chapter 3
အခန်း ၃
1. After these
things. An indefinite lapse of time is thus indicated, perhaps of considerable duration. The events of this chapter fell in the year 474
b.c., the 12th year of Ahasuerus’ reign (see v. 7). Haman. Ahasuerus was introduced
first (ch. 1), then Mordecai and Esther (ch. 2); now Haman appears on the
scene, as grand vizier, or prime minister. According to Jewish tradition, Haman
was a direct descendant of Agag, king of the Amalekites (see 1 Sam. 15:8), in
the 16th generation (Targum Sheni; Josephus
Antiquities xi. 6. 5).
၁။
ဤအကြောင်းအရာများပြီးနောက်။ အချိန်ကာလအပိုင်းအခြားမရှိကြောင်း ဤနေရာတွင်
ဖော်ပြထားပြီး၊ အချိန်ကာလအတန်ကြာမြင့်ခဲ့ဟန်ရှိသည်။ ဤအခန်းတွင်ပါရှိသော
အဖြစ်အပျက်များသည် အာဟရှွေရုမင်း၏ နန်းစံ (၁၂) နှစ်မြောက်၊ ဘီစီ ၄၇၄ ခုနှစ်တွင်
ဖြစ်ပွားခဲ့သည်။ (အပိုဒ် ၇ ကို ကြည့်ပါ)။ ဟာမန်။ အာဟရှွေရုမင်းကို အရင်ဦးဆုံး
(အခန်း ၁) တွင် မိတ်ဆက်ခဲ့ပြီး၊ ထို့နောက် မောဒခဲနှင့် ဧသတာ (အခန်း ၂) ကို
မိတ်ဆက်ခဲ့သည်။ ယခုအခါ ဟာမန်သည် ဂရန်းဗီးဇီး (သို့မဟုတ်) ဝန်ကြီးချုပ်အဖြစ်
မြင်ကွင်းသို့ ရောက်ရှိလာသည်။ ဂျူးဓလေ့ထုံးတမ်းအရ ဟာမန်သည် အာမလက်အမျိုးသားတို့၏
ဘုရင်အာဂတ်၏ (၁ သမွေလ ၁၅:၈ ကို ကြည့်ပါ) တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး၊ (၁၆)
ဆက်မြောက်မြေးဖြစ်သည်။
(Targum
Sheni; Josephus Antiquities xi. 6. 5)။
2. The king’s
servants. These were the lesser officers of the court,
of the rank to which Mordecai belonged. Bowed, and reverenced. That is,
prostrated themselves before Haman in usual Oriental fashion. This act implied
submission, loyalty, and obedience. Commanded. Perhaps Haman had been elevated
from a low position. The special command required that all, even those who
might previously have outranked Haman, should now fall prostrate before him. Mordecai bowed not. In view of the
fact that the Hebrew people prostrated themselves not only before kings (1 Sam.
24:8) but before superiors in general, or those whom they wished to honor as such (Gen. 23:7; 27:29; 33:3; etc.), Mordecai’s motive in refusing to
bow to Haman is not entirely clear. Haman was, to be sure, a Gentile; but
Abraham bowed to Gentiles (Gen. 23:7). Mordecai did refuse Haman reverence that
belongs only to God (5T 450; see PK 600).
