chapter 10
အခန်း
၁၀
1 Ahasuerus’s greatness. 3 Mordecai’s advancement.
၁။
အာဟသွေရုမင်း၏ ဂုဏ်တော်။ ၃။ မော်ဒကဲ၏ ရာထူးတိုးတက်မှု။
1.
A tribute upon the land. Darius Hystaspes had
been the first Persian monarch to levy
universal taxes; but Xerxes (Ahasuerus) distinguished himself as a great raiser
of tribute (see Dan. 11:2). The tribute would have to be adjusted from time to
time, and Xerxes would be in dire need to raise taxes after his return from
the disastrous campaign against Greece.
၁။ ပြည်တော်၌ အခွန်ကောက်ခံခြင်း။ ဒါရိဟိသာသပသည် ပါးရှားဘုရင်များထဲတွင်
တစ်ကမ္ဘာလုံးဆိုင်ရာ အခွန်ကို ပထမဆုံးကောက်ခံသော ဘုရင်ဖြစ်ခဲ့သည်။ သို့သော်
အာဟသွေရုမင်း (ဇာဇက်) သည် အခွန်ကို အကြီးအကျယ်ကောက်ခံသော ဘုရင်အဖြစ် ထင်ရှားခဲ့သည်
(ဒံယေလ ၁၁:၂ ကိုကြည့်ပါ)။ အခွန်အခများကို အချိန်နှင့်အမျှ ပြင်ဆင်သတ်မှတ်ရန်
လိုအပ်မည်ဖြစ်ပြီး ဂရိနိုင်ငံကို စစ်ပြုရာတွင် ရှုံးနိမ့်၍ ပြန်လာပြီးနောက်
အာဟသွေရုမင်းသည် အခွန်ငွေကောက်ခံရန် အလွန်တရာ လိုအပ်နေပေလိမ့်မည်။
The isles. Or, “the coastlands,” in
this case the maritime provinces bordering on the Mediterranean and the Aegean.
These were occupied for a considerable time by Persian garrisons, even after
the debacle in Greece, and would be included in any assessments Xerxes made. He
may have continued to levy an assessment on the Aegean Islands, even though
unable actually to collect it.
ကျွန်းများ။
သို့မဟုတ် “ကမ်းရိုးတန်းဒေသများ” ဟုဆိုလိုပြီး၊ ဤနေရာ၌ မြေထဲပင်လယ်နှင့်
အေးဂျီးယန်းပင်လယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပင်လယ်ကမ်းခြေပြည်နယ်များကို
ဆိုလိုသည်။ ဤဒေသများသည် ဂရိနိုင်ငံ၌ စစ်ရှုံးပြီးနောက်ပိုင်းတွင်ပင်
ပါးရှားစစ်တပ်များ ကြာရှည်စွာ သိမ်းပိုက်ထားခဲ့ပြီး အာဟသွေရုမင်း သတ်မှတ်သမျှ
အခွန်အခများတွင် ပါဝင်နေပေလိမ့်မည်။ အမှန်တကယ် ကောက်ခံနိုင်ခြင်းမရှိစေကာမူ
အေးဂျီးယန်းကျွန်းများပေါ်တွင် အခွန်ဆက်လက် ကောက်ခံနေခဲ့ပေမည်။
1.
Kings of Media
and Persia. It is striking that the author of the book of Esther recognizes the
intimate connection between the two Iranian empires. One book, he observes,
contains the records of both. Here Media is placed before Persia, on
chronological grounds, because Median history antedated Persian history and was
therefore accorded greater emphasis in the early part of “the book of the chronicles.”
၂။ မေဒိနှင့် ပါးရှားဘုရင်များ။ ဧသတာဝတ္ထုကို ရေးသားသူသည်
အီရန်အင်ပါယာကြီးနှစ်ခုအကြား နီးကပ်စွာဆက်စပ်နေမှုကို အသိအမှတ်ပြုထားခြင်းသည်
ထူးခြားလှသည်။ ကျမ်းတစ်စောင်တွင် နှစ်နိုင်ငံလုံး၏ မှတ်တမ်းများ ပါဝင်နေသည်ကို သူက
သတိပြုမိသည်။ ဤနေရာ၌ မေဒိကို ပါးရှားရှေ့တွင် ထားရှိရခြင်းမှာ မေဒိသမိုင်းသည်
ပါးရှားသမိုင်းထက် စောသောကြောင့်ဖြစ်ပြီး၊ ထို့ကြောင့် “ရာဇဝင်ချုပ်” ၏
အစောပိုင်းအပိုင်းများတွင် မေဒိသမိုင်းကို ပိုမိုအလေးပေးဖော်ပြထားခြင်း ဖြစ်သည်။
2.
Next unto king Ahasuerus. As grand vizier, or prime
minister.
၃။ အာဟသွေရုမင်းကြီး၏ နောက်တစ်ယောက်။ ဝန်ကြီးချုပ်အဖြစ် သို့မဟုတ်
အဓိပတိအဖြစ်။
Accepted. Or, “popular with” (RSV).
လက်ခံခြင်းခံရသူ။
သို့မဟုတ် “လူကြိုက်များသူ” (RSV)။
The wealth. That is, “the welfare” of the Jews.
ချမ်းသာခြင်း။
ဆိုလိုသည်မှာ ယုဒလူမျိုးတို့၏ “ကောင်းကျိုးချမ်းသာ” ဖြစ်သည်။
His seed. Here, probably, all Jews.
သူ၏အနွယ်။
ဤနေရာတွင်မူ ယုဒလူမျိုးအားလုံးဟု ဆိုလိုဖွယ်ရှိသည်။
No comments:
Post a Comment