Wednesday, May 20, 2026

ဓမ္မရာဇဝင်စတုတ္ထစောင် ၉

 

အခန်းကြီး -

1 ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
10 
ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
11 
ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
12 
သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
13 
သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14 
ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
15 
သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
16 
ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
17 
ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
18 
မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
19 
ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
20 
စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
21 
ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
22 
ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
23 
ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
24 
ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
25 
ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
26 
အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
27 
ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
28 
သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
29 
ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
30 
ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။
31 
ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊
32 
ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။
33 
ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
34 
စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊
35 
သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။
36 
ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။
37 
သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။

အနက်ဖွင့်ချက်။

:၁၄ ဘုရားသခင်က ဧလိယအား သိနာတောင်ပေါ်တွင်ပေးသော သုံးခုမြောက်တာဝန်မှာ ယေဟုကို ဣသရေလ၏ဘုရင်အဖြစ် ဘိသိက်ပေးရန်ဖြစ်သည်။ ဤတာဝန်ကို ဧလိယသည် ၎င်း၏ဆက်ခံသူ ဧလိရှအား လွှဲပြောင်းပေးခဲ့သည် ( ရာ ၁၉:၁၅၊၁၆)

9:1–14 The last of the three tasks given by God to Elijah on Mount Sinai was the anointing of Jehu as king in Israel. This task Elijah passed on to his successor Elisha (1 Kin. 19:15–16).

 

: ယေဟု။ ဩမ္မြီ၏မင်းဆက်ကို အဆုံးသတ်ပြီး အာဟပ်၏အိမ်တော်ကို ဖျက်ဆီးခဲ့သော ဣသရေလ၏ဘုရင်။

9:2 Jehu. A king of Israel who put an end to the dynasty of Omri and destroyed the house of Ahab.

 

: ထာဝရဘုရားမိန့်တော်မူသည်ကား။ ပရောဖက်ထုတ်ပြန်ချက်တခုကို ဖော်ပြရာတွင်သုံးသော တရားဝင်စကားစု။

9:3 Thus says the LordA formula introducing a solemn prophetic pronouncement.

 

: အိမ်ထဲသို့ဝင်သွားသည်။ ယေဟုသည် ရှောလမင်းကဲ့သို့ သီးသန့်နေရာတွင် ဘိသိက်ပေးခြင်းခံရသည်။

9:6 went into the house. Jehu is anointed in a private place just like Saul (1 Sam. 10:1).

 

: ငါ့ကျွန်ပရောဖက်များ၏အသွေး။ ဧလိယလက်ထက်တွင် ယေဇဗေလသည် ဘုရားသခင်၏ပရောဖက်များကို အစုလိုက်သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်။ သူမသည် ထာဝရဘုရား၏ကျွန်များအားလုံးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ယေဇဗေလ။ အာဟပ်၏ဇနီးဖြစ်သူသည် ဣသရေလတွင် ဗာလဘုရားကိုးကွယ်မှုကို တရားဝင်ခွင့်ပြုခဲ့သည်။

9:7 the blood of My servants the prophets. Jezebel was responsible for a mass murder of God’s prophets in Elijah’s time (1 Kin. 18:4, 22). She also persecuted all the servants of the Lord. Jezebel. King Ahab’s wife who legitimized the worship of Baal in Israel.

 

:၁၁ ရူးသူ။ ဣသရေလ၏စစ်ဗိုလ်မှထုတ်ပြောသော ဤအပြစ်တင်အမည်သည် ဆီးရီးယားတို့က ဣသရေလ၏ပရောဖက်များအား ပြသောလေးစားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

9:11 madman. This scornful name spoken by Israel’s military officer contrasts with the respect shown to the prophets of Israel by the Syrians.

 

:၁၂ ဤသို့ဤသို့။ စကားလုံးများကို အတိအကျထပ်မံပြောဆိုခြင်းကို ဖော်ပြသော ရိုးရာအသုံးအနှုန်း။

9:12 Thus and thusA conventional expression indicating an exact repeating of words.

 

:၁၃ တံပိုးမှုတ်ကြလေ၏။ ဘိသိက်အခမ်းအနားတခု၏ ပုံမှန်အစိတ်အပိုင်းတခုဖြစ်သည်။

9:13 they blew trumpetsA typical part of a coronation ceremony (1 Kin. 1:39–40).

 

:၁၅ ယေဇရေလ။ ဣသရေလတွင် ခံတပ်အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သော မြို့တမြို့။ ယေဟုသည် ၎င်း၏ဘိသိက်သတင်းကို ယေဇရေလသို့ သူကိုယ်တိုင်မရောက်မီ မရောက်ရှိစေလိုခဲ့ပါ။

9:15 JezreelThe city that was a fortified administrative center in Israel. Jehu did not want the news of his anointing to reach Jezreel before he got there in person.

 

:၁၇ ငြိမ်းချမ်းရေး။ ဤတွင် ဟေဗြဲစကားလုံး ရှာလုံသည် ပုန်ကန်မှု၏ဆန့်ကျင်ဘက်အဖြစ် သုံးစွဲသည်။

9:17 peace. The Hebrew word shalom is used here as the opposite of rebellion.

 

:၂၀ သူသည် ရူးသွပ်စွာ မောင်းနှင်သည်။ ယေဟုသည် သူ၏ရထားကို အဆမတန်မောင်းနှင်သော်လည်း၊ သူ့နောက်ကွယ်ရှိ ကြီးမားသောတပ်ဖွဲ့သည် ယေဇရေလသို့ နှေးကွေးပြီး ထိတ်လန့်ဖွယ်ရာ ချီတက်လာနေသည်။

9:20 he drives furiouslyAlthough Jehu drives his chariot wildly, his large force behind him is making a slow and ominous move toward Jezreel.

 

:၂၂ မတရားမေထုန်နှင့် သူမ၏စုန်းအတတ်။ ပထမစကားလုံးကို ရုပ်တုကိုးကွယ်ခြင်းဟုလည်း ဘာသာပြန်နိုင်သည်။ ဤအပြစ်များအားလုံးသည် သေဒဏ်ပေးနိုင်သည့်အရာများဖြစ်သည်။

9:22 the harlotries … and her witchcraft. The first word can also be rendered as idolatry. All these sins are punishable by death.

 

:၂၅ နာဗုတ်၏လယ်ကွင်း။ ယေဇဗေလသည် ဤအပြစ်မရှိသူနှင့် သူ၏သားများကို သတ်ဖြတ်ရန် စီစဉ်ခဲ့ပြီး သူ၏စပျစ်ဥယျာဉ်ကို သိမ်းယူခဲ့သည်။ ဧလိယသည် ဤရာဇ၀တ်မှုအတွက် အာဟပ်ကို ရှုတ်ချခဲ့သည် ( ရာ ၂၁)

9:25 the field of Naboth. Jezebel arranged the murder of this innocent man and his sons in order to appropriate his vineyard. Elijah condemned Ahab for this crime (1 Kin. 21).

 

:၂၇ မေဂိဒ္ဒို။ မနာရှေးမျိုးနွယ်စု၏ နယ်မြေတွင်တည်ရှိသောမြို့။ ယေဟုသည် ယုဒဘုရင်ကို သတ်ရန် အမိန့်မခံရပါ။

9:27 Megiddo. A city located in the territory of Mannaseh’s tribe. Jehu was not commanded to kill the king of Judah.

 

:၃၀ သူမ၏ဦးခေါင်းကို အလှဆင်သည်။ ယေဇဗေလသည် အေးစက်ပြီး မာနကြီးသောအမျိုးသမီးအဖြစ် သရုပ်ဖော်ထားသည်။ ယေဟုနှင့်မတွေ့မီ သူမကိုယ်သူမ လှပအောင်ပြင်ဆင်မှုသည် သူမ၏ ဆိုးရွားသောအဆုံးသတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည် (၃၃ ကိုကြည့်ပါ)

9:30 adorned her head. Jezebel is portrayed as a cold and proud woman. Her act of prettying herself before meeting Jehu contrasts with her miserable end (v. 33).

 

:၃၁ ဇိမရိ။ သူသည် ဘာရှသား ဧလသည်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဘာရှမိသားစုအားလုံးကို ဖယ်ရှားခဲ့သည် ( ရာ ၁၆:-၁၄) ဇိမရိသည် အာဟပ်၏ဖခင်ဩမိရှိမှ သတ်ဖြတ်ခံခဲ့ရသည်။ ယေဟုသည် အာဟပ်၏မိသားစုအပေါ် ဇိမရိပြုခဲ့သည့်အတိုင်း ပြုလုပ်နေသည်။ ယေဇဗေလသည် ယေဟု၏အုပ်စိုးမှုသည် ဇိမရိ၏အုပ်စိုးမှုကဲ့သို့ တိုတောင်းလိမ့်မည်ဟု ပြောနေသည်။ သူမသည် သူ၏တရားဝင်မှုကို တည်ဆောက်ရန် သူမနှင့် မဟာမိတ်ဖွဲ့ရန် အဆိုပြုနေပေမည်။

9:31 Zimri. He assassinated Elah, son of Baasha, and eliminated all the members of Baasha’s family (1 Kin. 16:8–14). Zimri was killed by Ahab’s father Omri. Jehu is doing the same as Zimri did to the family of Ahab. Jezebel is telling Jehu that his reign will be short like Zimri’s. She may be proposing to ally himself with her to establish his legitimacy.

 

:၃၂ ချွင်းစေ့များ။ တော်ဝင်သမင်္ဂါကို တာဝန်ယူထားသော ကျွန်များ။ နောက်ပိုင်းတွင် ဤဝေါဟာရသည် မည်သည့်တော်ဝင်အရာရှိမဆို အကျုံးဝင်ရန် ချဲ့ထွင်ခဲ့သည်။

9:32 eunuchsServants in charge of the royal harem. Later, the term was broadened to include any royal officer.

 

:၃၆ ခွေးများစားလိမ့်မည်။ သင့်လျော်သောသင်္ဂြိုဟ်မှုအစား၊ သေဆုံးသူ၏ခန္ဓာကိုယ်ကို မသန့်ရှင်းသောတိရစ္ဆာန်များနှင့် ငှက်များစားသုံးခြင်းသည် အကြီးမားဆုံးသော ကျိန်စာတစ်ခု၏ လက္ခဏာဖြစ်သည်။

9:36 dogs shall eat. Instead of a proper burial, having one’s dead body eaten by unclean animals and birds was a sign of the greatest curse.

No comments:

Post a Comment