၂။ ဘုရင်၏
အမှုထမ်းများ။ ၎င်းတို့သည် မောဒခဲနှင့် အဆင့်တူရှိသော နန်းတော်မှ အရာရှိငယ်များ
ဖြစ်ကြသည်။ ဦးညွတ်၍ အရိုအသေပြုကြ၏။ ဆိုလိုသည်မှာ အရှေ့တိုင်းထုံးစံအတိုင်း ဟာမန်ရှေ့မှောက်တွင်
ပျပ်ဝပ်ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် လက်အောက်ခံဖြစ်ကြောင်း၊ သစ္စာရှိကြောင်းနှင့်
နာခံကြောင်းကို ဆိုလိုသည်။ အမိန့်ထုတ်ထားသည်။ ဟာမန်သည် အဆင့်နိမ့်ရာမှ
မြှောက်စားခြင်းခံရပုံရသည်။ အထူးအမိန့်မှာ ယခင်က ဟာမန်ထက်
ရာထူးကြီးမြင့်ခဲ့သူများအပါအဝင် လူတိုင်းသည် ယခုအခါ သူ၏ရှေ့မှောက်တွင်
ပျပ်ဝပ်ရမည်ဖြစ်သည်။ မောဒခဲသည် ဦးမညွတ်ခဲ့။ ဟေဗြဲလူမျိုးများသည်
ဘုရင်များရှေ့တွင်သာမက (၁ ရာ ၂၄:၈) အထက်လူကြီးများရှေ့တွင်လည်းကောင်း၊
သူတို့ဂုဏ်ပြုလိုသူများရှေ့တွင်လည်းကောင်း (ကမ္ဘာဦး ၂၃:၇၊ ၂၇:၂၉၊ ၃၃:၃ စသည်)
ပျပ်ဝပ်လေ့ရှိကြသည်။ ထို့ကြောင့် မောဒခဲသည် ဟာမန်အား ဦးမညွတ်ရသည့် အကြောင်းရင်းမှာ
ရှင်းလင်းစွာ မသိသာပေ။ ဟာမန်သည် တစ်ပါးအမျိုးသားဖြစ်သည်မှာ မှန်သော်လည်း၊
အာဗြဟံသည် တစ်ပါးအမျိုးသားတို့ရှေ့တွင် ဦးညွတ်ခဲ့ဖူးသည် (ကမ္ဘာဦး ၂၃:၇)။ မောဒခဲသည်
ဘုရားသခင်တစ်ပါးတည်းသာ ခံယူထိုက်သော အရိုအသေကို ဟာမန်အား ပေးရန်
ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ (5T 450; PK 600 ကို ကြည့်ပါ)။
3. They spake
daily. The persistent attempt made to secure
Mordecai’s compliance with the edict to bow before Haman implies that his fellow officials esteemed him highly. They sought to give
him a fair opportunity before reporting the matter. From their point of view it
was a serious precedent—if one royal decree could thus be flouted, how about
others? He had told them. Mordecai probably explained that his religion made it
impossible to worship any man. Apparently, Mordecai’s race had not been
suspected. In appearance and language he and Esther both seem to have passed as
Persians။
၄။
နေ့တိုင်းပြောဆိုကြ၏။ ဟာမန်ရှေ့တွင် ဦးညွတ်ရမည့်အမိန့်ကို မောဒခဲလိုက်နာစေရန်
အကြိမ်ကြိမ်ကြိုးပမ်းခြင်းက သူ၏ လုပ်ဖော်ကိုင်ဖက် အရာရှိများသည် သူ့ကို
အလွန်လေးစားကြောင်း ဖော်ပြနေသည်။ ကိစ္စရပ်ကို သတင်းမပို့မီ သူတို့သည် သူ့ကို
အခွင့်အရေးကောင်းတစ်ခုပေးရန် ကြိုးစားခဲ့ကြသည်။ သူတို့အမြင်တွင် ဤသည်မှာ
ပြင်းထန်သော နမူနာဆိုးတစ်ခုဖြစ်သည်—အကယ်၍ ဘုရင်၏အမိန့်တစ်ခုကို ဤကဲ့သို့ ဖီဆန်နိုင်လျှင်
အခြားအမိန့်များအတွက်မူကား မည်သို့ဖြစ်မည်နည်း။ သူသည် သူတို့အား
ပြောပြခဲ့ပြီးဖြစ်သည်။ မောဒခဲသည် သူ၏ဘာသာတရားအရ မည်သူ့ကိုမျှ ကိုးကွယ်၍မရကြောင်း
ရှင်းပြခဲ့ပုံရသည်။ ထင်ရှားသည်မှာ မောဒခဲ၏ လူမျိုးကို မည်သူမျှ သံသယမရှိခဲ့ကြပေ။
အသွင်အပြင်နှင့် စကားပြောဆိုမှုတွင် သူနှင့် ဧသတာတို့ နှစ်ဦးစလုံးသည်
ပါရှန်းလူမျိုးများအဖြစ်သာ ထင်မှတ်ခံခဲ့ရသည်။
4. When Haman
saw. Mordecai’s disrespect apparently came to Haman’s attention only through the “king’s servants.” Mordecai’s attitude
and explanation meant that Jews everywhere stood opposed to Haman. Mordecai’s
apparent defiance, boldly displayed at the very gate of the palace, could mean
but one thing to Haman—conspiracy! At least, Haman was pleased to interpret it
so. And if Mordecai justified his course on a religious basis, all who held
that religion must therefore be involved also.
၅။
ဟာမန်မြင်သောအခါ။ မောဒခဲ၏ အရိုအသေမပေးမှုကို ဟာမန်သည် “ဘုရင်၏အမှုထမ်းများ”
မှတစ်ဆင့်သာ သိရှိခဲ့ပုံရသည်။ မောဒခဲ၏ သဘောထားနှင့် ရှင်းလင်းချက်သည်
ဂျူးလူမျိုးအားလုံးသည် ဟာမန်ကို ဆန့်ကျင်နေကြသည်ဟု ဆိုလိုသည်။ နန်းတော်တံခါးဝတွင်
ရဲရင့်စွာပြသလိုက်သည့် မောဒခဲ၏ ဖီဆန်မှုသည် ဟာမန်အတွက် တစ်ခုတည်းသော အဓိပ္ပာယ်သာ
ရှိသည်—ထိုသည်မှာ ပုန်ကန်မှုပင်။ အနည်းဆုံးတော့ ဟာမန်သည် ထိုသို့
အဓိပ္ပာယ်ကောက်ယူရန် နှစ်သက်သည်။ မောဒခဲသည် သူ၏လုပ်ရပ်ကို ဘာသာရေးအခြေခံဖြင့် တရားမျှတကြောင်း
ပြောဆိုလျှင်၊ ထိုဘာသာကို ကိုးကွယ်သူအားလုံးသည်လည်း ပါဝင်ပတ်သက်နေမည်ဟု
ဟာမန်ယူဆခဲ့သည်။
5. Thought
scorn. If Haman had simply informed Xerxes that one of
the minor court officials was insulting him and thereby disobeying a royal
edict, Ahasuerus would certainly have ordered Mordecai put to death. But
Mordecai, as a Jew, had insulted him, and therefore the Jews as a nation should
be punished. If the Jews and their religion stood in the way of Haman’s pride
and security, both must be sacrificed.
၆။ အထင်သေးသည်။
ဟာမန်သည် နန်းတော်အရာရှိငယ်တစ်ဦးက သူ့ကို စော်ကားပြီး ဘုရင်၏အမိန့်ကို
ဖီဆန်ကြောင်းကိုသာ ဇေရဇက်မင်းအား အကြောင်းကြားခဲ့မည်ဆိုပါက၊ အာဟရှွေရုမင်းသည်
မောဒခဲကို သတ်ပစ်ရန် အမိန့်ပေးခဲ့မှာ သေချာသည်။ သို့သော် မောဒခဲသည်
ဂျူးလူမျိုးတစ်ဦးအနေဖြင့် သူ့ကို စော်ကားခဲ့သောကြောင့် ဂျူးလူမျိုးတစ်ရပ်လုံးကို
အပြစ်ပေးသင့်သည်ဟု ယူဆခဲ့သည်။ အကယ်၍ ဂျူးလူမျိုးများနှင့် သူတို့၏ဘာသာတရားသည်
ဟာမန်၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို အနှောင့်အယှက်ဖြစ်စေပါက၊ နှစ်ခုစလုံးကို
စတေးရမည်ဖြစ်သည်။
6. Nisan. Among the Jews this name replaced Abib after the Captivity. The
twelfth year. April 5, 474 b.c., to April 21, 473 b.c., according to Persian
reckoning. They cast Pur. The superstitious casting of lots, as a means of
determining favorable times for certain projects, has been common in the East since
time immemorial. Lots were drawn by means of dice, by chips of wood, by strips
of parchment, by white and black stones, and in other ways. The Jews supposed
that a special dispensation of Providence supervised the casting of lots (Prov. 16:33), and thought that matters
decided in this way were according to God’s will. Haman appears to have cast
lots, first to determine the day of the month, and then the month. Adar. The
lot apparently indicated the thirteenth day of Adar, the twelfth and last month
of the year. Like Nisan, Adar is a Babylonian name. Adar corresponds to our
month of March.
