အခန်းကြီး - ၁၇
1 တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
2 ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
3 ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
4 မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
5 ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
6 မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
7 မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
8 လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
9 သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
10 မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
12 မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
13 အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
14 ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
15 မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
16 မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
17 အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
18 ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။
19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
20 သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။
21 မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
24 ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
25 မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။
26 ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
27 သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
အနက်ဖွင့်ချက်။
၁၇:၃ မီးသည် သတ္တုများကို သန့်စင်ပေးသကဲ့သို့၊ ဘုရားသခင်သည် စိတ်များပေါ်တွင် လုပ်ဆောင်သည်။
17:3 Just as fire refines metals, so God works on minds.
၁၇:၄ မမှန်သောနှုတ်ခမ်းများ။ လိမ်ညာမှုများ။ ရန်ငြှိုးဖွဲ့သောလျှာ။ ထိခိုက်နစ်နာစေလိုသောဆန္ဒရှိသူဖြစ်သည်။
17:4 false lips. Lies. spiteful
tongue. A person with a desire to harm.
၁၇:၅ မိမိဖန်ဆင်းရှင်ကို ကဲ့ရဲ့သည်။ မဿဲ ၂၅:၄၀ နှင့်နှိုင်းယှဉ်ပါ။ ယာကုပ် ၂:၁–၄ ကိုလည်းကြည့်ပါ။
17:5 reproaches his Maker. Compare Matt. 25:40; see also
James 2:1–4.
၁၇:၈ လက်ဆောင်။ “အဖိုးတန်ကျောက်မျက်” ကို ရည်ညွှန်းသော လာဘ်ထိုးအဖြစ် အကောင်းဆုံးနားလည်ရသည်။ ၎င်းသည် အံ့ဩဖွယ်အလုပ်လုပ်သည်။
17:8 present. Best understood as a bribe; refers to “precious
stone.” It works wonders.
၁၇:၉ ဒုစရိုက်ကို ဖုံးကွယ်သည်။ ၁ ပေတရု ၄:၈ နှင့်နှိုင်းယှဉ်ပါ။
17:9 covers a transgression. Compare 1 Pet. 4:8.
၁၇:၁၁ စေလွှတ်ခံရသည်။ မဖော်ပြထားသော အကြောင်းအမှု (အခန်းငယ် ၅) နှင့် မဖော်ပြထားသော အကြောင်းအရင်း (အခန်းငယ် ၁၃) တို့သည် မကြာခဏ ဘုရားသခင်၏ လုပ်ဆောင်မှုကို ညွှန်ပြသည်—၁၆:၅ မှတ်ချက်ကိုကြည့်ပါ။
17:11 be sent. Passives (v. 5), and unstated subjects (v. 13),
often imply divine action—see note on 16:5.
၁၇:၁၂ လုယူခံရသည်။ မိခင်ဝက်ဝံများသည် ၎င်းတို့၏သားငယ်များကို လုယူခံရသောအခါ ဒေါသထွက်ကြသည်။
17:12 robbed. Female bears are fierce when deprived of their
young.
၁၇:၁၅ တရားမျှတသူ။ “ဖြောင့်မတ်သူ” (အခန်းငယ် ၂၆ ကိုကြည့်ပါ)။ ၎င်းသည် “ဖြောင့်မတ်စေသည်” ဟူသော ဟေဗြဲအမြစ်စကားလုံးနှင့် တူသည်။ စက်ဆုပ်ရွံရှာဖွယ်။ ၃:၃၂ မှတ်ချက်ကိုကြည့်ပါ။
17:15 just. “Righteous” (see v. 26). It is the
same Hebrew root as the term for “justifies.” abomination. See
note on 3:32.
၁၇:၁၉ သူ၏တံခါးဝကို ခမ်းနားစေသည်။ သူသည် ပြသရန်အတွက် တည်ဆောက်သည်။
17:19 exalts his gate. He builds for display.
၁၇:၂၀ မကောင်းမှုထဲသို့ ကျရောက်သည်။ ၁၈:၂၁၊ ယာကုပ် ၃:၅-၈ နှင့် နှိုင်းယှဉ်ပါ။
17:20 falls into evil. Compare 18:21; James 3:5–8.
၁၇:၂၂ ရွှင်လန်းသောနှလုံး။ ၁၅:၁၅ နှင့်နှိုင်းယှဉ်ပါ။ ကျိုးပဲ့သောစိတ်ဝိညာဉ်။ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို ဖော်ပြသည်။
17:22 merry heart. Compare 15:15. broken
spirit. Describes an emotional let down.
၁၇:၂၃ နောက်ကွယ်မှ လာဘ်ယူသည်။ သို့မဟုတ် “သူ၏ရင်ခွင်မှ လာဘ်ယူသည်”။
17:23 accepts a bribe behind the back. Or, “takes a bribe from his bosom.”
၁၇:၂၄ ဉာဏ်ရည်ထက်မြက်သူသည် ဉာဏ်ပညာကို အာရုံစိုက်သော်လည်း မိုက်သောသူသည် ဘာမှမအာရုံစိုက်ပါ။
17:24 The intelligent focus on wisdom, but fools on nothing.
၁၇:၂၆ ရိုက်ပုတ်သည်။ သို့မဟုတ် အပြစ်ပေးသည်။
17:26 strike. Or, punish.
၁၇:၂၇ စကားလုံးများကို သိမ်းဆည်းသည်။ ၁၀:၁၉ ကိုကြည့်ပါ။
17:27 spares his words. Compare 10:19.
No comments:
Post a Comment