Monday, May 18, 2026

ဝတ်ပြုရာကျမ်း ၉

 

အခန်းကြီး - ၉

တဖန်ထာဝရဘုရားက၊
သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။
ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ၏။
သူ၏ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့၌ တပ်လေ၏။
10 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။
11 ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ၏။
12 လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။
13 အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။
14 ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။
15 နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့် သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။
16 အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသော အမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏
17 အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာ ရှို့ရ၏။
18 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
19 သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
20 သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။
21 ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
22 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
23 သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။
24 အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
25 ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊-
26 ထာဝရဘုရားရှေ့တော်၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင်၊-
27 အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။
28 ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
29 ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။
30 တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။
31 မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။
32 ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။
33 သင်တို့ကို အရာ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
34 ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။
35 ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ်၍၊-
36 မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။

အနက်ဖွင့်ချက်။

၉:၇ သင်ကိုယ်အတွက် အပြစ်ဖြေရာ။ အာရုန်သည် သူ၏လူများအတွက် အပြစ်ဖြေရာပြုလုပ်မည်မတိုင်မီ၊ သူကိုယ်တိုင်အတွက် အပြစ်ဖြေရာလိုအပ်သည်။ ဣသရေလယဇ်ပုရောဟိတ်စနစ်နှင့် မြေကြီးပေါ်ရှိ ဗိမာန်တော်သည် သိသာထင်ရှားသော ကန့်သတ်ချက်များရှိသည်။ သို့သော် ခရစ်တော်သည် မသေနိုင်၊ အပြစ်ကင်းစင်ပြီး ဘုရားဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံရှိ ပိုမိုကောင်းမွန်သောဗိမာန်တော်တွင် မဟာယဇ်ပုရောဟိတ်ဖြစ်သည် (ဟေဗြဲ ၇-၁၀)။ 

9:7 make atonement for yourself. Before Aaron could make atonement for his people, he needed atonement for himself. The Israelite priesthood and sanctuary on earth had serious limitations. Christ, on the other hand, is immortal, sinless, and divine. So He is a much greater High Priest in a better sanctuary in heaven (Heb. 7–10).

 

၉:၁၁ မီးဖြင့်လောင်ကျွမ်းစေ။ ယဇ်ပုရောဟိတ်များသည် ၎င်းတို့၏ကိုယ်ပိုင်သန့်စင်ရာယဇ်ပူဇော်မှုမှ စားသုံးခွင့်မရှိခဲ့ပေ၊ ဤကိစ္စတွင် သွေးကို ပြင်ပယဇ်ပလ္လင်ပေါ်သို့သာ လိမ်းထားခဲ့သည်မှာ (အခန်းကျဉ်း ၉)။ သို့သော် ပြင်ပယဇ်ပလ္လင်ပေါ်ရှိသွေးသည် ယဇ်ပလ္လင်သည် ဗိမာန်တော်၏အစိတ်အပိုင်းဖြစ်သောကြောင့် ဗိမာန်တော်တစ်ခုလုံးကို ထိခိုက်စေသည်။ 

9:11 burned with fire. The priests could not eat from their own purification offering, even though the blood was only applied to the outer altar in this case (v. 9). Nevertheless, the blood on the outer altar affected the whole sanctuary because the altar was part of it.

 

၉:၂၄ မီးထွက်လာသည်။ အာရုန်နှင့်သူ၏သားများက ပထမဆုံးပူဇော်သော ယဇ်ပူဇော်မှုများကို လောင်ကျွမ်းစေခြင်းဖြင့် (၁ရာ ၁၈:၃၈-၃၉ နှင့်နှိုင်းယှဉ်ပါ)၊ ဘုရားသခင်သည် ၎င်းတို့ကို သူ၏ယဇ်ပုရောဟိတ်များအဖြစ် လက်ခံကြောင်း ပြသခဲ့သည်။ ထာဝရဘုရား၏မီးသည် သူ၏တည်ရှိမှုကို နေရာယူထားသော ဗိမာန်တော်အတွင်းမှ ထွက်လာသည်။ မောရှေသည် ဗိမာန်တော်ကို တည်ဆောက်သောအခါ၊ ဘုရားသခင်သည် ၎င်းကို ထုံးတမ်းများဖြင့် သန့်ရှင်းပြုမလုပ်မီ (ဝတ် ၈) ဝင်ရောက်နေထိုင်ခဲ့သည် (ထွက် ၄၀:၃၄-၃၅)။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများသည် လူ့လုပ်ဆောင်မှုအပေါ် မမှီခိုကြောင်း ပြသခဲ့သည်။ ဣသရေလပြည်ပြင်ပတွင်၊ လူများသည် ၎င်းတို့၏ဘုရားများကို ကိုယ်စားပြုသော ရုပ်တုများကို ဘုရားကျောင်းအသစ်များသို့ ရွှေ့ပြောင်းခဲ့ကြသည်။ သို့သော် ဣသရေလ၏ဗိမာန်တော်တွင် ဘုရားသခင်ကိုယ်တော်တိုင် နေထိုင်ခဲ့သည်။ 

9:24 fire came out. By consuming the first set of sacrifices offered by Aaron and his sons (compare 1 Kin. 18:38–39), God showed that He accepted them as His priests. The Lord’s fire came out of the sanctuary from where His Presence had taken up residence. When Moses had set up the sanctuary, God had moved in (Ex. 40:34–35) before it was even consecrated by rituals (Lev. 8). Thus He showed that His movements did not depend upon human activity. Outside Israel, people moved idols, representing their gods, into new temples. But the deity Himself lived at Israel’s sanctuary.

 

No comments:

Post a Comment