- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၄) ပျော်ရွှင်ခြင်းနှင့်ကျန်းမာခြင်းတို့၏သော့ (၄) ချောင်း
လူတိုင်းသည် ကျန်းမာကြံ့ခိုင်မှုရှိရန် နှစ်သက်သည်။ အိမ်ထောင်
တိုင်းသည်လည်း ပျော်ရွှင်မှုကို လိုလားကြသည်။ ဤအရာနှစ်ခုသည် အပြန်အလှန်အကျိုးပြုသည်။ ကျန်းမာခြင်းသည် ပျော်ရွှင်ခြင်းအပေါ် သြဇာသက်ရောက်သကဲ့သို့ ပျော်ရွှင်ခြင်းသည်လည်း ကျွန်ုပ်တို့၏ ကျန်း မာခြင်းအပေါ် သြဇာသက်ရောက်သည်။ ဘုရားသခင်သည် အိမ်ထောင် တိုင်းကို ကျန်းမာပျော်ရွှင်ရန် အလိုဆန္ဒရှိသည်။ တမန်တော်ယောဟန် ဖေါ်ပြထားသည်။ “အချင်းချစ်သူ၊ သင်၏ စိတ်နှလုံးသည် ကောင်းစား သကဲ့သို့ သင်သည်အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည် အကြောင်း ငါဆုတောင်း၏။” (၃ယော ၂)။ ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်း ဂိတ်တံခါးကို ဖွင့်နိုင်ရန် အစီအမံပြုလုပ်ထားရှိသည်။ ကျမ်းစာတော်မြတ် နှင့် ဆန်းစစ်ကြည့်ကြပါစို့။ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း ဘုရားသခင်၏ တန်ခိုးတော်ကိုထောက်၍ ခပ်သိမ်းသော အမှုကိစ္စတို့ကို ပြုကြလော့။” (၁ကော ၁၀း၃၁)။
ပျော်ရွှင်ခြင်းနှင့်ကျန်းမာခြင်း၏သော့ချက်
မှန်ကန်သင့်လျော်စွာစားပါ
ဖန်ဆင်းရှင်သည် ပထမစုံတွဲကို ဖန်ဆင်းပြီးနောက် သူတို့အား အကောင်းဆုံး “စံ” အစားအစာကိုစားရန် ပြဌာန်းလိုက်သည်။ “မြေတစ် ပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသောသစ်ပင်အမျိုးမျိုးတို့ကို လည်း ကောင်း သင်တို့စားစရာဖို့ငါပေး၏။” (က ၁း၁၉)။ သူတို့သည် ကျန်းမာ ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဝမ်းမြောက်စွာဖြင့် ခံစားရသည်။ ရေလွှမ်းမိုးခြင်း ပြီး စားပင်သီးနှံများ ပျက်စီးပြီးသည်နောက်မှ အသားစားခြင်းအမှုကို ခွင့်ပြုလိုက်သည်။ ရုတ်တရက်လူတို့၏ အနေအထိုင် အစားအသောက် ပြောင်းလဲခြင်းဖြင့် လူသားတို့၏သက်တမ်းမှာ နှစ်ရာဖြင့် သိသာစွာလျော့ နည်းလာသည်ကို တွေ့ရှိရသည်။ အသီးအနှံစားသုံးခြင်းသည် လူသားတို့ အတွက် အကောင်းဆုံးသော အာဟာရအစာဖြစ်ဆဲပင်။
သို့သော် အသီးအနှံစားသုံးခြင်းသည်ဖြစ်စေ၊ မစားသုံးသည်ဖြစ် စေ၊ ကျွန်ုပ်တို့စားသုံးသည့်အစာသည် ဟန်ချက်ညီပြီး အခြေခံအစား အစာအုပ်စုများမှပါဝင်သင့်သည်။ ပရိုတင်းအုပ်စုရှိသည်။ ၎င်းအုပ်စုသည် ခန္ဓာကိုယ်ကိုတည်ဆောက်ပြုပြင်သည့် အစာများပါဝင်သည်။ ပဲအမျိုး မျိုး၊ မြေပဲ၊ ပဲတောင့်၊ ကြက်ဥ၊ အသား၊ ငါးနှင့်ကြက်သားများပါဝင်သည်။ နောက်အုပ်စုတစ်ခုမှာ နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်သည်။
ဤအစားအစာများသည် ပရိုတင်းနှင့်ကယ်လ်စီယမ်ဓါတ်များပေး သည့် အာဟာရအစာများဖြစ်သည်။ ထိုနောက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအုပ်စုရှိသည်။ ဤအစာများသည် ခုခံအားကောင်းရန်နှင့် ဗီတာ မင်နှင့်သတ္တုဓါတ်များပေးသည်။ ကောက်ပဲသီးနှံအုပ်စုတွင် ဆန်၊ ပြောင်း၊ ဂျုံ စပါးစသည်တို့ဖြစ်ပြီး ၎င်းတို့သည် ကာဘိုဟိုက်ဒြိုက်နှင့် စွမ်းအား ကိုပေးသည့်အာဟာရအစာများဖြစ်သည်။
