Saturday, May 23, 2026

ခန္ဓာကိုယ်၌မရှိတော့ခြင်း



 




အပြောင်းအလဲဖြစ်ခြင်း သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း?



အခန်းကြီး - ၁

ခန္ဓာကိုယ်၌မရှိတော့ခြင်း

နိဒါန်း

အသင်းတော်ခေါင်းဆောင်များနှင့် အသင်းသားများမှာ ပေါလု၏ရေးသားချက်အချို့ကို နားလည်ရန် အခက်အခဲရှိလေ့ ရှိကြသည်။ အသင်းတော်များထံပေါလုရေးသောစာအချို့တွင်၊ သူ၏အခြား စာများနှင့် ဆန့်ကျင်ပုံပေါ်သော စာပိုဒ်အချို့ရှိသည်။ အနည်းဆုံး ၎င်းတို့ကို ဆန့်ကျင်ဘက်အဖြစ် အနက်ဖွင့်ဆိုထားသည်။ ပညာရှိသော၊ ၀ိညာဥ်ရေးရာပြည့်၀သော၊ ဖြောင့်ဖြောင့်တွေးတတ်သောသူ ပေါလုက ရှုပ်ထွေးသောအကြောင်းအရာများကို ရေးသားမည်လား? သို့မဟုတ် စာဖတ်သူများက သူ၏စာကို လှည့်စားခြင်းကြောင့် ကွဲလွဲနေခြင်းလား?

အသက်ရှင်ခြင်းနှင့်သေခြင်းအကြောင်း ပေါလုပြောထားသော ၂ ကောရိန္သု ၅ ၏ ပထမအခန်းငယ် များတွင် ပြဿနာ၏ဥပမာကောင်းကို တွေ့နိုင်သည်။ ဖြောင့်မတ်သောသူ၏ဆုလာဘ်ကို သေခါနီး အချိန်တွင်ပေးဆောင်သည်ဟု သူ၏စကားကို လူများစွာနားလည်သဘောပေါက်ခဲ့ကြပြီး မသေနိုင် သော၀ိညာဥ်သည် ဆုလာဘ်ကိုချက်ချင်းရခြင်းရဖို့အတွက် သို့မဟုတ် ပြစ်ဒဏ်ရင်ဆိုင်ဖို့အတွက် ခန္ဓာကိုယ်မှထွက်သွားသည်။ ပေါလု၏စကားအဓိပ္ပါယ်က ဤအရာကိုအမှန်တကယ်ဆိုလိုလျှင် သူ့စာများတွင် ကြီးလေးသောကွဲလွဲမှုများရှိမည်။ ၂ ကောရိန္သု ၅း၁-၈ ကို ဆန်းစစ်ပြီး ဤအရေးကြီး သောအကြောင်းအရာနှင့်ပတ်သက်၍ ပေါလုအမှန်တကယ်သွန်သင်ခဲ့ရာကို ရှာဖွေကြည့်ကြပါစို့။

ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။
2
ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်နေကြ၏။3 ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။
4
ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။
5
ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။6 ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊
7
အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊8 ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။
ရှင်းရှင်းလင်းလင်းနားလည်နိုင်ဖို့ရန်အတွက် အခန်းငယ်တစ်ခုချင်းစီကို လေ့လာသွားကြပါစို့။

 


အခန်းကြီး - ၂

အခန်းငယ် ၁

မြေအိမ်နှင့်နိစ္စထာ၀ရအိမ်တော်အကြောင်းကို ပေါလုမိတ်ဆက်ပေးသည်၊ ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။”


အခန်းကြီး - ၃

အခန်းငယ် ၂

မြေအိမ်၌ရှိနေသောကျွန်ုပ်တို့၏အခြေအနေကို သူဖော်ပြသည်။ ငါတို့သည်ညည်းတွားမြည်တမ်း” လျက် “၀န်လေးကြသည်။”

 


အခန်းကြီး - ၄

အခန်းငယ် ၂၊ ၃

ထိုအခြေအနေတွင် ကျွန်ုပ်တို့၏ဆန္ဒကို သူပြောပြသည်။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်နေကြ၏။3 ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။”


အခန်းကြီး - ၅

အခန်းငယ် ၄

ပေါလုသည် ဤအချက်များကို နောက်တစ်ကြိမ်ထပ်ပြောသည်။ ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကိုထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။”

 


အခန်းကြီး - ၆

အခန်းငယ် ၄

သူအလွန်မှပင်တောင့်တသော ကောင်းကင်အိမ်တော်နှင့် ၀တ်ဆင်ခြင်း၏ရလဒ်ကို ရှင်းပြသည်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင် သောကြောင့် ညည်းတွားကြ၏။”


အခန်းကြီး - ၇

အခန်းငယ် ၅

၀ိညာဥ်တော်သည် သေခြင်းတရားကို ထာ၀ရအသက်နှင့်အစားထိုးမည့် ကတိတော် ဖြစ်သည်။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။”

 


အခန်းကြီး - ၈

အခန်းငယ် ၆

ပေါလုသည် သူ၏ယုံကြည်စိတ်ချမှုအကြောင်းကို ဖော်ပြသည်။ ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊”

 


အခန်းကြီး - ၉

အခန်းငယ် ၇

အောင်မြင်သောခရစ်ယာန်အသက်တာ၌ နေထိုင်ခြင်းဆိုင်ရာ နောက်ထပ်မှတ်ချက်။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည် ဖြစ်၍”

 


အခန်းကြီး - ၁၀

အခန်းငယ် ၈

သူသည် ကိုယ်ခန္ဓာမှကွာ၀ေးရာအရပ်သို့သွား၍ သခင်ဘုရားထံတော်၌ နေလိုသော ဆန္ဒကို ထပ်ခါတလဲလဲ ဖော်ပြသည်။ ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။”

ယခု အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဆိုလျှင် ကျမ်းပိုဒ်တွင် ပေါလုအသုံးပြုသော ဝေါဟာရများ၏ အဓိပ္ပါယ်ကို အဖြေရှာကြည့်ကြပါစို့။ “မြေကြီးအိမ်” နှင့် “ကောင်းကင်အိမ်” က သူဘာကိုဆိုလိုသနည်း? “မြဲသောနေရာ” နှင့် “နေရာမဲ့” က ဘာကိုဆိုလိုသလဲ? “သေချာင်းတရား” ကို “ထာ၀ရအသက်နှင့်အစားထိုးမည်” က ဘာလဲ? “ကိုယ်ခန္ဓာနှင့်ကွာ၀ေးရာ” နှင့် “သခင်ဘုရား ထံတော်၌နေခြင်း” က ဘာကိုဆိုလိုသလဲ?

တမန်တော်က ကျွန်ုပ်တို့အတွက် ဤမေးခွန်းများအားလုံးကို ဖြေဆိုခဲ့ပြီးဖြစ်သည်။ အခန်းငယ် ၆ တွင် “ကျွန်ုပ်တို့၏မြေကြီးအိမ်” ကို “ကိုယ်ခန္ဓာ၌နေမြဲနေစဥ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ဤအိမ်၏ အဓိကလက္ခဏာမှာ “ပျက်စီး” သွားမည်ဖြစ်သည်။ တနည်းဆိုရသော် သေမျိုးဖြစ်သည်။ ထို့ကြောင့် ဤမြေကြီးအိမ်သည် ကျွန်ုပ်တို့၏သေတတ်သောခန္ဓာကိုယ် သို့မဟုတ် ကျွန်ုပ်တို့၏ လက်ရှိသေတတ်သောအခြေအနေဖြစ်သည်။ ဤအချက်မှာရှင်းလင်းသောကြောင့် နောက်ထပ်ရှင်း ပြရန်ပင် မလိုတော့ပေ။

ကောင်းကင်အိမ်သည် “နိစ္စထာ၀ရ” သို့မဟုတ် မသေနိုင်ခြင်းဖြစ်ပြီး ရွေးနှုတ်သူများသည် ရှင်ပြန်ထမြောက်ပြီးနောက် တွေ့ကြုံရမည့် ထာဝရအသက်ကို ကိုယ်စားပြုသည်။ ဤနေရာတွင် အကြီးမားဆုံးနားလည်မှု လွဲမှားမှု ဝင်လာသည်။ လူအချို့က “ကောင်းကင်မှအိမ်” ကို သေသည့် အခါတွင် ရရှိသည်ဟုထင်ကြသည်။ သို့သော် မသေနိုင်သော “အချိန်” ကို တမန်တော်က ရှင်းလင်း စွာရှင်းပြထားသည်။

 


အခန်းကြီး - ၁၁

အပြောင်းအလဲ၏အချိန်

ရောမ ၈း၂၂၊ ၂၃ တွင် “ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာ” ဟူသောရှင်းပြချက်ကို သတိပြုပါ။ “.....ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။” ရောမ၌ ဤအခန်းငယ်သည် ၂ ကောရိန္သု ၅:၁-၈ ပါ အခန်းငယ်များနှင့် ရှင်းလင်းစွာ နှိုင်းယှဉ်ထားပြီး ထိုမသေနိုင်သောအရာကို မည်သည့်အချိန်တွင် လက်ခံရမည်ကို ရှင်းပြသည်။ ဘာသာစကားနှင့်စိတ်ကူး မည်သို့တူညီသည်ကို သတိပြုပါ။

 


အခန်းကြီး - ၁၂

ကောရိန္သုမြို့သားတို့ထံပေါလုရေးသားခဲ့ခြင်း-
“ငါတို့သည်.....ဤတဲ၌ညည်းတွားကြသည်”
“အလွန်တောင့်တလိုချင်သော၀ိညာဥ်တော်ကို ကျွန်ုပ်တို့အားပေးသည်”
“ကောင်းကင်အိမ်ထဲသို့ ၀င်စားခြင်းငှါ အလွန်တောင့်တလိုချင်သောစိတ်ရှိ၍”


အခန်းကြီး - ၁၃

ရောမမြို့သားတို့ထံပေါလုရေးသားခဲ့ခြင်း-
“ငါတို့သည် ကိုယ့်ရင်ထဲတွင် ညည်းတွားနေကြသည်.....”
“၀ိညာဥ်တော်၏ အဦးသီးသောအသီးများ”
“ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာကို....အလွန်မှပင်မျှော်လင့်တောင့်တ”
ဤကျမ်းနှစ်စောင်သည် တူညီသောအတွေ့အကြုံကို ဟောပြောသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် အဆုံးစွန်သောအရာမှာ ဤသေတတ်သောခန္ဓာကို မသေနိုင်သောခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲရန်နှင့် ဤ "မြေကြီးအိမ်" ကို "ကောင်းကင်ဘုံ၌ ထာဝရအိမ်တော်" အဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ အခန်းငယ်တစ်ပိုဒ်တွင် ပေါလုသည် ကောင်းကင်မှအိမ်တော်သို့ “၀င်စားခြင်းငှါအလွန်တောင့်တ” ကြောင်းနှင့် တခြားအပိုဒ်ငယ်တစ်ခုတွင် သူ၏ “အလွန်တောင့်တသောမျှော်လင့်ခြင်း” က “ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာ” ဖြစ်ကြောင်း ကျေးဇူးပြုပြီး သတိပြုပါ။

ဤကောင်းကင်မှကိုယ်ခန္ဓာကို “ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာ”အချိန်တွင်ပေးအပ်ကြောင်း နှိုင်းယှဥ်ချက်က သက်သေပြုထားသည်။ ပေါလုသည် ၁ ကောရိန္သု ၁၅:၅၁-၅၃ တွင် ဤပြောင်းလဲမှုဖြစ်ပွားသည့်အချိန်ကို ထပ်မံဖော်ပြသောအခါ၊ “.....တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။.... သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” တနည်းဆိုရသော် သေခြင်းတရားသည် ဤသေတတ်သောကိုယ်ခန္ဓာကို ပျက်စီးစေငြားသော်လည်း သခင်ယေရှုကြွလာချိန်နှင့် ကိုယ်ခန္ဓာရွေးနှုတ်ခြင်းအချိန်အထိ မရောက်မီ ကောင်းကင်မှအိမ်တော် (မသေနိုင်ခြင်း) ကို ၀တ်ဆင်ထားခြင်းမရှိကြောင်း ပေါလုက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ “အ၀တ်ဗလာ” သို့မဟုတ် “အ၀တ်မပါဘဲ” အခြေအနေဖြင့် မကြာခဏရည် ညွှန်းဖော်ပြထားသည်။

 


အခန်းကြီး - ၁၄

အ၀တ်မဲ့သေခြင်း

“အ၀တ်မပါဘဲ” ဟူသော၀ေါဟာရက ဘာကိုဆိုလိုသလဲ? ပေါလုက သူသည် အ၀တ်အချည်း အစည်း သို့မဟုတ် မ၀တ်ဆင်ထားတဲ့အခြေအနေမျိုးကို မလိုလားကြောင်း အတိအကျကြေငြား ထားသည်ကို သတိပြုပါ။ ထို့ကြောင့်၊ ပေါလုသည် ၎င်းကိုမလိုလားသောကြောင့်၊ အဝတ်မပါသော အခြေအနေသည် သခင်နှင့်အတူရှိခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချ နိုင်ပါသည်။ အမှန်မှာ တမန်တော်က မြေအိမ်နှင့်ကောင်းကင်အိမ်နှစ်ခုကို ၀တ်ဆင်ထားကြောင်း ရည်ညွှန်းသည်။ အဝတ်မပါသောအခြေအနေတွင်၊ သူသည် မြေကြီးခန္ဓာ၌မရှိသလို၊ ကောင်းကင်ခန္ဓာကိုလည်း  ၀တ်ဆင်ထားခြင်းမရှိပေ။ ဖြစ်နိုင်ချေရှိတဲ့ရှင်းပြချက်တစ်ခုပဲ ကျန်တော့သည်။ အဝတ်မပါဘဲသို့မဟုတ် အဝတ်ဗလာဆိုသည်မှာ မြေကြီးအိမ်ကြီး ပြိုပျက်ခြင်းနှင့် ကောင်းကင်အ၀တ် ၀တ်ဆင်ခြင်းကြားတွင် ရောနှောနေသော သေခြင်း၏အခြေအနေဖြစ်သည်။

 


အခန်းကြီး - ၁၅

အိမ်တော်နှစ်ခုသာ

ကျွန်ုပ်တို့တွင်ရှိသော ကောင်းကင်ဘုံ၌ နိစ္စထာ၀ရအိမ်သည် မသေနိုင်သောဝိညာဉ်ဖြစ်ပြီး မြေကြီးခန္ဓာသည် ပျက်ပြယ်သွားသောအခါ ကောင်းကင်ဘုံသို့ ချက်ခြင်းရောက်သွားသည်ဟု အချို့က စောဒကတက်ကြသည်။ သို့သော် ဤအရာမှာမဖြစ်နိုင်ပေ။ ထိုသို့သော အတွေးအခေါ်မှာ မဖြစ်နိုင်ကြောင်း သတိပြုပါ။ သေပြီးနောက်၀ိညာဥ်သည် ချက်ချင်းကောင်းကင် “အိမ်” သို့၀င်စား လျှင် ရှင်ပြန်ထမြောက်ပြီးနောက် မသေနိုင်သောကိုယ်ခန္ဓာဖြင့်အသက်ရှင်ရချိန်တွင် ဘာဖြစ်မည် နည်း? ဖြောင့်မတ်သူများသည် သူတို့၏ဘုန်းရောင်တောက်သောရှင်ပြန်ထမြောက်သည့် ကိုယ်ခန္ဓာဖြင့် ဘုရားသခင်နှင့်အတူ ထာ၀ရစိုးစံလိမ့်မည်။ ယင်းတွင် ဝိညာဉ်များသည် သေဆုံးပြီးနောက် “ကောင်းကင်ဘုံရှိနိစ္စထာ၀ရအိမ်” သို့ ထွက်ခွာသွားကာ ရှင်ပြန်ထမြောက်သော အခါတွင် ၎င်းတို့၏ကိုယ်ခန္ဓာအသစ်များထံ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။  ဒါဆို ၎င်းတို့ လွတ်သွားတဲ့အိမ်က ဘာဖြစ်သွားလဲ? သန့်ရှင်းသူများတွင် “အိမ်များငှါးရန်ရှိမည်လား”? ထို့အပြင် ဤအမြင်က ပေါလုတခါမျှဖော်ပြခဲ့ခြင်းမရှိသည့်အရာနှင့် မိတ်ဆက်ပေးသည်၊ ဤတွင် ကျွန်ုပ်တို့၌ အိမ်သုံးလုံးရှိသည်၊ သို့သော် ပေါလု၏ရေးသားချက်တွင် အိမ်နှစ်လုံးသာရှိသည်။ လူကြိုက်များတဲ့ အမြင်အရ အိမ်တစ်လုံးကို စွန့်ပစ်ရမည်။ စွန့်ပစ်ခံရပြီး ပျက်စီးခြင်းသို့ ကျရောက်မည်လား? ဒါတွေအားလုံးဟာ ကျမ်းစာနဲ့မညီသလို အဓိပ္ပါယ်မဲ့၏။ ထိုသို့သောအမြင်သည် မဖြစ်နိုင်ပေ။

 

အမှန်မှာ ပေါလုသည် ဤနေရာတွင် ဝိညာဉ်အကြောင်း လုံးဝမပြောဆိုပါ။ ကျမ်းပိုဒ် သို့မဟုတ် ၎င်း၏အကြောင်းအရာ၌ ၀ိညာဥ်အကြောင်းကို တစ်ကြိမ်မျှပင် ပြောဆိုခြင်းမရှိခဲ့ပေ။ သူသည် ကောင်းကင်ဘုံသို့ရောက်မည့် သာ၍ဘုန်းကြီးသောဘဝနှင့် လက်ရှိဘဝကို ရိုးရှင်းစွာ ယှဉ်နေခြင်း ဖြစ်သည်။ သူသည်ဘုရားသခင်နှင့်အတူမရှိရသောကြောင့် သေခြင်း၌အိပ်ပျော်ခြင်း (အ၀တ်ဗလာဖြစ်ခြင်း) ကို မမျှော်လင့်ပေ၊ သို့သော် “ကောင်းကင်ဘုံ၌နိစ္စထာ၀ရအိမ်” ဖြင့် ၀တ်ဆင်ရသော ရွေးနှုတ်ခြင်း၏ကိုယ်ခန္ဓာကို သူမျှော်လင့်တောင့်တခဲ့သည်။ ဤဘ၀၌ရှိနေစဥ် သေတတ်သောကိုယ်ခန္ဓာကို၀တ်ဆင်ရမည်ဖြစ်ပြီး သေဆုံးပြီးနောက် “ရွေးနှုတ်ခြင်းချမ်းသာ” ကောင်းကင်ဘုံ၏မသေနိုင်သောကိုယ်ခန္ဓာကို ရရှိမည်ဖြစ်သည်။ မြေကြီးအိမ်ဖြစ်စေ သို့မဟုတ် ကောင်းကင်အိမ်ဖြစ်စေ သူ့တွင်ကိုယ်ခန္ဓာရှိနေဆဲပင်ဖြစ်သည်။ ပေါလုသည် ကိုယ်ခန္ဓာမှ ၀ိညာဥ်ကို မည်သည့်နေရာတွင်မှ မခွဲထားပေ။ ဤကမ္ဘာမြေကြီးပေါ်ရှိ ကိုယ်ခန္ဓာသည် သခင်ဘုရားထံတော်မှ ပျက်ကွက်ခြင်း သို့မဟုတ် ကောင်းကင်ဘုံ၌ ရွေးနှုတ်ခံရသည်ကိုယ်ခန္ဓာဖြင့် သခင်နှင့်အတူ ရှိနေခြင်းပင်ဖြစ်သည်။



အခန်းကြီး - ၁၆

၀ိညာဥ်တော်စားရန်

ဤတွင် ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းအား ထိုထာဝရအိမ်တော်ကို တည်ဆောက်ရမည့် အချိန်အဖြစ် ရည်ညွှန်းထားကြောင်း နောက်ထပ်အပြုသဘောသက်သေပြချက်ဖြစ်သည်။ ကောရိန္သုနှင့်ရောမမြို့သားများအတွက်၊ ၎င်းတို့မသေနိုင်သောအဝတ်ကို ၀တ်ဆင်ရမည်ဟု ၀ိညာဥ်တော်က ကတိပြုကြောင်း ပေါလုအလေးပေးဖော်ပြခဲ့သည်။ သူဘာကိုဆိုလိုခဲ့သနည်း? သန့်ရှင်းသော၀ိညာဥ်တော်က ကျွန်ုပ်တို့၏စိတ်နှလုံးများထဲတွင် အလွန်တောင့်တသောစိတ် သို့မဟုတ် ကတိက၀တ်ကို ပြုပါသလား? ကိုယ်ခန္ဓာသေသွားသောအခါတွင် ကျွန်ုပ်တို့အထဲ၌ မသေနိုင်သော၀ိညာဥ်ရှိကြောင်း အထောက်အထား သို့မဟုတ် အာမခံချက်လား? အဲ့ဒါကိုပေါလု ဆိုလိုခြင်းလား? မဟုတ်ပါ။ ဝိညာဉ်တော်သည် ရှင်ပြန်ထမြောက်ချိန်တွင် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ရွေးနှုတ်ခြင်းဆိုင်ရာ ကတိစကားဖြစ်ကြောင်း တမန်တော်က အလွန်မှပင်ရှင်းလင်းစွာဖော်ပြသည်။ “.......ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။
 ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏” ဧဖက် ၁း၁၃၊၁၄။

ဝိညာဉ်တော်စားရန်ဟူသည်မှာ ကျွန်ုပ်တို့၏အမွေကို အပြည့်အဝရရှိပြီး ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာရွေးနုတ်ခံရသည့်အချိန်ကို ပေါလုပြောဆိုနေကြောင်း လျစ်လျူမရှုပါနှင့်။    

၂ ကောရိန္သု ၅:၅ တွင် ပေါလုသည် ကောင်းကင်အိမ်တော်ကို ဆောင်ခြင်းအကြောင်း ပြောဆိုသော အခါတွင် အလားတူအသုံးအနှုန်းကို အသုံးပြုခဲ့သည်၊ “ထိုသို့သော အကျိုးကို ခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။” ထိုဝိညာဉ်တော်သည် ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်း၏ ကတိစကားဖြစ်သည်။ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်” ရောမ ၈း၁၁။ ရှင်ပြန်ထမြောက် ချိန်တွင် ကျွန်ုပ်တို့၏ခန္ဓာကိုယ်များ ပြန်လည်ရှင်သန်လာမည်ဟု သန့်ရှင်းသောဝိညာဉ်တော်က အာမခံချက်ဖြစ်ကြောင်း ဤအခန်းငယ်က ငြင်းမရသောသက်သေကို ပြပါသည်။

 


အခန်းကြီး - ၁၇

ဘယ်အချိန်မှာဆုံးရှုံးမလဲ?

ရှင်ပေါလုသည် သေလွန်သောအခါ ကောင်းကင်ဘုံသို့သွားမည့် ဝိညာဉ်အယူဝါဒကို ထာဝစဉ် ဟန့်တားသည့် အငြင်းအခုံတစ်ခုကို အသုံးပြုခဲ့ကြောင်း သတိပြုကြပါစို့။ ရိုးရှင်းသောဖော်ပြချက် တစ်ခုတွင်၊ ပေါလုသည် သဘာဝမသေနိုင်သောဘုံယုံကြည်ချက်ကို ဖျက်ဆီးခဲ့သည်။ “.......သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင် သောကြောင့် ညည်းတွားကြ၏” ဟု ၂ကော ၅း၄ တွင် ဆိုထားသည်။ သေခြင်းတရားကို မသေနိုင်သော သို့မဟုတ် ထာဝရအသက်ဖြင့်သာ ဆုံးရှုံးစေနိုင်သည်မှာ ထင်ရှားပါသည်။ ဤသည်မှာ သေသည့်အချိန်တွင် သေနေသောခန္ဓာကိုယ်မှ ၀ိညာဥ်ထွက်သွားခြင်းလား? လေ့လာ ကြည့်ကြပါစို့။ ဘုံအမြင်အရ သေနိုင်သောလူသားကား အဘယ်နည်း? ကိုယ်ခန္ဓာဖြစ်သည်။ ထို့အပြင် မသေနိုင်သောအရာကား အဘယ်နည်း? ၀ိညာဥ်ဖြစ်သည်။ ဤအရာက မှန်သည်ဟု ခဏ လောက်စဥ်းစားရအောင်၊ ထိုသို့လျှင် သေတဲ့အချိန်မှာ ဘာဖြစ်သလဲ? သေလွန်သောအခါ၌ သေတတ်သောကိုယ်ခန္ဓာသည် မသေနိုင်ခြင်းအဖြစ်သို့ပြောင်းလဲမရှိဘဲ အသက်အားလုံး ဆုံးရှုံးသွားကာ သင်္ချိုင်းတွင်း၌ ဖုန်မှုန့်အဖြစ်သို့ ပြန်ကျသွားသည်။ ထို့အပြင် ယခင်က မသေနိုင်ဟု ယူဆခဲ့သော၀ိညာဥ်သည် နောက်ပိုင်းတွင် မသေနိုင်ခြင်းဘယ်သောအခါမှ မဖြစ်တော့ပေ။ ဤနေရာ တွင် သေခြင်းကို မသေနိုင်ခြင်းဖြင့် ဆုံးရှုံးနိုင်သောအရာ တစ်စုံတစ်ခုရှိမည်လား? ပြောင်းပြန်အနေ ဖြင့် သေခြင်း သို့မဟုတ် သေနေသည့်အစိတ်အပိုင်းကို သေခြင်းတရားက မျိုချသည်။ အဘယ်ကြောင့်ဆိုသော် သေလွန်ပြီးနောက်တွင် ဝိညာဉ်သာလျှင် အသက်ရှင်ပြီး ယခင်ခန္ဓာသည် ယခုသေဆုံးသွားသောကြောင့် ယခင်ကဲ့သို့ နောက်ဘဝများ မရှိတော့ပါ။ ထိုအမြင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်တကယ်ပြောသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုအရာကို ငြင်းပယ်ရမည်။

 

ရှင်ပေါလုက ကောရိန္သုမြို့သားတို့သည် ၂ ကော ၅ တွင် မသေနိုင်ခြင်းအားဖြင့် သေခြင်းကို ဆုံးရှုံးရခြင်းအကြောင်းနှင့်ပတ်သက်၍ သူ၏ဘာသာစကားကြောင့် ရောထွေးမည်မဟုတ်ကြောင်း ပေါလုသိခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုမသေနိုင်သောအမှုကို မည်သည့်အချိန်၌ ရရှိမည်ကို ရှင်းပြသော သူ၏ပထမဆုံးစာတိုကို သူတို့အား ရေးထားပြီးဖြစ်သည်။ “....နောက်ဆုံးသော တံပိုး မှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြ မည်။ ...... ဤသေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်” ၁ ကော ၁၅း၅၂-၅၄။ မည်သည့်အချိန်တွင် သေခြင်း သို့မဟုတ် သေခြင်းတရားက “နစ်မြှပ်မည်နည်း?” “၀င်စားသောအခါ” ဟု ပေါလုဆိုခဲ့သည်။ မည်သည့်အချိန်တွင် “၀င်စားမည်နည်း”? “နောက်ဆုံး သော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌” ဖြစ်သည်။ ဤကျမ်းပိုဒ်များ၏ ရှင်းလင်းသောဘာသာစကားက ဘာကြောင့်ထိခိုက်ရှုပ်ထွေးစေနိုင်တာလဲ?

ထိုပြောင်းလဲမှုဖြစ်သော မြေကြီးသေတတ်သောခန္ဓာကိုယ်မှ ဘုန်းကြီးသောမသေနိုင်သော ခန္ဓာကိုယ်သို့ ပေါလုတောင့်တခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်း-အပြောင်းအလဲနေ့တွင် ပြောင်းလဲခြင်းဖြစ်မည်ဟု သူကဆိုသည်။ သူ၏ အဓိကမျှော်လင့်ချက်မှာ သေခြင်းတရားကို ဦးစွာမခံစားရဘဲ ပြောင်းလဲသွားခြင်းဖြစ်မည်ဟု ထင်ရသည်။ သခင်ယေရှုကြွလာသောအခါ ပြောင်းလဲခြင်းအားဖြင့် “ကိုယ်ခန္ဓာအသစ်ကိုဝတ်ရန်”တောင့်တခဲ့သည်၊ ထို့ကြောင့် သူ့အား အဝတ်အချည်းစည်း(သင်္ချိုင်း) ၌ရှိနေခြင်းဖြင့် မတွေ့ရပေ။ အပြောင်းအလဲဆိုသည်မှာ သေခြင်း တရားကို “အသက်ရှင်ခြင်းကအောင်နိုင်ခြင်း” ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကျွန်ုပ်တို့သည် ယခုလေးတင်ညွှန်ပြထားသည့်အတိုင်း၊ သေခြင်း၌ အောင်ပွဲခံသောအခါ ရှင်ပြန်ထမြောက်ခြင်း၏သေချာမှု၌ ယုံကြည်စိတ်ချမှုကို အလျင်အမြန် ဖော်ပြခြင်းဖြစ်သည် ( ကော ၁၅:၅၄)။ အပြောင်းအလဲ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း တစ်ရပ်ရပ်တွင် သူသည် မသေနိုင်သောကိုယ်ခန္ဓာကို “ယူတင်၀တ်ဆင်” မည်ဖြစ်သည်။ သေခြင်း တရားသည် အပြောင်းအလဲဖြစ်ခြင်းအားဖြင့် “ဆုံးရှုံးလိမ့်မည်” သို့မဟုတ် သေခြင်းသည် ရှင်ပြန် ထမြောက်ခြင်းအားဖြင့် “ဆုံးရှုံးလိမ့်မည်”။

ပေါလုသည် ခရစ်တော်ကြွလာချိန်တွင် ခံယူရမည့် ကိုယ်ခန္ဓာသစ်တွင် မျှော်လင့်ချက်များ ခိုအောင်းနေသောကြောင့် အဝတ်မပါသောအခြေအနေတွင် နစ်မွန်းနေမည်မဟုတ်ပေ။ “မျက်စိတမှိတ်” ပြောင်းလဲခြင်းမဖြစ်မီအချိန်ထိ သူသည် “သခင်ဘုရားနှင့်အတူထာ၀ရ” ရှိမနေ နိုင်ပါ။ ပေါလုသည် သင်္ချိုင်းတွင်း၌ ယာယီသေခြင်းကို စိတ်မဝင်စားပါ၊ အကြောင်းမှာ သေသောသူအတွက်မူ လုံး၀အချည်းနှီးဖြစ်သော အခိုက်အတန့်မျှသာ ခံစားရမည်ဖြစ်သည်။ သေခြင်းတရား၏ မနှစ်မြို့ဖွယ် အလွတ်သဘောကို ကျော်လွန်ကာ သေခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းကြား ၀ိညာဥ်များသည် သခင်ဘုရားနှင့်အတူရှိနေသည်ဟူသော အယူအဆကို ပေါလုက ငြင်းပယ်ခဲ့သည်။

 


အခန်းကြီး - ၁၈

မည်သည့်အရာအတွက်လုပ်သနည်း?
တမန်တော်သည် ကော ၅ တွင် မတည်မြဲသောဝိညာဉ်၏အယူအဆကို ဖျက်ဆီးပစ်သည့် အခြားအချက်တစ်ချက်ကို ဖော်ပြထားသည်။ အငယ် ၅ တွင် ဘုရားသခင်သည် “အကျိုးကို ခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူ”ဟု အခိုင်အမာဆိုထားသည်။ မည်သည့်အရာလဲ? လူကို ဘုရားသခင်က မည်သည့်ရည်ရွယ်ချက်အတွက် ဖန်ဆင်းခဲ့တာလဲ? သေခြင်းကို ထာဝရအသက် ရှင်ခြင်း၌ဆုံးရှုံးစေသော” အခြေအနေမျိုးကို ကျွန်ုပ်တို့ တွေ့ကြုံခံစားနိုင်သည်ဟု ပေါလုက ဖြေဆိုခဲ့သည်။ ထိုအခြေအနေက မသေနိုင်သော၀ိညာဥ်ကို ခွဲခြားလိုက်ခြင်းလား? မဖြစ်နိုင်ဘူး! အဘယ်ကြောင့်ဆိုသော် လူသည် အပြစ်မရှိပါက သေခြင်းတရားကို မမြင်ဘဲ ထိုအခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ လူသားများကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် သေခြင်းမရှိဘဲ ပြည့်စုံလိမ့်မည်ဖြစ်ပြီး မသေနိုင်သောဝိညာဉ်အယူအဆသည် မည်သည့်အခါမျှ ပေါ်ထွန်းလာမည်မဟုတ်ပေ။ အပြစ်ပြုခြင်း၊ သေခြင်းနှင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို မမြင်နိုင်သော ဝိညာဉ်အဖြစ်ထားရစ်ခြင်း “အကျိုးအတွက်” ရည်ရွယ်ပြီး ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ကြောင်း” မည်သူမျှ မယုံကြည်နိုင်ပေ။

 


အခန်းကြီး - ၁၉

ပေါလု၏ပြင်းပြသောမျှော်လင့်ခြင်း

ဖိလိပ္ပိမြို့သားများထံ ပေါလုရေးခဲ့သော ဆက်စပ်စာသားကို ကော ၅ ကဲ့သို့ လိမ်လည်ပြီး လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဤတွင် ပေါလုသည် သူ၏ မျှော်လင့်အားကြီးသောတောင့်တချက်(ဖိ ၁း၂၀-၂၄) အကြောင်း ထပ်မံပြောပါသည်။ “ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။ အသက်ရှင် သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။ ဤကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။  ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။”

ဦးစွာ၊ ခရစ်တော်နှင့်အတူရှိခြင်းနှင့်စပ်လျဉ်း၍ ပေါလု၏ ပြးပြသောမျှော်လင့်ချက်သည် အဘယ်အရာဖြစ်ကြောင်း ရှင်းလင်းကြပါစို့။ သေသောအချိန်တွင် ဘုရားသခင်နှင့်အတူရှိရန် မျှော်လင့်ခဲ့ပါသလား? သမ္မာကျမ်းစာပါ ကျမ်းပိုဒ်တစ်ခုမှ ထိုသို့သောအချက်ကို မသွန်သင်ပါ။ သူ၏ ပြင်းပြသောမျှော်လင့်ချက်နှင့်စပ်လျဉ်း၍ တမန်တော်အား ဖြေကြားပါစေ။

 

“ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တမြော်လင့်လျက် နေ၏” (ရော ၈း၁၉)။ ဘုရားသခင်၏သားတော်များ ပေါ်ထွန်းလာသောအခါ ထိုထင်ရှားမှုကား အဘယ်နည်း? အငယ် ၂၃ က ဖြေဆိုထားသည်မှာ “......သားအရာ၌ ချီးမြှောက်ခြင်းအကြောင်း တည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက် နေကြ၏။” ပေါလု၏ ပြင်းပြသောမျှော်လင့်ချက်သည် သူ၏ကိုယ်ခန္ဓာကို ရွေးနှုတ်ရမည့်အချိန် အတွက်ဖြစ်သည်။

 

ဖိလိပ္ပိ ၁း၂၀-၂၄ တွင် သခင်ဘုရားနှင့်အတူရှိမည့်အချိန်နှင့်ပတ်သက်၍ စကားလုံးတစ်လုံးမျှ မပြောခဲ့ပေ။ ပေါလုသည် ခရစ်တော်နှင့်အတူ ချက်ချင်းထွက်သွားလိုသည်ဟု အချို့က ဤကျမ်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားကြသော်လည်း ချက်ခြင်းစကားလုံးသည် သမ္မာကျမ်းစာတွင် မရှိပါ။ ဤအခန်းငယ်များတွင် ပေါလုသည် သခင်ဘုရားနှင့်အတူ ဘယ်အချိန်တွင်ရှိမည်ကို အတိအကျ မပြောပါ။

 

သူအဲဒီမှာရှိဖို့ သူ့ရဲ့ ပြင်းပြတဲ့မျှော်လင့်ချက်ကိုသာ ဖော်ပြတယ်။ သူ၏မျှော်လင့်ချက်သည် ရှင်ပြန်ထမြောက်ခြင်း သို့မဟုတ် ကိုယ်ခန္ဓာ၏ပြောင်းလဲခြင်းအပေါ် အာရုံစိုက်ထားကြောင်း အခြားကျမ်းများတွင် ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပါသည်။ တမန်တော်ကြီးသည် ခရစ်တော်နှင့်အတူ ရှိမည့်အချိန်ကို သံသယကင်းစွာဖြင့် အခြားကျမ်းပိုဒ်များတွင် ရှင်းလင်းစွာရှင်းပြထားသည်။

 

ရောမ ၈း၂၃

ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာ

၁ ကော ၅း၅
ယေရှုခရစ်၏နေ့ရက်၌ 

 

၁ ကော ၁၅း၅၁-၅၅
နောက်ဆုံးသော တံပိုးမှုတ်သောအခါ

 

ကောလောသဲ ၃း၄
ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ 

 

၁ သက် ၄း၁၆
သခင်ဘုရားသည် ကြွေးကြော်ခြင်း

 

၂ သက် ၂း၁
သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ 

 

၂ တိ ၄း၇၊၈

ထိုနေ့ရက်၌ (ပေါလုသည် ခရစ်တော်၏ဒုတိယမြောက်ကြွလာခြင်းကို ဆိုလိုသည်။)

 

ပေါလုသည် အသက်ရှင်ရန် သို့မဟုတ် သေရန် ရှုမြင်သည့် အခြေအနေနှစ်ရပ်ရှိသည်။ မြေကြီးပေါ် ရှိ ဘုရားသခင်၏အမှုတော်က သူ့ကို ဤနေရာသို့ ယူဆောင်လာခဲ့သော်လည်း ရိုက်နှက်ခြင်းများ၊ ကျောက်ခဲများပစ်ခံရခြင်းနှင့် ကိုယ်ကာယနာကျင်မှုများကြောင့် သူ ပင်ပန်းခဲ့သည်။ အသက်ရှင်ခြင်းအတွက် သေခြင်းတရားသည် လိုလားဖွယ်ကောင်းမည်ဟုနီးပါး ခံစားခဲ့ရသည်။ လမ်းကြောင်းနှစ်ခုစလုံး၏ ဆွဲငင်အားပြင်းလွန်းသဖြင့် သူနှစ်သက်သည့်လမ်းကို မဆုံးဖြတ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူ၏အကြံဉာဏ်နှင့် ကြိုးစားအားထုတ်မှု၏အကျိုးကို ပေးစွမ်းရန် ဤတွင် ရှိနေခြင်းသည် အသင်းတော်အတွက် ပို၍လိုအပ်သည်ဟု ဆိုသည်။

 


အခန်းကြီး - ၂၀

သခင်ဘုရားနှင့်အတူမည်ကဲ့သို့ရှိမည်နည်း

ရှင်ပေါလုသည် သခင်ဘုရားနှင့်အတူရှိရမည့် တစ်ခုတည်းသောနည်းလမ်းကို ဖော်ထုတ်သောအခါ မသေနိုင်သောဝိညာဉ်၏ အယူအဆကို အပြုသဘောဖြင့် ငြင်းပယ်ခဲ့သည်။ ၁ သက် ၄း၁၆၊ ၁၇ တွင် “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။”

 

“ထို့ကြောင့်” ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို ကျေးဇူးပြု၍ မှတ်သားပါ။ "ဤနည်းဖြင့်" "ဤပုံဖြင့်" "ဤနည်းလမ်းဖြင့်" ဟုဆိုလိုသည်။ ထို့ကြောင့်၊ဤနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်ရှိရပါမည်လော။” အကန့်အသတ်မရှိ၊ သခင်ဘုရားနှင့်အတူ ကျွန်ုပ်တို့သွားရမည့်လမ်းနှင့် နည်းလမ်းများကို ဖော်ပြခြင်းဖြင့် ပေါလုသည် အခြားနည်းလမ်း အားလုံးကို တားမြစ်ထားသည်။ သခင်ဘုရားနှင့် ပေါင်းသင်းရန် အခြားနည်းလမ်းရှိလျှင် ပေါလု၏ စကားသည် မိုက်မဲသော လိမ်ညာမှုတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သေသောအခါ ကျွန်ုပ်တို့၏ မသေနိုင်သောဝိညာဉ်အားဖြင့် သခင်ဘုရားထံတော်သို့သွားပါက၊ ယေရှု၏မြင်သာသော ပြန်ကြွလာခြင်း၊ သေလွန်သူများ၏ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ရှင်သော အသွင်ပြောင်းခြင်းတို့တွင် ကိုယ်တော်နှင့်အတူရှိနေမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ပေါလု၏ စကားများမှာ မှန်ကန်မှုမရှိပေ။ သခင်ဘုရား၏ ကောင်းကင်မှဆင်းသက်လာခြင်း၊ အားကြီးသော ကြွေးကြော်သံ၊ တံပိုးမှုတ်ခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း၏ ပြောင်းလဲခြင်းတို့ကို ရှောင်ရှားရန် နည်းလမ်းမရှိပါ၊ လူသေဆုံးသောအခါ အားလုံးဖြစ်ပျက်သည်အဓိပ္ပါယ်မဲ့လွန်းတဲ့ အနေအထားတစ်ရပ်ပါ။

ရှင်ပေါလုကိုယ်တိုင်က သခင်ဘုရားနဲ့သွားရမယ့်ပုံစံကို သေသေချာချာ သတ်မှတ်တဲ့အတွက်၊ ဖိလိပ္ပိ :၂၃ က စာရေးဆရာရဲ့ကိုယ်ပိုင်ရှင်းပြချက်နဲ့ ဆန့်ကျင်ဘက်တစ်ခုခုကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ လူက ဘာကြောင့် ကြိုးစားရတာလဲ? ၁ သက် ၄:၁၆၊၁၇ မှ ကျွန်ုပ်တို့မှတ်သားထားသည့်အတိုင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သခင်ဘုရားနှင့်အတူရှိမည့် နည်းလမ်းနှစ်သွယ်ကိုသာ ပေါလုသိခဲ့သည်။

 


အခန်းကြီး - ၂၁

ရှင်မလား သို့မဟုတ် သေမလား?
အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်ဘုန်းကြီးတော်မူလိမ့်မည်ဟု မျှော်လင့်ကြောင်း သူဖော်ပြခဲ့သည်။ ရှင်ပေါလုသည် ရှင်ခြင်းနှင့်သေခြင်းကို ရုပ်ခန္ဓာနှင့်ချိတ်ဆက် ထားပြီး ဝိညာဉ်ကိုချိတ်ဆက်ထားခြင်းမဟုတ်ပါ။ သူ့ကိုဆွဲဆောင်နိုင်သော အခြားရွေးချယ်မှုများမှာ "အသက်ရှင်ရန်" သို့မဟုတ် "သေရန်" ဟူ၍ဖြစ်သည်။ ဤရွေးချယ်မှုနှစ်ခုကြားတွင် သူသည် ကြေကွဲနေခဲ့သည်။ အသက်ရှင်လျှင် ခရစ်တော်၏ ဂုဏ်ကိုထွန်းလင်းမည်ဖြစ်ပြီး၊ မာတုရအဖြစ် အသေခံပါက ခရစ်တော်၏ အကြောင်းရင်းကို ဂုဏ်တင်နိုင်မည်ဖြစ်သည်။ သူ့အတွက်ရော ခရစ်တော်အတွက်ပါ ဘယ်လိုနည်းနဲ့မဆို အမြတ်ဖြစ်လိမ့်မည်။

 

ရွေးချယ်စရာနှစ်ခု (အသက်ရှင်ရန် သို့မဟုတ် သေရန်) အကြောင်းတွေးပြီးနောက် ပေါလုသည် အခြားရွေးချယ်မှုနှစ်ခုထက် "သာလွန်သည်" ဟု လျင်မြန်စွာပြောဆိုသည့် တတိယရွေးချယ်မှု တစ်ခုကို ပေါလု ရုတ်တရက် သဘောပေါက်သွားသည်။စုတေ့၍ ခရစ်တော်နှင့်အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏ဟု ဖော်ပြခဲ့သည်။ ဘယ်အရာထက်ပိုကောင်းသနည်း? ရှင်းပါတယ်၊ သူပြောဖူးတဲ့ နှစ်ခုစလုံးထက် (အသက်ရှင်ခြင်း သို့မဟုတ် သေခြင်း) ဖြစ်ပါသည်။ တဖန်၊ ပေါလုသည် အဝတ်အချည်းစည်းသေခြင်း၏ အခြေအနေကို မဖြတ်သန်းဘဲ သူ၏ကိုယ်ခန္ဓာအသစ်သို့ ပြင်းပြင်းထန်ထန် ပြောင်းလဲလိုကြောင်း ကျွန်ုပ်တို့တွေ့မြင်ရသည်။ ဤအရာက သူ၏အကြီးမားဆုံးဆန္ဒပင်ဖြစ်သည်။

 

တဖန် ကျွန်ုပ်တို့မေးရပါမည်ပေါလုသည် ဤအပြောင်းအလဲကို မည်သည့်အချိန်တွင် ဖြစ်ပေါ်လာရန် မျှော်လင့်သနည်း။ ထို့အပြင်၊ သေခြင်းမှ မသေနိုင်သောအဖြစ်သို့ ပြောင်းလဲခြင်းကို မည်သည့်အချိန်တွင် ကြိုတင်မျှော်လင့်ခဲ့သနည်း။ “ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ ငါတို့သည်လည်း ထိုသခင်နှင့် အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့” (ကော ၃း၄) ဟု သူဖြေဆို၏။ အဲ့ဒီအချိန်က ဘယ်တော့လဲ? သူ၏ဒုတိယအကြိမ်ကြွလာခြင်းတွင် ဖြစ်သည်။ ဤအရာတို့သည် ကိုယ်တော်နှင့်အတူ ဘုန်းထင်ရှားပြီးဖြစ်သလော။ မဖြစ်သေးပါ။ သူထင်ရှားတော်မူသောအခါတွင် ဖြစ်ပျက်လိမ့်မည်။

“ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏” (၁ ယော ၃း၂) ဟု ယောဟန်ကပေါလုကို သဘောတူထားသည်။ ထိုစကား၏ သက်ရောက်မှုတွေအကြောင်း ခဏလောက် စဉ်းစားကြည့်ပါ။

ဖြောင့်မတ်သောသေလွန်သူများသည် သခင်ဘုရားရှေ့တော်၌ ရှိနေပြီဆိုသည်ကို ယောဟန် မယုံပေ။ ထိုသို့ဖြစ်လျှင် ထိုသူအား သူဖြစ်သကဲ့သို့မှန်ကန်စွာ မြင်နိုင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ခရစ်တော်၏ သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ သို့သော် မည်သူမဆို သူ့ကို မြင်ဖူးသည်ဟူသော အယူအဆကို ပယ်ချပြီး သူထင်ရှားတော်မူသောအခါဖြစ်မည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

 

 


အခန်းကြီး - ၂၂
အပြောင်းအလဲဖြစ်ခြင်း သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း?
နောက်ဆုံးတွင်၊ ပေါလုသည် ဤအသက်တာကို ပြောင်းလဲပြီးထွက်ခွာခွင့်မရဘဲ သေခြင်းအားဖြင့် ထွက်ခွာရပါက ရှင်ပြန်ထမြောက်သည့်အချိန်အထိ ခရစ်တော်နှင့်အတူရှိရန် မမျှော်လင့်ထား ကြောင်း သတိပြုကြပါစို့။ ဤအကြောင်းအရာကို ၂ တိ ၄း၆-၈ တွင် ရှင်းပြထားသည်၊ “အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေ ပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊  ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”

ပေါလုသည် ဖြစ်နိုင်သမျှ အရှင်းဆုံးစကားဖြင့် ရှင်းပြရုံသာမက ခရစ်တော်ကြွလာသောအခါတွင် သူ၏ဆုလာဘ်ကို ပေးမည်ဖြစ်ကြောင်း အလေးပေးဖော်ပြသည်။ သေခြင်း၌ သူ၏ ထွက်ခွာခြင်းမှာ နီးသော်လည်း၊ ခရစ်တော်နှင့်အတူ ချက်ချင်းရှိနေရန် သူ မမျှော်လင့်ခဲ့ပေ။ သူမျှော်လင့်ထားသည် ကား “ယခုမှစ၍” ဖြစ်သည်။ မသေနိုင်သောသရဖူကို ငါ့အဘို့သိုထားပြီးဟု သူပြောသည်။ ထိုနေ့၌” “ပေါ်ထွန်းတော်မူခြင်းကိုတောင့်တသောအခြားသူများနှင့်အတူ ၎င်းကို လက်ခံရရှိမည် ဖြစ်သည်။ စင်စစ်၊ ယနေ့ကျွန်ုပ်တို့ အသက်ရှင်နေသူများသည် မှေးမှိန်မသွားသော ဖြောင့်မတ်ခြင်း သရဖူကို ပေါလုနှင့်အတူ လက်ခံရရှိမည့် အလားတူ ဘုန်းကြီးသော ပေါ်ထွန်းခြင်းကို မျှော်လင့် သင့်သည်။

 



No comments:

Post a Comment