- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၇) အာဒံသည်မင်္ဂလာဆောင်ပါ၏လော
စိတ်ကြိုက်အလှည့်ကျနေထိုင်လိုသည့်စနစ် (alternative Life Style) နှင့် ကိလေသာဦးစားပေးခြင်း (Senual preference) ပေးသည့် ယခုခေတ်အချိန်ကာလ၌ ရိုးရာဓလေ့အတိုင်း ထိမ်းမြားလက်ထပ်ခြင်း သည် ခေတ်နှင့်အညီ ဆက်စပ်မှုများရှိပါသလားဟု လူအများက မေးခွန်း ထုတ်လာကြသည်။ ယနေ့ကျွန်ုပ်တို့၏ လွတ်လပ်မှုဘောင်အတွင်း၌ ယောက်ျား၊ မိန်းမတို့နှစ်ဦး လက်ထပ်မင်္ဂလာဆောင်ယူခြင်းသည် တရား ဝင်ခိုင်လုံမှုရှိပါသလား။ ဧဒင်ဥယျာဉ်တွင် မင်္ဂလာဆောင်သည့် အခမ်း အနားသက်သေမရှိကြောင်းတချို့ကပြောဆိုသည်။ အကယ်၍အာဒံသည် လက်ထပ်မင်္ဂလာဆောင်ခြင်းမပြုပါက အဘယ်ကြောင့် ကျွန်ုပ်တို့လည်း အဘယ်ကြောင့် လက်ထပ်ရန် လိုအပ်မည်နည်း။
အခြားတစ်ဘက်၌ လူတချို့သည် ကမ္ဘာ၏ပထမဦးဆုံးစုံတွဲသည် အမှန်တကယ်ပင် လက်ထပ်မင်္ဂလာဆောင်ယူခဲ့သည်ဟု ယုံကြည်ကြ သော်လည်း သက်သေအထောက်အထားကား ရှာ၍မတွေ့ပါ။ မေးရန်ရှိ သည့်မေးခွန်းကား အလွန်လှပသော ဧဒင်ဥယျာဉ်တွင် အမှန်တကယ်ဘာ ဖြစ်ခဲ့သလဲ။ မှတ်တမ်းများကို လေ့လာကြည့်သည့်အခါ ဧဒင်ဥယျာဉ် အတွင်း၌ ဘုရားသခင် ကိုယ်တော်တိုင်ဖွဲ့စည်းတည်ထောင်ခဲ့သော အဖွဲ့ အစည်းနှစ်ခုရှိသည်ကိုတွေ့ရှိရသည်။ ၎င်းအဖွဲ့အစည်းသည် ကောင်းကင် နိုင်ငံတိုင် ဆက်လက်တည်ရှိမည်ဖြစ်သည်။ ပထမအဖွဲ့အစည်းသည် အိမ် ထောင်ပြုခြင်းပင်ဖြစ်သည်။
ဖန်ဆင်းခြင်း
ဤကမ္ဘာ၏မွေးနေ့ဖြစ်သည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” (က ၁း၁) တစ်ရက်ပြီး တစ်ရက် ဖန်ဆင်းခြင်းအပတ်တွင် ဘုရားသခင်သည် နိမိတ်လက္ခဏာနှင့် ပြည့်စုံသောစကားကို “ဖြစ်စေ” ဟုမြွက်တော်မူခဲ့သည်။ အရာခပ်သိမ်းတို့ သည်လည်း အမိန့်တော်အတိုင်း ဖြစ်ပေါ်လာလေသည်။ ရုတ်တရက်ဆို သလို ကမ္ဘာလောကသည် ရယ်ရွှင်သံများ၊ ကျယ်လောင်စွာစီးဆင်းလာ သော မြစ်ချောင်း၊ စမ်းရေများအသံ၊ ကျေးငှက်တို့၏ ပျော်ရွှင်သာယာ သောသီချင်းသံ၊ ငါးများကူးခတ် သွားလာခြင်း၊ သာယာလှပသောလွင် ပြင်၊ မြက်ခင်းနှင့် မွှေးကြိုင်သောပန်းများ၊ တိရစ္ဆာန်များမြူးထူးခုန်ပေါက် ပြေးလွှားခြင်း၊ ကောင်းကင်၌ကြယ်လများ စုံလင်စွာဖြင့် ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့သည် တန်ခိုးတော်ကိုချီးမွမ်းသံဖြင့် အတူတကွ ချီးကျူး ကြလေပြီ။
ထိုနောက်သောကြာနေ့ ပထမဦးဆုံး ဧဒင်ဥယျာဉ်တွင် ဖြစ်သော
သောကြာနေ့တွင် ဘုရားသခင်သည် ဖန်ဆင်းခြင်း၏ အထွတ်အထိပ်ကို ပြုလုပ်ရန်အသင့်ရှိနေပြီးဖြစ်သည်။ “ဖြစ်စေ” ဟူသည့် မိန့်မြွက်စကားကို မဆိုတော့ပြီ။ ထိုသို့ပြောမည့်အစား“ငါတို့သဏ္ဌာန်နှင့်တညီ တစ်သဏ္ဌာန် တည်း လူကိုဖန်ဆင်းကြစို့။” (က ၁း၂၆) ဟုဆိုသည်။ “ငါတို့” ဆိုသည့် စကားမှာ ဤဖန်ဆင်းခြင်းအရာ၌ တစ်ဦးထက်များသောပုဂ္ဂိုလ်များပါဝင် သည်ကိုဆိုလိုသည်။ ယောဟန်ခရစ်ဝင်ကျမ်း၏ ပထမအခန်းသည် ကမ္ဘာ ဦး ကျမ်း၏ပထမအခန်းကြီးကို ရှင်းလင်းဖေါ်ပြသည်။ “အစအဦး၌ နှုတ် ထွက် စကားတော်ရှိ၏။ နှုတ်ထွက်စကားတော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ထွက်စကားတော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ ၏။ ထိုနှုတ်ထွက်စကားတော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ထိုနှုတ်ထွက်စကားတော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာ တစ်စုံတစ်ခုမျှမရှိ။” (ယော ၁း၁-၃)။ ဤနှုတ်ထွက်စကားတော်သည် အဘယ်သူဖြစ်သနည်း။ ဤပူးတွဲဖန်ဆင်းရှင်ကို (ယော ၁း၁၄) တွင် ဖေါ် ပြထားသည်။ နှုတ်ထွက်စကားတော်သည်လည်း လူဇာတိအဖြစ်ခံယူ၍--ငါတို့တွင် တည်နေတော်မူသည်။” ထိုနှုတ်ထွက်စကားတော်သည် သခင် ယေရှုပင်ဖြစ်သည်။ ထိုကြောင့် သားတော်ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်နှင့် ပူးတွဲဖန်ဆင်းရှင်ဖြစ်တော်မူသည်။ ဖန်ဆင်းတော်မူခြင်း နှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိ။
ထိုနောက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်လည်း ရှိနေ သည်ဖြစ်၏။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏” (က ၁း၂)။ ထိုကြောင့် လူကို ဖန်ဆင်းရာ၌ ဘုရား သခင်အတူတကွ ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့သည်။ ခမည်းတော်သည် ဝိညာဉ်တော်နှင့်အတူ သားတော်ကိုတိုင်ပင်ပြောဆိုသည်ကိုတွေ့ရသည်။ ပထမဦးဆုံးအတွဲ
ဤအတုမရှိသည့် ဖန်ဆင်းခြင်းကို ၎င်းတို့ မည်သို့ ပြုလုပ်ခဲ့ပါ သနည်း။ “မြေမှုန့်ဖြင့် အာဒံ၏ကိုယ်ကိုပြုလုပ်သည်” ဟုဆိုသည်။ (က ၂း၇)။ ဘုရားသခင်သည် သေချာစွာဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အရိုးများ၊ ကြွက်သား၊ အကြောအခြင်၊ သွေးကြောစသည်တို့ကို သေချာ စွာပြုလုပ်ပြီးသည်နောက် ချစ်ခင်ယုယစွာဖြင့် အသက်မရှိသော သဏ္ဌာန် ပေါ်ကုန်းလျက် “သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။” (က ၂း၇)။ ချက်ချင်းဆို သလို ဖန်ဆင်းတော်မူသောလူသည် ဖန်ဆင်းရှင်အရှေ့၌ ကြည့်ကောင်း၊ ရုပ်ရည်ချော၊ ဉာဏ်ရည်ထက်မြက်၊ ခမ်းနားထည်ဝါစွာဖြင့် ရပ်နေလေ သည်။
သို့သော် အာဒံသည် သူ၏ ပထမဦးဆုံးအလုပ်ဖြစ်သည့် သတ္တဝါ များကို အမည်ပေးခြင်းအမှု၌ သတ္တဝါအထီးတိုင်းတွင် အမရှိသည်ကို လေ့လာသတိထားမိသည်။သို့သော် သူ့တွင်မူအဖေါ်ကင်းမဲ့လျက်ရှိသည်။ (က ၁၂:၁၉၊၂ဝ) သူ၏စိတ်တွင်းဝယ် အတူတကွ ပြောဆိုဆက်ဆံရန် လူ သားတစ်ဦးကို အလိုရှိသည်။ ထိုသို့အာဒံဆန္ဒရှိသည်ကို ဘုရားသခင်သည် ဖြည့်ဆည်းပေးတော်မူသည်။
လူကိုအိပ်စေတော်မူပြီး ဘုရားသခင်သည် ခွဲစိတ်ခြင်းကို ပြုလုပ် တော့သည်။ အာဒံ၏အရိုးတစ်ချောင်းကို ခွဲထုတ်ယူလိုက်ပြီး အသစ်သော သတ္တဝါကို ဖန်ဆင်းတော်မူသည်။ ချစ်ခင်ယုယစွာဖြင့် သူမ၏ ကိုယ်စိတ် ဆန္ဒနှင့်အလိုကို ပြုပြင်တော်မူသည်။ ထိုနောက် သိမ်မွေ့စွာဖြင့် သူမအား ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူမိန်းမကို ဖန်ဆင်းခဲ့သည်။ သူမသည် အချိုးအဆစ်များ၊ ညီညာလှပစွာဖြင့် အာဒံရှေ့တွင် ဘုရားသခင် ခေါ် ဆောင်လာရာ အာဒံသည် ကြီးစွာအိပ်ခြင်းမှ နိုးထလာလေသည်။ တစ်ဦး နှင့်တစ်ဦးဖေါ်ပြ၍မရနိုင်သော ဝမ်းမြောက်ခြင်းဖြင့် မျက်စိများအရောင် တောက်ပစွာဖြင့် ကြည့်နေကြသည်။ အတိုင်းအတာမဖေါ်ပြနိုင်သော အချစ်သည် သူတို့၏နှလုံးသားများကို လွှမ်းခြုံခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ရင်ချင်းအပ်ကာ ဖက်ရမ်းလျက် ရှိလေတော့သည်။ တစ်ယောက်နှင့် တစ်ယောက်ချစ်မေတ္တာသက်ဝင်ကြပြီဖြစ်သည်။
လက်ထပ်ထိမ်းမြားမင်္ဂလာပွဲ
ထိုနောက် ဘုရားသခင်သည် ဤအချိန်ကား၊ မင်္ဂလာဆောင်ရန် အချိန်ဖြစ်သည်ဟုဆို၏။ အလွန်လှပသောဥယျာဉ်တွင် ကျင်းပသော လက်ထပ် မင်္ဂလာပွဲဖြစ်သည်။ သတို့သားအာဒံသည် သတို့သမီးဧဝဘေး တွင်ရပ်လျက် ဘုရားသခင်သည် မင်္ဂလာပွဲကိုကြီးမှူးကျင်းပခဲ့သည်။ သံစုံ သီချင်းကို ကောင်းကင်တမန်များသီဆိုစဉ် သဘာဝသည် စိတ်လှုပ်ရှား စွာဖြင့် ကြည့်လျက် ကောင်းကင်သားတို့သည်လည်း အံ့သြဝမ်းမြောက် ခြင်းဖြင့် ရှုစားလျက်ရှိလေသည်။
ထိမ်းမြားလက်ထပ်ပွဲရှိသည်ကို ဘယ်ကဲ့သို့ သိရှိသနည်း။ ကျမ်း စာတော်မြတ်၏မှတ်တမ်းတွင် သတို့သား၏ ကျမ်းသစ္စာဆိုခြင်းနှင့် ဓမ္မ ဆရာ၏ ကြေညာချက်ကို တွေ့ရှိရခြင်းဖြင့် သိရှိနိုင်သည်။ အာဒံ၏ကျမ်း သစ္စာဆိုမှု၏မှတ်တမ်းသည် “လူကလည်း ယခုဤသူသည် ငါ့အရိုးထဲက အရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏” (က ၂း၂၃)။ သူမအား နာမည်ပေးပြီး သစ္စာဆိုခဲ့သည်။ မင်္ဂလာပွဲကို ဦးစီးနာယကပြုလုပ်သည့် ဓမ္မဆရာက ဘုရားသခင်၏မိန့်မှာချက်ကို နားထောင်ပါ။ “ထိုအကြောင်း ကြောင့် ယောကျ်ားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။” (က ၂း၂၄)။
သေချာစွာလေ့လာသူသည် ဤမေးခွန်းကိုမေးမည်။ (က ၂း၂၄) သည် အာဒံ၏စကားမဟုတ်ဘဲ အမှန်တကယ်ဘုရားသခင်၏ စကားပင် ဖြစ်သလော့ဟူသော မေးခွန်းဖြစ်သည်။ အခန်း (ငယ် ၂၃) တွင် “လူက လည်း” ဟု ပြောဆိုသူကို ဖေါ်ပြထားသည်။ သို့သော် (ငယ် ၂၄) တွင် ပြောဆိုသူကို ဖေါ်ပြထားခြင်းမရှိပါ။ ဘယ်ကဲ့သို့ သေချာအောင်သိရှိမည် နည်း။ အကယ်၍ (က ၂း၂၄) သည် ဘုရားသခင်ကိုယ်တော်တိုင် မြွက် ဆိုကြောင်း မှတ်တမ်းသက်သေအထောက်အထားရှိပါက ဧဒင်ဥယျာဉ် တွင် လက်ထပ်ထိမ်းမြားမင်္ဂလာပွဲ အမှန်တကယ်ကျင်းပခဲ့သည်ကို သေ ချာစွာဖြစ်ခဲ့ကြောင်းသိရှိမည်ဖြစ်သည်။
သက်သေပြချက်
နှစ်ပေါင်း (၄၀၀) ကျော်လွန်ခဲ့ပြီးသည်နောက် ဖာရိရှဲများသည် သခင်ယေရှုကို လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းအကြောင်းကို မေးမြန်းခဲ့ သည်။ “ကိုယ်တော်က အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောကျ်ားနှင့်မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထို အကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ် တည်းဖြစ်ရ လိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်မဖတ်ဘူးသလော။ ထို့ကြောင့် လင် မယားတို့သည် နှစ်ဦးမဟုတ်တစ်ဦးတည်းဖြစ်၏။” (မဿဲ ၁၉:၄၊၅)။ အံ့သြဖွယ်ကောင်းလှပါသည်။ ထိုစကားများသည် (က ၂း၂၄) တွင် ဖေါ်ပြသောစကားများပင်ဖြစ်သည်။
ပထမဦးဆုံးစုံတွဲကို ဘုရားသခင်ဖန်ဆင်းတော်မူသည်ကို ဘုရား သခင် ကိုယ်တော်တိုင် (က ၂း၂၄) တွင် မှတ်တမ်းတင်ထားသည်ကို သခင်ယေရှု ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ ခရစ်တော်သိ၍ ဤကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တော်တိုင် ပထမ မင်္ဂလာဆောင်ပွဲတွင် ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ သူကိုယ်တိုင်မြင်ခဲ့၊ ကြား ခဲ့ပြီး ပြန်လည်ကြေညာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် လှပသောဧဒင်ဥယျာဉ်တွင် လက်ထပ်မင်္ဂလာပွဲအမှန်
တကယ်ဖြစ်ခဲ့ပြီး ဘုရားသခင်ကိုယ်တော်တိုင် ဓမ္မဆရာအဖြစ် ကမက ထပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် ကျမ်းစာတော်မြတ်တွင် “သူတို့ကို ကောင်းချီး ပေးတော်မူ၏” ဟုဆိုသည်။ (က ၁း၂၈) အာဒံသည် ဧဝကို ယူပြီး ထွက်သွားသည်မဟုတ်၊ သူမအား ထိမ်းမြားလက်ထပ်ယူခဲ့သည်။ သူမကိုဆွဲယူပြီး လိင်မှုဆက်ဆံခြင်းမပြုပါ။ အာဒံသည် သူမအား အငယ် အနှောင်းအဖြစ် မပြုကျင့်၊ အတူနေခြင်း (Live- in) မပြုကျင့်။ ထိမ်းမြား လက်ထပ်ယူခြင်းကိုကျင့်ပြီး ဧဝကိုရယူခဲ့သည်။