အစားအစာ၏ တြိဂံပုံသဘောကို ဖေါ်ပြရာ၌ အများဆုံးအောက် အခြေခံစားသုံးရမည့်အစာသည် ကောက်ပဲသီးနှံအုပ်စုမှဖြစ်သည်။ ဒုတိ ယအများဆုံးမှာ ဟင်းရွက်များနှင့် သစ်သီးများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဖြစ်ပြီး နောက်ဆုံးနှင့်ထိပ်တွင် အနည်းဆုံးမှာ ပရိုတင်းအုပ်စုဖြစ်သင့် သည်။
သန့်ရှင်းသည့်အစားအစာ
ကုန်းသတ္တဝါများကို ကြည့်ကြပါစို့။ “ခွါကွဲပြား၍ စားမြုံ့ပြန်သော အသားများကို သင်တို့စားရသောအခွင့်ရှိ၏။” (ဝတ် ၁၁း၂)။ ထိုကြောင့် နွားနှင့်သိုးတို့ကို စားသုံးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်ချက် နှစ်ရပ်ကို ပြည့်စုံခြင်းကြောင့်ဖြစ်သည်။ ခွါကွဲ၍စားမြုံ့ပြန်သည်။ “ဝက် သည် ခွါကွဲပြားသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင် ကြယ်” (ဝတ် ၁၁း၇၊၈)။ ထိုကြောင့် ဝက်သည်ဘုရားသခင်၏ အနုတ် စာရင်းတွင်ပါဝင်သည်။
ရေထဲတွင်နေသော သတ္တဝါများကို နှစ်မျိုးခွဲခြားနိုင်သည်။ ပင် လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ်နှင့်အကြေးရှိသောတိရစ္ဆာန်ကိုသာ စားရမည်။” (ဝတ် ၁၁း၉)။ ဤကျမ်းပိုဒ်နှင့်အညီ အကြေးမရှိသောငါးများကို စားသုံးရန်မသင့်လျော် ပါ။ ဂဏန်း၊ ပုစွန်၊ လိပ်စသည့်အခွံအမျိုးအစား သတ္တဝါများသည် ဘုရား သခင်၏ ပယ်သည့်စာရင်းတွင် ပါဝင်သည်။ “အယပ်အကြေးနှင့် မပြည့်စုံ သော တိရစ္ဆာန်အသားကို သင်တို့သည် မစားရ။ သူတို့အသေကောင်ကို လည်း ရွံရှာကြရမည်။" (ဝတ် ၁၁း၁၂)။
“သို့သော် ဒီအရာတွေဟာ ဂျူး (ယုဒ) မဆန်ဘူးလား” ဟုမေး ဖွယ်ရာရှိသည်။ “ဒီခွဲခြားခြင်းတွေဟာ မောရှေကစတယ်မဟုတ်လား” မောရှေမတိုင်မီနှစ်ရာပေါင်းများစွာမှ စည်းခြားထားပြီးဖြစ်သည်။” ထာဝ ရဘုရားသခင်သည် နောဧကို--- သင်၏ အိမ်ထောင်သူအိမ်ထောင်သား အပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင်ကြလော့။--- စင်ကြယ်သောသား မျိုး၊ တစ်မျိုး တစ်မျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊” သိမ်းယူရမည်ဟုဆိုသည်။ (က ၇း၁၊၂) လူတစ်ဦးလေ့လာသုံးသပ်ရာ၌ အကယ်၍ နောဧသည် မစင်ကြယ်သော သားမျိုးတစ်စုံကိုစားမိပါက ထိုသားမျိုးသည် မျိုးဆက် ပျောက်ကွယ်သွားမည်သာဖြစ်၏ဟုဆိုသည်။
“ဒါပေမယ့်၊ ဓမ္မသစ်ကျမ်းမှာ ဘုရားသခင်က စင်ကြယ်တယ်လို့ အမိန့်ရှိတာကို လူကမစင်ကြယ်ဖူးလို့မပြောစေနဲ့” ဆိုသည့်အချက်မှာ ရေပန်းစားသည့်မေးခွန်းတစ်ခုပင်။ ဟုတ်မှန်ပေ၏။ ၎င်းအချက်ကို တမန် တော် ဝတ္ထုအခန်း (၁ဝ) တွင် တွေ့ရှိနိုင်သည်။ ပေတရုသည် အစာဆာနေ ပြီး အိပ်မောကျသွားသည်။ ထိုသို့အိပ်မောကျစဉ် အိပ်မက်ကိုမြင်ခဲ့သည်။ ခြုံထည်ထဲတွင် မစင်ကြယ်သောတိရစ္ဆာန်မျိုးစုံ၊ မိုးကောင်းကင်မှကျလာ သည်ကိုမြင်၏။ ထိုနောက် မိန့်တော်မူသည်မှာ “ပေတရုထလော့၊ သတ် ပြီးစားလော့” ဟုဆိုသည်။ (တမန် ၁၀း၁၃)။ ပေတရုငြင်းသည့်အခါ “ဘုရားသခင်စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည် မထင်နှင့် ဟုလာပြန်၏။" (ငယ် ၁၅)။
စင်ကြယ်သူများ
ထိုနောက် တမန်တော်သည် မြင်မက်သောအိပ်မက်ကို စဉ်းစား နေစဉ် သူ၏ဂိတ်တံခါးခေါက်သံကို ကြားရသည်။ ရောမတပ်မှူးကော်နေ လိထံမှ စေလွှတ်လိုက်သောသူများ ရောက်လာသည်။ ထိုသူတို့သည် ပေတရုကို ဤတစ်ပါးအမျိုးသားအိမ်ထောင်အား တရားဟောကြားပေး ရန်အတွက် ကဲသရိမြို့သို့ သွားရန် လာရောက်ဖိတ်ခေါ်ခြင်းဖြစ်သည်။ ပေတရုသည် အလွန်အရေးကြီးသောအခြေအနေနှင့် ရင်ဆိုင်နေရလေပြီ။ သူသည် တရားဟောကြားရန် လက်တင်မင်္ဂလာရရှိထားသူတစ်ဦး ဖြစ် သော်လည်း ဂျူးလူမျိုးတို့၏ထုံးတမ်းဓလေ့များကို ဖီဆန်ပြီး မစင်ကြယ် သည့်တစ်ပါးအမျိုးသားအိမ်တွင်းသို့ ဘယ်ကဲ့သို့ ဝင်နိုင်မည်နည်း။ ထို နောက် သူသည် မြင်မက်ခဲ့သောအိပ်မက်၏ အနက်အဓိပ္ပါယ်ကို သိရှိ တော့သည်။
၎င်း၏အိမ်သို့ရောက်ရှိသောအခါ ပေတရုက ယုဒလူဖြစ်သော သူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖေါ်၊ မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည်မစင်ကြယ်ဟု အဘယ်သူ ကိုမျှမခေါ်ရမည်အကြောင်း ဘုရားသခင်သည် ငါ့အားဆုံးမပြသတော်မူ ပြီ။” (တမန် ၁၀း၂၈) ဟုဆိုသည်။ ထိုအိပ်မက်သည် တိရစ္ဆာန်များ အကြောင်း ပြောကြားနေခြင်းမဟုတ်ပါ။ လူများအကြောင်း ပြောနေခြင်း ပင်ဖြစ်သည်။ ထိုသတင်းစကားမှာ ဧဝံဂေလိသတင်းစကားသည် လူခပ် သိမ်းနှင့်ဆိုင်နေခြင်းပင်ဖြစ်သည်။ ယုဒလူမျိုးတစ်ပါးအမျိုးသား ဘယ်သူ မျှစင်ကြယ်ခြင်း မရှိပါ။ အားလုံးကယ်တင်ခြင်းကို ခရစ်တော်၏ အဖိုးထိုက်သောသွေးတော်ဖြင့်သာရရှိကြသည်။
ကျန်းမာရေး၏ ပထမသော့သည် မှန်ကန်သင့်လျော်စွာစားပါ။ စင်ကြယ်သောအစာများကို ရွေးချယ်ပြီး ဟန်ချက်ညီသည့်အာဟာရကို ပြင်ဆင်သုံးစွဲပါ။ သကြားနှင့်အဆီများကို ရှောင်ရှားရန် သတိပြုသင့် သည်။ အစာများကို ရိုးရိုးပြင်ဆင်ပြီး သင့်တင့်မျှတစွာ စားသုံးရမည်။ မကြာမီက ဤမှတ်ချက်တစ်ခုကို ကျွန်ုပ်တွေ့မြင်ခဲ့သည်။ “အခြားလက် နက်များထက် သွားဖြင့် မိမိသင်္ချိုင်းကိုတူး၍ သေကြောင်းကြံစည်သူများ သည် ပို၍များလာသည်ကိုတွေ့ရှိရသည်။” ဤကဲ့သို့သေကြောင်းမကြံ စည်ကြပါနှင့်။ နောက်ထပ်ကောင်းသောအကြံဉာဏ်တစ်ခုမှာ “နံနက်စာ ကို မင်းသားလိုစားပါ။ နေ့လယ်စာကိုကျေးတောသားလိုစားပါ။ ညစာကို သူဆင်းရဲလိုစားပါ။”
မှန်ကန်သင့်လျော်စွာသောက်ပါ
ဒုတိယသော့ကိုလေ့လာကြပါစို့။ ကျမ်းချက်သည် ဤကဲ့သို့ဆို ၏။ “သင်တို့သည်စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊” (၁ကော ၁၀း၃၁) ထိုကြောင့် ဒုတိယသော့သည် မှန်ကန်သင့် လျော်စွာ စားသောက်ခြင်းပင်ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်၌ ဘုရား သခင်သည် လူသားတို့အား အကောင်းဆုံးအရည်ကို သောက်သုံးရန် ပေးခဲ့သည်။ သူ၏လူများတောထဲတွင် လှည့်လည်နေစဉ် ဆက်လက်ပြီး ထောက်ပံ့ လျက်ရှိသည်။ “သင်သည် ထိုကျောက်ကို ရိုက်ရလိမ့်မည်။ လူများ သောက်ဖို့ ထိုကျောက်ထဲမှ ရေထွက်လိမ့်မည်။” (ထွက် ၁၇း၆)။ ခရစ် တော်နည်းတူကျွန်ုပ်တို့သည်လည်းစပျစ်ရည်မျိုးအသစ်ကိုလည်းသောက် နိုင်သည်။ (မဿဲ ၂၆း၂၉)။ ရေကို (၆) ခွက်မှ (၈) ခွက် အထိ နေ့စဉ် သောက်သုံးရန် ထောက်ခံအကြံပေးထားသည်။
စာတန်သည် ထုံးစံအတိုင်း အတုအယောင်ဖြင့် စီမံထောက်ပံ့ သည်။ ၎င်းမှာသေရည်သေရက်ဖြစ်သည်။ လူ၏ စိတ်နှင့်ခန္ဓာကိုယ်ပေါ် နစ်နာထိခိုက်စေသောအကျိုးအာနိသင်ရှိကြောင်း ဆေးသိပ္ပံမှ ကြေညာ ပြောကြားသော်လည်း ယောက်ျား၊ မိန်းမများသည် ဆက်လက်ပြီး ၎င်း၏အကျဉ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံကြသည်။ ယနေ့ အမေရိကန်နိုင်ငံတွင် သေရည်သေရက်ကြောင့် မိမိကိုယ်ကိုသေကြောင်း ကြံသည့် ၃၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ ယာဉ်တိုက်မှု ၅၅ ရာခိုင်နှုန်း သည်လည်းကောင်း၊ ကလေးသူငယ်များကို အလွဲပြုမှု ၆ဝ ရာခိုင်နှုန်း သည်လည်းကောင်း၊ အိမ်တွင်အကြမ်းဖက်မှု ၈၅ ရာခိုင်နှုန်းသည်လည်း ကောင်း အရက်ကြောင့်သာဖြစ်ရသည်။ ကျမ်းစာ၏ အဆိုမှာမှန်လှပါ၏။ “သေရည်သေရက်သည် ရုန်းရင်းခတ်အမှုပြုခြင်းကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။” (သု ၂၀း၁)။
အောင်မြင်ခြင်း
သောက်စားခြင်းအမှုကို မည်ကဲ့သို့ ကျော်လွှားနိုင်မည်နည်း။
(၁)။ ပြဿနာ၏အရင်းအမြစ်ကိုရှာဖွေပြီး အဖြေကိုစီစဉ်ပါ။ များသော အားဖြင့် အရက်သေစာသောက်သုံးခြင်းသည် ပို၍နက်နဲသော ပြဿနာ အရင်းအမြစ်တစ်ခုကို လွတ်မြောက်စေရန်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ခဲ့သော် ပြဿနာကို ဖေါ်ထုတ်ပြီး အဖြေကိုစီစဉ်ရန်ဖြစ်သည်။ (၂)။ ခိုင်မြဲသည့် ဆုံးဖြတ်ချက်ချပါ။ “ငါဖြတ်လိုက်ပြီး” ဟု ကျွန်ုပ်တို့စိတ်ဆုံးဖြတ်ချက်ချ လိုက်သော် “သင်တို့မတတ်နိုင်သောအမှုမရှိ” (မဿဲ ၁၇း၂ဝ)။ သေရေး ရှင်ရေးအလွန်အရေးကြီးသောစကားသည် “ယခု” ပင်ဖြစ်သည်။ မနက် ဖြန်မဟုတ်၊ ယနေ့အခုဖြစ်သည်။ (၃)။ စားသောက်သည့် သူငယ်ချင်းများ ကို ရှောင်ကြဉ်ပါ။
(၄)။ ဆုတောင်းပါ။ လူ၏ဆန္ဒနှင့် ဘုရားသခင်၏တန်ခိုးကို ပေါင်း စပ်ပါ။ အောင်မြင်ခြင်းကိုရှာသည့်အခါ ကျွန်ုပ်တို့သည် စာတန်ကို တိုက်ခိုက်ရသည်။ စာတန်ကို တစ်ဦးတည်းတိုက်သော် အရှုံးနှင့်ရင်ဆိုင် ဖွယ်ရှိသည်။ အောင်မြင်မှု၏အာမခံချက်ကိုရရှိရန် ဘုရားသခင်၏ အကူ အညီကို ရယူရမည်။ နေ့၏အစ၌သာမက စုံစမ်းခြင်းခံရသည့်အချိန်တွင် လည်း တောင်းခံရမည်။ နှုတ်ကပတ်တော်ဆိုသည်မှာ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” (ဆာလံ ၄၆း၁)။ ကျွန်ုပ်တို့ဤပုံသေနည်းကိုသတိပြုရမည်။
လူ၏စိတ်ဆန္ဒ + ဘုရားသခင်၏တန်ခိုး = အောင်မြင်ခြင်း
၅။ အောင်မြင်ခြင်း၏ ABC ကိုကျင့်သုံးပါ။ ကျွန်ုပ်တို့ တောင်းခံ လျှင် (Ask) ၊ ကျွန်ုပ်တို့ယုံကြည် (Believe) သင့်သည်။ ထိုနောက် အောင် မြင်ခြင်းကိုရရှိ (Claim)သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဆုတောင်း သည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျော်လွှားနိုင်သည့်တန်ခိုး ကို ပေပြီးဟု သေချာစွာခံယူပြီးနောက် ထိုတန်ခိုးကို ရရှိပြီးဖြစ်သကဲ့သို့ လုပ်ဆောင်သင့်သည်။ ထိုအရာသည် ယုံကြည်ခြင်းပင် ဖြစ်သည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ် ၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။” (ဟေဗြဲ ၁၁း၁)၊ ချက်ချင်းပင် ထိုအောင်မြင်ခြင်းကို တွေ့ကြုံခံစားရမည် ဖြစ်သည်။
မှန်ကန်စွာအသက်ရှုပါ
ကျွန်ုပ်တို့၏ကျမ်းချက်အရ“သင်တို့သည်စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း” (၁ကော ၁၀း၃၁) ဆိုထားသည်ကိုတွေ့ရ၏။ လူသည် အသက်တာတွင် ပထမဦးဆုံး ပြုလုပ်သောအရာသည် အသက်ရှုခြင်းပင်ဖြစ်သည်။ ထို ကြောင့်အိမ်ထောင်၏ ကျန်းမာပျော်ရွှင်ရန် တတိယသော့ကား၊ မှန်ကန် စွာအသက်ရှုခြင်းပင်ဖြစ်သည်။ လတ်ဆတ်သောလေသည် အခမဲ့ရရှိနိုင် သည်။ အောက်စီဂျင်သည် ကိုယ်ခန္ဓာအတွင်း၌ရှိသော ကလပ်စည်းငယ် ကလေးများကို ပြန်လည်ရှင်သန်စေခြင်းဖြစ်သည်။ ကိုယ်လက်ကြံ့ခိုင်ရေး ကျွမ်းကျင်ဆရာများသည် ရက်သတ္တပတ်လျှင် (၁၅) မိနစ်သုံးကြိမ် လေ့ကျင့်ခန်းများပြုလုပ်ရန် ထောက်ခံထားသည်။ ဤနှလုံးကြွက်သား များ၏ လှုပ်ရှားမှုသည် ပိုမိုကျန်းမာသည့် နှလုံးကိုဖြစ်စေသည့်အပြင် အဆုတ်ကိုချဲ့ကာ လေပို၍လက်ခံနိုင်ပြီး သွေးကြောငယ်ကလေးများကို ပါ အားဖြည့်စေ၏။ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသို့ အောက်စီဂျင်ကို ရရှိရန်လည်း ဆောင်ရွက်လေသည်။
ထုံးစံအတိုင်းစာတန်သည် အခြားအလှည့်ကျအစီအစဉ်ရှိသည်။ ဘေးဥပဒ်ဖြစ်စေသောအရာများကို ရှုရှိုက်ခြင်းပင်ဖြစ်သည်။ ဆေးလိပ်၊ ဆေးခြောက်၊ ဘိန်းစသည့်အရာများပါဝင်သည်။ တရားဝင်၊ တရားမဝင် သည့်မူးယစ်ဆေးများသည် လူ၏ခန္ဓာကိုယ်ကို ထိခိုက်နစ်နာစေသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ဥပမာ၊ နှစ်စဉ်ဆေးလိပ်နှင့်ဆက်စပ်သည့် သေဆုံးခြင်းသည် ယခုသုံးသန်းကျော်ရှိရာ အကယ်၍ အချိန်ရှိပြီး ဤနှုန်း အတိုင်း ဆက်သွားသော် သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် ထိုကိန်းဂဏန်းသည်
တစ်လလျှင် သေနှုန်းတစ်သန်းအထိ တိုးမြင့်မည်ဖြစ်သည်။
