Thursday, January 22, 2026

အခန်း (၉) မပြေလည်မှုဖြေရှင်းရန် ခြေလှမ်း (၇) လှမ်း



မပြေလည်မှုသည် မရှောင်မလွဲသာသော အရာဖြစ်သည်။ အိမ် ထောင်တိုင်း တွေ့ကြုံကြရသည်။ ၎င်းသည် ခွန်အားကောင်းသော အိမ် ထောင်များကိုတိုက်ခိုက်သည်။ ခွန်အားနည်းသော အိမ်ထောင်များကို လည်း ကူးစက်စေသည်။ မေးရန်မေးခွန်းသည် “မပြေလည်မှုရှိသင့် သလား” ဟူ၍ မဟုတ်ပါ။ မေးသင့်သည်မှာ “မပြေလည်မှုများကို ဘယ်ကဲ့ သို့ကိုင်တွယ်ဖြေရှင်းရမှာလဲ”



ဖြေရှင်းရန်နည်းလမ်း (၇) သွယ်

အဆောတလျင်ဆောင်ရွက်ခြင်း

တစ်ခါတစ်ရံမပြေလည်မှုများ ရှောင်ရှားရန် ကြိုးပမ်းအားထုတ် သည့်အခါ ပြဿနာများကို ချောင်ထိုးထားတတ်သည်။ ပြောစမှတ်ဖြစ် သည့် ကုလားအုတ်ငှက်ကဲ့သို့ ခင်ပွန်းသည်များသည် မြေကြီးထဲခေါင်းကို ဝှက်ထားကြသည်ဟူတည်း။ ပြဿနာများသည် ပေါင်းပင်၊ မြက်ပင်များ နှင့်တူသည်။ ကြာမြင့်စွာမကြည့်ဘဲထားလျှင် ပို၍လျင်မြန်စွာပွားများလာ လေဖြစ်ပြီး မကြာမီချုံတောနှင့်ရင်ဆိုင်ရမည်သာပင်။ မပြေလည်မှုများ သည် ခြကောင်များနှင့်တူသည်။ သတိမပြုလျစ်လျူရှုထားပါက အရေး ကြီးသည့်အိမ်ထောင်ရေးဆက်ဆံမှုဝတ်စုံကို တဖြည်းဖြည်းတစစီကိုက် ပြီး ဖျက်ဆီးလေသည်။ ထိုကြောင့် ပြဿနာများကိုဖြစ်နိုင်သမျှ အဆော တလျင်ရင်ဆိုင်ပြီး ဖြေရှင်းရမည်ဖြစ်သည်။ ရန်လိုသောစိတ်ဖြင့် ကြင် ဖက်တစ်ဦးသည် အိပ်ရာဝင်ခြင်းသည် အခြားကြင်ဖက်တစ်ဦးအား မနက် ဖြန်နေ့၌ များစွာသော ရန်လိုတိုက်ခိုက်မှုများတိုးပွားစေရန် ထုတ်လုပ်ပေး ခြင်းဖြစ်သည်။ ထိုကြောင့် နှုတ်တော်ထွက်၏အကြံပေးမှုကား၊ “အမျက် မပြေဘဲနေမဝင်စေနှင့်။ စာတန်ကိုအခွင့်မပေးကြနှင့်” (ဧဖက် ၄း၂၆၊၂၇)။

ပဋိပက္ခမှုများကို ထိရောက်စွာဖြေရှင်းနိုင်ရန် အခွင့်ကောင်းသော အချိန်ကိုသတိကြီးစွာဖြင့် ရွေးချယ်ရမည်။ ထိုသို့မပြုလျှင် မှန်သောလုပ် ရပ်ကို မှားသောအချိန်၌ ပြုလုပ်မိမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆိုရန် သင့်လျော်သောနေရာကို ရွေးချယ်သင့်သည်။ အပြန်အလှန်ပြောဆိုကောင်းသော အကြောင်းအချက်များကိုလည်း ရွေး ချယ်သင့်သည်။

ပြဿနာအမျိုးများပါက တစ်ချိန်တည်းဖြေရှင်းရန်ခက်ခဲမည်ဖြစ် သည်။ “ခါးစွာသောပင်မြစ်ပေါက်” (ဟေဗြဲ ၁၂း၁၅)။ ခြင်းတွင် ပါဝင်သော အရေးကြီးသည့် အချက်များရှိလေ့ရှိထရှိသည်။ မကြာခဏဤအမြစ်များ ကို နုတ်ပစ်ပါက အကိုင်းများညှိုးနွမ်းပြီး အသီးများပျောက်ကွယ်သွား မည်။ ထိုကြောင့် အရေးကြီးသည့် သော့ချက်ကျသောအဓိကအကြောင်း များကို တစ်ခုချင်းဖြေရှင်းရန် ကောင်းမည်ဖြစ်သည်။

အနီးအဝေးကြည့် နှစ်ထပ်မျက်မှန်

ပြဿနာတိုင်းသည် ဒင်္ဂါးပြားကဲ့သို့ ခေါင်းပန်းနှစ်ဘက်ရှိသည်။ ကြင်ဖက်တိုင်းသည် အကြောင်းပြဿနာကို ၎င်းတို့တစ်ဘက်ထဲမှ ရှုမြင် တတ်လေ့ရှိသည်။ ပြဿနာဖြစ်ရပ်သည် သုံးဘက်သုံးတန်ရှိသည်ဟု လူ တစ်ဦးသည် ရယ်ရွှင်စွာဖြင့် မှတ်ချက်ချသည်။ သူ့ဘက်၊ ကိုယ့်ဘက်၊ အမှန်တရားဘက်တို့ဖြစ်သည်ဟု ဆိုသည်။ ရှေးဟောင်းမျက်ကန်းများ ပုံပြင်တွင် ဆင်ကြီးကိုစမ်းသပ်ပြီး ဘာဖြစ်သည်ကို ဖေါ်ပြသည်နည်းတူ တစ်ဦးသည်နားရွက်ကိုကိုင်လျက်ယပ်တောင်ဖြစ်သည်ဟုလည်းကောင်း၊ အခြားတစ်ဦးသည် ဆင်၏ ကိုယ်ခန္ဓာကြီးကို စမ်းသပ်ကာ နံရံဟုလည်း ကောင်း၊ တတိယတစ်ယောက်မှာ ဆင်၏ ခြေကိုကိုင်ကာ သစ်ပင်အငုတ် ဖြစ်သည်ဟုလည်းကောင်း၊ ဆင်စွယ်ကိုကိုင်မိသော မျက်ကန်းသည် သံလျက်ဟု လည်းကောင်း၊ အမြီးကိုကိုင်မိသူက ကြိုးဟူ၍လည်းကောင်း အသီးသီးပြောဆိုကြသည်။ တည်ငြိမ်သည့် အမှန်တရားသည် ၎င်းတို့ တစ်ဦးတစ်ယောက်မျှမမှန်ခြင်းပေတည်း။အဘယ်ကြောင့်နည်း၊ အဘယ် ကြောင့်နည်းဟုဆိုရသော် သူတို့တစ်ယောက်စီသည် သတ္တဝါကြီး၏ တစ် စိတ်တစ်ပိုင်းကိုသာ စမ်းသပ်ခြင်းကြောင့်ပင်ဖြစ်သည်။

မကြံရွယ်ဘဲ အိမ်ထောင်ဖက်နှစ်ဦးသည် မကြာခဏ ဤကဲ့သို့ ပြုမူကြသည်။ တစ်ယောက်စီပြဿနာကို သူတို့၏ ကန့်သတ်သည့် ရှုထောင့်မှကြည့်ပြီး အမှန်တရားတစ်ခုလုံးကို ခြုံပြီးကြည့်ရန် နှစ်ဦးစလုံး မေ့ပျောက်လျက် ရှိသည်။ အမှန်တရားတစ်ခုလုံးသည် အစိတ်အပိုင်း တစ်ခုစီဖြင့် ဖွဲ့စည်းထားသည်ကို မမေ့လျော့ရန် သတိပြုသင့်သည်။ ထိုကြောင့် ကြင်ဖက်နှစ်ဦးသည် အခြားသူ၏ရှုထောင့်မှ အလေးအနက် ထားကြည့်ရန် လိုအပ်သည်။ ထို့အပြင် ယောက်ျားနှင့်မိန်းမတို့သည် နဂို မူလအားဖြင့် အရာရာများကို ခြားနားစွာ ရှုမြင်တတ်သည်။ ထိုကြောင့် ပြဿနာကို ဖြေရှင်းရန်အတွက် ထိရောက်မှုရှိရန် ရှုထောင့်နှစ်မျိုးမှ ထည့် သွင်းစဉ်းစားရန် လိုအပ်သည်။

တစ်ဦး၏ရှုထောင့်ကို အခြားတစ်ဦးမှ တွေ့မြင်နိုင်ရန် အဓိပ္ပါယ်ရှိ သောအပြန်အလှန်ဆွေးနွေးမှုရှိရမည်။ ပွင့်လင်းစွာ ဆက်ဆံပြောဆိုခြင်း သည် ပြဿနာဖြေရှင်းရာတွင် အရေးကြီးသည့်အချက်ဖြစ်သည်။ တစ်ဦး စီပြောရန် လိုလားမှုရှိရမည့်အပြင် အခြားတစ်ဦး၏ ပြောဆိုမှုကိုလည်း နားထောင်ရန် အဆင်သင့်ရှိရမည်။ ဤကဲ့သို့ အပြန်အလှန်ပြောဆိုခြင်း ဖြင့် ကောင်းသည့်အရာများ ဖြစ်ထွန်းပေါ်ပေါက်လာရန် ပြဿနာ၏ အကြောင်းအချက်များကို ဖေါ်ပြရုံသာမက ခံစားချက်များကိုပါ ဖေါ်ပြရ မည်ဖြစ်သည်။ ထို့အပြင် အတွင်းခံစားချက်များကိုလည်း နားထောင်ရန် လိုအပ်မည်ဖြစ်သည်။

