အခန်းကြီး - ၂၇
1 ကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
2 ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။
3 ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မ ခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။
4 ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့ မည်။
5 သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ငါနှင့် မိဿဟာယ ဖွဲ့ကြစေ။ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ သော။
6 နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သ ဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။
7 သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော။
8 သူ့ကို စွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ ၏။ အရှေ့လေလာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။
9 ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။
10 သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့်၍ ပစ်ထားသောနေရာဖြစ် လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။
11 အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍မီးရှို့ကြလိမ့် မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထို့ ကြောင့်၊ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။
12 အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။
13 ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။
အနက်ဖွင့်ချက်။
၂၇:၁ လီဗျာသန်ဤလျှို့ဝှက်ဆန်းကြယ်သောသတ္တဝါကို “ပြေးသောမြွေ”၊ ပင်လယ်ထဲရှိတစကရူး၊ သို့မဟုတ် ပင်လယ်ဘီလူးဟု ဤအကြောင်းအရာတွင် ရည်ညွှန်းသည်။ ၎င်းသည် ယောဘ ၃:၈၊ ၄၁:၁၊ ဆာလံ ၇၄:၁၄၊ ၁၀၄:၂၆ တွင်ဖြစ်ပွားသည်။ ဤသတ္တဝါသည် ယောဟန်အား စာတန်ကို နဂါးနှင့် ရှေးဟောင်းမြွေအဖြစ် ဖော်ပြရန် နောက်ခံပေးခဲ့ဖူးသည် (ဗျာ ၁၂:၉၊ ၂၀:၂)။
27:1 Leviathan. This mysterious creature is referred
to in this setting as the “fleeing serpent,” the reptile that is in the sea, or
the sea monster. It occurs in Job 3:8; 41:1; Ps. 74:14; 104:26. This creature
may have provided John the background for identifying Satan as a dragon and as
an ancient serpent (Rev. 12:9; 20:2).
၂၇:၁ လီဗျာသန်ဤလျှို့ဝှက်ဆန်းကြယ်သောသတ္တဝါကို “ပြေးသောမြွေ”၊ ပင်လယ်ထဲရှိတစကရူး၊ သို့မဟုတ် ပင်လယ်ဘီလူးဟု ဤအကြောင်းအရာတွင် ရည်ညွှန်းသည်။ ၎င်းသည် ယောဘ ၃:၈၊ ၄၁:၁၊ ဆာလံ ၇၄:၁၄၊ ၁၀၄:၂၆ တွင်ဖြစ်ပွားသည်။ ဤသတ္တဝါသည် ယောဟန်အား စာတန်ကို နဂါးနှင့် ရှေးဟောင်းမြွေအဖြစ် ဖော်ပြရန် နောက်ခံပေးခဲ့ဖူးသည် (ဗျာ ၁၂:၉၊ ၂၀:၂)။
27:7–11 The passage makes a case that judgment was to purge idolatry from
God’s people. The question of v. 7 leads to the affirmation of v. 9 according
to which even judgment through exile has a redemptive component.
ဟေရှာယ ၂၇:၁၂-၁၃ ဟေရှာယတွင် ထုံးစံအတိုင်း တရားစီရင်ခြင်းနှင့် ကယ်တင်ခြင်းဆိုင်ရာ ကျမ်းပိုဒ်များ လှည့်ပတ်ဖြစ်ပေါ်နေသည်။ “ထိုနေ့ရက်၌” ဟူသောအသုံးအနှုန်းနှင့် ဘုရားသခင်၏ထင်ရှားခြင်း၏ ထုံးစံဖြစ်သော တံပိုးကြီးမှုတ်သံသည် ဘုရားသခင်၏လူများကို လွတ်မြောက်စေရန် ဘုရားသခင်၏ ပြတ်ပြတ်သားသားလုပ်ဆောင်မှုကို ဖော်ပြသည်။ အဲဂုတ္တုပြည်မှ ထွက်ခွာခြင်း၏ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ရန်ဖြစ်သကဲ့သို့၊ အာရှုရိနှင့် အဲဂုတ္တုမှ ဘုရားသခင်၏လူများကို စုစည်းခြင်းသည် ယေရုဆလင်ရှိ သန့်ရှင်းသောတောင်ပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်နိုင်စေသည်။ (နောက်ဆုံးနေ့တွင် တံပိုးနှင့်ပတ်သက်၍ ဇာခရိ ၉:၁၄၊ မ ၂၄:၃၁၊ ၁ ကော ၁၅:၅၂၊ ၁ သက် ၄:၁၆၊ ဗျာ ၁၁:၁၅ ကိုကြည့်ပါ။)
27:12–13 The alternation of judgment and salvation
passages so typical and prevalent in Isaiah occurs in this chapter also. The
mention of the expression “in that day,” and the sounding of the great trumpet
typical of the manifestation of God, shows a decisive action from God to bring
about the liberation of His people. Just as the purpose of the exodus from
Egypt was to lead the people to worship God, the gathering of God’s people from
Assyria and from Egypt make possible the worship of God in the holy mount at
Jerusalem. (For the mention of the trumpet with a last-day connotation, see
Zech. 9:14; Matt. 24:31; 1 Cor. 15:52; 1 Thess. 4:16; Rev. 11:15.)
No comments:
Post a Comment