၇။ နိသန်လ။
ဂျူးလူမျိုးတို့သည် အရှေ့တိုင်းသို့ သုံ့ပန်းအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီးနောက် အာဗိလလအစား ဤအမည်ကို သုံးစွဲခဲ့ကြသည်။ (၁၂)
နှစ်မြောက်။ ပါရှန်းတို့၏ တွက်ချက်မှုအရ ဘီစီ ၄၇၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ဘီစီ
၄၇၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိဖြစ်သည်။ သူတို့သည် ပူရ (မဲ) ကိုချခဲ့ကြသည်။
အချို့သော လုပ်ငန်းများအတွက် အဆင်ပြေမည့်အချိန်ကို ဆုံးဖြတ်ရန် မဲချခြင်းဆိုသည့်
ယုံမှားသံသယဖြစ်ဖွယ် ဓလေ့သည် ရှေးပဝေသဏီကတည်းက အရှေ့တိုင်းတွင် အသုံးများခဲ့သည်။
မဲများကို အန်စာတုံးများ၊ သစ်သားပြားများ၊ စက္ကူချပ်များ၊
အဖြူနှင့်အမည်းကျောက်တုံးများ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ချလေ့ရှိကြသည်။
ဂျူးလူမျိုးတို့သည် မဲချခြင်းကို ဘုရားသခင်၏ အထူးစီမံမှုက ကြီးကြပ်သည်ဟု ယူဆကြပြီး
(သုတ္တံ ၁၆:၃၃)၊ ဤနည်းလမ်းဖြင့် ဆုံးဖြတ်သောကိစ္စရပ်များသည် ဘုရားသခင်၏
အလိုတော်အတိုင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ဟာမန်သည် လ၏ရက်ကို ဆုံးဖြတ်ရန်
ဦးစွာမဲချပြီး၊ ထို့နောက် လကို ဆုံးဖြတ်ရန် မဲချခဲ့ပုံရသည်။ အာဒါလ။ မဲသည်
နှစ်၏နောက်ဆုံးလဖြစ်သော (၁၂) လမြောက်၊ အာဒါလ၏ ၁၃ ရက်နေ့ကို ပြသခဲ့သည်။
နိသန်လကဲ့သို့ပင် အာဒါလသည် ဗာဗုလုန်အမည်တစ်ခုဖြစ်သည်။ အာဒါလသည် ကျွန်ုပ်တို့၏
မတ်လနှင့် ကိုက်ညီသည်။
7. A certain people. A large proportion of the Jewish exiles had elected to
remain in the lands to which they had been carried away captive. Josephus notes
that the more well-to-do and influential Babylonian Jews were little inclined
to leave their adopted home. By now, there was evidently a large Jewish colony
at Shushan also (see ch. 9:12–15). Their
laws are diverse. A true charge, but a weak argument for their destruction,
more especially since the Persians allowed all subject nations to retain their
own religions, laws, and customs. Neither keep they. This charge was not true
with respect to laws in general. It was only when a royal edict required a Jew
to violate his religious beliefs that such a situation could arise. But the
laws of the Medes and Persians were in the main fair and just, and the
Jews no doubt readily obeyed them. Had it been otherwise they would not have
enjoyed the favor that was often shown them. Through the prophet Jeremiah, God
strictly enjoined them to be law-abiding, peaceful subjects wherever they might
be (Jer. 29:7).
၈။
လူမျိုးတစ်မျိုး။ ဂျူးသုံ့ပန်းအများစုသည် သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်
နယ်မြေများတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ ချမ်းသာကြွယ်ဝပြီး
သြဇာအာဏာရှိသော ဗာဗုလုန်ဂျူးလူမျိုးများသည် သူတို့၏ အထက်ပါနေရပ်ကို စွန့်ခွာရန်
သဘောမတူကြကြောင်း ဂျိုးဇက်ဖက်စ်က မှတ်တမ်းတင်ထားသည်။ ယခုအခါတွင်မူ
ရှုရှန်မြို့၌လည်း ဂျူးလူမျိုးအများအပြား နေထိုင်နေကြပြီဖြစ်သည် (အခန်း ၉:၁၂-၁၅
ကို ကြည့်ပါ)။ သူတို့၏ တရားဥပဒေများသည် ကွဲပြားသည်။ ဤစွပ်စွဲချက်သည် မှန်သော်လည်း
သူတို့ကို ဖျက်ဆီးရန်အတွက်မူ အားနည်းသော အကြောင်းပြချက်သာဖြစ်သည်။ အထူးသဖြင့်
ပါရှန်းတို့သည် လက်အောက်ခံနိုင်ငံအားလုံးကို သူတို့၏ ကိုယ်ပိုင်ဘာသာတရား၊
တရားဥပဒေနှင့် ထုံးတမ်းစဉ်လာများကို
ဆက်လက်ထိန်းသိမ်းခွင့်ပေးထားသောကြောင့်ဖြစ်သည်။ သူတို့သည်လည်း မစောင့်ထိန်းကြ။
ဤစွပ်စွဲချက်သည် အထွေထွေဥပဒေများနှင့် ပတ်သက်၍မူ မမှန်ကန်ပေ။ ဘုရင်၏အမိန့်တစ်ခုက
ဂျူးလူမျိုးတစ်ဦးအား သူ၏ဘာသာရေးယုံကြည်ချက်ကို ဖောက်ဖျက်စေမှသာလျှင်
ထိုကဲ့သို့သောအခြေအနေမျိုး ဖြစ်ပေါ်နိုင်သည်။ သို့သော် မေဒိနှင့် ပါရှန်းတို့၏
ဥပဒေများသည် အများအားဖြင့် တရားမျှတသောကြောင့် ဂျူးလူမျိုးတို့သည်လည်း
လိုလိုလားလား နာခံခဲ့ကြသည်မှာ မုချဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ သူတို့သည်
မကြာခဏရရှိခဲ့သော အခွင့်အရေးများကို ရရှိမည်မဟုတ်ပေ။ ပရောဖက်ယေရမိမှတစ်ဆင့်
ဘုရားသခင်သည် သူတို့အား မည်သည့်နေရာတွင်မဆို တရားဥပဒေကို လိုက်နာပြီး
ငြိမ်းချမ်းစွာနေထိုင်သော လက်အောက်ခံများ ဖြစ်ရန် တင်းကျပ်စွာ မှာကြားခဲ့သည်
(ယေရမိ ၂၉:၇)။
8. I will pay.
Even Ahasuerus could scarcely consider as a light
matter such an act of genocide as Haman contemplated, but Haman immediately fortified his proposal with a bribe such as
even a king could not view with indifference.
Ten thousand talents. Based on the light Babylonian talent, this would be about
377 tons, or 343 metric tons. Herodotus says
that Xerxes (Ahasuerus) once declined such an offer from one of his subjects.
The recent Greek war had no doubt made a heavy drain on the royal treasury, but
it would be beneath the king’s dignity, perhaps, to accept a bribe.
၉။
ကျွန်ုပ်ပေးဆပ်ပါမည်။ ဟာမန်ရည်ရွယ်ထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုမျိုးကို
အာဟရှွေရုမင်းပင် အသေးအဖွဲကိစ္စဟု မယူဆနိုင်သော်လည်း၊ ဟာမန်သည် ဘုရင်တစ်ပါးပင်
လျစ်လျူမရှုနိုင်လောက်သည့် လာဘ်ငွေဖြင့် သူ၏အဆိုပြုချက်ကို
ချက်ချင်းခိုင်မာစေခဲ့သည်။ ငွေတလန္တပေါင်း တစ်သောင်း။ ပေါ့ပါးသော
ဗာဗုလုန်တလန္တအလေးချိန်ကို အခြေခံလျှင် ၎င်းမှာ တန်ချိန်ပေါင်း ၃၇၇ တန်
(သို့မဟုတ်) မက်ထရစ်တန်ချိန် ၃၄၃ တန်ခန့်ဖြစ်သည်။ ဇေရဇက်မင်း (အာဟရှွေရုမင်း) သည်
သူ၏အမှုထမ်းတစ်ဦးထံမှ ထိုကဲ့သို့သော ကမ်းလှမ်းချက်ကို
တစ်ကြိမ်ငြင်းပယ်ခဲ့ဖူးကြောင်း ဟီရိုဒိုတပ်စ်က ဆိုသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော
ဂရိစစ်ပွဲကြောင့် ဘုရင့်ဘဏ္ဍာတော်မှာ များစွာကုန်ကျခဲ့သည်မှာ သေချာသော်လည်း၊
လာဘ်ငွေကို လက်ခံခြင်းသည် ဘုရင့်ဂုဏ်သိက္ခာနှင့် မညီညွတ်ပေ။
9. His ring. Literally, “his signet.” This was probably a ring, for signet
rings were known to the Persians, though some think it was a cylinder like that
of his father Darius, now in the British Museum. In possession of the royal seal, Haman had power to issue whatever edicts
he desired, for the royal seal would give them full authority. Haman’s word was
thus equal to that of the king, who in effect gave Haman blanket permission to
do what he desired.
၁၀။
သူ၏လက်စွပ်။ စာသားအရဆိုရလျှင် “သူ၏တံဆိပ်” ဖြစ်သည်။ ၎င်းမှာ လက်စွပ်တစ်ခု
ဖြစ်နိုင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပါရှန်းတို့သည် တံဆိပ်လက်စွပ်များကို သိရှိထားကြသောကြောင့်ဖြစ်သည်။
သို့သော် အချို့ကမူ ယခုအခါ ဗြိတိသျှပြတိုက်တွင်ရှိသော သူ၏ခမည်းတော် ဒါရိမင်းကြီး၏
တံဆိပ်ကဲ့သို့ ဆလင်ဒါပုံစံဖြစ်မည်ဟု ယူဆကြသည်။ ဘုရင့်တံဆိပ်ကို
ပိုင်ဆိုင်ထားခြင်းဖြင့် ဟာမန်သည် သူလိုချင်သည့် အမိန့်များကို ထုတ်ပြန်နိုင်သည့်
အာဏာရှိသွားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရင့်တံဆိပ်သည် ထိုအမိန့်များအား အပြည့်အဝ
အာဏာပေးထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဟာမန်၏စကားသည် ဘုရင်၏စကားနှင့်
တန်းတူဖြစ်သွားပြီး၊ ဘုရင်သည်လည်း ဟာမန်ကို သူပြုလုပ်လိုသမျှကို
ပြုလုပ်ခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
10.
The silver. Ahasuerus seems to have declined the
bribe.
၁၁။ ငွေ။
အာဟရှွေရုမင်းသည် လာဘ်ငွေကို ငြင်းပယ်ခဲ့ပုံရသည်။
11.
The king’s
scribes. Herodotus says that “scribes” were in attendance on Xerxes throughout
the Grecian war. Such persons would also be at hand in the palace, ready to
draw up royal edicts. Lieutenants. Heb., ’achashdarpenim, “satraps,” a Hebrew
transliteration of the Persian khshatřapâvan, from which our “satrap” is derived. According to
Herodotus, there were 20 satrapies in the time of Darius I. These were major
divisions of the empire, each composed of several provinces. The governors.
That is, of the 127 provinces. Several “governors” were responsible to
each satrap. The rulers. Or, “princes,” as in ch. 1:3; etc. These would be the
native rulers or the head men of conquered tribes, who enjoyed considerable
local autonomy.
၁၂။ ဘုရင်၏
စာရေးတော်ကြီးများ။ ဂရိစစ်ပွဲတစ်လျှောက်လုံးတွင် ဇေရဇက်မင်းထံ၌
“စာရေးတော်ကြီးများ” အမြဲရှိနေခဲ့ကြောင်း ဟီရိုဒိုတပ်စ်က ဆိုသည်။
ထိုပုဂ္ဂိုလ်များသည် နန်းတော်၌လည်း အမြဲအသင့်ရှိနေပြီး ဘုရင့်အမိန့်များကို
ရေးသားရန် အသင့်ရှိနေကြသည်။ တုရင်များ။ ဟေဗြဲဘာသာဖြင့် ’achashdarpenim ဖြစ်ပြီး “ဆပ်ထရက်ပ်” (ပြည်နယ်စား) ဟုခေါ်သည်။ ၎င်းသည် ပါရှန်းစကားလုံး khshatřapâvan မှ ဆင်းသက်လာသော ဟေဗြဲအသံထွက်ဖြစ်သည်။ ဟီရိုဒိုတပ်စ်၏အဆိုအရ
ဒါရိမင်းကြီးလက်ထက်တွင် ဆပ်ထရက်ပ်ပြည်နယ် (၂၀) ရှိသည်။ ၎င်းတို့သည် အင်ပါယာ၏
အဓိကအပိုင်းများဖြစ်ပြီး၊ တစ်ခုချင်းစီတွင် ပြည်နယ်အများအပြား ပါဝင်သည်။
မြို့ဝန်များ။ ဆိုလိုသည်မှာ ပြည်နယ်ပေါင်း ၁၂၇ ခု၏ မြို့ဝန်များဖြစ်သည်။ ဆပ်ထရက်ပ်တစ်ဦးစီအတွက်
“မြို့ဝန်” အများအပြား တာဝန်ယူရသည်။ မင်းသားများ။ (သို့မဟုတ်) အခန်း ၁:၃ တွင်
ဖော်ပြထားသည့်အတိုင်း “မင်းညီမင်းသားများ” ဖြစ်သည်။ ၎င်းတို့သည်
ဒေသခံအုပ်ချုပ်သူများ သို့မဟုတ် သိမ်းပိုက်ခံထားရသော လူမျိုးစုတို့၏
ခေါင်းဆောင်များဖြစ်ကြပြီး၊ ဒေသန္တရအုပ်ချုပ်ရေးတွင် လွတ်လပ်ခွင့်
အတော်အတန်ရှိကြသည်။
12.
By posts.
The Persian postal system was famous throughout the ancient world. Xenophon
attributes the organization of the system to Cyrus. Xenophon described it as
follows: “Stables for horses are erected
along the various lines of route, at such a distance one from another as a
horse can accomplish in a day. All the stables are provided with a number of horses and grooms. There is a
post-master to preside over each, who receives the dispatches along with the tired men and horses, and sends them on by fresh horses
and fresh riders. Sometimes there is no stoppage in the conveyance even at
night; since a night courier takes up the work of the day courier and continues
it. It has been said that these
posts outstrip the flight of birds, which is not altogether true; but beyond a
doubt it is the most rapid conveyance by land.” To destroy. Here the writer of
the book of Esther apparently quotes directly from the edict. Note the involved
legal phraseology. Young and old. In ancient times, to take the father’s life
and spare that of the child was thought to be folly. Wives and children of
criminals were put to death with their husbands and fathers, as a matter of course. The
thirteenth day. The LXX, which contains an alleged copy of the decree, has “the
fourteenth day,” but agrees with the Hebrew text here by making the 14th the
actual day of the struggle. The 14th and 15th are the days now kept by the
Jews.
၁၃။
စာပို့သမားများဖြင့်။ ပါရှန်းစာပို့စနစ်သည် ရှေးခေတ်ကမ္ဘာတစ်ဝှမ်းတွင်
ကျော်ကြားသည်။ ဇီနိုဖွန်က ဤစနစ်ကို စုစည်းခဲ့သူမှာ ဆိုင်ရပ်စ်မင်းဖြစ်သည်ဟု
ဆိုသည်။ ဇီနိုဖွန်က ၎င်းကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်- “မြင်းများအတွက်
တည်ခိုခန်းများကို လမ်းကြောင်းအသီးသီးတစ်လျှောက်တွင် မြင်းတစ်ကောင် တစ်ရက်အတွင်း
ခရီးနှင်နိုင်သည့် အကွာအဝေးတွင် ဆောက်လုပ်ထားသည်။ တည်ခိုခန်းအားလုံးတွင်
မြင်းများနှင့် မြင်းထိန်းများ ပြည့်စုံစွာရှိသည်။ တစ်ခုစီတွင်
တာဝန်ခံစာပို့မှူးတစ်ဦးရှိပြီး သူသည် ပင်ပန်းနေသော လူနှင့်မြင်းများနှင့်အတူ
စာတိုပေးပို့ချက်များကို လက်ခံရယူကာ လတ်ဆတ်သော မြင်းများနှင့်
မြင်းစီးသူအသစ်များဖြင့် ဆက်လက်စေလွှတ်သည်။ တစ်ခါတစ်ရံတွင် ညအချိန်၌ပင်
သယ်ယူပို့ဆောင်မှု မရပ်တန့်ပေ၊ အကြောင်းမှာ ညဘက်စာပို့သမားသည် နေ့ဘက်စာပို့သမား၏
လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သောကြောင့်ဖြစ်သည်။ ဤစာပို့စနစ်သည် ငှက်တို့၏
ပျံသန်းမှုထက်ပင် မြန်ဆန်သည်ဟု ဆိုကြသည်၊ ၎င်းမှာ အမှန်တကယ်တော့ မဟုတ်သော်လည်း
ကုန်းလမ်းခရီးတွင် အမြန်ဆုံးသော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည်မှာ
မလွဲဧကန်ဖြစ်သည်။” ဖျက်ဆီးရန်။ ဤနေရာတွင် ဧသတာဝတ္ထုကို ရေးသားသူသည် အမိန့်စာမှ
တိုက်ရိုက်ကိုးကားဖော်ပြနေပုံရသည်။ ရှုပ်ထွေးသော ဥပဒေရေးရာ အသုံးအနှုန်းများကို
သတိပြုပါ။ လူငယ်နှင့် လူအို။ ရှေးခေတ်တွင် ဖခင်၏အသက်ကိုယူပြီး ကလေး၏အသက်ကို
ချမ်းသာပေးခြင်းသည် မိုက်မဲမှုဟု ယူဆကြသည်။ ပြစ်မှုကျူးလွန်သူများ၏
ဇနီးနှင့်ကလေးများကို သူတို့၏ခင်ပွန်းများနှင့် ဖခင်များနည်းတူ အသတ်ခံရခြင်းမှာ
ဓမ္မတာဖြစ်ခဲ့သည်။ ၁၃ ရက်နေ့။ အမိန့်စာ၏ မိတ္တူပါဝင်သည်ဟု ဆိုသော LXX ကျမ်းတွင်
“၁၄ ရက်နေ့” ဟု ဖော်ပြထားသော်လည်း၊ တိုက်ပွဲဖြစ်ပွားမည့် အမှန်တကယ်နေ့ကို ၁၄
ရက်နေ့ဟု သတ်မှတ်ခြင်းဖြင့် ဤနေရာတွင် ဟေဗြဲစာသားနှင့် သဘောတူညီနေသည်။ ၁၄ ရက်နှင့်
၁၅ ရက်နေ့သည် ယခုအခါ ဂျူးလူမျိုးတို့ ကျင်းပသော ရက်များဖြစ်သည်။
13.
The copy of the writing. The RSV of v. 14 reads: “A
copy of the document was to be issued as a decree in every province by
proclamation to all the peoples to be ready for that day.”
၁၄။
စာရေးသားချက်၏ မိတ္တူ။ RSV ကျမ်း၏ အပိုဒ် ၁၄ တွင် “ထိုစာရွက်စာတမ်း၏ မိတ္တူကို
ပြည်နယ်တိုင်းတွင် အမိန့်စာအဖြစ် ထုတ်ပြန်ရမည်ဖြစ်ပြီး၊ လူမျိုးအားလုံး
ထိုနေ့အတွက် အဆင်သင့်ရှိစေရန် ကြေညာရမည်” ဟု ဖတ်ရှုရသည်။
14.
The posts went out. The most remote parts of the empire could be reached in a month, or
at the most two months. Thus there was no need of haste. But Haman was impatient, fearing, perhaps, lest the king should
change his mind and decline to publish the edict. Sat down to drink. Insertion of this detail in the narrative seems
intended to stress the hardness of heart of the king and of Haman. Having consigned a nation to destruction, they proceeded
to enjoy themselves at a banquet of wine. The city Shushan. The bulk of the
inhabitants were probably Persians and Elamites, but there may have been a
widespread feeling among persons of other nationalities that the precedent now
set was a dangerous one. Generally the people of the capital city approved
whatever the great king did. Now they appear to doubt the prudence and
justice of what he had done. It is possible, however, that the writer refers to
the Jews resident in the capital city rather than to the entire population.
၁၅။
စာပို့သမားများ ထွက်ခွာသွားကြသည်။ အင်ပါယာ၏ အဝေးဆုံးဒေသများသို့ပင် တစ်လ သို့မဟုတ်
အများဆုံး နှစ်လအတွင်း ရောက်ရှိနိုင်သည်။ ထို့ကြောင့် အလျင်စလိုလုပ်ရန် မလိုပေ။
သို့သော် ဟာမန်သည် စိတ်မရှည်ဖြစ်နေပြီး၊ ဘုရင်က သူ၏အကြံအစည်ကို ပြောင်းလဲပြီး
အမိန့်စာကို ထုတ်ပြန်ရန် ငြင်းပယ်မည်ကို စိုးရိမ်နေပုံရသည်။ သောက်စားရန်
ထိုင်နေကြ၏။ ဤအသေးစိတ်အချက်အလက်ကို ထည့်သွင်းထားခြင်းသည် ဘုရင်နှင့် ဟာမန်တို့၏
စိတ်နှလုံးမာကျောမှုကို အလေးပေးဖော်ပြရန် ရည်ရွယ်ပုံရသည်။ လူမျိုးတစ်မျိုးကို
ဖျက်ဆီးရန် စီစဉ်ပြီးနောက်၊ သူတို့သည် ဝိုင်ပွဲ၌ ပျော်ပါးနေကြသည်။ ရှုရှန်မြို့။
မြို့သူမြို့သားအများစုမှာ ပါရှန်းလူမျိုးနှင့် အီလမ်လူမျိုးများ
ဖြစ်ဖွယ်ရှိသော်လည်း၊ အခြားလူမျိုးများကြားတွင်လည်း ယခုသတ်မှတ်လိုက်သော
နမူနာဆိုးမှာ အန္တရာယ်ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြပုံရသည်။
အများအားဖြင့် မြို့တော်ရှိပြည်သူများသည် ဘုရင်ကြီးပြုသမျှကို
အားလုံးလက်ခံလေ့ရှိကြသည်။ ယခုအခါတွင်မူ ဘုရင်ပြုလုပ်လိုက်သော အလုပ်သည်
အမြော်အမြင်ရှိပြီး တရားမျှတမှုရှိပါ့မလားဟု သံသယဖြစ်နေကြပုံရသည်။ သို့သော်လည်း၊
စာရေးသူသည် တစ်မြို့လုံးရှိ ပြည်သူများထက် မြို့တော်တွင်နေထိုင်သော
ဂျူးလူမျိုးတို့ကို ရည်ညွှန်းနေခြင်းလည်း ဖြစ်နိုင်သည်။
ellen g.
white comments
1–15 PK 600;
5T 450
No comments:
Post a Comment