Monday, May 25, 2026

ယေဇကျေလအနာဂတ္တိကျမ်း ၄၈

အခန်းကြီး - ၄၈
1 က္ကသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
10 
ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
11 
ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
12 
လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
13 
ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
14 
ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
15 
နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16 
မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။
17 
မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
18 
သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
19 
မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
20 
ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။
21 
ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။
22 
ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။
23 
ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24 
ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။
25 
ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
26 
ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
27 
ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
28 
ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
29 
ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
30 
မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊
31 
မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
32 
မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
33 
မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
34 
မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
35 
ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း။

 

အနက်ဖွင့်ချက်။

၄၈:၃၅ မြေခွဲဝေပေးခြင်းသည် တူညီပြီး အပြိုင်ဖြစ်သော အပိုင်း ၁၃ ခုအဖြစ် ခွဲဝေထားသည်။ အနွယ်တစ်ခုစီအတွက် တစ်ပိုင်း၊ အလယ်တွင် သန့်ရှင်းရာဌာနအတွက် သန့်ရှင်းသောနယ်မြေနှင့် ဗိမာန်တော်သစ်နှင့် မြို့သစ်တို့ပါဝင်သည်။ သန့်ရှင်းသောနယ်မြေအထက်တွင် အနွယ်  ခုနှင့် အောက်တွင် အနွယ်  ခုရှိသည်။ အနွယ်တစ်ခုစီ၏ တည်နေရာဖော်ပြချက်သည် ဒန်မှ ဂဒ်သို့၊ နယ်မြေအရ မြောက်မှ တောင်သို့ဖြစ်သည်။ အရှေ့မှ အနောက်သို့ အိမ်နီးချင်းတစ်ဦးစီ၏ နယ်နမိတ်များကို အလေးပေးဖော်ပြထားသည်။ သန့်ရှင်းသောမြေသစ်သည် တုရေနှင့် ဆဒုန်အထက်ရှိ ဟာမတ်အဝင်ပေါက်မှ မြောက်ဘက်နယ်နမိတ်၊ တောင်ဘက်တွင် အီဂျစ်ဝါဒီအထိ၊ ဂလာလဲပင်လယ်နှင့် သေမင်းပင်လယ်အပါအဝင် ယော်ဒန်မြစ်မှ အရှေ့ဘက်နယ်နမိတ်နှင့် မြေထဲပင်လယ်အထိ အနောက်ဘက်နယ်နမိတ်အဖြစ် ဆန့်ထွက်မည်ဖြစ်သည် (နံပါတ် ၃၄ နှင့် ဆင်တူသည်) အသေးစိတ်အတွက် ယေဇကျေလ ၄၇:၁၃၂၃ ကို ကြည့်ပါ။

48:1–35 The allotment of the land is divided into 13 equal and parallel strips: one portion to each tribe plus a sacred district at the center with the New Temple and the New City. Seven tribes are located above the sacred portion and five below that district. The description of each tribe’s location goes from Dan to Gad and territorially from the north to the south. The emphasis is on each neighbor’s borders from the east to the west. The New Holy Land would stretch from approximately the entrance of Hamath above Tyre and Sidon, as the northern border, to the Wadi of Egypt in the south, and from the Jordan River (including the Sea of Galilee and the Dead Sea), which would form the eastern border, to the Mediterranean Sea as the western border (similar to Num. 34). For details see Ezek. 47:13–23.

 

၄၈:၁၂ ထာဝရဘုရား၏ အထူးတည်ရှိမှုသည် ယဇ်ပုန်းများအတွက် သတ်မှတ်ထားသော သန့်ရှင်းဆုံးနယ်မြေ၏ အလယ်ဗဟိုတွင်ရှိမည်ဖြစ်သည်။

48:9–12 The Lord’s special presence will be at the very center of the most holy district allotted for the priests in the new sanctuary of the Lord.

 

၄၈:၁၁ ဇာဒုတ်၏သားတော်များဖြစ်သော ယဇ်ပုန်းများ။ သန့်ရှင်းပြီး သစ္စာရှိသူများအဖြစ် ဖော်ပြထားသည် (၄၀:၄၆၊ ၄၃:၁၉၊ ၄၄:၁၅ ကိုကြည့်ပါ)

48:11 the priests of the sons of Zadok. Described as consecrated and faithful (see 40:46; 43:19; 44:15).

 

၄၈:၁၅ မြို့သစ်သည် သန့်ရှင်းသောနယ်မြေ၏ တောင်ဘက်အပိုင်း၏ အလယ်တွင်ရှိမည်ဖြစ်ပြီး၊ ထို့ကြောင့် ဗိမာန်တော်သစ်နှင့် ခွဲထားမည်ဖြစ်သည်။

48:15 The New City will be in the center of the southern strip of the holy district, thus separated from the New Temple.

 

၄၈:၂၈ ပင်လယ်ကြီး။ မြေထဲပင်လယ်။

48:28 the Great Sea. The Mediterranean Sea.

 

၄၈:၃၁၃၄ မြို့သစ်၏ တံခါး ၁၂ ခု (တစ်ဖက်တွင်  ခုစီ) သည် အနွယ် ၁၂ ခု၏ အမည်များရှိသည် (ဗျာဒိတ် ၂၁:၁၂ ကိုကြည့်ပါ)

48:31–34 The 12 gates of the New City (3 on each side) have the names of the 12 tribes (see Rev. 21:12).

 

၄၈:၃၅ မြို့သစ်၏အမည်သည် မျှော်လင့်ထားသည့်အတိုင်း ဂျေရုဆလင်သစ်မဟုတ်ဘဲ၊ ထာဝရဘုရားသည် ထိုနေရာ၌ရှိတော်မူသည် ဟူ၍ဖြစ်သည်။ ဤအမည်သည် မြို့တော်သစ်အတွက် အမည်သစ်တစ်ခုသာမက၊ စာအုပ်တစ်အုပ်လုံး၏ အနှစ်သာရနှင့် အထွဋ်အထိပ်လည်းဖြစ်သည်။ စာအုပ်သည် သန့်ရှင်းသောဘုရားသခင် ဂျေရုဆလင်နှင့် ဗိမာန်တော်သို့ ကြွလာတော်မူပြီး ထိုနေရာ၌ ရှိနေတော်မူသည့် ရူပါရုံဖြင့် စတင်သည် (:၄၊ ၂၈၊ :) ဘုရားသခင်၏လူမျိုး၊ ဗိမာန်တော်နှင့် ဂျေရုဆလင်မြို့အပေါ် တရားစီရင်ခြင်းတွင် ပါဝင်ဆောင်ရွက်ပြီးနောက် (အခန်း ၁၁) ထာဝရဘုရားသည် ဗိမာန်တော်နှင့် ဂျေရုဆလင်မြို့မှ ထွက်ခွာသွားတော်မူသည် (:၆၊ ၁၀:၁၈၊ ၁၁:၂၃၂၄) သို့သော် ဗာဗုလုန်တွင် သူ၏လူများနှင့်အတူ ရှိနေတော်မူသည်။ စာအုပ်၏ နောက်ဆုံးအပိုင်းတွင်၊ ထာဝရဘုရားသည် ဗိမာန်တော်သစ်သို့ ပြန်လည်ကြွလာတော်မူပြီး (၄၃:) မြို့တော်သစ်နှင့် သန့်ရှင်းသောပြည်သစ်တွင် သူ၏လူများနှင့် အစဉ်အမြဲ အတူရှိနေတော်မူသည်။

48:35 The name for the New City is not New Jerusalem (as expected) but THE LORD IS THERE, which is not only a new name for the capital but also the theme and the climax of the whole book. The book begins with the vision of the holy God coming to and being present in Jerusalem and the temple (1:4, 28; 8:1–4). After engaging in a trial judgment over the people of God, the temple, and Jerusalem (chaps. 8–11), the Lord left the temple and Jerusalem (8:6; 10:18; 11:23–24), but was with His people in Babylon. In the final section of the book, the Lord comes back to the New Temple (43:3–5) and stays with His people in the New Capital and the New Holy Land forever.


No comments:

Post a Comment