အရေးကြီးသည့်မေးခွန်းမှာ ဤကဲ့သို့သောအရာကို ဘယ်ကဲ့သို့ အောင်မြင်ကျော်လွှားနိုင်မည်နည်း။ (၁)။ ခိုင်မြဲသောဆုံးဖြတ်ချက်ကိုချ ပါ။ “ငါအခုဖြတ်လိုက်မယ်” ထိုသို့ဆုံးဖြတ်ချက်သည် သေရေးရှင်ရေး အရေးကြီးလှသည်။ ထိုသို့မဆုံးဖြတ်ပါက အောင်မြင်မှုရရှိမည်မဟုတ်ပါ။ ဆုံးဖြတ်ချက်သည် ချက်ချင်းပင်ရပ်ရန်ဖြစ်ရမည်။ “ယခု” ဆိုသည့်စကား သည် အလွန်တရာပင် တန်ခိုးကြီး၏။ (၂)။ မူးယစ်ဆေးပေးသူ၊ ပို့သူ၊ သယ်ယူသိုလှောင်သူများနှင့်အဆက်ဖြတ်ပါ။ (၃)။ အသက်နက်ရှိုင်းစွာ ရှူရှိုက်ပါ။ လေ့ကျင့်ခန်း မကြာခဏပြုလုပ်ပါ။ (၄)။ ရေကိုကိုယ်တွင်း၌ ဖြစ်စေ၊ ပြင်ဘက်၌ဖြစ်စေ၊ တွင်ကျယ်စွာ အသုံးပြုပြီး ကိုယ်တွင်းမှ ၎င်း ပစ္စည်းများကို ဆေးကြောသုတ်သင်ပါ။ (၅)။ ဆုတောင်းပါ။ လူ၏စိတ် ဆန္ဒနှင့် ဘုရားသခင်၏တန်ခိုးကို ပေါင်းစပ်ပါ။ စာတန်ကိုတစ်ဦးတည်း တိုက်ခိုက်ရန် သတ္တိမရှိပါ။ ကောင်းကင်မှ ကူညီမှုကို လိုအပ်ပါသည်။ လူ၏စိတ်ဆန္ဒနှင့် ဘုရားသခင်၏တန်ခိုးသည် အောင်မြင်ခြင်း၏လျှို့ဝှက် ချက်ဖြစ်သည်။ (၆)။ ABC ၏အောင်မြင်မှုကို ကျင့်သုံးပါ။ အောင်မြင်ခြင်း ကိုတောင်း (Ask) သော် လက်ခံရရှိကြောင်း ယုံကြည် BELIEVE ပြီး ရယူခြင်းပင်ဖြစ်သည်။ ယခုမိနစ်အချိန်ပိုင်းသည် အောင်မြင်သည့်အချိန် ပင်ဖြစ်နိုင်သည်။
မှန်ကန်စွာစဉ်းစားပါ
စတုတ္ထသော့သည် မှန်ကန်စွာစဉ်းစားခြင်းဖြစ်သည်။ လူသည် တိရစ္ဆာန်ထက်ပိုသည်မှာ စဉ်းစားဆင်ခြင်ရန် အသိတရားရှိခြင်းပင်ဖြစ် သည်။ ဤအချက်သည် လူကိုဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်တူစေသော အရာဖြစ်သည်။ (က ၁း၂၆)။ ဖန်တီးတီထွင်တတ်သော စဉ်းစားခြင်း တန်ခိုးဖြစ်သည်။ ဤထူးခြားသောအစွမ်းသတ္တိသည် ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်းအတွက် အထိရောက်ဆုံးသောသော့ဖြစ်သည်။
၈ဝ ရာခိုင်နှုန်းသောဖျားနာခြင်းများသည် စိတ်ကြောင့်ဖြစ်သည် ဟု ခန့်မှန်းတွက်ချက်ထားသည်။ အစပထမတွင် ခန္ဓာကိုယ်တွင် မှားယွင်း မှုမရှိပါ။ သို့သော် ကြောက်ရွံ့ခြင်းသော်လည်းကောင်း၊ နာကျင်ခြင်းသော် လည်းကောင်း၊ စိတ်ပူပန်ခြင်းသော်လည်းကောင်း သို့မဟုတ် စိတ်၏ဖိစီး မှုကြောင့်လည်းကောင်း စိတ်တွင် မှားယွင်းမှုဖြစ်ပေါ်လာသည်။ ထိုစိတ် ဝေဒနာသည် ခန္ဓာကိုယ်ဖျားနာခြင်းကို ဖြစ်စေသည်။ ရောဂါပျောက်ခြင်း သည်လည်း စိတ်နှင့်ဆိုင်သည်ကိုတွေ့ရှိရသည်။ ဆေးဝါး၌သော်လည်း ကောင်း၊ သမားတော်၌သော်လည်းကောင်း၊ တန်ခိုးရှင်၌သော်လည်း ကောင်း၊ ယုံကြည်ခြင်းဖြင့် သေးငယ်သောသြဇာတန်ခိုးသတ္တိသည် အံ့ဩ ဖွယ်ကောင်းသည့် နိမိတ်လက္ခဏာအဆင့်အထိ မြင့်တင်နိုင်စွမ်းရှိသည်။ ခန္ဓာကိုယ်အပေါ် စိတ်၏ တန်ခိုးသြဇာကို နှုတ်တော်ထွက်မှ ဤကဲ့သို့ဆို သည်။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူ ကား၊ အရိုးကိုသွေ့ခြောက်စေတတ်၏။” (သု ၁၇:၂၂)။
လျှို့ဝှက်ချက်
သို့သော် ကျွန်ုပ်တို့သည် ပူပင်သောကနှင့် ပြဿနာလောကထဲ တွင်နေထိုင်ကြသူများဖြစ်သည့်အတွက်ဘယ်ကဲ့သို့သော “စိတ်ရွှင်လန်း” မှုကို ရရှိနိုင်မည်နည်း။ ဟေရှာယအဖြေပေးသည်မှာ “စိတ်နှလုံးတည် ကြည်သော သူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့် ငြိမ်သက်ခြင်း သက် သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” (ဟေရှာ ၂၆း၃)။