နောက်အရေးကြီးသောအချက်တစ်ခုမှာ တစ်ဦးနှင့်တစ်ဦးအပြန် အလှန်ပြောဆိုဆွေးနွေးသည့်အခါ တစ်ဦး၏ ပြောဆိုချက်များကို အခြား တစ်ဦးက ကြားဖြတ်ဝင်ရောက်ပြောဆိုခြင်းမပြုဘဲ သူ၏ ပြောဆိုချက် များသည် မမှန်ကန်ကြောင်း သိသော်လည်း သည်းခံနားထောင်ရန်ဖြစ် သည်။ တစ်ဦး၏ပြောဆိုချက်ကို အခြားတစ်ဦးက စိတ်အလွန်လှုပ်ရှားပြီး ကစဉ့်ကလျားဖြစ်ကာ ဆက်သွယ်ရေးလမ်းကြောင်း ပျက်သွားအောင် မထိန်းချုပ်နိုင်မဖြစ်ရန် အလွန်ပင် အရေးကြီးလှပါသည်။

ရှေးအမေရိကန်နိုင်ငံရှိ (Red India) တို့၏ စကားပုံတစ်ခုသည် တိရစ္ဆာန်သားရေဖြင့် ပြုလုပ်သောဖိနပ်ဖြင့် တစ်မိုင်ခရီးသွားပြီးမှ အခြား သူတစ်ယောက်ကို ဝေဖန်ပြောဆိုပါဟုဆိုသည်။ တစ်ဦးနှင့်တစ်ဦးအပြန် အလှန်ဆွေးနွေးပြောဆိုသည့် ရည်ရွယ်ချက်မှာ အိမ်ထောင်ဖက်၏ ဖိနပ် ကိုစီးပြီး လျှောက်ရန်ဖြစ်ပြီး ၎င်း၏ရှုထောင့်မှ ကြိုးစားတွေ့မြင်ခံစားနိုင် ရန်ဖြစ်သည်။ ထိုကဲ့သို့ပြဿနာဒင်္ဂါး၏နှစ်ဘက်လုံးကို မြင်နိုင်မှသာလျှင် ကျွန်ုပ်တို့သည် အိမ်ထောင်ရေး၏ အနီးအဝေးကြည့်နှစ်ထပ်မျက်မှန်ကို တပ်ထားခြင်းဖြစ်သည်။



သူတစ်ပါးအကျိုးဆောင်ခြင်း

တစ်ဦးနှင့်တစ်ဦး၏ခံစားချက်နှင့် လိုအင်ဆန္ဒများကို နားလည် သည့်အခါ နောက်ခြေလှမ်းတစ်ခုသည် မိမိ၏ ပေါင်းဖေါ်ဖက်၏ဆန္ဒကို ဦးစားပေးရန်ဖြစ်သည်။ ဤအရာသည် အလွယ်တကူ ပြုလုပ်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူသည် သဘာဝအားဖြင့် အတ္တဆန် သောကြောင့်ဖြစ်သည်။ မိမိကိုယ်ကိုဦးစားပေးရန် စွဲ၍ အကျင့်ပါနေခြင်း ကြောင့်ဖြစ်သည်။ သို့သော် ပြဿနာဖြေရှင်းသည့် ဗဟိုချက်သည် သူ တစ်ပါးအကျိုးကို ဦးစားပေးရန်ဖြစ်သည်။ ဤကိုယ်ကျိုးစွန့်လွှတ်ခြင်း၏ စိတ်ဓါတ်ကို နှုတ်တော်ထွက်မှ ကြိမ်ဖန်များစွာမီးမောင်းထိုးပြထားသည်။ “သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့၊--- ကိုယ်အမှု အရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။" (ဖိလိပ္ပိ ၂း၃-၅)။ ခရစ်တော်သည် ကပ်တိုင်၏ ရက်စက်ကြမ်းကြုတ်မှုကို စဉ်းစားသည့်အခါ ထိုအရာကို ကျော်လွန်ပါစေဟု ဆန္ဒရှိသည်။ သို့သော် သူ၏ချစ်သူများဖြစ်သည့် သင်နှင့်ကျွန်ုပ်ကိုသတိရသည့်အခါ သူ၏အသေ ခံခြင်းသည် ကျွန်ုပ်တို့အတွက် လိုအပ်သည်ကိုသိသည်။ ကျွန်ုပ်တို့၏ လိုအပ်ချက်ကို ဦးစားပေးကာ ကျွန်ုပ်တို့အသက်ရရှိစေခြင်းအလို့ငှာ သူ သည်အသေသတ်ခြင်းကိုခံခဲ့သည်။ သူသည် ကျွန်ုပ်တို့အတုယူရန် နမူနာ ပုံစံ ဖြစ်သတည်း။

ရောမမြို့သားတို့ကို ရေးသောစာတွင် တမန်တော်သည် ပြဿနာ ဖြေရှင်းခြင်း၏ လျှို့ဝှက်ချက်ကို ထပ်မံပြောဆိုသည်။ “သို့ဖြစ်၍ အားရှိ သော ငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်း ခြင်းကိုသည်းခံရကြမည်။ ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကိုထောက်၍ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့ မလိုက်။” (ရောမ ၁၅း၁-၃)။ ထိုနောက် တစ်ဦးနှင့်တစ်ဦးပြောဆိုခြင်းကို ကြားနာပြီးနောက် တစ်ဦးနှင့်တစ်ဦး၏ အလိုဆန္ဒကို သိရှိသည့်အခါ ပေါင်းဖေါ်ဖက်၏ဆန္ဒကို ဦးစားပေးခြင်းသည် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ် လေတော့သည်။ ကြင်ဖက်တစ်ဦးနှင့်တစ်ဦး ကျေးဇူးပြုစေသောစိတ်ဖြင့် ကမ်းလှမ်းသည့်အခါ ခရစ်ယာန်တို့၏ အပေးအယူစိတ်သဘောထားဖြင့် အလယ်တစ်နေရာတွင် မုချဆုံမည်သာဖြစ်သည်။





လုပ်ငန်းစီမံချက်

တစ်ဦးကိုတစ်ဦး ဦးစားပေးသောအမြင်ရှိပြီးသည်နောက် ပေါင်း ဖေါ်ဖက်နှစ်ဦးသည် လက်တွေ့ကျသော လုပ်ငန်းစီမံချက်ကို ဖန်တီးရန် အဆင်သင့်ဖြစ်မည်ဖြစ်သည်။ ဤနေရာတွင် ဦးနှောက်တောင်းမှောက် သည့်စနစ်ကိုအသုံးပြုလျှင် အသုံးဝင်မည်။ နှစ်ဦးနှစ်ဘက်၏သဘောဆန္ဒ များကို စာရင်းပြုစုပြီးစိစစ်ကာ နှစ်ဦးစလုံးကို အကျိုးပြုမည့်ဆုံးဖြတ် ချက်များကိုပြုလုပ်ရန်သင့်သည်။ထိုသို့သောသဘောတူညီမှုကိုအကောင် အထည်ဖေါ်သောနည်းလမ်းများကိုလည်းသဘောတူသင့်သည်။ လုပ်ငန်း စီမံချက်ကို အသေးစိတ်ဖေါ်ပြသတ်မှတ်ထားရမည်။ ဘယ်သူက ဘယ် အရာကို ဘယ်အချိန်၊ ဘယ်နေရာတွင် ပြုလုပ်မည်ကို ဖေါ်ပြထားရမည်။

မိမိအမွေကို အကုန်ယူပြီးမှ အိမ်မှထွက်သွားသော သားငယ်သည် မိမိပြုလုပ်ခဲ့သည့် အိမ်တွင်းဆက်ဆံရေးရှုပ်ထွေးမှုကိုသိရှိသော် သူသည် လုပ်ငန်းစီမံချက်ကိုရေးဆွဲခဲ့သည်။ “ငါထ၍အဘထံသို့သွားမည်” သူပြော ရမည့်အရာကိုလည်း ကြံစည်ပြီးဖြစ်သည်။ “အဘ၊ ကျွန်ုပ်သည် ဘုရား သခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်းပြစ်မှားပါပြီ။ ယခုမှ စပြီး ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်။” (လုကာ ၁၅း၁၈၊၁၉)။ ထိုကဲ့သို့ ကြံစည်သည့်အတိုင်း သူသည် ထိရောက်စွာ အကောင်ထည်ဖေါ်ခဲ့သည်။

သို့သော်လုပ်ငန်းစီမံချက်သည် တည်ငြိမ်သောအရာမဟုတ်၊ အင် အားနှင့်ပြည့်သော လှုပ်ရှားမှုဖြစ်သည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦး သည်အခါ အားလျော်စွာအတူတကွထိုင်ပြီး အကဲဖြတ်ရမည်။ စီမံချက် သည်အောင်မြင်မှုရှိပါသလား။ ရှိသင့်သလောက်မရှိပါသလား။ မည်သည့် အပြောင်းအလဲများ ပြုလုပ်ရန်လိုမည်နည်း။ ထိုသို့သောပြောင်းလဲမှုများ ကို မည်ကဲ့သို့အချိန် ယူစေ့စပ်ပြီး အကောင်ထည်ဖေါ်ရမည်နည်း။

အိမ်ထောင်ပြုခြင်းသည် တူရိယာသံစုံတီးဝိုင်းကြီး၏ တေးသံနှင့် တူသည်။ ထိုတီးဝိုင်းတွင်တူရိယာအမျိုးမျိုးရှိသည်။ ထိုတူရိယာများသည် တစ်ဦးချင်းမည်မျှကောင်းသည်ဖြစ်စေ၊ တစ်ခုနှင့်တစ်ခု အသံချင်းတူညီ အောင်အသံညှိရသည်။ ထိုကဲ့သို့တူရိယာများ အသံညှိသည့်အခါ အသံ များဆူညံလျက်ရှိသည်။ ထိုဆူညံသံများသည် တူရိယာသံစုံတီးဝိုင်းကြီး ၏ စည်းဝါးကိုက်သာယာသောတေးသံပမာဏအသံဖြစ်သည်။

အဖိုးတန်သည့် ရွှေစကားလုံး

မကြာခဏအိမ်ထောင်ရေးပဋိပက္ခဖြစ်မှု စစ်မြေပြင်တွင် တစ်ဦး နှင့် တစ်ဦးအပြောအဆိုတွင်လည်းကောင်း၊ အပြုအမူလုပ်ဆောင်ခြင်း တွင်လည်းကောင်း ထိခိုက်နစ်နာစေခဲ့သည်။ ထိုသို့ပဋိပက္ခတို့ကို ဖြေရှင်း ရန် အရေးကြီးသောအတွေ့အကြုံမှာ ခွင့်လွှတ်ခြင်းပင်ဖြစ်သည်။ ဤ အချက်တွင် ခွင့်လွှတ်ရန် လက်ခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ပါဝင်သည်။ ထုံးစံအတိုင်း ဘယ်သူမျှ ဤသို့စတင်ပြောရန်စိတ်မရှိဘဲ တွန့်ဆုတ်နေ တတ်သည်။ “သူက မှားလို့သူအလျင်စပြော" ဆိုသည့်စိတ်ရှိကြသည်။

တစ်ဦးတစ်ယောက်သည် မှားသောမပြေလည်မှုမျိုးမရှိပါ။ ထိုသို့ အမှုတိုင်းတွင် နှစ်ဦးစလုံးမှားသည်ကိုတွေ့ရသည်။ တစ်ဦးသည် ပို၍မှား သည်ဟု အမြင်ရှိသကဲ့သို့ အများအားဖြင့် နှစ်ဦးစလုံးအနည်းနှင့်အများ မှားကြသည်ပင်။ နှစ်ဦးစလုံးအဖြေရှိသည့်မေးခွန်းမှာ “သူ့အမှားဘယ်မှာ ရှိသလဲ” ဆိုသည့်မေးခွန်းဖြစ်သည်။ အမှန်တကယ် အရေးကြီးပြီး ဖြေရ ခက်သည့် မေးခွန်းမှာ “ကျွန်တော်/ကျွန်မအမှားဘယ်မှာရှိသလဲ” ကိုယ့် ခင်ပွန်း/ ဇနီးကို စစ်ဆေးရန် လွယ်ကူသည်။ ကိုယ့်ကိုပြန်လည် စစ်ဆေး ရန်မှာ မလွယ်ကူလှပါ။ ဤအချက်သည် နှုတ်တော်ထွက်အတိအကျ အကြံပြုသောအရာဖြစ်သည်။ “ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ် ကိုကိုယ်စုံစမ်းကြလော့” (၂ကော ၁၃း၅)။ ကြင်ဖက်နှစ်ဦးစလုံးသည် ဤအရေးကြီးသည့်မေးခွန်းကို ရိုးသားမှန်ကန်စွာ ဖြေရန် အလွန်အရေး ကြီးလှပါသည်။ “ကျွန်တော်/ ကျွန်မအမှား ဘယ်မှာရှိသလဲ။”

ထိုအချက်ကို သေချာအောင်ပြုလုပ်ပြီးသော် ဆက်လက်ပြီး တစ်ဦးနှင့်တစ်ဦး မိမိ၏အမှားကို ဝန်ခံရန်ဖြစ်သည်။ ပြဿနာတွင် မည် သည့် အခန်းကဏ္ဍက ပါဝင်သည်ဖြစ်စေ၊ ကြီးသော်လည်းကောင်း၊ သေး သော်လည်းကောင်း၊ အရေးကြီးသည်ဖြစ်စေ၊ သေးငယ်သောအရာဖြစ် စေ၊ ဝန်ချတောင်းပန်ခြင်းပြုလုပ်သင့်သည်။ ဝန်ခံခြင်းနှင့်ချမ်းသာရခြင်း သည် စိတ်နှင့်ဝိညာဉ်ရေးဆက်စပ်မှုရှိသည်။ “အချင်းချင်းတစ်ယောက် နှင့်တစ်ယောက် ကိုယ်အပြစ်ကို ဖေါ်ပြတောင်းပန်ကြလော့။ ချမ်းသာ မည်” (ယာကုပ် ၅း၁၆)။ ကာယ၊ ဉာဏ၊ ဝိဉာဏစိတ်လှုပ်ရှားမှုအားလုံးတို့ ၏ ချမ်းသာခြင်းသည် ဝန်ချတောင်းပန်ခြင်းသာ အလိုအပ်ဆုံးသော လို အပ်ချက်ဖြစ်သည်။

ရွှေနှင့်အနားကွပ်ထားသည့် ရွှေစကားလုံး (၃) လုံးရှိသည်။ “ငါ မှားတယ်” ဆိုသည့်စကားပင်ဖြစ်သည်။ ထိုစကားကို ပြောဆိုခြင်းဖြင့် အိမ်ထောင်ရေးဆက်ဆံမှုသည် ကြွယ်ဝလာမည်ဖြစ်၍ ၎င်း၏အလေးချိန် သည် ရွှေနှင့်အမျှအဖိုးထိုက်တန်မည်ဖြစ်သည်။ တစ်ခါတစ်ရံ “သို့သော်” ဆိုသည့် စကားလုံးကို နောက်ဆက်တွဲ၍သုံးသဖြင့် တန်ဖိုးကိုလျော့စေပြီး ရွှေကို ကြေးဝါအဖြစ် ပြောင်းလဲလိုက်သည်။ “ငါမှားတယ်” ဆိုသည့် ရွှေစကားလုံးကို သုံးပြီး နောက်ဆက်တွဲအဖြစ် “ခွင့်လွှတ်ပါ” ဆိုသည့် ငွေစကားဖြင့် အဆုံးသတ်ပါက အိမ်ထောင်ရေးသည် ချမ်းသာကြွယ်ဝ ခြင်းဖြင့် တိုးပွားလာမည်သာဖြစ်သည်။

ပေါင်းဖေါ်ဖက်တစ်ဦးသည် ခွင့်လွှတ်ရန် တောင်းခံလာသည့်အခါ လွတ်လပ်စွာခွင့်ပြုသင့်သည်။ ကျွန်ုပ်တို့ခွင့်လွှတ်ရန် ပျက်ကွက်ခဲ့သော် ကျွန်ုပ်တို့လည်း ခွင့်လွှတ်ခြင်းရရှိမည်မဟုတ်ဟု သခင်ယေရှုညွှန်ပြထား သည်။ (မဿဲ ၆း၁၅)။ ခွင့်လွှတ်ရန် မတောင်းခံသော်လည်း ပြစ်မှား ခြင်းခံရသော သူ၏နှလုံးသားတွင် ခွင့်လွှတ်ပေးသင့်သည်။ သခင်ယေရှု ပြောဆိုသည်မှာ ဤကဲ့သို့ပင် မဟုတ်ပါ၏လော့။ (လုကာ ၂၃:၃၄)။ ခွင့်လွှတ်ခြင်းအတွက် တောင်းခံချက်ကို လက်ခံခဲ့သော် နှစ်သက်စွာဖြင့် ခွင့်လွှတ်ခြင်းကိုလည်း လက်ခံသင့်သည်။

အကောင်းမြင်ခြင်းဝါဒ

ဤအပြန်အလှန်ညှိနှိုင်းပြောဆိုတုံ့ပြန်မှုများကို ကြင်ဖက်နှစ်ဦး သည် အကောင်းမြင်ခြင်းဝါဒဖြင့် ကိုင်စွဲထားရန် အလွန်အရေးကြီးသည်။ အောင်မြင်ခြင်းသည် ဖြစ်နိုင်သည်၊ ရရှိရန်လည်း မျှော်လင့်ရမည်။ အကယ်၍ မဖြစ်နိုင်ဖူးဟု မျှော်လင့်သော် ထိုကဲ့သို့ပင် ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော် အောင်မြင်မည်ဟု မျှော်လင့်သော် မျှော်လင့်သည့်အတိုင်း ဖြစ် လာနိုင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သတိရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ မျှော်လင့်ချက် ဖြစ်ပေါ်လာရန်အတွက် တစ်နည်းနည်းဖြင့် ကူညီမည်ဖြစ်သည်။ ကျွန်ုပ်တို့၏တိုက်ပွဲများသည် ကျွန်ုပ်တို့၏ ဦးခေါင်း တွင် အနိုင်အရှုံးဖြစ်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပါ။

စမ်းသပ်မှုတစ်ခုတွင် သိပ္ပံပညာရှင်များသည် အမျိုးအစားတူ သည့် ကြွက်အုပ်စု (၂) စုကို ရေဇလုံတွင်ထည့်ပြီး ရေနစ်မသေမီ မည်မျှ အချိန်ကြာ ရေကူးမည်ကို စမ်းသပ်လျက်ရှိသည်။ ခြားနားချက်မှာ ကြွက် တစ်စုကို ခေတ္တဆယ်ထုတ်ပြီး ချက်ချင်းပြန်လည်ရေထဲသို့ထည့်လိုက်ပြီး အခြားတစ်စုကို လုံးဝဆယ်ထုတ်ခြင်းမပြုခြင်းဖြစ်သည်။ ဤကြွက်အုပ်စု (၂) စုသည် ဘယ်အုပ်စုသည် ပို၍ကြာရှည်စွာ အသက်ရှင်သနည်း။ ရေထဲ မှခေတ္တခဏ ထုတ်ခြင်းခံရသောအုပ်စုသည် ပို၍ ကြာရှည်စွာအသက်ရှင် သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းဟုဆိုရသော် ၎င်းတို့ သည် ရေထဲမှတစ်ကြိမ် ဆယ်ထုတ်ခြင်းကိုခံရသဖြင့် နောက်တစ်ကြိမ် ထပ်မံဆယ်ထုတ်ခြင်းခံရမည်ဟု ထင်ခြင်းကြောင့်ဖြစ်သည်။ အကောင်း မြင်ကြွက်များသည် ပို၍အသက်ရှည်ပါက အကောင်းမြင်ခင်ပွန်း၊ ဇနီး သည်တစ်ဦးသည်လည်း အဘယ်သို့ ဖြစ်မည်နည်း။

မပြေလည်မှုကို ဖြေရှင်းရန် အကောင်းမြင်ဝါဒသည် သြဇာသက် ရောက်မှုရှိသည်ကို သခင်ယေရှု အံ့သြဖွယ်ကောင်းစွာပြောကြားခဲ့သည်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံ ကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သော အမှုမရှိ ”(မဿဲ ၁၇:၂၀)။

တစ်ခါတစ်ရံလှိုင်းလုံးပမာအကောင်းမြင်ဝါဒဖြင့် တစ်ဖန်ကြိုးစား အားထုတ်ရိုက်ခတ်သော်လည်း အရှုံးနှင့်သာရင်ဆိုင်ရသောကြောင့် ညှိ ထားခြင်းမှကင်းလွတ်သွားသည်ဟုခံစားရသည်။ အောင်မြင်ခြင်းအတွက် အရွေးခံရသောသူသည် ကြိုးစားရန် ဘယ်သောအခါမျှ ရပ်တန့်မည်မ ဟုတ်ပါ။ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့် မည်။” (သု ၂၄း၁၆)။ ပေတရုသည် သခင်ယေရှုကို ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် မေးမြန်းသည့်အခါ ယေရှုကပြောသည်မှာ “အကြိမ် ခုနစ်ဆယ် ခုနစ်လီမြောက်အောင်လွတ်ရမည်။” (မဿဲ ၁၈:၂၂) ဖြစ်သည် ကိုတွေ့ရသည်။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမရောက်မီ ရေတွက်မှု မှား ယွင်းပျောက်ဆုံးမည်မှာအမှန်ပင်။ သို့သော် ဆိုလိုသောအချက်မှာ စစ်မှန် သောအချစ်သည် ဇွဲလုံ့လရှိသည်။ အကောင်းမြင်ဝါဒရှိသည်။ ဘယ်သော အခါမှအရှုံးမပေး၊ “ခပ်သိမ်းသောအရာတို့ကို ယုံတတ်၏။ ခပ်သိမ်းသော အရာတို့ကိုမြော်လင့်တတ်၏။” (၁ကော ၁၃း၇)။

ငြိမ်သက်ခြင်းအရှင်

အိမ်ထောင်မပြေလည်မှုကို ဖြေရှင်းရန် နောက်ဆုံးလျှို့ဝှက်ချက် သည် တတိယပုဂ္ဂိုလ်ရှိရန်ဖြစ်သည်။ ဤအရေးကြီးဆုံးဖြတ်ချက်ပုဂ္ဂိုလ် သည် လူပုဂ္ဂိုလ်မဟုတ်ပါ။ ဘုရားသခင်ဖြစ်သည်။ သူသည် သခင်ယေရှု ဖြစ်ပြီး ကယ်တင်ရှင်ဟု အနက်အဓိပ္ပါယ်ရှိသည်။ (မဿဲ ၁း၂၁)။ အပြစ် သားများကို ကယ်တင်သည်သာမကဘဲ အိမ်ထောင်ရေးပြဿနာများကို လည်း ကယ်တင်နိုင်သည်။ သူ၏ကယ်တင်နိုင်ခြင်းစွမ်းရည်သည် အကန့် အသတ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူသည် “ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း” ဟု (ဟေရှာယ ၆၃း၁) တွင် ဖေါ်ပြထား သည်။ ဆက်ဆံမှုမည်မျှအထိပင် ပျက်စီးမှုဖြင့် ကြုံတွေ့စေကာမူ ကယ် တင်ရှင်သည် ပြန်လည်သင့်မြတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် “သူတို့ကိုအစဉ် ကယ်တင်ခြင်းငှာတတ်နိုင်တော်မူ၏။” (ဟေဗြဲ ၇:၂၅)။

၎င်းအထူးဘွဲ့နာမသည် “ငြိမ်သက်ခြင်းအရှင်” ဖြစ်သည်။ (ဟေ ရှာ ၉း၆)။ ဂါလိလဲအိုင်ထဲ၌ လှေပေါ်တွင်ရှိစဉ် ပြင်းစွာသော မိုးသက် မုန်တိုင်း လှိုင်းတံပိုးတိုက်ခတ်သော လှေအတွင်းသို့ ရေများပြည့်လျက်ရှိ ၏။ ထိုအခါ “ကိုယ်တော်သည်ထ၍ တိတ်ဆိတ်ငြိမ်သက်စွာ နေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာ လေ၏” (မာကု ၄း၃၉)။ ထိုကြောင့် အိမ်ထောင်ရေးခိုက်ရန် မုန်တိုင်း၏ လှိုင်းတံပိုးများ ပြင်းထန်စွာတိုက်ခတ်ပြီး စိမ်းကားသည့်ဇနီးမောင်နှံတို့ကို ပျက်စီးရန် ခြိမ်းခြောက်လျက်ရှိသော် ဤငြိမ်သက်ခြင်းအရှင်သည် ၎င်း တို့ကိုတိုက်ခတ်သည့်မုန်တိုင်းကို ငြိမ်သက်ခြင်းရှိလော့ဟု ပြောဆိုရန် အဆင်သင့်ရပ်လျက်ရှိသည်။

သို့သော် ငြိမ်သက်ခြင်းအရှင်သည် တပည့်တော်များခေါ်သည့် အခါမှသာ တုံ့ပြန်ခဲ့ပါသည်။ တစ်နာရီပြီးတစ်နာရီ ၎င်းတို့ဘေးနားတွင် အိပ်နေသည်ကို မေ့လျော့လျက်ရှိသည်။ ၎င်းတို့အသက်လုရုန်းကန်နေ စဉ် အရှင်သခင်ကို လျစ်လျူရှုလျက်ရှိသည်။ ထို့နောက် အခြေအနေပို၍ ဆိုးသည့်အခါ ကိုယ်တော်ကိုသတိရလျက် သူ့အားဆုတောင်းအကူအညီ တောင်းခံသည့်အခါ သူသည် ချက်ချင်း၎င်းတို့၏ဆုတောင်းခြင်းကို အဖြေ ပေးလေသည်။ ကြိမ်ဖန်များစွာကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့အားတိုက် ခတ်သော မုန်တိုင်းကို ငြိမ်သက်စေရန်လည်းကောင်း၊ မိမိတို့၏ပြဿနာ များကိုလည်းကောင်း သခင်ယေရှုကို လျစ်လျူရှုပြီး ကိုယ်တိုင်ဖြေရှင်းရန် ကြိုးပမ်း အားထုတ်ကြသည်။ သူသည် ကျွန်ုပ်တို့အနားတွင် စောင့်နေ လျက် “ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူသည်” ကို မေ့လျော့လျက်ရှိ သည်။ (ဟေရှာ ၆၃း၁)။ မကြာခဏပြဿနာများကို ဖြေရှင်းရန် နည်း အမျိုးမျိုးဖြင့်ကြိုးစားပြီးလူတိုင်း၏အကူအညီကိုတောင်းခံပြီး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည့်အခါမှသာလျှင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ကို သတိရလေ သည်။ သို့သော် သူ့အားမျှော်ကြည့်ပြီး ဆုတောင်းခြင်းဖြင့် အကူအညီကို တောင်းခံခဲ့သော် ကျွန်ုပ်တို့၏ အိမ်ထောင် လှေပေါ်၌ရပ်ကာ မပြေလည် မှုလှိုင်းတံပိုးများကို ငြိမ်သက်လော့” ဟု အမိန့်ပေးရန် အသင့်ရှိသည်။

တစ်ယောက်နှင့်တစ်ယောက် အပြစ်ဝန်ချတောင်းပန်ပြီးနောက် “အချင်းချင်းအဖို့ဆုတောင်းရမည်" (ယာကုပ် ၅း၁၆) ဟု ယာကုပ်သတိ ပေးထားပါသည်။ သို့မှသာလျှင် အမှားများ လုံးဝကင်းစင်သွားမည်ဖြစ် သည်။ ဇနီးမောင်နှံနှစ်ဦးသည် အတူတကွဖက်ကာ ဒူးထောက်ပြီး ကယ် တင်ရှင်အား မိမိတို့၏ ပြဿနာများကို အပ်နှံလျက် အပြန်အလှန် ဆုတောင်းပါက ငြိမ်သက်ခြင်းအရှင်သည် ၎င်းတို့၏မုန်တိုင်းကို ငြိမ်သက် စေမည်ဖြစ်ပြီး ပြဿနာများကိုလည်း ဖြေရှင်းပေးမည်ဖြစ်သည်။ ထို နောက် (ဧဖက် ၂း၁၄) ရင်တုန်စွာဖြင့် ခံစားရမည်ဖြစ်သည်။ “ပိုင်းခြား လျက်ရှိသော စပ်ကြားအုတ်တံတိုင်း နံရံကိုဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏” ဟု ဖေါ်ပြထားသည်။

ပြန်လည်သင့်မြတ်ခြင်း၏ဖြစ်စဉ်ခြေလှမ်း (၇) ရပ်

ဇနီး၊ ခင်ပွန်းသည် နှစ်ဦးတို့၏ အချစ်ရေးဆက်ဆံမှုပြဿနာများ ဖြေရှင်းရန် ဤဖြစ်စဉ် (၇) ရပ်၏အတွေ့အကြုံသည် အံ့သြဖွယ်ကောင်း လှပါသည်။ သို့သော် သခင်ယေရှုနှင့်အချစ်ရေး ဆက်ဆံမှုပြဿနာကို ဤဖြစ်စဉ် (၇) ရပ်ဖြင့် တွေ့ကြုံခံစားရသည်မှာ ပို၍စိတ်လှုပ်ရှားမည်ဖြစ် သည်။

လှပသောဧဒင်ဥယျာဉ်အတွင်း၌ ဤကဲ့သို့သော ပြဿနာများမရှိ ခဲ့ပါ။ ဘုရားသခင်နှင့် ပထမဦးဆုံးလူစုံတွဲတို့သည် တညီတညွတ်တည်းရှိ သည်။ သူတို့သည် အတူတကွ သွားလာပြောဆိုနားထောင်ရယ်မော ချစ်ခင်ကြသည်။ သို့သော် အပြစ်သည် ရုတ်တရက်ဝင်ရောက်လာပြီး ပျော်မွေ့ဖွယ်ရာအရပ်ကို တိုက်ခိုက်ခဲ့ရာ ပြဿနာများ စတင်ဖြစ်ပေါ်လာ တော့သည်။

ပြဿနာသည် အမှန်ကောင်းကင်၌ စတင်ဖြစ်ခဲ့သည်။ Lucifer ခေါ်စာတန်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအရာတွင် အထွတ်အမြတ် ဖြစ်၍ ကောင်းကင်သားတို့၏ ခေါင်းဆောင်လည်းဖြစ်သည်။ သို့သော် သူ၏ နှလုံးသားထဲ၌ အပြစ်သည် လျှို့ဝှက်စွာ ပေါ်ထွက်လာပြီး သူသည် ဤကဲ့သို့ဆိုသည်။ “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ထီးနန်းကို ငါချီးမြှောက်မည်------အမြင့်ဆုံးသော ဘုရားသခင်ကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီ။” (ဟေရှာ ၁၄း၁၂-၁၄)။ ကောင်းကင်တမန်တို့သည် သစ္စာစောင့်သိရိုသေမှု ကွဲပြားကုန်ကြ ပြီ။ ကောင်းကင်၌ စစ်ဖြစ်လေသည်။ (ဗျာ ၁၂း၇)။ စာတန်နှင့်သူ၏ ကောင်းကင်တမန်များ စစ်ရှုံးသည့်အခါ ကောင်းကင်မှပယ်ချခြင်းခံရပြီး ဤကမ္ဘာဂြိုဟ်ပေါ်သို့ ကျရောက်လာတော့သည်။ ဤဌာနချုပ်အသစ်မှ စာတန်သည် ပြောက်ကျား စစ်ဆင်ရေးစတင်လေသည်။

အာဒံနှင့်ဧ၀သည် ကြိုတင်သတိပေးထားလျက်နှင့်ပင် သူတို့ သည် ရန်သူ၏သားကောင်များ ဖြစ်သွားခဲ့သည်။ သူတို့သည် စာတန်ကို သစ္စာခံရန် လွတ်လပ်စွာရွေးချယ်ခြင်းသည် ဘုရားသခင်ထံမှ မိတ်ဖျက် ခြင်းကို တွေ့ကြုံခံစားရလေတော့သည်။ ရုတ်တရက်အရာခပ်သိမ်းသည် ပြောင်းလဲကုန်ကြသည်။ “ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင်ကြွလာ တော်မူသံကို လူလင်မယားတို့သည် ကြားလျှင် အထံတော်မှလွတ်ခြင်းငှာ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။” (က ၃း၈)။ အချစ်ရေး ဆက်ဆံမှုသည် ပျက်စီးသွားလေပြီ၊ ပဋိပက္ခဖြစ်မှုစတင်လေပြီ။

ထိုနေ့မှယနေ့တိုင် ဤလောကတွင်းသို့ရောက်ရှိလာသော လူ သားတိုင်းသည် ဘုရားသခင်နှင့် မိတ်ပျက်ရသည်။ အပြစ်သားများအဖြစ် မွေးဖွားလာပြီး ဘုရားသခင်နှင့်ခွဲခွာလျက်ရှိသည်။ နှလုံးသား၏ဆန္ဒသည် ခရစ်တော်၏ဆန္ဒနှင့် ပဋိပက္ခဖြစ်စေသည်။ တစ်နေ့ပြီးတစ်နေ့ ပြင်းထန် သော အတွင်းသားတို့၏တိုက်ခိုက်မှု၊ ကယ်တင်ရှင်နှင့် စိတ်နှလုံးစပ်ကြား ရုန်းကန်မှုအတွေ့အကြုံကို ခံစားရသည်။ သို့သော် ကျွန်ုပ်တို့၏ နက်ရှိုင်း သောနှလုံးသားမှပြန်လည်သင့်မြတ်ရန် ငိုကြွေးတောင့်တ၏။

ဧဒင်ဥယျာဉ်၌ ဘုရားသခင်သည် ပြဿနာများဖြေရှင်းရန် စတင် ခဲ့သည်။ သူချစ်သောသူများကို လိုက်လံရှာဖွေခဲ့သည်။ ကြိမ်ဖန်များစွာ သူတို့ကို “မင်းတို့ဘယ်မှာလဲ”ဟုခေါ်ခဲ့သည်။ (က ၃း၉)။ မေတ္တာတော်ရှင် ဘုရားသခင်သည် ပထမခြေလှမ်းကို အမြဲစတင်ခဲ့သည်။ အမှန်မှာဘုရား သခင်သည် ဝိညာဉ်ရေးပဋိပက္ခဖြစ်မှုများကို ဖြေရှင်းရန် ခြေလှမ်း (၇) လှမ်းရှိသည့်အနက် (၆) လှမ်းကို လှမ်းခဲ့သည်။ ကျွန်ုပ်တို့သည် တစ်လှမ်း သာလျှင် လှမ်းရန်ရှိသည်။ မည်မျှပေါများပြည့်စုံသည့်ချစ်ခြင်းနည်း။

လူဇာတိခံယူခြင်း

ပြန်လည်သင့်မြတ်ခြင်း၏အလုပ်ကို ခရစ်တော်လုပ်ဆောင်ရန် ပထမခြေလှမ်းသည် လူဇာတိကိုခံယူခြင်းပင်ဖြစ်သည်။ အစအဦး၌ကဲ့သို့ ပင် သူသည် ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧဝကို လာရောက်ရှာဖွေသကဲ့သို့ “အချိန်ကာလစေ့သောအခါ” (ဂလာတိ ၄း၄)။ ကောင်းကင်ကိုစွန့်ကာ ဗက်လင်မြို့ရှိ နွားစားခွက်ထဲသို့ လာရောက်ပြီး ပျောက်ဆုံးသောလူသား များကို လာရောက်ရှာဖွေခဲ့သည်။ “နှုတ်တော်ထွက်သည်လည်း လူဇာတိ အဖြစ်ခံယူ၍------- ငါတို့တွင် တည်နေတော်မူသည်။”

သို့သော် သူသည် လူသားများထံ လာရောက်လည်ပတ်သည် မဟုတ်၊ လူသားများ၏ အိမ်ထောင်စုဝင်အဖြစ် လာရောက်ခဲ့သည်။ လူကို ဘုရားသခင်ထံသို့ ပြန်လည်ယူဆောင်လာရန် ဘုရားသခင်သည် လူဖြစ် ခဲ့သည်။ “ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူ သည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင် မမှတ်လျက်ပင် မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူ ဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။” (ဖိလိပ္ပိ ၂း၆၊၇)။ ခရစ်တော်သည် ဗက်လင်မြို့တွင် လူ၏ “အသွေးအသားကို ဆောင်ယူတော်မူ၏” (ဟေဗြဲ ၂း၁၄)။ လူသားတို့နှင့်အတူ မျှဝေခံစား တော်မူသည်။

