Monday, May 25, 2026

ယေဇကျေလအနာဂတ္တိကျမ်း ၇

 

အခန်းကြီး -

1  နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊

အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။
သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏။
ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏။
အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ။
ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင် မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။
နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။
10 
နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
11 
ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။
12 
အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။
13 
ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။
14 
စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
15 
ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။
16 
သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။
17 
ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
18 
သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
19 
သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
20 
သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။
21 
တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
22 
ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
23 
သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။
24 
ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။
25 
ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။
26 
ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
27 
ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

အနက်ဖွင့်ချက်။

: အဆုံး။ အခန်းကြီး :၃၊  တွင်လည်း ဖော်ပြထားသည်။ ဤစကားလုံးအတွက် ကစားနည်းကို အာမုတ် : တွင်ကြည့်ပါ။

7:2 end. Also in vv. 3, 6. See Amos 8:2 for play on this word.

 

 : တရားစီရင်/ပြန်ဆပ်မည်။ အခန်းကြီး :၄၊ -၉၊ ၂၇ တွင်လည်း ဖော်ပြထားသည်။ တရားမျှတသော ပြန်လည်ပေးဆပ်မှု၏ ဥပဒေအတွက်၊ ဆာလံ ၂၈: မှတ်စုကို ကြည့်ပါ။

7:3 will judge/repayAlso in vv. 4, 8–9, 27. For the law of lex talionis, just retribution, see note on Ps. 28:4.

 

 :၁၀ ထိုနေ့။ အာမုတ် :၁၈-၂၀  ထာဝရဘုရား၏နေ့ ဘာသာစကားကို ထပ်မံဖော်ပြသည်။

7:10 day. Echoing the “day of the Lord” language of Amos 5:18–20.

 

 :၁၇ ရေကဲ့သို့ အားနည်းသည်။ သို့မဟုတ် ဆီးဖြင့်စိုစွတ်သည် ထိတ်လန့်မှုကြောင့် ဆီးသွားကြသည်။

7:17 weak as water. Or “wet with urine.” They pass urine in fright.

 

 :၂၃ ကွင်းဆက်။ ပြည်နှင်ဒဏ်ခံရသူများကို ဗာဗုလုန်သို့ ပို့ဆောင်ရန်အတွက် ( ရာ ၂၅:၇၊ ယေ ၄၀:၁၊ နာဟုံ :၁၀ ကိုကြည့်ပါ)

7:23 chain. For transporting the exiles to Babylon (see 2 Kin. 25:7; Jer. 40:1; Nah. 3:10).

 

 :၂၆-၂၇ အသိအမှတ်ပြုထားသော အာဏာပိုင်လမ်းကြောင်းများမှ အကူအညီမရှိပါ။

7:26–27 No help from the recognized channels of authority.

No comments:

Post a Comment