- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း(၁၈) ယောက်ျားတိုင်းမိမိ၏မယားအကြောင်း သိသင့်သည့်အချက် (၁၀) ချက်
ယနေ့အိမ်ထောင်များစွာတို့ကို ပျက်စီးစေသော ပြဿနာများ သည် ယောက်ျားနှင့် မိန်းမတို့စပ်ကြားရှိ အခြေခံကွာခြားချက်များကို သတိမပြုမိခြင်း၊ ထိုပြဿနာများကိုလည်း ကိုင်တွယ်အကောင်အထည် ဖေါ်ဆောင်ရွက်ရန် နည်းဗျူဟာများ အောင်မြင်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။
မိန်းမတို့အကြောင်းသိကောင်းစရာ (၁၀) ချက်
တစ်ခါတစ်ရံမိမိ၏တန်ဖိုးကိုမေးတတ်သည်
ယောက်ျားများကြီးစိုးသည့်ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းတွင်မိန်းမ
များသည် နေရာမရ၊ ဘေးဖယ်ခြင်းကိုခံရကြ၏။ အကယ်၍ သူမသည် အချိန်ပြည့်အိမ်ရှင်မဖြစ်သော် အလုပ်လုပ်သည့်မိတ်ဆွေအပေါင်းအသင်း များသည် သူမအား အဆင့်နိမ့်သည်ဟု သုံးသပ်ယူဆသည်။ အကယ်၍ သူမသည် အသက်မွေးဝမ်းကျောင်းအလုပ်လုပ်သူတစ်ဦးဖြစ်လျှင် သူနှင့် ယှဉ်ပြိုင်လုပ်ကိုင်သောယောက်ျားများသည် သူမ၏ရုံးခန်းကို စစ်မြေပြင် အဖြစ် ပြောင်းလဲလိုက်မည်။ တချို့သော လူမှုအဖွဲ့အစည်းများတွင် သူမသည် ယောက်ျားများကဲ့သို့ လုပ်ဆောင်ရသော်လည်း လစာရရှိမှုမှာ ၎င်းတို့ထက် နည်းစွာရရှိသည်။ မကြာခဏသူမသည် အိမ်ထောင်မပြုမီ ရည်မှန်းထားသောပန်းတိုင်များကို လင်ယောက်ျားအတွက် စွန့်လွှတ်ခဲ့ သည်။ ဤအကြောင်းများနှင့် အခြားသောအရာများပေါင်းစပ်ပြီး တစ်ခါ တစ်ရံ မိမိကိုယ်ကို မေးခွန်းထုတ်ရန် အကြောင်းဖြစ်စေသည်။ “ငါ တကယ်ပဲအသုံးမဝင်ဘူးလား” လင်ယောက်ျားသည် မိမိ၏ ဇနီးသည်၏ ရုန်းကန်မှုများ၊ စိန်ခေါ်မှုများကို သတိပြုရမည်ဖြစ်ပြီး သူမ၏ တန်ဖိုးမြင့် တက်ရန် နည်းလမ်းရှာဖွေပေးရမည်။
လင်ယောက်ျား၏တန်ဖိုးထားမှုကိုမြတ်နိုးသည်
တန်ဖိုးထားခြင်းသည် သူတစ်ဦးတစ်ယောက်၏ဂုဏ်သရေကိုမြင့် စေသည့်အတွက် ယောက်ျားသည် တွင်ကျယ်စွာအသုံးပြုသင့်သည်။ ကံဆိုးသည်မှာ တချို့ယောက်ျားများသည် လျစ်လျူရှုပြီး တချို့မှာ အသုံး ပြုရန် မေ့ပျောက်နေ၏။ ဥပမာဖြင့်ပြောရမည်ဆိုသော် တချို့ယောက်ျား များသည် အလွန်အရသာကောင်းသော ထမင်းပွဲတစ်ပွဲစားပြီး ပါးစပ်ကို သုတ်၊ ဗိုက်ကိုပုတ်ပြီး “အချစ်ရေ၊ ကောင်းလိုက်တာကွာ၊ ကျေးဇူးတင်ပါ တယ်" ဟု ပြောရန်မေ့နေသည်။ ဇနီးသည်သည် သူမ၏ လုပ်ဆောင်မှု အတွက် တန်ဖိုးထားရန် အလိုရှိသည်။ နှစ်သက်သည်။ သူမသည် နေ့စဉ် ချီးမွမ်းမှုများကို မြတ်နိုးသည်။
ထိုထက်မက ယောက်ျားတို့သည် ထိုကဲ့သို့ပြောဆိုနိုင်ရန် အခွင့် ရေးရှိသည့်အချိန်များကိုလည်း သတိရရမည်။ မွေးနေ့ရက်များ၊ နှစ်ပတ် လည် ရက်များ၊ အခြားအရေးကြီးသည့်နေ့ရက်များတွင် မြတ်နိုးတွယ်တာ သည့်စကားများ ပြောဆိုနိုင်သည်။ ကျမ်းစာတော်မြတ်ဆိုသည်မှာ “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ချိုမြိန် လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။” (သု ၁၆း၂၄)။
သူမသည်အိမ်တွင်နေသောယောက်ျားကိုအလိုရှိသည်
အိမ်ရှင်မတိုင်းအကူအညီလို၏။ တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီး
တစ်ပတ်လေးလံသောအဝတ်များလျှော်ဖွပ်ခြင်း၊ ခွက်ဆေးခြင်း၊ ငိုယို အော်ဟစ်သော ကလေးများကိုကြည့်ခြင်းစသည်တို့မှာ စိတ်ရှုပ်ပြီး ငြီးငွေ့ စရာဖြစ်၏။ ကိုယ်ချင်းစာနာတတ်စိတ်ရှိသော လင်ယောက်ျားသည် ကာလအပိုင်းအခြားအလျှောက် အိမ်၏တာဝန်ဝတ္တရားများကို ဆောင် ရွက်ပြီး မိမိ၏ ဇနီးသည်အား တစ်ရက်တလေ အားလပ်ချိန်ပေးမည် ဖြစ်၏။ ထိုသို့ထောက်ထားစာနာတတ်သော လုပ်ဆောင်မှုများသည် “မင်းကိုချစ်တယ်၊ မင်းကိုဂရုစိုက်တယ်” ဟု ပြောဆိုခြင်းပင်ဖြစ်၏။
ဤရာစုနှစ်အစပိုင်းတွင် ယောက်ျားသည် တစ်ဦးတည်းသော ဝင်ငွေရှာသူဖြစ်ပြီး မိန်းမသည် အိမ်ရှင်မဖြစ်၏။ ဤရာစုနှစ်ကုန်ပိုင်းတွင် ယောက်ျားနှင့်မိန်းမနှစ်ဦးလုံးသည် ဝင်ငွေရှာသူများအဖြစ် အိမ်၏ အပြင် ဘက်တွင် အတူတကွလုပ်သည့်နည်းတူ အိမ်တွင်း၌ အိမ်မှုအလုပ်တာဝန် များကိုလည်း အဘယ်ကြောင့် အတူတကွ မထမ်းဆောင်သင့်သနည်း။ သူမ၏အလုပ်အပြင် အိမ်ရှင်မဖြစ်ဆဲပင်ဖြစ်၏။ ထိုကြောင့် ယောက်ျား သည်လည်း သူ၏အလုပ်အပြင် အိမ်ရှင် (ယောက်ျား) ဖြစ်သင့်သည်။
