အခန်းကြီး - ၁၈
1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
3 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
4 ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။
5 လူမည်သည်ကား၊ သဘောဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၎င်း၊
6 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
7 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊
8 အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
9 ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာ စောင့်ခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10 သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
11 အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင် ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
12 ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
13 အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ် ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14 သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
15 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
16 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊
17 ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18 အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
19 သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
20 ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
21 သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
22 ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။
23 မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော။
24 သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25 သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော။
26 တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
27 ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
28 ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
29 သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
30 သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
31 သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း။
32 အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။
အနက်ဖွင့်ချက်။
၁၈:၁–၃၂ လူတစ်ဦးချင်းစီ၏ လုပ်ရပ်များအတွက် တာဝန်ယူမှုအကြောင်း ထူးခြားသောအခန်းတစ်ခန်းဖြစ်ပြီး၊ ယခုအခါပေးနေသော အပြစ်ဒဏ်သည် ယခင်မျိုးဆက်များ၏ အပြစ်များကြောင့်ဖြစ်သည်ဟူသော အမြင်ကို ငြင်းဆိုသည် (အခန်းကြီး ၂ တွင် စကားပုံအဖြစ် ကိုးကားထားသည်)။ နောက်ခံတွင် မျိုးဆက်သုံးဆက်မှ လေးဆက်ထိ အပြစ်ဒဏ်ပေးခြင်းအကြောင်း သမ္မာကျမ်းပိုဒ်များကို နားလည်မှုလွဲမှားခြင်းရှိသည် (ထွက်။ ၂၀:၅–၆၊ ၃၄:၇၊ တရား ၅:၉–၁၀ ကိုကြည့်ပါ)။ ဤအခန်းတွင် မျိုးဆက်သုံးဆက်—ဖြောင့်မတ်သောလူ (ယေဇ ၁၈:၅)၊ သူ၏ဆိုးယုတ်သောသား (အခန်းကြီး ၁၀)၊ နှင့် ဆိုးယုတ်သောသား၏ နောင်တရသောသား (အခန်းကြီး ၁၄)—ကို ဖော်ပြထားပြီး၊ လူတစ်ဦးချင်းစီသည် ၎င်း၏ဘဝအတွက် တာဝန်ရှိပြီး၊ ဘုရားသခင်ထံတွင် တာဝန်ခံရပြီး၊ ၎င်း၏လုပ်ဆောင်ချက်များအရ ဘုရားသခင်မှ စီရင်ခံရသည်ကို ပြသရန်ဖြစ်သည်။ ဤမူများကို အခန်းကြီး ၂၁–၂၄ တွင် ရှင်းပြထားသည် (အခန်းကြီး ၃၃:၁၂–၂၀ ကိုလည်းကြည့်ပါ)။ ကျွန်ုပ်တို့၏ အမှန်တကယ်အပြုအမူသည် ကျွန်ုပ်တို့၏ ရွေးချယ်မှုများ၊ တန်ဖိုးများ၊ သဘောထားများကို ဖော်ပြပြီး၊ ထို့ကြောင့် ကျွန်ုပ်တို့၏ စရိုက်ကို ထင်ရှားစေသည်။
18:1–32 A unique chapter about the responsibility of each person for his or
her own actions, it disputes the view that the present punishment is a result
of the sins of past generations (quoted as a proverb in v. 2). In the
background is a misunderstanding of the biblical passages about punishments
going into the third or even fourth generations (see Ex. 20:5–6; 34:7; Deut.
5:9–10). Three generations are mentioned in this chapter—a righteous man (Ezek.
18:5), his wicked son (v. 10), and the wicked son’s repentant son (v. 14)—in
order to demonstrate that every one is responsible for his own life,
accountable to God, and judged by Him according to one’s own work. These
principles are explained in vv. 21–24 (see also 33:12–20). Our actual behavior
reveals our choices, values, and attitudes, thus our character.
၁၈:၄, ၂၀ ဝိညာဉ် (ဟေဗြဲ နီဖက်) သည် သေတတ်သည်။ ဤနေရာတွင် “ဝိညာဉ်” သည် လူတစ်ဦးလုံး၊ တစ်ဦးချင်းကို ကိုယ်စားပြုသည်။
18:4, 20 The soul (Hebrew nefesh)
is mortal. “Soul” here represents a whole person, an individual.
၁၈:၃၂ လှည့်ပြန်ပြီး အသက်ရှင်ပါ! လူသားများအတွက် ဘုရားသခင်၏ အဓိကသတင်းစကားသည် နောင်တရရန်—သူထံသို့ ပြန်လည်လှည့်ပြီး သူ၏ညွှန်ကြားချက်များကို လိုက်နာရန်ဖြစ်သည်။ လူသားအားလုံး အသက်ရှင်ရန် သူ၏ဆန္ဒဖြစ်သည် (အခန်းကြီး ၁၄:၆ မှတ်ချက်ကိုကြည့်ပါ)။ အသစ်၊ အဓိပ္ပါယ်ရှိပြီး ကွဲပြားသောဘဝတစ်ခုအတွက်၊ ဘုရားသခင်သည် ယုံကြည်သူများအား နှလုံးသစ်နှင့် ဝိညာဉ်သစ်ကို ပေးအပ်သည်၊ သို့သော် ၎င်းတို့သည် ဤလက်ဆောင်များကို ပုဂ္ဂိုလ်ရေးအရ လက်ခံရန်လိုအပ်ပြီး (အခန်းကြီး ၁၈:၃၁) သူအား ၎င်းတို့အတွင်း အလုပ်လုပ်ခွင့်ပေးရမည် (အခန်းကြီး ၁၁:၁၉–၂၀၊ ၃၆:၂၆–၂၈)။
18:32 turn and live! The core of God’s message to people
is to repent—to return to Him and follow His instructions. His desire for
humans is that all live (see note on 14:6). In order to live a new, meaningful,
and different life, God offers believers a new heart and a new Spirit, but they
need to personally accept these gifts (18:31) and let Him work in them
(11:19–20; 36:26–28).
No comments:
Post a Comment