အခန်းကြီး - ၁၇
1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ ပုံပြောလျက်၊
3 ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြား သော အမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊
4 အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။
5 မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။
6 အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက်၍၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ၏။
7 အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်း လည်း ထိုးလေ၏။
8 အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
9 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး၊ များပြားသော အလုံးအရင်းကို အလိုမရှိ။
10 စိုက်လျက်ရှိ၍ ကောင်းစားရာမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွါးသော လယ်ကွက်၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ၏။
11 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12 ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။
13 ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
14 ထိုနိုင်ငံသည် ယုတ်ညံ့၍နောက်တဖန်မထမကြွ ဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
15 သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။
16 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင် အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေ ပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌သေရလိမ့်မည်။
17 ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။
18 အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ။
19 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
20 ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင် မည်။
21 သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
22 တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။
23 အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။
24 ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
အနက်ဖွင့်ချက်။
၁၇:၁–၂၄ တတိယဥပမာသည် လင်းယုန်နှစ်ကောင်နှင့် စပျစ်နိုင်ငံတစ်ခုအကြောင်းဖြစ်ပြီး၊ နိုင်ငံရေးအခြေအနေတစ်ခုကို ရည်ညွှန်းသည်။ ၎င်းသည် ဇေဒကိယအား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းမပြုပါက၊ သူ၏ဇာတ်လမ်းနှင့် သူ၏စစ်တပ်၏အနာဂတ်ကို အထူးသဖြင့် ဟောကိန်းထုတ်ထားသည် (အခန်းကြီး ၁၆–၂၁)။ ပထမလင်းယုန်ကြီးသည် ယေရုဆလင်မြို့ (လေဗနုန်ဟုသင်္ကေတပြုထားသည်၊ အခန်းကြီး ၃) တွင် ဇေဒကိယအား (“စပျစ်နိုင်ငံ” ဖြစ်လာသော “မျိုးစေ့”၊ အခန်းကြီး ၅–၆) ဘုရင်အဖြစ် ခန့်အပ်ခဲ့သော နေဗုခဒ်နေဇာ ဘုရင်ကို ကိုယ်စားပြုသည်။ “သစ်ကြံ့ပင်” သည် ဒါဝိဒ်၏မင်းဆက်ကို ညွှန်ပြပြီး ၎င်း၏ “အမြင့်ဆုံးအကိုင်းအခက်” သည် နေဗုခဒ်နေဇာမှ “ကုန်သည်များမြို့” ဖြစ်သော ဗာဗုလုန်သို့ အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခံရသော ယေဟိုယချင်ကို ဆိုလိုသည် (အခန်းကြီး ၁၂)။ ကံမကောင်းစွာဖြင့်၊ ယုဒပြည်၏ နောက်ဆုံးဘုရင် ဇေဒကိယသည် ပုန်ကန်ခဲ့ပြီး အီဂျစ်နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၎င်း၏ဖါရောဘုရင် (ပဆမ်မတီကပ်စ် ၂ [ဘီစီ ၅၉၅–၅၈၉] သို့မဟုတ် ဟောဖရာ [ဘီစီ ၅၈၉–၅၇၀]) သည် ဒုတိယ “လင်းယုန်” ဖြစ်သည် (အခန်းကြီး ၇)။
17:1–24 The third parable is about two eagles and a vine and refers
to a political situation. It foretells especially to Zedekiah what will be his
fate (and that of his army) if he will not obey God’s word (vv. 16–21). The
first great eagle represents King Nebuchadnezzar, who appointed Zedekiah
(“seed” that becomes a “vine,” vv. 5–6) as king in Jerusalem (symbolized by
“Lebanon,” v. 3). The “cedar” points to David’s dynasty and its “highest
branch” is Jehoiachin, whom Nebuchadnezzar carried as a prisoner to a “city of
merchants,” identified as Babylon (v. 12). Unfortunately, the last king of
Judah, Zedekiah, rebelled and allied with Egypt whose pharaoh (Psammetichus II
[595–589 B.C.] or Hophra [589–570 B.C.]) is the second “eagle” (v. 7).
၁၇:၂၂–၂၃ နူးညံ့သောအညွှန့်။ အညွှန့်တစ်ခု၊ အကိုင်းအခက်။ ၎င်းသည် မယ်ရှိယဟောကိန်းဖြစ်သည်။ လုံးဝအသစ်ပြီး မမျှော်လင့်ထားသောနည်းဖြင့်၊ ဒါဝိဒ်၏မင်းဆက်မှ အညွှန့်တစ်ခု ပေါက်ဖွားလာပြီး၊ ဘုရင်သစ်နှင့် သူ၏နိုင်ငံတော်သည် ချဲ့ထွင်လာမည်။ တောင်သည် ယေရုဆလင်ကို ကိုယ်စားပြုသည်။ ဒါဝိဒ်မင်းဆက်၏ ဤဘုရင်ပုံသည် နောက်ဆုံးတွင် ယေရှုမယ်ရှိယကို ညွှန်ပြသည် (ဟေရှာ ၁၁:၁–၅၊ ယေ ၂၃:၅–၆၊ ၃၃:၁၅–၁၆၊ ဇာ ၃:၈၊ ၆:၁၂)။
17:22–23 a tender one. A twig, branch. This is a
messianic prophecy. In a totally new and unexpected way, a shoot grows up from
David’s house, and a new King and His kingdom will expand. The mountain
represents Jerusalem. This figure of the Davidic king points ultimately to
Jesus the Messiah (Is. 11:1–5; Jer. 23:5–6; 33:15–16; Zech. 3:8; 6:12).
No comments:
Post a Comment