- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၆) သင်၏လိင်မှုဆိုင်ရာအသက်တာပို၍ ပျော်ရွှင်နိုင်သည့်နည်းလမ်းများ
ကျွန်ုပ်တို့၏ကမ္ဘာကြီးတွင် အပြစ်မဝင်မီ တင့်တယ်လှပသော ဧဒင်ဥယျာဉ်အတွင်း၌ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အား တိကျ သေချာသည့် ပညတ်တချို့ကိုပေးခဲ့သည်။ တစ်ခုသောပညတ်သည် သင် သည် လိင်မှုဆက်ဆံခြင်းပြုရမည်။ ကမ္ဘာဦးကျမ်း ၂း၂၄ နှင့် မဿဲ ၁၉း၄၊၅ တို့တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်သည် ပထမဦးဆုံးသောထိမ်းမြားခြင်းမင်္ဂလာကို ကျင်းပပြုလုပ်ပြီးသည်နောက် အကြင်လင်မယားနှစ်ဦးအား ကောင်းချီးပေး၍ သူတို့နှစ်ဦးသည် “တစ် သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ယောက်ျား နှင့်မိန်းမသည် လိင်ဆက်ဆံခြင်းဖြင့်သာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်နိုင်၏။ ထိုကြောင့် ဘုရားသခင်သည်သာလျှင် လိင်မှုဆက်ဆံရေးကို ဖန်တီးခဲ့သူဖြစ်၍ အပြစ်ကင်းသော ကမ္ဘာအတွင်း၌ နေထိုင်သည့်အပြစ် မရှိသောစုံတွဲအတွက် ပြုလုပ်ပေးခဲ့ပါသည်။ ဘုရားသခင်သည် သန့်ရှင်း မြင့်မြတ်တော်မူ၏။ သူကောင်းချီးပေးခဲ့သော အရာအားလုံးသည်လည်း သန့်ရှင်း၏။
မှတ်သားရန်ထိုက်သည့်အချက်မှာ ဤအရာသည် တားမြစ်ထား သော အသီးမဟုတ်ပါ။ အသီးနှင့်စပ်လျဉ်း၍ ဘုရားသခင်ပြောသည်မှာ “သင်မစားရ” ဟု မိန့်တော်မူသည်။ သို့သော် လိင်ဆက်ဆံမှုတွင် သင်ပြု လုပ်ရမည်ဟုဆိုသည်။ လိင်မှုဆက်ဆံရေးအသက်တာတွင် ပို၍ပျော်ရွှင်မှု ရရှိနိုင်ရန်စုံတွဲများအား လမ်းညွှန်ဖေါ်ပြထားပါသည်။
လမ်းညွှန်မှု (၈) ချက်
လိင်မှုကိစ္စကိုအပြုသဘောဖြင့်မြင်ပါ
အခြေအနေအတော်များများတွင် အိမ်ထောင်ဖက်တို့သည် လိင်မှု ကိစ္စကို ဆီးတားကန့်ကွက်သည့်အမြင်ဖြင့် ချဉ်းကပ်ကြသည်။ ငယ်စဉ် တောင်ကျေးကလေးဘဝကပင် လိင်အင်္ဂါနှင့်ပတ်သက်လျှင် ဆိုးသွမ်း သောအရာဟု လူကြီးများက သွန်သင်ထားသည်။ ဤ “ဆိုးသွမ်းမှုကို” အိမ်ထောင်ဖက်တချို့သည် မင်္ဂလာအိပ်ခန်းဆောင်တွင်းသို့ သယ်ဆောင် လာကြသည်။
အိမ်ထောင်ပြုခြင်း၏ဘောင်အတွင်း လိင်မှုကိစ္စသည် ဆိုးသွမ်း သည့်အရာမဟုတ်ပါ။ မွန်မြတ်သောအရာဖြစ်၏။ ရှက်ဖွယ်သောအရာ မဟုတ်၊ မြင့်မြတ်သောအရာဖြစ်၏။ ယုတ်ညံ့ဂုဏ်သိမ်သောအရာမဟုတ်၊ သန့်ရှင်းမြင့်မြတ်၏။ ခမည်းတော်ဘုရားသခင်ကောင်းချီးပေးရုံသာမက “တစ်သားတစ်ကိုယ်တည်းဖြစ်ရန်” အမှုကိုထောက်ခံပြီး ဤကဲ့သို့ပြော ၏။ “ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။” (မဿဲ ၁၉း၆)။ ထင်ရှားကျော်ကြားသောတမန်တော်ပေါလုသည် “တစ် ကိုယ်တည်းဖြစ်ရမည်” ဟူသည့် အချက်မှန်ကန်ကြောင်း အခိုင်အမာ ပြသည်။ “ဤအရာသည် အလွန်နက်နဲသောအရာဖြစ်ပေ၏။” (ဧဖက် ၅း၃၁၊၃၂) ဟုဆိုသည်။
ကျမ်းစာတော်မြတ်တွင်ရှိသော အချစ်တေးသီချင်းများသည် အိမ် ထောင်ဖက်နှစ်ဦး၏အတွေ့အကြုံနှလုံးသားအလယ်ဗဟို၌လည်းကောင်း၊ လိင်ရင်းနှီးဆက်ဆံမှုသည် ကဗျာ၏အလယ်၌လည်းကောင်း၊ လေ့လာ တွေ့ရှိနိုင်သည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ရှုလမိတ်အမျိုးသမီး သည် မိမိ၏ ချစ်သူကို ရင်းနှီးစွာ ဆက်ဆံမှုကိုပြုရန် ဖိတ်ခေါ်သည်မှာ ပန်းရနံ့များနှင့်သင်းကြိုင်သော ဥယျာဉ်တွင်းသို့ လာရောက်ခြင်းနှင့် နှိုင်း ယှဉ်ထားသည်ကို တွေ့ရ၏။
မြောက်လေနိုးပါ။
တောင်လေလာပါ။
ငါ့ဥယျာဉ်ပေါ်သို့လာကြပါ။
မွှေးကြိုင်သောအနံ့သည်
ပျံ့လှိုင်ပါစေ။
ငါချစ်ရာသခင်သည်
ဥယျာဉ်တော်သို့ဝင်၍
ချိုသောအသီးကိုစားတော်မူပါစေ။