မိန်းမသည် ယာယီစိတ်နေသဘောထားနှင့် ခံစားချက်များ ပြောင်းလဲတတ်သည်။ သူမကိုနံနက်ပိုင်းတွင် ပြုံးရွှင်စွာ မြင်တွေ့ရပြီး နေ့လယ်လောက်တွင် ငိုနေမည်ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့စိတ် အပြောင်းအလဲများတွေ့ကြုံခံစားရပါသနည်း။ သာမန်အမျိုးသမီးတစ်ဦး ၏ သွေးထဲတွင် သွေးနီဥသည် ယောက်ျားတစ်ဦး၏ သွေးနီဥထက် ၂ဝ ရာခိုင်နှုန်းနည်းနေသည်ကိုတွေ့ရှိရသည်။ ဤသွေးနီဥများသည် အောက် စီဂျင်ဓါတ်ကို ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပို့သည့်အရာများဖြစ်ရာ မိန်းမသည် အောက်စီဂျင်ကိုလက်ခံနိုင်ရန် အားနည်းခြင်းဖြင့် မိမိလုပ် ဆောင်ကိုင်တွယ်ရသောအလုပ်နှင့် တေ့ဆိုင်တွေ့ထိမိသည့်အခါ ၎င်း၏ စိတ်နေသဘောထားနှင့်ခံစားချက်အပေါ် သြဇာသက်ရောက်မှု ဖြစ်ပေါ် လာစေသည်။
၎င်းအပြင် အမျိုးသမီးများသည် လစဉ်ဓမ္မတာအကြိုတင်းမာမှု များ ကိုတွေ့ကြုံခံစားရသည်။ အခန်း (၁၅) တွင် ဆွေးနွေးခဲ့သော လစဉ် အမျိုးသမီးများ၏ သားဖွားစနစ်သည် သဘာဝပြောင်းလဲမှုများကို ပြုလုပ် စေသည်။ ဤအခြင်းအရာသည် ခန္ဓာကိုယ်၏ဓါတုဓါတ်နှင့် ထိတွေ့ပြန် သဖြင့် သူမ၏ စိတ်နှင့်အမူအရာအပေါ် သြဇာသက်ရောက်လာလေ သည်။ပညာဉာဏ်ရှိသောလင်ယောက်ျားတစ်ယောက်သည်ဤအပြောင်း အလဲများကို မြင်တွေ့သည့်အခါ သူမကိုယုယစွာပြုစုရန် အခွင့်ကောင်း ရရှိပြီးဟု စာနာတတ်သောစိတ်ဖြင့် နားလည်ပေးသင့်သည်။
သူမသည်ခံနိုင်စွမ်းရည်ပိုရှိသည်
တချို့အရာများတွင် မိန်းမသည် အားငယ်သူဖြစ်သော်လည်း အခြားအရာများမှာ ပို၍ ခွန်အားရှိသည်။ သာမန်အားဖြင့် သူမသည် နားပါး၏။ အနံ့ခံကောင်း၏။ ညအခါ မျက်စိပိုမြင်ရ၏။ ရောဂါဘယများ ခုခံအား ပိုကောင်း၏။ ကလေးမွေးစဉ်နှစ်များ၌ သူမ၏ မိန်းမဟော်မုန်း ဓါတ်သည် နှလုံးရောဂါခုခံအားပို၍ကောင်းစေသည်။ ထို့အပြင် ဦးနှောက် ဘယ်နှင့်ညာ နှစ်ပိုင်းကိုဆက်သည့် မိန်းမ၏ (Corpus Callosum) သည် ပို၍သန်မာသည်။ ဆိုလိုသည်မှာ လေဖြတ်သည့်အခါ တစ်ဖက်၌ရှိသော ဦးနှောက်အစိတ်အပိုင်းလုပ်ငန်းများသည် အခြားတစ်ဖက်သို့ ပိုမိုမြန်ဆန် စွာလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ရောဂါအမြန်ပျောက်မှုကို ပြုလုပ်စေခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် မိန်းမများသည် ယောက်ျားများထက် (၈) နှစ် ပို၍အသက်ရှည်သည်။
သူမသည်အလိုအလျောက်ထိုးထွင်းသိမြင်တတ်သည်
ဦးနှောက်၏ လက်ဝဲဘက်နှင့် လက်ယာဘက်လုံးခြမ်းနှစ်ခုသည် ခြားနားသည့် လုပ်ဆောင်ချက်များရှိပြီး ကွဲပြားသော နည်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ကြသည်။ လက်ဝဲဘက်လုံးခြမ်းသည် အခြေခံအချက် အလက်များကို အလျားလိုက်အစိတ်အပိုင်းမှ တစ်ခုလုံးအဖြစ်သို့လည်း ကောင်း၊ လက်ယာဘက်လုံးခြမ်းသည် အစိတ်အပိုင်းများကို မမြင်မီ တစ်ခုလုံးခြုံပြီး မြင်ခြင်းဖြင့်လည်းကောင်း၊ အသီးသီးလုပ်ဆောင်ကြ သည်။ ဦးနှောက်၏ လက်ဝဲဘက်လုံးခြမ်းသည် ပြဿနာကို သဘာဝ ယုတ္တိရှိရှိ၊ အစဉ်အတိုင်းလုပ်ဆောင်၏။ ဦးနှောက်၏ လက်ယာဘက်လုံး ခြမ်းသည် ပြဿနာများကို စမ်းသပ်သောနည်းဖြင့် ဖြေရှင်းတတ်၏။
ယေဘုယျအားဖြင့် မိန်းမများသည် လက်ယာဘက်လုံးခြမ်း ဦးနှောက်ပို၍သန်သူများဖြစ်ကြသည်။ အကျိုးအကြောင်းအားလျော်စွာ သူတို့သည် ပို၍အလိုအလျောက် ထိုးထွင်းသိမြင်တတ်သူများ ဖြစ်ကြ သည်။ ဤထိုးထွင်းသိမြင်တတ်သည့်တန်ခိုးသည် အကြောင်းအရာတစ်ခု ကို ချက်ချင်းဆုံးဖြတ်တတ်၏။ သူမ၏ ဆုံးဖြတ်ချက်အကြောင်းရင်းကို မေးကြည့်သော် “ငါ့ကို တစ်ခုခုက အဲဒီလိုပြောသလိုပဲ” ဟု ပြန်၍ ဖြေဆို တတ်သည်။ သတိဝီရိယရှိသော လင်ယောက်ျားတစ်ဦးသည် အချက် အလက်များပြရန်မရှိသော်လည်း သူမ၏သဘောကို အလေးအနက်သတိ ပြုရမည်ဖြစ်၏။
မိန်းမသည်အချစ်၏ခံစားချက်ဖြင့်သွေးကြွစေသည်
မိန်းမများသည် ယောက်ျားများနှင့်မတူ၊ ၎င်းတို့သည် မြင်တွေ့ ခြင်းဖြင့် လှုံ့ဆော်မှုမဖြစ်ဘဲ ထိတွေ့မှုဖြင့်သာသွေးကြွစေသည်။ သူမထံမှ ထိရောက်စွာတုံ့ပြန်မှုကိုရရှိရန် အချစ်၏ ထိတွေ့မှုကို ခံစားရမည်ဖြစ်၏။ သူမအတွက် လိင်ဆက်ဆံမှုသည် ရုပ်၏ထိတွေ့မှုမကဘဲ စိတ်၏ခံစားမှု အတွေ့အကြုံလည်းဖြစ်၏။ စကားများပြီး၍သော်လည်းကောင်း၊ ရန်ဖြစ် ပြီး၍သော်လည်းကောင်း ယောက်ျားသည် လိင်မှုကိစ္စအတွက် လုပ် ဆောင်ရန် အသင့်ရှိသည်။ သို့သော် မိန်းမများသည် ဤကဲ့သို့မဟုတ်ပါ။ နာကျင်စွာ ခံစားရသည့်အခါ ရင်းနှီးစွာဆက်ဆံရန် အသင့်ရှိဖို့ အချိန်ယူရ မည်ဖြစ်၏။
