chapter 6
အခန်း ၆
1 The wantonness of Israel, 7 shall be plagued with
desolation, 12 and their incorrigibleness.
၁ ဣသရေလလူမျိုးတို့၏
လျှပ်ပေါ်လော်လည်ခြင်း၊ ၇ ထိုသူတို့သည် သုန်းသုန်းပြတ် ပျက်စီးခြင်းဘေးဖြင့်
အပြစ်ပေးခံရမည့်အကြောင်း၊ ၁၂ နှင့် သူတို့၏ ပြုပြင်၍မရနိုင်လောက်အောင်
ခေါင်းမာခြင်း။
At ease. In a state of self-indulgence and fancied safety (see Isa. 32:9;
Zeph. 1:12). Since the southern kingdom also displayed, to some extent, this
dangerous condition of apathy and apostasy, Zion is also denounced (see Amos
2:4).
၁။ သက်သာစွာ။ ကာမဂုဏ်၌ ပျော်မွေ့ပြီး
မိမိကိုယ်ကို ဘေးကင်းသည်ဟု ထင်မှတ်နေသော အခြေအနေမျိုးတွင် ရှိနေကြသည် (ဟေရှာယ
၃၂:၉၊ ဇေဖနိ ၁:၁၂ ကို ကြည့်ပါ)။ တောင်ပိုင်းနိုင်ငံသည်လည်း ဘုရားသခင်ကို
စွန့်ပယ်ခြင်းနှင့် တုန်လှုပ်မှုမရှိဘဲ အေးစက်နေခြင်း ဟူသော ဤအန္တရာယ်ရှိသည့်
အခြေအနေကို အတိုင်းအတာတစ်ခုအထိ ပြသခဲ့သောကြောင့် ဇိအုန်တောင်သည်လည်း
ပြစ်တင်ရှုတ်ချခြင်းကို ခံရသည် (အာမုတ် ၂:၄ ကို ကြည့်ပါ)။
Mountain of Samaria. See Amos 3:9; 4:1; see on 1 Kings
16:24. Located on a hill with a situation commanding the small plain
surrounding it, strongly fortified with thick walls, the city of Samaria was
doubtless considered almost impregnable by its inhabitants. Its strength could
easily have furnished a feeling of confidence to those who depended on material
fortifications rather than on the protection of God. How strong those
fortifications were is testified to by the fact that it took the mighty armies
of the Assyrian Empire two years’ time (three years, inclusive reckoning; see
Vol. II, p. 136) to accomplish the capture of Samaria (see on 2 Kings 18:9,
10).
ရှမာရိတောင်။ အာမုတ် ၃:၉၊ ၄:၁ ကို
ကြည့်ပါ၊ ၃ ရာဇဝင်ချုပ် ၁၆:၂၄ အပေါ် မှတ်ချက်ကို ကြည့်ပါ။ ရှမာရိမြို့သည်
မိမိပတ်လည်ရှိ လွင်ပြင်ငယ်ကို လွှမ်းမိုးမြင်တွေ့နိုင်သော ကုန်းမြင့်တစ်ခုပေါ်တွင်
တည်ရှိပြီး ထူထဲသော တံတိုင်းများဖြင့် အခိုင်အမာ ခံတပ်လုပ်ထားသောကြောင့် ယင်းမြို့သူမြို့သားများသည်
ထိုမြို့ကို မဖောက်ထွင်းနိုင်လောက်အောင် ခိုင်ခံ့သည်ဟု အသေအချာ ယူဆခဲ့ကြသည်။
ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကို အားကိုးမည့်အစား ရုပ်ဝတ္ထုပိုင်းဆိုင်ရာ
ခံတပ်များကို အားကိုးသူများအတွက် ထိုမြို့၏ ကြံ့ခိုင်မှုသည် ယုံကြည်စိတ်ချမှုကို အလွယ်တကူ
ပေးစွမ်းနိုင်ခဲ့သည်။ ထိုခံတပ်များသည် အဘယ်မျှလောက် ခိုင်ခံ့သည်ကို အဆီးရီးယား
အင်ပါယာ၏ အင်အားကြီးမားသော စစ်တပ်များသည် ရှမာရိမြို့ကို အောင်နိုင်ရန်အတွက် နှစ်
(၂) နှစ်တာ အချိန် (အစအဆုံး ရေတွက်လျှင် သုံး (၃) နှစ်၊ အတွဲ ၂၊ စာမျက်နှာ ၁၃၆ ကို
ကြည့်ပါ) ယူခဲ့ရသည်ဟူသော အချက်က သက်သေခံနေသည် (၄ ရာဇဝင်ချုပ် ၁၈:၉၊ ၁၀ အပေါ်
မှတ်ချက်ကို ကြည့်ပါ)။
Named. Heb. nequbim, “the distinguished ones,” that is,
the leaders of the nation.
အမည်ရှိသောသူတို့။ ဟေဗြဲဘာသာဖြင့် nequbim ဖြစ်ပြီး “ထူးခြားထင်ရှားသောသူများ” ဟု
အဓိပ္ပာယ်ရကာ၊ ထိုအရာသည် လူမျိုး၏ ခေါင်းဆောင်များကို ဆိုလိုသည်။
Chief of the nations. Israel bore this proud title
because it was the chosen of God, charged by Him to carry to the rest of the
world a knowledge of the God of heaven (see Ex. 19:5; 2 Sam. 7:23; see pp.
26–30).
လူမျိုးတို့တွင် အကြီးအကဲ။
ဣသရေလလူမျိုးသည် ဤဂုဏ်ယူဖွယ်ရာ ဘွဲ့နာမကို ခံယူခဲ့ရခြင်းမှာ သူတို့သည် ဘုရားသခင်
ရွေးချယ်တော်မူသော လူမျိုးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ ဘုရားသခင်အကြောင်း အသိပညာကို
ကမ္ဘာ့အခြားနေရာများသို့ ဆောင်ကြဉ်းပေးရန် ကိုယ်တော်၏ တာဝန်ပေးခြင်းကို ခံရသောကြောင့်
ဖြစ်သည် (ထွက်မြောက်ရာကျမ်း ၁၉:၅၊ ၂ ဓမ္မရာဇဝင် ၇:၂၃ ကို ကြည့်ပါ၊ စာမျက်နှာ ၂၆–၃၀
ကို ကြည့်ပါ)။
To whom. This refers to the leaders of the nation, who
were called upon to give the people guidance, and who, therefore, should have
been models of righteousness and justice.
ထိုသူတို့ထံသို့။ ဤအရာသည် လူမျိုးအား
လမ်းညွှန်မှုပေးရန် တောင်းဆိုခြင်းခံရသော လူမျိုး၏ ခေါင်းဆောင်များကို
ရည်ညွှန်းသည်၊ ထို့ကြောင့် သူတို့သည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း၏
စံပြပုဂ္ဂိုလ်များ ဖြစ်သင့်ကြသည်။
Calneh. Probably to be identified with Kullani, modern Kullanköy, near
Arpad (see on Isa. 10:9; see The Assyrian Empire in Isaiah’s Time). As king of
Assyria, Tiglath-pileser III claimed to have taken the city.
၂။ ခါလနေမြို့။ ထိုမြို့သည်
အာပဒ်မြို့အနီးရှိ ယနေ့ခေတ် Kullanköy ဟုခေါ်သော Kullani မြို့ ဖြစ်နိုင်သည် (ဟေရှာယ ၁၀:၉ အပေါ် မှတ်ချက်ကို ကြည့်ပါ၊ ဟေရှာယခေတ်က
အဆီးရီးယား အင်ပါယာမြေပုံကို ကြည့်ပါ)။ တိဂလတ်ပိလေဟာ တတိယမြောက် (၃)
အဆီးရီးယားရှင်ဘုရင်အနေဖြင့် ထိုမြို့ကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုခဲ့သည်။
Hamath. An important city of ancient times situated on
the Orontes River (see on Gen. 10:18; see The Assyrian Empire in Isaiah’s
Time). Tiglath-pileser III received the tribute from the city and gave them to
his generals. Sargon II boasts of having torn up the root of the city.
ဟာမတ်မြို့။ အိုရွန်တက်စ် (Orontes) မြစ်ပေါ်တွင် တည်ရှိသော ရှေးခေတ်က
အရေးပါသော မြို့တစ်မြို့ ဖြစ်သည် (ကမ္ဘာဦးကျမ်း ၁0:၁၈ အပေါ် မှတ်ချက်ကို ကြည့်ပါ၊ ဟေရှာယခေတ်က အဆီးရီးယား အင်ပါယာမြေပုံကို
ကြည့်ပါ)။ တိဂလတ်ပိလေဟာ တတိယမြောက် (၃) သည် ထိုမြို့မှ ဆက်သသော လက်ဆောင်ပဏ္ဏာကို
လက်ခံရရှိခဲ့ပြီး ထိုမြို့ကို မိမိ၏ စစ်သူကြီးများအား ပေးအပ်ခဲ့သည်။ ဆာဂွန်
ဒုတိယမြောက် (၂) ကမူ ထိုမြို့၏ အမြစ်ကို နုတ်ပစ်ခဲ့သည်ဟု ဝါကြွားခဲ့သည်။
Gath. One of the five chief cities of the Philistines
(see 1 Sam. 6:17) near the Valley of Elah (see on 2 Kings 12:17). Evidently the
three cities mentioned in this verse are cited to Israel as examples of
prosperous places that later were destroyed or subjugated, and thus were
fitting examples of what would happen to unrepentant Samaria. Gath and Ashdod
were both destroyed by Uzziah, who broke down their walls (see 2 Chron. 26:6).
However, Ashdod (Azotus) was rebuilt, and is mentioned later, even in intertestament
times (1 Macc. 5:68; 10:84). Gath drops out of history after its destruction by
Uzziah. Amos, a contemporary of Uzziah, uses it as a striking illustration of
the fate that impended for Samaria.
ဂါသမြို့။ ဧလာချိုင့်ဝှမ်းအနီးရှိ
ဖိလိတ္တိလူတို့၏ အဓိကမြို့ကြီး ငါး (၅) မြို့အနက် တစ်မြို့ ဖြစ်သည် (၁ ဓမ္မရာဇဝင်
၆:၁၇ ကို ကြည့်ပါ၊ ၄ ရာဇဝင်ချုပ် ၁၂:၁၇ အပေါ် မှတ်ချက်ကို ကြည့်ပါ)။ ဤအငယ်တွင်
ဖော်ပြထားသော မြို့သုံး (၃) မြို့ကို ဣသရေလလူမျိုးတို့အား နမူနာအဖြစ်
ကိုးကားပြထားခြင်း ဖြစ်သည်မှာ ထင်ရှားသည်၊ ထိုမြို့များသည် စည်ပင်ဝပြောခဲ့သော်လည်း
နောက်ပိုင်းတွင် ဖျက်ဆီးခြင်း သို့မဟုတ် အောင်နိုင်ခြင်း ခံခဲ့ရသဖြင့် နောင်တမရသော
ရှမာရိမြို့၌ ဘာဖြစ်လာမည်နည်းဟူသောအချက်အတွက် သင့်လျော်သော ဥပမာများ ဖြစ်ကြသည်။
ဂါသမြို့နှင့် အာရှဒေါဒ်မြို့ နှစ်ခုစလုံးသည် တံတိုင်းများကို ဖြိုဖျက်ခဲ့သော
သြဇိမင်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည် (၂ ရာဇဝင်ချုပ် ၂၆:၆ ကို ကြည့်ပါ)။
သို့သော်လည်း အာရှဒေါဒ် (အာဇုတ်) မြို့သည် ပြန်လည်တည်ဆောက်ခြင်း ခံခဲ့ရပြီး
နောက်ပိုင်းကာလ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြား ကာလများ၌ပင် ဖော်ပြခြင်း ခံရသည် (၁
မက္ကဘိ ၅:၆၈၊ ၁၀:၈၄)။ ဂါသမြို့သည် သြဇိမင်း၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်
သမိုင်းစာမျက်နှာမှ ပျောက်ကွယ်သွားခဲ့သည်။ သြဇိမင်းနှင့် တစ်ခေတ်တည်းသားဖြစ်သော
အာမုတ်သည် ရှမာရိမြို့အပေါ် ကျရောက်လုနီးပြီဖြစ်သော ကံကြမ္မာအတွက် ၎င်းကို
ထင်ရှားသော ပုံဆောင်ချက်အဖြစ် အသုံးပြုထားသည်။
Better than. The prophet asks Israel if they have any
right to expect a better fate than that which befell Gath and Calneh and
Hamath.
သာ၍ ကောင်းသလော။ ပရောဖက်သည် ဂါသမြို့၊
ခါလနေမြို့နှင့် ဟာမတ်မြို့တို့၌ ဖြစ်ပျက်ခဲ့သော ကံကြမ္မာထက် ပိုမိုကောင်းမွန်သော
ကံကြမ္မာကို မျှော်လင့်ပိုင်ခွင့် မိမိတို့၌ ရှိမရှိ ဣသရေလလူမျိုးအား
မေးမြန်းထားသည်။
Put far away. In their sinful smugness Israel “put far” off the time of
divine judgment.
၃။ ဝေးစွာ ထားကြ၏။ မိမိတို့၏
အပြစ်ရှိသော ရောင့်ရဲတင်းတိမ်မှုထဲတွင် ဣသရေလလူမျိုးသည် မြင့်မြတ်သော
တရားစီရင်မည့်အချိန်ကို “ဝေးရာသို့” ရွှေ့ဆိုင်းထားကြသည်။
Seat of violence. While Israel put off the day of
calamity they enthroned violence in their midst.
လုယက်ဖျက်ဆီးခြင်းပလ္လင်။
ဣသရေလလူမျိုးသည် ဘေးဒုက္ခရောက်မည့်နေ့ကို ရွှေ့ဆိုင်းထားစဉ်မှာပင်၊ မိမိတို့အလယ်၌
လုယက်ဖျက်ဆီးခြင်းတရားကို ပလ္လင်ပေါ်သို့ တင်မြှောက်ထားကြသည်။
Beds of ivory. Rather, couches inlaid with ivory, upon which the wealthy
reclined at meals in their luxury and debauchery. As a simple “herdman, and a
gatherer of sycomore fruit” (see ch. 7:14), Amos expresses shock at the sensual
living of the upper classes in Samaria.
၄။ ဆင်စွယ်ကုတင်။ ထိုအရာသည်
ဆင်စွယ်ဖြင့် မွမ်းမံခြယ်သထားသော ဆိုဖာကုတင်များ ဖြစ်နိုင်သည်၊
ထိုကုတင်များပေါ်တွင် ချမ်းသာသောသူတို့သည် မိမိတို့၏ စည်းစိမ်ခံစားခြင်းနှင့်
အပျော်အပါး လိုက်စားခြင်းများ၌ အစာစားသည့်အခါ လျောင်းစက်လေ့ရှိကြသည်။ ရိုးရှင်းသော
“နွားထိန်း၊ ပိုးစာသီး ဆွတ်သမား” တစ်ဦးအနေဖြင့် (အခန်း ၇:၁၄ ကို ကြည့်ပါ)၊
အာမုတ်သည် ရှမာရိမြို့ရှိ အထက်တန်းစားတို့၏ ကာမဂုဏ်၌ ပျော်မွေ့သော အသက်တာကို မြင်၍
အံ့ဩတုန်လှုပ်မိကြောင်း ဖော်ပြထားသည်။
Of the stall. Calves evidently were put there to be
fattened for the tables of these idlers of Israel.
တင်းကုပ်၌။ နွားကလေးများကို
ဣသရေလနိုင်ငံရှိ အလုပ်မရှိ အပျော်ရှာနေသူတို့၏ စားပွဲများအတွက် ဆူဖြိုးလာစေရန်
ထိုနေရာ၌ မွေးမြူထားကြသည်မှာ ထင်ရှားသည်။
Viol. See on ch. 5:23.
စောင်းတျာ။ အခန်း ၅:၂၃ အပေါ်
မှတ်ချက်ကို ကြည့်ပါ။
Like David. David gave much attention to music, and
made detailed plans to foster choral singing and instrumental accompaniment to
honor God in the sanctuary service (see 1 Chron. 15:16; 23:2–5 2 Chron.
29:25–30). Like David, these apostates were musical, but unlike his, their
singing and playing were debasing.
ဒါဝိဒ်ကဲ့သို့။ ဒါဝိဒ်သည် ဂီတအပေါ်
အလွန်အလေးထားခဲ့ပြီး၊ သန့်ရှင်းရာဌာနတော် ဝတ်ပြုခြင်းလုပ်ငန်းတွင် ဘုရားသခင်ကို
ဂုဏ်ပြုရန်အတွက် အဖွဲ့လိုက်သီချင်းဆိုခြင်းနှင့် တူရိယာတီးခတ်မှုများကို
မြှင့်တင်ရန် အသေးစိတ်အစီအစဉ်များ ပြုလုပ်ခဲ့သည် (၁ ရာဇဝင်ချုပ် ၁၅:၁၆၊ ၂၃:၂–၅၊ ၂
ရာဇဝင်ချုပ် ၂၉:၂၅–၃၀ ကို ကြည့်ပါ)။ ဒါဝိဒ်ကဲ့သို့ပင် ဤဘုရားသခင်ကို
စွန့်ပယ်သူများသည် ဂီတကို ဝါသနာပါကြသော်လည်း၊ ဒါဝိဒ်နှင့်မတူသည်မှာ သူတို့၏
သီချင်းဆိုခြင်းနှင့် တီးခတ်ခြင်းများသည် ကိုယ်ကျင့်တရားကို ပျက်ပြားစေသော အရာများ
ဖြစ်ကြသည်။
Bowls. Heb. mizraqim, sacrificial bowls used for libations of wine and in
sprinkling blood (see Ex. 38:3; Num. 7:13; 1 Chron. 28:17; 2 Chron. 4:8, 22;
Zech. 14:20). The luxury-loving, sacrilegious princes used these in their
feasts, thus attesting their lack of piety and their love of excess (see Dan.
5:2–4).
၆။ ဖလား။ ဟေဗြဲဘာသာဖြင့် mizraqim ဖြစ်ပြီး၊ စပျစ်ရည်ပူဇော်ရန်နှင့်
သွေးဖြန်းရာတွင် အသုံးပြုသော သန့်ရှင်းသော ဖလားများ ဖြစ်ကြသည် (ထွက်မြောက်ရာကျမ်း
၃၈:၃၊ တောလည်ရာကျမ်း ၇:၁၃၊ ၁ ရာဇဝင်ချုပ် ၂၈:၁၇၊ ၂ ရာဇဝင်ချုပ် ၄:၈၊ ၂၂၊ ဇာခရိ
၁၄:၂၀ ကို ကြည့်ပါ)။ စည်းစိမ်မက်ပြီး သန့်ရှင်းသောအရာကို ရှုတ်ချသော မင်းသားများသည်
ဤဖလားများကို မိမိတို့၏ ပွဲလမ်းသဘင်များတွင် အသုံးပြုခဲ့ကြပြီး၊ ထိုသို့ဖြင့်
မိမိတို့၌ ဘုရားတရားရိုသေမှု ကင်းမဲ့ခြင်းနှင့် အလွန်အကျွံ အပျော်အပါးမက်ခြင်းကို
သက်သေပြခဲ့ကြသည် (ဒံယေလ ၅:၂–၄ ကို ကြည့်ပါ)။
Chief ointments. Perhaps those that were supposed to be
used in divine service only (see Ex. 30:23–25). If the people had had a proper
sense of their sinfulness, they would have mourned and refrained from anointing
themselves (see 2 Sam. 14:2).
အမြတ်ဆုံးသော နံ့သာဆီ။ ထိုအရာသည်
မြင့်မြတ်သော ဝတ်ပြုကိုးကွယ်ခြင်းတွင်သာ အသုံးပြုရန် သတ်မှတ်ထားသော နံ့သာဆီများ
ဖြစ်နိုင်သည် (ထွက်မြောက်ရာကျမ်း ၃၀:၂၃–၂၅ ကို ကြည့်ပါ)။ လူတို့သည် မိမိတို့၏
အပြစ်ရှိမှုကို စနစ်တကျ သတိပြုမိခဲ့ကြလျှင်၊ သူတို့သည် မြည်တမ်းပူဆွေးကြမည်ဖြစ်ပြီး
မိမိတို့ကိုယ်ကို နံ့သာဆီလူးခြင်းမှ ရှောင်ကြဉ်ကြလိမ့်မည် ဖြစ်သည် (၂ ဓမ္မရာဇဝင်
၁၄:၂ ကို ကြည့်ပါ)။
Are not grieved. Israel’s luxury stifled the thought of
suffering; for such thinking disturbs the sense of ease. The people had become
so immersed in sensuality that they were not concerned about the coming ruin of
Israel. The selfishness of sin generates two evils, disregard for God and
disregard for man. This is illustrated in the experience of Adam. Adam
disregarded God by his disobedience of God’s command not to eat of the
forbidden fruit. He disregarded man when he cast the blame of disobedience upon
his beloved Eve (see Gen. 3:1–6, 9–12).
ညှိုးငယ်ခြင်း မရှိကြ။ ဣသရေလလူမျိုး၏
စည်းစိမ်ခံစားမှုသည် ဆင်းရဲဒုက္ခခံရခြင်းဟူသော အတွေးကို
လွှမ်းမိုးချုပ်တည်းထားခဲ့သည်၊ အကြောင်းမှာ ထိုသို့တွေးတောခြင်းသည်
သက်တောင့်သက်သာရှိမှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်သည်။ လူတို့သည်
ကာမဂုဏ်ခံစားခြင်းထဲတွင် အလွန်နစ်မြုပ်နေကြသဖြင့် ရောက်လုနီးပြီဖြစ်သော
ဣသရေလနိုင်ငံ ပျက်စီးခြင်းဘေးအတွက် စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ အပြစ်၏
အတ္တဆန်မှုသည် မကောင်းမှုနှစ် (၂) ခုကို ဖြစ်ပေါ်စေသည်၊ ၎င်းတို့မှာ ဘုရားသခင်ကို
မထီမဲ့မြင်ပြုခြင်းနှင့် လူသားချင်းကို မထီမဲ့မြင်ပြုခြင်းတို့ ဖြစ်ကြသည်။
ဤအချက်ကို အာဒံ၏ အတွေ့အကြုံတွင် ပုံဖော်ထားသည်။ အာဒံသည် မြစ်တားထားသောအသီးကို
မစားရန် ဘုရားသခင်၏ ပညတ်တော်ကို မနာခံခြင်းအားဖြင့် ဘုရားသခင်ကို
မထီမဲ့မြင်ပြုခဲ့သည်။ သူသည် မိမိ၏ ချစ်လှစွာသော ဧဝအပေါ်သို့ မနာခံမှု၏ အပြစ်ကို
ပုံချလိုက်သောအခါတွင် လူသားချင်းကို မထီမဲ့မြင်ပြုခဲ့သည် (ကမ္ဘာဦးကျမ်း ၃:၁–၆၊
၉–၁၂ ကို ကြည့်ပါ)။
Affliction of Joseph. Literally, “the breaking of
Joseph.” The troubles within the northern kingdom, here called “Joseph,” were
of little concern to those who gave themselves up to riotous pleasure.
ယောသပ်၏ ဆင်းရဲဒုက္ခ။
စာသားအတိုင်းဆိုလျှင် “ယောသပ်၏ ကျိုးပဲ့ပျက်စီးခြင်း” ဖြစ်သည်။ ဤနေရာတွင် “ယောသပ်”
ဟု ခေါ်ဝေါ်ထားသော မြောက်ပိုင်းနိုင်ငံအတွင်းရှိ ဒုက္ခဆင်းရဲများသည် အပျော်အပါး
လိုက်စားခြင်း၌ မိမိတို့ကိုယ်ကို အပ်နှံထားသူများအတွက် အရေးစိုက်စရာ ကိစ္စမဟုတ်ခဲ့ပေ။
Go captive. Verses 7–11 foretell the punishment of the nation for the
crimes mentioned in vs. 1–6. Rejected by God, the Israelites are to go into
captivity and utter ruin. Israel’s unfortunate distinction is that it will be
the “first” of the two Israelitish kingdoms thus to go.
၇။ သုံ့ပန်းအဖြစ်သို့ သွားရကြလိမ့်မည်။
အငယ် ၇ မှ ၁၁ သည် အငယ် ၁ မှ ၆ တွင် ဖော်ပြထားသော ပြစ်မှုများအတွက် လူမျိုးအပေါ်
ကျရောက်မည့် အပြစ်ဒဏ်ကို ကြိုတင်ဖော်ပြထားသည်။ ဘုရားသခင်၏ ငြင်းပယ်ခြင်းကို
ခံရသဖြင့်၊ ဣသရေလလူမျိုးများသည် သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ လုံးဝပျက်စီးခြင်းသို့လည်းကောင်း
ရောက်ရကြလိမ့်မည်။ ဣသရေလနိုင်ငံ၏ စိတ်မကောင်းဖွယ် ထူးခြားချက်မှာ ထိုသို့
သုံ့ပန်းအဖြစ် သွားရမည့် ဣသရေလနိုင်ငံ နှစ် (၂) ခုအနက် “ပထမဦးဆုံး” သော နိုင်ငံ
ဖြစ်လာလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။
Banquet. Heb. mirzach, “a cult festival,” that is, one
of the debauching feasts that were held in honor of an idol.
ပွဲလမ်းသဘင်။ ဟေဗြဲဘာသာဖြင့် mirzach ဖြစ်ပြီး “ကိုးကွယ်မှုဆိုင်ရာ ပွဲတော်”
ဟု အဓိပ္ပာယ်ရကာ၊ ထိုအရာသည် ရုပ်တုကိုးကွယ်ခြင်းကို ဂုဏ်ပြုရန် ကျင်းပသော
ကိုယ်ကျင့်တရား ပျက်ပြားဖွယ် ပွဲလမ်းသဘင်များအနက် တစ်ခု ဖြစ်သည်။
Hath sworn. Here the Lord adapts Himself to human language and experience
(see Jer. 51:14; Amos 4:2).
ကျိန်ဆိုတော်မူပြီ။ ဤနေရာတွင်
ထာဝရဘုရားသည် လူသားတို့၏ ဘာသာစကားနှင့် အတွေ့အကြုံအတိုင်း ကိုယ်တော်တိုင်
လိုက်လျောအသုံးပြုထားတော်မူသည် (ယေရမိ ၅၁:၁၄၊ အာမုတ် ၄:၂ ကို ကြည့်ပါ)။
God of hosts. See on Jer. 7:3; see also Vol. I, pp.
170–173.
ဗိုလ်ခြေတို့၏အရှင် ဘုရားသခင်။ ယေရမိ
၇:၃ အပေါ် မှတ်ချက်ကို ကြည့်ပါ၊ အတွဲ ၁၊ စာမျက်နှာ ၁၇၀–၁၇၃ ကိုလည်း ကြည့်ပါ။
Excellency. Heb. ga’on, “height,” “eminence,” or
“pride” (see on Jer. 12:5). Here the reference is clearly to those palaces and
other edifices that were the object of Israel’s pride (see Dan. 4:30; see on
Hosea 5:5). It is bad enough to waste honestly earned money on pretentious
buildings, but the Israelites had secured their luxury and splendor by
dishonesty, particularly through injustice to the poor (see Amos 2:6, 7; 3:10;
4:1). The divine hatred of Jacob’s “excellency” and “palaces” reveals that God
does not hate men, but does hate their sinful deeds and works (see Eze.
18:29–32; Hosea 11:1–4, 8; John 3:16).
ဘုန်းအသရေ။ ဟေဗြဲဘာသာဖြင့် ga’on ဖြစ်ပြီး “အမြင့်ဆုံးသောအဆင့်”၊
“ထူးကဲသာလွန်ခြင်း” သို့မဟုတ် “ဝါကြွားခြင်း” ဟု အဓိပ္ပာယ်ရသည် (ယေရမိ ၁၂:၅ အပေါ်
မှတ်ချက်ကို ကြည့်ပါ)။ ဤနေရာတွင် ရည်ညွှန်းချက်သည် ဣသရေလလူမျိုးတို့ ဝါကြွားရာ
အကြောင်းရင်းဖြစ်သော နန်းတော်များနှင့် အခြားသော အဆောက်အအုံကြီးများကို
ဆိုလိုခြင်းဖြစ်သည်မှာ ထင်ရှားသည် (ဒံယေလ ၄:၃၀ ကို ကြည့်ပါ၊ ဟောရှေ ၅:၅ အပေါ်
မှတ်ချက်ကို ကြည့်ပါ)။ ရိုးသားစွာ ရှာဖွေထားသော ငွေများကို ဟန်ဆောင်ဂုဏ်မောက်သော
အဆောက်အအုံများတွင် ဖြုန်းတီးခြင်းသည်ပင် လုံလောက်စွာ ဆိုးရွားလှသော်လည်း၊
ဣသရေလလူမျိုးများသည် မိမိတို့၏ စည်းစိမ်နှင့် ခန့်ညားထည်ဝါမှုများကို
မရိုးသားသောနည်းလမ်းဖြင့်၊ အထူးသဖြင့် ဆင်းရဲသားများအပေါ် မတရားသဖြင့်
ပြုလုပ်ခြင်းအားဖြင့် ရယူခဲ့ကြသည် (အာမုတ် ၂:၆၊ ၇၊ ၃:၁0၊ ၄:၁ ကို ကြည့်ပါ)။ ယာကုပ်၏
“ဘုန်းအသရေ” နှင့် “နန်းတော်များ” ကို မြင့်မြတ်သော မုန်းတီးခြင်းက ဘုရားသခင်သည်
လူသားများကို မုန်းတီးခြင်းမဟုတ်ဘဲ၊ သူတို့၏ အပြစ်ရှိသော အပြုအမူများနှင့်
လုပ်ရပ်များကိုသာ မုန်းတီးတော်မူကြောင်း ထင်ရှားစေသည် (ယေဇကျေလ ၁၈:၂၉–၃၂၊ ဟောရှေ
၁၁:၁–၄၊ ၈၊ ယောဟန် ၃:၁၆ ကို ကြည့်ပါ)။
The city. That is, Samaria.
မြို့တော်။ ထိုအရာသည် ရှမာရိမြို့
ဖြစ်သည်။
Ten. Perhaps a reference to the “ten” of ch. 5:3, the remnant of the wars
fought in the last stages of Israel’s history. It should be kept in mind that
Israel did not lose her prosperity in one single disaster, but rather that the
disintegration of the nation came in gradual stages (see 2 Kings 15:19, 20, 29;
17:5–18).
၉။ ဆယ်ယောက်။ ဤအရာသည် ဣသရေလသမိုင်း၏
နောက်ဆုံးအဆင့်များတွင် တိုက်ခိုက်ခဲ့သော စစ်ပွဲများမှ ကျန်ရစ်သူများဖြစ်သည့်
အခန်း ၅:၃ ရှိ “ဆယ်ယောက်” ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ဣသရေလနိုင်ငံသည် မိမိ၏
စည်ပင်ဝပြောမှုကို ဘေးကပ်ဘေးတစ်ခုတည်းဖြင့် ဆုံးရှုံးခဲ့ခြင်းမဟုတ်ဘဲ၊ လူမျိုးတော်
ပြိုကွဲပျက်စီးခြင်းသည် တဖြည်းဖြည်းချင်း အဆင့်လိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ကို
စိတ်ထဲ၌ မှတ်သားထားသင့်သည် (၄ ရာဇဝင်ချုပ် ၁၅:၁၉၊ ၂၀၊ ၂၉၊ ၁၇:၅–၁၈ ကို ကြည့်ပါ)။
They shall die. Should these “ten” be saved from death
in war, they would die of famine and pestilence in the siege of Samaria (see 2
Kings 17:5).
သူတို့သည် သေကြလိမ့်မည်။ အကယ်၍ ဤ
“ဆယ်ယောက်” သောသူတို့သည် စစ်ပွဲအတွင်း သေခြင်းမှ လွတ်မြောက်ခဲ့လျှင်ပင်၊
ရှမာရိမြို့ကို ဝိုင်းရံထားစဉ်အတွင်း ငတ်မွတ်ခေါင်းပါးခြင်းနှင့်
ကာလနာရောဂါဘေးတို့ကြောင့် သေဆုံးကြရလိမ့်မည် ဖြစ်သည် (၄ ရာဇဝင်ချုပ် ၁၁:၅ ကို
ကြည့်ပါ)။
A man’s uncle. Or, “a man’s kinsman,” that is, a man’s nearest surviving
relative.
၁၀။ လူတစ်ယောက်၏ ဘကြီး။ သို့မဟုတ်
“လူတစ်ယောက်၏ ဆွေမျိုးသားချင်း” ဖြစ်ပြီး၊ ထိုအရာသည် လူတစ်ယောက်၏ အနီးစပ်ဆုံး
အသက်ရှင်ကျန်ရစ်သူ ဆွေမျိုးကို ဆိုလိုသည်။
He that burneth him. The relative enters the house to
perform the funeral rites over his dead body. Some believe these rites
consisted of the burning of incense near the body, but others believe that the
burning mentioned here was actually cremation. Generally the Jews buried their
dead, but in certain instances cremation was employed (see Lev. 20:14; 1 Sam.
31:12). Cremation might have been necessary at that time because of the large
number of deaths, or because of the nature of the pestilence, or because the
burying place outside the city could not be reached because of the siege. If
the near relative could not put the body in a grave, he would be forced to burn
it.
မီးရှို့ရသောသူ။ ဆွေမျိုးသားချင်းသည်
သေဆုံးသူ၏ ရုပ်ကလာပ်အပေါ် သင်္ဂြိုဟ်ခြင်း ထုံးစံကို ပြုလုပ်ရန် အိမ်ထဲသို့
ဝင်လာသည်။ အချို့က ဤထုံးစံသည် ရုပ်ကလာပ်အနီးတွင် နံ့သာပေါင်းရှို့ခြင်း ဖြစ်သည်ဟု
ယုံကြည်ကြသော်လည်း၊ အခြားသူများကမူ ဤနေရာတွင် ဖော်ပြထားသော မီးရှို့ခြင်းသည်
အမှန်တကယ်ပင် မီးသင်္ဂြိုဟ်ခြင်း (cremation) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယေဘုယျအားဖြင့် ယုဒလူမျိုးများသည် မိမိတို့၏
လူသေများကို မြေမြှုပ်လေ့ရှိကြသော်လည်း၊ အချို့သော ဖြစ်ရပ်များတွင်
မီးသင်္ဂြိုဟ်ခြင်းကို အသုံးပြုခဲ့ကြသည် (ဝတ်ပြုရာကျမ်း ၂၀:၁၄၊ ၁ ဓမ္မရာဇဝင် ၃၁:၁၂
ကို ကြည့်ပါ)။ ထိုအချိန်က သေဆုံးသူ အရေအတွက်
အလွန်များပြားခြင်းကြောင့်သော်လည်းကောင်း၊ ကာလနာရောဂါ၏ သဘာဝကြောင့်သော်လည်းကောင်း၊
သို့မဟုတ် မြို့ပြင်ရှိ သချိုင်းမြေသို့ မြို့ကိုဝိုင်းရံထားခြင်းကြောင့်
မသွားနိုင်ခြင်းကြောင့်သော်လည်းကောင်း မီးသင်္ဂြိုဟ်ရန် လိုအပ်ခဲ့ခြင်း
ဖြစ်နိုင်သည်။ အကယ်၍ အနီးစပ်ဆုံး ဆွေမျိုးသည် ရုပ်ကလာပ်ကို မြေမမြှုပ်နိုင်လျှင်၊
သူသည် ၎င်းကို မီးရှို့ရန် ဖိအားပေးခံရလိမ့်မည် ဖြစ်သည်။
The bones. That is, the corpse.
အရိုးတို့ကို။ ထိုအရာသည် လူသေအလောင်းကို
ဆိုလိုသည်။
Sides. Heb. yarkethim, “back parts,” “remotest parts,”
or “innermost parts.” The near relative is here pictured as talking to some
survivor hiding in some recess of the house.
အိမ်တွင်း။ ဟေဗြဲဘာသာဖြင့် yarkethim ဖြစ်ပြီး “နောက်ဘက်အပိုင်းများ”၊
“အဝေးဆုံးသော အပိုင်းများ” သို့မဟုတ် “အတွင်းအကျဆုံးသော အပိုင်းများ” ဟု
အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အနီးစပ်ဆုံး ဆွေမျိုးသည် အိမ်၏ အတွင်းပိုင်း
တစ်နေရာရာတွင် ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးဦးနှင့် စကားပြောနေပုံကို
ပုံဖော်ထားသည်။
Not make mention. This prohibition has been variously
interpreted: (1) That it sprang from utter despair, the survivors feeling that
because this was the day of judgment, it was too late to call upon the name of
the Lord. They did not call upon God in life; they cannot call upon Him in
death. (2) That the “not” is an indication of the hardness of heart and
unbelief of the people, who in spite of their miseries would not confess the
name of the Lord. (3) That the prohibition expresses the fear that invoking God’s
name would cause His eyes to be directed to this survivor, and he also would
meet the judgment of death. (4) That the speaker thinks that God is the author
of all their calamities, and thus is impatient at the very mention of the
Lord’s name. (5) That, either because of a regulation or because to do so would
bring ridicule or some other social pressure to bear upon the one who should
presume to “mention” the name of the Lord, it was preferable for one who
sincerely loved the Lord and sought to obey Him to avoid reprisal by holding
his tongue. Perhaps a sense of despair on the part of the surviving Israelites
would be the best explanation for the prohibition, the feeling that it would be
of no avail now to call on the Lord.
နာမတော်ကို မမြွက်ရ။ ဤတားမြစ်ချက်ကို
အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်- (၁) ၎င်းသည် လုံးဝစိတ်ပျက်အားငယ်မှုမှ
မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး၊ အသက်ရှင်ကျန်ရစ်သူများသည် ယခုအချိန်သည်
တရားစီရင်ရာနေ့ ဖြစ်သောကြောင့် ထာဝရဘုရား၏ နာမတော်ကို ခေါ်ဝေါ်ကိုးကွယ်ရန် အချိန်နှောင်းသွားပြီဟု
ခံစားရခြင်းဖြစ်သည်။ သူတို့သည် အသက်ရှင်စဉ်က ဘုရားသခင်ကို မခေါ်ဝေါ်ခဲ့ကြသကဲ့သို့၊
သေဆုံးချိန်တွင်လည်း ကိုယ်တော့်ကို မခေါ်ဝေါ်နိုင်ကြတော့ပေ။ (၂) “မမြွက်ရ”
ဟူသောအချက်သည် မိမိတို့၏ ဆင်းရဲဒုက္ခများ ရှိနေလင့်ကစား ထာဝရဘုရား၏ နာမတော်ကို
ဝန်မခံလိုကြသော လူတို့၏ စိတ်နှလုံးခက်ထန်ခြင်းနှင့် မယုံကြည်ခြင်း၏ ပြယုဂ်တစ်ခု
ဖြစ်သည်။ (၃) ထိုတားမြစ်ချက်သည် ဘုရားသခင်၏ နာမတော်ကို တိုင်တည်ခြင်းအားဖြင့်
ကိုယ်တော်၏ မျက်စိတော်သည် ဤအသက်ရှင်ကျန်ရစ်သူအပေါ်သို့ ရောက်ရှိလာပြီး၊ သူသည်လည်း
သေခြင်းတရားစီရင်မှုကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ခြင်းကို ဖော်ပြသည်။ (၄)
စကားပြောသူသည် ဘုရားသခင်သည် သူတို့၏ ကပ်ဘေးအားလုံးကို ဖန်တီးသူဖြစ်သည်ဟု
ထင်မှတ်သဖြင့်၊ ထာဝရဘုရား၏ နာမတော်ကို မြွက်ဟရုံမျှဖြင့် စိတ်မရှည် ဖြစ်ရခြင်း
ဖြစ်သည်။ (၅) စည်းမျဉ်းစည်းကမ်းတစ်ခုကြောင့်သော်လည်းကောင်း၊ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းက
ထာဝရဘုရား၏ နာမတော်ကို “မြွက်ဟ” ရန် ဝံ့ရဲသူအပေါ် လှောင်ပြောင်ခြင်း သို့မဟုတ်
အခြားသော လူမှုရေးဖိအားများကို ဆောင်ကြဉ်းပေးမည်ဖြစ်သောကြောင့်သော်လည်းကောင်း၊
ထာဝရဘုရားကို စစ်မှန်စွာချစ်ပြီး ကိုယ်တော့်ကို နာခံရန် ရှာဖွေသူတစ်ဦးအနေဖြင့်
နှုတ်ဆိတ်နေခြင်းအားဖြင့် လက်တုံ့ပြန်မှုကို ရှောင်ကြဉ်ရန် ပိုမိုနှစ်သက်ခြင်း
ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သော ဣသရေလလူမျိုးတို့၏ စိတ်ပျက်အားငယ်မှု ခံစားချက်သည်
ဤတားမြစ်ချက်အတွက် အကောင်းဆုံးသော ရှင်းလင်းချက် ဖြစ်နိုင်သည်၊ ဆိုလိုသည်မှာ
ယခုအချိန်တွင် ထာဝရဘုရားကို ခေါ်ဝေါ်ခြင်းသည် ဘာမျှအကျိုးထူးလိမ့်မည်မဟုတ်ဟု
ခံစားရခြင်းပင် ဖြစ်သည်။
He will smite. A reiteration and confirmation of the chastisement
threatened previously by the prophet (v. 8).
၁၁။ ဒဏ်ခတ်တော်မူလိမ့်မည်။ ပရောဖက်က
ယခင်က ခြိမ်းခြောက်ခဲ့သော ဆုံးမပဲ့ပြင်ခြင်းကို ထပ်လောင်း၍ အတည်ပြုပြောကြားခြင်း
ဖြစ်သည် (အငယ် ၈)။
Rock. The closing portion of this chapter reveals the folly of those who
think that in their own strength they can defy God’s judgment and resist the
enemy sent to chastise them. Horses cannot gallop safely over the rocky crags.
ကျောက်။ ဤအခန်း၏ နိဂုံးပိုင်းသည်
မိမိတို့၏ ကိုယ်ပိုင်ခွန်အားဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို အာခံနိုင်ပြီး
မိမိတို့အား ဆုံးမရန် စေလွှတ်လိုက်သော ရန်သူကို ခုခံနိုင်သည်ဟု ထင်မှတ်နေသူတို့၏
မိုက်မဲမှုကို ဖော်ပြနေသည်။ မြင်းများသည် ကျောက်ဆောင်ထူထပ်သော ချောက်ကမ်းပါးများပေါ်တွင်
ဘေးကင်းစွာ မပြေးလွှားနိုင်ကြပေ။
There. Not in the Hebrew, as indicated by the use of
italics. As the text of the KJV reads, the phrase “upon the rock” is taken to
represent the place of both the plowing of the oxen and the running of the
horses.
ထိုနေရာ၌။ စာလုံးစောင်းဖြင့်
ပြထားသည့်အတိုင်း ဟေဗြဲဘာသာစကားတွင် မပါဝင်ပါ။ KJV ကျမ်းစာစောင် ဖတ်ရသည့်အတိုင်း၊ “ကျောက်ပေါ်၌” ဟူသော စကားစုသည် နွားများဖြင့်
ထွန်ယက်ခြင်းနှင့် မြင်းများ ပြေးလွှားခြင်း နှစ် (၂) ခုစလုံး၏ နေရာကို
ကိုယ်စားပြုသည်ဟု ယူဆထားသည်။
With oxen. Heb. babbeqarim. Some believe that this
Hebrew word should have been divided as bebaqar yam, “with an ox [the] sea.”
The clause would then read, “Will one plow the sea with oxen?” In any case the
lesson is that the attempts of Israel to escape impending judgment would be
useless. A wrong course of action would lead inevitably to national disaster.
နွားတို့နှင့်။ ဟေဗြဲဘာသာဖြင့် babbeqarim ဖြစ်သည်။ အချို့က ဤဟေဗြဲစကားလုံးကို bebaqar yam ဟု ခွဲခြားသင့်ပြီး “နွားနှင့် [ထို]
ပင်လယ်” ဟု အဓိပ္ပာယ်ရသင့်သည်ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် ထိုဝါကျသည် “လူသည်
ပင်လယ်ကို နွားနှင့် ထွန်ရော့အံ့လော” ဟု ဖတ်ရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ
သင်ခန်းစာမှာ ကျရောက်လုနီးပြီဖြစ်သော တရားစီရင်ခြင်းမှ လွတ်မြောက်ရန် ဣသရေလလူမျိုး၏
ကြိုးပမ်းမှုများသည် အချည်းနှီးဖြစ်လိမ့်မည်ဟူသောအချက်ပင် ဖြစ်သည်။ မှားယွင်းသော
လုပ်ရပ်လမ်းစဉ်သည် လူမျိုးတော်ကို မလွှဲမရှောင်သာ ပျက်စီးခြင်းသို့
ဦးတည်သွားစေလိမ့်မည်။
Gall. Heb. ro’sh, “poisonous herb” (see on Ps. 69:21).
Justice was turned into the deadliest injustice, and all would suffer the
fearful results which were sure to follow.
ဘေးအဆိပ်။ ဟေဗြဲဘာသာဖြင့် ro’sh ဖြစ်ပြီး “အဆိပ်ရှိသောအပင်” ဟု
အဓိပ္ပာယ်ရသည် (ဆာလံ ၆၉:၂၁ အပေါ် မှတ်ချက်ကို ကြည့်ပါ)။ တရားမျှတမှုသည်
အသက်အန္တရာယ်အရှိဆုံးသော မတရားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ လူတိုင်းသည်
မလွဲမသွေ သက်ရောက်လာမည့် ကြောက်မက်ဖွယ် ရလဒ်များကို ခံစားကြရလိမ့်မည်။
Hemlock. Heb. la‘anah, a plant of the genus Artemisia,
with a very bitter taste (see Deut. 29:18; see on Prov. 5:4). La‘anah is
usually translated “wormwood” (see Amos 5:7). The fruit of Israel’s perversion
of righteousness was the bitterest injustice and wrong.
ဒေါန။ ဟေဗြဲဘာသာဖြင့် la‘anah ဖြစ်ပြီး အလွန်ခါးသော အရသာရှိသည့် Artemisia မျိုးစုဝင် အပင်တစ်မျိုး ဖြစ်သည်
(တရားဟောရာကျမ်း ၂၉:၁၈၊ သုတ္တံကျမ်း ၅:၄ အပေါ် မှတ်ချက်ကို ကြည့်ပါ)။ La‘anah ကို အများအားဖြင့် “ဒေါန” ဟု
ဘာသာပြန်လေ့ရှိသည် (အာမုတ် ၅:၇ ကို ကြည့်ပါ)။ ဣသရေလလူမျိုးတို့
ဖြောင့်မတ်ခြင်းတရားကို ဖောက်ပြန်ပျက်စီးစေခြင်း၏ အသီးအပွင့်သည် အခါးဆုံးသော
မတရားမှုနှင့် မှားယွင်းမှုပင် ဖြစ်သည်။
A thing of nought. Heb. lo’ dabar. Amos points out the folly of those who
put their faith in that which does not really exist, their idols, their boasted
security, and their vaunted power. Some Bible scholars believe that the
references in these verses are to proper names, Lo-debar being the proper name
of a place in Gilead (see 2 Sam. 9:4, 5; 17:27).
၁၃။ အချည်းနှီးအရာ။ ဟေဗြဲဘာသာဖြင့် lo’ dabar ဖြစ်သည်။ အာမုတ်သည် အမှန်တကယ်
တည်ရှိခြင်းမရှိသော အရာများဖြစ်သည့် မိမိတို့၏ ရုပ်တုများ၊ မိမိတို့ ဝါကြွားသော
ဘေးကင်းလုံခြုံမှုနှင့် မိမိတို့၏ ဂုဏ်ဖော်ဝါကြွားသော တန်ခိုးအာဏာတို့အပေါ်တွင်
ယုံကြည်ကိုးစားသူတို့၏ မိုက်မဲမှုကို ညွှန်ပြထားသည်။ အချို့သော ကျမ်းစာပညာရှင်များက
ဤအငယ်များရှိ ရည်ညွှန်းချက်များသည် နာမ်စားအစစ်များဖြစ်ပြီး၊ လောဒေဗါ (Lo-debar) သည် ဂိလဒ်ပြည်ရှိ နေရာတစ်ခု၏
နာမည်စစ်ဖြစ်သည်ဟု ယုံကြည်ကြသည် (၂ ဓမ္မရာဇဝင် ၉:၄၊ ၅၊ ၁၇:၂၇ ကို ကြည့်ပါ)။
Horns. Heb. qarnayim. Horns are a symbol of strength
(see on 1 Kings 22:11). Some think that this word is the name of a strong
fortress, Karnaim, mentioned in 1 Macc. 5:26; 2 Macc. 12:21. Thus the RSV of
the present verse reads, “You who rejoice in Lo-debar, who say, ‘Have we not by
our own strength taken Karnaim for ourselves?’”
ဦးချို။ ဟေဗြဲဘာသာဖြင့် qarnayim ဖြစ်သည်။ ဦးချိုများသည် ခွန်အား၏
ပြယုဂ်ဖြစ်ကြသည် (၃ ရာဇဝင်ချုပ် ၂၂:၁၁ အပေါ် မှတ်ချက်ကို ကြည့်ပါ)။ အချို့က
ဤစကားလုံးသည် ၁ မက္ကဘိ ၅:၂၆၊ ၂ မက္ကဘိ ၁၂:၂၁ တွင် ဖော်ပြထားသော ခိုင်ခံ့သော
ခံတပ်ကြီးဖြစ်သည့် ကာနိမ် (Karnaim) ၏ နာမည်ဖြစ်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် လက်ရှိအငယ်၏ RSV ကျမ်းစာဖတ်ချက်တွင် “လောဒေဗါမြို့၌
ဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်ခွန်အားဖြင့် ကာနိမ်မြို့ကို ကိုယ်အဖို့
သိမ်းယူပြီမဟုတ်လော ဟု ဆိုသောသူတို့” ဟု ဖတ်ရသည်။
A nation. A reference to the Assyrians, who, as the instruments of God’s
wrath (see Isa. 10:5, 6), would invade Israel from the north, specifically
“from the entering in of Hemath [Hamath],” a city in upper Syria (see on Num.
34:8; Amos 6:2). Compare similar expressions given at other times as a warning
that continued refusal to repent would bring national disaster (see Isa. 5:26;
Jer. 5:15).
၁၄။ လူမျိုးတစ်မျိုး။ ဤအရာသည်
ဘုရားသခင်၏ အမျက်တော်လက်နက်အဖြစ် (ဟေရှာယ ၁၀:၅၊ ၆ ကို ကြည့်ပါ)၊ မြောက်ဘက်မှနေ၍၊
အထူးသဖြင့် ရှုရိပြည်အထက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သော “ဟာမတ်မြို့ဝင်ဝကစ၍”
ဣသရေလနိုင်ငံကို ကျူးကျော်ဝင်ရောက်လာမည့် အဆီးရီးယားလူမျိုးများကို ရည်ညွှန်းခြင်း
ဖြစ်သည် (တောလည်ရာကျမ်း ၃၄:၈၊ အာမုတ် ၆:၂ အပေါ် မှတ်ချက်ကို ကြည့်ပါ)။ နောင်တရရန်
ဆက်လက်ငြင်းပယ်နေခြင်းသည် လူမျိုးတော်ကို ပျက်စီးခြင်းသို့
ဆောင်ကြဉ်းလာလိမ့်မည်ဟူသော သတိပေးချက်အဖြစ် အခြားသောအချိန်များတွင် ပေးထားသည့်
အလားတူ ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ပါ (ဟေရှာယ ၅:၂၆၊ ယေရမိ ၅:၁၅ ကို
ကြည့်ပါ)။
Wilderness. Heb. ‘arabah. The Arabah is the depression
extending from the Sea of Galilee to the Gulf of Aqabah (see on Deut. 1:1). The
river of the Arabah probably designates some stream flowing into the northern
end of the Dead Sea. Significantly enough, these northern and southern limits
mark the territory recovered by Jeroboam II in the time of Israel’s greatest
prosperity (see 2 Kings 14:25).
တော။ ဟေဗြဲဘာသာဖြင့် ‘arabah ဖြစ်သည်။ အာရဗာ (Arabah) သည် ဂါလိလဲအိုင်မှသည် အာကာဗာ (Aqabah) ပင်လယ်ကွေ့အထိ ကျယ်ပြန့်သော
နိမ့်ဆင်းရာမြေပြင် ဖြစ်သည် (တရားဟောရာကျမ်း ၁:၁ အပေါ် မှတ်ချက်ကို ကြည့်ပါ)။
အာရဗာမြစ်သည် ပင်လယ်သေ၏ မြောက်ဘက်အစွန်းထဲသို့ စီးဝင်သော စမ်းချောင်းအချို့ကို
ညွှန်ပြခြင်း ဖြစ်နိုင်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည်မှာ ဤမြောက်ဘက်နှင့် တောင်ဘက်
နယ်နိမိတ်များသည် ဣသရေလနိုင်ငံ အစည်ပင်ဆုံးသောခေတ်တွင် ဒုတိယမြောက် (၂)
ယေရောဗောင်မင်း ပြန်လည်သိမ်းပိုက်ခဲ့သော နယ်မြေကို မှတ်သားဖော်ပြနေခြင်းပင်
ဖြစ်သည် (၄ ရာဇဝင်ချုပ် ၁၄:၂၅ ကို ကြည့်ပါ)။
ellen g. white
comments 1 Te 53; 4T 76; 5T 233 3–7 Te 53
အယ်လင် ဂျီ ဝှိုက်၏ မှတ်ချက်များ ၁
တန်ခိုးနှင့် သက်သေခံချက် ၅၃၊ သက်သေခံချက်များ အတွဲ ၄၊ ၇၆၊ အတွဲ ၅၊ ၂၃၃ ၃–၇
တန်ခိုးနှင့် သက်သေခံချက် ၅၃
No comments:
Post a Comment