အခန်းကြီး
- ၁၃၅
ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။
2 ထာဝရဘုရား၏
အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏
ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
3 ထာဝရဘုရားသည်
ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို
ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
4 အကြောင်းမူကား၊
ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို
ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
5 ထာဝရဘုရားသည်
ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို
ငါသိ၏။
6 ထာဝရဘုရားသည်
ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို
ပြုတော်မူ၏။
7 မြေကြီးစွန်းမှ
မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။
ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
8 အဲဂုတ္တုပြည်၌
လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
9 အို အဲဂုတ္တုပြည်၊
သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊
အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
10 အာမောရိပြည်ကို
အစိုးရသော ရှိဟုန်မင်း၊
11 ဗာရှန်ပြည်ကို
အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော
လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
12 သူတို့နေရာ
မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
13 အိုထာဝရဘုရား၊
ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက်
တည်ပါ၏။
14 ထာဝရဘုရားသည်
မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
15 သာသနာပလူတို့
ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော
အရာပေတည်း။
16 ထိုရုပ်တုတို့သည်
နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
17 နားရှိ၍ မကြားတတ်။
သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
18 လုပ်သော သူတို့လည်း
အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။
19 အိုဣသရေလ အမျိုး၊
ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို
ကောင်းကြီးပေးလော့။
20 အိုလေဝိအမျိုးအနွယ်၊
ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို
ကောင်းကြီး ပေးကြလော့။
21 ယေရုရှလင်မြို့မှာ
ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။
ဟာလေလုယ။
အနက်ဖွင့်ချက်။
၁၃၅ — ထာဝရဘုရားသည် မိမိလူမျိုးကို အမှန်တရားထင်ရှားစေတော်မူမည်
ချီးမွမ်းခြင်းသီချင်း။ ဘုရားသခင်၏ကြီးမြတ်မှုကို အခြားလူမျိုးတို့၏ အားနည်းသောရုပ်တုဘုရားများနှင့် ထင်ရှားစွာနှိုင်းယှဉ်ထားသည်။ အသက်ရှင်သောဘုရားသခင်သည် သမိုင်းတွင်း၌ ပြုမူတော်မူသည် - ကမ္ဘာကိုဖန်ဆင်းခြင်း၊ မိမိလူမျိုးအတွက် စွက်ဖက်ခြင်း၊ ကတိတော်မြေသို့ လုံခြုံစွာပို့ဆောင်ခြင်း။ ရုပ်တုများမူကား အားနည်းသည် (၁၅-၁၇)။ ဤကဗျာ၏ဗဟိုတွင် ဘုရားသခင်၏အံ့ဖွယ်တန်ခိုး၊ မြေကိုပေးသနားခြင်းနှင့် ပဋိညာဉ်လူမျိုး၏ကယ်တင်ခြင်း (၈-၁၄) တို့ကို ဖော်ပြထားသည်။ စစ်မှန်သောထာဝရဘုရားကို ချီးမွမ်းရမည် (၁-၄၊ ၁၉-၂၁)။ ၁၅-၂၀ သည် ဆာလံ ၁၁၅:၄-၁၁ နှင့်ဆင်တူသည်။
135—The Lord Will Vindicate His People
Hymn of praise. The greatness of God is sharply
contrasted with the gods of other nations, powerless idols. The living God acts
in history: He created the world, intervened for His people, and led them
safely to the promised land. On the other hand, idols are powerless (vv.
15–17). At the center of the poem is a manifestation of God’s miraculous power,
the gift of the land, and salvation of His covenant people (vv. 8–14). The true
Lord needs to be praised (vv. 1–4, 19–21). Vv. 15–20 are similar to 115:4–11.
၁၃၅:၁၄ "တရားစီရင်တော်မူမည်" -
"ကာကွယ်မည်"၊ "ဖြောင့်မတ်ကြောင်းသက်သေပြမည်" ဟုအဓိပ္ပာယ်ရသည်။
135:14 judge. “Defend,”
“vindicate.”
No comments:
Post a Comment