ထိုအရာသည် လျှို့ဝှက်ချက်ဖြစ်သည်။ ကိုယ်တော်၌ခိုလှုံပါ။ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ အဘယ်ကြောင့် ၎င်းအားယုံကြည် ကိုးစားရမည်နည်း။ သူသည် ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်မတော်မူသော ကြောင့်ပင်ဖြစ်ပါသည်။ သူသည် ကျေးငှက်ကလေးများကို အစာပေး သည်။ ပန်းများကိုလည်း ဝတ်ရုံပေးတော်မူသည်။ (မဿဲ ၆း၂၆-၃၀)။ စာငှက်များကိုပင် ကြည့်ရှုတော်မူသည်။ ၎င်းတို့ဈေးတွင် စာငှက်နှစ် ကောင်ကို အဿရိတစ်ပြား အဖိုးနှင့်ဝယ်ရသည်။ (မဿဲ ၁၀း၂၉)။ သို့သော် ဝယ်သူသည် အဿရိနှစ်ပြားပေးသော် စာငှက်လေးကောင်ရ မည့်အစားငါးကောင်ရရှိသည်။ လူ့အမြင်ဖြင့်ကြည့်သော် အပိုတစ်ကောင် ရသည်ဟုထင်ရသည်။ အရေးမကြီးလှပါ။ သို့သော် ဘုရားသခင်၏ ရှေ့ ဝယ်တန်ဖိုးရှိပြီး ဘုရားသခင်မေ့တော်မူခြင်းမရှိပါ။ (လုကာ ၁၂း၆)။ “ထိုကြောင့်မကြောက်ကြနှင့်၊ သင်တို့သည် စာငှက်အများတို့ထက် သာ၍ မြတ်ကြ၏။” (ငယ် ၇)။ သင်ဆံပင်ဖြီးသောအခါ တချို့ဆံမျှင်များကျွတ် ကျ၏။ “သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။” (ငယ် ၇)။ ဘုရားသခင်သည် ထိုသို့သော အသေးအဖွဲကိုပင် ကြည့်ရှုတော် မူသော် သာ၍ကြီးသောကျွန်ုပ်တို့၏အသက်တာအတွက် စိတ်ဝင်စားမှုရှိ မည်မှာ အမှန်ပင်ဖြစ်၏။
ထိုကြောင့် သူနှင့်စကားပြောရန် သင့်သည်။ လျှို့ဝှက်တိတ်ဆိတ် သည့်နေရာတွင် ကျွန်ုပ်တို့၏စိတ်ကို သူ့အပေါ်သို့သွန်းလောင်းပြီး ကျွန်ုပ် တို့၏ကြောက်ရွံ့မှု၊ စိုးရိမ်မှုတို့ကို ပြောပြရမည်။ သူ၏ခြေတော်ရင်း၌ ကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးကိုချပြီး အသက်တာစိတ်၏ ဖိစီးမှုများအားလုံး ကို လွတ်ငြိမ်းစေရန်ဖြစ်သည်။ “ငြိမ်သက်ခြင်းအရှင်”ထံတွင် ကျွန်ုပ်တို့၏ ကိုးစားမှုကိုထားသော် အသက်တာ၏စိန်ခေါ်မှုအတွင်းမှ ပြဿနာများကို ဖြေရှင်းရန်၊ ခွန်အားနှင့်အနာဂတ်ကိုရင်ဆိုင်ရန် ယုံကြည်မှုကို တွေ့ကြုံ ခံစားရမည်ဖြစ်သည်။
မင်းကိုချစ်တယ်
ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်း၏သော့လေးချောင်းသည် မှန်ကန် သင့်လျော်စွာစားခြင်း၊ သောက်ခြင်း၊ အသက်ရှူရှိုက်ခြင်းနှင့် တွေးတော စဉ်းစားခြင်းပင်ဖြစ်သည်။ ဘယ်အကြောင်းကြောင့် ဤဥပဒေသများကို လိုက်နာရမည်နည်း။ (၁)။ ကျွန်ုပ်တို့သည် ကျန်းမာလိုသည့်ဆန္ဒရှိခြင်း၊ (၂)၊ ကျွန်ုပ်တို့သည် ဘုရားသခင်ပိုင်ဆိုင်သော ပစ္စည်းများဖြစ်သည့် အတွက်ကြောင့်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ “ဒါဟာ၊ ငါ့ခြေထောက်ပဲ ငါသွားချင်ရာသွားမယ်” ဟု တချို့ကပြောမည်။ သို့သော် ဘုရားသခင် ပြောသည်မှာ “သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူ သော၊ ဝိညာဉ်တော်တည်းဟူသော သင်တို့ထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မိမိ တို့ မပိုင်ကြောင်းကို လည်းကောင်း မသိကြသလော့။” (၁ကော ၆း၁၉)။ “သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့် ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရား သခင်၏တန်ခိုးတော်ကို ထင်ရှားစေကြလော့။” (ငယ် ၂၀)။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ကျွန်ုပ်တို့မပိုင်ပါ။ ဘုရားသခင်၏ ပိုင်ဆိုင်မှုဖြစ်သည်။ လူကိုသူဖန်ဆင်းခဲ့သည်။ ထိုနောက် စာတန်သည် လူကိုချုပ်နှောင်လိုက်သည့်အခါ သူပြန်လည်ရွေးယူသည်။ ရွှေ၊ ငွေဖြင့် အဖိုးကိုမပေးဘဲ “ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်” (၁ ပေ ၁း၁၅၊၁၉)။ ကျွန်ုပ်တို့ကရာနီကပ်တိုင်၏ခြေရင်း၌ ရပ်ပါက ရွေး တော်မူခဲ့သော အဖိုးကိုတွေ့မြင်ရမည်ဖြစ်သည်။ ဦးခေါင်းတွင် ဒဏ်ရာ၊ စုတ်ပြတ်နေသောလက်များ၊ သံဖြင့်ရိုက်နှက်ခံရသည့်ခြေများ၊ သွေးယိုစီး လျက်ရှိသော ကျောပြင်ကို မြင်ရမည်ဖြစ်သည်။ ထိုအရာတို့သည် ချစ်ခြင်းမေတ္တာ၏အဖိုးအခပင်ဖြစ်သည်။
ကျွန်ုပ်တို့ကိုရွေးနုတ်ပြီးသည့်နောက် သူသည် ကျွန်ုပ်တို့နှင့်အတူ တကွ နေထိုင်ရန် အလိုရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သူသည် ကျွန်ုပ်တို့ခန္ဓာကိုယ်ကို ၎င်း၏ဗိမာန်တော်ဖြစ်ရန် အလိုရှိသည်။ “သင်၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသောဗိမာန်တော်ဖြစ်၏။” (၁ကော ၆း၁၉)။ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။--- သူတို့တွင် ငါကိန်းဝပ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” (၂ကော ၆း၁၆)။
ယနေ့သခင်ယေရှုသည် ကျွန်ုပ်တို့တစ်ယောက်စီကို ပြောကြား လျက်ရှိသည်မှာ “မင်းကိုချစ်တယ်၊ မင်းကိုချစ်တဲ့အတွက် မင်းနဲ့အတူ တကွ နေထိုင်လိုတယ်။ မင်းရဲ့မျက်စိနှင့်မြင်သည့်အရာတိုင်းကိုပေးပါ။ မင်းနားနှင့်မင်းကြားတဲ့အရာတိုင်းငါ့ကိုပေးပါ။ မင်းလက်နဲ့မင်းလုပ်သမျှ သောအရာကို ငါ့ကိုပေးပါ။ မင်းခြေနဲ့မင်းသွားလေရာရာကို ငါအလိုရှိ တယ်။ မင်းပါးစပ်နဲ့ မင်းစားတဲ့အရာတိုင်း ငါ့ကိုပေးပါ။ မင်းသောက်တဲ့ အရာကို ငါ့ကိုပေးပါ။ မင်းရဲ့ အဆုတ်နဲ့ရှူရှိုက်သမျှကို ငါ့ကိုပေးပါ။ မင်းရဲ့ ဦးနှောက်နဲ့အတွေးများ၊ မင်းရဲ့ဆန္ဒ၊ အချစ်၊ စိတ်လှုပ်ရှားမှု၊ ဆုံးဖြတ်ချက် များအားလုံးကို ငါ့အားပေးပါ။ ငါမင်းကိုအားလုံးပေးခဲ့ပြီး မင်းမှာရှိတာ အားလုံးငါ့ကိုပေးပါ။”
ကျွန်ုပ်တို့ခေတ္တရပ်နားပြီး ယုံကြည်ခြင်းဖြင့် ကယ်တင်ရှင်၏ မျက်နှာတော်ကိုကြည့်ပြီး “ချစ်လှစွာသောအဖ၊ ကျွန်ုပ်ကိုချစ်ပြီး အသက် တော်သည်ကို စွန့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကျွန်ုပ်လည်း ကိုယ်တော်ကို အမှန်ပင်ချစ်ပါတယ်။ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို ပေးအပ်ပါတယ်” ဟု ဆုတောင်းကြပါစို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment