အခန်းကြီး - ၁၇
1 ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက် စီးရာပုံဖြစ်ရ၏။
2 အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစု တို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲအိပ်ကြလိမ့်မည်။
3 ဧဖရိမ်ပြည်၌မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4 ထိုကာလ၌ ယာကုပ် အမျိုး၏ ဘုန်းသည် လျော့ ၍၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည်။
5 လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့၎င်း၊ ထိုအမှုဖြစ်ရလိမ့်မည်။
6 သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။
7 ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။
8 မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။
9 ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည်။
10 သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊
11 ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ၎င်းပြုပြီးမှ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။
13 အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူ သော ကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည်။
14 ညဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည်၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။
အနက်ဖွင့်ချက်။
၁၇:၁–၁၄ ဒမတ်စကတ်နှင့် ဧဖရိမ်ဆန့်ကျင်သော ဗျာဒိတ်တရားများ။ ဤဗျာဒိတ်တရားများသည် ယုဒပြည်ဆန့်ကျင်သော ဆီးရီးယား-ဧဖရိမ်မဟာမိတ်ဖွဲ့မှုအဖြစ် ၇:၁–၉ နှင့် ၈:၁–၄ တွင် ဖော်ပြထားသည့်နိုင်ငံများကို ဆန့်ကျင်ပြောဆိုထားသည်။ အာရှုရိတို့သည် ဘီစီ ၇၃၂ တွင် ဆီးရီးယားကိုအနိုင်ယူခဲ့ပြီး ဘီစီ ၇၂၂ တွင် ဣသရေလကိုအနိုင်ယူခဲ့သည်။
17:1–14 Oracles against Damascus and Ephraim. These oracles are spoken
against the nations that formed the Syro-Ephraimite coalition against Judah as
attested in 7:1–9 and 8:1–4. The Assyrians defeated Syria in 732 B.C. and
Israel in 722 B.C.
No comments:
Post a Comment