Monday, May 25, 2026

ယေဇကျေလအနာဂတ္တိကျမ်း ၁၉

 

အခန်းကြီး - ၁၉

1 ထိုမှတပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊
2
 သင်၏အမိကားအဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။
3
 ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
4
 လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
5
 သားဆုံးရှုံးကြောင်းကို အမိသည် မြင်၍ စိတ် ပျက်သောအခါ၊ သားတကောင်ကို ယူပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့်၊
6
 သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။
7
 သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
8
 ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏။
9
 သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။
10
 သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီး ကို သီးတတ်၏။
11
 မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက် အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။
12
 သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည် တိုက်၍အသီး ကို ပိတ်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။
13
 ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင် အရပ်၌ စိုက်လျက်ရှိ၏။
14
 အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။

အနက်ဖွင့်ချက်။

၁၉:၁၄ မိခင်ဘုရင်မ ဟာမုတယ်အား (အခန်းကြီး  တွင် ခြင်္သေ့မိခင်အဖြစ်နှင့် အခန်းကြီး ၁၀ တွင် စပျစ်နိုင်ငံအဖြစ် သင်္ကေတပြုထားသည်) ဥပမာသို့မဟုတ် နှိုင်းယှဉ်ပုံစံဖြင့် ငိုကြွးမြည်တမ်းခြင်းတစ်ခု။ ယုဒပြည်တွင် ဘုရင်ဖြစ်လာခဲ့သော သူမ၏သားနှစ်ဦး ( ရာ ၂၃:၃၁၊ ၂၄:၁၈) ကို တစ်ဦးချင်းအကျင့်စာရိတ္တဆိုင်ရာ တာဝန်ယူမှု၏ မူအဆကို ဥပမာအဖြစ် အသုံးပြုသည်။ ပထမခြင်္သေ့သငယ်ဖြစ်သော ယေဟိုဟာဇ်သည် ၎င်း၏ သုံးလအုပ်ချုပ်မှုပြီးနောက် အီဂျစ်ဖါရောဘုရင် နေကိုး  မှ ရာဇပလ္လင်မှ ဖယ်ရှားခံရပြီး အီဂျစ်သို့ သံကြိုးဖြင့် ခေါ်ဆောင်သွားခံရသည် ( ရာ ၂၃:၂၉၃၃) ဒုတိယခြင်္သေ့သငယ်သည် နာခံမှုမရှိဘဲ ပုန်ကန်သော ဘုရင် ဇေဒကိယဖြစ်ပြီး၊ နေဗုခဒ်နေဇာမှ ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေးခံရသည် ( ရာ ၂၅:၇၊ ဤဟောကိန်းသည် အလွန်သေချာသဖြင့် အတိတ်ကာလဖြင့် ပြောပြထားသည်ယင်းကို ဟောကိန်းပြည့်စုံခြင်း ဟုခေါ်သည်)

19:1–14 A lament in the form of parable or allegory over the queen mother Hamutal (symbolized by a lioness in v. 2 and by a vine in v. 10). Her two sons who became kings in Judah (2 Kin. 23:31; 24:18) are used as an illustration of the principle of individual moral responsibility. The first young lion, identified with Jehoahaz, was removed from his throne by the Egyptian pharaoh Necho II after his three-month reign and was brought in chains to Egypt (2 Kin. 23:29–33). The second young lion was the disobedient, rebellious King Zedekiah, whom Nebuchadnezzar deported to Babylon (2 Kin. 25:1–7; this prediction was so certain that it was told in the past tense—so-called “prophetic perfect”).

No comments:

Post a Comment