လူ၏ဇာတိကို ခံယူခြင်းဖြင့် ယေရှုခရစ်သည် “ငါမင်းကို ချစ် တယ်” မင်းနဲ့အတူနေဖို့ ငါလာခဲ့မယ်။ မင်းကဲ့သို့လာရောက်နေထိုင်ပြီး မင်းလိုအစာရေစာဆာမွတ်တတ်ခြင်း၊ မောပန်းခြင်း၊ စုံးစမ်းခြင်းတို့ကို ခံစားရမယ်။ မင်းရဲ့ရုန်းကန်မှု၊ ရှုပ်ထွေးမှုအတွေ့အကြုံများ၊ စုံစမ်းနှောင့် ယှက်ခြင်းနှင့် လုံးပန်းရခြင်းတို့ကို နားလည်ပေးရန် လာရောက်ခဲ့ခြင်း ဖြစ်တယ်။ မင်းနဲ့ ပြန်လည်သင့်မြတ်ချင်တဲ့အတွက် ငါလာခဲ့တယ်” အဘယ်သို့သောချစ်သူနည်း။

ကပ်တိုင်

ခရစ်တော်သည် ကျွန်ုပ်တို့နှင့် ပြန်လည်သင့်မြတ်ရန် အဆုံး အဖြတ်ပေးသည့်ခြေလှမ်းကား၊ ကပ်တိုင်တွင် အသေသတ်ခံခြင်းပင်ဖြစ် သည်။ ကျွန်ုပ်တို့သည်အပြစ်သားများအဖြစ်မွေးဖွားလာကြသည်။ အပြစ် သည် ကျွန်ုပ်တို့၏ပြဿနာများ၏အခြေအမြစ်ဖြစ်သဖြင့် ပဋိပက္ခဖြစ်မှု ၏ အကြောင်းအရင်းဖြစ်ပြီး ကယ်တင်ရှင်နှင့် ခွဲခွာစေသောအရင်းအမြစ် ဖြစ်သည်။ ပုရောဖက်ဆိုသည်မှာ “သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရား သခင်နှင့်ကွာစေပြီ၊ ကြားတော်မမူစေခြင်းငှာ သင်တို့အပြစ်သည် မျက်နှာ တော်ကိုလွှဲစေပြီ။” (ဟေရှာ ၅၉း၂)။

သို့သော် ကရာနီကုန်းပေါ်ရှိကပ်တိုင်တွင် ခရစ်တော်သည် အပြစ် ကို ဖယ်ရှားလိုက်သည်။ ထိုအတွက်ကြောင့် သူ၏ဦးရစ်တွင် ဆူးသရဖူကို လည်းကောင်း၊ ကျောပြင်၌ကြာပွတ်၏ ရိုက်ချက်ဒဏ်ကိုလည်းကောင်း၊ လက်၌ ဒဏ်ရာကိုလည်းကောင်း၊ ခြေ၌ သံဖြင့် ရိုက်နှက်ခြင်းကိုလည်း ကောင်း၊ ဘုရားသခင်နှင့်ခွဲခွာခြင်းကိုလည်းကောင်း၊ ဤဒဏ်များကိုခံယူ ခဲ့သည်။ သူသည် ကျွန်ုပ်တို့ အပြစ်၏အခကို ပေးဆပ်လျက်ရှိသည်။ ကျွန်ုပ်တို့နှင့် ပြန်လည်သင့်မြတ်ရန် အဖိုးအခကို ပေးဆောင်လျက်ရှိ သည်။ သခင်ယေရှု၏ အသေသတ်ခံယူခြင်းသည် ပြန်လည်သင့်မြတ် ခြင်း၏ ဗဟိုအချက်အချာကျသောအရာဖြစ်သည်။ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရသည်။” (ရောမ ၅း၁၀)။ ထိုနောက်သိမ်မွေ့စွာဖြင့် ကျွန်ုပ်တို့ကို ဖိတ်ခေါ်လိုက်သည်။" ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့” (၂ကော ၅း၂၀)။ သူ၏မေတ္တာ တော်ကိုတွေ့ကြုံခံစားရသည့်အခါ၊အပ်နှံခြင်းကိုလက်ခံသည့်အခါ၊အပြစ် ကိုဝန်ခံသည့်အခါ၊ ခွင့်လွှတ်ရန် တောင်းပန်သည့်အခါ သူသည် ချက်ချင်း ပင် ကျွန်ုပ်တို့၏ကျူးလွန်မှုများကို ခွင့်လွှတ်တော်မူလိမ့်မည်။ ခွင့်လွှတ် ခြင်းနှင့်အတူ သူ၏ ငြိမ်သက်ခြင်းကိုလည်း ပေးတော်မူမည်။” ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ ၏။” (ရောမ ၅း၁)။ သူ၏ချစ်ခြင်းမေတ္တာကိုလက်ခံသော် ရုန်းကန်မှုများ လည်း ရပ်ဆိုင်းပြီး ခွဲခွာခြင်းလည်း အဆုံးသတ်လေတော့မည်။ ခွဲခွာခြင်း ပြီးဆုံးသည့်အခါ ခရစ်တော်၏အပြစ်ဖြေခြင်းအမှုသည် သူနှင့်အတူတကွ ပြန်လည်ယူဆောင်စေမည်ဖြစ်သည်။

ကြားဝင်တောင်းပန်ခြင်း

သခင်ယေရှုခရစ်သည် အသေခံရှင်ပြန်ထမြောက်ကောင်းကင်သို့ ပြန်လည်ကြွလာတော်မူပြီးနောက် ယခုသူသည် ကောင်းကင်၌ရှိသည့် သန့်ရှင်းသောတဲတော်တွင် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းအဖြစ် အမှု ဆောင်ရွက်လျက်ရှိသည်။ (ဟေဗြဲ ၄း၁၄)။ ဤအချက်သည် ခရစ်တော်၏ ပြန်လည် သင့်မြတ်ခြင်းဖြစ်စဉ်၏ နောက်အရေးကြီးသည့် ခြေလှမ်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာကို သခင်ယေရှုထံအပ်နှံပါက ကျွန်ုပ်တို့ပြုလုပ်ခဲ့ သောလွန်ခဲ့သည့်အပြစ်များကို ချက်ချင်းပင်လွတ်ခြင်း ခံရမည်ဖြစ်သည်။ သို့နေ့စဉ်နေ့တိုင်းအမှားများပြုလုပ်နေသေးသည် ဖြစ် ၍ လက်ရှိကျူးလွန်မှုများအတွက် ခွင့်လွှတ်ရန် အစဉ်လိုအပ်မည်ဖြစ်ပါ သည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ ကြားဝင် တောင်းပန်မှုကို လိုအပ်ပါသည်။ အချိန်မရွေး၊ အခါမရွေး သူ့ထံသို့ လှည့် ကာ ဆေးကြောခွင့်လွှတ်ရန် တောင်းခံနိုင်သည်။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ မကောင်းမှုရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်းပြည့်စုံတော်မူ၏။”(၁ယော၁း၉)။

သူသည် ကျွန်ုပ်တို့၏ ချစ်သူဖြစ်သည့်အတွက် သူ့အားတိုက်ရိုက် စကားပြောနိုင်သည်။ ကြားခံတစ်ဆင့်ပြောရန် မလိုအပ်ပါ။ ထို့အပြင် သူသည် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်မှာ “ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” (ဟေဗြဲ ၄း၁၆)။ သူနှင့်နေ့စဉ် ရင်းနှီးစွာ ပြောဆိုဆက်ဆံလျှင် ငြိမ်သက်ခြင်းကိုရရှိ၏။ နေ့စဉ်ကျွန်ုပ်တို့ အသက်တာတွင် အပြစ်မှလွတ်မြောက်ခြင်း၊ ခွင့်လွှတ်ခြင်း၏ ဝမ်းမြောက် ခြင်း၊ လက်ခံခြင်း၏ ငြိမ်သက်ခြင်းတို့ကို တွေ့ကြုံခံစားရမည်ဖြစ်သည်။





ပြန်လည်ပေါင်းစည်းခြင်း

ခရစ်တော်သည် ပြန်လည်သင့်မြတ်ခြင်းနှင့် ကျေနပ်မှုမရှိပါ။ သူ၏ ချစ်သူများနှင့် ပြန်လည်ပေါင်းစည်းရန် အလိုရှိသည်။ ထိုကြောင့် သူသည် ဤလောကသို့ပထမအကြိမ်ကြွလာစဉ် ပြန်လည်သင့်မြတ်ခြင်း ကို ပြုလုပ်သကဲ့သို့ ဒုတိယကြွလာသည့်အခါ ခမ်းနားတင့်တယ်သော ပြန်လည်ပေါင်းစည်းမည်ဖြစ်သည်။ ဤအချက်သည် ပြဿနာဖြေရှင်း ခြင်း၏ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သည်။ “သခင်ဘုရားသည် ကြွေး ကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုး တော်မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ ၍။” (၁သက် ၄း၁၆)။

ထိုနေ့၌လူသားများသည် လေးမျိုးခွဲခြားထားမည်ဖြစ်သည်။ ခရစ် တော်၏ ဘုန်းတန်ခိုးတောက်ပခြင်း၊ အသက်ရှင်လျက်ရှိသည့်စာတန်၏ လူများသည် လဲကျပြီး သေဆုံးကုန်ကြမည်။ (၂သက် ၁း၇-၉။ ၂း၈)။ သေလျက်ရှိသော စာတန်၏ လူများသည် ဆက်လက် သေနေမည်ဖြစ် သည်။ (ဗျာ ၂၀း၅)။ သို့သော် ဘုရားသခင်၏ အိမ်ထောင်စုမှ “သေလွန် သောသူတို့သည် အဦးထမြောက်လိမ့်မည်။” (၁သက် ၄း၁၆)။ “မပုပ်နိုင် သော” ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ (၁ကော ၁၅း၅၂)။ ထိုအချိန်၌ အသက်ရှင်လျက်ရှိသော ဘုရားသခင်၏ အိမ်ထောင်သားများသည် “တစ် ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းခံရမည် ဖြစ်သည်။” (၁ကော ၁၅း၅၁၊၅၂။ ၁သက် ၄း၁၇)။

မည်မျှကြီးကျယ်ခမ်းနားသော ပြန်လည်ပေါင်းစည်းခြင်းဖြစ်မည် နည်း။ ဇနီးနှင့်ခင်ပွန်း၊ မိဘနှင့်ကလေးများ၊ မိတ်ဆွေများနှင့်ချစ်သူများ အားလုံးပြန်လည်ဆုံဆည်းပေါင်းစည်းကြမည်ဖြစ်သည်။ထိုသို့ပေါင်းစည်း ခြင်းထက်သာ၍မြတ်သောအရာသည် သခင်ယေရှုနှင့် ပြန်လည်ဆုံဆည်း သည့် ဝိညာဉ်ရေးပေါင်းစည်းမှုပင် ဖြစ်သည်။ ချစ်ခင်ယုယသောသူ၏ လက်ထဲသို့ကျရောက်သော စိတ်၏ ပျော်ရွှင်မှုသည် မည်မျှရှိမည်နည်း။ ကယ်တင်ခြင်းခံရပြီး ထာဝရကယ်တင်ခြင်းဖြစ်သည်။

အနှစ်တစ်ထောင်

သတို့သားခရစ်တော်သည် သတို့သမီးဖြစ်သည့် မိမိ၏လူများနှင့် ပြန်လည်ပေါင်းစည်းသည့်အခါ ကောင်းကင်တွင် ပျားရည်ဆမ်းခရီးရှိ မည်။ ဆယ်နှစ်အနှစ်တစ်ရာမဟုတ်၊ အနှစ်တစ်ထောင်လုံးလုံးဖြစ်မည်။ နှစ်ပေါင်း တစ်ထောင်မိဿဟာယဖွဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းတစ်ထောင် သည် ပြန်လည် သင့်မြတ်ခြင်း၏နောက်ခြေလှမ်းတစ်ခုဖြစ်သည်။

ခရီးစဉ်သည် အပေါ်သို့တက်ကြွပြီး ရှေ့သို့ဆက်သွားလေရာ ဂြိုလ်များ၊ ကြယ်စုများ၊ နဂါးငွေ့တန်းများကို ကျော်ဖြတ်လျက် အပေါ်သို့ ရှေ့သို့သာဆက်သွားခဲ့သည်။ ထိုနောက် ကောင်းကင်၏တံခါးများလွဲ၍ ပွင့်သွားသောအခါ သန့်ရှင်းသူများနှင့် ကယ်တင်ရှင် အတူတကွ ဝင်သွား မည် ဖြစ်သည်။ ထိုနောက် ခရစ်တော်ပြောသည့်ကတိတော်စကားသည် ပြည့်စုံမည်ဖြစ်၏။ “ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။” (ယော ၁၄း၃)။

သို့သော် မေးခွန်းများဆက်လက်ရှိနေဦးမည်။ နောက်တစ်ဖန် ပဋိ ပက္ခဖြစ်မှုများဘယ်သောအခါမျှ မဖြစ်စေခြင်းငှာ ခရစ်တော်သည် ကျွန်ုပ် တို့၏ မေးခွန်းများကို ဖြေကြားပေးမည်ဖြစ်သည်။ “အဘယ်ကြောင့် မြေကြီးပေါ်တွင် ဝမ်းနည်းဖွယ်ရာများ ဖြစ်ခဲ့သနည်း” “အဘယ်ကြောင့် ဘေးဆိုးကပ်ဆိုက် ရောက်ခဲ့ရသနည်း။ “ဤသူတစ်ယောက်ကယ်တင် ခြင်းရရှိပြီး အခြားသော သူတစ်ယောက်အဘယ်ကြောင့် မရရှိသနည်း။” ထိုနောက် ကောင်းကင်တွင်ရှိသောမှတ်တမ်းစာအုပ်များရယူပြီး အထူး တရားစီရင်ခြင်း စတင်မည်ဖြစ်သည်။ “ထီးနန်းပေါ်မှာထိုင်သော သူတို့ သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။” (ဗျာ ၂၀း၄)။

သို့နှင့်လူနှင့် ကောင်းကင်တမန်တို့သာလျှင် တရားစီရင်ခြင်းခံရ မည်မဟုတ်။ ဘုရားသခင်ကိုယ်တော်တိုင်တရားစီရင်ခြင်းခံရမည်။ သူ၏ စီရင် ဆုံးဖြတ်မှုများမှန်မမှန်စစ်ဆေးလိမ့်မည်။ ပြဿနာဖြစ်မှု၏ အသေး ငယ်ဆုံးသောအက်ရာများအားလုံးရှင်းပြီး စကြဝဠာကြီးတစ်ခုလုံး သံပြိုင် သီဆိုကြလိမ့်မည်။ “ထိုသူတို့သည် ဘုရားသခင်၏ကျွန်မောရှေ၏ သီချင်း နှင့် သိုးသငယ်၏ သီချင်းကိုသီ၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရ အရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့ တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။” (ဗျာ ၁၅း၉)။

သို့သော် ဤကမ္ဘာမြေကြီးသည် အဘယ်သို့ဖြစ်သနည်း။ လူသား တစ်ဦးမျှ အရှင်လတ်လတ်ကျန်ရှိတော့မည်မဟုတ်သည့်အတွက် စာတန် သည် တစ်ဦးတည်းအပန်းဖြေအနားယူခွင့်ရရှိတော့မည်ဖြစ်သည်။ (ဗျာ ၂၀း၁-၃)တွင် သူ့အားဖေါ်ပြရာ၌ အနှစ်တစ်ထောင်ဖမ်းဆီးချုပ်နှောင်ခြင်း ကို ခံရမည်ဖြစ်သည်။ အကြောင်းတရားဖြင့် ချည်နှောင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အနှစ်တစ်ထောင် မကုန်ဆုံးမီတိုင် အောင် မည်သည့်အရာမျှ ပြုလုပ်ရန်မရှိ၊ ဘယ်သူကိုမျှ စုံစမ်းနှောင့်ယှက် ရန်လည်းမရှိပါ။

ကောင်းကင်သည် ပျားရည်ဆမ်းခရီးစဉ်ဖြစ်သော်လည်း ကျွန်ုပ် တို့၏ထာဝရနေအိမ်မဟုတ်ပါ။ သခင်ယေရှုဆိုသည်မှာ “စိတ်နူးညံ့ သိမ် မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅း၅)။ အနှစ်တစ်ထောင် ကုန်ဆုံးသည့်အခါ သန့်ရှင်းသူများနှင့် ကယ်တင်ရှင်သည် ဤကမ္ဘာမြေသို့ အပြန်ခရီးစတင်ထွက်ခွာလာမည်ဖြစ်သည်။ သို့သော် ဤကမ္ဘာမြေဂြိုဟ် သည် ၎င်းတို့အား လက်ခံရန် အဆင်သင့်မရှိသေးပါ။ စာတန်နှင့်၎င်း၏ ကောင်းကင်တမန်များ ရှိနေဦးမည်ဖြစ်သည်။ အရောင်ချွတ်ပြီး ဖြူနေ သော အရိုးများ၊ ကျောက်တုံး၊ ကျောက်ခဲများ၊ သိမ်းကြုံးဖျက်ဆီးသည့် နေရာများနှင့် ပြည့်လျက်ရှိသည်။ ဖျက်ဆီးခြင်းကိုဖြစ်စေပြီး ပြန်လည် တည်ဆောက်ခြင်းကို တစ်ဖန်ပြန်လုပ်မည်။

ရှိမြဲအတိုင်းပြန်လည်တည်စေခြင်း

ကောင်းကင်တွင်ရပ်လျက် ခရစ်တော်သည် စာတန်၏မိသားစု ဝင်များဖြစ်သည့် ကာဣနပထမလူဆိုးမှသည် ကမ္ဘာ့နောက်ဆုံးပုန်ကန် သူတို့ကို အသက်ပြန်လည်ရှင်လာရန် ခေါ်တော်မူမည်။ (ဗျာ ၂၀း၅)။ စာတန်သည် လူထုကြီးကိုမြင်သော် စိတ်လှုပ်ရှားလာမည်ဖြစ်သည်။ ချည် နှောင်ထားခြင်းမရှိတော့ဘဲ သူသည် ထောင်ထဲမှ လွှတ်သောအခွင့်ကို ရလိမ့်မည်။ (ငယ် ၇)။ ထိုနောက် လူများကို လှည့်ဖြားမည်ဖြစ်၏။ (ငယ် ၈)။ သူသည် ဤများစွာသောလူထုကြီးသည် သန့်ရှင်းသောဘုရားသခင် ၏လူတို့ကို ဤနောက်ဆုံးတိုက်ပွဲ၌ အောင်မြင်မည်ဟု စည်းရုံးလေသည်။ (ငယ် ၈၊၉) ထိုပုန်ကန်မှုတွင် ကောင်းကင်မှ မီးကျလာမည်ဖြစ်သည်။ ထိုမီးလျှံတွင် အပြစ်နှင့်အပြစ်သားများသည် လောင်ကျွမ်းခြင်းကို ခံရမည် ဖြစ်သည်။ စာတန်နှင့် သူ၏ကောင်းကင်တမန်များသည်လည်း လောင် ကျွမ်းခြင်းကို ခံရကြမည်။ (ငယ် ၁၀)။

သို့သော် အဘယ်ကြောင့် မေတ္တာရှင်ဘုရားသခင်သည် လူများကို ဖျက်ဆီးရမည်နည်း။ သခင်ယေရှုအဖြေကို မဿဲ ၂၅း၄ တွင် ဖေါ်ပြထား သည်။ မီးလျှံသည် လူများအတွက်မဟုတ်ပါ။ “စာတန်နှင့်သူ၏တမန်များ အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ လူတစ်ဦးသည် အခြေအနေတစ်ခု ဖြင့် သာစာတန်နှင့်ဖျက်ဆီးခြင်းခံရမည်။ သူသည် စာတန်ကို ခိုင်မြဲစွာ တွယ်ကပ်လျှင် သူနှင့်အတူ ဖျက်ဆီးခြင်းကိုခံရမည်ဖြစ်သည်။

အပြစ်သည် ပဋိပက္ခဖြစ်မှု၏ အရင်းအမြစ်ဖြစ်သောကြောင့် ပဋိ ပက္ခဖြစ်မှုကို ဖယ်ရှားရန် ဘုရားသခင်သည် အပြစ်ကို လုံးဝဖျက်ဆီးပစ်ရ မည်သာဖြစ်သည်။ လူသည် အပြစ်ကိုကိုင်တွယ်ထားပါက ဘုရားသခင် သည် ရွေးချယ်ရန် မရှိတော့ပြီ။ အပြစ်ကိုအမြစ်မှနုတ်ပစ်ရန် အပြစ်သား ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့သော် ထိုအပြစ်သားသည် လောင်ကျွမ်း နေစဉ် ဘုရားသခင်သည် မျက်ရည်ကျနေမည်ဖြစ်သည်။ မျက်စိတွင် မျက်ရည်များဖြင့် ငိုကြွေးမည်။ “သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။” (ဟောရှေ ၁၁း၈)။ မည်မျှချစ်ခင်ယုယသောဘုရားသခင်နည်း။

ဤကမ္ဘာမြေကြီးပေါ်တွင်ရှိသောရောဂါပိုး၊ ကူးစက်တတ်သည့် ရောဂါအဆိပ်အတောက်ပိုးမွှား၊ ရောဂါအားလုံးကို ထိုမီးသည်လောင် ကျွမ်းပြီး သန့်ရှင်းစေမည်ဖြစ်သည်။ အပြစ်၏ အပုပ်နံ့များနှင့်ကင်းစင် သော ပတ်ဝန်းကျင် အသစ်ပေါ်ထွက်လာမည်ဖြစ်၏။ “ကောင်းကင်သစ် နှင့် မြေကြီးသစ်ကိုငါမြင်၏။ (ဗျာ ၂၁း၁) ဟု ယောဟန်ပြောဆိုသည်။ ထိုအရာသည် ဘုရားသခင်၏နောက်ဆုံးအပြီးသတ်ခြေလှမ်းဖြစ်သည်။

ကောင်းကင်၌ရှိသော ထိုမြို့တော်သည် ဤကမ္ဘာမြေသို့ ဆင်း သက် ပြီးသော် အစီအမံအသစ်ဖြစ်ပေါ်လာမည်ဖြစ်သည်။ ရောဂါများ၊ ပင်ပန်းနွမ်းနယ်ခြင်းမရှိတော့ပြီ။ ငိုကြွေးခြင်း၊ နာကျင်ခြင်း၊ သေခြင်းမရှိ တော့ပြီ။ “ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ ၂၁း၄)။ အချစ်ကမ္ဘာသစ်၊ ဝမ်းမြောက်ဖွယ်ရာနေရာသစ်၊ ငြိမ်သက်သည့်ဂြိုဟ် သစ်၊ အပြစ်မရှိ။ ထို့ကြောင့် မပြေလည်မှုလည်း မရှိတော့ပြီ။ ချစ်သူများ ထာဝရအစဉ်အမြဲအတူတကွ ငြိမ်သက်စွာနေထိုင်တော့မည်ဖြစ်သည်။

သို့သော် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသည် သခင်ယေရှု၏ မျက်နှာတော်ကို ဖူးမြင်ရခြင်းပေတည်း။ (ဗျာ ၂၂း၄) ဘုရားသခင်သည် လူတို့နှင့်နေထိုင်မည်ဖြစ်သည်။ သင့်ကယ်တင်ရှင်ခရစ်တော်နှင့် မျက်နှာ ချင်းဆိုင်ရမည်ဖြစ်သည်။ မပြေလည်မှုထာဝရပြီးဆုံးပြီ။ ခွဲခွာခြင်းလည်း ထာဝရကျော်လွန်ခဲ့ပြီ။ ဧဒင်အသစ်ပြန်လည်တည်ဆောက်ပြီး ခရစ်တော် နှင့် ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ပြင်ဆင်လိုက်ပြီ။ မည်မျှစိတ် လှုပ်ရှားဖွယ်ကောင်းသောအတွေး ဖြစ်သနည်း။ မည်မျှပီတိဖြစ်မည့် အတွေ့အကြုံနည်း။ ကျွန်ုပ်သခင်ယေရှုကို တွေ့မြင်လိုသည်။ သင်လည်း တွေ့မြင်လိုပါ၏လော။

ဆုံးဖြတ်ချက်

လောကချစ်သူများ၏မပြေလည်မှုများကို ဖြေရှင်းရန် ခြေလှမ်း (၇) လှမ်းရှိသည်။ လင်နှင့်မယားနှစ်ဦးစလုံး ပါဝင်ပတ်သက်ရမည်။ ကောင်းကင် ချစ်သူခရစ်တော်နှင့် မပြေလည်မှုကို ဖြေရှင်းရန်လည်း ခြေလှမ်း (၇) လှမ်းရှိသည်။ သူသည် ခြေလှမ်း (၆) လှမ်းကိုယူသည်။ ကျွန်ုပ်တို့သည် ခြေလှမ်း (၁) လှမ်းကိုသာယူရမည်။ ထိုခြေလှမ်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

သူသည် ကျွန်ုပ်တို့ကိုသူနှင့်ပြန်လည်သင့်မြတ်ရန်၊ ခွန်အားအသုံး ပြုရန် တန်ခိုးရှိသော်လည်း ထိုသို့မပြုလုပ်ပါ။ သူသည် ကျွန်ုပ်တို့ကို ဂုဏ်ပြုသည်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးသည်။ ရွေးချယ်မှုကို လည်း လေးစားသည်။ သူသည် ကျွန်ုပ်တို့ကိုချစ်သည့်အတွက် သူနှင့်ခွဲခွာ ရန် ရွေးချယ်မှုသည် သူ့အားဝမ်းနည်းစေသည်။ သူသည် ကျွန်ုပ်တို့အား တောင်းပန်လျက်ရှိသည်။ “လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ် သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့် အမျှနီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။” (ဟေရှာ ၁း၁၈)။

အပြစ်မှခွဲထွက်ရန် ကျွန်ုပ်တို့ကို တောင်းပန်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်သည် ပဋိပက္ခဖြစ်မှု၏ အကြောင်းဖြစ် သောကြောင့် ဖြစ်သည်။ အပြစ်ဖြင့် နေထိုင်သောအသက်တာမှ ပြန်လည် လှည့်လာရန် ပြောဆိုနေသည်။ လိမ်ညာခြင်း၊ ခိုးဝှက်ခြင်း၊ ခိုက်ရန်ဖြစ် ခြင်း၊ မုန်းတီးခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကို ပြစ်မှားခြင်း၊ မယားကိုရိုက်ခြင်း၊ လင်ယောက်ျားကို စိတ်ထိခိုက်အောင်လုပ်ခြင်း၊ လော ကဝါကြွားခြင်း၊ လောကပျော်မွေ့ခြင်း၊ ဘယ်ကဲ့သို့သောအပြစ်မျိုးဖြစ်စေ၊ ကယ်တင်ရှင်နှင့်ကျွန်ုပ်တို့၏ ဝိညာဉ်စပ်ကြားမည်သို့သောအရာမျှမရှိရန် ဖိတ်ခေါ်လျက်ရှိသည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည်။” (မဿဲ ၁၁း၂၈)။

ဤအချိန်သည် ဆုံးဖြတ်ရန် အချိန်ဖြစ်သည်။ ခရစ်တော်နှင့် ပဋိ ပက္ခမှုဖြင့် ဆက်လက်တည်ရှိနေလျှင် ယနေ့ဝမ်းနည်းခြင်းကို ဖြစ်စေပြီး နက်ဖြန်နေ့၌ ထာဝရသေခြင်းကို ဖြစ်စေမည်။ မေတ္တာတော်ကယ်တင်ရှင် နှင့် ပြန်လည်သင့်မြတ်သော် ယနေ့ငြိမ်သက်ခြင်းရရှိမည်ဖြစ်ပြီး မနက် ဖြန် ထာဝရအသက်ကိုရမည်။ ယောရှုပြောသကဲ့သို့ “ယနေ့ရွေးလော့၊ ငါနှင့် ငါ့အိမ်ထောင်သားဖြစ်လျှင် ထာဝရဘုရားသခင်ကိုသာ ဝတ်ပြု မည်။” (ယောရှု ၂၄း၁၅) ပြောဆိုနိုင်ပါစေသော။





No comments:

Post a Comment