သူမသည်ချစ်ခြင်းအသွင်အမျိုးမျိုးဖေါ်ပြမှုကိုနှစ်သက်သည်
ထိုသို့ဖေါ်ပြခြင်းအမျိုးအစား (၃) မျိုးရှိသည်။ (၁) သာမန်အဆင့်။ လက်ကိုကိုင်ခြင်း။ (၂) ရင်းနှီးသည့်အဆင့်။ ဖက်ရမ်းနမ်းရှုပ်ခြင်း။ (၃) နောက်ဆုံးအဆင့်။ လိင်ဆက်ဆံခြင်း။ ယောက်ျားသည် သင်္ချာအတွက် အချက်ကျွမ်းကျင်သူဖြစ်သည်။ သူသည် ရေတွက်ရန်နှစ်သက်၏ နံပါတ် (၁) မှ (၂)၊ (၂) မှ (၃) သို့ လျင်မြန်စွာရေတွက်တတ်သည်။ သူသည် ရင်းနှီးမှုအဆင့်သို့ရောက်သော် နောက်ဆုံးလိင်ဆက်ဆံမှုအဆင့်သို့ ဆက် ရန် စိတ်ဆန္ဒရှိသည်။
မိန်းမအများစုတို့သည် သင်္ချာကျွမ်းကျင်သူများမဟုတ်ပါ။ သူတို့ သည် ရေတွက်လိုသည့် စိတ်ဆန္ဒမရှိပါ။ တစ်ခါတရံ ဇနီးသည်သည် ရေတွက်၍ (၁) ၌ပင်ရပ်နေလေတော့၏။ သာမန်လက်ကိုင်သည့်အဆင့် တွင် ကျေနပ်မှုရရှိသည်။ အခြားအချိန်တွင် (၂) သို့ရောက်သည့်အခါ ရပ်ဆိုင်းလိုက်သည်။ သူမသည် ဖက်ရမ်းနမ်းရှုပ်ခြင်းဖြင့် ကျေနပ်မှုရရှိ၏။ အခြားအချိန်များ၌ နံပါတ် (၃) အထိ ဆက်ရေတွက်သည်။ လိင်ဆက်ဆံမှု ကို လိုလားသည်။ သူတို့သည် ယောက်ျားများကဲ့သို့မဟုတ်၊ အချိန်အခါ အလိုက်၊ အချစ်ကို အသွင်အမျိုးမျိုးအဖြစ် ဖေါ်ပြသည်ကိုနှစ်သက်သည်။
လင်ယောက်ျားတိုင်းသည် ဤအခြေခံခြားနားမှုများကို နားလည် ရန်လိုအပ်သည်။ ၎င်းနောက် ထိုခြားနားချက်များကို မည်ကဲ့သို့ ကိုင်တွယ် ရန် သင်ကြားရယူရန်လိုအပ်သည်။ သူသိရမည့်အချက်သည် ၎င်းကိုယ်ကို ဦးစားပေးရန်မဟုတ်ဘဲ “ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကိုထောက် ၍ သူကိုတည်ဆောက်ခြင်းငှာ သူ၏အလိုကိုလိုက်ကြကုန်အံ့။ အကြောင်း မူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့မလိုက်” (ရောမ ၁၅း၂၊၃)။
သူမသည်လပ်နေသောအသိုက်တွင်းဥအသစ်များအလိုရှိသည်
မိန်းမသည် သူ၏အသက်တာအဆင့်တိုင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။ သူမ၏ကလေးများသည် ကြီးပြင်းလာပြီး အရွယ်ရောက် ကြသော် အိမ်မှ ထွက်ခွာသွားကြလေသည်။ ထိုနောက် သူမ၏ အသိုက် တွင်း၌ လပ်နေပြီး စိတ်တွင်းဟာလာဟင်းလင်းဖြစ်နေတတ်၏။ သူမ၏ နှစ်ပေါင်းများစွာသော တွယ်တာမှုများ ပျောက်ကွယ်သွားပြီး အသိုက် တွင်း၌ ဥသစ်များ ရရှိရန် ဆန္ဒပြင်းပြလျက်ရှိလာသည်။ ကျွေးမွေးပြုစုရန် ကလေးများအလိုရှိသည်မဟုတ်၊ လှုပ်ရှားမှုများပြုစုပျိုးထောင်ရန်ဖြစ်၏။ သဘောတရားအသစ်များနှင့် စီမံကိန်းအသစ်များကို စဉ်းစားရန်ဖြစ်၏။ မိမိကိုယ်အတွေ့အကြုံပိုမိုများပြားလာစေရန် သင်တန်းများတက်ရောက် ခြင်း (သို့မဟုတ်) မိမိအလိုဆန္ဒပြည့်စေရန် အလုပ်သစ်တစ်ခုခုလုပ်ခြင်း တို့ဖြစ်၏။ မွေးဖွားရန်အတွက် ဆိုလျှင် ‘ခေါင်းခါ’ မည်ဖြစ်ပြီး အသစ်ဖန် တီးမှုဆိုလျှင် ‘ခေါင်းညိတ်’ မည်ဖြစ်၏။
စာနာထောက်ထားပြီး ယုယကြင်နာသော လင်ယောကျ်ားသည် မိမိ၏မယားဥအသစ်အသိုက်ထဲသို့သွင်းရန် လိုအပ်သည့် ညှိနှိုင်းမှုများ၊ စွန့်လွှတ်မှုများကို ပြုလုပ်မည်သာဖြစ်၏။ တမန်တော်ပေါလု ဤကဲ့သို့ ပြောဆိုခဲ့သည်။ “ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူ တစ်ပါးကိုကိုယ်ထက် ချီးမြှောက်ကြလော့။” (ရောမ ၁၂း၁၀)။
ဇနီးသည်သည် “မင်းကိုချစ်တယ်” ဆိုသည့် အဖိုးထိုက်သော စကားကိုကြားလိုသည်။ အိမ်ထောင်မကျမီ ထိုစကားများသည် မကြာ ခဏပြောတတ်၏။ သို့သော် အိမ်ထောင်ပြုပြီးသည်နောက် ဤစကားကို ပြောတောင့်ပြောခဲသည်။ လင်ယော့က်ျားသည် ထပ်ခါတလဲလဲ ပြောရ မည်။ ဤကဲ့သို့ ချစ်ခြင်းကိုတည်စေရန် ပြောသောစကားသည် အင်ဂျင် စက်ကို ဆီထည့်ပေးသည်နှင့်တူ၏။ မကြာခဏကဆိုသလို လဲလှယ် ခြင်းပြုရမည်။ သို့သော် အစဉ်ရှိရမည်။ ဆီမရှိခဲ့သော် အလွန်ကောင်း သောစက်ပင်လျှင် လောင်ကျွမ်းသွားမည်သာဖြစ်၏။ ဆီနှင့်သာဆိုလျှင် သာမန်စက်ပင်လျှင် ကောင်းစွာလည်ပတ်နိုင်မည်ဖြစ်၏။
ဤကဲ့သို့ပြောရန် အခက်ဆုံးသောပေါင်းဖေါ်ဖက်သည် စာအား ဖြင့် ရေးသားဖေါ်ပြနိုင်၏။ မေတ္တာစာကို ခေါင်းအုံးအောက်တွင်သော် လည်းကောင်း၊ ထမင်းစားခွက်အောက်၌သော်လည်းကောင်း၊ ရေခဲ သေတ္တာတံခါးပေါ်တွင်လည်းကောင်း အဆင်ပြေသည့်နေရာတွင် ထား နိုင်သည်။ ကျမ်းစာတော်မြတ်၌ “ရှောလမုန်သီချင်း” ဆိုသည်မှာ ချစ် မေတ္တာစာဖြစ်သည်ကို သတိရပါ။ “သင်သည် အဆင်းလှပေ၏၊ ငါချစ် သောနှမ၊ အလွန်လှပေ၏” ဟု ရေးထားသည်ကို တွေ့ရ၏။ (ရှောလမုန် ၄း၁)။
သမ္မာကျမ်းမြတ်၏ပုံဆောင်မှုတွင် မိန်းမသည် အသင်းတော်ကို ပုံဆောင်သည်။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” (ဧဖက် ၅း၂၅)။ “အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိ၏ ခင်ပွန်းအပေါ်မှာ ခေါင်းဖြစ်၏။” (ငယ် ၂၃)။ ယနေ့ကမ္ဘာလောကကြီးတွင် အသင်းတော် အများရှိရာ လူတို့ကိုရှုပ်ထွေးစေခဲ့၏။ စာတွေ့မိန်းမဖြစ်သည့် ဇနီးသည် အကြောင်းသိကောင်းစရာ (၁၀) ချက်ရှိသကဲ့သို့ ဝိညာဉ်မိန်းမဖြစ်သည့် အသင်းတော်အကြောင်း သိကောင်းစရာ (၁၀) ချက်ရှိ၏။
အသင်းတော်အကြောင်း (၁၀) ချက်
ခရစ်တော်၏သွန်သင်ချက်များမှ မှန်ကန်သော အသင်းတော် အကြောင်းကို ဗျာ ၁၄ တွင် မှတ်တမ်းတင်ထားသည်။ ဤနေရာတွင် ကောင်းကင်အလည်၌ ပျံပဲလျက်ရှိသောကောင်းကင်တမန် (၃) ပါးသည် လောကတွင်နေသောသူအပေါင်းတို့အား ဘုရားသခင်၏ နောက်ဆုံး သတင်းစကားကိုပြောဆိုနေသည်ကို ဖေါ်ပြထားသည်။
အသင်းတော်သည် ထာဝရဧဝံဂေလိတရားကို ဟောကြားသည်။ ဗျာ ၁၄း၆။ ဧဝံဂေလိသတင်းစကားသည် သခင်ယေရှုမှကယ်တင်ခြင်းရရှိ သောသတင်းကောင်းဖြစ်၏။ ဤသတင်းစကားသည် ပြောင်းလဲခြင်းမရှိ၊ ထာဝရတည်မြဲမည်ဖြစ်၏။ အာဒံမှအာဗြဟံ၊ မောရှေမှမဿဲ၊ ပေတရုမှ ပေါလု၊ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်း၊ ဧဝံဂေလိသတင်းစကားသည် အတူတူပင်ဖြစ်၏။ မှတ်သားရန်အရေးကြီးသောအချက်မှာ အသင်းတော် ၏မူလအခြေခံအလုပ်သည် နိုင်ငံရေး၊ စီးပွားရေးမဟုတ်။ ပညာရေးနှင့် လူမှုရေးလည်း မဟုတ်ပါ။ အသင်းတော်၏အာရုံစွဲလမ်းခြင်းအရာသည် ဧဝံဂေလိသတင်းစကားကိုဟောကြားရန်ဖြစ်၏။
အသင်းတော်သည် နိုင်ငံတကာရေးရာဖြစ်၏။ “မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးသီးဘာသာစကားကို ပြောသောလူ အမျိုးအနွယ်ခပ်သိမ်းတို့ကို သတင်းစကားပေးရန်ဖြစ်၏။ (ငယ် ၆)။ ဧဝံ ဂေလိသတင်းစကားကို အရင်းရှင်နှင့် ကွန်မြူနစ်တို့ထံသို့လည်းကောင်း၊ ဘုရားသခင်မရှိဟု ယုံသောသူနှင့် ရုပ်ဝတ္ထုဝါဒီတို့ထံသို့လည်းကောင်း၊ သူဌေးနှင့်သူဆင်းရဲထံသို့လည်းကောင်း၊ ငမဲနှင့်ငဖြူထံသို့လည်းကောင်း ဖြစ်နိုင်သမျှလူတိုင်းကို ကယ်တင်ခြင်းသတင်းစကားကို လက်ခံရန် ပြင်း ပြပူလောင်သောဆန္ဒဖြင့် သယ်ဆောင်သွားရမည်ဖြစ်၏။
အသင်းတော်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကိုကြေညာ သည်။ ၎င်း၏သတင်းစကားမှာ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြ လော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။” (ဗျာ ၁၄း၇)။ ခရစ်တော်ပြန်လည်ကြွလာသည့်အခါ၌ အာဏာရှိသူမှ တရားစီရင်ခြင်း၊ ပြစ်ဒဏ်ချခြင်းတို့ကို ပြုလုပ်မည်ဖြစ်၏။ သို့သော် သူပြန်မကြွလာမီ စစ်ကြောစီရင်ခြင်းရှိမည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး နောက်အခန်း တွင် အသေးစိတ် ဆွေးနွေးမည်ဖြစ်၏။ ဤလေးနက်တည်ကြည်သော အကြိုကြွလာချိန် တရားစီရင်ခြင်း၏ သတိပေးစကားသည် “သင်၏ ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။” (အာမုတ် ၄း၁၂)။
အသင်းတော်သည် ခရစ်တော်၏ ဥပုသ်နေ့၌ ဘုရားဝတ်ပြုသည်။ ဆက်လက်ပြီး ၎င်း၏သတင်းစကားမှာ “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့” (ဗျာ ၁၄း၇) တွင်ဖေါ်ပြထား၏။ ထိုသူသည် မည်သူဖြစ်သနည်း။ ခရစ်တော်သည် ဖန်ဆင်းခြင်းနိမိတ်လက္ခဏာ၌ သာမန်ပါဝင်ဆောင်ရွက် သူမဟုတ်ပါ။ တက်ကြွစွာဆောင်ရွက်သူတစ်ဦးဖြစ်သည်ကို ဟေဗြဲ ၁း၂ မှ ကျွန်ုပ်တို့အား သတိပေးသည်ကို သိရှိရ၏။
သတ္တမနေ့၌ဝတ်ပြုခြင်းသည် ဖန်ဆင်းခြင်းအရာကို ပွဲခံခြင်းဖြစ် သည်။ (က ၂း၁-၃)။ ထို့ပြင် ဗျာ ၁၄း၇ တွင် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ် ကြလော့” ဟု ဆိုသည်မှာ ထွက်မြောက်ရာကျမ်း ၂၀း၁၁ တွင် ဖေါ်ပြသော စတုတ္ထပညတ်တရားနှင့် အလွန်ပင်တူလှပါသည်။ “ထာဝရဘုရားသခင် သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ--- ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။” မှန်သောအသင်းတော်သည် ယောက်ျားမိန်းမ တို့အား မှန်သောဥပုသ်သို့ ပြန်လည်ခေါ်လျက်ရှိ၏။ ဥပသနေ့၏ဘုရား သခင်ကို ဘုရားသခင်၏ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ကြလော့။
