အခန်းကြီး ၃
1
The place, and time of building the temple. 3 The measure and ornaments of the
house. 11 The cherubims. 14 The vail and pillars.
၁ ဗိမာန်တော်တည်ဆောက်သည့်နေရာနှင့်
အချိန်။ ၃ ဗိမာန်တော်၏ အတိုင်းအတာနှင့် အလှဆင်ပစ္စည်းများ။ ၁၁ ခေရုဗိမ်များ။ ၁၄
ကုလားကာနှင့် တိုင်များ။
1.
Mount
Moriah. The place where the Temple was built is here identified as the mountain
in the land of Moriah where Abraham proved his willingness to offer Isaac (Gen.
22:2, 9).
၁။
မောရိယတောင်။ ဗိမာန်တော်ကို တည်ဆောက်ခဲ့သော နေရာသည် အာဗြဟံသည် ဣဇာက်ကို ပူဇော်ရန်
အဆင်သင့်ရှိကြောင်း သက်သေပြခဲ့သည့် မောရိယပြည်ရှိ တောင်ဖြစ်ကြောင်း ဤနေရာတွင်
ဖော်ပြထားသည် (ကမ္ဘာဦးကျမ်း ၂၂:၂၊ ၉)။
Threshingfloor
of Ornan. See 2 Sam. 24:16–25; 1 Chron. 21:14–28. The appearance of the angel
to David, the command of the heavenly messenger that David should build an
altar for sacrifice on the threshing floor of Ornan, and the answer by fire may
have been regarded as an indication that this was the site which the Lord had
selected for Israel to sacrifice and worship (1 Chron. 22:1–5). ဩရနန်၏
ကောက်နယ်တလင်း။
၂ ရှမွေလ ၁၆:၁၆-၂၅၊ ၁ ရာဇဝင်ချုပ်
၂၁:၁၄-၂၈ ကိုကြည့်ပါ။ ကောင်းကင်တမန်သည် ဒါဝိဒ်ထံ ထင်ရှားပေါ်လာခြင်း၊ ဩရနန်၏
ကောက်နယ်တလင်းတွင် ယဇ်ပူဇော်ရန် ယဇ်ပလ္လင်ကို တည်ဆောက်ရမည်ဟု ကောင်းကင်တမန်၏
မိန့်မှာချက်နှင့် မီးဖြင့် ပြန်လည်ဖြေကြားခြင်းတို့သည် ဣသရေလလူမျိုးတို့ ပူဇော်ဝတ်ပြုရန်
ထာဝရဘုရားသခင် ရွေးချယ်ထားသော နေရာဖြစ်ကြောင်း အရိပ်အယောင်အဖြစ် မှတ်ယူနိုင်သည် (၁
ရာဇဝင်ချုပ် ၂၂:၁-၅)။
2. Second day. Compare 1 Kings 6:1. The text in Chronicles does not name the month, but in Kings it is identified and called by its ancient name, Zif. In post-exilic times this month was known by the name Iyyar, adopted from the Babylonian word Aiaru. Chronicles also does not mention that this was in the 480th year after the Exodus.
၂။
ဒုတိယနေ့။ ၁ ရာဇဝင်ချုပ် ၆:၁ နှင့် နှိုင်းယှဉ်ပါ။ ရာဇဝင်ချုပ်ကျမ်းတွင်
လ၏နာမည်ကို မဖော်ပြထားသော်လည်း ရာဇဝင်မင်းများကျမ်းတွင် ဇိဖ်ဟုခေါ်သော
ရှေးဟောင်းနာမည်ဖြင့် ဖော်ပြထားသည်။ အကျဉ်းသားဘဝမှ
ပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်းတွင် ဤလကို ဗာဗုလုန်စကားလုံး အာယာရုမှ
ဆင်းသက်လာသော အိယားရ်ဟူသော နာမည်ဖြင့် သိရှိကြသည်။ ရာဇဝင်ချုပ်ကျမ်းတွင် ဤသည်မှာ
အီဂျစ်ပြည်မှ ထွက်မြောက်ပြီးနောက် (၄၈၀) နှစ်မြောက်ဖြစ်ကြောင်းကိုလည်း
မဖော်ပြထားပါ။
Solomon’s
4th year may be tentatively placed at 967/66 b.c., autumn to autumn.