သူမသည် တစ်ချိန်တည်းမှာဆက်တိုက် “ငါဥယျာဉ်” နှင့် “သခင် ဥယျာဉ်” ဟု ခေါ်ဆိုခဲ့သည်။ ဤခေါ်သံကိုတုံ့ပြန်သည်မှာ “ငါ့နှမ၊ ငါ့ ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ” (ရှောလမုန်သီချင်း ၄း၁၆။ ၅း၁)။ အိမ်ထောင်၏ဘောင်အတွင်း လိင်ဆက်ဆံမှုကို ဘုရားသခင်မှကောင်းချီး ပေးခဲ့သဖြင့် ဂုဏ်ရှိခြင်း၊ ချီးမြှင့်ကောင်းမွန်ခြင်း၊ မြင့်မြတ်ခြင်းရှိသည်ဟု ရှုမြင်သင့်သည်။ ၎င်းသည် ပျော်ရွှင်ဖွယ်ရာအမှုဖြစ်၏၊ အပြုသဘော ဆောင်၏။ သန့်ရှင်း၏။
တစ်ရက်လျှင် (၂၄) နာရီချစ်ကြပါ
တချို့သောအတွဲများသည် “ချစ်ပွဲခင်းကျင်း” လိုသည့်အခါ၌သာ လျှင် ချစ်ကြသည်မှာ အလုပ်မဖြစ်ပါ။ တချို့သောအတွဲများသည် နေ့ အချိန်၌ခိုက်ရန်ဖြစ်ကြပြီး ညအချိန်ရောက်သော် ပျော်ရွှင်စွာလိင်မှုဆက် ဆံရန် မျှော်မှန်းသည်မှာ မဖြစ်နိုင်ပါ။ လိင်မှုကိစ္စပြည့်စုံကျေနပ်ခြင်းသည် ထုံးနည်းဓလေ့အတွေ့အကြုံမဟုတ်ပါ။ ဆက်ဆံဆက်စပ်မှုသာဖြစ်ပါ၏။ လိင်ဆက်ဆံခြင်းသည် ခန္ဓာကိုယ်နှစ်ဦး ဆုံစည်းခြင်းသာဖြစ်မဟုတ်ပါ။ စိတ်နှလုံးနှစ်ခု၏ ရင်းနှီးစွာပေါင်းစည်းခြင်းလည်းဖြစ်သည်။ ဤအတွေ့ အကြုံသည် ရုပ်ပိုင်းဆိုင်ရာသာမဟုတ်၊ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်၏။
နှုတ်ထွက်စကားတော် ဤနေရာတွင်အကြံပေးသည်မှာ “အမျက် မပြေဘဲ နေမဝင်စေနှင့်” (ဧဖက် ၄း၂၆)။ တစ်ခါတစ်ရံပြဿနာများ ပေါ်ပေါက်လာပါက ဆောလျင်စွာဖြေရှင်းသင့်သည်။ လမ်းကိုပိတ်ဆို့ထား သောအတားအဆီးများကို အချစ်လမ်းဖြောင့်ဖြူးစွာသွားနိုင်ရန် ဖယ်ရှား ပစ်ရမည်။ ရေစီးကြောင်းသည် တည်ငြိမ်သော အချစ်ရေစီးဆင်းနိုင်ရန် ရှင်းလင်းစွာထားသင့်သည်။
သားဖွားခြားခြင်းလုံခြုံမှုအစီအစဉ်ထားရှိပါ
ကိုယ်ဝန်ဆောင်ရန်ဆန္ဒရှိပါက လိင်လွတ်လပ်စွာ ဆက်ဆံနိုင် သည်။ သို့သော် သားဖွားခြားခြင်းအစီအစဉ်မရှိပါက ကိုယ်ဝန်မလိုလား သော အမျိုးသမီးတစ်ဦးသည် စိုးရွံ့မှုဖြင့် အလွန်သတိထားရ၏။ ထိုသို့ သော စိတ်အခြေအနေတွင် သူမသည် ပျော်ရွှင်မှုအပြည့်အဝပေးနိုင်၊ လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပါ။ ထိုကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် အတွက် လိုအပ်သည့်ဆေးဖက်ဆိုင်ရာအကြံဉာဏ်နှင့် သားဖွားခြားခြင်း အစီအစဉ်ကို သင့်လျော်သလို ရေးဆွဲထားရှိရန်ဖြစ်သည်။
အပြန်အလှန်ကျိုးနွံမှုစည်းမျဉ်းကိုအသုံးပြုပါ
ပြဿနာဖြစ်နေသော စုံတွဲနှစ်ဦး၏ အကြံပေးဆွေးနွေးချိန်တွင် ယောက်ျားသည် ဤကဲ့သို့ပြောဆိုသည်။ “ဒီအိမ်ထောင်ရဲ့ အဓိကပြဿ နာက ကျွန်တော့်မိန်းမက ညစဉ်ဆောင်ရွက်ရမဲ့ဝတ္တရားကို မကျေပွန်လို့ ဖြစ်တာပါ” မိန်းမက လိင်ဆက်ဆံမှုသည် မိန်းမ၏ညစဉ်ဆောင်ရွက်ရန် ဝတ္တရားဟု ဆိုခြင်းကို လက်ခံရန် ငြင်းဆန်ပါသည်။ မကြာခဏဆိုသလို ဤကဲ့သို့ပြဿနာမျိုးနှင့်တူသည့် ပြဿနာမျိုးလည်းရှိသည်။ ဤကဲ့သို့ သောပြဿနာမျိုးကို ဖြေရှင်းရမည်ဖြစ်၏။ အိမ်ထောင်ဖက်တစ်ဦးသည် စိတ်လိုအင်ဆန္ဒ၏မီးဖိုထဲတွင်ရှိစဉ် အခြားတစ်ဦးမှာ ရေခဲသေတ္တာထဲတွင် လိင်မှုဆက်ဆံရေးကို သိုလှောင်ထားရှိပါက အစဉ်အဆက်တိုက်ပွဲဖြစ်ရန် စွမ်းအားဖြစ်မည်သာတည်း။
ပြဿနာကိုင်တွယ်ဖြေရှင်းခြင်းအကြောင်းကို လေ့လာခဲ့ပြီး ဖြစ် သည်။ ၎င်း၏ လျှို့ဝှက်ချက်သည် အပြန်အလှန် ကျိုးနွံမှုပင်ဖြစ်၏။ ကျမ်းပုဒ်ကို ရောမ ၁၅း၁-၃ တွင်တွေ့ရှိနိုင်သည်။ “ငါတို့သည်--- ကိုယ် အလိုသို့မလိုက်--- ကိုယ်နှင့်စပ်ဆိုင်သောသူ--- ၏ အလိုသို့ လိုက်ကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့မလိုက်။” စည်းမျဉ်းမှာ “ကိုယ့်ရဲ့ပေါင်းဖေါ်ဖက်ကို ကိုယ်ထက် ပိုချစ်ပါ” ဖြစ်သည်။ သဘော တရားမှာ ပေါင်းဖေါ်ဖက်နှစ်ဦးသည် တစ်ဦး၏အလိုဆန္ဒကို အခြားတစ်ဦး က လိုက်လျောခြင်းဖြင့် သူတို့သည် အလယ်တွင် (သို့မဟုတ်) အလယ်မှ ကျော်လွန်သည့်နေရာတွင် ဆုံကြမည်ဖြစ်ခြင်းပေတည်း။ ရလဒ်သည် ခရစ်ယာန်သဘော၏ စေ့စပ်ပြေငြိမ်းခြင်းဖြစ်၏။
ပေါင်းဖေါ်ဖက်နှစ်ဦးသည် အခြားတစ်ဦး၏ လိင်မှုဆက်ဆံလို သည့်ဆန္ဒကို အလေးအနက် စိတ်ဝင်စားမှုရှိသင့်သည်ဟု တမန်တော်က မီးမောင်းထိုးပြသည်။ “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယား အားပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်း တူ၊ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ အချင်း ချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော် ဆုတောင်းခြင်း ဝတ်ကို ပြုရသောအခွင့်ရှိစေခြင်းငှာ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟုမဆိုလို၊ ထိုသို့ရှောင်လျှင် ကိုယ်ကိုမချုပ်တည်းနိုင်သောအား ဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့်ရှိစေခြင်းငှါ နောက် တစ်ဖန်အတူနေကြလော့” ဟု ဆိုသည်။ (၁ကော ၇း၃-၅)။
အချစ်ဇာတ်လမ်းအမြဲရှင်သန်စေပါ
ကျွန်ုပ်ကျောင်းသားဘဝက ဟင်းလျာ (Menu) နှင့်ဆိုင်သည့် အဆို (၂) ခုရှိသည့် ထမင်းစားခန်းတွင် စားနေကြဖြစ်သည်။ ဒီနေ့ပဲနဲ့ ထမင်း၊ နောက်နေ့ထမင်းနဲ့ပဲဖြစ်၏။ အကယ်၍ ဒီအရာနှစ်ခုပဲကျွေးနိုင်ခဲ့ သော် စားဖိုးမှူးသည် အစားမပျက်ရလေအောင် အမျိုးမျိုး လှည့်ချက် တတ်ဖို့လိုမည်ဖြစ်သည်။
လိင်ဆက်ဆံခြင်းသည် ခံတွင်းတွေ့သည့် အာသာဆန္ဒဖြစ်သည့် အလျောက် ထပ်တလဲလဲ လုပ်ရိုးလုပ်စဉ်ပုံမှန်ဆက်ဆံခြင်းဖြင့် ပျင်းရိဖွယ်
ကောင်းအောင် ဆုတ်ယုတ်မလာစေရန် သတိထားသင့်သည်။ အချိန်၊ နေရာနှင့်လုပ်နည်းနိဿယအမျိုးမျိုးပြောင်းလဲပြီး ဆက်ဆံပါက ဟင်း ကောင်းနှင့် ထမင်းမြိန်ရည်ရှက်ရေစားသုံးရသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် တွေ့ကြုံခံစားရမည်ဖြစ်သည်။ အထူးသဖြင့် လက်ထပ်ပြီးစ အစောပိုင်း ကာလ၏ဆန်းသစ်သည့် ခံစားမှုများကုန်ဆုံးသွားပြီးနောက် စုံတွဲသည် ၎င်းတို့၏လိင်ဆက်ဆံမှု ပို၍ကြွယ်ဝထူးကဲလာရန် နည်းလမ်းများရှာဖွေရ မည်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦးလိုအပ်မှု၊ စိတ်ဆန္ဒနှင့်ပျော်ရွှင်မှုကို ပိုမို ကြွယ်ဝလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပွင့်လင်းစွာ စကား ပြောကြရန် လိုအပ်မည်ဖြစ်သည်။ အချစ်စုံတွဲနှစ်ဦးတို့သည် ၎င်းတို့၏ (လိင်) ဆက်ဆံမှုအသက်တာကို ဆက်လက်ရှင်သန်အောင် ထားရှိရန် လိုအပ်သည်သာမက အချစ်ဇာတ်လမ်းကိုလည်း အရှိန်မြင့်တင်ရန် လို အပ်မည်ဖြစ်၏။
ရှောလမုန်မင်းကြီးသည် ၎င်း၏သင်းကြိုင်သောအချစ်ဇာတ်လမ်း ကို အောက်ပါအတိုင်း ဖေါ်ပြထားသည်ကိုတွေ့ ရှိရသည်။
“သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်ပျိုစဉ်ကာလ၊ ပေါင်းဖေါ်သောမယားနှင့်အတူ ပျော်မွေ့လော့။--- သူ၏ သား မြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကို ချစ် သောစိတ်နှင့် အစဉ်ယဇ်မူးလျက်နေလော့။” သု ၅း၁၈၊၁၉။
မိမိကိုယ်ကိုအဆင်သင့်ဖြစ်ရန်ပြင်ဆင်ပါ
လိင်မှုကိစ္စတွင် ပျော်ရွှင်မှုရရှိရန်အတွက် ပေါင်းဖေါ်ဖက်နှစ်ဦးတို့ သည် ကိုယ်ပိုင်ပြင်ဆင်မှုများလုပ်ထားရန် လိုအပ်မည်။ သန့်ရှင်းမွှေးကြိုင် သည့်ပေါင်းဖေါ်ဖက်သည် ဖိတ်ကြားရန် ကောင်းသကဲ့သို့ နံစော်ပြီး မဖြီး မလိမ်းကပိုကရိုရှိသည့် ပေါင်းဖေါ်ဖက်ကိုမူ ငြင်းဆန်မည်သာဖြစ်မည်။ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ကိုယ်ကာယကျော့ရှင်းစွာ ဖြီးလိမ်းထားခြင်း တို့သည် ကောင်းသည့်တွေ့ကြုံခံစားမှုအတွက် တန်ဖိုးရှိသည့်ဇာတ်စင် ပြင်ဆင်ထားရှိခြင်းပင်ဖြစ်၏။
လိင်မှုကိစ္စသည် အစားအစာနှင့်တူ၏။ တချို့သောသူများသည် အစားကြီး၏။ ရောင့်ရဲတင်းတိမ်မှုရရှိရန် ခက်ခဲ၏။ တချို့သောသူတို့မှာ အစားနည်း၏။ အလွယ်တကူကျေနပ်မှုရရှိ၏။ ဒုတိယအုပ်စုတွင် ပါဝင် သောသူတို့သည် ခံတွင်းတွေ့ ရန် ဆေးကောင်းလိုအပ်သည်။ အစားနည်း သောပေါင်းဖေါ်ဖက်တစ်ဦးသည် တွေ့ကြုံခံစားမှုအတွက် နူးညံ့သိမ်မွေ့ စွာ ပြင်ဆင်ထားရန် လိုအပ်သည်။ ယုယစွာဖက်ရမ်းပွတ်သပ်ခြင်းဖြင့် ပြင်ဆင်မှုပြုနိုင်၏။ ဤအရာအတွက် အချိန်ယူရမည်ဖြစ်သည်။ တစ်ဦး နှင့်တစ်ဦးရင်းနှီးစွာနှင့် အပြန်အလှန်အဓိပ္ပါယ်ရှိသော ချစ်ကျွမ်းဝင်မှု ရရှိ ရန် ပေါင်းဖေါ်ဖက်တစ်ဦး၏ အဆင့်အမြင့်ဆုံးဆန္ဒနိုးကြွလာသည့်အထိ လိုအပ်သည့်အချိန်ကို အခြားတစ်ဦးက လိုက်လျောပေးရန်ဖြစ်သည်။
ကံဆိုးသည်မှာ တချို့သောပေါင်းဖေါ်ဖက်များသည် ကိုယ်ချင်း စာနာစိတ်မရှိ၊ ကြမ်းတမ်း၏။ ရက်စက်၏။ ပေါင်းဖေါ်ဖက်များသည် နူးညံ့ သိမ်မွေ့မှုရှိသင့်သည်။ ဝိညာဉ်တော်၏အသီးတစ်ခုမှာ နူးညံ့သိမ်မွေ့ခြင်း ဖြစ်သည်ကို သတိပြုပါ။ (ဂလာတိ ၅း၂၂)။ ပေါင်းဖေါ်ဖက်များသည် သည်းခံခြင်းရှိသင့်သည်။ အသစ်ပြန်လည်မွေးဖွားသောသူ၏ ကျေးဇူး တော်တစ်ခုသည် သည်းခံခြင်းဖြစ်သည်ကို သတိပြုပါ။ (၂ပေ ၁း၄-၈) အချိန်နှင့်ယုယကြင်နာမှု၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ပေါင်း ဖေါ်ဖက်များအား ပြင်ဆင်မှုများပြုလုပ်ရမည်ဖြစ်၏။
သင်၏ပေါင်းဖေါ်ဖက်ဆန္ဒကိုပြေစေပါ
တချို့လင်မယားနှစ်ဦးတို့သည် နှစ်ကာလကြာရှည်စွာအတူတကွ ပေါင်းသင်းလာကြသော်လည်း တစ်ဦး (သို့မဟုတ်) အခြားတစ်ဦးသည် ဆက်ဆံခြင်း၌ ကျေနပ်မှုကို ဘယ်သောအချိန်မှမရရှိခဲ့ပါ။ တချို့သော အတွဲများသည် နှစ်ဆယ်စုပေါင်းများစွာ အတူတကွအိပ်လာကြပြီး တစ်ဦး (သို့မဟုတ်) အခြားတစ်ဦးမျှ ဆက်ဆံခြင်း၌ အာသာပြေကျေနပ်မှုရရှိ ကြောင်းကို မသိရှိပါ။ ဘယ်ကဲ့သို့သိရှိနိုင်မည်နည်း။ ထမင်းစားချိန်တွင် တစ်ဦးသည် ထမင်းလုံလောက်စွာရရှိရန် သိသကဲ့သို့ပင်ဖြစ်၏။ မေးရ မည်ဖြစ်သည်။ “ဝပြီလား၊ ထမင်းထပ်ယူအုံးမလား” လိင်မှုကိစ္စဆွေးနွေး ခြင်းသည် ထမင်းစားရေသောက်ကဲ့သို့ပင် ဆွေးနွေးရန် သင့်လျော်၏။
အိမ်ထောင်ရေးဘောင်အတွင်း၌ အတွဲများသည် ဆန္ဒပြေစေရန် ဘုရားသခင်အလိုတော်ရှိသည်။ ပညာရှိပုဂ္ဂိုလ်ဆိုသည်မှာ “သူ၏ သား မြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ” ဟုဆိုသည်။ (သု ၅း၁၉)။ လိင်ဆက်ဆံမှုအာသာပြေကျေနပ်ခြင်းသည် အိမ်ထောင်ရေး ကတိသစ္စာ မြဲခြင်းအလုပ်တွင် တန်ဖိုးရှိသောအရာတစ်ခုပင်ဖြစ်သည်။ ရောင့်ရဲမှုရှိ သည့်ပေါင်းဖေါ်ဖက်တစ်ဦးသည် ထမင်းစားရန် အိမ်တွင် ရှိနိုင်ချေများ သည်။ သို့သော် ဆာလောင်သော သူတစ်ဦးသည် တစ်လုပ်စာစားရန် လမ်းမပေါ်တွင် လိုက်လံရှာဖွေမည်ကများ၏။ “စား၍ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသော အရာကိုချိုသည်ဟု ထင်တတ်၏။” (သု ၂၇း၇)။ ဆန္ဒပြေခြင်းသည် အဆိပ် ဖြေဆေးမဟုတ်သော်လည်း ရပိုင်ခွင့်ပစ္စည်းတစ်ခုဖြစ်သည်။
လိင်မှုကိစ္စကိုဝိညာဉ်ရေးအတွေ့အကြုံအဖြစ်ပြုလုပ်ပါ။
လိင်ဆက်ဆံမှုသည် အဆင့် (၃) ဆင့် တွေ့ကြုံခံစားနိုင်သည်။ ပထမအဆင့်သည် ရုပ်ခန္ဓာကိုယ်အဆင့်ဖြစ်သည်။ ။ဤအဆင့်သည် ခန္ဓာကိုယ်၏ နှစ်ခြိုက်ကျေနပ်မှု၏ စိတ်ကြွရွခြင်းပင်ဖြစ်သည်။ အားလုံး ပါဝင်လုပ်ဆောင်သည့်အဆင့်ဖြစ်သည်။ သို့သော် ဤအဆင့်သည် မည်မျှ ပင် အဖိုးတန်သည်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်ထောင်စုအတွက် လုံ လောက်မှုမရှိပါ။ လိင်မှုကိစ္စသည် ရုပ်ခန္ဓာကိုယ်အတွက်သာဖြစ်လျှင် လူ တို့သည် စကားမပြောတတ်သည့် တိရစ္ဆာန်အဆင့်ထက် ပို၍ မတက်ပါ။ ဤထက် ကျော်လွန်သောအဆင့်ရှိ၏။
ဒုတိယအဆင့်သည် စိတ်ပိုင်းဆိုင်ရာအဆင့်ဖြစ်၏။ ဤအဆင့်တွင် ခန္ဓာ ကိုယ်နှစ်ခုသာ ချစ်ကျွမ်းဝင်ခြင်းမဟုတ်ဘဲ စိတ်နှလုံးနှစ်ခုလည်း ပါဝင် သည်။ လမ်းသည်ရှင်းလျက်ရှိပြီ၊ ပြဿနာများပြေလည်ပြီ၊ နာကြည်းမှု များလည်း ပျောက်ကင်းပြီ။ စပ်ကြားတွင် မည်သည့်အရာမျှမရှိ၊ ခန္ဓာ ကိုယ်နှစ်ခုကြားတွင် မည်သည့်အရာမျှမရှိ၊ စိတ်နှလုံးနှစ်ခုစပ်ကြားတွင် မည်သည့်အရာမျှမရှိ။ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ချစ်ကျွမ်းဝင်နေကြပြီ။ ဤအဆင့်သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်အဆင့် ဖြစ်သည်။ သို့သော် ဤအရာထက် ကျော်လွန်သောအဆင့်ရှိ၏။
တတိယနှင့်အမြင့်ဆုံးအဆင့်သည် ဝိညာဉ်ရေးအဆင့်ဖြစ်၏။
ဤအထွတ်အထိပ်အဆင့်တွင် ဘုရားသခင်၏ လှုပ်ရှားမှုပါဝင် သည်။ နှစ်ဦး၏စပ်ကြားတွင်မက သုံးဦးအတွင်း၌ဖြစ်သည်။ ဤထိပ်တန်း တွေ့ကြုံမှုတွင် ယောက်ျားနှင့်မိန်းမရင်းနှီးစွာ အတုံ့အပြန် ဆက်ဆံသည် သာမက ဘုရားသခင်လည်းပါဝင်ဆက်ဆံသည်။ ဤထိပ်ဆုံးအစွန်ဖျား တွင် ယောက်ျား၊ မိန်းမနှင့်ဘုရားသခင်တို့သည် တစ်ပြိုင်တည်း တွေ့ကြုံ ကြသည်။ ပေါင်းဖေါ်ဖက်နှစ်ဦးတို့၏စိတ်လှုပ်ရှားခြင်းသည် တစ်ယောက် နှင့်တစ်ယောက်သာမက ဘုရားသခင်နှင့်ပါ တစ်ပြိုင်တည်းဖြစ်၏။
ဤလုပ်ဆောင်မှုတွင် အိမ်ထောင်ဖက်နှစ်ဦးသည် ဝမ်းမြောက် ပျော်ရွှင်စွာဖြင့် ဤသို့ပြောဆိုနိုင်မည်။ “အရှင်ဘုရားသခင်၊ ဤအဖိုးထိုက် သော ပေါင်းဖေါ်ဖက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှစ်ယောက် ၏စိတ်နှလုံးသားများအတွင်း မတိုင်းတာနိုင်သည့် နက်ရှိုင်းလှသော ချစ် ခြင်းကို ပေးတော်မူသည့်အတွက် ကိုယ်တော်ကို ချီးမွမ်းပါတယ်။ ယခု ကျွန်ုပ်တို့နှစ်ဦးအတူတကွခံစားရသော ဝမ်းမြောက်ပျော်ရွှင်သည့် ခံစား တွေ့ကြုံမှုတို့အတွက် အဖဘုရားသခင်ကို ချစ်ပါတယ်” ထိုနောက် ကောင်းကင်မှ၎င်းတို့နှင့် အတူတကွပျော်ရွှင်မှုရှိကြောင်း သိရှိခြင်းဖြင့် သူတို့နှစ်ဦးလည်း ဝမ်းမြောက်မည်ဖြစ်၏။ ဤအရာသည် ဘုရားသခင်၏ အိမ်ထောင်စုဝင်၏အတွေ့အကြုံသာဖြစ်သင့်သည်။
သင်၏လိင်မှုဆိုင်ရာအသက်တာပို၍---
အကြောင်းအရင်း (၃) ရပ်
ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းမြောက်သနည်း။ သူတို့ သည် ဘုရားသခင်ချစ်ခြင်းဖြင့်ပေးသော အဖိုးထိုက်သည့်ဆုကျေးဇူးကို အမြင့်ဆုံး အဆင့်တွင်ခံစားကြသည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့် ပေးသနားတော်မူသနည်း
၁။ တစ်ဦးနှင့်တစ်ဦးပေါင်းစည်းရန်နှင့် တစ်ဦးနှင့်တစ်ဦးအပ် နှံရန်အတွက် ဇနီးမောင်နှံနှစ်ဦးအား ဘုရားသခင်သည် အမြင့်ဆုံးသော ချစ်ကျွမ်းဝင်ခြင်းအမှုကို ဖေါ်ပြနိုင်ရန် ပေးသနားတော်မူခဲ့ခြင်းဖြစ်၏။
၂။ သူတို့အား ဤကောင်းချီးမင်္ဂလာပေးခြင်းသည် ၎င်းတို့ ဆန္ဒရှိပါက “များပြားစွာမွေးဖွားပြီး မြေကြီးကိုပြည့်စေ” နိုင်ရန်အတွက် ဖြစ်သည်။ (က ၁း၂၈)။ ဤဘဝင်ကျပြီး သန့်ရှင်းသောဆုံစည်းမှုဖြင့် သူတို့ သည် အံ့ဖွယ်ကောင်းသည့်လက္ခဏာတွင် ပါဝင်ခွင့်ရရှိခဲ့သည်။ အလွန် လေးနက်တည်ကြည်သောအခွင့်အရေးပင်ဖြစ်၏။ မမြင်နိုင်သော မိန်းမ ၏သန္ဓေသားစုသည် ပို၍သေးငယ်သော ယောက်ျား၏ သုတ်ပိုးဖြင့် သား အိမ်တွင်း သန္ဓေတည် အသက်တစ်ချောင်းဖြစ်ပေါ်လာခြင်း၏ လျှို့ဝှက် ချက်သည် နားမလည်နိုင်သည့်အံ့ဖွယ်လက္ခဏာပင်ဖြစ်၏။
၃။ လိင်ကိုဖန်ဆင်းရာ၌ ဘုရားသခင်သည် မိမိ၏ကြီးကျယ် ခမ်းနားသောအချစ်ပုံပမာကိုပြသရန်ဖြစ်၏။ “တစ်သားတစ်ကိုယ်တည်း” ဖြစ်ခြင်း၏ “လျှို့ဝှက်နက်နဲချက်” အမှုသည် ဇနီးမောင်နှံနှစ်ဦးတို့၏ အချစ်ဇာတ်လမ်းသာမဟုတ်ပါ။ ခရစ်တော်နှင့်၎င်း၏ အသင်းတော်စပ် ကြား၌ရှိသော မိန်းမစပ်ကြား၌ရှိသည့် ရင်းနှီးသိမ်မွေ့ခြင်းသည် ကယ် တင်ရှင်နှင့်ဝိညာဉ် အချစ်ကျွမ်းဝင်ခြင်းလည်းဖြစ်သည်။ (ဧဖက် ၅း၃၁၊ ၃၂)။ ယောက်ျားနှင့် စပ်ကြား၌ရှိသင့်သော ပျော်ရွှင်ဖွယ်ကောင်းသည့် ရင်းနှီးမှုကိုသိရှိရန်ဖြစ်၏။ စပ်ကြား၌ အခြားဘယ်အရာမျှမရှိသင့်ပါ။
သခင်ယေရှုကိုယ်တော်တိုင် ဤပုံပမာကို အသုံးပြုခဲ့သည်။ မွေး ဖွားခြင်း၏ အံ့ဖွယ်လက္ခဏာကိုသွန်သင်ရန် သူသည် လိင်မှုတွေ့ဆုံခြင်း ဖြင့်အသုံးပြုခဲ့သည်။ ထာဝရအသက်၏ ဖြောင့်မတ်ခြင်းတရားကို အိမ် ထောင်ရေး အသက်တာဖြင့်ပုံပြရန် အသုံးပြုသည့်နည်းဥပဒေသသည် လူ၏သဘောတရားမဟုတ်ပါ။ ဘုရားသခင်၏အကြံအစည်သာဖြစ်၏။
ပုံပမာ
ဥစ္စာကြွယ်ဝ၊ ပညာတတ်၊ လူအများရိုသေကိုင်းရှိုင်းရသော ယုဒ အသင်းတော်မှ အသင်းဝင်နိကောဒင်သည် လူသူမရှိသည့် ညအချိန်၌ ခရစ်တော်ထံသို့လာရောက်ခဲ့သည်။ သူ၏ အဖွင့်နိဒါန်းစကားကို သခင် ယေရှုက မသိကျိုးကျွန်ပြုပြီး လိုရင်းကို ချက်ချင်းပြောလိုက်သည်။ “နိကောဒင်ငါမင်းကို အမှန်အတိုင်းပြောမယ်။ မင်းရဲ့ဥစ္စာကြွယ်ဝမှု၊ ပညာ ရှိမှု၊ ရာထူးနှင့်တန်ခိုးအာဏာများရှိသော်လည်း “ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန် အကန်ဆိုသည်။” (ယော ၃း၃)။
အသင်းဝင်လူကြီးနားမလည်ပါ။ ဖိုမဆက်ဆံပြီး ရုပ်ခန္ဓာကိုယ် မွေးဖွားခြင်းကို ခရစ်တော်ရည်ညွှန်း၍ ပြောနေသည်ဟု ထင်လျက် “အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်ကဲ့သို့ခံနိုင်မည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကိုခံနိုင်ပါမည်လော” ဟု လျှောက် သည်။ (ငယ် ၄)။ သန္ဓေသားဥနှင့်သုတ်ပိုးတို့မှ မွေးခြင်းကိုပြောနေခြင်း မဟုတ်ကြောင်း သခင်ယေရှုရှင်းပြသည်။ သူသည် “ရေနှင့်ဝိညာဉ်တော် မွေးခြင်းကိုပြောနေခြင်းဖြစ်သည်။ (ငယ် ၅)။ ဝိညာဉ်တော်နှင့်မွေးခြင်း သည် ပြောင်းလဲခြင်းဖြစ်၏။ ရေဖြင့် မွေးဖွားခြင်းသည် ဗတ္တိဇံခံယူခြင်း ဖြစ်၏။
နိကောဒင်သည် ခရစ်တော်ကို အံ့ဩကြီးစွာဖြင့် တွေဝေလျက် ကြည့်၏။ ထိုအကြည့်ကို သခင်ယေရှုမြင်လျှင် ဤသို့ဆက်၍ပြော၏။ “ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါပြောသည်ကိုအံ့သြခြင်းမရှိနှင့်" (ငယ် ၇) ခရစ်တော်သည် ဤနေရာ၌ “ရမည်” ဆိုသည့်လေးနက်မှု အသုံး အနှုန်းကို အသုံးပြုပြောဆိုခဲ့သည်။ ပြောင်းလဲခြင်း (သို့မဟုတ်) ဗတ္တိဇံခံ ယူခြင်းသည် လူတို့၏ရွေးချယ်ပိုင်ရာမဟုတ်၊ ဘုရားသခင်၏ တိုက်တွန်း ခိုင်းစေခြင်းသာဖြစ်သည်။ ရုပ်ခန္ဓာကိုယ်ရရှိရန် သန္ဓေသားဥနှင့်သုတ်ပိုး လို၏။ ၎င်းတို့နှစ်ခုသည် ဆုံစည်းကြရမည်။ ဤအရာသည် ဘုရားသခင် ၏ဆေးညွှန်းဖြစ်သည်။ ထာဝရအသက်ရရှိရန် ပြောင်းလဲခြင်းရှိရမည်။ ဗတ္တိဇံခံယူမှုရှိရမည်။ ဤအရာနှစ်ခုသည် ဆုံစည်းမှုရှိရမည်။ ဤအရာ သည် ဘုရားသခင်၏ ကြေညာချက်ပေတည်း။
အဆင့်မြင့်လူကုံထံများ
ဘာသာရေးသည် ဆင်းရဲသူ/ဆင်းရဲသားများအတွက်သာ ဖြစ် သည်ဟုတချို့သောသူများ ထင်မြင်ကြသည်။ သို့သော် သမ္မာကျမ်းစာ တော်မြတ်တွင် ချမ်းသာကြွယ်ဝသောသူများ၏ ကယ်တင်ခြင်းအတွက် လည်း ဘုရားသခင်သည် စိတ်ပူပန်မှုရှိသည်ဟု ဖေါ်ပြထားသည်။ ပညာ တတ်များ၊ သြဇာရှိသူများ၊ ဥစ္စာချမ်းသာသူများ၊ စွမ်းရည်ထက်မြက်သည့် သူများအားလုံးကို ဘုရားသခင်စိတ်ဝင်စားပြီး ၎င်းတို့အတွက် စိတ်ပူပန် ပတ်သက်မှုရှိ၏။ ဤအချက်ကို ပေါ်လွင်ရန် အသင်းလူကြီးနိကောဒင်မှ ပြသခဲ့ပြီးဖြစ်သည်။ ထိုနည်းတူ အဲသယောပိအမတ်မင်းဖြင့်လည်း ပုံပမာ ပြသခဲ့သည်။
အဲသယောပိပြည်ရှိ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသောအမတ် မင်းသည် အခြွေအရံများဖြင့် ရထားပေါ်တွင် ခရီးသွားစဉ် ပုရောဖက် ဟေရှာယ၏ ကျမ်းစာကို ဖတ်လျက်ရှိ၏။ ဝိညာဉ်တော်သည် ဖိလိပ္ပအား နှိုးဆော်သဖြင့် ရထားရှိရာသို့ပြေး၍ “ဖတ်သောအရာကို နားလည်ပါ၏ လော့ဟု မေးမြန်း၏။ ထိုအမတ်သည်လည်း သွန်သင်ပဲ့ပြင်သောသူမရှိ လျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟုဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပု တက်၍ထိုင်နေပါမည် အကြောင်း တောင်းပန်၏။” (တမန် ၈း၃၀၊၃၁)။ ဤနေရာတွင် ဖြောင့်မတ်ခြင်းတရားကို ရိုးသားစွာရှာဖွေသော သူ၊ ထိုသို့သောသူနှင့် ဖြောင့်မတ်ခြင်းတရားကို သွန်သင်သောသူတို့ စပ်ကြား၌ ဆုံစည်းနိုင်ရန်၊ ဘုရားသခင်ပြုလုပ်ပေးရန် ဝမ်းမြောက်၏။ ဖိလိပ္ပုသည် အံ့သြဖွယ်ကောင်းသော သခင်ယေရှု၏အကြောင်းကို သွန် သင်နေစဉ် ထူးခြားသည့်အရာတစ်ခုဖြစ်ပေါ်လာသည်။ “ထိုသို့လမ်း၌ သွားကြစဉ် ရေရှိရာသို့ ရောက်၍ အမတ်ကလည်း ဤအရပ်တွင် ရေရှိ ပါ၏။ အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါ သနည်းဟု ပြောဆိုလျှင် ဖိလိပ္ပုက သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည်ဆိုလေ၏ အမတ်ကလည်း ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ပါ သည် ဟု ဝန်ခံ၍။” (တမန် ၈း၃၆၊၃၇)
ထိုအချိန်၌ပင် အမတ်မင်းသည် မိမိ၏အသက်တာကို ဘုရား သခင်၏ဝိညာဉ်တော်၌အပ်နှံကာ ဝိညာဉ်တော်ဖြင့် မွေးဖွားခဲ့လေသည်။ နိကောဒင်အား ခရစ်တော်ညွှန်ကြားသည်မှာ “ရေနှင့်ဝိညာဉ်တော်” တွင် မွေးရန်ဖြစ်သည်။ (ယော ၃း၅)။ “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင် တော်မူခြင်းသို့ရောက်လတ္တံ့” ဟုလည်းဆိုသည်။ (မာကု ၁၆း၁၆)။ ထိုကြောင့် အမတ်မင်းသည် ယုံကြည်သည့်အတွက် ဗတ္တိဇံကို ခံယူရန် အချိန်ရောက်လေပြီ။ ထိုနောက် “ရထားကို ရပ်စေခြင်းငှာ စီရင်ပြီးမှ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကို ပေး၏” (တမန် ၈း၃၈)။
ဆင်ခြေပြရန်အကြောင်းမရှိ
အမတ်မင်းသည် ရိုးသားသော ခံဝန်ချက်ရှိသူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို သိလျှင်သိချင်း လိုက်လျှောက်ပြုလုပ်ခဲ့ သည်။ သူသည် ဖိလိပ္ပုကို ဆင်ခြေအကြောင်းပြချက်အမျိုးမျိုး တင်ပြနိုင် သည်။ “ကျွန်ုပ်၏ဘုရင်မနှင့် ပြန်စကားပြောဖို့လိုအပ်မယ်” ဟုမပြော။ “အဲသယော ပိပြည်ရှိအကြီးအမှူးနှင့် တိုင်ပင်ရအုံးမယ်” ဟုမဆို။ သူ၏ ကိုယ်ပိုင်ယုံကြည်ဝန်ခံခြင်းဖြင့် ရပ်တည်ခဲ့သည်။
ယနေ့၊ အများသောသူတို့သည် စိတ်အတွင်းယုံကြည်ချက်နှင့် ရင် ဆိုင်ရသောအခါ ဆင်ခြေအမျိုးမျိုး တက်ကြသည်။ တချို့မှာဤကဲ့သို့ ပြောသည်။ “ကျွန်ုပ်အလုပ်ကခံနေတယ်ဗျာ” သို့သော် သခင်ယေရှု ပြော သည်မှာ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦး စွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆း၃၃)။ တချို့ကလည်း “ငါ့အိမ်ကကန့်ကွက်တယ်ကွ” ဟုပြော၏။ သခင်ယေရှု၏ အဖြေသည် “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘ ကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်၊ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်တန်၊ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်၊ မိမိအသက်ကို တွေ့သောသူသည် အသက်ကိုရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား၊ အသက် ကိုတွေ့လိမ့်မည်။” (မဿဲ ၁၀း၃၇-၃၉)။
တချို့သောသူများက “ငါ့မိတ်ဆွေတွေ သဘောမတူဘူး” ဟုဆို သည်။ သခင်ယေရှုပြန်ဖြေသည်မှာ “သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ (ယော ၁၅း၁၄)။ အခြားသော သူများလည်း ဤသို့ပြောသည်။ “ဘာသာရေးအစဉ်အလာကိုဖျက်ဖို့ခက် တယ်” သို့သော် သခင်ယေရှု၏အဖြေသည် “ဤလူသည် နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား၊ ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေပေးလျက်ပင် ငါ့ကို အချည်းနှီး ကိုးကွယ်ကြ၏။” (မာကု ၇း၆၊၇)။
တချို့ကလည်း “ဒီနေ့တော့မဟုတ်သေးဘူးဗျာ၊ မနက်ဖြန်မှ” ဟု အကြောင်းပြပြောဆိုသည်။ သို့သော် သခင်ယေရှုပြောသည်မှာ “ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍--- ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်” ဟုဆိုသည်။ (ဟေဗြဲ ၃း၁၅)။ အခြား သူများလည်း ဤသို့ပြောသည်။ “ပေးဆပ်ရမှာ သိပ်များတယ်ဗျာ” သို့သော် ကယ်တင်ရှင်က “ငါ့ရဲ့ပေးဆပ်မှုကို စဉ်းစားဆင်ခြင်ပါ။ ကိုယ့် အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူမျှမရှိ” (ယော ၁၅း၁၃)။
အရှေ့အရပ်မှလာသော အမတ်မင်းသည် မည်သည့် ဆင်ခြေမျှ မပေးသည့်အပြင် “ခင်ဗျားရေနှစ်ခြင်းခံလိုသလား” ဟု ဖိလိပ္ပု၏အမေး ကိုပင်မစောင့်၊ “ငါနှစ်ခြင်းခံရန် ဘာအဆီးအတားရှိသလဲ” ဟု မေးခဲ့ သည်။ တရားဟောဆရာ၏ တိုက်တွန်းမှု၊ သွန်သင်သည့်ဆရာ၏ တောင်းပန်မှုမပါဘဲ “ရထားကိုရပ်လိုက်၊ ငါ့ကိုအခုပဲနှစ်ခြင်းပေးပါ” ဟု အမိန့်ပေးလိုက်သည်။
ဝမ်းမြောက်ဖွယ်ရာ (၃)ရပ်
အလွန်မြင့်မြတ်သော အခမ်းအနား ဆောင်ရွက်ပြီးသည်နောက် သူတို့သည် ရေထဲမှထွက်လာသည်။ သို့သော် အမတ်မင်းသည် ဖိလိပ္ပု အား ကျေးဇူးတင်စကားပြောရန် လှည့်ကြည့်သည့်အခါ အံ့အားသင့်စွာ ဖြင့် ဖိလိပ္ပုကိုမတွေ့ရှိတော့ပါ။ “ထာဝရဘုရားသခင်၏ ဝိညာဉ်တော် သည် ဖိလိပ္ပုကို ဆောင်ယူတော်မူ၍ အမတ်သည် ဖိလိပ္ပုကို နောက် တစ်ဖန်မတွေ့မမြင်ရ။” (တမန် ၈:၃၉)။ ဤအံ့သြဖွယ်ကောင်းလှသော အတွေ့အကြုံသည် ဘဏ္ဍာစိုးအမတ်အား လွှမ်းခြုံလိုက်လေ၏။ တစ် ကိုယ်လုံး ရင်ခုန်အံ့သြခြင်းနှင့် ပြည့်လျက်ရှိ၏။ သူ၏စိတ်နှလုံးသည် မဖေါ်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် လျှံလျက်ရှိ၏။ ကျမ်းစာတွင် ဆက် လက်ဖေါ်ပြရာ၌ “ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏” ဟုဆိုသည်။ (တမန် ၈း၃၉)၊
ဤလူသည် ဝမ်းမြောက်ပျော်ရွှင်ရာနေ့များယခင်အချိန်၌ ရှိမည် ဖြစ်၏။ သို့သော် ထိုနေ့သည် သူ့အတွက် အလွန်ဝမ်းမြောက်ဆုံးသောနေ့ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့၌သူသည် ဒုတိယမွေးခြင်းကိုခံရ ခြင်းကြောင့်ပင်ဖြစ်၏။ တစ်ချိန်က သူသည် အဲသယောပိပြည်သားအဖြစ် ဖွားမြင်ခဲ့သည်။ ယခုမှာသူသည် ဘုရားသခင်၏ နိုင်ငံတော်သားအဖြစ် ဖွားခဲ့လေပြီ။ ထိုနေ့သည် သူ၏အသက်တာတွင် အကျော်ကြားဆုံးသော နေ့ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း ဗတ္တိဇံကိုခံယူခြင်းဖြင့် ဘုရားသခင်၏ အိမ်ထောင် စုထဲသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်၏။
လိင်မှုဆုံတွေ့ကြရာဝယ် ရုပ်ခန္ဓာကိုယ်ဖြစ်ပေါ်လာရန်အတွက် ရင်ခုန်ဖွယ်ဖြစ်စဉ်သည် အလွန်ကြီးကျယ်သော ဝမ်းမြောက်မှုရှိ၏။ ဤ ဝမ်းမြောက်ပီတိဖြစ်မှုသည် အရာသုံးခုပါဝင်သည်။ ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်ဖြစ်သည်။ ဝမ်းမြောက်ခြင်းတြိဂံဖြစ်သော ယောက်ျား၊ မိန်းမနှင့် ဘုရားသခင်ဖြစ်၏။
ဝိညာဉ်ရေးဆုံတွေ့ကြရာဝယ် ဝိညာဉ်ရေးအသက်တာ ဖြစ်ပေါ် လာရန်အတွက် ရင်ခုန်ဖွယ်ဖြစ်စဉ်သည် အလွန်ကြီးကျယ်သော ဝမ်း မြောက်ခြင်းရှိ၏။ ဤဝမ်းမြောက်ပီတိဖြစ်မှုသည် အရာ (၃) ခုပါဝင်သည်။ အခြား ဝမ်းမြောက်ခြင်း တြိဂံတစ်ခုဖြစ်၏။ ထိုလူ၏စိတ်ထဲတွင် ဝမ်း မြောက်ပျော်ရွှင်မှုရှိ၏။ ကျွန်ုပ်တို့သည်လည်း အမတ်မင်းကဲ့သို့ ဝမ်း မြောက်ဝမ်းသာခြင်းဖြင့် မိမိသွားရလမ်းကို သွားလေ၏။ ထိုနောက် ကောင်းကင်တမန်များတွင် ဝမ်းမြောက်ခြင်းရှိ၏။ ယေရှုပြောသည်မှာ “ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရ သောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။” (လုကာ ၁၅း၁၀)။ သို့သော် ထိုထက်မြင့်သော ဝမ်းမြောက်ခြင်းသည် ဘုရားသခင်၏နှလုံးသားထဲ၌ ဝမ်းမြောက်ခြင်းရှိခြင်းဖြစ်၏။ ခရစ်တော် ၏ ဗတ္တိဇံခံယူစဉ်ကကဲ့သို့ ကျွန်ုပ်တို့ဗတ္တိဇံခံယူသည့်အခါ ဘုရားသခင် သည် “ဤသူသည် ကျွန်ုပ်၏သား၊ ဤသူမသည် ကျွန်ုပ်၏သမီး ငါချစ် သောသူများဖြစ်၏။ သူနှင့်သော်လည်းကောင်း၊ သူမနှင့် သော်လည်း ကောင်း အကျွန်ုပ်သည် အလွန်နှစ်ခြိုက်တော်မူပါ၏။” သင်စဉ်းစားကြည့် ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှလုံးသားထဲသို့ ဝမ်းမြောက် ပျော်ရွှင် မှုကို ယူဆောင်လာနိုင်သည်။ အလွန်တရာ ရင်တုန်ဖွယ်ကောင်းသော ဝမ်းမြောက်ခြင်း၏တြိဂံပါတကား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment