Thursday, May 21, 2026

ဆာလံကျမ်း ၂၀

 

အခန်း ၂၀

ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။
သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။
ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။
ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။
အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ။

 

အခန်းကြီး - ၂၀

၂၀  သန့်ရှင်းရာဌာနမှ အကူအညီကို စေလွှတ်တော်မူပါ!

20—Send Help from the Sanctuary!

 

ဆာလံ ၂၀ နှင့် ၂၁ သည် ဘုရင့်စစ်တိုက်ချီသည့်အခါ (ဆာလံ ၂၀) နှင့် အောင်နိုင်ပြန်လာသည့်အခါ (ဆာလံ ၂၁) သီဆိုရန် ရည်ရွယ်ထားသော ဘုရင်ဆိုင်ရာဆာလံများဖြစ်သည်။ နှစ်ပုဒ်စလုံးကို တုံ့ပြန်သီဆိုနည်း (အပြန်အလှန်အပိုင်းများဖြင့်) သီဆိုလေ့ရှိသည်။

Ps. 20 and 21 are companion royal psalms, probably to be sung at the time when the king went out to battle (Ps. 20) and when he returned (Ps. 21). Both were probably sung antiphonally (with alternating responsive parts).

 

၂၀:၂၊  သန့်ရှင်းရာဌာနမှ အကူအညီစေလွှတ်တော်မူပါ...သူ၏သန့်ရှင်းသောကောင်းကင်မှ။ ကောင်းကင်သန့်ရှင်းရာဌာနမှ ဘုရားသခင်တုံ့ပြန်တော်မူသည့် ကျမ်းစာပါအချက်များစွာထဲမှ တစ်ခု (ဆာ ၁၈၊  ရာ  ၂၂ တို့တွင်လည်း ဤအကြောင်းကို အသေးစိတ်ဖော်ပြထားသည်)။

20:2, 6 send you help from the sanctuary … from His holy heaven. One of the many passages of Scripture where God responds from the heavenly sanctuary (see, e.g., Ps. 18, the same as 2 Sam. 22, where this theme is developed in great detail).

 

၂၀:၉ ဘုရင်။ ဒါဝိဒ်သည် မြေကြီးပေါ်ရှိဘုရင်ဖြစ်သော်လည်း၊ ဘုရားသခင်သည်သာလျှင် အဆုံးအဖြတ်ပေးနိုင်သော အစစ်အမှန်ဘုရင်ဖြစ်သည် (၅ ရာ ၂၉:၂၃)။ ဆာလံများစွာတွင် ဘုရားသခင်အား ဘုရင်အဖြစ် ရည်ညွှန်းထားသည်။

20:9 the King. Although David is the earthly king, God is the ultimate King (1 Chr. 29:23); many psalms refer to God as King (see Introduction, “Psalm Types”).

No comments:

Post a Comment