အသင်းတော်သည် ဗာဗုလုန်၏ မတရားသော လိင်ကိစ္စကို ဆန့် ကျင်ပြောဆိုသည်။ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ မိမိမတရားသောမေထုန် ၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူအပေါင်းတို့အား တိုက်လေပြီးသော် ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏” (ဗျာ ၁၄း၈)။ အသင်းတော်သည် ခရစ်တော်တစ်ဦးတည်းကိုသာ ချစ်ခြင်းနှင့် သစ္စာစောင့်သိမှုရှိရန်ဖြစ်၏။ အသင်းတော်သည် ကြိုတင်ဆင်ခြင်ပြီး ဘုရားသခင်၏စကားကို နားမထောင်၍သော်လည်းကောင်း၊ တစ်ပါး သောသူ၏ ဆန္ဒနှင့်အမိန့်အာဏာကိုသော်လည်းကောင်း၊ အညံ့ခံလိုက် သော် သူသည် ဝိညာဉ်ရေးမေထုန်ကို ကျူးလွန်ခြင်းဖြစ်၏။ ဤစာအုပ် အခန်း (၁ဝ) တွင် အမှားနှင့်အမှန်ပေါင်းဖက်ပါက ၎င်းတို့၏ ပေါင်းစည်း ခြင်းသည် ဗာဗုလုန်ဖြစ်သည်ကို ဖေါ်ပြပြီးဖြစ်၏။ ဖြောင့်မှန်သောအသင်း တော်သည် မတရားသောမေထုန်ဖြင့် ပေါင်းစည်းခြင်းကို ပြစ်တင်ရှုတ်ချ ၏။
အသင်းတော်သည် သားရဲ၏တံဆိပ်ကို ဆန့်ကျင်သတိပေးသည်။ “အကြင်သူသည် သားရဲနှင့်သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ် စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ ----- ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။” (ငယ် ၉-၁၁)။ အလွန်ကြောက်မက်ဖွယ်ကောင်းသောပုံပါတကား။
သားရဲသည် ရောမ၏တန်ခိုးအာဏာဖြစ်၏။ သားရဲ၏ တံဆိပ် သည် ဘုရားသခင်၏သတ္တမနေ့ကို ဖျက်ဆီးပြီး ပထမနေ့တွင် အစားထိုး ဝတ်ပြုရန် ကြိုးစားလျက် အာခံတော်လှန်မှုပင်ဖြစ်၏။ ဤကဲ့သို့လုပ်ခြင်း သည်သားရဲ၏တံဆိပ်ကိုနဖူး၌- (မိမိတို့ဆုံးဖြတ်ချက်များ) လည်းကောင်း၊ လက်၌- (လုပ်ဆောင်ချက်များ)လည်းကောင်း လက်ခံရန်ငြင်းဆန်သော သူတို့ကို သေဒဏ်အမိန့်ချမှတ်နိုင်ရန် နိုင်ငံရေးတန်ခိုးအာဏာကို အသုံး ပြုမည်ဖြစ်သည်။ (ဗျာ ၁၃း၁၅၊၁၆)။ ဘုရားသခင်၏ ဖြောင့်မှန်သော အသင်းတော်သည် တနင်္ဂနွေနေ့ဝတ်ပြုခြင်းကို ဆန့်ကျင်သတိပေးသည်။
ခရစ်တော်၏ဖြောင့်မှန်သောအသင်းတော်သည် သူ၏ နှုတ်ထွက် စကားတော်ဆယ်ပါးကို အတည်ပြုထောက်ခံသည်။ ဗျာ ၁၄း၁၂ တွင် သူ၏လူများကို ‘သန့်ရှင်းသူများ” ဟုခေါ်သည်။ ဤသန့်ရှင်းသူများသည် ဘုရားသခင်၏ နှုတ်ထွက်စကားတော်များကို လိုက်နာကြသည်။ ဤ တရားမဲ့သည့်ကာလ၌ သူတို့သည် ခရစ်တော်၏ တရားကို ရိုသေ၏။ သူတို့သည် တချို့သော နှုတ်ထွက်စကားတရားတော်များကို လက်ခံပြီး တချို့တို့ကို ငြင်းဆန်သည်မဟုတ်။ “ပညတ်တရားအလုံးစုံကို စောင့် ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏” (ယာကုပ် ၂း၁၀)။ သူတို့သည် ကယ်တင်ခြင်း ရရန် ပညတ်တရားကို စောင့်သည်မဟုတ်ပါ။ သူတို့သည် ကယ်တင်ခြင်း ရပြီးဖြစ်သည့်အတွက် ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းဖြစ်၏။ သူတို့ဘယ်ကဲ့သို့ ကယ်တင်ခြင်းရရှိပါသနည်း။
အသင်းတော်သည် ခရစ်တော်၏ယုံ ကြည်ခြင်းဖြင့် ကယ်တင် ခြင်းရရှိပြီ။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။--- သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” (ဧဖက် ၂း၈၊၉)။ ထိုအရာသည် အသင်းတော်၏ သတင်းစကား ပင်ဖြစ်၏။ အသင်းတော်သည် သိုးသငယ်ကို မြင်စေခြင်းငှာ သူများကို ကရာနီကုန်းပေါ်သို့ သွားသည့်လမ်းပေါ် အမြဲပို့ဆောင်၏။ ထိုနောက် တစ်ဦးတစ်ယောက်သောသူသည် ယုံကြည်ခြင်းဖြင့် ကယ်တင်ရှင်ကို လက်ခံပါက ထိုသူသည် တစ်မုဟုတ်ချင်းတွင် ကျေးဇူးတော်ဖြင့် ကယ် တင်ခြင်းကို စိတ်ချစွာရရှိမည်ဖြစ်ကြောင်း ပြောဆို၏။ ယေရှု၏ပညတ် တရားများကို နားထောင်ခြင်းသည် သခင်ယေရှု၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း၏ရလဒ်ကြောင့် အစဉ်မြဲဖြစ်၏။
ဗက်လင်မြို့
Rev. ၁၄ သည် အသင်းတော်၏ သတင်းစကားကို တင်ပြရာ အခန်း (၁၂) သည် အသင်းတော်၏ တိုက်ပွဲများကို ဖေါ်ပြ၏။ တိုက်ပွဲ ရှုခင်းအမျိုးမျိုးကို ဖေါ်ပြထားပါသည်။ အပုဒ် (၁) တွင် အသင်းတော် သည် အလွန်တောက်ပခမ်းနားသောဘုန်းတော်ဖြင့် ဖေါ်ပြသည်။ “မိန်းမ တစ်ဦးသည် နေကိုဝတ်လျက်၊ လကိုခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့် ပြီးသောသရဖူကို ဆောင်းလျက်ပေါ်လာ၏။” ထိုနောက်သူ၏ ရန်သူပေါ်လာသည်။ အဆင်းနီသော နဂါးကြီးသည် သူမရှေ့၌ ရပ်လျက်၊ “သားကိုဖွားလှသောမိန်းမသည် ဖွားသောအခါ ကိုက်စားမည့် အကြံ” ရှိ၏။ ထိုနောက် သူမသည် သားယောက်ျားကို ဖွားမြင်တော်မူသည်။ (Rev. ၁၂:၄၊၅)။
ထိုအခြင်းအရာသည် ဗက်လင်မြို့၏ရှုခင်းဖြစ်၏။ မူလသဘော တွင် နဂါးသည် စာတန်ကို ပုံဆောင်၏။ အခြေခံသဘောအရ သူ၏ ကိုယ်စားလှယ်ကိုပုံဆောင်၏။ ထိုစာတန်၏ ကိုယ်စားလှယ်သည် ရောမ ကိုဆိုလိုသည်။ ခရစ်တော်သူငယ်ကိုဖျက်ဆီးရန် ဟေရုဒ်မင်းကြီးပင် ဖြစ် ၏။ သူသည် မအောင်မြင်ပါ။ “ထိုသားကို ဘုရားသခင်ထံသို့လည်း ကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။” (ငယ် ၅)။ ထိုကြောင့် ဗက်လင်မြို့တိုက်ပွဲတွင် နဂါးသည် စစ်ရှုံးသူဖြစ်ပြီး မိန်းမ သည် စစ်နိုင်သူဖြစ်၏။”
တောထဲ၌
မကြာခင်ရှုခင်းသည် တောထဲသို့ပြောင်းရွှေ့ သွားလေ၏။ “မိန်းမ သည်--- တော၌--- ဘုရားသခင်ပြင်ဆင်တော်မူသောအရပ်သို့ ပြေးလေ ၏။ သို့သော် နဂါးသည်--- မိန်းမကို စစ်တိုက်ခြင်းငှာသွား၏။” (ဗျာ ၁၂း၆၊၇)။ ဤအရာသည် ဖြောင့်မှန်သော အသင်းတော်ပြည်နှင်ဒဏ်ခံရ သော မြင်ကွင်းဖြစ်၏။ တောထဲတွင် မည်မျှကြာမည်နည်း။ အခန်းငယ် (၆) တွင် ဖေါ်ပြထားသည်။ “ရက်ပေါင်း ၁၂၆ဝ ဖြစ်သည်။ "ကျမ်းစာ တော်မြတ်တွင် ပုရောဖက်ပြောသော စကားများအရ တစ်ရက်သည် တစ်နှစ်ကို ပုံဆောင်သဖြင့် (ယေဇကျေလ ၄း၆)။ ၁၂၆ဝ ရက်သည် ၅၃၈ မှ ၁၇၉၈ အထိ မိန်းမသည် တောထဲ၌ ရုန်းကန်လျက်ရှိသည်။
ဤအချိန်ကာလကို တစ်ခါတစ်ရံ အမှောင်ခေတ်ကာလဟုဆိုကြ သည်။ ထိုစဉ်အချိန်၌ သမ္မာကျမ်းစာတော်မြတ်သည် ပိတ်ပင်တားဆီး ထားသည့် စာအုပ်ဖြစ်သည်။ ဥရောပတိုက်ရှိသည့် တန်ခိုးတော်ကြီး ကျောင်းများတွင် သော့ခတ်ထားကာ သာမန်လူများ နားမလည်သော ဘာသာဖြင့် တန်ခိုးတော်ကြီးများအတွက်သာ အသုံးပြုနိုင်သည့်စာအုပ် ဖြစ်၏။ နှုတ်ထွက်စကားတော်သည် “မီးခွက်” နှင့် “အလင်း” (ဆာလံ ၁၁၉း၁ဝ၅) ဖြစ်သည့်အတွက် မည်သည့်အခါတွင်မဆို တားဆီးထားပါက အမှောင်ထုသာလျှင် ဖြစ်ပေါ်မည်ဖြစ်၏။ ထို့ကြောင့် ဖြောင့်မတ်ခြင်းကို ပြည်နှင်ပါက အမှားသည်သာလျှင် ထီးနန်းပေါ်၌ စိုးမိုးမည်ဖြစ်၏။ ထိုသို့ နှစ်ရာစုပေါင်းများစွာကျော်လွန်ခဲ့ရာ မှားယွင်းသောဩဝါဒသဘောတရား ဖြစ်သည့် (purgatory) အပြစ်သန့်စင်စေခြင်း၊ (indulgence) အခွင့်ထူး ခံစားခွင့်ရှိခြင်း၊ သေသူများအတွက် ဆုတောင်းခြင်း၊ တနင်္ဂနွေနေ့ဝတ်ပြု ခြင်း၊ သူငယ်ကိုနှစ်ခြင်းပေးခြင်းစသည့် အရာများသည် နေ့စဉ်လုပ်ရိုး လုပ်စဉ်အလုပ်များဖြစ်လာသည်။ နှစ်ရာပေါင်းများစွာ ညှဉ်းပန်းနှိပ်စက် ခြင်းများအတားအဆီးမရှိ ဖြစ်ပေါ်လျက်ရှိ၏။ သဘောထားကွဲပြားသူ တို့ကို ခွေးဖြင့် အမဲလိုက်သကဲ့သို့လည်းကောင်း၊ ဆန့်ကျင်သူများကို အကျဉ်းထောင်ထဲသို့ သွင်းခြင်းဖြင့်လည်းကောင်း၊ အယူမှားခြင်းများကို မီးရှို့ခြင်းဖြင့်လည်းကောင်း ညှဉ်း၀န်းသတ်ဖြတ်ကာ အာဇာနည်များ တိုးပွားလာစေလေသည်။
သို့သော် ထိုအမှောင်ခေတ်ကာလတွင် မိန်းမသည် တောထဲ၌ ငိုကြွေးလျက်ရှိသည်။ တဖြည်းဖြည်းတစခြင်းတစ ၎င်း၏ အသံသည် ပေါ်ထွက်လာ၏။ ကြာမြင့်စွာ မြှပ်နှံခြင်းခံရသော အမှန်တရားတို့သည် တစ်ခုပြီးတစ်ခု ပြန်လည်ရှင်ပြန်ထမြောက်လာလေ၏။ ဖြောင့်မတ်ခြင်း အလင်းသည် မှားယွင်းသောအမှောင်ထုကြီးကို တဖြည်းဖြည်းစတင် ပျက်စီးလေပြီ။ ဘုရားသခင်သည် တောထဲမှမိန်းမကိုလွတ်မြောက်စေရန် နှင့် တိုင်းနိုင်ငံအသီးသီးမှ သမ္မာကျမ်းစာ၏ သြဝါဒစကားပြန်လည် ဖေါ်ထုတ်ရန် လူပုဂ္ဂိုလ်များနှင့် လှုပ်ရှားမှုများကို ဖြစ်ပေါ်လာစေ၏။
ကယ်တင်ခြင်း
(၁၆) ရာစုနှစ်တွင် ဘုရားသခင်၏ကျေးဇူးတော်တရားကို ပြန် လည်ရှင်ပြန်ထမြောက်လာရန် မာတင်လူသာ (Martin Luther) နှင့် Lutheran အသင်းတော်ကို ဖြစ်ပေါ်စေခဲ့သည်။ ကယ်တင်ခြင်းသည် ငွေကြေးဖြင့် ဝယ်ယူရရှိနိုင်သောအရာမဟုတ်ဘဲ ကရာနီတွင် အခမဲ့ပေးခဲ့ သောဘုရားသခင်၏ ကျေးဇူးတော်ဖြင့်သာ ရရှိကြောင်း၊ မာတင်လူသာ ကြေညာခဲ့သည်။
(၁၇) ရာစုနှစ်တွင် သခင်ယေရှု၏ ဗတ္တိဇံသြဝါဒသတင်းစကားကို ပြန်လည်ဖေါ်ထုတ်ရန် ဘုရားသခင်သည် နှစ်ခြင်းအသင်းတော်ကို ဖြစ် ပေါ်စေခဲ့သည်။ ဗတ္တိဇံခံယူခြင်းသည် မဖြစ်မနေလိုအပ်ကြောင်း ပက်ဖျန်း ခြင်းဖြင့်မဟုတ်၊ ရေတွင်နှစ်ခြင်းဖြင့်လည်းကောင်း၊ အမှန်တကယ်ဖေါ်ပြ ရမည်ဖြစ်ကြောင်း ၎င်းတို့ကြေညာခဲ့ကြသည်။
(၁၈) ရာစုနှစ်တွင် လူတို့သည် သခင်ယေရှု၏ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းကိုရရှိပါက ထိုသူတို့သည် သခင်ယေရှု၏ အလုပ်ကို လုပ် ဆောင်သည်ဟူသော သြဝါဒသတင်းစကားကို ပြန်လည်ရှင်သန်ထ မြောက်လာရန် ဘုရားသခင်သည် (John Wesley) နှင့် Wesliyan အသင်းတော်ကို ဖြစ်ပေါ်လာစေသည်။ သူတို့သည် စည်းကမ်းဖြင့် နေထိုင်မှုရာ၊ စနစ်တကျ ရှိသည်ဖြစ်သဖြင့် ၎င်းတို့ကို (Methodists) စည်းကမ်းနည်းလမ်းဖြင့် နေထိုင်သူများဟု ခေါ်တွင်လာ၏။
(၁၉) ရာစုတွင် သတ္တမနေ့ဥပုသ်၏ အမှန်တရားကိုလည်းကောင်း၊ ခရစ်တော်ကြွလာမည့်ဆဲဆဲ သြဝါဒသတင်းစကားကိုလည်းကောင်း၊ ပြန် လည်ရှင်ပြန်ထမြောက်လာစေရန် (Seventh-day Adventist) အသင်း တော်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုထက်မကဘဲ သူတို့သည် ဖြောင့်မတ်ခြင်း တရားအားလုံးကို ပေါင်းစည်းလိုက်နာသည်။ သခင်ယေရှု၏ ကျေးဇူး တော်၊ သခင်ယေရှု၏ နှုတ်ထွက်တရားတော်၊ သခင်ယေရှု၏ ဥပုသ်တော် နေ့၊ သခင်ယေရှု၏ဗတ္တိဇံ၊ သခင်ယေရှုဒုတိယအကြိမ်ကြွလာတော်မူခြင်း စသည့်သခင်ယေရှု၏ သွန်သင်မှုအားလုံးကို တစ်ကမ္ဘာလုံးသို့အနှံ့ လေ လှိုင်းသံဖြင့် ဖြန့်ဝေလျက်ရှိနေပြီ။ ထိုကြောင့် အမှန်တရားသည် အမှား ပေါ်တွင် အောင်ပွဲခံပြီး မိန်းမသည် နဂါးကိုအနိုင်ယူလိုက်လေ၏။
အသင်းတော်သည် ရေပန်းမစား၊ ညှဉ်းပန်းမှုများဖြင့် တွေ့ကြုံ ခံစားရမည်ဖြစ်၏။ နောက်ဆုံးတိုက်ပွဲကြီး၏မြင်ကွင်းကို ဗျာ ၁၂း၁၇ တွင် မီးမောင်းထိုးပြထား၏။ “နဂါးသည် မိန်းမကို အငြိုးထား၏။--- ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါ သွား၏” ဟု ဖေါ်ပြထား၏။ စာတန်သည် ခရစ်တော်၏အသင်းတော်နှင့် အမြဲစစ်တိုက်လျက်ရှိနေ၏။ သို့သော် ကမ္ဘာ့သမိုင်း၏ နောက်ဆုံးသောနေ့များတွင် သူသည် အချိန် အနည်းငယ်သာကျန်ရှိသည်ကို သတိပြုမိသဖြင့် မှန်ကန်သောအသင်း တော်အပေါ်၌ သူ၏အမျက်ဒေါသကို အကုန်အစင် သွန်းလောင်းချလိုက် လေတော့၏။ နောက်ဆုံးသောအချိန်ကာလ၌ တည်ရှိသော အသင်းတော် ၏နောက်ဆုံးပိုင်း ကို “ကျန်ကြွင်း” (သောအသင်းတော်) ဟု ခေါ်ဆိုသည်။
နောက်ဆုံးမည်သူမည်ဝါကို ဖေါ်ထုတ်ခြင်းမပြုမီ အရေးကြီး သည့် အကြောင်းအချက်နှစ်ရပ်ကို မီးမောင်းထိုးညွှန်ပြရန် အရေးကြီး သည်။ ပထမဘုရားသခင်သည် နေရာအနှံ့တွင် ရိုးသားသောသူများထား ရှိ၏။ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သည့် ဘာသာများတွင် ဘုရား သခင်သည် သူ၏လူများရှိသည်။ လောကီရေးရာစိတ်ရှိသော လူ့ဘောင် အဖွဲ့အစည်းတိုင်းတွင် ရိုးသားဖြောင့်မှန်သောနှလုံးသားများ ဘုရားသခင် ထားရှိတော်မူသည်။
ဒုတိယတစ်ချက်မှာ ခရစ်တော်သည် ယောက်ျားနှင့်မိန်းမများကို ၎င်းတို့ရှိသည့်နေရာကပင် သူ၏ “ကျန်ကြွင်း” သူများတွင် ပါဝင်ရန် ဖိတ်ခေါ်နေသည်။ သူ့အား ခေါ်နေသည်ကို ယောဟန်ကြား၏။ “ငါ၏ လူမျိုးတို့--- သူ့အထဲကထွက်ကြလော့။” ဗျာ ၂၈း၄)။ ဘုရားသခင်၏ လူဖြစ်သူတိုင်းကြားမည်ဖြစ်ပြီး ပြန်လည်ဖြေကြားမည်ဖြစ်၏။ “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။--- ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည် လည်း ငါ့ကို သိကြ၏။--- ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကား သံကို နားထောင်သဖြင့် သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်း ရှိရလိမ့် မည်။” (ယော ၁၀း၁၄၊၁၆)။
အသင်းတော်သည် သခင်ယေရှု၏ သတင်စကားများကို နား ထောင်သည်။ ဗျာ ၁၂:၁၇ တွင် ဆက်လက်ဖေါ်ပြသည်မှာ “ဘုရားသခင် ၏ ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်း သောသူ” ဟုဆိုသည်။ ယေရှု၏ သက်သေခံဆိုသည်မှာ အဘယ်နည်း။ ဗျာ ၁၉း၁၀ ရှင်းပြသည်မှာ “ပုရောဖက်ဟောသောစကားချက်သဘော သည် ယေရှု၏ သက်သေဖြစ်သတည်း။” ပုရောဖက်မှဝိညာဉ်တော် တိုက်တွန်းပြောဆိုသည့်အရာသည် ဝိညာဉ်တော်၏ အနာဂတ်စကားဟု ဆိုသည်။ ပုရောဖက်များကိုအားပေးတိုက်တွန်းသောသူသည် ဝိညာဉ် တော်ဖြစ်၏။ (၂ပေ ၁း၂၁)။ ထိုကြောင့် သခင်ယေရှုသည် ဝိညာဉ်တော် ကိုစေလွှတ်ပြီး ပုရောဖက်များအား ပြောကြားစေခဲ့ရာ သူတို့သည် တစ်ဖန်ပြန်လည်၍ အသင်းတော်ကိုပြောကြား (သို့မဟုတ်) ရေးသားပေး ပို့သည်။
ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းခေတ်တွင် ခရစ်တော်၏ အသင်း တော်သည် ပုရောဖက်များရှိသည်။ ဗျာ ၁၂း၁၇ တွင် ကျန်ကြွင်းသော အသင်းတော်၌လည်း ဝိညာဉ်တော်ဆုကျေးဇူးကိုရမည်မှာ သေချာသည် ဟု ကျွန်ုပ်တို့အားဖေါ်ပြထားသည်။ အသင်းတော်သည် ခေတ်ကာလ အဆက်ဆက်မှ ပုရောဖက်များ၏ သတင်းစကားများကို နားထောင်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပုရောဖက်များသည် ခရစ်တော်၏ မေတ္တာစာများကို ချစ်သူမှအခြားချစ်သူတစ်ဦးထံ သယ်ယူပို့ဆောင်ပေး သော စာပို့လုလင်ဖြစ်သည့်အတွက်ကြောင့်ဖြစ်၏။ ပုရောဖက်များရေး သောစာများကို ကျွန်ုပ်တို့ဖတ်ရှုသည့်အခါ အမှန်ပင် သခင်ယေရှုထံမှ ပေးပို့သောမေတ္တာစာများကို ဖတ်သည်နှင့်အတူတူပင် ဖြစ်၏။ ပုရော ဖက်များဟောပြောသည့်စကားများကို နားထောင်သည့်အခါ သခင်ယေရှု ၏ ချစ်ဖွယ်ကောင်းသောအသံကို နားဆင်နေခြင်းပင်ဖြစ်၏။
ဤအခန်း၏အစောပိုင်းတွင် လင်ယောက်ျားတိုင်းသည် မိမိ၏ ဇနီး “မင်းကိုချစ်တယ်” ဆိုသည့် ဤအဖိုးထိုက်သော စကားများကို ပြောရန် အရေးကြီးကြောင်း ဖေါ်ပြပြီးဖြစ်သည်။ နေသာသောတောင်ပေါ် မှာဖြစ်စေ၊ ဝမ်းနည်းခြင်း၏ အရိပ်အောက်၌ဖြစ်စေ၊ ပီတိဖြစ်မှု၏တောင် ထိပ်၌ဖြစ်စေ၊ စိတ်ပျက်ခြင်း၏ ချိုင့်ဝှမ်း၌ဖြစ်စေ၊ “မင်းကိုချစ်တယ်” ဆိုသည့်စကားသည် ပဲ့တင်သံအပြန်ပြန်ရိုက်ခတ်အောင်ပြောရန် လိုအပ် ပါသည်။ ကျွန်ုပ်နှင့်အနှစ် (၃၀) သစ္စာရှိစွာဖြင့် ပေါင်းသင်းလာသော ချစ်ဇနီး WAVENEY ထံသို့ပေးသည့် အဖိုးတန်သောမေတ္တာစာတစ်စောင် ကို သင်တို့နှင့်အတူဝေငှလိုပါသည်။ (စာရေးသူသည် မိမိချစ်ဇနီး၏ အမည်ကို စာလုံးတစ်လုံးချင်း ၎င်း၏ မေတ္တာကို ဖေါ်ပြခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်သာပို၍ အဓိပ္ပါယ်ရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါ သည်။ (ဘာသာပြန်ဆိုသူ)-
W- Tells the way I Love You-
More than words could say
A- The sweet affection which you
give from day to day.
V- Your Very cheerful smile
that's a delights to see
E- is your deep Earnestness-
unswering Loyalty.
N- stands for that Number
30 years we've lined
together.
E- is your Encouragement in
every kind of weather.
Y- stands for darling You,
and what you mean
to me.
You grow Sweeter, richer
dear with each
anniversary.
So- let me thank you for your
love and once more
promise you.
My Life, my love, myself,
my all- through
blackness and through
blue,
And pray that God will keep
You sweet and strong
and brave and blod,
Until that gladsome,
glorious day we walk
these streets of gold.
တစ်နေ့ပြီးတစ်နေ့၊ တစ်ညပြီးတစ်ည၊ လင်ယောက်ျားသည် မိမိ ၏ ချစ်ဇနီးအား၎င်း၏ချစ်မေတ္တာကိုဖေါ်ပြရန် တာဝန်နှင့်အခွင့်အရေးဖြစ် ၏။ သူသည် နှုတ်အားဖြင့် ပြောနိုင်၏၊ စာအားဖြင့်ရေးနိုင်၏၊ သီချင်း အားဖြင့်လည်း သီဆိုနိုင်၏။ တစ်နည်းမဟုတ် အခြားသောတစ်နည်းဖြင့် ပြောနိုင်၏။
၎င်းနည်းတူ ချစ်မေတ္တာအကြီးဆုံးဖြစ်သူ သခင်ယေရှုခရစ်သည် လည်း ပုရောဖက်များ၏ ကလောင်မှတစ်ဆင့် ထပ်ခါတလဲလဲပြောနေ သည်မှာ “အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့် ကရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏။” (ယေရမိ ၃၁း၃)။ “ငါသည် ကိုယ်အဖို့သင့်ကို အစဉ်အမြဲသိမ်းယူမည်--- ချစ်သနားစုံမက်ခြင်းနှင့်--- သင့်ကိုသိမ်းယူမည်။” (ဟောရှေ ၂း၁၉)။ “သင်သည် ငါမြတ်နိုးရာဖြစ် သောကြောင့် အသရေရှိပြီ၊ ငါလည်းချစ်၏။” (ဟေရှာ ၄၃း၄)။ သူ၏အသံ သည် ချိုသာ၏။ သူ၏သတင်းစကားသည် ကြည်လင်၏။ သူ၏စာသား သည် အံ့ဖွယ် ကောင်းလှပါ၏။ “မင်းကိုချစ်တယ်။”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment