- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၉) မိန်းမတိုင်းမိမိ၏လင်ယောက်ျားအကြောင်း သိသင့်သည့်အချက် (၁၀) ချက်
လင်ယောက်ျားတိုင်းသည် မိမိ၏ဇနီးသည်အကြောင်းကိုသိရှိရန် လိုအပ်သကဲ့သို့ မိန်းမတိုင်းသည်လည်း မိမိ၏လင်ယောက်ျားအကြောင်း ကို သိရှိနားလည်ရန် အရေးကြီးပါသည်။ အကြင်လင်မယားနှစ်ဦးတို့ သည်အိမ်ထောင်ရေးအမြင့်ဆုံးအောင်မြင်မှုရရှိရန် မိန်းမသည်ယောက်ျား တို့၏ ဖြစ်စဉ်သိပ္ပံကို ကျွမ်းကျင်စွာနားလည်သင့်သည်။
ယောကျ်ားတို့အကြောင်းသိကောင်းစရာ (၁၀) ချက်
သူသည် ယောက်ျားဖြစ်သည့်အတွက် ဂုဏ်ယူဝင့်ကြွားသည်
လူ့ဘောင်အဖွဲ့အစည်းသည် အမျိုးသမီးများကို သေးသိမ်သည့် သဘောဘက်သို့တိမ်းစောင်းသောအထင်အမြင်ရှိသော်လည်း ယောက်ျား တို့ကိုမူ ၎င်းတို့၏ ဘဝင်မြင့်မှုကို ဖြည့်ဆည်းပေး၏။ ယောက်ျားသည် မိမိကိုယ်ကို ကြီးမားသည့်အထင်ရှိရာ မိန်းမသည် သူ့ကိုအမြဲသေးသိမ်စေ ခဲ့သော် အကျိုးဖြစ်ထွန်းမှုမရှိပါ။ ယောက်ျားသည် မိမိကိုယ်ကို ကျော် ကြားသည့်အထင်ရှိရာ သိမြင်တတ်သော အကင်းပါးသည့် မိန်းမသည် သူ့ကိုရိုသေမည်။ ပညာရှိသော ဇနီးသည်သည် ကျိုးနွံရှုတ်ချသောအမှုကို မပြုဘဲ ချီးမွမ်းနှစ်ခြိုက်သောအမှုကိုသာ ပြုလုပ်မည်။ တချို့သော ယောက်ျားများသည် ကိုယ်ကာယခွန်အားရှိ၏။ တချို့မှာဦးနှောက်တန်ခိုး ကြီး၏။ အခြားသောယောက်ျားများတို့သည်လည်း အခြားသောတန်ခိုး ရှိ၏။ သို့သော် ယောက်ျားတိုင်းတွင် ချီးမွမ်းထိုက်သည့် အရည်အချင်းများ ကိုယ်စီရှိသည်။
အလုပ်အကိုင်သည်သူ့အတွက်အရေးကြီးဆုံး
သာမန်အမျိုးသမီးတစ်ဦး၊ အိမ်ရှင်မဖြစ်စေ၊ ဝင်ငွေရှာအလုပ်လုပ် ကိုင်သူဖြစ်စေ၊ သူမအတွက် အိမ်သည်ပထမဖြစ်၏။ သို့သော် သာမန် ယောက်ျားတစ်ယောက်အတွက် အလုပ်သည်သာပထမဖြစ်၏။ သူ၏ အကြီးမားဆုံးသောရည်ရွယ်ချက်သည် သက်မွေးဝမ်းကျောင်းအောင်မြင် မှုပင်ဖြစ်၏။ အထူးသဖြင့် အစောပိုင်းလုပ်သက်နှစ်များတွင် သူ၏အလုပ် သည် သူ၏အာရုံစွဲလမ်းစေသောအရာဖြစ်၏။ ထိုးထွင်းမြင်တတ်သော ဇနီးသည်သည် မိမိလင်ယောက်ျား၏ ရည်ရွယ်ချက်များကို သိရှိအောင် ရှာဖွေပြီး ၎င်း၏ပန်းတုံးတိုင်သို့ရောက်ရှိရန် ကူညီခြင်း၊ သူ၏စွမ်းအား အပြည့်ရောက်ရှိရန် တိုက်တွန်းအားပေးမည်ဖြစ်၏။ ရှေးပညာရှိ၏စကား အရ “သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တစ်သက်လုံးပြုစုတတ်၏။” (သုတ္တံ ၃၁း၁၁၊၁၂)။
သူသည်အချစ်ကိုလက်ဆုပ်လက်ကိုင်နည်းဖြင့်ပြသည်
အချစ်ကိုနှုတ်အားဖြင့် ချစ်ဖွယ်သောစကားများကို မကြာခဏ ဖေါ်ပြသင့်ကြောင်းဆွေးနွေးခဲ့ပြီးဖြစ်သည်။ အချစ်ကိုလည်း လက်ဆောင် ပေးခြင်းဖြင့် အလှအပအနုပညာမြတ်နိုးမှုကို ဖေါ်ပြနိုင်သည်။ ယောက်ျား အများစုသည် ငွေကြေးပေးခြင်းဖြင့် မိမိ၏အချစ်ကို ဖေါ်ပြရာ အနှစ်သက် ဆုံးဖြစ်၏။ ရှေ့တွင် ဖေါ်ပြသည့် အရာများသာလျှင်ရှိပြီး နောက်တွင် ဖေါ်ပြသည့်ငွေကြေးမပါလျှင် အချစ်ကိုသင့်မြတ်လျော်ကန်ကြောင်း ထင် ရှားအောင်ပြရန် မေးခွန်းထုတ်စရာ မဖြစ်ပေဖူးလား။
ဆုံးဖြတ်ချက်များကိုကွဲပြားစွာချမှတ်တတ်သည်
ယေဘုယျအားဖြင့် ယောက်ျားတို့သည် မိန်းမများထက် ဘယ်
ဘက်ဦးနှောက်ခြမ်းပို၍သန်သူများဖြစ်သည်။ ဆိုလိုသည်မှာ ယောက်ျား တစ်ဦးသည် ပြဿနာတစ်ခုကိုအဖြေရှာရာ၌ ရည်ရွယ်ချက်ဖြစ်စေသည့် အကြောင်းအရာများမှအကျိုးဆက်သို့ သဘာဝယုတ္တိရှိသော အစီအစဉ် အတိုင်းဆောင်ရွက်သည့်နည်းကို အသုံးပြုရန် ပို၍နှစ်သက်သည်။ ထိုကြောင့် မိန်းမများသည် စိတ်တွင် ဖြစ်ပေါ်မှုအပေါ် အခြေပြုပြီး ယောက်ျားများသည် ဒြပ်အကောင်အထည်ရှိသောအရာပေါ် အခြေပြု၏။ ဇနီးသည်သည် သူမ၌ရှိသည့်အလိုအလျောက် တိုက်ရိုက်ထိုးထွင်းသိမြင် တတ်သောဆုကျေးဇူးကို အသုံးပြုပြီး လင်ယောက်ျားမျာသည် ကျိုး ကြောင်း