အခန်းကြီး - ၂၅
1 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
2 မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ။
3 ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
5 သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊တ ကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။
6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည်။
7 လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။
8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
9 ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
10 အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
11 ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကို ဆန့် ၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။
12 သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။
အနက်ဖွင့်ချက်။
၂၅:၆ ပွဲတော်ပွဲတော်ဆိုင်ရာဘာသာစကားသည် ဆီနာတောင်တွင် ပဋိညာဉ်ပြီးနောက်ကျင်းပသော ပွဲတော်ကဲ့သို့ (ထွက် ၂၄:၉-၁၁) နှင့်ဆင်တူသော ပဋိညာဉ်သစ်နှင့် ၎င်း၏ကျင်းပမှုကို ညွှန်ပြသည်။
25:6 A feast. The festive language signals a new era, similar
to a new covenant and its celebration, like the feast after the covenant at
Sinai (see Ex. 24:9–11).
၂၅:၈ မျိုချခြင်း ဘုရားသခင်၏ကယ်တင်ခြင်းသည် သေခြင်းတရား၏အဆုံးသတ်ပါဝင်မည်။ သေခြင်းသည် မျိုချခြင်းခံရလိမ့်မည်။ ဤကယ်တင်ခြင်း၏ မခွဲမဖြတ်နိုင်သော အစိတ်အပိုင်းတစ်ခုမှာ အခန်းကဏ္ဍ ၂၆:၁၉ တွင် ဖော်ပြထားသော သေလွန်သူများထမြောက်ခြင်းဖြစ်သည်။
25:8 swallow up. Salvation from God will include
the end of death. It will be swallowed up. An inseparable part of this
salvation is specified in 26:19 with the announcement of the resurrection of
the dead.
၂၅:၉-၁၂ စောင့်ဆိုင်းခြင်းဘုရားသခင်ကို စောင့်ဆိုင်းခြင်း၏ ထပ်ခါတလဲလဲဖြစ်သော အကြောင်းအရာသည် ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် သစ္စာရှိမှုကို ဖော်ပြသည် (ဟေရှာယတွင် ၁၃ ကြိမ်ဖြစ်ပွားသည်)။ ၎င်းသည် ကယ်တင်ခြင်းနှင့် နီးကပ်စွာဆက်နွယ်သည်။ ၎င်းသညOrmesည် အခန်းကဏ္ဍ ၂၆:၈ တွင်ထပ်ဖြစ်သည်။ ဤအကြောင်းအတွက် ဘုရားသခင်ကို စိတ်ဝမ်းကျေနပ်မှုသည် ဘုရားသခင်၏နာမည်နှင့် ဘုရားသခင်ကို အောက်မေ့ခြင်းဖြစ်သည်ဟု လှပစွာဖော်ပြထားသည်။ ထို့ပြင် ဘုရားသခင်ကို စောင့်ဆိုင်းသူများအတွက် ဂုဏ်ပြည့်ဝသောကတိများကို ပေးထားသည်- “ဘုရားသခင်ကို စောင့်ဆိုင်းသူများသည် ၎င်းတို့၏ခွန်အားကို အသစ်ပြုပြင်လိမ့်မည်။ ၎င်းတို့သည် လင်းယုန်များကဲ့သို့ အတောင်များဖြင့် တက်လိမ့်မည်။ ၎င်းတို့သည် ပြေးလျှင်မပင်ပန်းဘဲ၊ လျှောက်လျှင်မမူးဘဲ ဖြစ်လိမ့်မည်” (၄၀:၃၁)။
25:9–12 waited. The repeating theme of waiting on the Lord
expresses trust and loyalty to God (it occurs 13 times in Isaiah). It is
closely associated with the idea of salvation. It occurs again in 26:8. In this
setting the reason for this hope in God is beautifully expressed to point out
that the desire of the soul is God’s name and the remembrance of God. Moreover,
glorious promises are given to those who wait on the Lord: “those who wait on
the Lord shall renew their strength; they shall mount up with wings like
eagles, they shall run and not be weary, they shall walk and not faint”
(40:31).
No comments:
Post a Comment