Wednesday, May 20, 2026

ရာဇဝင်ချုပ် ဒုတိယစောင်- ၃၁

 

အခန်းကြီး - ၃၁

ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။
ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။
ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။
ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။
တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။
ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရား သခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။
ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊
10 ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။
11 ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊
12 လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။
13 ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
14 အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
15 ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။
16 သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှု တော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား၎င်း၊
17 အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက် နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား၎င်း၊
18 သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား၎င်း၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ၏။
19 ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ၏။
20 ထိုသို့ဟေဇကိသည် ယုဒပြည်တရှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ၏။
21 မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန် တော်၊ တရားတော်၊ ပညတ်တော်တို့အဘို့ အမှုစောင့်စ ပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြှောက် တတ်၏။

အနက်ဖွင့်ချက်။

၃၁:၁–၂၁ ဤအခန်းသည် ဟေဇကိယ၏ ထပ်လောင်းဘာသာရေးပြုပြင်ပြောင်းလဲမှုများအကြောင်း ဖော်ပြထားသည်။

31:1–21 The chapter reports on Hezekiah’s further religious reforms.

 

၃၁:၁ သစ်သားရုပ်တုများ။ အရှရသူရာ နတ်ဘုရားမရုပ်ပုံသဏ္ဍာန်ဖြင့် ထွင်းထုထားသော အရာဝတ္ထုများကို ပုဂံယဇ်ပလ္လင်များအနီးတွင် ထားရှိခဲ့သည်။

31:1 wooden images. Carved in the image of the goddess Asherah, these objects were placed near pagan altars.

 

၃၁:၃ ထာဝရဘုရား၏ ပညတ္တိ။ ၆:၁၆ ရှိ မှတ်ချက်ကို ကြည့်ပါ။

31:3 the Law of the Lord. See note on 6:16.

 

၃၁:၅ စပါးနှင့် စပါးရည်၊ ဆီ။ ပါလက်စတိုင်းဒေသတွင် အဓိက စိုက်ပျိုးထုတ်ကုန်သုံးမျိုး။

31:5 grain and wine, oilThe three staple agricultural products in Palestine.

 

၃၁:၁၀ ဇာဒုတ်။ ဒါဝိဒ်၏ အုပ်စိုးမှုအတွင်း ထိပ်တန်းယဇ်ပုရောဟိတ်တစ်ဦး။

31:10 Zadok. One of the leading priests during David’s reign.

 

၃၁:၁၁ ထာဝရဘုရား၏ အိမ်တော်အတွင်းရှိ အခန်းများ။ ဗိမာန်တော်၏ နှစ်ဖက်သုံးဘက်စီတွင် ယဇ်ပုရောဟိတ်များအတွက် အခန်း သုံးဆယ်စီ ရှိပြီး စုစုပေါင်း အခန်း ကိုးဆယ်ရှိသည်။

31:11 rooms in the house of the LordThirty rooms for priests were located on each of the three sides of the temple, totaling ninety rooms.

 

No comments:

Post a Comment