ဆင်ခြင်သုံးသပ်တတ်သော ကျွမ်းကျင်မှုကို အသုံးပြုသည်။ ၎င်းအပြင် မိန်းမသည် ဆုံးဖြတ်ချက်ပြုလုပ်ရာ၌ မိမိ၏ ခံစားချက်များ ကိုပါ ထည့်တွက်သော်လည်း ယောက်ျားသည် မိမိခံစားချက်ကို အပေါ် ယံ၌သာထားရှိပြီးအခြေကျသည့်အကြောင်းအချက်များကိုသာကိုင်တွယ် လေ့ရှိသည်။ ထို့အပြင် လင်ယောက်ျားသည် ပြဿနာ၏ အကြောင်း အချက်များကို စဉ်းစားလျက်ရှိစဉ် မယားဖြစ်သူသည် ဆုံးဖြတ်ချက်မှ ဖြစ်ပေါ်လာမည့်ဆက်ဆံရေးများ မည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို စိတ်ပူ ပန်မှုရှိသည်။ ဤကဲ့သို့နားလည်မှုကွာခြားချက်တို့ကို သိရှိလျှင် ပဋိပက္ခ ဖြစ်မှုများနည်းစေမည်ဖြစ်၏။ တစ်ဦးနှင့်တစ်ဦးဆန့်ကျင်တွန်းလှန်တိုက် ခိုက်နေမည့်အစား ဤကွာခြားချက်များသည် တစ်ဦးနှင့်တစ်ဦး ပိုမို နီးကပ်အောင်ဆွဲဆောင်စေပြီး မိမိတို့၏ ရှုထောင့်ခြင်းဖလှယ်ကာ ဆုံး ဖြတ်ချက်ချသည့် လုပ်ဆောင်မှုအစီအစဉ်ကို ပြုလုပ်ပါက ဆက်ဆံမှုသာ ၍ ပြည့်ဖြိုးစေမည်ဖြစ်၏။
သူ၏မယားကို အစဉ်လှပပြီးဆွဲဆောင်မှုရှိစေလိုသည်
အိမ်ထောင်မကျမီမိန်းမသည် သူမ၏အဖေါ်ကို ချစ်တင်းသွေး ဆောင်ရန် မိမိကိုယ်ကိုကြီးစွာ ဂရုစိုက်ဖြီးလိမ်းခြယ်လှယ်သည့်အလုပ်ကို ပြုလုပ်တတ်၏။ သို့သော် အိမ်ထောက်ကျပြီးသည်နောက် တစ်ခါတစ်ရံ မိမိရုပ်ရည်ကိုမွမ်းမံခြယ်လှယ်ခြင်းမပြုတော့ဘဲ အိမ်ထောင်ရေးဆက်ဆံ မှုကို အရှိအတိုင်းသာလက်ခံတတ်၏။
သူမ၏လင်ယောက်ျားသည် အလုပ်ခွင်၌ဖြစ်စေ၊ အရပ်ထဲ၌ဖြစ် စေ၊ ဆွဲဆောင်မှုရှိသည့်လှပသောမိန်းမများဖြင့် ဝန်းရံလျက် ပြိုင်ဘက် များရှိသည်ကို တစ်ခါတစ်ရံသူမမေ့နေတတ်၏။ “အပြစ်သွေးဆောင်ရာ သို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ ကယ်နုတ်တော်မူပါ။” (မဿဲ ၆း၁၃) ဟု ယောက်ျား၏ဆုတောင်းချက်ကို မိန်းမသည် အဖြေရှာ ထားသင့်သည်။ ဤကဲ့သို့ သွေးဆောင်ခြင်းခံရသော်ငြားလည်း အိမ်သို့ ပြန်ရောက်သည့်အခါ မိမိမယား၏အလှနှင့် မွှေးကြိုင်သော ဖက်ရမ်းမှု သည် စုံစမ်းနှောင့်ယှက်ခြင်းများကို လွင့်ပျောက်စေသင့်သည်။
ယောကျ်ားသည်အမြင်အာရုံဖြင့်သွေးကြွစေသည်
သို့သော် သူသည် မိမိ၏ မယားရှေ့တွင် လှပသောညဝတ်ထည် များဝတ်ထားသော်ငြားလည်း သူမသည် အထင်မကြီးပါ။ သူသည် အမြင်အာရုံဖြင့် စိတ်ကြွရွမှုဖြစ်သော်လည်း သူမသည် ကြင်နာယုယ ထိတွေ့မှုဖြင့်သာ သွေးကြွစေပါသည်။ ခံစားမှုရရှိရန် အချိန်ယူရသဖြင့် အဆင်သင့် ဖြစ်ရန် သူမသည် အချိန်ကြာမည်ဖြစ်၍ သည်းခံနားလည်ရန် လိုအပ်မည်ဖြစ်၏။ သူမသည် လျှပ်စစ်မီးဖိုကဲ့သို့ဖွင့်လျှင် တဖြည်းဖြည်း ပူပြီး ပိတ်လိုက်လျှင်လည်း တဖြည်းဖြည်းအပူရှိန်လျော့သွားရာ သူသည် ဓါတ်ငွေ့ (gas) မီးဖိုနှင့်တူ၏။ ဖွင့်လိုက်သည်နှင့် မီးပွင့်ကာ၊ ပိတ်လိုက် သည်နှင့်လည်း ချက်ချင်းပင်သေသွားလေတော့၏။
သူသည်ကာမဆက်ဆံမှုဖြင့် အချစ်အဓိပ္ပါယ်ဖေါ်ပြရန်လိုလားသည်
အဘယ်ကြောင့် ယောက်ျားများသည် အချစ်အဓိပ္ပါယ်ဖေါ်ဆောင် ချက် (၃) ရပ်ကို မိန်းမများထက် ပို၍မကြာခဏပြုလုပ်တတ်ပါသနည်း။ သူ၏ကိုယ်ခန္ဓာဗေဒဖွဲ့စည်းမှုကြောင့်ဖြစ်သည်။ ၎င်း၏ဆီးကျိတ် (pros- tate gland) ထဲတွင် သုတ်ရည်သည် အမြဲဖြည့်ဆည်းလျက်ရှိရာ မကြာ ခဏ လွှတ်ထုတ်ရန် ဆန္ဒဖြစ်ပေါ်လာသည်။ သူသည် သန်မာနုပျိုစဉ်၊ ဤလည်ပတ်မှုသည် (၃) ရက်တစ်ကြိမ်ပြီးပြည့်စုံသည်။ မိန်းမများ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် ခြားနားသဖြင့် သူမ၏ လည်ပတ်မှုဆန္ဒသည် လည်း ကွာခြား၏။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် မိမိ၏လိုအင်ဆန္ဒနှင့် သူမ၏ လင်ယောက်ျား၏ လိုအင်ဆန္ဒသည် ကွာခြားခြင်းရှိသည်ကို နား လည်ရမည်ဖြစ်သည်။ ဒုတိယအချက်မှာ ကျမ်းစာတော်မြတ်၏စည်းမျဉ်း အရ မိမိ၏ခင်ပွန်းဆန္ဒကို ဦးစားပေးရန်ဖြစ်၏။ “ညီအစ်ကိုချစ်ခြင်းအရာ မှာ ပကတိပေါက်ဖေါ်ကဲ့သို့ တစ်ယောက်ကို တစ်ယောက်စုံမက်ကြလော့၊ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။” (ရောမ ၁၂း၁၀)။
သူသည်အလယ်ပိုင်းအသက်တာ၏စိန်ခေါ်မှုများကို
ရုန်းကန်ရင်ဆိုင်ရသည်
အသက်လေးဆယ်ကျော် ငါးဆယ်အစောပိုင်းနှစ်များ၏ အသက် တာသည် ယောက်ျားနှင့်မိန်းမနှစ်ဦးအတွက် စိန်ခေါ်မှုများနှင့် ပြည့်လျက် ရှိ၏။ မိန်းမသည် မိမိအသိုက်အတွင်းသို့ ဥအသစ်များထည့်ရန် စဉ်းစား ချိန်တွင် ယောက်ျားသည် “ကုန်စည်ရယူမှု” ကို ပိတ်လိုက်ပြီးဖြစ်သည်။ အစောပိုင်းမှသူ၏ အသက်တာ၏ ရည်ရွယ်ချက်များ၊ မည်ရွေ့ မည်မျှ အောင်မြင်မှုရရှိကြောင်း စာရင်းညှိနေချိန်တွင် သူ၏ ကျန်းမာရေးအခြေ အနေမှာ မငြင်းဆန်နိုင်သည့် အသက်ကြီးရင့်အိုမင်းလာခြင်းကိုမြင်ရ၍ အသက်တာတွင် မရရှိသေးသောအရာများသည် ဘယ်သောအခါမှရနိုင် တော့မည်မဟုတ်ကြောင်း သတိပေးခြင်းခံရပြီဖြစ်၏။ ရှေ့တွင် မြင်ကွင်း တစ်ခုလုံးသည် အပြုသဘောဘက်သို့ မဆောင်သော ရှုပ်ထွေးခြင်း၊ အချည်းနှီးဖြစ်ခြင်း၊ ပျက်ပြားခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်းတို့နှင့် တွေ့ကြုံ ခံစားရမည်ဖြစ်၏။
အလယ်ပိုင်းနှစ်၏ အသက်တာပိုင်းသည် လိင်မှုကိစ္စပေါ်၌လည်း အကျိုးသက်ရောက်မှုရှိ၏။ အမျိုးသမီးများ သွေးဆုံးသည့်ကာလအချိန် တွင် လိင်မှုဆန္ဒလျော့နည်းလာ၏။ ယောက်ျားများတွင် လိင်မှုတွန်းအား လျော့နည်းလာသော်လည်း ဆန္ဒကား ပျောက်ကွယ်ခြင်းမရှိ။ ပို၍ပင် ဆန္ဒပြင်းပြလာနိုင်သည်။ ခရစ်ယာန်စည်းမျဉ်းများဖြင့် ထိန်းကွပ်မှု မရှိ သောတချို့ယောက်ျားတို့သည် မိမိတို့၏ အသက်ရွယ်ကြီးမှုကို ဖီဆန်ပြီး ငယ်ရွယ်သူမိန်းကလေးများနှင့်ဆက်ဆံခြင်း၊ စိတ်ရှုပ်ထွေးမှုတို့ကို တိုက် ခိုက်ခြင်းတို့ဖြင့် မိမိတို့မပြီးပြည့်သေးသည့်လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် ပြုလုပ်တတ်၏။ နှစ်လယ်ပိုင်း အသက်တာကို ကိုင်တွယ်ရန် သည်းခံခြင်း နှင့် ဘုရားသခင်၏ ပညတ်လမ်းညွှန်မှုကို လိုအပ်ပါသည်။ သိမြင်တတ် သောမယားတိုင်းကို ဘုရားသခင်၏ စိန်ခေါ်မှုသည် “ထမ်းရွက်စရာဝန် ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကိုကျင့်ကြလော့” ဟူ၏။ (ဂလာတိ ၆း၂)။
တိုက်တွန်းအားပေးမှုကိုလျှို့ဝှက်စွာကြိုဆို၏
သူ၏ဘဝင်မြင့်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းရာ၌ သာမန် လင် ယောက်ျားတစ်ဦးသည် နာကြင်မှုခံစားနေရသည်ကို ၎င်း၏ မယားအား ပြောပြခြင်းမပြုချေ။ အပေါ်ယံအခွံကို ဝတ်ခြုံထားပြီး အတွင်း၌ကား၊ သွေးယိုလျက်ရှိ၏။ ပြင်းထန်သောဖိနှိပ်မှုဖြင့် ကြိတ်နယ်ခြင်းကို ခံရသော လင် ယောက်ျား၏အဖြစ်သနစ်ကို သိရှိသောမိန်းမသည် မင်္ဂလာရှိ၏။ သူမသည် ၎င်း၏အလုပ်၊ စိတ်နှင့်ဝိညာဉ်ရေးဒဏ်ရာများကို ကြင်နာမှု ဆီဖြင့် လိမ်းလျက် ချစ်မေတ္တာဇရပ်တွင်သိပ်ကာ အဖိုးအခကို ပေးပြီး ကျေနပ်နှစ်သိမ့်မှုကိုရရှိသော ရှမာရိလူကဲ့သို့ဖြစ်မည်။
သူသည် ကြင်နာခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းကိုအာရုံထိတွေ့လွယ် သည်
အကြောင်းမလှသည်မှာ တချို့သောယောက်ျားများသည် ကြင် နာ သနားတတ်ခြင်း၊ ယုယစောင့်ရှောက်ခြင်းတို့ ကင်းမဲ့လျက်ရှိသည်။ သို့သော် အချိန်လုံလောက်စွာဖြင့် ချစ်ခြင်းမေတ္တာ၏ ရေစက်များဖြင့် တစက်စက်ကျခြင်းဖြင့် အလေးမထားစိတ်ဝင်စားမှုမရှိသော ကျောက် နှလုံးသားကို တိုက်စားပစ်နိုင်မည်ဖြစ်၏။ Joe ဆိုသောလူတစ်ဦးသည် ရပ်ရွာထဲတွင် အမူးသမားတစ်ဦးဖြစ်ပြီး မိမိ၏မယားကို စိတ်ဆင်းရဲ အောင်ဖန်တီးသောသူတစ်ဦးဖြစ်သည်။ တစ်ည၌ သူနှင့်အပေါင်းပါတို့ သည် အရက်ဆိုင်တွင် စုဝေးလျက်ရှိပြီး အပူတပြင်း ငြင်းခုံနေကြသည်။ ငြင်းခုံနေသည့်အကြောင်းမှာ မည်သူသည် မယားအကောင်းဆုံးရှိသည် ဟူသောအချက်တည်း။ “ငါ့မိန်းမက အတော်ဆုံး အကောင်းဆုံးဆိုတာ မင်းတို့ကိုငါကျိန်ပြောရဲတယ်။ မင်းတို့ငါ့နောက်ကို လိုက်ခဲ့ရင် ငါမင်းတို့ ကိုသက်သေပြမယ်” ဟု ကျယ်လောင်စွာ Joe ကပြော၏။ ထိုနောက် သန်းခေါင်ယံအချိန်တွင် အရက်မူးနေသည့်လူတစ်စုသည် Joe အိမ်သို့ ရောက်ရှိလာ၏။ Joe သည် ၎င်း၏ မိန်းမကိုနိုးပြီး ၎င်း၏ဂိုဏ်းသား များအား ထမင်းဝိုင်းပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။ ခရစ်ယာန် ဇနီးသည်သည် ထမင်းဝိုင်းကို ပြင်ဆင်ပြီး ခူးခပ်ကျွေးမည်လုပ်သည့်အခါ ဧည့်သည်များပြန်သွားကုန်လေပြီ။ Joe သည် မိမိ၏ အပေါင်းအဖေါ် များနှင့် ပြုလုပ်သည့်အလောင်းအစားကို နိုင်လိုက်လေပြီဖြစ်၏။
နာရီပေါင်းများစွာကုန်ဆုံးပြီး အရက်မူးပြေသွားသည့်အခါ Joe သည် ၎င်း၏ ဇနီးသည်ကို ဤသို့မေး၏။ “မိန်းမရေ၊ မင်းငါ့အပေါ် ဘာဖြစ် လို့ဒီလောက်တောင်ကောင်းရတာလဲကွာ၊ ငါကမင်းအပေါ် ဒီလောက် တောင်ဆိုးတာ” ဟုပြောရာ၊ မိန်းမက “ကျွန်မက ထာဝရပျော်ရွှင်မှု အတွက် ပြင်ဆင်နေတယ်။ ရှင့်ကိုဖိတ်ကြားသော်လည်း ရှင်ဟာ ကောင်း ကင်သို့သွားဖို့အဆင်သင့်မရှိတဲ့အတွက် ဒီလောကမှာပဲရှင့်ကို ပျော်ရွှင်မှု အနည်းငယ်ပေးနိုင်အောင် ကြိုးစားနေတာပါ” ဟု ပြန်လည်ဖြေဆိုလိုက် ၏။ Joe သည် စိတ်နှလုံး ကြေကွဲပြီး မိမိ၏အသက်ကို ကယ်တင်ရှင်အား အပ်နှံလိုက်လေတော့၏။ တစ်သက်တာလုံး အချိန်ကုန်မည်ဖြစ်၏။ သို့သော် ယောက်ျားသည် ကြင်နာခြင်း၊ ချစ်ခြင်း၊ ဂရုစိုက်ခြင်းတို့ကို ထာဝရငြင်းဆန်နိုင်မည်မဟုတ်ပါ။
သခင်ယေရှုအကြောင်းသိကောင်းဖွယ်ရာ (၁ဝ) ချက်
လောကီသားလူယောက်ျားအကြောင်း နားလည်ရသည်မှာ ရင် တုန်စေပါ၏။ သို့သော် ကောင်းကင်သားလူသခင်ယေရှုခရစ်အကြောင်း တွေ့ကြုံခံစားရခြင်းသည် ပို၍ စိတ်ကြည်နူးဖွယ်ဖြစ်မည်မှာ အမှန်ပင်။ ထိုသူအကြောင်း သိကောင်းဖွယ်ရာ (၁ဝ) ချက်ကို လေ့လာကြည့်ကြပါစို့။
ခရစ်တော်သည်ဘုရားသခင်ဖြစ်၏
ယောဟန်ခရစ်ဝင်ကျမ်းသည် ဤကဲ့သို့အစပြုသည်။ “အစအဦး၌ နှုတ်ထွက်စကားတော်ရှိ၏။ နှုတ်ထွက်စကားတော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ထွက်စကားတော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” (ယောဟန် ၁း၁-၂)။ ထိုနှုတ်ထွက်စကားတော်သည် သခင်ယေရှုဖြစ်၏။ (ယော ၁း၁၄)။ ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်၏။ ခမည်းတော်နှင့်အတူတူပင်ဖြစ်၏။ ခမည်းတော်သည် သူ့ကိုပြောရာ၌ “သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ထီးနန်းသည် အမြဲတည်တံ့ခိုင်မြဲသောနေရာဖြစ်ပါ၏” ဟုဆိုသည်။ (ဟေဗြဲ ၁း၈)။ ခမည်းတော်နည်းတူ ၎င်းသည် အစအဦး၌ရှိတော်မူ၏။ “ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။” (မိက္ခာ ၅း၂)။ ထာဝရ အစဉ်အဆက်မှ ခရစ်တော်သည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့် စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှု ဟူ၍ မထင်မမှတ်လျက်ပင်” ဟု ဘုရားသခင်နှင့် တန်းတူသည့် အကြောင်းကို ဖိလိပ္ပိ ၂း၆ တွင် ဖေါ်ပြထားပါသည်။
သူသည်လူသားဖြစ်လာ၏
“နှုတ်ထွက်စကားတော်သည် လူဇာတိအဖြစ်ကိုခံယူ၍--- ငါတို့ တွင် တည်နေတော်မူသည်” (ယော ၁း၁၄)။ အံ့ဩဖွယ်ကောင်းလှပါ တကား။ လျှို့ဝှက်နက်နဲလှပါတကား။ ကြီးမြတ်တော်မူ၍ ခွန်အားကြီး သော ဘုရားသခင်သည် မိမိကိုယ်ကိုနှိမ့်ချလျက် လူသားတို့၏ကလပ် စည်းထဲတွင်ဝင်ကာ မိန်းမ၏ ဗိုက်တွင် အမြစ်ခိုင်မြဲစွာစွဲစေပြီး အပျို ကညာမှမွေးဖွားလာခဲ့၏။ နက်ရှိုင်းလှသော နိမိတ်လက္ခဏာပေတည်း။ ထိုကြောင့် သခင်ယေရှုသည် သဘာဝနှစ်ခုနှင့် ပြည့်စုံလျက်ရှိ၏။ သူသည် ဘုရားသခင်နှင့် လူအပြည့်အဝဖြစ်တော်မူ၏။ သူသည် ဘွဲ့နာမနှစ်ခုရှိ သည်။ ကောင်းကင်တမန်သည် သူ့အား “ဘုရားသခင်၏သားတော်" ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို “လူသား” ဟူ၍လည်းကောင်း ခေါ်ဝေါ် သမုတ်ခြင်းကိုခံရ၏။ အမှန်မှာ သူသည် “ဧမာနွေလ” ငါတို့နှင့်အတူရှိ တော်မူသောဘုရားသခင်” ဖြစ်၏ (မဿဲ ၁း၂၃)။