ဘုရားသခင်၏အကြံအစည်
ယနေ့စုံတွဲတိုင်းအတွက် ဘုရားသခင်၏အကြံအစည်သည် ပထမ ဦးဆုံးစုံတွဲနည်းတူဖြစ်သည်။ လိင်ဆက်ဆံမှုအတွေ့အကြုံကို အိမ်ထောင် ပြုသည့်ဘောင်အတွင်း၌သာ ကျင့်သုံးရန် ချမှတ်ဆုံးဖြတ်ခဲ့သည်။ သူ၏ မိန့်မှာချက်သည် ရှင်းလျက်ရှိသည်။ “သူ၏သားမယားကို မပြစ်မှားရ” (ထွက် ၂၀း၁၄)။ သူ၏ဆန္ဒသည် လိင်ဆက်ဆံမှုမှာ အိမ်ထောင်ပြုပြီး စုံတွဲ တို့၏ အိမ်ရာပေါ်တွင် ဖြစ်စေရန်ဖြစ်သည်။ “ခပ်သိမ်းသောသူတို့၌ မင်္ဂ လာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေ လော့။” မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသော သူတို့ကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃း၄)။ ထိုကြောင့် အတူတကွနေထိုင်သော ချစ်သူစုံတွဲတိုင်းအား ကောင်းကင်၏ ဖိတ်ကြားခြင်းကား၊ လက်ထပ်မင်္ဂလာဆောင်ပါ။
မှတ်သားရန်အရေးကြီးသော အချက်တစ်ခုမှာ ဤစံနမူနာလက် ထပ် မင်္ဂလာပွဲသည် ကြင်ဖက်နှစ်ဦးမှာ မိန်းမအချင်းချင်း (Eva and Eve) သို့တည်းမဟုတ် ယောက်ျားအချင်းချင်း (Adam and Steve) မဟုတ်ပါ။ အာဒံနှင့်ဧ၀ဖြစ်သည်။ လိင်တူဆက်ဆံမှုသည် သမ္မာတရားတွင် ကြပ် တည်းစွာတားမြစ်ထားသည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ မိန့် မှာချက်သည် “မိန်းမနှင့်ပေါင်းဖေါ်သကဲ့သို့ ယောက်ျားခြင်းပေါင်းဖေါ် လျှင် ထိုသူနှစ်ယောက်သည် ရွံရှာဖွယ်သောအမှုကို ပြုသောကြောင့် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။” (ဝတ် ၂၀း၁၃) တွင် ဖေါ်ပြထားသည်။
ဓမ္မသစ်ကျမ်းတွင်လည်း အလားတူသတင်းစကားကို တွေ့ရှိရ သည်။ “ထို့အတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်းပကတိ ထုံးစံကို စွန့်၍ အချင်းချင်းကိလေသာ စိတ်ပူလောင်သဖြင့် ရှက်ကြောက် ဖွယ်သော အမှုကို ယောက်ျားချင်းပြုလျက် မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏။--- ထိုသို့ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်။” (ရောမ ၁း၂၇၊၃၂)။
ဘုရားသခင်သည် အပြစ်ကိုမုန်းတီးသော်လည်း အပြစ်သားကို ချစ်တော်မူသည်။ ထိုထက်မက သူ၏ အကန့်အသတ်မရှိသော တန်ခိုး တော်သည် အောင်မြင်ခြင်းရရှိရန် ကျွန်ုပ်တို့လိုလားပါက အဆင်သင့် အသုံးပြုရန်ရှိသည်။ “ထာဝရဘုရားသခင်သည် မကယ်မတင်နိုင်လောက် အောင် လက်တော်တိုသည်မဟုတ်။” (ဟေရှာ ၅၉း၁)။ “မကြားနိုင် လောက်အောင်နားထိုင်းသည်မဟုတ်” ကောင်းသောသတင်းစကားသည် ကယ်တင်ခြင်းသည်ဖြစ်နိုင်၏ဟူတည်း။
ပထမလက်ထပ်မင်္ဂလာပွဲသည် မဖေါ်ပြနိုင်လောက်အောင် ခမ်း နားထည်ဝါတင့်တယ်လှပါသည်။ ရောင်စုံတောက်ပလျက်ရှိသောဥယျာဉ် သည်သံပြိုင်ချီးကျူးခြင်းအသံများဖြစ်လာတော့သည်။ ကျေးငှက်ကလေး များ၏တွန်သံဖြင့် ခိုးခိုးခစ်ခစ်မစဲမြည်သံများ၊ သင်းကြိုင်သောပန်းအလှ များ၊ နှင်းဆီနှင့် နှင်းပန်းများ၊ ခရမ်းပန်းနှင့်သစ်ခွပန်းများ၊ သစ္စာပန်း စသည်တို့လည်း ဝမ်းမြောက်စွာဖြင့် အတူတကွ သံပြိုင်သီဆိုကြသည်။ ရှည်လျားသည့် တောင်တန်းများ၊ စိမ်းလန်းစိုပြည်သော မြက်ခင်းများ၊ ကျယ်ပြန့်သောလွင်ပြင်နှင့် သစ်ပင်များသည်လည်း ပျော်ရွှင်ဖွယ်သော သီချင်းများဖြင့်အတူ ကျူးအေးကြပြီ။ ဤလှပသော အခမ်းအနား၌ မြေကြီး၏ ချီးကျူးရယ်မောသံသည် ကောင်းကင်၏အပြုံးဖြင့် ဖက်ရမ်း နမ်းရှုပ်သည့်အချိန်တွင် ထိမ်းမြားလက်ထပ်မင်္ဂလာသည် မွေးဖွားလာခဲ့ သည်။
ဥယျာဉ်အတွင်း၌
ထို့ကြောင့် ဥယျာဉ်အတွင်း၌ ပထမသောကြာနေ့တွင် ယောက်ျား နှင့်မိန်းမတို့၏အချစ်ကျွမ်းဝင်ပွဲကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နောက်တစ်နေ့ တွင်လည်း ချစ်ခြင်းမေတ္တာပွဲတစ်ပွဲကို ဆင်နွှဲရန်ရှိပါသည်။ ဘုရားသခင် ကို ယောက်ျားနှင့်မိန်းမတို့၏ အချစ်ပွဲဖြစ်သည်။ ကျမ်းစာတော်မြတ်ဆို သည်ကား။ “ထိုသတ္တမနေ့ကို ဘုရားသခင်ကောင်းချီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ ၏။” (က ၂း၃)။ ထိမ်းမြားလက်ထပ်ခြင်းသည် အပိတ်မင်္ဂလာရရှိပြီး ဥပုသ်နေ့သည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိသည်။ ခြောက်ရက်မြောက်သောနေ့တွင် ထိမ်းမြားလက်ထပ်မင်္ဂလာ မွေးဖွားခဲ့ ခြင်းဖြစ်သည်။ ငြိမ်သက်သောဥယျာဉ်အတွင်း၌ ချစ်ခြင်း၏ ဧည့်ခံပွဲကြီး ဆင်နွှဲခြင်းပင်ဖြစ်သည်။ သတ္တမမြောက်သောနေ့၌ ထိုငြိမ်သက်သော ဥယျာဉ်အတွင်း၌ပင် ဥပုသ်နေ့ကိုတည်ထောင် ဖွဲ့စည်းသည့်အခမ်းအနား ပင်ဖြစ်သည်။
တချို့သောသူတို့သည် ဂျူးလူမျိုးတို့၏ ဥပုသ်ဟုခေါ်ဆိုသမုတ် သည်။ သို့သော် ဧဒင်ဥယျာဉ်ထဲတွင် လူမည်မျှရှိပါသနည်း။ အာဒံနှင့်ဧဝ နှစ်ဦးသာရှိသည်။ ၎င်းတို့သည် ဂျူးလူမျိုးများဖြစ်ပါသလား။ ဂျူး (သို့ မဟုတ်) တစ်ပါးအမျိုးသားလည်း မရှိပါ။ မောရှေကိုပေးသည်ဟူ၍လည်း မဟုတ်ပါ။ မောရှေမတိုင်မီနှစ်ပေါင်း (၂၅၀၀) တွင် အာဒံကိုပေးခဲ့ခြင်းဖြစ် သည်။ သိနာတောင်ပေါ်တွင် စတင်ခဲ့ခြင်းမဟုတ်ပါ။ ဧဒင်ဥယျာဉ်ထဲတွင် စတင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖခင်ကြီးအာဒံကိုပေးသည့်အတွက် လူသား မျိုးနွယ်အားလုံးကို ပေးခဲ့ခြင်းဖြစ်သည်။ “ဥပုသ်နေ့သည် လူအဖို့ ဖြစ် သည်။” (မာကု ၂း၂၇)၊ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဥပုသ်နေ့သည် အာဒံ၏ သားသမီးအားလုံး အတွက်ဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းသည် လူသားများအတွက် ဖြစ်သကဲ့သို့ ဥပုသ်နေ့သည်လည်း လူသားတို့၏ အိမ်ထောင်စုဝင်အားလုံး အတွက် ဖန်ဆင်းခြင်းဖြစ်သည်။
ဥပုသ်နေ့သည် ဂျူးလူမျိုးတို့၏ အရာဖြစ်ရန် ဝေးလေစွ၊ ခရစ် ယာန်များ၏အရာဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းသည် ဖန်ဆင်းရှင် ခရစ်တော်မှ ပြုလုပ်ခဲ့သဖြင့် ခရစ်ယာန်တို့၏ မူလအဖွဲ့အစည်းဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် မိမိကိုယ် “လူသားသည် ဥပုသ်နေ့ကိုအစိုးရ သည် ဟု ဥပုသ်နေ့၏သခင်ဟုဆိုသည်။
ထိုထက်မကဥပုသ်နေ့သည် ဘုရားသခင်၏အိမ်ထောင်စုအတွက် နေ့ရက်ဖြစ်သည်။ အာဒံနှင့်ဧဝသည် သောကြာနေ့တွင် ထိမ်းမြားလက် ထပ်ပြီး ထိုည၌ပထမဦးစွာအတူတကွ တစ်ဦး၏တစ်ဦးရင်ခွင်တွင် အိပ်ခဲ့ ကြသည် မဟုတ်ပါသလော။ ဥပုသ်နေ့ည ပထမဦးဆုံးဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်အောက်တွင် အတူတကွတစ်နေ့လုံးပျော်ရွှင်ခြင်းပင် ဖြစ်သည်။ ဥပုသ်နေ့သည်အဘယ်ကဲ့သို့သောနေ့ဖြစ်မည်နည်း။တစ်ဦးနှင့် တစ်ဦးချစ်ခြင်း အတွေ့အကြုံကို ပီတိဖြစ်လျက် ဘုရားသခင်၏ မေတ္တာ တော်ကိုလည်း စူးစမ်းလေ့လာလျက်ရှိသည်။ မဖေါ်ပြနိုင်၊ မမေ့ပျောက် နိုင်၊ ထာဝရသတိရသောနေ့ပင်တည်း။ ဟုတ်မှန်ပါ၏။ ဥပုသ်နေ့သည် ဘုရားသခင်၏အိမ်ထောင်မိသားစုများအတွက် နေ့ရက်ဖြစ်သည်။
ငြိမ်သက်ခြင်းအတွက်ဆေးစွမ်းတစ်လက်
ဥပုသ်သည် ငြိမ်သက်သောနေရာတွင် ဖွဲ့စည်းတည်ထောင်သည် မဟုတ်၊ ဥပုသ်နေ့သည် ငြိမ်သက်သောနေ့ပင်ဖြစ်သည်။ ဥပုသ်၏အနက် အဓိပ္ပါယ်မှာ ငြိမ်သက်ခြင်းပင်ဖြစ်သည်။ ငြိမ်သက်ခြင်းကို ပုံဆောင် သည်။ တစ်နေ့ပြီးတစ်နေ့အသက်တာ၏နေ့ရက်များကို ကူးလူးသွားလာ လုပ်ဆောင်ရာပြဿနာများ၊ အရှုပ်အထွေး၊ ဖိအားများဖြင့် ရင်ဆိုင်ရပါ သည်။ လူအချို့ကိုရူးသွပ်စေပါသည်။ ဘုရားသခင်၏ပုံစံမှာ သတ္တမနေ့ တိုင်း ကျွန်ုပ်တို့ အနားယူရန်ဖြစ်သည်။ လူအများစုသည် ခွင့်ရက်ရှည်ယူ နိုင်ခြင်းမရှိပါ။ သို့သော် ဘုရားသခင်၏အကြံအစည်သည် ဥပုသ်နေ့တိုင်း သည် အားလပ်ခွင့်ရက်တိုဖြစ်ရန် အလိုရှိသည်။ နေဝင်ချိန်မှနောက်နေ့ နေဝင်ချိန် (၂၄) နာရီနေ့အပြည့် တစ်ရက်တိတိ ပုံမှန်အလုပ်များ၊ ကျောင်း ရုံးအလုပ်ကိစ္စများကို လုပ်ဆောင်ခြင်းမပြု၊ ပြောဆိုခြင်းလည်းမပြု၊ တွေး တောခြင်းလည်းမပြုလုပ်ရ။
စိတ်နှလုံးကိုအားလပ်ရက်ပေးရန် အချိန်ဖြစ်သည်။ လောက၏ ဝန်ထုပ်များကို ကောင်းကင်၏အလှအပနှင့် လဲလှယ်ရန်ဖြစ်သည်။ စိတ် ကို လူတို့၏ စက်ယန္တရားများမှ ကောင်းကင်၏ နက်နဲသောအရာများကို တွေးတောရန်ဖြစ်သည်။ ဝတ်ပြုရန်အချိန်ဖြစ်ပြီး ဘုရားသခင်၏ ကြီး ကျယ်သော ဖန်ဆင်းခြင်းအမှုကို ကျင်းပရန်ဖြစ်သည်။ ဘုရားသခင်၏ အသစ်ပြန်လည်ပြုပြင်ခြင်း တန်ခိုးဖြင့် ကျွန်ုပ်တို့၏ကာယ၊ ဉာဏ၊ စိတ် ဓါတ်နှင့် ဝိဉာဏအတွေ့အကြုံတို့သည်လည်း အသစ်ပြန်လည်ဖြစ်သည့် အချိန်ဖြစ်သည်။
ဥပုသ်နေ့သည် လူသားများအမှားအမှန်ဝေဖန်ပိုင်းခြားတတ်ရန် အတွက် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။ ဖိစီးမှုရောဂါကိုပျောက် စေသည့်ဘုရားသခင်ပေးသော ဆေးကောင်းတစ်လက်ဖြစ်သည်။ စိတ် ငြိမ်သက်ရန်အတွက် ကောင်းကင်မှ ဆေးညွှန်းလည်းဖြစ်သည်။ အပတ် စဉ်ငြိမ်းချမ်းစွာ အနားယူအင်အားဖြည့်ပြီး လာမည့်အပတ်အသစ်အတွက် ရင်ဆိုင်ရမည့်တိုက်ပွဲများကို အောင်မြင်စွာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။
သက်သေပြခြင်း
တချို့လူများမေးခွန်းထုတ်သည်မှာ “မည်သည့်နေ့ကိုမဆို ကျွန်ုပ် တို့ အနားယူရန်ရွေးချယ်နိုင်ပါသလား” ဆိုသည့်မေးခွန်းဖြစ်သည်။ ပုံပမာ အားဖြင့် လေ့လာကြည့်ကြပါစို့။ ဦးမြသည် ပထမသားဦးကို မွေးဖွားရရှိ လာသည့်အခါ ၎င်းတို့ကဲ့သို့ဆင်းရဲခြင်းဘဝမှ ကင်းလွတ်လိုသော စိတ် ဆန္ဒရှိသဖြင့် ကလေးငယ်ကို သန်းကြွယ်သူဌေးကြီးတစ်ဦးထံသို့ သွား ရောက်ပြီး ကောင်းချီးမင်္ဂလာဆုကျေးဇူးရရှိရန်အတွက် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ အလွန်ရယ်စရာကောင်းလှပါသည်။ ဦးမြဇနီးမောင်နှံ နှစ်ဦးသည် ၎င်းတို့၏မျိုးဆက်ကို ကောင်းချီးမင်္ဂလာရရှိလိုသော် ဘုရား ဝတ်ပြုကျောင်းသို့သွားပြီး ဓမ္မဆရာအား သန့်ရှင်းသော ဝတ်ပြုပွဲမင်္ဂလာ ကို ကျင်းပပေးရန် တောင်းဆိုရမည်သာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်တစ်ပါးတည်းသာလျှင် ကောင်းချီးမင်္ဂလာကို ပေး နိုင်ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သာလျှင် လူတစ်ဦး၊ နေရာတစ် နေရာ၊ နေ့ရက်တစ်ရက်ကို ကောင်းချီးပေးနိုင်သည်။ သတ္တမကိုသူ ကိုယ်တိုင်ရွေးချယ်ခဲ့ပြီး အထူးကောင်းချီးချပေးတော်မူခဲ့သည်။ (က ၂း၁-၃)။
သို့သော် ဘုရားသခင်၏သတ္တမနေ့သည် ဘယ်နေ့ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိနိုင်မည်နည်း။ ကပ်တိုင်တော်၏ပုံပြင်သည် ထိုမေးခွန်း၏ အဖြေကို ရှင်းလင်းစွာဖေါ်ပြထားသည်။ ထိုအပတ်၏နောက်ဆုံးရက်များ တွင် သတိရဖွယ်ရာအဖြစ်အပျက် (၃) ရပ်ပေါ်ပေါက်ခဲ့သည်။ ခရစ်တော် ၏ ကပ်တိုင်၌အသေခံခြင်း၊ ၎င်းကိုယ်ကိုမြှုပ်နှံခြင်းနှင့် ပြန်လည်ရှင်ပြန် ထမြောက်ခြင်းတို့ပင်ဖြစ်သည်။ ကပ်တိုင်ပေါ်တွင် အသေခံသောနေ့ကို (Good Friday) သောကြာနေ့ဟုခေါ်သည်။ သင်္ချိုင်းဂူထဲတွင် မြှုပ်နှံ အနားယူသောနေ့ကို စနေနေ့ဟုခေါ်သည်။ ထိုနောက် ရှင်ပြန်ထမြောက် သောနေ့ကို (Easter Sunday) တနင်္ဂနွေနေ့ဟုခေါ်သည်။
ဤနေ့သုံးနေ့ကို ကျမ်းစာတော်မြတ်က ဘယ်ကဲ့သို့ခေါ်သနည်း။ ကပ်တိုင်တွင် အသေသတ်ခံရသောနေ့ကို “အဖိတ်နေ့ဖြစ်၍” ဟူ၍ လည်း ကောင်း၊ နောက်တစ်နေ့သည် “ဥပုသ်နေ့” (လုကာ ၂၃:၅၄၊၅၆) ဖြစ်သည် ကိုလည်းကောင်း ဖေါ်ပြထားသည်။ ထိုနောက် ရှင်ပြန်ထမြောက်သော နေ့ကို “ခုနှစ်ရက်တွင်ပထမနေ့ရက်” (လုကာ ၂၄း၁) ဖြစ်ကြောင်း ဖေါ်ပြ ထားသည်။ သောကြာနေ့သည် ကျမ်းစာတော်မြတ်တွင် “အဖိတ်နေ့” စနေနေ့သည် ကျမ်းစာတွင် “သတ္တမနေ့” တနင်္ဂနွေနေ့သည် ကျမ်းစာတွင် “ပထမနေ့” ဟူ၍ အသီးသီးဖေါ်ပြထားသည်ကို ထင်ရှားစွာ တွေ့မြင်နိုင် သည်။ တစ်နည်းအားဖြင့်ဆိုရသော် ခရစ်တော်ကပ်တိုင်တွင် အသေသတ် ခြင်းခံရသော ခြောက်ရက်နေ့နှင့် ခရစ်တော်ပြန်လည်ရှင်ပြန်ထမြောက် လာသော ပထမနေ့၏အကြားတွင်ရှိသောသတ္တမနေ့သည် ဘုရားသခင် ၏ဥပုသ်နေ့ဖြစ်သည်။
ငြိမ်သက်ခြင်းအရှင်
ဗက်လင်မြို့တွင် ခရစ်တော်မဖွားမြင်မီ နှစ်ပေါင်း (၆၀၀) တွင် ဟေရှာယသည် ခရစ်တော်မွေးဖွားမည့်ပုံပြင်ကို ကြိုတင်ဟောခဲ့သည်။ “အကြောင်းမူကား၊ ငါတို့အဖို့သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမ တော်မူကား၊ အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်းခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။” (ဟေရှာ ၉း၆)။
လောကတွင် သက်ရှင်နေထိုင်စဉ် သွားလေရာ၌ သခင်ယေရှု သည် ငြိမ်သက်ခြင်းကို ယူဆောင်ခဲ့သည်။ နတ်ဆိုးစွဲကပ်လျက်ရှိသော လူရိုင်းကြီး ငြိမ်သက်ခြင်းကို ပြောဆိုခဲ့သည်။ အပြစ်တွင် နစ်မွန်းပြီး အရှက်ကင်းမဲ့သော မိန်းမများကို ဖြည်းညင်းစွာဖြင့် ငြိမ်သက်ခြင်းကို ပြောသည်။ မုန်တိုင်းထန်ပြီး တိုက်ခတ်နေသော လှိုင်းတံပိုးကို “ငြိမ်သက် လော့” ဟု အမိန့်ပေးခဲ့သည်။ ထိုနောက် ဤငြိမ်သက်ခြင်းအရှင်သည် သူ၏ငြိမ်သက်သောရက်၌ ဘယ်ကို သွားပါသနည်း။ (လုကာ ၄း၁၆) တွင် အဖြေကိုတွေ့နိုင်သည်။ “ထုံးစံရှိတော်မူသည်အတိုင်း သတ္တမနေ့၌ တရား သောနေရာသို့ဝင်၍” ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ထို့ကြောင့် သခင်ယေရှု၏ထုံးစံသည် ဥပုသ်နေ့၌ ဝတ်ပြုသည့်အမှုကို ပြုလုပ်ခြင်းပင် ဖြစ်သည်။
ဘုရားဝတ်ပြုကျောင်းအတွင်း၌ သူတော်ကောင်းဟန်ဆောင် သော ကြောင်သူတော်များရှိသည့်အချက်ကို သတိရရန်ဖြစ်သည်။ ဒေါသ အမျက်ထွက်သည့်ကြောင်သူတော်များ၊ မကောင်းမှုကိုကြံစည်နေသော ကြောင်သူတော်များ၊ သူ့အသက်ကို သတ်သည့်ကြောင်သူတော်များနှင့် ပြည့်လျက်ရှိသည်။ (လုကာ ၄း၂၈၊၂၉)။ သို့သော် ထုံးစံရှိသည်အတိုင်း ခရစ်တော်သည် ဝတ်ပြုခြင်းငှာ သွားမြဲတိုင်းသွားလျက်ရှိသည်။ ကြောင် သူတော်များနှင့်အတူ သီဆိုဆုတောင်းသည်။ ၎င်းတို့ကိုပင် သွန်သင်ခဲ့ သည်။ ခရစ်တော်၏ဥပုသ်တော်နေ့တွင် ဘုရားဝတ်ပြုကျောင်းသို့ သွား ရန် ဘယ်သောအခါမှ ကြောင်သူတော်များကို တားဆီးခွင့်မပြုစေနှင့်။
အလွန်ဆိုးယုတ်သောနေ့တစ်နေ့တွင် ရက်စက်လှသော ကရာနီ တောင်ကုန်းပေါ်သို့လျှောက်လှမ်းခဲ့ပြီး ကပ်တိုင်တွင် သူ့အားအသေသတ် ခဲ့သည်။ တွဲလောင်းချိတ်ဆွဲခြင်း၊ ငိုကြွေးခြင်း၊ သွေးများယိုစီးခြင်းဖြင့် သင်နှင့်ကျွန်ုပ်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ လူတစ်ဦး တစ်ယောက်သည် ကပ်တိုင်၏ခြေရင်းတွင် ဒူးထောက်ပြီး “ကျွန်ုပ်သည် ခရစ်တော်နှင့် ချစ်ကျွမ်းဝင်လျက်ရှိပြီ၊ ကျွန်ုပ်၏အသက်တာကို သူ့အား ပေးအပ်မည်" ဟု ဆိုပါက ခရစ်တော်သည် သူ၌ရှိသောအပြစ်များကို ဖြေလွှတ်ပြီး မကောင်းမှုများကိုလည်း ဖျာကိုလိပ်သကဲ့သို့ လိပ်လိုက်မည် ဖြစ်သည်။ ထိုနောက် သူ့အား အတွင်းစိတ်၏ဝမ်းမြောက်ခြင်းနှင့် ငြိမ် သက်ခြင်းကို ပေးတော်မူမည်။
ထိုနောက် ကယ်တင်ရှင်ပြောသည်မှာ “သင်သည် ကျွန်ုပ်၏ ကယ်တင်ခြင်းအတွေ့အကြုံကို စိတ်အတွင်း၌ ခံစားရသဖြင့် အကျွန်ုပ်၏ တံဆိပ်လက္ခဏာကို အပြင်ဘက်တွင် ဝတ်ဆောင်ရန်ဖိတ်ကြားပါသည် ဟုဆို၏။ ထိုတံဆိပ်လက္ခဏာသည် အဘယ်အရာဖြစ်သနည်း။ “ဥပုသ် နေ့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင်ဖြစ် သည်ဟု သင်တို့သိမည်အကြောင်း ထိုဥပုသ်နေ့ကို ငါနှင့်သင်တို့စပ်ကြား မှာ လက္ခဏာသက်သေဖြစ်စေကြလော့ ဟုငါဆို၏။” (ယေဇကျေလ ၂၀း၂၀)။ ဘုန်းတန်ခိုးနှင့်ပြည့်ဝသောအချက်ပင် ဖြစ်သည်။ ဥပုသ်နေ့ သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းနိမိတ်လက္ခဏာပင်ဖြစ်သည်။
လက္ခဏာ (၂) ရပ်
ထို့ကြောင့် လှပသောဧဒင်ဥယျာဉ်တွင် လူသားများ၏အိမ်ထောင် စုကို ဘုရားသခင်သည် ချစ်ခြင်းလက္ခဏာ (၂) ခုနှင့် ငြိမ်သက်ခြင်းအမှတ် တံဆိပ် (၂) ခုပေးခဲ့သည်။ ထိမ်းမြားခြင်းကို ခြောက်ရက်နေ့တွင် တည် ထောင်ခဲ့ပြီး ဥပုသ်နေ့ကို သတ္တမနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဘုရား သခင်၏ ပထမဦးဆုံးအိမ်ထောင်စုနှစ်မျိုးစလုံးကို မနေ့က ပေးခဲ့သည်။ နှစ်မျိုးစလုံး ယနေ့ဘုရားသခင်၏အိမ်ထောင်စုကို ပေးခဲ့သည်။ မနက်ဖြန် ၌လည်း ထိုအရာနှစ်မျိုးစလုံးပင် ဆက်လက်ကျန်ရှိမည်ဖြစ်သည်။
ထိမ်းမြားခြင်းသည် ယောက်ျားနှင့်မိန်းမနှစ်ဦးတို့၏ စပ်ကြား၌ အချစ်လက္ခဏာဖြစ်သည်။ လူသား၏အိမ်ထောင်သစ်နှင့်ဆိုင်သည့် လက္ခ ဏာဖြစ်သည်။ ဥပုသ်သည် ဘုရားသခင်နှင့်လူစပ်ကြား ချစ်ကျွမ်းဝင် သည့် လက္ခဏာဖြစ်သည်။ ဝိညာဉ်ရေး၊ အိမ်ထောင်သစ်နှင့်ဆိုင်သော လက္ခဏာ ဘုရားသခင်၏အိမ်ထောင်စုဝင်ဖြစ်သည်။
ထိမ်းမြားခြင်းသည် လူသားတို့၏ အချစ်ပဋိညာဉ်ဖြစ်သည်။ လောကချစ်သူတစ်ယောက်သည် အခြားတစ်ယောက်အား “မင်းကိုချစ် တယ်၊ မင်းအား ငါ့အသက်ကိုထာဝရပေးအပ်ပါတယ်” ဟု အပ်နှံပြောဆို ခြင်းဖြစ်သည်။ ဥပုသ်သည်လည်း အချစ်၏ပဋိညာဉ်ဖြစ်သည်။ ဘုရား သခင်၏အချစ်ဖြစ်သည်။ ကောင်းကင်ချစ်သူအား “မင်းကိုချစ်တယ်၊ မင်းအား ငါ့အသက်ကို ထာဝရပေးအပ်ပါတယ်” ဟု ယနေ့ကျွန်ုပ်တို့သည် အပ်နှံပြီးပြောဆိုနိုင်မည်လော။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment