အခန်းကြီး - ၃
ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား
ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို
မှတ်သားသည်တွင်၊
2 အာရုန်၏သားဟူမူကား၊
သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
3 ဤသူတို့ကား၊
အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍
အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
4 နာဒပ်နှင့်အဘိဟုသည်၊
သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ
ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊
အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
5 ထာဝရဘုရားသည်
မောရှေအား မိန့်တော်မူ သည်ကား၊
6 သင်သည်
လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊
အာရုန်ထံ၌ နေရာချလော့။
7 သူတို့သည်
ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု
တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
8 သူတို့သည်
ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး
သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
9 လေဝိသားတို့ကို၊
အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား
အပိုင်ပေးရမည်။
10 အာရုန်နှင့်
သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။
သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု
မိန့်တော်မူ၏။
11 တဖန်
ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
12 ဣသရေလအမျိုးတွင်
အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊
လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
13 အကြော်းမူကား
အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊
တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့်
သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
14 တဖန်ထာဝရဘုရားသည်၊
သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
15 လေဝိသားတို့တွင်
အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
16 မှာထားတော်မူသည်အတိုင်း၊
မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
17 လေဝိသားတို့၏
နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
18 မိမိအဆွေအမျိုးအလိုက်
ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
19 မိမိအဆွေအမျိုးအလိုက်
ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
20 မိမိအဆွေအမျိုးအလိုက်
မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ
ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
21 ဂေရရှုန်မှဆင်းသက်လာသော
လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
22 ထိုအဆွေအမျိုးတို့ကို
ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
23 ဂေရရှုန်အဆွေအမျိုးတို့သည်
တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
24 ဂေရရှုန်အဆွေအမျိုး၊
သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
25 ဂေရရှုန်သားတို့
အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊
ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
26 တဲတော်နှင့်
ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ
အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27 ကောဟတ်မှဆင်းသက်သော
အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊
ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
28 တဲတော်ကို
စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊
ရှစ်သောင်းခြောက်ရာ ရှိသတည်း။
29 ကောဟတ်အဆွေအမျိုးတို့သည်၊
တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
30 ကောဟတ်အဆွေအမျိုးသူကြီးကား၊
ဩဇေလ သား ဧလိဇာဖန်တည်း။
31 သူတို့အငန်းအတာဟူမူကား၊
သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ
အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
32 ယဇ်ပုရောဟိတ်အာရုန်သား
ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို
ကြည့်ရှုစီရင်ရမည်။
33 မေရာရိမှ
ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34 ထိုအဆွေအမျိုးတို့ကို
ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
35 မေရာရိအဆွေအမျိုးသူကြီးကား၊
အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
36 မေရာရိသားတို့
အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ်
များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
37 ခြေစွပ်များ၊
တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
38 မောရှေနှင့်
အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို
စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊
အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
39 ထာဝရဘုရား
မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍
အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
40 တဖန်
ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက်
တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
41 ဣသရေလအမျိုး
သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌
တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊
ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
42 မှာထားတော်မူသည်အတိုင်း
မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
43 အသက်တလကျော်ရှိသော
သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက်
ရှိသတည်း။
44 တဖန်
ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
45 ဣသရေလအမျိုး
သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်
များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏
လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
46 လေဝိသားတို့ထက်ပိုသော
ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
47 အကျပ်တော်အလိုက်
လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
48 ပိုသောသူတို့ပေးရသော
အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
49 လေဝိသားတို့နှင့်
ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
50 မောရှေသည်
အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
51 ထာဝရဘုရားမှာထားတော်မူသော
စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
အနက်ဖွင့်ချက်။
၃:၁၂ ပထမဦးဆုံးသားအားလုံးအစား။ ဘုရားသခင်သည် အဲဂုတ္တုပြည်တွင် ဣသရေလပထမသားများကို ကယ်တင်ခဲ့သောကြောင့် ၎င်းတို့ကို မိမိအပိုင်အဖြစ် တောင်းဆိုခဲ့သည်။ တိရစ္ဆာန်ပထမသားများကို ယဇ်ပူဇော်ရသည့်အတိုင်း ဤသားများကို ယဇ်မပူဇော်ဘဲ၊ ၎င်းတို့အစား အခြားတစ်ခုခုကို ထာဝရဘုရားထံသို့ ပေးဆပ်ခြင်းဖြင့် ရွေးယူရမည် (ထွက် ၁၂:၂၉၊ ၁၃:၂၊ ၁၂–၁၅)။ အနွယ်အားလုံး၏ ပထမသားများသည် ဘုရားသခင်ပိုင်သောကြောင့်၊ ၎င်းတို့ကို ယဇ်ပုရောဟိတ်များနှင့် ၎င်းတို့၏လက်ထောက်များအဖြစ် အသုံးပြုနိုင်သည်။ သို့သော်၊ ရွှေနွားသငယ်ဖောက်ပြန်မှုအချိန်တွင် ၎င်းတို့သည် ဘုရားသခင်ထံ သစ္စာရှိခဲ့သောကြောင့် လေဝိအနွယ်တစ်ခုလုံးကို ဤအခန်းကဏ္ဍအဖြစ် ပေးအပ်ခဲ့သည် (ထွက် ၃၂:၂၅–၂၉၊ တရား ၁၀:၈)။
3:12 instead
of every firstborn. God had saved the firstborn Israelite males in
Egypt, so He claimed them as His own. Rather than sacrificing these sons, as
they were to do with firstborn animals, the Israelites were to redeem them by
giving to the Lord something in their place (Ex. 12:29; 13:2, 12–15). Because
the firstborn of all the tribes belonged to Him, God could have used them as
His priests and their assistants. However, He gave these roles to the whole
tribe of Levi instead because they were loyal to Him at the time of the gold
calf apostasy (Ex. 32:25–29; Deut. 10:8).
၃:၁၅ တစ်လအရွယ်နှင့်အထက် အမျိုးသားအားလုံး။ အခြားအနွယ်များ၏ ပထမသားများအစား ထာဝရဘုရား၏ အထူးအမှုထမ်းများအဖြစ် လေဝိများသည် ၎င်းတို့ကို ရွေးယူခဲ့သည်။ ပထမသားများကို တစ်လအရွယ်မှစ၍ ရေတွက်သောကြောင့် လေဝိများ၏ ပထမသန်းခေါင်စာရင်းသည်လည်း ထိုအရွယ်မှစ၍ ရေတွက်ခဲ့သည် (ဆက်လက်၍ ကြည့်ပါ ၃:၄၀–၅၁)။ လေဝိများ၏ ဒုတိယသန်းခေါင်စာရင်း (အခန်း ၄) သည် အမျိုးသားများကို အလုပ်သမားအင်အားအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ခဲ့သည်။
3:15 every
male from a month old and above. By taking the place of the
firstborn of the other tribes as the Lord’s special servants, the Levites
redeemed them. The firstborn were counted from a month old and up, so the first
census of Levites counted them from the same age (see vv. 40–51). A second
census of Levites (chap. 4) had the purpose of organizing men into a work
force.
၃:၃၈ တဲတော်ရှေ့တွင် အရှေ့ဘက်တွင် စခန်းချပါ။ သန့်ရှင်းရာဌာန၏ ဝင်ပေါက်ရှေ့တွင်၊ ၎င်း၏ အားနည်းဆုံးနေရာ၌ဖြစ်သည်။
3:38 camp
before the tabernacle on the east. In front of the entrance to the
sanctuary, at its most vulnerable point.
၃:၄၆ လေဝိများထက် ပိုများသည်။ ပထမသားများသည် လေဝိများထက် ၂၇၃ ဦးပိုများသည်။ ထို့ကြောင့် ၎င်းတို့ကို လေဝိများဖြင့် အစားထိုးမရွေးဘဲ၊ ငါးရှီကေလဖြင့် ရွေးယူခဲ့သည် (၃:၄၇)။
3:46 more
than the number of the Levites. There were 273 more firstborn than
Levites. So these were redeemed with five shekels each (v. 47), rather than by
having Levites substitute for them.
၃:၄၇ ငါးရှီကေလ။ အနီးစပ်ဆုံး ၂ အောင်စ (၅၅ ဂရမ်)။
3:47 five shekels. About
2 ounces (55 g).
၃:၅၀ တစ်ထောင်သုံးရာခြောက်ဆယ်ငါးရှီကေလ။ အနီးစပ်ဆုံး ၃၅ ပေါင် (၁၅.၅ ကီလိုဂရမ်)။
3:50 one
thousand three hundred and sixty-five shekels. About 35 pounds
(15.5 kg)
No comments:
Post a Comment