အပြစ်ကင်းမဲ့သောအသက်တာဖြင့်နေထိုင်ခဲ့၏
မိဘစကားကိုနာခံသောသူငယ်၊ မွေးစားဖခင်၏အလုပ်တွင် သင် ယူလုပ်ဆောင်ခြင်းဖြင့် “လက်သမား၏သား” ဟု ခေါ်ဆိုခြင်းကိုလည်းခံရ ၏၊ (မဿဲ ၁၃:၅၅)။ ဝီရိယရှိကျွမ်းကျင်အလုပ်သမားအဖြစ် အလုပ်၏ ဂုဏ်သိက္ခာနှင့် ခရစ်ယာန်ကုန်ထုတ်လုပ်မှု၌ ရင့်ကျက်လာ၏။ သူ၏ အိမ်ထောင်မိသားစုသည် ၎င်း၏ထုတ်ကုန်မှရရှိသောဝင်ငွေဖြင့် နေထိုင် ရသဖြင့် သူသည် ခရစ်ယာန်စီးပွားရေးသမားတစ်ဦးဖြစ်ရမည်သာပင်၊ သူ၏အသက်တာ တစ်လျှောက်လုံးအလွန်ဆင်းရဲသောသူဖြစ်ရာ ဦးခေါင်း ချစရာ နေရာပင်မရှိချေ။ (မဿဲ ၈း၂၀)။
ထိုထက်မက သူသည် စုံစမ်းနှောင့်ယှက်ခြင်းခံရသော သူတစ်ဦး ဖြစ်၏။ မာရ်နတ်သည် ၎င်း၏အမျက်ဒေါသကို သူ့အပေါ်၌ သွန်းလောင်း ချခဲ့ရာ အကယ်၍သာ ခရစ်တော်သည် အပြစ်ကျူးလွန်မိပါက ကယ်တင် ခြင်းစီမံကိန်းသည် ပျက်စီးသွားမည်ကို မာရ်နတ်ကောင်းစွာသိသည်။ ကောင်းသောသတင်းမှာ သူသည် ကျွန်ုပ်တို့ကဲ့သို့ စုံစမ်းနှောင့်ယှက်ခြင်း ကိုခံရငြားသော်လည်း ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ (ဟေဗြဲ ၄း၁၅)။ သူ၏ အောင်မြင်ခြင်းသည် ကျွန်ုပ်တို့အတွက်လည်းဖြစ်၏။
ခရစ်တော်သည် ဥပုသ်နေ့ကိုစောင့်ထိန်းတော်မူသည်
နာဇရက်မြို့တွင် နေထိုင်သွားသည့်နှစ်များတစ်လျှောက် ဥပုသ် နေ့ တိုင်း၌ ဆိုင်သည်ပိတ်လျက်ရှိ၏။ အမှုတော်ထမ်းဆောင်သည့်အခါ သူသည် ကြီးပြင်းလာသည့် နေရပ်ဌာနေနာဇရက်မြို့ သို့ပြန်သည့်အခါ “ထုံးစံရှိတော် မူသည့်အတိုင်း ဥပုသ်နေ့၌ တရားဟောရာနေရာသို့ဝင်၍ ကျမ်းစာကိုဖတ်ရွတ်ခြင်းငှာထတော်မူ၏။” (လုကာ ၄း၁၆)။ ထိုကြောင့် ဥပုသ်စောင့်ခြင်းသည် ခရစ်တော်၏ လုပ်ရိုးထုံးစံပင်ဖြစ်၏။ သူတော် ကောင်းဟန်ဆောင်သည့် ကြောင်သူတော်များရှိ၏။ ထိုကြောင်သူတော် များနှင့်အတူ ဘုရားဝတ်ပြုကျောင်းသို့သွား၏။ ရန်သူများလည်းရှိ၏။ သို့သော် ကယ်တင်ရှင်သည် ရန်သူများနှင့်အတူဥပုသ်စောင့်၏။ လူသတ် သမားများသူ့အသက်ကိုသတ်ရန် ကြံစည်သူရှိ၏။ သခင်ယေရှုလူသတ် သမားများနှင့်အတူ ဝတ်ပြုကိုးကွယ်၏။ ဥပုသ်တော်နေ့ကို စောင့်ရာ၌ သူသည် ကျွန်ုပ်တို့၏ပုံပမာကောင်းဖြစ်၏။ စစ်မှန်သောခရစ်ယာန်တစ်ဦး သည် ခရစ်တော်နောက်လိုက်သူဖြစ်၏။
ခရစ်တော်သည် ဗတ္တိဇံကိုခံယူသည်
သခင်ယေရှုသည် အမှုတော်ထမ်းဆောင်ရန် အချိန်ရောက်ရှိ သည့်အခါ သူသည် ယော်ဒန်မြစ်သို့သွားရောက်သည်။ ယောဟန်သည် သခင် ယေရှုကိုမြင်သည့်အခါ “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကို ခံရမည် အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်ထံကိုကြွလာ တော်မူသလောဟု ယေရှုကိုဆီးတားလေ၏” ထိုနောက် ယေရှုက “အလုံး စုံသောတရားတို့ကိုအကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။” (မဿဲ ၃း၁၄၊၁၅)။
ကောင်းကင်ယံတစ်ခွင်လုံး ဦးညွှတ်လျက်မြင်ကွင်းကို ကြည့်ရှုနေ ကြ၏။ အပြစ်သားသည် ကယ်တင်ရှင်ကို နှစ်ခြင်းပေးလျက်ရှိ၏။ ထို နောက် ကောင်းကင်မှ အသံထွက်ပေါ်လာ၏။ “ဤသူကား၊ ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” (မဿဲ ၃း၁၇)။
သူသည် ဂေသရှေမန်အရပ်တွင် ပြင်းထန်စွာခံစားရ၏
စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော ကြာသပတေးနေ့ညတွင် ခရစ် တော်သည် ဥယျာဉ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ယခင်ကနှင့်မတူဘဲ ယခုအလွန် ထူးဆန်းစွာဖြင့် ငြိမ်သက်လျက်ရှိ၏။ သူ၏တပည့်တော်များ မှထွက်ခွာခဲ့ရာ ဤသို့ပြော၏။ “ငါသည် သေလောက်အောင် အလွန်စိတ် နှလုံးညှိုးငယ်ခြင်းရှိ၏။” (မဿဲ ၂၆း၃၈)။ လေးလံသောအပြစ်၏ဝန်သည် ၎င်း၏ပခုံးပေါ်သို့ ကျရောက်ခဲ့ခြင်းနှင့် ခမည်းတော်နှင့် ထာဝရခွဲခွာရမည် ဟူသောစိုးရိမ်မှုသည် ၎င်း၏ စိတ်ကို နှိပ်စက်ကလူပြုရာ ခရစ်တော်သည် ပြင်းထန်စွာခံစားမှုမှ လှည့်ထွက်ပြီး ကောင်းကင်ခရီးကိုပြန်ရန် အလွန် ပင်သွေးဆောင်ခြင်းခံရ၏ မဖေါ်ပြနိုင်သော ဝေဒနာနှင့် သခင်ယေရှုလုံး ပန်းပြီး ဆုံးဖြတ်ချက်ကိုချရာ၌ “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ ဖြစ်သတည်း (လုကာ ၂၂း၄၄)။ သို့သော် အချိန်၏နှစ်ရာပေါင်းများစွာကို ကြည့်သည့်အခါ သင်နှင့်ကျွန်ုပ်အပါ အဝင် ပျက်စီးခြင်းသို့ရောက်မည့်လူသားများကြမ္မာကို ကြည့်ရှုတော်မူပြီး နောက်ဆုံးကပ်တိုင်သို့ ဆက်လက်လှမ်းလျှောက်ရန် ရွေးချယ်လိုက်လေ ၏။ ချစ်မေတ္တာ၊ ပြိုင်ဘက်မရှိသည့်ချစ်မေတ္တာပင်။
သူသည် ကရာနီကုန်းပေါ်တွင် အသေသတ်ခြင်းခံရ၏
ပြင်းထန်စွာ ကြာပွတ်နှင့်ရိုက်ခတ်ညှဉ်းဆဲပြက်ရယ်ပြုပြီးနောက် သူသည် နာကျင်စွာဖြင့် တဖြည်းဖြည်းဂေါလဂေါသတောင်ပေါ်သို့ တက် လာလေ၏။ “ကရာနိအမည်ရှိသောအရပ်သို့ရောက်ကြသော်--- လက်ဝါး ကပ်တိုင်မှာရိုက်ထား၏။” (လုကာ ၂၃:၃၃)။ ကျွန်ုပ်တို့သည် သူ၏ဦးခေါင်း ကို ရက်စက်သောဆူးသရဖူဖြင့် ဖိချခြင်းကို မြင်ခဲ့ရသော် ကျွန်ုပ်တို့သည် သုံးလေးပင်လိမ်ထားသည့် ရောမကြာပွတ်၏ (၃၉) ကြိမ် နှစ်ခါပြန်ရိုက် နှက်ထားခြင်းခံရပြီး အသားများကြေမွကာ သွေးများယိုစီးလျက်ရှိသော သူ၏ ကျောပြင်ကိုမြင်ခဲ့ရသော်၊ ရက်စက်သည့်သံများဖြင့် ရိုက်နှက်ခြင်းခံ ရသော သူ၏နူးညံ့သောလက်များကို တို့ထိစမ်းသပ်ခဲ့ရသော်၊ ကပ်တိုင်ကို တွင်းထဲသို့ဆောင့်ချလိုက်သည့်အရှိန်ဖြင့် သူ၏အသားများစုတ်ပြတ်သွား သည့် နာကျင်ခြင်းဝေဒနာကို ခံစားခဲ့ရသော်၊ မဖေါ်ပြနိုင်သောသူ၏ ချစ်မေတ္တာတော်သည် ကျွန်ုပ်တို့ကို လွှမ်းခြုံပစ်လိုက်မည်သာ ဖြစ်သ တည်း။
ထိုထက်မက ခံစားချက်များ ရှိသေးသည်။ ခရစ်တော်သည် ရုပ်ခန္ဓာ ကိုယ်နာကျင်မှုထက် စိတ်ဝိညာဉ်ခံစားချက်များသည် ပို၍ ဝေဒနာပြင်းထန်စွာတွေ့ကြုံခံစားရ၏။ ကပ်တိုင်ပေါ်တွင် တွဲလွဲရိုက်ဆွဲ ထားစဉ် သူသည် အသက်ရှင်နေထိုင်ခဲ့သော လူသားတိုင်း၊ နောင်အချိန်၌ သက်ရှိသူတိုင်းတို့၏ အပြစ်များကို ကြောက်ရွံ့စွာ တွေ့ကြုံခံစားနေရ၏။ ထိုသို့သောပြင်းထန်သည့် ဝေဒနာသည် တိုင်းတာ၍သော်လည်းကောင်း၊ ဖေါ်ပြ၍သော်လည်းကောင်း အဘယ်သို့မျှ တတ်နိုင်စွမ်းမရှိပါတော့ချေ။
လောက၏အပြစ်များသည် သူ့အားခမည်းတော်နှင့် ခွဲခွာနေသည် ဟုထူးဆန်းစွာခံစားရ၏။ လျှို့ဝှက်နက်နဲစွာဖြင့် သူသည် အဖခမည်း တော်နှင့်တဖြည်းဖြည်းမျောကာ ဝေးသွားသည်ကိုခံစားရ၍ ထိုခွဲခွာခြင်း သည် အစဉ်ထာဝရဖြစ်မည်ကို အလွန်ကြောက်ရွံ့ပူပင်လျက် “အကျွန်ုပ် ၏ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ (မဿဲ ၂၇း၄၆)။ သို့သော် ဘုရားသခင်သည် သခင်ယေရှုကို စွန့်ပစ် တော်မမူပါ။ မြင်ကွင်းမှကာထားသော်လည်း ခမည်းတော်သည် သား တော်နှင့်အတူ ဝေဒနာကိုခံစားရ၏။ “ဘုရားသခင်သည် ခရစ်တော်အထဲ ၌ရှိလျက် လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏။” (၂ကော ၅း၁၉)။ ဘုန်းကြီး သောမေတ္တာတော်ရှင်ပါတကား။
ခရစ်တော်သည် သင်္ချိုင်းမှထမြောက်တော်မူ၏
ကပ်တိုင်မှကိုယ်တော်ကို ယူဆောင်ပြီး ယောသပ်၏ သင်္ချိုင်း အသစ်တွင်း၌ လျောင်းစေတော်မူ၏။ မာရ်နတ်သည် သူ့ကိုထိုနေရာတွင် အမြဲထားရန် သန္နိဌာန်ချပြီး သင်္ချိုင်းကိုဟံဆိပ်ခတ် အစောင့်အကြပ်များ အား မရေတွက်နိုင်သောနတ်ဆိုးများအား စောင့်ကြပ်ရန် တာဝန်ပေး လိုက်လေ၏။
သို့သော် ထမြောက်သောနံနက်တွင် ခမည်းတော်၏ အမိန့်အရ ကောင်းကင်တမန်တစ်ပါးသည် မြေကြီးသို့ဆင်းသက်လာပြီး သင်္ချိုင်းရှေ့ တွင် ရပ်ကာ “ဘုရားသခင်၏သားတော်၊ အဖခမည်းတော်သင့်အား ခေါ် နေသည်” ဟုဆိုရာ ချက်ချင်းပင်တံဆိပ်များသည် ပြိုပျက်ပြီး ပြာအဖြစ် သို့လည်းကောင်း၊ အစောင့်အကြပ်များသည် သေသောသူများကဲ့သို့ လဲကျ၍လည်းကောင်း နတ်ဆိုးများသည်လည်း ကြောက်ရွံ့ခြင်းဖြင့် ထွက်ပြေးကြကုန်၏။ အောင်မြင်သူကယ်တင်ရှင်သည် တန်ခိုးတော်နှင့် ထွက်လာ၍ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏” ဟု ကြေညာ၏။ “အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့်မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။” (ဗျာ ၁း၁၈)။ ခရစ်တော် သည် အောင်မြင်သူဖြစ်၏။
သူသည်ကောင်းကင်၌ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်၏
တန်ခိုးတော်ဖြင့် ထမြောက်တော်မူပြီး ရက်ပေါင်း (၄ဝ) ကုန်လွန် ခဲ့ပြီးနောက် ခရစ်တော်သည် အောင်မြင်စွာဖြင့် ကောင်းကင်နိုင်ငံတော် သို့ ပြန်လည်ကြွမြန်းတော်မူ၏။ ကောင်းကင်တမန်တို့သည် ၎င်းတို့၏ သခင်ကို သံစုံသီဆိုမှုများဖြင့် ကြိုဆိုကြလေ၏။
အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။
အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။
တန်ခိုးကြီးသောအရှင်ဘုရင်ဝင်တော်မူမည်။ တန်ခိုးကြီးသောအရှင်ကား၊ အဘယ်သူနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ထိုဘုရားသည်တန်ခိုးကြီးသောအရှင်ဘုရင်ဖြစ်တော်မူသတည်း။
(ဆာလံ ၂၄း၇၊၁၀)။
ကောင်းကင်တဲတော်တွင် အဖခမည်းတော်၏ လက်ယာဘက် တွင် နေရာယူကာ သူသည် ကျွန်ုပ်တို့အတွက် ကြားဝင်ဖျန်ဖြေသူအဖြစ် ယဇ်ပုရောဟိတ်မင်းကြီးအလုပ်ကို ဆောင်ရွက်လျက်ရှိ၏။ “ဘုရားသခင် ၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်တော်မူ သောကြောင့်” (ဟေဗြဲ ၄း၁၄)။ ကျွန်ုပ်တို့သည် လောကီ၌ယဇ်ပုရော ဟိတ်မလိုအပ်တော့ပြီ။ အဖခမည်းတော်ထံသို့ သခင်ယေရှုအားဖြင့် အတားအဆီးမရှိ ချဉ်းကပ်နိုင်ပြီဖြစ်၏။ “ရဲရင့်သောစိတ်နှင့် ကျေးဇူးထီး နန်းသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” (ငယ် ၁၆)။ ယခုခရစ်တော်မကြွလာ မီတရားစီရင်ချိန်၌ ခရစ်တော်သည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီး၊ ကျွန်ုပ်တို့၏ရှေ့နေ၊ ကျွန်ုပ်တို့၏တရားသူကြီးဖြစ်၏။ မကြာမီအမှုအခင်း သည် ပြီးစီး၍ ပိတ်တော့မည် ဖြစ်၏။ “ငါသည် အလျင်အမြန်လာမည်” (ဗျာ ၂၂း၁၂) ဟု ကြေညာလျက် ရှိပြီ။
သခင်ယေရှုတစ်ဖန်ကြွလာဦးမည်
ထိုနေ့သည် မည်သို့သောနေ့ဖြစ်အံ့နည်း။ ကောင်းကင်ယံတစ်ခွင် လုံးသည် လင်းရောင်ခြည်များတောက်ပြောင်လျက် ဂုဏ်ကျက်သရေဖြင့် ထူးကဲမြင့်မြတ်ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုလျက်ရှိပြီ။ နေပေါင်းတစ် ထောင်သော ဘုန်းရောင်ခြည်၊ သန်းပေါင်းများစွာသော လများ၏အလှ၊ ထောင်သောင်းများစွာသော ကောင်းကင်တမန်တို့၏ တောက်ပသော ရောင်ခြည်ဖြင့် ခရစ်တော်ကြွလာမည်ဖြစ်၏။ သေလွန်ပြီးသော ဖြောင့် မတ်သောသူတို့သည် ရှင်ပြန်ထမြောက်လာမည်ဖြစ်၏။ အသက်ရှင် လျက်ရှိသော ဆိုးယုတ်သူတို့သည် လဲကျသေကြေကြမည် ဖြစ်၏။ အသက်ရှင်လျက်ရှိသောဖြောင့်မတ်သူတို့သည် ပြောင်းလဲသွားမည်ဖြစ် ၏။ ထိုနောက်သန့်ရှင်းသူတို့သည် ဘုန်းတော်သို့ ဝင်စားရန် လေဟာပြင် ခရီးကို စတင်ထွက်ခွာလေ၏။
ကောင်းကင်တွင် အပန်းဖြေပြီး နှစ်ပေါင်းတစ်ထောင်ကျော်လွန်ခဲ့
