အခန်းကြီး
- ၃၃
မနာရှေသည်
အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။
2 ထိုမင်းသည်
ဣသရေလအမျိုးသား ရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား
ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
3 ခမည်းတော်ဟေဇကိဖျက်ဆီးသော
ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။
အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။
4 ယေရုရှလင်မြို့၌
ငါ့နာမကိုအစဉ် ငါတည်စေ မည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌
ယဇ်ပလ္လင်တည်းဟူသော၊
5 ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင်၊
မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။
6 မိမိသားတို့ကို
ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊
နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။
ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။
7 ဤဗိမာန်၌၎င်း၊
ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ
ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊
ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တု နှင့် တူအောင်လုပ်သော
ရုပ်တုတခုကိုတင်ထား၏။
8 ငါမှာထားသမျှအတိုင်း၊
မောရှအားဖြင့် စီရင် ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့ သည်
ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊
သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9 မနာရှေသည်
ယုဒပြည်သူ ယေရုရှလင်မြို့သား တို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊
ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည် ထက်၊ သာ၍ဆိုးသောအမှုကိုပြုစေ၏။
10 ထာဝရဘုရားသည်
မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ
နေသောကြောင့်၊
11 အာရှုရိရှင်ဘုရင်၏
ဗိုလ်မင်းများကို စစ်ချီ စေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော်၌ ဘမ်းမိ၍၊
သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။
12 ထိုသို့မနာရှေသည်
ဆင်းရဲဒုက္ခကို ခံရသော အခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏
ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊
13 ဆုတောင်းပဌနာ
ပြုသောစကားကို ဘုရား သခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊
ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည်
ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေ သိရ၏။
14 ထိုနောက်၊
ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့ အနောက် ဘက်၊ ချိုင့်ထဲမှာ ငါတံခါးဝတိုင်အောင်၎င်း၊
ဩဖေလ ရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကို တည်၏။ ယုဒပြည်တွင်
ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူး တို့ကို ခန့်ထား၏။
15 တပါးအမျိုးတို့၏
ဘုရားများနှင့် အရင်လုပ် သောရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော်
တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့
ထုတ်ပစ်လေ၏။
16 ထာဝရဘုရား၏
ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿ ဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။
ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း
မှာထား၏။
17 သို့ရာတွင်
ပြည်သားတို့သည် မြင့်သောအရပ် ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရ
ဘုရားကိုသာ ကိုးကွယ်ကြ၏။
18 မနာရှေပြုမူသောအမှုအရာ
ကြွင်းလေသမျှတို့ နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလ အမျိုး၏
ဘုရားသခင် ထာဝရဘုရား အခွင့်နှင့်သူ့အား ပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလ ရာဇဝင်၌
ရေးထားလျက်ရှိ၏။
19 သူဆုတောင်းခြင်း၊
ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ်
တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊
ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။
20 မနာရှေသည်
ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ မိမိအိမ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အားမုန်
သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21 အာမုန်သည်
အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။
22 ထိုမင်းသည်
ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်
လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။
23 ခမည်းတော်သည်
ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့ သို့ မနှိမ့်ချဘဲအထူးသဖြင့် ပြစ်မှား၏။
24 မိမိကျွန်တို့သည်
သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံ ကြ၏။
25 အားမုန်မင်းကြီး
တဘက်၌သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊
သားတော်ယောရှိကို ခမည်းတော်အရာ၌နန်းတင်ကြ၏။
အနက်ဖွင့်ချက်။
၃၃:၁–၂၅ မနာရှေ။ ယုဒပြည်၏အကြာဆုံးအုပ်ချုပ်သူဖြစ်ပြီး၊ ယုဒပြည်တွင် အကျင့်ဆိုးဆုံးဘုရင်ဖြစ်ဖွယ်ရှိသည်။ သူ၏ရုပ်တုကိုးကွယ်မှုကို အားပေးမြှင့်တင်ခြင်းသည် ယေရုရှလင်မြို့၏နောက်ဆုံးဖျက်ဆီးခံရမှု၏အကြောင်းရင်းဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင်၊ သူ၏ဘဝဇာတ်လမ်းသည် ဘုရားသခင်၏ကရုဏာတရား၏အတိုင်းအတာကို ပြသသည်။ ဤအခန်းသည် ၂ ရာဇဝင်ချုပ် ၂၁ နှင့် အပြိုင်ဖြစ်သည်။
33:1–25 Manasseh, Judah’s
longest reigning monarch, was probably the most wicked king in Judah. His
fostering of idolatry was the reason for Jerusalem’s ultimate destruction. Yet
at the same time, his life story shows the extent of divine compassion. This chapter
parallels 2 Kin. 21.
၃၃:၃ ကောင်းကင်တပ်ဖွဲ့။ ကောင်းကင်သို့ရောက်သောအရာများကို ကိုးကွယ်ခြင်းသည် မက်ဆိုပိုတေးမီးယားတွင် အလွန်ရေပန်းစားသည်။
33:3 the host of heaven. Worship
of heavenly bodies was very popular in Mesopotamia.
၃၃:၆ မီးထဲဖြတ်သွားစေခြင်း။ မနာရှေသည် ဒုတိယမဿေ ၁၈:၁၀–၁၃ ၏တားမြစ်ချက်ကို ချိုးဖောက်ပြီး ဤသို့ပြုလုပ်သည်။
33:6 to pass through the fire. Manasseh
does this in violation of Deut. 18:10–13.
၃၃:၇ ဘုရားသခင်၏အိမ်တော်။ ဘုရားသခင်၏နာမတော်ရှိရာ ဗိမာန်တော်တွင် ရုပ်တုများကို ထားရှိသည်။
33:7 the house of God. Idols
are placed in the temple where God’s name dwells.
၃၃:၉ ယုဒပြည်ကို ဖျက်ဆီးစေခဲ့သည်။ ရှေးဂျူးရိုးရာအဆိုအရ မနာရှေသည် ဟေရှာယပြည်သူ့ခေါင်းဆောင်ကို ကွပ်မျက်စေခဲ့သည်ဟု ဆိုသည် (ဟေဗြဲ ၁၁:၃၇ ကိုကြည့်ပါ)။
33:9 seduced Judah. An
ancient Jewish tradition claims that Manasseh had the prophet Isaiah executed
(see Heb. 11:37).
၃၃:၁၁ ချိတ်များဖြင့်။ ၂ ရာဇဝင်ချုပ် ၁၉:၂၈ ၏မှတ်ချက်ကို ကြည့်ပါ။
33:11 with hooks. See
note on 2 Kin. 19:28.
၃၃:၁၄ သူသည်တံတိုင်းတစ်ခုတည်ဆောက်ခဲ့သည်။ သူ၏သိမ်းဆည်းခံရမှုနှင့် နောင်တရပြီးနောက်၊ မနာရှေ၏လုပ်ဆောင်မှုများသည် ဘုရားသခင်၏ကောင်းချီးများနှင့် နိုင်ငံရေးအောင်မြင်မှု၏လက္ခဏာများဖြစ်သည်။
33:14 he built a wall. After
his captivity and repentance, Manasseh’s activities are signs of divine
blessings and political success.
၃၃:၁၈ သူ့ထံသို့ပြောဆိုသော ပရောဖက်များ။ မနာရှေသည် ဘုရားသခင်၏တမန်များက ကြိုတင်သတိပေးခံရသည်။
33:18 the seers who spoke to him. Manasseh
had been forewarned by God’s messengers.
၃၃:၂၀ သူ၏အိမ်တွင်။ ဘုရင်၏နောင်တရမှုသည် ကောင်းချီးများနှင့်ပြည့်သောဘဝတစ်ခုနှင့် ငြိမ်းချမ်းသောသင်္ချိုင်းသို့ရောက်ရှိစေသည်။
33:20 in his own house. The
king’s repentance resulted in a life of blessings as well as in a peaceful
burial.
၃၃:၂၄ သူ့ကိုသတ်ခဲ့သည်။ သူ၏ဖခင်၏နောင်တရမှုသည် သဘာဝသေဆုံးမှုကို ဖြစ်ပေါ်စေခဲ့သည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
33:24 killed him. In
contrast with his father’s repentance that resulted in a natural death.
No comments:
Post a Comment