အခန်းကြီး - ၁၂
1 နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
2 သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3 ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
4 သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
5 ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
6 ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
7 နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
8 သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
9 သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
10 ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
12 သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
13 ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
14 သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
15 နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
16 ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
17 နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
18 ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
19 သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
20 ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
21 ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
22 ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
23 ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။
24 တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
25 ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။
26 ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊
27 ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
28 ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊
29 ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
30 မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
31 မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။
အနက်ဖွင့်ချက်။
၁၂:၁ ထာဝရဘုရားသည် နာသန်ကို စေလွှတ်တော်မူသည်။ ဘုရားသခင်၏ အခွင့်အာဏာသည် ဘုရင်၏အခွင့်အာဏာထက် သာလွန်ပြီး၊ ဘာမှမဖုံးကွယ်နိုင်ပါ။
12:1 the Lord sent Nathan. God’s authority is above that
of the king and nothing is hidden from Him.
၁၂:၃ သမီးတစ်ဦး။ ဆင်းရဲသောသူ၏ သိုးသငယ်အပေါ် ထိမိလှုပ်ရှားဖွယ် ချစ်ခင်မှုကို ဥပမာဖြင့် ဖော်ပြသည်။
12:3 a daughter. The parable tells of the poor man’s
touching attachment to his lamb.
၁၂:၅ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း။ ကျိန်ဆိုရာတွင် အသုံးပြုသော ပုံစံတစ်ခု။ သေရမည်။ ဒါဝိဒ်သည် မိမိကိုယ်ကို အပြစ်ရှိကြောင်း စီရင်ချက်ချနေကြောင်း မသိရှိပါ။ တရားမျှတမှု၏ အဓိကထောက်ခံသူအဖြစ်၊ ဘုရင်သည် စီရင်ဆုံးဖြတ်ရန် မျှော်လင့်ထားသည်။
12:5 As the Lord lives. A formula used in
swearing. surely die. David is not aware that he is
passing a verdict on himself. As chief advocate of justice, the king is
expected to render judgment.
၁၂:၆ လေးဆပြန်ပေးရမည်။ ၎င်းသည် ထွက်မြောက်ရာ ၂၂:၁ မှ စည်းမျဉ်းနှင့်အညီဖြစ်သည်။
12:6 restore fourfold. This is in accordance with the
rule from Ex. 22:1.
၁၂:၈ သင်၏သခင်၏ ဇနီးများ။ နာသန်သည် ဘုရားသခင်က ဒါဝိဒ်အား ရှောလု၏ ထီးနန်းကို ပေးအပ်ခဲ့ကြောင်း ဖော်ပြရန် ထုံးစံဘာသာစကားကို အသုံးပြုသည်။
12:8 your master’s wives. Nathan is using conventional
language to say that God gave David Saul’s throne.
၁၂:၉ ထာဝရဘုရား၏ ပညတ်တော်ကို မထီမဲ့မြင်ပြုသည်။ မိမိအိမ်နီးချင်းကို မိမိကိုယ်ကဲ့သို့ ချစ်ရမည်ဟူသော ပညတ်တော် (ဝတ် ၁၉:၁၈)။ ဒါဝိဒ်၏ ရာဇဝတ်မှု၏ အရင်းအမြစ်မှာ အာဏာအလွဲသုံးစားပြုခြင်းဖြစ်သည်။
12:9 despised the commandment of the Lord. The commandment which says to
love one’s neighbor as oneself (Lev. 19:18). The root of David’s crime is abuse
of power.
၁၂:၁၀ ဓားသည် ဘယ်သောအခါမှ မထွက်ခွာပါ။ ပြစ်ဒဏ်သည် ဒါဝိဒ်၏ အပြစ်နှင့် ကိုက်ညီသည်။ သူသည် ဥရိယ၏ သေဆုံးမှုကို ဖြစ်စေခဲ့သောကြောင့်၊ အကြမ်းဖက်သေဆုံးမှုသည် သူ၏အိမ်မှ မထွက်ခွာပါ။
12:10 the sword shall never depart. The punishment corresponds to
David’s sin. He caused Uriah’s death; therefore violent death will not depart
from his house.
၁၂:၁၁ သင်၏ဇနီးများနှင့် အိပ်မည်။ ၎င်းသည် အဗရှလုံ၏ ပုန်ကန်မှုနှင့် သူ၏လိင်ဆိုင်ရာအပြစ် (၁၆:၂၂) အကြောင်း ကြိုဟောချက်တစ်ခုဖြစ်သည်။ ဤနေမင်း။ ကောင်းကင်ရှိ သက်ရှိများကို တစ်ခါတစ်ရံ ဘုရားသခင်၏ တရားမျှတမှု၏ သက်သေများအဖြစ် ဖော်ပြသည် (ဒေ ၂:၁၇၊ ဟေရှာ ၁:၂)။
12:11 lie with your wives. This is a prediction about
Absalom’s rebellion and his sexual sin (16:22). this sun. The
heavenly bodies are sometimes described as witnesses to God’s justice (Eccl.
2:17; Is. 1:2).
၁၂:၁၃ ငါသည် အပြစ်ပြုခဲ့ပြီ။ အကြောင်းပြချက်များရှာဖွေခြင်း သို့မဟုတ် ငြင်းခုံခြင်းမပြုဘဲ ဒါဝိဒ်သည် သူ၏အပြစ်ကို တိုက်ရိုက်ဝန်ခံသည်။ ဆာလံ ၅၁ သည် ဘုရားသခင်ရှေ့တွင် ဒါဝိဒ်၏ နောင်တရခြင်းဆုတောင်းချက်ကို မှတ်တမ်းတင်ထားသည်။ သင်သည် မသေရ။ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ကြိုတင်ကြံစည်ထားသော လူသတ်မှုအတွက် သေဒဏ်သည် ပြစ်ဒဏ်ဖြစ်သည်။
12:13 I have sinned. Without arguing or looking for
excuses David directly admits his guilt. Psalm 51 records David’s prayer of
repentance before God. you shall not die. Death is the
punishment for adultery and premeditated murder.
၁၂:၁၆ မြေပြင်ပေါ်တွင်။ ဒါဝိဒ်သည် ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို မြေမှုန့်နှင့် တူညီသည်ဟု သတ်မှတ်သည်။
12:16 on the ground. David identifies himself with the
dust of the earth before God.
၁၂:၂၀ မိမိကိုယ်ကို ဘိသိက်ပေးခဲ့သည်။ ဝမ်းနည်းခြင်းရပ်စဲမှုနှင့် ဆက်စပ်နေသော ဓလေ့တစ်ခု။ ထာဝရဘုရား၏အိမ်။ သန့်ရှင်းသောသေတ္တာတော်ကို ထားရှိရာ တဲအိမ်။
12:20 anointed himself. A practice associated with the
cessation of mourning. the house of the Lord. The tent
that houses the holy ark.
၁၂:၂၁ အစာရှောင်ပြီး ငိုကြွေးခဲ့သည်။ ဝမ်းနည်းခြင်း၏ ပြင်ပငါးလက္ခဏာများ၊ ဤနေရာတွင် နောင်တရခြင်းနှင့် ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို နှိမ့်ချခြင်းနှင့် ဆက်စပ်နေသည်။
12:21 fasted and wept. External signs of grief,
connected here with repentance and humbling oneself before God.
၁၂:၂၃ ငါသည် သူ့ထံသို့ သွားမည်။ ဒါဝိဒ်သည် သူ၏သားသေဆုံးရာ သင်္ချိုင်းတွင် သင်္ဂြိုဟ်ခံရမည် (က ၃၇:၃၅)။
12:23 I shall go to him. David will be buried in the
same tomb where his son is buried (Gen. 37:35).
၁၂:၂၄ ရှောလမုန်။ ဤအမည်သည် ဟေဗြဲစကားလုံး “ရှလုံ” ဆိုသည့် “ငြိမ်းချမ်းရေး” မှ ဆင်းသက်လာသည်။
12:24 Solomon. The name is based on the Hebrew
word shalom, “peace.”
၁၂:၂၆ ရာဗ္ဗါ။ အမ္မုန်လူမျိုး၏ မြို့တော်။ ဘုရင်မြို့။ နန်းတော်ရှိသော ခံတပ်။
12:26 Rabbah. The capital city of Ammon. the
royal city. The fortress with the palace.
၁၂:၂၇ ရေပေးဝေမှု။ ဝိုင်းထားစဉ်တွင် ရေပေးဝေမှုကို ထိန်းချုပ်လိုက်သည်နှင့် မြို့ကို သိမ်းပိုက်ရန် လွယ်ကူလာသည်။
12:27 water supply. Once the water supply is
controlled during a siege, the conquest of the city becomes easy.
၁၂:၃၀ ဘုရင်၏ဦးရစ်သရဖူ။ မူရင်းစကားလုံးသည် ထုံးတမ်းစဉ်လာအရ ဦးထုပ်ကို ရည်ညွှန်းလေ့ရှိသည်။ တစ်တဲလံ့။ ခန့်မှန်းခြေ ပေါင် ၇၅ (၃၄ ကီလိုဂရမ်)။
12:30 king’s crown. The original word usually
refers to a ceremonial headdress. a talent. About 75
pounds (34 kg).
၁၂:၃၁ ၎င်းတို့ကို အလုပ်လုပ်ရန် ထားရှိသည်။ စစ်သုံ့ပန်းများကို စစ်ပွဲများကြောင့် ပျက်စီးခဲ့သော အရာများကို ပြန်လည်ထူထောင်ရန် အတင်းအဓမ္မအလုပ်လုပ်ရန် ပုံမှန်အားဖြင့် တာဝန်ပေးအပ်သည်။ ၎င်းတို့သည် နောက်ဆုံးတွင် လယ်ယာများစိုက်ပျိုးရန်နှင့် စစ်တပ်တွင် အမှုထမ်းရန် အခြေချနေထိုင်ကြသည်။
12:31 put them to work. War captives are normally
assigned to forced labor to restore damages caused by wars. They eventually
settle, tilling farms and serving in the military.
No comments:
Post a Comment