ပြီးသည့်နောက် ကောင်းကင်၌ရှိသောသန့်ရှင်းသူတို့သည် ယေရုရှလင်မြို့ သစ်နှင့်အတူ ကမ္ဘာမြေပေါ်သို့ စတင်ဆင်းသက်လာလေ၏။ ဆိုးယုတ် သော သူတို့သည် ပြန်လည်ရှင်ပြန်ထမြောက်လာပြီး စာတန်နှင့်သူ၏ ကောင်းကင်တမန်များ၊ သူ၏အစေခံများတို့သည် ငရဲမီးတွင် ဖျက်ဆီး ခြင်းခံရမည်ဖြစ်၏။ ကမ္ဘာမြေကြီးသည်လည်း အသစ်တစ်ဖန်ပြန်လည် ဖန်ဆင်းလေပြီဖြစ်၏။ ယေရုရှလင်မြို့သစ်သည် ကမ္ဘာမြေပေါ်သို့ဆင်း သက်ရောက်ရှိလာခဲ့ပြီး အပြစ်ကင်းစင်သောဂြိုဟ်၏ မြို့တော်အဖြစ် တည်ရှိလေပြီ။ ထိုကမ္ဘာသစ်တွင် “နောက်တစ်ဖန်သေဘေးမရှိ။ စိတ် မသာညည်းတွားခြင်း၊အော်ဟစ်ခြင်း၊ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ ၂၁း၄)။
ထာဝရအသက်၊ ထာဝရပျော်မွေ့ခြင်း၊ ရွှေဖြင့်ခင်းထားသည့်လမ်း များ၊ ပုလဲဖြင့်ပြုလုပ်သောတံခါးမကြီးများ၊ ဖေါ်ပြနိုင်စွမ်းမရှိ၊ နက်နဲလှ သော ထာဝရဘုန်းပါတကား။ သို့သော် အကြီးမားဆုံးသော ဘုန်းတော် သည် ကယ်တင်ရှင်ကို ကျွန်ုပ်တို့ မျက်နှာချင်းဆိုင်မြင်ရခြင်းပေတည်း။ အကြီးမားဆုံးသော ထာဝရရင်တုန်ကြည်နူးခြင်းသည် ချစ်ဖွယ်ကောင်း သောသခင်ယေရှု၏ မျက်နှာတော်ကို ဖူးမြော်ရခြင်းပေတည်း။
အကန့်အသတ်မရှိသောမေတ္တာတော်
သင်၏ အသက်တာအတွက် ရွေးချယ်ခဲ့သော ယောက်ျား အကြောင်း သိရှိနားလည်ရန်အတွက် သင်ကြားရန် တစ်သက်တာလုံး လုပ်ဆောင်သွားရမည့် အလုပ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အိမ် ထောင်ပြုသည့်ကျောင်းတွင် မည်သူမျှ အောင်မြင်ပြီးဆုံးသည်မရှိခြင်း ကြောင့်ဖြစ်၏။ ကြာမြင့်စွာအတူတကွ နေထိုင်လေ၊ တစ်ယောက် အကြောင်းတစ်ယောက် ပိုမိုသိရှိလေဖြစ်၏။ တစ်ဘက်၌ တစ်ခါတစ်ရံ ကြင်ဖက်တစ်ဦး၏အကြောင်းကိုသိရှိနားလည်ရန် ကုန်ဆုံးခြင်းမရှိသည့် အတွက် စိတ်ရှုပ်ထွေးလာတတ်၏။ အမြဲတမ်းပိုမိုသိရှိရန် အကြောင်းများ ဆက်ရှိနေ၏။ အခြားတစ်ဘက်၌လည်း အသက်တာတစ်လျှောက်လုံး ရှေ့တွင်ဆက်လက်အောင်ပွဲခံရန် စိတ်လှုပ်ရှားဖွယ်ရာများ အမြဲရှိခြင်း၊ အံ့ဖွယ်ရာအသစ်များရှာဖွေခြင်း၊ လျှို့ဝှက်မှုအသစ်အဆန်းများကို တွေ့ ကြုံခံစားခြင်း စသည်တို့ရှိမည်ဖြစ်၏။ အဘယ်သို့ဆိုသော် အချစ်သည်
အကန့်အသတ်မရှိသည့်အတွက်ကြောင့်ပင်ဖြစ်၏။
သို့သော် သခင်ယေရှုခရစ်တည်းဟူသော ယောက်ျားအကြောင်း ကို နားလည်ရန် တစ်သက်တာလုံး အချိန်ယူသင်ကြားရရှိရန် မလုံ လောက်ပါ။ ထိုသို့သိရှိနားလည်ရန် ထာဝရအချိန်ကာလ လိုအပ်မည်ဖြစ် ၏။ မကုန်ဆုံးနိုင်သောကာလတစ်လျှောက် သူ၏ချီးမွမ်းအံ့သြဖွယ်ရာများ သည် ပို၍စိတ်လှုပ်ရှားလာမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အကြောင်းကို ဘယ်သောအခါမျှ ကုန်စင်အောင် သိရှိနိုင်စွမ်းမရှိသည့် အတွက်ကြောင့်ဖြစ်သည်။
သူသည် အလွန်တရာပင်ကြီးမားသည်။ ပြိုင်ဘက်မရှိ အလွန် နက်နဲသည်။ ထာဝရကာလအစဉ်အဆက်မပြတ် သူ၏လှပခြင်း၊ ဂုဏ် သရေနှင့် ခမ်းနားကြီးကျယ်ခြင်း၊ တိုင်းတာ၍မရသောအကန့်အသတ်မရှိ အဖိုးထိုက်သည့်ခရစ်တော်၏ ချစ်ခြင်းကို နားလည်ခြင်းငှာ ဘယ်သော အခါမျှ လုံလောက်မည်မဟုတ်ပါ။
ဝိညာဉ်တော်တိုက်တွန်းမှုခွန်အားဖြင့် စာရေးဆရာတစ်ဦး ရေး သားရာ၌ “ထာဝရအချိန်ကာလသည် တဖြည်းဖြည်းရွေ့လျားလာသော အခါ ဘုရားသခင်နှင့် ခရစ်တော်၏ တန်ခိုးတော်ကို ပို၍သိရှိရန် တိုးမြင့် စွာဖေါ်ပြလာလေ၏။ ဘုရားသခင်၏အကြောင်းကို ပို၍သိရှိလေ၊ သူ၏ စရိုက်ကို ပို၍ချီးကျူးနှစ်ခြိုက်လေဖြစ်၏။ သခင်ယေရှုသည် ထိုသူတို့ အား ကယ်တင်ခြင်း၏ အံ့ဖွယ်ရာများ၊ စာတန်နှင့်ပဋိပက္ခဖြစ်မှုတိုက် ပွဲတွင် အောင်မြင်မှုများစသည်တို့ကို ဖွင့်ဟပြောပြသည့်အခါ ရွေးနုတ် ခြင်းခံရသောသူတို့သည် ဘဝင်တုန်ရင်ခုန်ကာ ပို၍ ကြည်ညိုစိတ်အား ထက်သန်ပြီး ရွှေစောင်းတော်များ၏ ဝမ်းမြောက်ဖွယ် သံစုံသီချင်းများ သည် ပွင့်ဖေါက်ထွက်လာကာ ထောင်သောင်းမက၊ ကုဋေသင်္ချေသော ကောင်းကင်သားတို့၏ ချီးမွမ်းထောမနာသံများဆူညံသွားလေတော့၏။ ထိုနေရာတွင် ကျွန်ုပ်ရှိလို၏။ သင်သည်လည်း အဘယ်သို့နည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment