပြု၍ သင်သည် ငါနှင့် ဝန်ခံသည် မဟုတ်လော။ သင်၏ဥစ္စာကို ယူ၍ သွားလော။ နောက်ဝင်သောသူ တို့အား သင်နှင့် အညီအမျှပေးခြင်းငှာ ငါအလိုရှိ၏။ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်းကြိုးရသလောဟု ဆိုလေ၏။ ထိုနည်းတူ နောက်ကျသော သူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသော သူအများရှိသော်လည်း ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော်မူ၏။”
ရှင်မဿဲ ခရစ်ဝင်
၆း၁-၅ များများလုပ်၊ များများ ရမည်ဆိုသည့် အကျင့် တရားကို ဦးထိပ်ထားသော
အကျင့်ကောင်းလျှင် အကျိုးရှိသည်ဟု ယူဆသည့် စိတ်သဘောဖြစ်သည်။ ဘုရားသခင်ကို
စိတ်နှလုံးအကြွင်းမဲ့ ချစ်သော စိတ်သဘောမှ လမ်းလွဲမှု ဖြစ်သည်။ “လူများတို့မြင်စေခြင်းငှာ
ကိုယ်သီလအကျင့်ကို သူရှေ့မှောက်၌ မကျင့်မည် အကြောင်း သတိပြုကြလော့။ (သို့မဟုတ်)
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မခံမရကြ။ ထိုကြောင့် သင်သည်အလှူဒါနကို ပေးသောအခါ
လျှို့ဝှက်သော သူတို့သည် လူအများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့
ရှေ့မှာ တံပိုးခရာ မှုတ်စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်
မိမိတို့အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို
မထင်ရှားစေခြင်းငှာ၊ လက်ယာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသော
အရာကိုမြင်တော်မူသော သင်၏ အဖသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။ သင်သည်
ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သော သူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည်
လူများကို ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ ပွဲသဘင်လမ်းဆုံး လမ်း၀၌ ရပ်လျက်
ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့ အကျိုးကို
ခံရကြ၏။”
ရှင်မဿဲခရစ်ဝင် ၅း၁၆ အကျင့်ကောင်းများကို သူတစ်ပါးတွေ့မြင်ဖို့ မလိုဖူးလား။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်သော စိတ်သဘောနှင့် လုပ်ဆောင်ခြင်းဖြင့် ထူးခြားသည့် အကျိုးရလဒ်သည် သူတစ်ပါးအတွက် အလင်း ဖြစ်စေသည်။ “ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့ အလင်းကို လင်းစေကြလော့။”
ဘုရားသခင်၏
အတွင်းဂုဏ်တော်ကို မြင်ပြီး မိမိအပေါ်ကောင်းမြတ်သော ကျေးဇူးကရုဏာတော်အရှင်ကို
ချစ်သော စိတ်သဘောဖြင့် သူတစ်ပါးရှေ့တွင် အကျင့်အလင်းကို အရောင်ပြန်ခြင်းဖြစ်သည်။
သူတစ်ပါးရှေ့တွင် သင်တို့၏ အလင်းကို လင်းစေကြလော့။ သင်တို့အဖ၏ ဂုဏ်တော်ကို
သူတစ်ပါးချီးမွမ်းစေခြင်းငှာ ချစ်သည့် စိတ်ဖြင့် အခြေပြုပြီး
လှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်ပါစေ။
ရှင်မဿဲခရစ်ဝင်
၂၃း၂၅-၂၈ ဘုရားသခင်၏ ဂုဏ်တော်ကို သူတစ်ပါး ချီးမွမ်းခြင်းနှင့် မိမိကိုယ်ကို
သူတစ်ပါးချီးမွမ်းရန် မတူသည့် စိတ်သဘောကို ခွဲခြားသောတတ်ပါစေ။ “လျှို့ဝှက်သော
ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ဖလား၊
လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ ကားလုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့်
ပြည့်လျက် ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေးဦးစွာ
ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။ လျှို့ဝှက်သော
ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊
အဖြူသုတ်သော သင်္ချိုင်းတွင်း နှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။
အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေး အမျိုးမျိုးနှင့် ပြည့်လျက် ရှိ၏။
ထိုအတူသင်တို့သည် အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန် ရှိ၏။ အတွင်း၌ ကား
လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက် ရှိ၏။” ပြင်ပတင့်တယ်ခြင်းကို
တန်ဖိုးထားဦးစာပေးမှု ဖြစ်သည်။ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို
စိတ်နှလုံးအကြွင်းမဲ့နာခံလိုသည့် စိတ်သဘောမပါဘူး။ အပြင်ပန်း အမြင်တင့်တယ်ခြင်းကို
တန်ဖိုးရှိသည်ဟု ယူဆခြင်းဖြစ်သည်။
ပညတ်တော်စောင့်ရှောက်ခြင်းနှင့်
ဆန့်ကျင်သော အကြောင်းအရာတစ်ခုမှာ၊ “ကျေးဇူးတော် သက်သက်ပဲ။” ယုံကြည်ခြင်း
ရှိရန် အဓိက ဖြစ်သည်။ ယုံကြည်ခြင်း ရှိလျှင် လုံလောက်ပါသည်။ ယုံကြည်ခြင်းကို
ဦးစားပေးရမည်။ ပညတ်အကျင့်များသည် အရေးမကြီးပါ။ ပညတ်တော်အကျင့် မလိုပါ။
ကျွန်တော်တို့
ပညတ်တော်ကို စောင့်ဖို့မလိုပါ။ သခင်ခရစ်တော်စောင့်ခဲ့ပြီ။ သခင်ခရစ်တော်ကို
ယုံကြည်ခြင်းဖြင့် လုံလောက်ပါသည်။ ထိုနည်းလမ်းနှစ်မျိုးစလုံးတွင် အစွန်းတဖက်သို့
ရောက် သွားသောအခါ မှားသွားပါသည်။
ဂလာတိဩဝါဒစာ ၂း၁၆ “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တစ်ပါးအမျိုးသား မဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်။ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။” တချို့ခရစ်ယာန်က၊ တွေ့လား၊ ပညတ်တရား၏ အကျင့်သည် ဘာမှသုံးလို့ မရပါ။
ဂလာတိဩဝါဒစာ ၅း၄
ဤကျမ်းချက်ဖြင့် ရှင်ပေါလုက ကယ်တင်ခြင်း၏ အကျိုးရလဒ်ကို ထုတ်လုပ်ရန်
ရည်မှန်းချက်ဖြင့် ပညတ်တရားကို မကျင့်ကြရန် သွန်သင်ခြင်းဖြစ်သည်။ “ပညတ်တရားအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၏ မတည်၊
ရွေ့လျော့ကြပြီ။”
ပညတ်တရားအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်လိုသည့် စိတ်သဘောဝင်လာလျှင် သခင်ခရစ်တော်နှင့် ဝေးကွာပြီး
လမ်းမှားရောက်သွားခြင်း ဖြစ်သည်။
ဂလာတိဩဝါဒစာ ၅း၁၆-၂၆ “ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့၊ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်သော အလိုရှိကြ၏။ တစ်ပါးနှင့် တစ်ပါး ဆန့်ကျင့်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။ သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့်လွတ်ကြ၏။ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်း၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ သူတစ်ပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့ အကျိုးကို ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့် ခဲ့ပြီသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။ ထိုသို့သော အကျင့်ကို အဘယ်တရားမျှ မမြစ်တား။ ခရစ်တော်နှင့် စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို လည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို လည်းကောင်း၊ လက်ဝါးလက်တိုင်မှာ ရိုက်ထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ အချည်းနှီးသော ကျောစောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍ နေကြကုန်အံ့။”
ရောမဩဝါဒစာ ၃း၂၈၊
၃၁ “ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့် မရှိဘဲ ယုံကြည်ခြင်းအာဖြင့်
ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏။ သို့ဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့်
ငါတို့သည် ပညတ်တရားကို ပယ်ကြသလော၊ အလျှင်းမပယ်၊ သာ၍ တည်စေ၏။”
ရောမဩဝါဒစာ ၅း၂၀၊
၂၁-၆း၁၊၂ “ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသော အပြစ်ပွားများသည်
အရာမှာ ကျေးဇူးတော်သာ၍ကြွယ်၀၏။ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့်
အစိုးရသည် နည်းတူ၊ ငါတို့သခင်ယေရှု ခရစ်ပြုစုတော်မူ၍ ကျေးဇူးတရားသည်
ထာ၀ရအသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်ခြင်းအားဖြင့် အစိုးရလေအံ့သတည်း၊
ထိုသို့မှန်လျှင်၊ အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ
အပြစ်တရားကို ကျင့်၍ နေရမည်လော၊ ထိုသို့ မနေရ၊ အပြစ်တရားမှ စုတေ့သော သူတို့သည်
ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။”
ရောမဩဝါဒစာ ၆း၁၄-၁၆
“ကိုယ်အင်္ဂါများကို လည်း သုစရိုက်လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့၊
သင်တို့သည် ပညတ်တရား လက်၌မရှိ။ ကျေးဇူးတရား လက်၌ ရှိသောကြောင့် အပြစ်တရားသည်
သင်တို့ကို မအုပ်စိုးရ။ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌
မရှိ။ ကျေးဇူးတရားလက်၌ ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော၊ ထိုသို့မပြုရ၊
အကြင်သူ၏ အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏။ ထိုသူသည်
သေခြင်းနှင့်ယှဉ်သောအပြစ်တရား ဖြစ်စေ၊ ဗဖြာင့်မတ်ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော
နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏ သခင်ဖြစ်သည်ကို မသိကြသလော။”
တိတုဩဝါဒစာ ၁း၁၆ “သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း၊ အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှု တစ်ခုကို မျှပြုတတ်သော ဥာဏ်မရှိသော သူဖြစ်ကြ၏။”
ရှင်ယောဟန်ဩဝါဒစာ
ပထမစောင် ၂း၃-၄ “ထိုသခင်ကို ကိုယ်တိုင် သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊
ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို
မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကို သုံးသော သူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။”
ရှင်မဿဲ ခရစ်ဝင်
၇း၂၁-၂၃ “သခင်၊ သခင်ဟု ငါ့ကို လျှောက်သော သူတိုင်း ကောင်းကင်နိုင်ငံတော်သို့
ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော
သူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည်
ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့်
နတ်ဆိုးတို့ကို နှင့်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော
တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်၊ ထိုသို့
လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါထံမှ
ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။”
ဘုရားသခင်၏
ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်းဆိုသည့် အစွန်းနှစ်ဖက်ကြားတွင် အပြစ်ကင်းစင်သော
ယဇ်ပုရောဟိတ်နှင့် အနာအဆာကင်းစင်သော ယဇ်ကောင်အဖြစ် စုံလင်သော အသက်တာဖြင့်
ခရစ်တော်အသက်ရှင်ပေးခဲ့သည်။
ရှင်ယောဟန် ခရစ်ဝင်
၁၅း၈ ခရစ်တော်သည် ဟန်ချက်ညီသော လမ်းခရီးကို လျှောက်လှမ်းခဲ့ပြီး ဖြစ်သည်။
သခင်ခရစ်တော်နှင့်အတူ ခရီးဆုံးသည်အထိ လိုက်သွားရန် လိုသည်။ “သင်တို့သည် များစွာသော
အသီးကိုသီးသော အားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း
ငါ၏တပည့်မှန်ကြလိမ့်မည်။”
ဧဖက်ဩဝါဒစာ ၂း၅ တပည့်တော်များသည် ဝိညာဉ်အသီးဖြင့် သာလျှင် ခရစ်ယာန်ဖြစ်ကြောင်း သူတစ်ပါးသိမြင်နိုင်ပါသည်။ သခင်ခရစ်တော်ထံမှ အသက်တာနှင့် စရိုက်လက္ခဏာ အားလုံးကူးစက်လာခြင်း ဖြစ်သည်။ “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။”
ဂလာတိဩဝါဒစာ
၅း၂၂-၂၃ ကျေးဇူးတော်ကြောင့် ဝိညာဉ်အသီးကို မြင်ရခြင်းဖြင့် ခရစ်ယာန်ဖြစ်ကြောင်း
သူတစ်ပါးသိရသည်။ “ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊
ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊
သစ္စာစောင့်ခြင်း နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း၊
ဧဖက်ဩဝါဒစာ ၂း၁၀ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုဆန့်ကျင်ပုန်ကန်သည့် ဇာတိစိတ်ဆန္ဒကို
စွန့်လွှတ်ပြီး ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ အပ်နှံလိုက်သော အချိန်မှစ၍
စိတ်နှလုံးအသစ်တွင် အစပြုပြောင်းလဲပေါ်ထွက်လာသော ဝိညာဉ်အသီး ဖြစ်သည်။ “အဘယ်ကြောင့်
နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌
ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည်
ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
ရှင်ယာကုပ်ဩဝါဒစာ
၂း၁၄ “ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သော သူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ ဟု
ပြောလျက်၊ အကျင့်ကို မကျင့်ဘဲ နေလျှင် အဘယ်အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်းသည်
ထိုသူကို ကယ်တင်နိုင်သလော။”
သခင်ခရစ်တော်
နောက်သို့ လိုက်နေပါသည်။ သို့သော် သခင်ခရစ်တော်ကို စိတ်ချယုံကြည်မှု မရှိဘဲ မိမိ၏
ဇာတိစိတ်သဘောကိုသာ ကိုးစားသော ခရစ်ယာန်များစွာ ရှိပါသည်။ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်သော ယုံကြည်ခြင်း အမျိုးအစားသည်
ကယ်တင်ခြင်းကို ပေးနိုင်ပါသလား၊
ရှင်ယာကုပ်ဩဝါဒစာ ၂း၁၅-၁၇ “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်း ရှိ၍၊ နေတိုင်းစားရသော အစာမရှိသောအခါ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက ငြိမ်ဝပ်စွာ သွားကြလော့၊ နွေးကြလော့၊ ၀ကြလော့ဟု ပြောလျက် သူတို့ကိုယ်နှင့် တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုး ရှိသနည်း၊ ထိုနည်းတူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်း ရှိသောကြောင့် အသေဖြစ်၏။”
ရှင်ယာကုပ်ဩဝါဒစာ
၂း၁၈ ယုံကြည်ခြင်းသည် “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို
အကြွင်းမဲ့နာခံခြင်း ဖြစ်သည်။ ဇာတိစိတ်သဘောကို ခရစ်တော်ထံ အကြွင်းမဲ့ အပ်နှံသောသူ
ဖြစ်ကြောင့် အကျင့်အလင်းဖြင့် သိမြင်ရသည်။ ဤလိုကျမ်း အမျိုးအစားကိုမူ မာတင်လူးသာက
သိမ်မကြိုက်ဖူး။ “တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်း ရှိ၏။ ငါသည် အကျင့်ရှိ၏
သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ သင်၏ ယုံကြည်ခြင်းကိုပြလော့ ငါမူကား၊
အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။”
ရှင်ယာကုပ်ဩဝါဒစာ
၂း၁၉ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ယုံကြည်နာခံသော
အကျင့်အလင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဖောပြပါသည်။ “ဘုရားသခင် တစ်ဆူတည်း
ရှိသည်ဟု သင်သည် ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည်ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။”
ကျွန်ုပ်တို့သည်
ဂိုဏ်းဂဏမတူသော်လည်း ဦးတည်ချက် အတူတူ ဖြစ်ပါသည်ဟု ယနေ့ခရစ်ယာန်များ ပြောဆိုကြသည်။
ကောင်းသောအရာကို လိုချင်သောကြောင့် ကောင်းမှုလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို
အတူတူကိုးကွယ်ကြပါသည်ဟု ပြောဆိုသံကြားရပါသည်။ ထိုကြောင့် ကျွန်တော်တို့၏
ယုံကြည်ခြင်းကို လောကီဆန်သော ခရစ်ယာန်များ၏ ယုံကြည်ခြင်းဖြင့်မတူ၊ ခြားနားကြောင့်
မည်သို့ သက်သေပြမည်နည်း၊
ရှင်ယာကုပ်ဩဝါဒစာ ၂း၂၀-၂၆ “လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော၊ ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လÈပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော၊ ယုံကြည်ခြင်းသည် အကျင့်နှင့် အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏ အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ လူသည် ယုံကြည်ခြင်း အားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည် မဟုတ်၊ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့ သိမြင်ရကြ၏။ ထိုနည်းတူ၊ ပြည့်တန်ဆာရာခပ်သည်၊ တမန်တို့ကို လက်ခံပြီးမှ အခြားသော လမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော။ ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။”
တပည့်တော်
ရှင်ယာကုပ်နှင့် တမန်တော်ရှင်ပေါလုနှစ်ဦး ရင်ဆိုင်နေရသော တရားနာပရိတ်သတ်မတူညီခြင်း
ဖြစ်သည်။ ရှင်ပေါလုက တရားသော သမားဂျူးလူမျိုးကို ဩဝါဒဟောပြော ခြင်းဖြစ်သည်။
များများလုပ်၊ များများရမည်ဟု ယူဆသည့် စိတ်သဘော ရှိသူများနှင့် ရင်ဆိုင်နေရသူ
ဖြစ်ပြီး၊ ရှင်ယာကုပ်သည် တရားမဲ့ ဝါဒီများ ကျေးဇူးတော်၊ ယုံကြည်ခြင်းကိုသာ
ဦးစားပေးရမည်။ ပညတ်တော် မလိုပါဟု ယူဆသော စိတ်သဘော ရှိသူ ခရစ်ယာန်အသစ်များနှင့်
ရင်ဆိုင်ခြင်းဖြစ်သည်။
ရှင်ပေါလုသည် ကယ်တင်ခြင်း၏
မဟာဗျူဟာ အရင်းအမြစ်ကို ဟောပြောခြင်း ဖြစ်ပြီး၊ ရှင်ယာကုပ်သည် ကယ်တင်ခံရသော
အသက်ရှင်နေထိုင်ရမည့် နည်းကို ထုတ်ဖော်ပြဩဝါဒပေးခြင်း ဖြစ်သည်။ ရှင်ယာကုပ်က
ကယ်တင်ခံရသောသူ၏၊ အသီးအပွင့် အကြောင်း ဟောပြောခြင်း ဖြစ်သည်။
ဘုရားသခင်၏
ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်း ဆိုသည့် အစွန်းနှစ်ဖက်၏ကြားတွင် သခင်ခရစ်တော်နှင့် ဆက်ဆံရေး ကောင်းကို
တန်ဖိုးထားသောသူ၊ ခရစ်တော်၌ ဆက်နွှယ်ပြီးတည်နေသောသူသည် သခင်ခရစ်တော်၏
စာရိတ္တအလင်းကို ရောင်ပြန်သော သူဖြစ်သည်။
ဂလာတိဩဝါဒစာ ၅း၆ ထိုကြောင့် အစွန်းနှစ်ဖက်၏
ကြားတွင် မေတ္တာအားဖြင့် ပြုပြင်သော
ယုံကြည်ခြင်းသာ အကျိုးရှိပါသည်။ “ယေရှုခရစ်ထံ၌ အရေဖျားလှီခြင်း အကျိုးမရှိ။ မခံဘဲ
နေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။”
မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ
အကျိုးရှိပါသည်။ ထိုအစွန်းနှစ်ဖက်သည် ငွေဒင်္ဂါးနှင့် တူသည်။
မျက်နှာပြင်နှစ်ဖက်ရှိသည်။ ဘယ်ဘက်ကပို၍ အရေးပါသနည်း။ အရေးမပါသော
မျက်နှာစာရှိပါသလား။ အကျင့်ဖြစ်ပေါ်လာရန် စိတ်နှလုံးအထဲမှ ယုံကြည်ခြင်းသည်
တွန်းအားပေးသည်။ အကျင့်အားဖြင့် ယုံကြည်ခြင်း အမျိုးအစားကို ဖော်ပြသည်။
အကျင့်အလင်းမြင်ရသော ယုံကြည်ခြင်းသာ အကျိုးရှိသည်။
တိတုဩဝါဒစာ ၂း၁၁-၁၅ “အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကို လည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်း ကိုလည်းကောင်း၊ ငါတို့သည် မျှော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီ တပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘ၀၌ ဣန္ဒြေစောင့်ခြင်း၊ တရားသခြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည် အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာ လည်းကောင်း၊ ကောင်းသောအကျင့်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာ လည်းကောင်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။ ဤတရားစကားကို ဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့် တကွ ပြုလော့။ အဘယ်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။”
တိတုဩဝါဒစာ ၃း၅-၈ “ငါတို့ကျင့်သော
ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ
ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်းအားဖြင့် လည်းကောင်း၊ သန့်ရှင်းသော
ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့် လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အပေါ်သို့ ထိုဝိညာဉ်တော်ကို
ကြွယ်၀စွာ သွန်းလောင်းတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏
ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာ၀ရအသက်ကို မျှော်လင့်သည်နှင့်အညီ
အမွေခံဖြစ်မည် အကြောင်းတည်း။ ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သော
သူတို့သည် ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှာ သတိပြုရမည် အကြောင်း၊
သင်သည် ဤအရာများကို ကြိုးစား ၍ ဟောပြောစေခြင်းငှာ ငါအလိုရှိ၏။ ထိုအကျင့်တို့သည်
ကောင်းသည်သာမက၊ လူတို့၏ အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။”
“ယေရှုကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကို ရရှိသည်ဟု ယုံကြည်သည်မှာ ဖြစ်နိုင်သော်လည်း၊ အများသော သူတို့သည် ကျွန်ုပ်ကယ်တင်ခြင်းရပြီ၊ သို့သော် ကောင်းသော အကျင့်ကို ကျင့်မှသာ အသက်ရှင်နိုင်မည်ဟု ဆိုကြသည်။ ခရစ်ယာန်ယေရှုမပါဘဲ မည်သူမျှ ကောင်းသော အကျင့်ကို မကျင့်နိုင်ကြောင်းကို သိရမည်။ ယနေ့အများသော ယုံကြည်သူများသည် ယုံကြည်ခြင်း တစ်ခုသာ ရှိဖို့လိုသည်ဟု ဆိုကြသည်။ ယုံကြည်ခြင်းနှင့် အလုပ်သည် ဒွန်တွဲနေပါသည်။”
“တတိယကောင်းကင်တမန်
သတင်းစကားသည် ပညတ်တော်ကို စောင့်ပြီးယေရှု၏ ယုံကြည်ခြင်းကို စောင့်ထိန်းရမည်ဟု
ဆိုထားပါသည်။ ပညတ်တော်ကို ကြွေးကြော်ဟောပြောသော်လည်း ယေရှု၏ ယုံကြည်ခြင်းကို မူ
သတ္တမနေ့မြော်လင့်ခြင်း အသင်းတော်သည် ထပ်တူပြည့်၀စွာ အရေးတကြီးဟောပြောခြင်း
မပြုသေးပေ၊ ပညတ်တော်နှင့် ဧဝံဂေလိသတင်းစကားသည် ညာလက်ရုံးနှင့် ဘယ်လက်ရုံးဖြစ်သည်။
ထိုသို့ဖော်ပြနိုင်ရန် လူသား၏ စကားဖြင့် မတတ်နိုင်သေးပေ။” (၃ှM ၁၇၂.၂)
“ယေရှု၏
ယုံကြည်ချက်ကို ပြောနေသော်လည်း ကောင်းစွာ နားမလည်ကြသေးပေ။ ၎င်းသည်
ကောင်းကင်တမန်သုံးပါးသတင်းစကားနှင့် မည်သို့ သက်ဆိုင်နေပါသနည်း၊
အပြစ်လွှတ်ပိုင်သော ကယ်တင်ရှင် ဖြစ်ရန် အပြစ်ကို ဆောင်ယူသော လူသားဖြစ်ရမည်။
ကျွန်ုပ်တို့ခံရမည် ဝေဒနာကို သူကိုယ်တိုင် ခံစားသွားသည်။ သူ၏ ဖြောင့်မတ်ခြင်းကို
ပိုင်ဆိုင်နိုင်ရန် လောကသို့ ဆင်းကြွလာပြီး ကျွန်ုပ်တို့ အပြစ်ကို ယူဆောင်သွားသည်။
ကျွန်ုပ်တို့၏ အပြစ်မှ ကယ်တင်နိုင်သော ခရစ်တော်၏ အစွမ်းတန်ခိုးကို
ယုံကြည်ခြင်းသည်။ ယေရှု၏ ယုံကြည်ခြင်း ဖြစ်သည်။” (၃ှM ၁၇၂.၃)
ဗျာဒိတ်ကျမ်း ၁၄း၁၂
ဘုရားသခင်၏ ပညတ်နှင့် သခင်ယေရှု၌ ယုံကြည်ခြင်းကို စောင့်ရှောက်သော
သန့်ရှင်းသူများသည် သခင်ခရစ်တော်သွားခဲ့သည့် ခရီးကို အနောက်မှ သည်းခံခြင်းဖြင့်
အဆုံးတိုင်လိုက်လျှောက်ရန် ဖြစ်သည်။ “ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏
ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ၌
သည်းခံစရာအကြောင်းရှိ၏။” ကိုယ်တော်နှင့်အတူတူ
လက်တွဲသွားခြင်း ဖြစ်သည်။ အစွန်းနှစ်ဖက်၏ ကြားတွင် မေတ္တာဖြင့် ပြုပြင်တတ်သော
သခင်ခရစ်တော်ထံတော်၌ တည်နေပါ။
ယေရမိအနာဂတ္တိကျမ်း ၃၁း၃၃ “နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာ၀ရဘုရားသည fငါ၏ ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” သခင်ခရစ်တော်က ငါ့ကို ချစ်သော ခရစ်ယာန်များသည် ငါ၏ပညတ် (ထာ၀ရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်လော့) ဆိုသည့် စေခိုင်းချက်အတိုင်း လုပ်ဆောင်ပါလိမ့်မည်။ ဘုရားသခင်က ကျွန်တော်တို့ တုံ့ပြန်မည့် ချစ်ခြင်းကို လိုလားသည်။ သခင်ခရစ်တော်ကို ချစ်တုံ့ပြန်ခြင်း ဆိုသည်မှာ ပညတ်တော်ကို စောင့်ထိန်းခြင်း ဖြစ်သည်။
ပညတ်တော်စောင့်ခြင်းသည်
နာခံမှု ရှိသော ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဇာတိစိတ်သဘောကို
လက်ဝါးကပ်တိုင်၌ လုံး၀အသေရိုက်ထားခြင်း၊ မြုပ်နှံခြင်း ဖြစ်ပြီး သခင်ခရစ်တော်နှင့်
အတူ အသက်တာအသစ်ကို စတင်ပြီး အဆုံးတိုင် လိုက်သွားခြင်း ဖြစ်ပါသည်။
သခင်ခရစ်တော်၏
ခွင့်လွှတ်ခြင်းကို ခံယူခြင်းနှင့် သခင်ခရစ်တော်၏ စာရိတ္တကို ရောင်ပြန်ဟပ်ခြင်း
စသည့် အရာနှစ်ခုစလုံး ကျွန်ုပ်တို့ လိုအပ်ပါသည်။ ထိုကြောင့် အလင်းခံယူခြင်းနှင့်
အလင်းရောင်ပြန်ခြင်း နှစ်မျိုးစလုံးတွင် သခင်ယေရှု၏ ယုံကြည်ခြင်း ဖြစ်ပြီ
သခင်ခရစ်တော်နှင့်အတူ အဆုံးတိုင်လိုက်သွားရန် လိုအပ်ပါသည်။ မိတ်ဆွေ။
အားလုံးအပေါ်
ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာသည် မိတ်ဆွေ ကိုယ်ပိုင် ဖြစ်ပါစေ။
အာမင်။
ယေရှု၏
ယုံကြည်ခြင်းသည် မိတ်ဆွေ၏ ယုံကြည်ခြင်းနှင့် ထပ်တူဖြစ်ပါစေ။
No comments:
Post a Comment