ဆာလံကျမ်း အခန်း (၈၈)
Introduction.—Ps.
88 has been called the most mournful and despondent of the psalms. This psalm,
attributed to David, was probably composed at a time of most grievous physical
and mental suffering. There is in it not a single ray of hope. It is one long wail
of undiluted sorrow, concluding with the word “darkness.” David suffers, fears
death, prays for relief, but shows no expectation of receiving the answer to
his prayer. Nevertheless, he holds serenely on to God and continues to pray in
simple faith that God will hear.
နိဒါန်း။—ဆာလံ ၈၈ ကို ဆာလံကျမ်းများတွင်
အဝမ်းနည်းဆုံးနှင့် အဆွေးဆုံးအဖြစ် ခေါ်ဆိုကြသည်။ ဒါဝိဒ်စပ်ဆိုသည်ဟု ယူဆရသော
ဤဆာလံကျမ်းကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွန်ပြင်းထန်စွာ
ဆင်းရဲဒုက္ခရောက်နေချိန်တွင် ရေးသားခဲ့ဖွယ်ရှိသည်။ ၎င်းတွင် မျှော်လင့်ချက်
အလင်းတန်း တစ်စုံတစ်ရာ မရှိပါ။ ၎င်းသည် “မှောင်မိုက်ခြင်း” ဟူသော စကားလုံးဖြင့်
အဆုံးသတ်ထားသည့် အညစ်အကြေးကင်းစင်သော ဝမ်းနည်းခြင်း၏ ရှည်လျားသော ညည်းညူသံတစ်ခု
ဖြစ်သည်။ ဒါဝိဒ်သည် ဆင်းရဲဒုက္ခခံစားရခြင်း၊ သေခြင်းကို ကြောက်ရွံ့ခြင်း၊
လွတ်မြောက်ရန် ဆုတောင်းခြင်းများ ပြုလုပ်သော်လည်း သူ၏ ဆုတောင်းချက်အတွက်
အဖြေရမည်ဟု မျှော်လင့်ချက် မပြပါ။ သို့သော်လည်း သူသည် ဘုရားသခင်ကို တည်ငြိမ်စွာ
ဆုပ်ကိုင်ထားပြီး ဘုရားသခင် ကြားနာလိမ့်မည်ဟု ရိုးရှင်းသော ယုံကြည်ခြင်းဖြင့်
ဆက်လက် ဆုတောင်းနေသည်။
1.
Of my salvation. This seems to be the only ray of light in the entire psalm.
Despite the overwhelming gloom of the psalm, David trusts in God as his
Saviour. A child of God should never come to the place where he gives up in
despair.
၁။ အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်။
ဤသည်မှာ ဆာလံကျမ်းတစ်ခုလုံးတွင် တစ်ခုတည်းသော အလင်းတန်း ဖြစ်ပုံရသည်။ ဆာလံကျမ်း၏
လွှမ်းခြုံထားသော မှောင်မိုက်မှုများရှိသော်လည်း ဒါဝိဒ်သည် ဘုရားသခင်ကို သူ၏
ကယ်တင်ရှင်အဖြစ် ယုံကြည်သည်။ ဘုရားသခင်၏ သားသမီးသည် စိတ်ပျက်အားငယ်၍
လက်လျှော့လိုက်ရမည့် အခြေအနေမျိုးသို့ ဘယ်သောအခါမျှ မရောက်သင့်ပေ။
3.
Of troubles. See Job 10:15; Ps. 123:4. The tone of the psalm resembles the
complaints of Job in the first chapters of the book of Job. Grave. Heb. she’ol.
The psalmist urges his extremity as the reason for God’s hearing him.
၃။ အကျွန်ုပ်၏ ဝိညာဉ်သည်
ဆင်းရဲခြင်းနှင့် ပြည့်ဝ၍၊ အသက်သည် မရဏာနိုင်ငံသို့ ရောက်လုနီးပါပြီ။ (ယောဘ ၁၀:၁၅၊
ဆာလံ ၁၂၃:၄ ကို ကြည့်ပါ)။ ဆာလံကျမ်း၏ လေသံမှာ ယောဘဝတ္ထု၏ အစပိုင်းအခန်းများတွင်
ယောဘညည်းညူသံများနှင့် ဆင်တူသည်။ မရဏာနိုင်ငံ။ ဟေဗြဲဘာသာဖြင့် she’ol ဖြစ်သည်။
ဆာလံဆရာသည် ဘုရားသခင် သူ့ကို ကြားနာစေရန် မိမိ၏ အလွန်အမင်း ဆိုးရွားသော အခြေအနေကို
တောင်းဆိုသည်။
4.
Pit. See on Ps. 28:1.
၄။ အကျွန်ုပ်သည် သင်္ချိုင်းတွင်းသို့
ဆင်းသောသူတို့နှင့် ရေတွက်ခြင်းသို့ ရောက်ပါပြီ။ (ဆာလံ ၂၈:၁ ကို ကြည့်ပါ)။
5.
Among the dead. That is, the psalmist was counted as though dead. Thou
rememberest no more. In his gloom the psalmist comes to feel that God forgets a
man when he lies down to sleep the sleep of death. From thy hand. Or, “from Thy
power,” the hand being the symbol of power.
၅။ အကျွန်ုပ်သည် သေသောသူတို့အထဲတွင်၊
သင်္ချိုင်းတွင်း၌ အိပ်ပျော်၍ ကိုယ်တော် အောက်မေ့တော်မမူသော သူတို့နှင့်တူ၍၊
ကိုယ်တော်၏ လက်တော်မှ ပယ်ရှားခြင်းသို့ ရောက်ပါပြီ။ (လက်တော်သည် တန်ခိုး၏
သင်္ကေတဖြစ်သည်)။
7.
Thy wrath. David considers his suffering the result of God’s anger. All thy
waves. See on Ps. 42:7. Selah.
၇။ ကိုယ်တော်၏ အမျက်တော်သည်
အကျွန်ုပ်အပေါ်မှာ ပြင်းစွာတင်၍၊ ကိုယ်တော်၏ လှိုင်းတံပိုး အပေါင်းတို့ဖြင့်
အကျွန်ုပ်ကို နှိပ်စက်တော်မူပြီ။ (ဆာလံ ၄၂:၇ ကို ကြည့်ပါ)။ ဆေလာ။
8.
Put away. An abomination. That is, something to be detested, abhorred, and
therefore shunned, as unclean. Shut up.
၈။ ကိုယ်တော်သည် အကျွန်ုပ်၏
မိတ်ဆွေတို့ကို အဝေးသို့ ပယ်ရှားတော်မူပြီ။ သူတို့ရှေ့မှာ အကျွန်ုပ်ကို
စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍ ထွက်၍မရနိုင်ပါ။
10.
Dead. Heb. repha’im. The psalmist seems to reason thus with God: Why dost Thou
condemn me to death when Thy power and goodness cannot be demonstrated in the
grave? Selah.
၁၀။ ကိုယ်တော်သည် သေသောသူတို့၌
အံ့ဩဖွယ်ရာတို့ကို ပြတော်မူမည်လော။ သေသောသူတို့သည် ထ၍ ကိုယ်တော်ကို
ချီးမွမ်းကြပါမည်လော။ ဆေလာ။
11.
Lovingkindness. Dead men cannot appreciate the attributes of God. Only the
living can praise God for His love. Destruction. Heb. ’abaddon.
၁၁။ သင်္ချိုင်းတွင်း၌ ကိုယ်တော်၏
ကရုဏာတော်ကိုလည်းကောင်း၊ ပျက်စီးရာအရပ်၌ သစ္စာတော်ကိုလည်းကောင်း ဖော်ပြရပါမည်လော။
12.
Land of forgetfulness. A land of oblivion, where the dead neither remember nor
are remembered.
၁၂။ မှောင်မိုက်သောအရပ်၌ ကိုယ်တော်၏
အံ့ဩဖွယ်ရာတို့ကိုလည်းကောင်း၊ အောက်မေ့ခြင်း မရှိသော ပြည်၌ ဖြောင့်မတ်ခြင်း
တရားတော်ကိုလည်းကောင်း သိရပါမည်လော။
13.
Have I cried. The psalmist returns, as it were, to the realization that he is
not in the grave, but still in the living flesh. In the morning. See on Ps.
5:3.
၁၃။ အို ထာဝရဘုရား၊ အကျွန်ုပ်မူကား
ကိုယ်တော်ကို အော်ဟစ်ပါပြီ။ နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပဌနာသည်
ကိုယ်တော်ရှေ့သို့ ရောက်ပါမည်။
14.
My soul. Unaware of grievous sin, he cannot understand why he should have to
suffer so heavily. Why hidest thou? It seems to David that God has deliberately
turned His attention away from him in his distress.
၁၄။ အို ထာဝရဘုရား၊ အကျွန်ုပ်ကို
အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အဘယ်ကြောင့် ဖုံးကွယ်တော်မူသနည်း။
15.
From my youth up. This phrase may imply that the psalmist was smitten at an
early age and has suffered for many years, or it may be the hyperbolic language
of deep emotion. 17. Like water. The psalmist is like a man about to drown. 18.
Lover and friend. The psalmist repeats his complaint as a last pathetic note in
his song. Mine acquaintance. In the poetic parallelism of v. 18 these words
stand as the counterpart of “lover and friend.”
၁၅။ အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍
ဆင်းရဲဒုက္ခ ခံရသဖြင့် သေလုပါပြီ။ ၁၇။ ရေကဲ့သို့ အကျွန်ုပ်ကို ဝိုင်းဝန်းကြပါပြီ။
၁၈။ ချစ်သူနှင့် မိတ်ဆွေတို့ကို အဝေးသို့ ပယ်ရှားတော်မူပြီ။
ရင်းနှီးသောသူတို့ကိုလည်း အကျွန်ုပ်၏ အနီး၌ မရှိစေဘဲ ပယ်ရှားတော်မူပြီ။
No comments:
Post a Comment