Accordingly, the Temple was begun in the spring of 966 (see Vol. II, pp. 134,
159).
ရှောလမုန်မင်းကြီး၏ (၄) နှစ်မြောက်သည်
ခရစ်တော်မပေါ်မီ (၉၆၇/၆၆) ခုနှစ်၊ ဆောင်းဦးရာသီမှ ဆောင်းဦးရာသီအထိဟု
ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ဗိမာန်တော်ကို ခရစ်တော်မပေါ်မီ (၉၆၆) ခုနှစ်
နွေဦးရာသီတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည် (အတွဲ (၂)၊ စာမျက်နှာ ၁၃၄၊ ၁၅၉ ကိုကြည့်ပါ)။
3. The first measure. On the value of the cubit in different periods of Israelitic history see Vol. I, p. 165.
၃။
ပထမအတိုင်းအတာ။ ဣသရေလသမိုင်း၏ မတူညီသော ကာလများတွင် တောင် (cubit) ၏
တန်ဖိုးနှင့်ပတ်သက်၍ အတွဲ (၁)၊ စာမျက်နှာ ၁၆၅ ကိုကြည့်ပါ။
Threescore
cubits. Compare 1 Kings 6:2.
တောင် (၆၀)။ ၁ ရာဇဝင်မင်းများ ၆:၂ နှင့်
နှိုင်းယှဉ်ပါ။
4. Twenty cubits. The porch in front of the house was equal in width to the width of the Temple, which was 20 cu. Its depth was 10 cu. (1 Kings 6:3).
၄။
တောင် (၂၀)။ ဗိမာန်တော်ရှေ့ရှိ မုခ်ဦးသည် တောင် (၂၀) ရှိသော ဗိမာန်တော်၏
အကျယ်နှင့် တူညီသည်။ ၎င်း၏ အနက်မှာ တောင် (၁၀) ဖြစ်သည် (၁ ရာဇဝင်မင်းများ ၆:၃)။
An hundred and twenty. According to 1 Kings 6:2 the height of
the Temple was 30 cu. Kings does not give the height of the porch, but the
figure here given, 120 cu. or 175 ft. (53.3 m.) would provide a structure
unlike anything else known in ancient architecture. A porch 20 x 10 x 120 cu.
would be actually a tower of skyscraper dimensions. Perhaps 20 cu. is meant in
harmony with several manuscripts of the LXX and the Syriac (see on 1 Kings 6:3). (၁၂၀)။
၁ ရာဇဝင်မင်းများ ၆:၂ အရ ဗိမာန်တော်၏
အမြင့်သည် တောင် (၃၀) ဖြစ်သည်။ ရာဇဝင်မင်းများကျမ်းတွင် မုခ်ဦး၏ အမြင့်ကို
မဖော်ပြထားသော်လည်း ဤနေရာတွင် ဖော်ပြထားသော တောင် (၁၂၀) သို့မဟုတ် (၁၇၅) ပေ (၅၃.၃
မီတာ) သည် ရှေးဟောင်းဗိသုကာလက်ရာများတွင် မရှိဖူးသော အဆောက်အအုံမျိုး ဖြစ်လာလိမ့်မည်။
တောင် (၂၀ x ၁၀
x ၁၂၀)
ရှိသော မုခ်ဦးသည် တကယ်တမ်းဆိုရသော် ကောင်းကင်ထိမျှော်စင်ကဲ့သို့ အဆောက်အအုံ
ဖြစ်နေလိမ့်မည်။ ဖြစ်နိုင်သည်မှာ LXX နှင့် ဆီးရီးယားဘာသာပြန်
ကျမ်းစာမူအချို့နှင့်အညီ တောင် (၂၀) ဟု ဆိုလိုခြင်းဖြစ်နိုင်သည် (၁ ရာဇဝင်မင်းများ
၆:၃ ကို ကြည့်ပါ)။
5. The greater house. That is, the holy place, which was 40 cu. long (1 Kings 6:17).
၅။ ဗိမာန်တော်ကြီး။
ဆိုလိုသည်မှာ အလျား တောင် (၄၀) ရှိသော သန့်ရှင်းရာဌာန ဖြစ်သည် (၁ ရာဇဝင်မင်းများ
၆:၁၇)။
Fir tree. Probably the cypress.
စံကားပင်။
ဖြစ်နိုင်သည်မှာ ဆိုက်ပရက်စ် (cypress) ပင်ဖြစ်သည်။
Overlaid with fine gold. The woodwork of the interior of the Temple was covered with gold. Compare 1 Kings 6:20–22.
ရွှေစင်ဖြင့် မွမ်းမံခြင်း။
ဗိမာန်တော်အတွင်းပိုင်းရှိ သစ်သားအလုပ်များကို ရွှေဖြင့် ဖုံးအုပ်ထားသည်။ ၁
ရာဇဝင်မင်းများ ၆:၂၀-၂၂ နှင့် နှိုင်းယှဉ်ပါ။
6. Precious stones. The Temple was adorned with precious stones collected by David (1 Chron. 29:2). See also 1 Kings 10:11, which relates that Hiram’s fleet brought precious stones from Ophir.
၆။
အဖိုးတန်ကျောက်မျက်ရတနာများ။ ဗိမာန်တော်ကို ဒါဝိဒ်မင်းကြီး စုဆောင်းထားသော
အဖိုးတန်ကျောက်မျက်ရတနာများဖြင့် မွမ်းမံထားသည် (၁ ရာဇဝင်ချုပ် ၂၉:၂)။ ဟီရမ်၏
သင်္ဘောအုပ်စုသည် ဩဖိရပြည်မှ အဖိုးတန်ကျောက်မျက်ရတနာများကို သယ်ဆောင်လာကြောင်း
ဖော်ပြထားသည့် ၁ ရာဇဝင်မင်းများ ၁၀:၁၁ ကိုလည်း ကြည့်ပါ။
Parvaim. This place has not been identified. It is thought to have been in Arabia. The name Parvaim occurs only here in Scripture.
ပါရဝိမ်။ ဤနေရာကို
မည်သည့်နေရာဟု အတည်မပြုနိုင်သေးပါ။ အာရေဗျတွင် ရှိသည်ဟု ယူဆရသည်။ ပါရဝိမ်ဟူသော
အမည်သည် ကျမ်းစာတွင် ဤနေရာ၌သာ ပါရှိသည်။
7. The house. The holy place. What is given here is a continuation of v. 5, the object being to explain how the entire chamber, including its beams, posts, walls, and doors, was entirely covered with gold (see 1 Kings 6:21, 22).
၇။
အိမ်။ သန့်ရှင်းရာဌာန။ ဤနေရာတွင် ဖော်ပြထားသည်မှာ အခန်းတစ်ခုလုံး၊
အထောက်တိုင်များ၊ တံခါးများအပါအဝင် အားလုံးကို ရွှေဖြင့်
မည်သို့ဖုံးအုပ်ထားကြောင်း ရှင်းပြရန်ဖြစ်ပြီး အပိုဒ် (၅) ၏ အဆက်ဖြစ်သည် (၁
ရာဇဝင်မင်းများ ၆:၂၁၊ ၂၂ ကိုကြည့်ပါ)။
Cherubims. On these mural decorations see 1 Kings 6:29. The form “cherubims” is really incorrect, for “cherubim” is a transliteration of the Hebrew plural form and hence does not require the “s” to make a plural. The singular form is “cherub.”
ခေရုဗိမ်များ။
ဤနံရံဆေးရေးပန်းချီများနှင့်ပတ်သက်၍ ၁ ရာဇဝင်မင်းများ ၆:၂၉ ကိုကြည့်ပါ။ "cherubims" ဟူသော
ပုံစံသည် အမှန်တကယ်တွင် မှားယွင်းနေသည်။ အဘယ်ကြောင့်ဆိုသော် "cherubim" သည်
ဟေဗြဲအများကိန်းပုံစံကို အသံဖလှယ်ထားခြင်းဖြစ်ပြီး အများကိန်းဖြစ်စေရန် "s" ထပ်ထည့်ရန်
မလိုသောကြောင့်ဖြစ်သည်။ တစ်ကိန်းမှာ "cherub" ဖြစ်သည်။
8. According to the breadth. The most holy place was a perfect cube, 20 cu. in length, breadth, and height (see 1 Kings 6:20).
၈။
အကျယ်အဝန်းအလိုက်။ အသန့်ရှင်းဆုံးသောဌာနသည် အလျား၊ အနံ၊ အမြင့် တောင် (၂၀) ရှိသော
စတုရန်းပုံစံ ဖြစ်သည် (၁ ရာဇဝင်မင်းများ ၆:၂၀ ကိုကြည့်ပါ)။
Six hundred talents. This would be about 22 tons of gold (18 metric tons) if a talent is to be reckoned at 75.39 lb.
တာလန် (၆၀၀)။ တာလန်တစ်ခုကို ၇၅.၃၉
ပေါင်ဟု တွက်ချက်ပါက ၎င်းသည် ရွှေ (၂၂) တန် (မက်ထရစ်တန် ၁၈) ခန့်ရှိမည်ဖြစ်သည်။
9. Fifty shekels. Since a shekel weighs 11.4 g., or about 0.40 oz. avoirdupois, 50 shekels would be about 11/4 lb. (.57 kg.). This would be an insignificant weight for all the nails used in the sanctuary. The reference here is probably to the weight of each individual nail. Some, on the basis of an emendation suggested by the LXX, translate the passage: “The weight of the nails was one shekel to fifty shekels of gold” (see RSV). The nails, possibly used to fasten the sheets of gold on the wood surfaces, would weigh about 900 lb. (410 kg.).
၉။
ရှေကယ် (၅၀)။ ရှေကယ်တစ်ခု၏ အလေးချိန်သည် ၁၁.၄ ဂရမ် သို့မဟုတ် ၀.၄၀
အောင်စခန့်ရှိသဖြင့် ရှေကယ် (၅၀) သည် (၁ ၁/၄) ပေါင် (၀.၅၇ ကီလိုဂရမ်) ခန့်
ဖြစ်သည်။ ဤသည်မှာ ဗိမာန်တော်တွင် အသုံးပြုသော သံမှိုအားလုံးအတွက် အလွန်နည်းသော
အလေးချိန်ဖြစ်သည်။ ဤနေရာတွင် ရည်ညွှန်းထားသည်မှာ သံမှိုတစ်ခုချင်းစီ၏
အလေးချိန်ဖြစ်ဖွယ်ရှိသည်။ အချို့က LXX မှ အကြံပြုထားသော ပြင်ဆင်ချက်ကို
အခြေခံ၍ "သံမှိုများ၏ အလေးချိန်သည် ရွှေရှေကယ် (၅၀) အတွက်
ရှေကယ်တစ်ခုဖြစ်သည်" ဟု ဘာသာပြန်ဆိုကြသည် (RSV ကိုကြည့်ပါ)။
သစ်သားမျက်နှာပြင်ပေါ်တွင် ရွှေပြားများကို တပ်ဆင်ရန် အသုံးပြုသည့် သံမှိုများသည်
ပေါင် (၉၀၀) (၄၁၀ ကီလိုဂရမ်) ခန့် ရှိနိုင်သည်။
Chambers.
See on 1 Chron. 28:11.
အခန်းငယ်များ။ ၁ ရာဇဝင်ချုပ် ၂၈:၁၁
ကိုကြည့်ပါ။
10.
Two
cherubims. See 1 Kings 6:23–28.
၁၀။ ခေရုဗိမ် (၂) ပါး။ ၁ ရာဇဝင်မင်းများ ၆:၂၃-၂၈ ကိုကြည့်ပါ။
Of
image work. The exact sense of this phrase is not clear. The LXX reads “of
wood.” According to 1 Kings 6:23 the cherubim were made of olivewood (see on
Neh. 8:15).
ရုပ်တုလုပ်ငန်း။ ဤစကားစု၏
တိကျသောအဓိပ္ပာယ်မှာ မရှင်းလင်းပါ။ LXX တွင် "သစ်သားဖြင့်ပြုလုပ်သည်"
ဟု ဖတ်ရသည်။ ၁ ရာဇဝင်မင်းများ ၆:၂၃ အရ ခေရုဗိမ်များကို သံလွင်သားဖြင့်
ပြုလုပ်ထားသည် (နေဟမိ ၈:၁၅ ကိုကြည့်ပါ)။
11. Twenty cubits. That is, the total length of the wings of the two cherubim was 20 cu. Since the most holy place was 20 cu. wide, the outstretched wings of the two cherubim reached from one wall to the other. Each cherub thus covered 10 cu., with 5 cu. being the length of each wing. Thus the outer wing of each cherub touched one of the outer walls of the building, while the inner wing of each touched that of the other.
၁၁။
တောင် (၂၀)။ ဆိုလိုသည်မှာ ခေရုဗိမ် (၂) ပါး၏ အတောင်ပံများ၏ စုစုပေါင်းအလျားသည်
တောင် (၂၀) ဖြစ်သည်။ အသန့်ရှင်းဆုံးသောဌာနသည် အကျယ် တောင် (၂၀) ရှိသဖြင့်
ခေရုဗိမ်နှစ်ပါး၏ ဆန့်ထုတ်ထားသော အတောင်ပံများသည် နံရံတစ်ဖက်မှ အခြားတစ်ဖက်သို့
ရောက်ရှိသည်။ ခေရုဗိမ်တစ်ပါးစီသည် တောင် (၁၀) နေရာယူထားပြီး အတောင်ပံတစ်ခုစီ၏
အလျားမှာ တောင် (၅) ဖြစ်သည်။ ထို့ကြောင့် ခေရုဗိမ်တစ်ပါးစီ၏ အပြင်ဘက်အတောင်ပံသည်
အဆောက်အအုံ၏ အပြင်ဘက်နံရံတစ်ခုကို ထိနေပြီး အတွင်းဘက်အတောင်ပံများသည်
တစ်ပါးနှင့်တစ်ပါး ထိနေကြသည်။
12. One wing. See on v. 11.
၁၂။
အတောင်ပံတစ်ခု။ အပိုဒ် (၁၁) ကိုကြည့်ပါ။
13.
On
their feet. The cherubim were in a standing position. Each was 10 cu. in height
(1 Kings 6:26).
၁၃။ သူတို့၏
ခြေထောက်ပေါ်တွင်။ ခေရုဗိမ်များသည် မတ်တတ်ရပ်လျက်ရှိသည်။ တစ်ပါးလျှင် အမြင့် တောင်
(၁၀) ရှိသည် (၁ ရာဇဝင်မင်းများ ၆:၂၆)။
Inward. Literally, “toward the house.” By “house” seems to be
meant, “the holy place” (see vs. 5–7). If this be so, the cherubim in Solomon’s
Temple did not face each other with heads bent downward as was the case with
those on the mercy seat (Ex. 25:20), but stood as guardians, one on either end
of the ark, and both facing forward toward the holy place and the front of the
building, which was toward the east
. အတွင်းဘက်သို့။
တိုက်ရိုက်ဆိုရသော် "အိမ်တော်ဘက်သို့" ဟု ဆိုလိုသည်။
"အိမ်တော်" ဆိုသည်မှာ "သန့်ရှင်းရာဌာန" ကို ဆိုလိုဟန်ရှိသည်
(အပိုဒ် ၅-၇ ကိုကြည့်ပါ)။ အကယ်၍ ဤသို့ဖြစ်ပါက ရှောလမုန်ဗိမာန်တော်ရှိ
ခေရုဗိမ်များသည် ကရုဏာပလ္လင်ပေါ်ရှိ ခေရုဗိမ်များကဲ့သို့ ခေါင်းငုံ့၍
တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင်နေခြင်းမဟုတ်ဘဲ စောင့်ရှောက်သူများအဖြစ်
ပဋိညာဉ်သေတ္တာ၏ တစ်ဖက်တစ်ချက်တွင် ရပ်နေကြပြီး နှစ်ပါးစလုံးသည် အရှေ့ဘက်သို့
မျက်နှာမူလျက် သန့်ရှင်းရာဌာနနှင့် အဆောက်အအုံ၏ ရှေ့ဘက်ကို မျက်နှာမူထားကြသည်။
14.
Vail. This formed the partition
between the holy place and the holy of holies. In 1 Kings 6:21 this veil is not
mentioned, but reference is made to a “partition” and “chains of gold before
the oracle.” The veil was probably suspended from golden chains.
15.
၁၄။ ကုလားကာ။ ဤသည်မှာ
သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးသောဌာနကြားရှိ အကာအရံဖြစ်သည်။ ၁ ရာဇဝင်မင်းများ
၆:၂၁ တွင် ဤကုလားကာကို မဖော်ပြထားသော်လည်း "အကာအရံ" နှင့်
"ဗျာဒိတ်တော်ပေးရာအရပ်ရှေ့ရှိ ရွှေကြိုးများ" အကြောင်းကို
ရည်ညွှန်းထားသည်။ ကုလားကာကို ရွှေကြိုးများဖြင့် ဆွဲထားခြင်းဖြစ်နိုင်သည်။
Blue,
and purple, and crimson. The colors in the veil of the tabernacle were “blue,
and purple, and scarlet” (Ex. 26:31).
အပြာ၊ ခရမ်းနှင့်
အနီရောင်။ တဲတော်ရှိ ကုလားကာ၏ အရောင်များမှာ "အပြာ၊ ခရမ်းနှင့်
အနီရောင်" ဖြစ်သည် (ထွက်မြောက်ရာကျမ်း ၂၆:၃၁)။
Wrought
cherubims. Figures of heavenly cherubim were worked into the tapestry of the
veil (see Ex. 26:31).
ခေရုဗိမ်ရုပ်ပုံများ။
ကောင်းကင်ဘုံရှိ ခေရုဗိမ်ရုပ်ပုံများကို ကုလားကာ၏ ပိတ်စပေါ်တွင် ရက်လုပ်ထားသည်
(ထွက်မြောက်ရာကျမ်း ၂၆:၃၁ ကိုကြည့်ပါ)။
15. Two pillars. See on 1 Kings 7:15. ၁၅။
တိုင် (၂) တိုင်။
၁ ရာဇဝင်မင်းများ ၇:၁၅ ကိုကြည့်ပါ။
The chapiter. The capital or uppermost member of a pillar.
ထိပ်ခေါင်း။
တိုင်၏ အပေါ်ဆုံးအပိုင်းဖြစ်သည်။
16. An hundred pomegranates. There were evidently 100 pomegranates in an upper and 100 in a lower row on each pillar, a total of 400 pomegranates for both pillars (2 Chron. 4:13; 1 Kings 7:20, 42; cf. Jer. 52:22, 23).
၁၆။ သလဲသီး (၁၀၀)။
တိုင်တစ်ခုစီ၏ အထက်တန်းတွင် သလဲသီး (၁၀၀) နှင့် အောက်တန်းတွင် (၁၀၀) ရှိသည်မှာ
ထင်ရှားပြီး၊ တိုင်နှစ်တိုင်အတွက် စုစုပေါင်း သလဲသီး (၄၀၀) ဖြစ်သည် (၂ ရာဇဝင်ချုပ်
၄:၁၃၊ ၁ ရာဇဝင်မင်းများ ၇:၂၀၊ ၄၂၊ နှိုင်းယှဉ်ချက် ယေရမိ ၅၂:၂၂၊ ၂၃)။
17. Before the temple. “In the porch of the temple” (1 Kings 7:21). One pillar was set up on each side of the porch forming the entrance to the Temple.
၁၇။ ဗိမာန်တော်ရှေ့။
"ဗိမာန်တော်၏ မုခ်ဦး၌" (၁ ရာဇဝင်မင်းများ ၇:၂၁)။ တိုင်တစ်တိုင်စီကို
ဗိမာန်တော်၏ အဝင်ဝဖြစ်သော မုခ်ဦး၏ တစ်ဖက်တစ်ချက်တွင် စိုက်ထူထားသည်။
Jachin.
Probably meaning “He shall establish.
” ယာခိန်။
"ကိုယ်တော်သည် တည်မြဲစေလိမ့်မည်" ဟု အဓိပ္ပာယ်ရဖွယ်ရှိသည်။
Boaz.
Probably meaning “In it [or him] is strength.” ဗောဇ။
"သူ၌ (သို့မဟုတ် ကိုယ်တော်၌)
ခွန်အားရှိသည်" ဟု အဓိပ္ပာယ်ရဖွယ်ရှိသည်။
No comments:
Post a Comment